← Chapters

အခန်း ၄၃၇

Vol. 44 Ch. 437

အခန်း ၄၃၇

Vol. 44 Ch. 437

အခန်း ( ၄၃၇ ) ယင်ထျန်းမြို့တော်

​ကျန်းယဲ့ကလည်း သူ၏ အသွင်အပြင်ကို ပြောင်းလဲခြင်း အပြီးသတ်သွားခဲ့ပြီ ဖြစ်သည်။

​သူက အနုပညာဆန်သည့် ပုံပေါက်သော ဆံပင်တုအရှည်ကို ဆောင်းကာ ဆံပင်များကို နောက်စေ့တွင် ခပ်လျော့လျော့ စည်းထားပြီး သူ၏ မျက်နှာတွင် သပ်ရပ်စွာ ညှပ်ထားသည့် မုတ်ဆိတ်များကို တပ်ဆင်လိုက်၏။

​မျက်စိတစ်မှိတ်အတွင်းမှာပင် အသက် နှစ်ဆယ်ကျော် လူငယ်လေးတစ်ယောက်က အသက်သုံးဆယ် သို့မဟုတ် လေးဆယ်ကျော်အရွယ် အနုပညာဆန်ဆန် လူလတ်ပိုင်း တစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။

​ထို့နောက် သူက အိတ်ကပ်ထဲမှ နေကာမျက်မှန်တစ်လက်ကို ထုတ်ယူကာ တပ်ဆင်လိုက်ရာ ချက်ချင်းပင် သူ့ကို အေးစက်ပြီး ဆက်ဆံရခက်မည့် အသွင်အပြင်မျိုး ဖြစ်သွားစေ၏။

​မျက်မှန်တပ်ထားရင် ငါ ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတော့ဘူး......

​ကျန်းယဲ့က ကားပြတင်းပေါက်မှတစ်ဆင့် မိမိကိုယ်ကိုယ် ကြည့်လိုက်ပြီး ရုပ်ဖျက်ထားခြင်းကို အတော်လေး ကျေနပ်သွားရသည်။

​လူတိုင်း အဆင်သင့်ဖြစ်သွားသည့်အခါ ခရီးသွား ဘတ်စ်ကားက စားသောက်ဆိုင်တစ်ဆိုင်၏ အပြင်ဘက်ရှိ ကားပါကင်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွား၏။

​ကားတံခါး ပွင့်သွားသည်နှင့် ကျန်းယဲ့က အရင်ဆုံး ဆင်းလိုက်ပြီး သူ၏ အနောက်မှ ခရီးသည်များကို လှမ်းခေါ်လိုက်သည်။

​ပထမဆုံး ဟုန်ဝူဧကရာဇ်က ဦးဆောင်ကာ ကားပေါ်မှ တည်ငြိမ်စွာ ဆင်းလာလေသည်။

​ရွှီတ၊ ဝူလင်၊ လီရှန်ချန်းနှင့် အခြားသူများကလည်း သူ့နောက်မှ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာကြကာ ခေတ်သစ်လူ့အဖွဲ့အစည်း၏ မြေပေါ်သို့ ခြေချလိုက်ကြသည်။

​ကြိုတင်စောင့်ဆိုင်းနေကြသည့် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ချန်ချင်း၊ လင်ရှောင်နှင့် အခြားဝန်ထမ်းများက ချက်ချင်းပင် ရှေ့သို့ တက်လာကာ ကြိုဆိုနှုတ်ဆက်လိုက်ကြ၏။

​သူတို့က ကျန်းယဲ့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ကြသော်လည်း သူတို့၏ အကြည့်များက ကျန်းယဲ့၏ အနောက်မှ ခေတ်မီအဝတ်အစားများကို ဝတ်ဆင်ထားသည့် ရှေးခေတ်လူများထံသို့ အလိုအလျောက် ရောက်ရှိသွားကြရသည်။

​လူတိုင်း ရုပ်ဖျက်ထားကြသော်လည်း ချန်ချင်းက လူအုပ်ထဲမှ အာဏာအရှိဆုံးနှင့် အခန့်ညားဆုံး ဖြစ်နေသူကို ချက်ချင်းပင် သတိထားမိသွား၏။

​သူက ဟုန်ဝူဧကရာဇ်ကို စူးစိုက်ကြည့်နေရင်း သူ၏ နှလုံးသားထဲတွင် မုန်တိုင်းများ ထန်နေခဲ့ချေပြီ။

​ဒါက ဟုန်ဝူဧကရာဇ်....

ပန်းကန်လုံး တစ်လုံးတည်းနဲ့ စတင်ခဲ့တဲ့ ဒဏ္ဍာရီလာ ဧကရာဇ်ကြီး....

(NT- မင်မင်းဆက်ကို စတင်တည်ထောင်ခဲ့တဲ့ ဟုန်ဝူဧကရာဇ်က ငယ်စဥ်က သူဖုန်းစားဖြစ်ခဲ့ရပါတယ်..)

​နိမ့်ကျတဲ့ ဘဝကနေ ဧကရာဇ်အဖြစ် တက်လှမ်းလာနိုင်ခဲ့တဲ့ သမိုင်းမှာ တစ်ဦးတည်းသော ဧကရာဇ်....

​ချန်ချင်းက ယဉ်ကျေးပျူငှာသည့် အပြုံးတစ်ခုဖြင့် ရှေ့သို့ လှမ်းသွားလိုက်သည်။ "ဂုဏ်သရေရှိ ဧည့်သည်တော်များ... ကြိုဆိုပါတယ်ခင်ဗျာ... လူကြီးမင်းတို့အတွက် ဧည့်ခံပွဲငယ်လေးတစ်ခု ပြင်ဆင်ထားပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်နောက်က လိုက်ခဲ့ကြပါ..."

​ဟုန်ဝူဧကရာဇ်က အသစ်ရောက်လာသူကို ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်ကာ ခန့်ညားနေခဲ့၏။

​အခြားသူများကလည်း ယဉ်ကျေးသည့် အပြုံးများဖြင့် တုံ့ပြန်လိုက်ကြပြီး သူတို့၏အပြုအမူများက ရှေးခေတ်လူများ၏ ဣန္ဒြေကြီးမှုကို အနည်းငယ် ထိန်းသိမ်းထားဆဲပင်။

​အဖွဲ့သားများ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားသည့်အခါ သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းကြောင့် ချက်ချင်း ဖမ်းစားခံလိုက်ကြရသည်။

​စားသောက်ဆိုင်တစ်ခုလုံးက အိမ်တွင်းဥယျာဉ်တစ်ခုနှင့် တူနေပြီး မြင့်မားသည့် အစိမ်းရောင်အပင်များက စားသောက်သည့် နေရာများကို စနစ်တကျ ပိုင်းခြားထားကာ မျက်နှာကြက်မှ တွဲလောင်းကျနေသည့် မြစိမ်းရောင်နွယ်ပင်များက သဘာဝ လိုက်ကာများသဖွယ် ဖြစ်နေ၏။

​ဖန်တီးထားသည့် စမ်းချောင်းငယ်လေးတစ်ခုက နေရာတစ်ခုလုံးကို ဖြတ်သန်းစီးဆင်းနေပြီး ရေစီးသံများ ထွက်ပေါ်နေကာ စမ်းချောင်းကို ဖြတ်၍ သစ်သားတံတားငယ်လေးများလည်း ဆောက်လုပ်ထားလေသည်။

​စမ်းချောင်း၏ အောက်ခြေတွင် ချောမွေ့သည့် ကျောက်စရစ်ခဲများ ခင်းထားပြီး ကိုင်ငါးများ အေးအေးဆေးဆေး ကူးခတ်နေကြသည်။

​ထမင်းစားချိန် မရောက်သေးသော်လည်း စားသုံးသူ အများအပြားက အစားအသောက်များကို စားသုံးနေကြပြီ ဖြစ်၏။

​ကလေးအချို့က စမ်းချောင်းဘေးတွင် မှောက်ခုံနေကာ ရေထဲတွင် ကူးခတ်နေသည့် ငါးများကို လက်ညှိုးထိုးပြပြီး ရယ်မောနေခဲ့ကြသည်။ ဘေးစားပွဲမှ မိသားစုများနှင့် မိတ်ဆွေများက စကားပြောကာ ရယ်မောနေကြပြီး စားသောက်ဆိုင်တစ်ခုလုံးတွင် သက်တောင့်သက်သာရှိပြီး သာယာသည့် လေထုတစ်ခု ပြည့်နှက်နေချေသည်။

​ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများက တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ရာ လူတိုင်းက သွေးရောင်လွှမ်းနေသည့် မျက်နှာများရှိကြပြီး ကောင်းမွန်စွာ ဝတ်ဆင်ထားကာ တည်ငြိမ်သည့် အမူအရာများရှိကြသဖြင့် သူတို့က ကြီးပွားတိုးတက်ပြီး သက်တောင့်သက်သာရှိသည့် ဘဝကို နေထိုင်ကြကြောင်း ညွှန်ပြနေသည်ကို သတိပြုမိလိုက်ကြ၏။

​ချန်ချင်းက သူတို့ကို အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုမှ ကြိုတင်မှာယူထားသည့် စားပွဲအချို့ရှိရာ အတော်လေး သီးသန့်ဆန်သည့် နေရာတစ်ခုသို့ ခေါ်ဆောင်သွားရာ ၎င်းက သီးသန့်ဖြစ်မှုကိုရော ပွင့်လင်းသည့် လေထုကိုပါ ရရှိစေသည်။

​စားသောက်ဆိုင်တွင် သီးသန့်ခန်းများရှိသော်လည်း ကျန်းယဲ့က အဘိုးကျူးနှင့် သူ၏ အဖွဲ့သားများကို ခေတ်သစ်လူများ၏ နေထိုင်မှုဘဝပုံစံကို ပိုမို တိုက်ရိုက်ခံစားရစေရန် အဓိကခန်းမကြီးတွင်သာ စားသောက်ရန် အထူး တောင်းဆိုထားခဲ့ခြင်း ဖြစ်၏။

​လူတိုင်းနေရာယူပြီးသည်နှင့် ကောင်းစွာ လေ့ကျင့်ထားသည့် စားပွဲထိုးများက အလျင်အမြန်ပင် ရှေ့သို့ ရောက်လာကာ ဂရုတစိုက် ဝန်ဆောင်မှု ပေးကြသည်။

​ချန်ချင်းက မုန်ထိုက် (တရုတ်ရိုးရာ အရက်တစ်မျိုး) တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး အရက်သောက်ချင်သလားဟု မေးလိုက်၏။

​ဟုန်ဝူဧကရာဇ်က ယဉ်ကျေးစွာ ငြင်းပယ်သည့်အနေဖြင့် လက်ကာပြလိုက်လေသည်။ "ငါတို့က ခဏနေရင် လည်ပတ်စရာ ရှိသေးလို့ အရက်သောက်တာက သိပ်မသင့်တော်ဘူး..."

​ဧကရာဇ်၏ ဆန္ဒကို သိရသည့်အခါ လူတိုင်းက သဘာဝကျကျပင် ငြင်းပယ်လိုက်ကြ၏။

​နောင် နှစ်ပေါင်းခြောက်ရာအကြာက အနာဂတ်ကမ္ဘာဆီသို့ နောက်ဆုံးတွင် ရောက်လာခဲ့ရပြီဖြစ်ရာ မည်သူကမျှ အရက်အလွန်အကျွံသောက်ခြင်းကြောင့် ဤအံ့ဩဖွယ်ကောင်းသည့် ကမ္ဘာသစ်ကြီးကို လေ့လာခံစားခွင့် လက်လွတ်မခံချင်ကြချေ။

​ထို့ကြောင့် ချန်ချင်းက အရက်များကို ချက်ချင်း ဖယ်ရှားလိုက်ပြီး ၎င်းတို့အစား ဆွဲဆောင်မှုရှိလှသည့် အချိုရည် အမျိုးအစားများကို ယူဆောင်လာလိုက်သည်။ မွှေးကြိုင်သည့် အုန်းရည်၊ ဒိန်ချဉ်၊ အမြှုပ်ထနေသည့် ဆိုဒါနှင့် လတ်လတ်ဆတ်ဆတ် ညှစ်ထားသည့် ပြောင်းဖူးရည်၊ ဖရဲသီးရည်၊ လိမ္မော်ရည် စသည့် အချိုရည်များကို တစ်ခုချင်းစီ အသေးစိတ် မိတ်ဆက်ပေးလိုက်၏။

​ဤမျှ ရွေးချယ်စရာ များပြားလှသည့် အချိုရည်များ ရှိကြောင်း ကြားရသည့်အခါ ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများမှာ အံ့အားသင့်သွားကြသော်လည်း ၎င်းက သူတို့ မျှော်လင့်ထားသည့် အတိုင်းပင်။

​မင်မင်းဆက်တွင် အစားအသောက်များ ပေါများနေပြီ ဖြစ်သော်လည်း နှောင်းပိုင်းမင်းဆက်များနှင့် နှိုင်းယှဉ်လျှင်တော့ မပြောပလောက်သေးချေ။

​အချိုစားလေ့ မရှိသည့် ဟုန်ဝူဧကရာဇ်က ယနေ့တွင် သိချင်စိတ် ဖြစ်လာကာ ကိုလာဟု ခေါ်သည့် အချိုရည်ကို မှာယူလိုက်၏။

​ရှတာက အုန်းရည်ကို ရွေးချယ်လိုက်ပြီး လီရှန်ချန်းက ပြောင်းဖူးရည်ကို မှာယူကာ ချီမင်းသားမှာမူ ဖရဲသီးရည်ကို အလျင်အမြန် မှာယူလိုက်လေသည်။

​လူတိုင်းက ကိုယ်နှစ်သက်ရာကို ရွေးချယ်လိုက်ကြပြီး မည်သူမျှ တူညီသည့် ရွေးချယ်မှု မရှိကြချေ။

​ကျန်းယဲ့၏ စားပွဲက ဗလာဖြစ်နေသည်ကို မြင်သည့်အခါ ချီမင်းသားက အလျင်အမြန် မေးလိုက်၏။ "ဒါရိုက်တာကျန်း... ခင်ဗျားက ဘာလို့ ဘာမှမမှာတာလဲ..."

​ကျန်းယဲ့က သူ့ရှေ့ရှိ ဖန်ခွက်ကို လက်ညှိုးထိုးပြလိုက်လေသည်။ "ကျွန်တော်က ဂျုံလက်ဖက်ရည်ပဲ သောက်လိုက်ပါ့မယ်..."

​ချီမင်းသားက ဂျုံလက်ဖက်ရည်ကို တစ်ငုံ သောက်ကြည့်လိုက်ရာ အတော်လေး ကောင်းမွန်ကြောင်း တွေ့ရသော်လည်း သူက ဖရဲသီးရည်ကို ပို၍ မျှော်လင့်နေပြီး ၎င်းက မင်မင်းဆက်တွင် သူသောက်ခဲ့ရသည့် ဖရဲသီးရည်လောက် ချိုမြိန်ပြီး လန်းဆန်းမှု ရှိမရှိ သိချင်နေ၏။

​စားပွဲထိုးများက လျင်မြန်စွာ အလုပ်လုပ်ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် စားပွဲပေါ်တွင် အရောင်အသွေးစုံလင်ပြီး ဆွဲဆောင်မှုရှိလှသည့် အချိုရည်များဖြင့် ပြည့်နှက်သွားရသည်။

​ကျန်းယဲ့က အစားအသောက်များကို ဟုန်ဝူဧကရာဇ်နှင့် အခြားသူများ၏ အကြိုက်များအတိုင်း ပြင်ဆင်ပေးရန် ချန်ချင်းကို အထူး မှာကြားထားခဲ့သည်။

​ကျူးယွမ်ကျန်းက ဟွိုင်ယိုဒေသမှဖြစ်ပြီး ငန်ပြီး အရသာရှိသည့် အစားအစာများကို ပိုနှစ်သက်ကြောင်း၊ ရှတာကဲ့သို့သော စစ်သူကြီးများက အစားစားနိုင်ပြီး သွေးတို့ဖူးကို နှစ်သက်ကာ စုန့်လျန်ကဲ့သို့သော ပညာတတ်အမတ်များကတော့ ပေါ့ပေါ့ပါးပါး အရသာများကို ပိုနှစ်သက်လိမ့်မည်ဟု သူ ထည့်သွင်း စဉ်းစားထားခဲ့၏။

​မီနူးတွင် ရှဉ့်ပုံစံ မန်ဒရင်ငါး နှင့် နန်ကျင်း ဆားနယ်ဘဲကဲ့သို့သော ရိုးရာ ဒေသအစားအစာများ အပြင် ဝက်သားနီချက် နှင့် ကြက်သွန်မြိတ်နှင့် ချက်ထားသည့် ပင်လယ်သခွားသီးကဲ့သို့သော အဆီအဆိမ့်များ၊ လန်းဆန်းစေသည့် ရာသီပေါ် ဟင်းသီးဟင်းရွက်ကြော်များနှင့် ဝမ့်စီတို့ဖူးဟင်းချိုကဲ့သို့သော ဟင်းလျာများ ပါဝင်လေသည်။

​ချက်ပြုတ်သည့် နည်းပညာများနှင့် အနုစိတ်မှုများက နန်းတွင်း စားဖိုမှူးများလောက် မသေသပ်သော်လည်း နှောင်းပိုင်းမျိုးဆက်များ၏ ပေါများလှသည့် ဟင်းခတ်အမွှေးအကြိုင်များနှင့် ပါဝင်ပစ္စည်းများကို ကိုင်တွယ်ရာတွင် ထူးခြားသည့် နားလည်မှုများက ဤအားနည်းချက်ကို ပါးနပ်စွာ အစားထိုးပေးနိုင်ခဲ့ပြီး ထူးခြားသည့် အရသာတစ်ခုကို ဖြစ်ပေါ်စေခဲ့၏။

​ဟုန်ဝူဧကရာဇ်နှင့် သူ၏ အဖွဲ့သားများက ဤအစားအသောက်များကို အတော်လေး ကျေနပ်သွားကြရသည်။

​ဟုန်ဝူဧကရာဇ်က နူးညံ့ပြီး အရသာရှိကာ အနည်းငယ်ချိုသည့် ဝက်သားနီချက်ကို အတော်လေး သဘောကျသွားပြီး နှစ်လုပ်လောက်ပင် စားလိုက်၏။

​ရှတာကတော့ မွှေးကြိုင်နေသည့် ကြက်သွန်မြိတ်နှင့် ပင်လယ်သခွားသီးချက် တစ်ပန်းကန်လုံးကို အထူး သဘောကျသွားပြီး အားရပါးရ စားသောက်နေခဲ့သည်။

​ချီမင်းသားကတော့ ဟင်းလျာတိုင်းကို စိတ်ဝင်စားနေပြီး အထူးသဖြင့် အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းတွင် နူးညံ့ကာ ချဉ်ချိုအရသာရှိသည့် မန်ဒရင်ငါးကို အလွန်အမင်း ချီးကျူးနေ၏။

​စားသောက်ဆိုင်ရှိ လေထုက သဟဇာတဖြစ်နေပြီး လူတိုင်းက နောင် နှစ်ပေါင်း ၆၀၀ကျော် အကြာမှ ချက်ပြုတ်မှု အဆင့်အတန်းကို အလွန်အမင်း ချီးကျူးလိုက်ကြသည်။

​အစားအသောက်များကို ကောင်းစွာ စားသုံးပြီးနောက် အဘိုးကျူးနှင့် သူ၏အဖွဲ့သားများက ကျန်းယဲ့နှင့် ချန်ချင်းတို့၏ လမ်းပြမှုဖြင့် စားသောက်ဆိုင်နှင့် ပတ်ဝန်းကျင်ရှိ စီးပွားရေးဇုန်များကို လှည့်လည် ကြည့်ရှုလိုက်ကြသည်။

သူတို့က သန့်ရှင်းပြီး တောက်ပနေသည့် ဆိုင်ခန်းများနှင့် ခေတ်မီစွာ ဝတ်ဆင်ထားသည့် လမ်းသွားလမ်းလာများကို ကြည့်ရှုရင်း မင်မင်းဆက်နှင့် လုံးဝ ကွဲပြားခြားနားလှသည့် စည်ကားသော လေထုကို ခံစားကြည့်ကြ၏။

ထို့နောက် သူတို့က တက်ကြွသည့် စိတ်ခံစားမှုများ၊ အပြုံးများဖြင့် စောင့်ဆိုင်းနေသည့် ခရီးသွား ဘတ်စ်ကားပေါ်သို့ တက်ရောက်သွားကြလေသည်။

​ကားပေါ်သို့ ပြန်ရောက်ပြီး နေရာယူပြီးသည်နှင့် ကျန်းယဲ့က ယာဉ်မောင်းထိုင်ခုံရှေ့တွင် ရပ်ကာ မိုက်ခရိုဖုန်းကို ယူလိုက်ပြီး ပြုံးလျက် စတင် ပြောလိုက်၏။ "လူကြီးမင်းတို့... ကျွန်တော်တို့ အခုလေးတင် ထမင်းစားခဲ့ပြီး အခု လက်ရှိ ရောက်နေတဲ့မြို့က လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ရာက ကျင်းလင်လို့ ခေါ်ပါတယ်... နှစ်ပေါင်း ခြောက်ရာကျော်ကြာပြီးတဲ့နောက်မှာတော့ သူ့ရဲ့ နာမည်က နန်ကျင်းလို့ ပြောင်းသွားခဲ့ပါပြီ..."

​သူက သူ့တို့ တုံ့ပြန်မှုအတွက် အချိန်ပေးရန် အနည်းငယ် ရပ်တန့်လိုက်သည်။

​မျှော်လင့်ထားသည့်အတိုင်းပင် သူ ဤစကားကို ပြောလိုက်သည်နှင့် ကားပေါ်ရှိ လူတိုင်း မှင်တက်သွားကြပြီးနောက် သူတို့၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ထွက်ပေါ်လာကြသည်။

​ချီမင်းသားက အရင်ဆုံး အော်ဟစ်လိုက်၏။ သူက ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ပြီး အဝေးရှိ မိုးမျှော်တိုက်ကြီးများကို လက်ညှိုးထိုးပြကာ "ဒါရိုက်တာကျန်း... ခင်ဗျားပြောတာ ဒါက ယင်ထျန်းမြို့တော်ပေါ့... ဒါ... ဒါက မဖြစ်နိုင်ဘူး... ချင်ဟွိုင်မြစ်က ဘယ်မှာလဲ..... ကျွီပေတံခါးကရော ဘယ်မှာလဲ... မြို့ရိုးတွေကရော ဘယ်မှာလဲ... ကျွန်တော် ရင်းနှီးတဲ့ မြင်ကွင်း တစ်ခုလေးတောင် မမြင်ရဘူးဗျ.."

​လုပ်ငန်းဝန်ကြီး လျိုကျုံးကျိုးကလည်း ပြတင်းပေါက်မှန်ကို ပွတ်သပ်ရင်း ယာဉ်ကြောရှုပ်ထွေးနေသည့် လမ်းမများနှင့် လုံးဝအကျွမ်းတဝင် မရှိသည့် လမ်းမြင်ကွင်းများကို ငေးကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "ရှုခင်းတွေက အကြီးအကျယ် ပြောင်းလဲသွားပြီး မြေပြင်အနေအထားကလည်း လုံးဝ ကွဲပြားသွားပြီပဲ... အကယ်၍ သခင်လေးကသာ မပြောဘူးဆိုရင် ကျွန်တော်ကတော့ ဘယ်လိုမှ မှတ်မိနိုင်မှာ မဟုတ်ဘူး..."

​"ဒီလမ်းကြီးက အရမ်းကို ကျယ်ဝန်းပြီး ဖြောင့်တန်းနေတာပဲ... အိမ်တွေကလည်း အရမ်းမြင့်ပြီး ထူးခြားတယ်... ဒါက ပုလဲတွေ ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ ချင်ဟွိုင်မြစ်ကမ်းဘေးက ကျွန်တော် မှတ်မိနေတဲ့ ယင်ထျန်းမြို့တော်နဲ့ တကယ်ကို အလှမ်းကွာဝေးလွန်းပါတယ်..."

အခန်း ၄၃၇ပြီး၏။

All Chapters