← Chapters

အခန်း ၆၀၁

Vol. 41 Ch. 601

အခန်း ၆၀၁

Vol. 41 Ch. 601

အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၆၀၁) နတ်ဆိုးနတ်ဘုရားနန်းတော်သို့ သွားရောက်ခြင်း။

"ဒီနတ်ဆိုးနတ်ဘုရားနန်းတော်မှာ အတိအကျ ဘာတွေဖြစ်နေတာလဲ?၊ အသေးစိတ် ပြောပြပါ။ " ချင်ယွင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဟုတ်ကဲ့ သခင်!" ချောမောလှပသော မိန်းကလေးသည် ကြောက်မနေတော့ဘဲ ဖြည်းညှင်းစွာထ၍ အရိုအသေပေးလိုက်ပါသည်။

ချင်ယွင်သည် ခဏတာ အကူအညီ မဲ့သွားသလို ခံစားလိုက်ရသည်။ ဤအမျိုးသမီးက သူ့ကို သူမ၏သခင်အဖြစ် အသိအမှတ်ပြုဖို့ စိတ်ပိုင်းဖြတ်ထားပုံရသည်။ သို့သော်လည်း ချင်ယွင်သည် ယခုအချိန်တွင် ဤမျှလောက် ဂရုမစိုက်နိုင်တော့ပေ။ နတ်ဆိုးနတ်ဘုရား နန်းတော်အကြောင်း အရင်သိထားခြင်းက ပိုကောင်းပါသည်။

ချောမောလှပသော အမျိုးသမီးက ပြောပြပါသည် “မူလကတော့ နန်းတော်သုံးခုဟာ တစ်ခုနှင့်တစ်ခု ကန့်သတ်ချုပ်ချယ်မူတွေ ရှိခဲ့ကြတယ်။ လွန်ခဲ့သည့် နှစ်လခန့်က ပင်လယ်ပြင်မှာ ရုတ်တရက် လူသုံးယောက် ရောက်ရှိလာခဲ့ပြီး ၎င်းတို့ထဲမှ တစ်ယောက်က နတ်ဆိုးနတ်ဆိုးလို့ အခိုင်အမာ ခေါ်ဆိုကြတယ်။ ကျန်နှစ်ယောက် ကတော့ သူ့ရဲ့လက်အောက်ငယ်သားတွေ ဖြစ်ကြတယ်။ သူတို့သုံးယောက်က သူတို့ရဲ့ ပြိုင်ဘက်ကင်းစွမ်းအားနဲ့အတူ နန်းတော်ကြီးသုံးခုကို လျှင်မြန်စွာ ဖယ်ရှားခဲ့ပြီး ထွက်ပေါ်လာခဲ့ကြတယ်။ အခုတော့ ဧရာမဝေလငါးနန်းတော်နှင့် လျှို့ဝှက် ဆန်းကြယ် သော လိပ်နက်နန်းတော်ရဲ့ နန်းတော်သခင်တို့က လက်နက်ချ အညံ့ခံသွားကြတယ်။ နဂါးကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင် သုံးယောက်စလုံးကတော့ အသတ်ခံ လိုက်ရတယ်။ အခုတော့ ပင်လယ်ပြင်တစ်ခုလုံးကို နတ်ဆိုးနတ်ဆိုးက အုပ်စိုးနေပြီ”။

ချောမောလှပသော ထိုမိန်းမခလေး၏ မျက်နှာသည် ဖော်ပြ၍မရသည့် အမုန်းတရား များ ပေါ်လွင်နေသဖြင့် သူမသည် ဤနတ်ဆိုးဘုရားအား အလွန် စက်ဆုပ်ရွံ့ရှာပုံရပါ သည်။

ချင်ယွင်သည် ပို၍ပို၍ပင် မျက်မှောင်ကြုတ်လိုက်မိပါသည်။ နတ်ဆိုးနတ်ဘုရားသည် ကြီးကျယ်ခမ်းနားသော နောက်ခံကောင်းကောင်းတစ်ခု ရှိနေပုံရပါသည်။ သူ၏ စွမ်းအားသည် အလွန်အမင်း သန်မာသော အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ် အထွက်အထိပ်အဆင့်ရှိ နန်းတော်သခင်သုံးယောက်ပင် သူ၏ ပြိုင်ဘက် မဟုတ်တော့ပေ။

“ပြောကြတာက နတ်ဆိုးနတ်ဘုရားက အစကနေ အဆုံးထိ မတိုက်ခိုက်ခဲ့ဖူးတဲ့။ သူရဲ့လက်အောက်ငယ်သား နှစ်ယောက်က နဂါးကောင်းကင်နန်းတော်ရဲ့ နန်းတော် သခင်သုံးယောက်ကို သတ်ဖြတ်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်သော လိပ်နန်းတော်ရဲ့ နန်းတော်သခင်နဲ့ ဧရာမဝေလငါးနန်းတော်ရဲ့ နန်းတော်သခင်တို့ကို အနိုင်ယူခဲ့တာတဲ့” ချောမောလှပသောအမျိုးသမီးက ဆက်ပြောပါသည်။

“ဘာ?..” ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် တုန်လှုပ်ခြောက်ခြားသွားသည့် အမူအရာ ပေါ်လာခဲ့ပါသည်။

ဤနန်းတော်ကြီးသုံးခုကို လက်အောက်ခံအဖြစ် သိမ်းပိုက်ရာမှာ ထိုနတ်ဆိုးနတ်ဘုရား သားရဲက အမှန်တကယ် ထွက်ပေါ်မလာဘူးတဲ့လား?..။ ဤသည်မှာ အလွန် ချဲ့ကားပြီး ပြောဆိုနေခြင်း မဟုတ်ပါလော?။

“နတ်ဆိုးနတ်ဘုရားက ပင်လယ်ရေပြင်ကြီးတစ်ခုလုံးကို ပေါင်းစည်းပြီးတဲ့နောက်မှာ၊ သတ်ဖြတ်ခြင်းတွေကို မတားမြစ်ရုံသာမက၊ ယင်းအစား လူတွေကို သတ်ဖြတ်ပြီး ကျင့်ကြံခြင်း အရင်းအမြစ်တွေကို လုယက်စေကာ ကျင့်ကြံသူများ အချင်းချင်း သတ်ဖြတ်စေဖို့အတွက် အားပေးအားမြှောက်ပြုခဲ့တယ်။ အခု ပင်လယ်ပြင်ဧရိယာ တစ်ခုလုံး ရှုပ်ယှက်ခတ်နေတယ်။ ပင်လယ်ပြင်ဧရိယာရဲ့ နေရာတိုင်းမှာ သတ်ဖြတ်မှု တွေနဲ့ ရတနာတွေ လုယက်မူတွေကို တွေ့နေရတယ်။ ပိုလို့တောင် မုန်းတီးစက်ဆုပ် စရာကောင်းတာက နတ်ဆိုးနတ်ဘုရားနန်းတော်က နတ်ဆိုးအမျိုးသမီးကျင့်ကြံသူ အားလုံးကို ကျွန်တွေအဖြစ် ဆက်ဆံကြတယ်။ ကျွန်မတို့လို နတ်​ဆိုး​အမျိုးသမီး ကျင့်ကြံသူအားလုံးကို သတ်ဖြတ်နိုင်ကြသလို အရှင်​လတ်​လတ်​ မတရားသိမ်းပိုက်ခံ ကြရတယ်။၊ ကျွန်​​မဆို ဒီသေနာကောင်ကြီးရဲ့ မတရားဖမ်းဆီးသိမ်းပိုက်ခြင်း ခံနေရတာပဲ။ ကျွန်မက သူ့ကို တစ်​လ​ကျော်​ကြာ ပြုစုခဲ့ရပြီး သူ့ရဲ့ အရှက်​ခွဲမူ မျိုးစုံကို လည်း ခံခဲ့ရတယ်​။” ချောမောလှပသော အမျိုးသမီး၏ မျက်လုံးများသည် အမျက်ဒေါသနှင့် ပြည့်နှက်နေခဲ့ပြီး သူမ၏ မျက်လုံးများမှ မျက်ရည်များလည်း စီးကျလာပါသည်။

ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူ၏မျက်ခုံးများက တင်းတင်းကျပ်ကျပ် တွန့်သွားပါသည်။

"ကြည့်ရတာ ဒီနတ်ဆိုးနတ်ဘုရားက ကောင်းတဲ့လူတော့ မဟုတ်လောက်ဘူး။ သူက ကျင့်ကြံသူတွေ အချင်းချင်းသတ်ပြီး ရတနာတွေ လုယူဖို့ကို အားပေးတယ်၊ ပြီးတော့ အမျိုးသမီးကျင့်ကြံသူအားလုံးကို တခြားလူတွေရဲ့ကစားစရာအဖြစ် ကျွန်အဖြစ်တောင် နိမ့်ချခဲ့တယ်။ ဒါက အရမ်းကို မုန်းစရာကောင်းလွန်းတယ်။" ချင်ယွင်က သူ၏ စိတ်ထဲတွင် မုန်းတီးဟန်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ရုတ်တရက် ချင်ယွင်သည် ဇီချန်းကို တွေးလိုက်မိသည်။ သူမသည် နဂါးကောင်းကင် နန်းတော်၏ နတ်ဆိုးသားရဲ ကျင့်ကြံသူတစ်ဦးလည်း ဖြစ်ပါသည်။ ထို့အပြင် သူမသည် အလွန်လှပပြီး သူမကို တက်မက်မောသူများစွာလည်း ရှိနေရမည် ။

ယခုလိုအခြေအနေမျိုးမှာ သူမအတွက် အသက်ရှင်ရပ်တည်ဖို့က အရမ်းကို ခက်ခဲပါလိမ့်မည်။

သို့သော် ဇီရှန်သည် ချင်ယွင်အတွက် ကျေးဇူးရှင်ဖြစ်သော်လည်း ချင်ယွင်သည် သူမအနားတွင် မနေနိုင်ခဲ့ပေ။

"မင်းနာမည် ဘယ်လိုခေါ်လဲ?" ချင်ယွင်က မေးခါနီးမှာ သူ၏ရှေ့မှ ထိုအမျိုးသမီးကို မည်သို့ခေါ်ရမှန်း မသိသေးကြောင်း သိလိုက်ရပါသည်။

"ကျွန်မနာမည်က စင်ချူပါ။ ကျွန်မကို ဝါးသေးသေးလေးလို့ ခေါ်လို့ရပါတယ်။" စင်ချူက ပြောသည်။

"ဝါးအသေးလေးလား…?၊ မင်းက ဇီရှန်ဆိုတဲ့ အမျိုးသမီးကိုရော ကြားဖူးလား?” သူမက နဂါးကောင်းကင်နန်းတော်က အကြီးအကဲတစ်ယောက်လေ”။ ချင်ယွင်က မေးလိုက်ပါ သည်။

"ကြားဖူးပါတယ်။ ကျွန်မကိုယ်တိုင်က အကြီးအကဲဇီရှန်ရဲ့စံအိမ်မှာ အိမ်အကူ ဖြစ်ခဲ့ဖူး တယ်လေ။ သူမက ကျွန်မကို ဒီနာမည် ပေးထားတာပဲ။" စင်ချူက ပြောသည်။

"အိုး?" ချင်ယွင်သည် အစ်မဇီ၏ အိမ်အစေခံကို လှိုဏ်ဂူထဲမှာ တိုက်တိုက် ဆိုင်ဆိုင် ကယ်တင်နိုင်လိမ့်မည်စု သူ မျှော်လင့်မထားခဲ့ပါဘူး။

"ဒါဆို အစ်မဇီ အခုဘယ်ရောက်နေလဲ မင်း သိလား?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"အကြီးအကဲဇီကို နတ်ဆိုးနတ်ဘုရားနန်းတော်က လူတွေက ဖမ်းထားတယ်။ အခု သူမက နတ်ဆိုးနတ်ဘုရားနန်းတော်ထဲမှာ ရှိနေမှာကို ကျွန်မ ကြောက်မိတယ်။" စင်ချူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒက ချက်ချင်း ပေါ်လာပါသည်။ အစ်မဇီကို နတ်ဆိုးနတ်ဘုရားနန်းတော်က လူတွေက အမှန်တကယ် ဖမ်းသွားခဲ့သည်။ ကြည့်ရသည်မှာ သူသည် နတ်ဆိုးနတ်ဘုရားနန်းတော်သို့ သွားရလိမ့်မည်ထင်သည်။

ချင်ယွင်က ဇီရှန်ကို သူ၏ “အစ်မ' ဟု ခေါ်ဆိုသည့် အချိန်ကစပြီး သူသည် သူမကို သူ၏အစ်မအဖြစ် သူ၏နှလုံးသားအောက်ခြေမှပင် သေချာပေါက် အသိအမှတ် ပြုချင်ခဲ့၍ ဖြစ်ပါသည်။

သူသည် သူမအား အခြားသူများက နာကျင်အောင် ပြုလုပ်မည်ကို မည်သည့်အခါမှ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။ ဇီရှန်သည် ကံဆိုးပြီး သေချာပေါက် အဖမ်းခံရသည်ဆိုလျှင် အနည်းဆုံး ချင်ယွင်သည် သူမကို နောက်ထပ်နာကျင်မှုတွေ ထပ်မံ မခံစားရအောင် ကယ်တင်နိုင်ရပါလိမ့်မည်။ ထို့အပြင် သူမကို နာကျင်စေခဲ့သည့် သူတွေကိုလည်း တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရမည် ဖြစ်ပါသည်။

သေချာသည်မှာ။ ဤအရာအားလုံးအတွက် ဆုံးဖြတ်ချက် မချရသေးပါဘူး။ အကယ်၍ ဇီရှန်သည် အဖမ်းခံရခြင်းမရှိဘဲ နတ်ဆိုးနတ်ဘုရားနန်းတော်မှ အဝေးကို ထွက်ပြေး သွားသည် ဆိုလျှင်ကော။ ဤအခြေအနေသည် ဖြစ်နိုင်ချေ အနည်းမျှသာ ဖြစ်သော် လည်း အံ့အားသင့်ဖွယ်အခြေအနေမျိုး ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။

ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့လည်း ရှိနေပါသေးသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့၏ ပျောက်ဆုံးမှုသည် ဤနတ်ဆိုးနတ်ဘုရားနန်းတော်နှင့် သေချာပေါက် ဆက်စပ်နေ ကြောင်း ချင်ယွင် သေချာပေါက် ပြောနိုင်ပါသည်။ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့သည် ယခုအချိန်မှာ နတ်ဆိုးနတ်ဘုရားနန်းတော်မှာ ရှိနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါ သည်။

"နတ်ဆိုးနတ်ဘုရားနန်းတော်၊ ကြည့်ရတာ ငါတို့ အမြန်ဆုံး ခရီးထွက်ရမယ်ထင်တယ်" ချင်ယွင်သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ခန်းမထဲမှ ထွက်ခွာ တော့မည်။

သို့သော် စင်ချူက ချင်ယွင်၏ ပခုံးကို တင်းတင်းဆုပ်ကိုင်ပြီး တောင်းပန်သည့် အမူအရာဖြင့် ပြောလေသည် “သခင် ၊ ဘယ်သွားမလို့လဲ? ၊ သခင် ကျွန်မကိုရော ခေါ်သွားမှာ မဟုတ်လား?"

"စင်ချူ၊ ငါက မင်းကို ကယ်တယ်ရုံကယ်တင်ခဲ့တာ။ ငါ မင်းရဲ့သခင် မဟုတ်ဘူး။ မင်းက အခု လွတ်နေပြီ" ချင်ယွင်က ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။

ထိုစကားကို ကြားတော့ စင်ချူသည် မျက်ရည်တွေ စီးကျလာပါသည်။ သူမသည် ဝမ်းနည်းလွန်းသဖြင့် ကိုယ့်ကိုယ်ကိုယ် ညည်းညူရင်း ပြောလိုက်ပါသည် "သခင်၊ သခင်က ကြွေနွမ်းသွားတဲ့မိုးမခလို အပျိုစင်ခန္ဓာကိုယ် ဆုံးရှုံးသွားတဲ့ ပန်းလေးတစ်ပွင့် ဖြစ်နေလို့ မကြိုက်တော့ဘူးလား၊ ကျွန်မကို မယူချင်တော့ဘူးလား?"

ထိုစကားကိုကြားလိုက်ရလျှင် ချင်ယွင်၏ခေါင်းက ပို၍ပင် ကြီးသွားလေသည်။

အစကနေ အဆုံးအထိ သူသည် သူမအပေါ် မည်သည့်အတွေးကြံအစည်မှ မရှိခဲ့ပါဘူး၊ ထို့ကြောင့် သူမသည် ပွင့်ဖူးသစ်စ ပန်းပွင့်လေးပဲ ဖြစ်ဖြစ် ကြွေနွမ်းသွားသည့် မိုးမခပန်းပဲ ဖြစ်ဖြစ် သူသည် မည်သို့ ကြိုက်နိုင်မည်နည်း?။

ချင်ယွင် ရပ်တန့်သွားသည်ကိုမြင်လျှင် စင်ချူက ချက်ချင်းပင် တောင်းပန်သည့် လေသံဖြင့် ဆက်ပြီး ပြောသည် "သခင်၊ တကယ်လို့ သခင်က ကျွန်မကို မလိုလားဘူးဆို ရင်တောင် ကျွန်မက အခြားတစ်ယောက်ရဲ့ အတင်းအဓမ္မသိမ်းပိုင်းခြင်းကို ခံရလိမ့် မယ်။ ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါ။ သခင်က ကျွန်မကို မရိုက်နှက်သရွေ့၊ ကျွန်မ ဘာဘဲလုပ်ရလုပ်ရ လုပ်ချင်စိတ်ရှိပါတယ်။"

စင်ချူ၏ မျက်လုံးကြီးများက တဖျတ်ဖျတ် ပုတ်ခတ်နေပြီး သူ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေဆဲပင် ဖြစ်ပါသည်။

စင်ချူက အမှန်အတိုင်း ပြောနေသည်ကို ချင်ယွင်လည်း သိပါသည်။ နတ်ဆိုးနတ်ဘုရားနန်းတော် တည်ရှိနေသမျှကာလပတ်လုံး သူမသည် အမြဲတမ်း ကျွန်တစ်ဦးအဖြစ် တည်ရှိနေပါလိမ့်မည်။ ပင်လယ်ပြင်ထဲမှာ အခြားနေစရာ နေရာ မရှိကါဘူး။ စင်ချူ၏ တောင်းပန်နေသော အကြည့်ကို မြင်လိုက်ရလျှင် ချင်ယွင်၏ နှလုံးသားသည် မထိန်းနိုင်ဘဲ ပျော့ပျောင်းသွားရပါသည်။

"ကောင်းပြီလေ၊ မင်းကို ငါ့အနားမှာ နေခွင့်ပေးလိုက်မယ်။ ဒါပေမယ့် ငါက မင်းရဲ့သခင် မဟုတ်ဘူး။ ငါက မင်းအပေါ်မှာ ဘာမှ လုပ်စရာလည်း မလိုပါဘူး။ မင်းက လွတ်လပ်တုန်းပဲ။" ချင်ယွင်က ပြောသည်။

"ဟုတ်ကဲ့ပါ သခင်!" ချင်ယွင်က သူမကို ခေါ်သွားလိုကြောင်း စင်ချူက ကြားလိုက်သော အခါ သူမ၏ မျက်နှာသည် ဝမ်းသာအားရဖြစ်သည့် အမူအရာ ပေါ်လာပါသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်ရသောအခါတွင် ကူကယ်ရာမဲ့ဖြစ်သည့် အရိပ်အယောင်များ သူ၏မျက်နှာပေါ်တွင် ချက်ချင်း ပေါက်ဖွားလာပါသည်။ သူက စင်ချူကို ကြည့်ပြီး ပြောလိုက်ပါသည် "မခုခံနဲ့!"

စင်ချူသည် အံ့အားသင့်နေဆဲ ဖြစ်နေစဉ်မှာပင် သူမ၏ရှေ့မှ ကမ္ဘာကြီးသည် ပြောင်းလဲသွားပါသည်။

သူမ၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းထဲတွင် ပေါ်လာပြီး ဖြစ်ပါသည်။ ချင်ယွင်သည် စင်ချူကို သူ၏အမျိုးသမီးသုံးဦးထံ ခေါ်ဆောင်လာပြီး အခြေအနေကို ရှင်းပြလိုက်ရသည်။

စင်ချူ၏ ကြေကွဲဖွယ်ကောင်းသော အဖြစ်အပျက်ကို ကြားသိပြီးနောက် အမျိုးသမီး သုံးဦးသည် သူမအပေါ် ကိုယ်ချင်းစာစိတ်နှင့်အတူ နာကျင်ခြင်းများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်၏ လုပ်ရပ် မှန်ကန်ကြောင်း ချီးကျူးစကားပင် ပြောခဲ့ကြပါသည်။

စင်ချူသည် ချန်မင်ရှီ နှင့် ရန်စီချီတို့၏ ရင်သပ်ရှုမောဖွယ် အသွင်အပြင်ကို မြင်လိုက်သောအခါတွင် သူမမျက်လုံးကြီးများ၏ နက်နဲသောအရပ်တွင် စူးစမ်း၍ မရနိုင်သော စိတ်ပျက်သွားသည့် အရိပ်အယောင် ပေါ်လာပါသည်။ သို့သော် သူမသည် စိတ်ပျက်မူကို အလျင်အမြန် ဖုံးကွယ်ထားလိုက်ပါသည်။ သူမ စိတ်ထဲမှာ ကျိန်ဆဲလိုက် ပြီးနောက် သူမသည် သူမတို့ သုံးယောက်အနားမှာ အိမ်အကူလုပ်ပေးဖို့ပင် စတင် တောင်းဆိုလိုက်ပါသည်။

အမျိုးသမီး သုံးဦးသည် သူမကို မည်သို့ပင် ဆွဲဆောင်သိမ်းသွင်းပြီး ကြိုးစားပြောဆိုစေ ကာမူ သူမသည် သူမတို့အား အလုပ်စေခိုင်းရန် တောင်းဆိုနေဆဲ ဖြစ်ပါသည်။ ကူကယ်ရာမဲ့ အမျိုးသမီး သုံးယောက်မှာ ရွေးချယ်စရာလမ်းမရှိတော့ဘဲ သူမကို အနှောက်အယှက်မပေးမိအောင် စွန့်စားဖို့မှတပါး ရွေးချယ်စရာမရှိပေ။

ထိုမြင်ကွင်းကို မြင်ပြီး ချင်ယွင်သည် သူမကို အိမ်ဖော်လုပ်ခွင့်ပေးလိုက်ခြင်းက ပိုကောင်းတယ်သည်ဟု ခံစားရသည်။

စင်ချူသည် အမျိုးသမီးသုံးဦးကို ပြုစုစောင့်ရှောက်ခြင်းဖြင့် သူသည်လည်း ပို၍ သက်တောင့်သက်သာ ခံစားရနိုင်သည်။

ထို့နောက် ချင်ယွင်သည် စင်ချူကို လျစ်လျူရှုပြီး ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲမှ ထွက်ခွာသွားခဲ့သည်။

အခုအချိန်မှာ သူလုပ်စရာရှိသည်က နတ်ဆိုးနတ်ဘုရားနန်းတော်ဟုခေါ်သည့် နေရာကို ဇီရှန်၊ ရှောင်ဘိုင် နှင့် တခြားသူတွေ နတ်ဆိုးနတ်ဘုရားနန်းတော်မှာ ရှိမရှိ သွားကြည့်ရန် ဖြစ်ပါသည်။

"နတ်ဆိုးနတ်ဘုရား၊ ဘယ်လောက်တောင်မှ ကြီးကျယ်ခမ်းနားလိုက်တဲ့ နာမည်ကြီးလဲ။ မင်း ဘယ်လောက်ပဲ အစွမ်းထက် အစွမ်းထက် ငါ ဂရုမစိုက်ဘူး။ မင်း အစ်မဇီကို နာကျင်အောင်လုပ်ဝံ့ရင် မင်းကို နာကျင်စေမယ့် တန်ဖိုးကို ငါ ပြန်ပေးဆပ်မယ်။” ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် ဝင်းလက်သွားသည်။

ဝှီး…!

ချင်ယွင်သည် လေဟာနယ်ကို ခုတ်ဖြတ်လိုက်ကာ သူ၏ရှေ့တွင် လေဟာနယ် အက်ကွဲကြောင်းတစ်ခု ပေါ်လာပါသည်။ ချင်ယွင်က ထိုအက်ကြောင်းထဲကို တိုက်ရိုက် ဝင်သွားပြီး ပျောက်ကွယ်သွားပါသည်။

All Chapters