အခန်း ၆၀၂
Vol. 41 Ch. 602
အခန်း (၆၀၂) ခုနှစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်တန်း။
နတ်ဆိုးနတ်ဘုရားနန်းတော်ကို လိပ်နက်နန်းတော်၏ တည်နေရာဟောင်းတွင် တည်ဆောက်ထားပါသည်။ ၎င်းသည် မူလကြီးမားသော လိပ်နက်နန်းတော်၏ တောင်ထိပ်ပေါ်တွင် ဆယ်ဆအထိ ချဲ့ထွင်ကာ တုနှိုင်း၍မယှဉ်နိုင်သော ကြီးမားသော ရေအောက်နန်းတော်ကြီးကို တိုက်ရိုက်ဖန်တီးထားခဲ့၏။
နတ်ဆိုးနတ်ဘုရားနန်းတော်၏ ဘုံဗိမာန်များသည် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားပါသည်။ ထိုနေရာင်တွင် မြောက်မြားစွာသော စင်မြင့်များနှင့် များပြားလှသော ဇလဘေဒဆိုင်ရာ ဖြစ်စဉ်များစွာရှိနေခဲ့ပြီး နတ်ဆိုးနတ်ဘုရားနန်းတော်၏ လွှမ်းမိုး ကြီးစိုးနိုင်သော အငွေ့အသက်နှင့် ဘုန်းတန်ခိုးအာနုဘော်ကို အပြည့်အဝ ပြသထား ပါသည်။
သုံးရက်ကြာ ခရီးထွက်ပြီးနောက် ချင်ယွင်သည် နောက်ဆုံးတွင် နတ်ဆိုးနတ်ဘုရား နန်းတော်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ရှေ့မှ တုနှိုင်းယှဉ်ပြ၍မရနိုင်အောင် ခမ်းနားထည်ဝါလှသော နတ်ဆိုးနတ်ဘုရား နန်းတော်ကို ကြည့်လိုက်ရင်း ချင်ယွင်သည် သူ၏ရင်ထဲမှာ အလွန်အမင်း ပြင်းထန်သော ခံစားချက်ကို မခံစားရမနေနိုင်ဘဲ ဖြစ်သွားခဲ့ရပါသည်။
ဤနတ်ဆိုးနတ်ဘုရား၏အစွမ်းကို မပြောနှင့်ဦး၊ သူခံစားလိုက်သည့် အတိုင်းအတာ ပမာဏမျှသည်ပင်၊ ပင်လယ်ရေပြင်တစ်ခုလုံးရှိ မည်သူမျှ သူ့အား ယှဥ်နိုင်မည် မဟုတ်ပေ။
"အခု ဒီကိစ္စကို မေ့လိုက်ပါ၊ အစ်မဇီရှန် နဲ့ ရှောင်ဘိုင်တို့ကို အရင်ရှာဖို့က အရေးကြီးတယ်။" ချင်ယွင်သည် သူ၏ရှေ့မှ ဘုံဗိမာန်များကို ကြည့်ရင်း သူ့ကိုယ်သူ တွေးနေမိသည်။
ရှောင်ဘိုင်နှင့်ရှောင်းကျင်းတို၏ အငွေ့အသက်များသည် ဤနတ်ဆိုးနတ်ဘုရား နန်းတော်ထဲမှာ ရှိနေသည်ဟု သူ ခံစားမိနိုင်ပါသည်။ သို့သော် ထူးဆန်းသည်မှာ သူသည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို ဆက်သွယ်နိုင်ခြင်း မရှိခဲ့ပေ။ ယင်းက သူနှင့် ရှောင်ဘိုင်တို့အကြား စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုကို ဖြတ်တောက်ပစ်သည့် စွမ်းအား တစ်ခု ရှိနေသလိုပင်။
"ကြည့်ရတာ ဒီနတ်ဆိုးနတ်ဘုရားနန်းတော်က ရင်ဆိုင်ဖို့ မလွယ်ဘူးပဲ။ ငါတို့ သတိထားရမယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ထို့နောက် ချင်ယွင်သည် သူ၏အငွေ့အသက်ကို ချက်ချင်း ထိန်းချုပ်ကာ နတ်ဆိုးနတ်ဘုရားနန်းတော်ထဲသို့ ခိုးဝင်ချင်သည်။
ဒေါင်!
သို့သော် ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားနန်းတော်သို့ မဝင်မီတွင် သူ၏ ရုပ်အသွင် သည် နန်းတော်အထက်ရှိ မမြင်နိုင်သော နံရံတစ်ခုကို ဝင်တိုးပါသည်။
ထိုမျှသာမကဘဲ၊ ထိုနံရံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်း တစ်ခုလည်း ထွက်ပေါ်လာပြီး ချင်ယွင်ကို တိုက်ရိုက်ပင် နောက်ပြန် လွင့်ပျံသွားစေပါ သည်။
"ဘာတွေ ဖြစ်နေတာလဲ၊ တကယ်ကို ခံစစ်အတားအဆီးတစ်ခု ရှိနေတယ်"
ချင်ယွင်သည် ဤကြောက်မက်ဖွယ်ကောင်းသော တွန်းကန်မှုကို ခံနိုင်ရည်ရှိရန် ပေတစ်ရာနီးပါး အကွာအထိပင် လွင့်ပျံသွားခဲ့ရသည်။ နတ်ဆိုးနတ်ဘုရား နန်းတော် တွင် အမှန်တကယ် ခံစစ်အတားအဆီးရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ ထို့အပြင် ဤခံစစ်အတားအဆီးသည် အလွန်အားကောင်းပုံရသည်။
ယခုလေးပင်၊ ချင်ယွင်သည် ရိုးရှင်းသည့် ဝင်တိုက်မိမှုတစ်ခုကြောင့် နောက်ပြန် လွင့်ထွက်သွားခဲ့ရပြီး သူသည် အဝေးရောက်သည်အထိပင် နောက်ပြန် ဆုတ်သွားခဲ့ရပါသည်။
အကယ်၍သာ သူသည် သာမန်အဆင့်ငါး ဆိတ်သုဉ်းခြင်း သားရဲတစ်ကောင် ဖြစ်ခဲ့ပါက၊ ဤတုံ့ပြန်မှုကြောင့် သွေးမြူများဖြစ်သည်အထိ ကြောက်စရာကောင်းပါသည်။ တာအို အငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ရှိ နတ်ဆိုးသားရဲများပင်လျှင် ဒဏ်ရာအပြင်းအထန် ရသွားပါလိမ့်မည်။
"နတ်ဆိုးသားရဲကျင့်ကြံသူတွေ အစီအရင်ဝင်္ကပါတွေကို ဘယ်လိုအသုံးပြုရမှန်း မသိကြဘူးမလား။ သူတို့က ဘာလို့ ဒီလို အစွမ်းထက်တဲ့ ခံစစ်အကာကွယ် အတားအဆီးကို တည်ဆောက်ရတာလဲ။" ချင်ယွင်သည် စိတ်ရှုပ်ထွေးသွားပြီး သူ၏ အကြည့်တွေက ပို၍ပင် တည်ကြည်လေးနက်လာသည်။
နတ်ဆိုးနတ်ဘုရားနန်းတော်ပိုင်ရှင်က ရုတ်တရက် ပေါ်လာလာခြင်း ဖြစ်ကြောင်း စင်ချူက ပြောခဲ့ဖူးသည်။ အခုတော့ သူ၏နောက်ခံက အရမ်းထူးဆန်းနေပုံရပါသည်။
"အယ် အဲဒါက ဘာပါလိမ့်?"
ထိုအခိုက်အတန့်တွင် ချင်ယွင်၏ အကြည့်တွေကို အဝေးမှာရှိနေသည့် ထူးဆန်းသော အရာတစ်ခုက စွဲဆောင်သွားသည်။
နတ်ဆိုးနတ်ဘုရားနန်းတော်၏ အလယ်ဗဟိုအထက်တွင် တောင်ငယ်တစ်ခုနှင့် ဆင်တူသော ရတနာတစ်ခု ရှိနေပါသည်။ သေးငယ်သော တောင်တန်းလေးသည် လက်ဖဝါးအရွယ်အစားသာရှိပြီး ၎င်း၏ ကိုယ်ထည်တစ်ခုလုံးသည် တောက်ပပြီး ထွင်းဖောက်မြင်နိုင်နေသည်။ ၎င်းသည် အရောင် ခုနစ်ရောင်ရောင် ရှိပါသည်။ ပြင်းထန်သော ခုနစ်ရောင်ခြယ် စွမ်းအင်အတက်အကျလှိုင်းတွေက တောင်ငယ်လေးမှ ပျံ့နှံ့ထွက်ပေါ်နေခဲ့ပြီး နတ်ဆိုးနတ်ဘုရားနန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားပါသည်။
"ဖြစ်နိုင်တာက ဒါက အင်မော်တယ်ကမ္ဘာရဲ့ အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတဲ့ ခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင် မဟုတ်လား?၊?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာပါသည်။
တစ်ချိန်တုန်းက သူသည် သူ၏ရှေ့ရှိ ခုနှစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်နှင့် ပတ်သက်သည့် မှတ်တမ်းများကို အင်မော်တယ်အဆင့် ပစ္စည်းများအကြောင်းကို အတိအကျ မှတ်တမ်းတင်ထားသော လျှို့ဝှက်စာအုပ်တစ်ခုထဲတွင် ဖတ်သားဖူးသည်။ ယခု သူ၏ရှေ့မှတောင်ငယ်လေးသည် သူမြင်ဖူးသည့် ခုနစ်ရောင်ခြယ် ဗယ့်လူရီယန် တောင်၏ မှတ်တမ်းများနှင့် အတိအကျ တူတူပင် ဖြစ်ပါသည်။
အကယ်၍ ချင်ယွင် မမှားဘူးဆိုလျှင်၊ ဤခုနစ်ရောင်ခြယ် တောင်ငယ်လေးသည် အင်မော်တယ်ကမ္ဘာမှာ ထင်ရှားကျော်ကြားခဲ့ပြီး လက်ဆင့်ကမ်းလာခဲ့သည့် တန်ခိုးကြီး ရတနာတစ်ခုသော ခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင် ဖြစ်ပါလိမ့်မည်။
ခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်သည် အဆင့်နိမ့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်သော်လည်း၊ ဤအကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း သည် အင်မော်တယ်ကမ္ဘာမှာပင် အလွန်ကျော်ကြားပါသည်။
ခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်သည် လွန်ခဲ့သည့်နှစ်ပေါင်း တစ်သောင်းခန့်က ထင်ရှားကျော်ကြားသော ရတနာတာအိုသခင်မှ ကောင်းကင်ဘုံချဲ့ထွင်ခြင်း နည်းပညာ ရပ်ကို အသုံးပြု၍ သန့်စင်သော အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်ဖူးပါသည်။ ၎င်းသည် အလွန် အစွမ်းထက် သည့် ခုခံကာကွယ်မှု အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်းတစ်ခုလည်း ဖြစ်ပါသည်။
တစ်ခါတုန်းက အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်ပညာရှင် တစ်ဦးသည် ထိုအကြီးအမြတ်ဆုံး အင်မော်တယ်ပစ္စည်းနေရာတွင် ရပ်တည်နေရင်း အထွတ်အထိပ်အဆင့်ရှိ အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်ပညာရှင်ကို ထိခိုက်မှု အနည်းငယ်မျှ မရှိဘဲ သုံးရက်နှင့် သုံးညလုံး တိုက်ခိုက်ခွင့် ပြုခဲ့ဖူးသည်။ ထို့ကြောင့်၊ ခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်သည် အင်မော်တယ်ကမ္ဘာမှာပင် အလွန် ကျော်ကြားသော ခုခံအကာကွယ် မှော်ရတနာတစ်ခု ဖြစ်လာခဲ့ပါသည်။
သို့သော်၊ ထိုခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်ကို အလွန်အစွမ်းထက်သော အင်မော်တယ်တစ်ပါးက ရယူပြီးနောက် ပျောက်ကွယ်သွားသည်ဟု ဆိုကြသည်။
သို့သော်လည်း ထိုတောင်သည် ယခု ဤနေရာတွင် အမှန်တကယ် ပေါ်လာခဲ့ပြီး ခံခုအကာကွယ် အစီအရင်ဝင်္ကပါအဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ ပေ။ ဤအရာက ချင်ယွင်ကို အလွန်အံ့သြသွားစေသည်။
"ဒီခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်က အမြဲတမ်း အင်မော်တယ်ကမ္ဘာမှာ ရှိနေတာ မဟုတ်ဘူးလား။ သေမျိုးကမ္ဘာကို ဘယ်လိုလုပ် ရောက်လာပြီး အဆုံးသတ်သွားရတာ လဲ။" ချင်ယွင် အံ့ဩသွားသည်။
ဘန်း….!
ချင်ယွင် အံ့ဩနေစဉ်မှာပင်၊ ခုနစ်ရောင်ခြယ် ဗယ့်လူရီယန်တောင်မှ ဖန်တီးထားသော မမြင်နိုင်သည့် ခုခံအကာအကွယ် အလင်းရောင် အတားအဆီးက ရေလှိုင်းတွေလို ပြန့်နှံ့သွားသည်။
တစ်ချိန်တည်းမှာပင် ချင်ယွင်၏ နားထဲတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ သည်။
"နတ်ဆိုးနတ်ဘုရားနန်းတော်ကို ကျူးကျော်ဝံ့ရအောင် ဘယ်သူက ဒီလောက် ရဲရင့်နေတာလဲ?"
ကျယ်လောင်သောအသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ အရပ် ၂.၂ မီတာမြင့်သော ကြံ့ခိုင်သန်မာသော အမျိုးသားတစ်ဦးသည် ခုခံအကာကွယ် အလင်းတန်းမှ ထွက်လာခဲ့သည်။ သူ၏ဂုံးနှင့်တူသော မျက်လုံးကြီးနှစ်စုံသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေကာ သူ၏မျက်နှာပေါ်တွင် ခက်ထန်သော အမူအရာ ဖြင့် စိုက်ကြည့်နေသည်။
ချင်ယွင်သည် ဤအရပ်မြင့်မြင့်အမျိုးသား ပေါ်လာသည်ကို မြင်သောအခါ သူ၏ မျက်နှာသည် အလွန်အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် ဤလူ၏ ခန္ဓာကိုယ်တွင် အစွမ်းထက်သော ခွန်အားများ ရှိနေကြောင်းကို သူတွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ သူ၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေ သော်လည်း၊ သူ၏ အစွမ်းသည် အနည်းဆုံး မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဟု ချင်ယွင် ယုံကြည်ခဲ့သည်။
"ပင်လယ်နက်ထဲမှာ ဒီလောက် အစွမ်းထက်တဲ့ ပညာရှင်တွေက ဘယ်ကတည်းက ရှိနေတာလဲ?။ သူက နတ်ဆိုးဘုရားခေါ်တဲ့လူများ ဖြစ်နိုင်သလား?" ချင်ယွင် အံ့သြသွားသည်။
"ထွက်သွားစမ်း! သခင်နတ်ဆိုးနတ်ဘုရား အနားယူနေတာကို မနှောင့်ယှက်စမ်းနဲ့၊ ဒါမှမဟုတ်ရင် ငါ မင်းကို သတ်ပစ်မယ်။"
သို့သော် ချင်ယွင် မရောက်ရှိခင်မှာ အရပ်ရှည်ရှည် အမျိုးသားက အရင်ဆုံး အေးစက်စွာ အော်လိုက်သည်။ သူသည် ချင်ယွင်၏ ရှင်းပြချက်ကို မကြားချင်ပုံရပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ပြင်းထန်သော အထင်သေး ရှုတ်ချမှုတွေ ပြည့်နှက်နေ၏။
ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက် မိပါသည်။ အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် သူ၏ပါးစပ်ကို ဖွင့်လိုက်သည်နှင့် သူသည် ဤအရပ်မြင့်မြင့် အမျိုးသား၏ ကိုယ်ရေးအချက်အလက်ကို ချက်ချင်း နားလည်သည်။
အကယ်၍ သူ၏ ခန့်မှန်းချက် မှန်ကန်ပါက၊ ဤအရပ်ရှည်ရှည် အမျိုးသားသည် စင်ချူ ပြောခဲ့သည့် နတ်ဆိုးနတ်ဘုရား၏ လက်အောက်ငယ်သား နှစ်ဦးထဲမှ တစ်ဦး ဖြစ်သင့် ပါသည်။
သို့သော် ချင်ယွင် မမျှော်လင့်ထားသည့်အရာမှာ နတ်ဆိုးဘုရား၏ လက်အောက် ငယ်သားတစ်ဦးသည်ပင် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့် အစွမ်းမျိုး ရှိနေခြင်းပင် ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် ထိုနတ်ဆိုးနတ်ဘုရားသည် မည်သည့် ကျင့်ကြံမူအဆင့်မျိုး ရှိနေမည်နည်း?။
"မဟုတ်ဘူး၊ ရှောင်ဘိုင်နှင့်ရှောင်းကျင်းတို့ရဲ့ တည်နေရာကို မသိရမချင်း ငါတို့ တိုက်ပွဲ မဖြစ်သင့်ဘူး" ချင်ယွင်သည် ဤကိစ္စ၏ လေးနက်မှုသည် သူ့မျှော်လင့်ထားသည်ထက် များစွာကျော်လွန်သွားခဲ့ပြီဟု သူ့ကိုယ်ကို တွေးတောမိသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် အစောပိုင်းအဆင့် မြေကမ္ဘာ အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကို ကိုင်တွယ်ဖြေရှင်းနိုင်သော်လည်း မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့်ရှိ ကျွမ်းကျင်သူများနှင့် ရင်ဆိုင်တိုက်ခိုက်ရန်မှာ သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် ချင်ယွင်သည် ခေတ္တခဏ ဆုတ်ခွာရန် ချက်ချင်း ကြံရွယ်လိုက်သည်။
"ကျွန်တော် အခုပဲ ထွက်သွားပါတော့မယ်!" ချင်ယွင်က လှည့်ပြီး မထွက်ခင် အရပ်မြင့်မြင့် အမျိုးသားကို ပြောလိုက်ပါသည်။
သို့သော်လည်း အရပ်မြင့်မြင့် အမျိုးသား၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အယောင်များ ရှိနေပါသည်။ သူသည် ချင်ယွင်၏ ထွက်ခွာသွားသည့် ပုံရိပ်ကို ကြည့်ရင်း လျှပ်စီးလက်သလို ပစ်ဝင်လိုက်သည်။ အနီးပတ်ဝန်းကျင်ရှိ ပင်လယ်ရေ သည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားသည် ။
ချင်ယွင်သည် သူ၏နောက်မှ ပြင်းထန်သော အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ထဲက သိမ်မွေ့နက်နဲ သည့် အဝါရောင်စွမ်းအင်တွေကို တဟုန်ထိုး ထုတ်ဖောက်လိုက်ပြီး သူ၏ နောက်ကျော ဆီကို တိုက်ရိုက် ပို့လွှတ်လိုက်ပါသည် ။
"ဘုန်း…!"
ပင်လယ်ရေပြင်သည် ရုတ်တရက် ပေါက်ကွဲသွားပြီး ကြီးမားသော လှိုင်းလုံးကြီးများကို ဖန်တီးဖြစ်ပေါ်စေသည်။
ပတ်ဝန်းကျင် ပင်လယ်ပြင် ဧရိယာသည် ပြင်းထန်စွာ တုန်ခါသွားကာ ပတ်ဝန်းကျင် ရေထဲမြုပ်နေသော ကျောက်တုံးများ လုံးဝ ကွဲအက်သွားခဲ့သည်။
ချင်ယွင် နှင့် အရပ်ရှည်ရှည် အမျိုးသားသည် တစ်ယောက်နှင့်တစ်ယောက် ဆက်လက် တိုက်ခိုက်ကြတော့သည်။ နှစ်ယောက်စလုံးသည် ဤအကန့်အသတ်မဲ့ စွမ်းအားကြောင့် ပြန်ကန်တွန်းထုတ်သွားကြသည်။ နှစ်ယောက်စလုံးသည် မရပ်တန့်နိုင်ခင် ခြေလှမ်း တစ်ထောင်ခန့် ဆုတ်သွားကြသည်။
နှစ်ယောက်သားသည် နှင်းခဲကဲ့သို့ အေးစက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တစ်ဖက်နှင့်တစ်ဖက် မတ်တပ် ရပ်နေကြသည်။
"မင်းက တကယ်ကို ပြဿနာရှိနေတာပဲ။" အရပ်ရှည်ရှည် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည်။ အေးစက်သော အပြုံးတစ်ခုက သူ၏ပါးစပ်ထောင့်မှ ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက သူ၏ ခန္ဓာကိုယ်ကို ပတ်ပတ်လည်မှာ လှည့်ပတ်လာပါသည်။