← Chapters

အခန်း ၆၀၄

Vol. 41 Ch. 604

အခန်း ၆၀၄

Vol. 41 Ch. 604

အခန်း (၆၀၄) အမြှီးကိုးချောင်းမီးလျှံမြေခွေးမ။

"မြေကမ္ဘာအင်မော်တယ် အလယ်လတ်အဆင့် အစွမ်းလား!" ချင်ယွင်က ထိတ်လန့်စွာ ပြောလိုက်လေသည်။

ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်ထားသည့် ထိုအမျိုးသမီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများတွင် အံ့သြသည့် အမူအရာတစ်ခု ပေါ်လာပါသည်။ သူ၏ ရင်ဘတ်မှ နာကျင်ကိုက်ခဲမှုက သူ့ကို ကောင်းကင်ကိုမော့ပြီး အော်ဟစ်ပစ်ချင်လာသည်။

ချင်ယွင်သည် ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်ထားသည့် ထိုအမျိုးသမီးသည် ချဉ်းကပ်ဝင်ရောက်လာမှုကို သဘာဝအားဖြင့် လုံးဝ သတိမထားမိခဲ့ပါဘူး။ ချင်ယွင် သတိပြုမိသည်မှာ သူမ ဆေဘာကို ခုတ်ပိုင်းလိုက်သည့် အချိန်ရောက်မှသာ ဖြစ်ပါ သည်။

ချင်ယွင်၏ နှလုံးသားသည် အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ အကယ်၍ သူ၏တုံ့ပြန်မှုသာ နှေးကွေးသွားမည်ဆိုလျှင် ယခုလေးတင် ခုတ်ပိုင်းလိုက်သည့် ဓားချက်သည် သူ၏ရင်ဘတ်ကို ဆုတ်ဖြဲလိုက်သလိုမျိုး ရိုးရှင်းမှာ မဟုတ်ပါဘူး။ ထိုဓားချက်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဝက်ခန့် ဖြတ်တောက်သွားမည်ကို ပင် သူ ကြောက်ပါသည်။

ချင်ယွင်သည် ထိုအကြောင်းကို ပို၍တွေးမိလေ ပို၍ပင် ကြောက်ရွှံ့လာလေ ဖြစ်သည်။ သူ၏မျက်လုံးထဲမှာ အနီရောင်ဝတ်ထားသည့် ထိုအမျိုးသမီးသည် အစွမ်းထက်လွန်း၏။ အဓိကချက်မှာ သူ၏ ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။

"အို၊ မင်းရဲ့တုံ့ပြန်နိုင်စွမ်းက တော်တော်ကို မြန်ဆန်တာပဲ။ မင်းက ငါ့ရဲ့တိုက်ခိုက်မှုကို တကယ် ရှောင်နိုင်ခဲ့တယ်။ မင်း ကော့ရှုံကို သတ်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး" ဆွဲဆောင်မှုရှိသည် အနီရောင်ဝတ် အမျိုးသမီးက ချစ်စရာကောင်းစွာ ပြုံးပြပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာကို ပို၍ပင် ဆွဲဆောင်မူရှိသွားစေသည်။

အနီရောင်ဝတ်စုံပေါ်ရှိ ကောက်ကြောင်းများက သူမ၏သွယ်လျသော ခန္ဓာကိုယ်ကို ပုံဖော်ထားသည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်သည် သူမနှင့်ပတ်သက်ပြီး အနည်းငယ်မျှပင် ဆန္ဒမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော လှပသော အမျိုးသမီးသည် သူ၏ လက်ထဲတွင်ရှိသော နှင်းရောင်ဓားပြားပေါ်မှ သွေးများကို သူ၏ နီရဲနေသော နှုတ်ခမ်းတစ်စုံဖြင့် လျှက်လိုက်သည်ကို မြင်သောကြောင့် ဖြစ်ပါသည်။ သူမ၏ နှုတ်ခမ်းတစ်စုံပေါ် သွေးများက စွန်းထင်းသွားသည်နှင့် သူမသည် ပို၍ပင် လှပပြီး ပို၍ပင် ခက်ထန်လာကြောင်း သိသာထင်ရှားလှသည်။

ချင်ယွင်သည် သူ၏ဆံပင်တွေ အဆုံးထိ ထောင်မတ်သွားသလို ခံစားလိုက်ရပါသည်။ အနီရောင်ဝတ် အမျိုးသမီးတွေကို သူတွေ့မြင်ရသည့် အခါတိုင်း သူသည် ဆိုးဝါးသည့် အရာများ ကြုံတွေ့ရသည်ဟု သူ ခံစားရပါသည်။

နောက်ဆုံးအကြိမ်တုန်းက၊ သူသည် ချင်းနင်းမြို့ အပြင်ဘက်မှာလည်း အနီရောင်ဝတ် အမျိုးသမီး၏ လက်ချက်ဖြင့် သေလုနီးပါး ဖြစ်ခဲ့ရပါသည်။

ဖြစ်နိုင်တာက သူသည် အနီရောင်၀တ် အမျိုးသမီးများနှင့် ရန်ငြိုးရန်စ ရှိနေလိုများ ဖြစ်နိုင်မလား?။ ထို့ပြင် အနီရောင်ဝတ်ထားသော အမျိုးသမီးများသည် အဘယ်ကြောင့် ပို၍လှပပြီး ပို၍ ကြောက်စရာကောင်းသနည်း?။

ချင်ယွင်သည် အနာဂတ်တွင် သူ၏အမျိုးသမီးလေးဦးကို အနီရောင်အဝတ်အစားများ ၀တ်ဆင်ခွင့်မပြုရန် သူ၏စိတ်ထဲတွင် ဆုံးဖြတ်ထားလိုက်သည်။ ထိုသို့မဟုတ်ပါက၊ တစ်နေ့တွင် သူသည် အိပ်မက်ထဲတွင် လန့်လန့်နိုးပြီး ကြောက်နေရလိမ့်မည်။

'"မင်း ဘာလို့ စကားမပြောတာလဲ၊ မင်းက ဆွံ့အနေလို့များလား? မင်းရဲ့ ချောမောလှပတဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ကို ကြည့်ပြီး မင်းက သိုင်းပညာရပ်မှာ တော်တော်လေး ထူးချွန်တာ သေချာပါတယ်။ မင်းအနေနဲ့ ဘာလို့ ငါ့ရဲ့အိမ်မွေးတိရစ္ဆာန် အထီးတစ်ယောက်အဖြစ် ငါ့‌ဘေးနားမှာ မနေတာလဲ?" ချစ်စရာကောင်းသော အမျိုးသမီးသည် ဆိုးသွမ်းသော အပြုံးဖြင့် ပြုံးနေကာ သူမ၏ လေသံက ဆော့ကကား လိုသည့် ဟန်ပန်များနှင့် ပြည့်နေသည်။

"အစ်မကြီး၊ မင်းက အရမ်းကိုလှပပြီး အရမ်းလည်း အစွမ်းထက်ပါတယ်။ ဒီမောင်လေးက အစ်မကြီးအပေါ် တာဝန်မကျေပွန်မှာကို စိုးကြောက်ပါတယ်။ ဒါကြောင့် တခြားတစ်ယောက်ယောက်ကို ဆက်ခံခိုင်းတာက ပိုကောင်းပါလိမ့်မယ်။" ချင်ယွင်က ကမန်းကတန်း ပြောလိုက်ရသော်လည်း သူ မည်သို့ ရှေ့ဆက်ရမလဲ ဆိုသည်ကို စဉ်းစားနေပါသည်။

ဤအမျိုးသမီးသည် သူ့ကို ကြောက်စရာကောင်းသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ သူမသည် သူ့အတွက် ပြိုင်ဘက်မဟုတ်သည်မှာ တစ်ရာရာခိုင်နှုန်း သေချာပါသည်။

ပုံမှန်အားဖြင့်၊ ချင်ယွင်သည် သူ၏ကိုယ်ပွားနှစ်ခုကို ပေါင်းစပ်လိုက်လျှင် သူသည် သူမကို တိုက်ခိုက်နိုင်မည် ဖြစ်သည်။

သို့သော်၊ အခု သူသည် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေပြီး သူ၏ကိုယ်ပွားနှစ်ခုကို ပေါင်းစပ်လိုက်လျှင်ပင် ချင်ယွင်သည် ထိုအမျိုးသမီးကို အနိုင်ယူနိုင်ရန် ယုံကြည်မှု မရှိတော့ဘူး။ ချင်ယွင်သည် သူယုံကြည်မှုမရှိသည့် အရာကိုမှ မည်သည့်အခါမှ ပြုလုပ်မှာ မဟုတ်ပါဘူး။

'"မဟုတ်ဘူး၊ ငါ ထွက်ပြေးရမယ်။ ငါရဲ့အသက်အတွက် အရင်ထွက်ပြေးရမယ်။ ဒီမိန်းမက နတ်ဆိုးဘုရားရဲ့ လက်အောက်ခံ ဖြစ်ရမယ်။ ဒီမိန်းမကတောင် အရမ်းကို အစွမ်းထက်နေပြီ။ နတ်ဆိုးဘုရားဆိုရင် ပိုပြီးကြောက်စရာကောင်းနေမှာ မဟုတ်ဘူး လား။ တကယ်လို့ နတ်ဆိုးဘုရားသာ သတိထားမိသွားရင်၊ သူ ထွက်ပြေးမြောက်နိုင်မှာ မဟုတ်တော့ဘူး။" ချင်ယွင်က ဆုံးဖြတ်ချက် ချလိုက်လေသည်။

"မောင်လေး၊ မင်းရဲ့ပါးစပ်က တကယ်ကို ချိုမြိန်လွန်းပါတယ်။ ကောင်းပြီလေ။ ဒီအစ်မကြီး အမြဲတမ်း နူးညံ့သိမ်မွေ့သူပါကွယ်။ မင်း ဒီအစ်မကြီးဆီမှာ အေးအေး ဆေးဆေး တာဝန်းထမ်းဆောင်သရွေ့ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။ ဒါပေမယ့် တကယ်လို့ မင်း သဘောမတူဘူးဆိုရင်တော့ မင်းအနေနဲ့ ဒီနေ့ အသက်မရှင်နိုင်တော့ မှာတောင် ငါစိုးရိမ်မိတယ်။ မောင်လေး၊ မင်းအနေနဲ့ ရှင်းရှင်းလင်းလင်း တွေးကြည့်ရ မယ်နော်။” အနီရောင်ဝတ် အမျိုးသမီးက ချစ်စရာကောင်းစွာ ပြုံးပြလေသည်။ သူမ စကားပြောနေစဉ်တွင် သူမ၏ သွယ်လျသော လက်ချောင်းများကို ဆန့်ထုတ်ကာ သူမ၏လက်ထဲမှ နှင်းဖြူရောင်ဆေဘာကို ပွတ်သပ်နေပါသည်။ ယခုအခိုက်တန့်မှာ ချင်ယွင်အပေါ် သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခုက ပစ်မှတ်ထားနေပါသည်။

ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားလိုက် ရပြီး သူ၏နှလုံးသားထဲတွင် အရိုးကိုပင်ထိုးဖောက်လာသည့် အေးစိမ့်မှုကို ခံစားလိုက် ရသည်။ “မထမ်းဆောင်နိုင်ဘူး" ဟု သူငြင်းဆန်ရဲသည်နှင့် ထိုအမျိုးသမီး၏ လက်ထဲမှ ဓားသည် မဆိုင်းမတွပင် သူ့ဆီသို့ ခုတ်ပိုင်းလာမည်ဟု သူ သေချာပေါက် ပြောရဲပါသည်။

ချင်ယွင်သည် အနီရောင်ဝတ် အမျိုးသမီး၏ ဆေဘာသိုင်းပညာရပ်သည် မည်မျှ ကြောက်စရာကောင်းသည်ကို ယခုလေးတင် တွေ့မြင်ခဲ့ပြီး ဖြစ်ပါသည်။ သူသည် ဒုတိယအကြိမ် မတွေ့ချင်တော့ပေ။

ဟုတ်ပါသည်၊ သူသည် သူမ၏ အိမ်မွေးတိရစ္ဆာန် အထီးဖြစ်ဖို့ဆိုသည်မှာ ပိုလို့တောင် မဖြစ်နိုင်ပါဘူး။ ချင်ယွင်က အမျိုးသမီးတစ်ဦးကို သူ၏ခေါင်းပေါ် ခွစီးမည်ကို မည်သို့ ခွင့်ပြုနိုင်မည်နည်း?။

"သေလိုက်တော့ ခွေးမ!"

ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲက ဓားက ချက်ချင်း ခုတ်ပိုင်းသွားသည်။

ချင်ယွင်သည် သူ၏ အစွမ်းထက်ဆုံးဓားဖြစ်သည့် ကမ္ဘာဖျက်ဆီးခြင်း ဓားသိုင်းကို တိုက်ရိုက် အသုံးပြုခဲ့သည်။

ဓားအလင်းသည် ကောင်းကင်နှင့်မြေကြီး၏ အမှောင်ထုကို ဖြတ်တောက်ကာ ကမ္ဘာပေါ်ရှိ ပထမဆုံး ဖြာထွက်သွားသော အလင်းတန်းနှင့်တူပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ် စွမ်းအားကို သယ်ဆောင်သွားကာ အနီရောင်ဝတ် ဆွဲဆောင်မှု ရှိသော မိန်းမဆီသို့ တည့်တည့် ပစ်လွှတ်သွားလေသည်။

သူလုပ်ဆောင်ရမည့် ပထမဆုံးအရာမှာ အပြင်ထန်ဆုံး ဖြစ်ရမည်ဟူသော အခြေခံ စည်းမျည်းကို ချင်ယွင် နားလည်ထားပြီး ဘေးဒုက္ခကို ခံစားရခြင်းက ဒုတိယဖြစ်သည်။

ထိုဓားချက်ကို ခုတ်ပိုင်းပြီးနောက် ချင်ယွင်သည် လုံးဝ တွန့်ဆုတ်ခြင်း မရှိခဲ့ပေ။ သူသည် လေဟာနယ်သလင်းကျောက် အပိုင်းအစကို တိုက်ရိုက်ထုတ်လိုက်ပြီး လေဟာနယ်ထဲ အက်ကွဲကြောင်းတစ်ခုကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက် သူသည် လေဟာနယ် အက်ကြောင်းထဲသို့ ပျံတက်သွားတော့မည်။

ထိုဓားချက်က အနီရောင်ဝတ် အမျိုးသမီးကို ကြီးကြီးမားမား ထိခိုက် ဒဏ်ရာရအောင် မလုပ်နိုင်ဘူးဆိုသည်ကို သူ သိပါသည်။ သူသည် ထိုဓားချက်ဖြင့် အနီရောင်ဝတ် အမျိုးသမီးကို တခဏတာ အနှောင့်အယှက်ပေးပြီး ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေးကို ရယူကောင်းရယူနိုင်မည်ဟု သူ မျှော်လင့်ထားသည်။

သို့သော် ချင်ယွင်သည် ဤအနီရောင်ဝတ် အမျိုးသမီးကို လျှော့တွက်နေဆဲ ဖြစ်ပါသည်။ အနီရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်က ဓားဖြင့်ခုတ်ပိုင်းလာသည်ကို မြင်သည့်အခါ ပထမတော့ အနည်းငယ် ထိတ်လန့်သွားပြီးနောက် သူမ၏ ပါးစပ်ထောင့်စွန်းမှ အေးစက်စက် ရယ်မောသံ ထွက်ပေါ်လာပါသည်။

"မင်း သေခြင်းတရားကို တောင်းခံနေတာဘဲ!"

အနီရောင်ဝတ် အမျိုးသမီးသည် သူမ၏ အနီရောင်နှုတ်ခမ်းမှ စကားလုံးနှစ်လုံးကို ထုတ်ဖော်ပြောလိုက်သည်။ သူမ၏လက်ထဲမှ နှင်းဖြူရောင်ဆေဘာမှ ကြောက်မက် ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်လာပါသည်။ ညင်သာသော ခုတ်ပိုင်းချက်နှင့်အတူ သူမသည် ချင်ယွင်၏ ဓားချက်ကို ချိုးဖျက်လိုက်ပါသည်။

အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သည် မူလက လေဟာနယ် နယ်ပယ် ဖြစ်ပါသည်။ အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်နှင့် အလယ်လတ်အဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်တို့သည် နယ်ပယ်တစ်ခုတည်း သာ ဖြစ်သော်လည်း ၎င်းတို့အကြား စွမ်းအားကွာဟချက်သည် တွင်းနက်ကြီး တစ်ခုလို ပင် ဖြစ်ပါသည်။ ချင်ယွင်၏ ဓားချက်သည် အားကောင်းသော်လည်း၊ အလယ်လတ်အဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးကို တားဆီးရန်လုံလောက်ဖို့အတွက်တော့ အလှမ်းဝေးနေပါသေးသည်။

ချင်ယွင်သည် လေဟာနယ် အက်ကွဲကြောင်းထဲသို့ လှမ်းဝင်ခါနီးတွင် သူ၏ဓားချက်ကို အနီရောင်ဖြင့် အမျိုးသမီးကြောင့် ကျိုးပျက်သွားသည်ကို တွေ့လိုက်ရ၏။ သူသည် အရမ်းကို ကြောက်လန့်သွားခဲ့ပြီး ဆက်မနေရဲတော့ဘဲ လေဟာနယ်အက်ကြောင်း ထဲကို အမြန်ဝင်သွားသည်။

"မင်း လွတ်မြောက်နိုင်မယ် ထင်နေလား"

ထိုအခိုက်အတန့်တွင် အနီရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်၏ ရှေ့တွင် တစ္ဆေသရဲ ကဲ့သို့ ပေါ်လာပါသည်။ သူမသည် တစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ချင်ယွင်၏ နောက်ကွယ်ရှိ လေဟာနယ် အက်ကွဲကြောင်းကို ချက်ခြင်း ဖြိုခွဲပစ်လိုက်လေသည်။

ချင်ယွင်၏ မျက်နှာသည် စိတ်ပျက်အားငယ်နေသည့် အမူအရာ ချက်ချင်း ထွက်ပေါ် လာပါသည်။ လေဟာနယ်ထဲမှ ထွက်ပြေးမည့် သူ၏အစီအစဉ်က မအောင်မြင်ခဲ့ပါဘူး။

ထို့အပြင် အနီရောင်ဝတ် အမျိုးသမီးသည် ရုတ်တရက် သူမ၏ သွယ်လျသောလက်ကို ဆန့်ထုတ်လိုက်ပြီး သူ၏လည်ပင်းကို လှမ်းဆွဲလိုက်သည်။ သူမ သူ့ကို လေထဲသို့ မြှောက်လိုက်ပြီး အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်လိုက်လေသည်။

"မင်းက ငါ့လက်ငါးချောင်းလေးထဲကတောင်မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။” အနီရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်ကိုကြည့်ရင်း လှောင်ပြောင်ပြောလိုက်သည်။ သူမ၏ ပါးစပ်ထောင့်ရှိ အပြုံးသည် သရော်မှုအပြည့်ပင် ဖြစ်နေပါသည်။

ချင်ယွင်၏ နှလုံးသားသည် အမျက်ဒေါသနှင့် ပြည့်နှက်နေပြီး သူ၏နှလုံးသားထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာပါသည်။

သာမာန်အားဖြင့်၊ အခြားသူများ၏ လည်ပင်းကို ဖမ်းဆွဲဆုပ်ကိုင်ထားသူမှာ သူဖြစ်နေကြ ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ကြက်တစ်ကောင်ကဲ့သို့ တစ်စုံတစ်ယောက်၏ ဖမ်းဆွဲခြင်းကို ခံနေရပြီး လေထဲတွင် တွဲလျောင်းဖြစ်နေသည်။ ထို့အပြင်၊ ထိုလူကလည်း အမျိုးသမီးတစ်ဦး ဖြစ်သည်။

"မင်းကို နောက်တစ်ခေါက်လောက် မေးပါရစေ။ မင်း ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်အထီးအဖြစ် နေဖို့ မင်း သဘောတူလား?”။ အနီရောင်ဝတ် အမျိုးသမီး၏ မျက်နှာက အေးစက်သွား သည်။ သိသိသာသာပင် သူမသည် သည်းမခံနိုင်တော့ပေ။

"မင်း အိပ်မက်မက်နေတာလား” ချင်ယွင်၏ မျက်လုံးများလည်း အေးစက်နေခဲ့သည်။

"ဒါဆိုလည်း မင်းကို သေမင်းဆီ ငါ ပို့ပေးလိုက်မယ်” အနီရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများသည် မကြုံစဖူး အေးစက်သော အလင်းရောင်တစ်ခုဖြင့် ချက်ချင်း တောက်ပလာပြီး အခြားဓားမြှောင်တစ်လက်ထံမှ ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျလှိုင်းများ ထွက်ပေါ်လာသည်။

"အားလုံး ထွက်လာခဲ့စမ်း..!" ချင်ယွင်လည်း သူ၏နှလုံးသားထဲမှ အော်ဟစ်ပြီး ပြတ်သားသည့် အတွေးတစ်ခု ဝင်လာလေသည်။

"အမြီးကိုးချောင်းမီးလျှံမြေခွေးမ၊ မင်း သူ့ကို နာကျင်အောင် လုပ်ရဲရင် မင်းအသက်ကို ငါယူရလိမ့်မယ်။"

သို့သော် ချင်ယွင်သည် သူ၏ကိုယ်ပွားနှစ်ခုကို ပေါင်းစပ်ကာ အနီရောင်ဝတ် အမျိုးသမီးနှင့် အသေခံတိုက်ခိုက်တော့မည့် ဆဲဆဲတွင် ကျယ်လောင်သော အသံတစ်ခု က ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုသည် အနီရောင်ဝတ် အမျိုးသမီးဆီသို့ ပြေးဝင်သွားလေသည်။

အနီရောင်ဝတ် အမျိုးသမီး၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် ချင်ယွင်ကို အမြန်လွှတ်ပြီး အလျှင်အမြန် နောက်ပြန် ဆုတ်သွားခဲ့သည်။

All Chapters