← Chapters

အခန်း ၆၀၅

Vol. 41 Ch. 605

အခန်း ၆၀၅

Vol. 41 Ch. 605

အခန်း (၆၀၅) ရန်ယုဖန်း။

အနီရောင်ဝတ် အမျိုးသမီးသည် လျင်မြန်စွာ ဆုတ်ခွာသွားသော်လည်း ထိုကြောက်စရာ ကောင်းသော စွမ်းအင်အတက်အကျလှိုင်းက သူ၏ဝမ်းဗိုက်ထဲကို ထိမှန်သွားဆဲ ဖြစ်သည်။ သူမသည် သွေးတပွတ်အန်ထုတ်ပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားခဲ့သည်။

အနီရောင်ဝတ် အမျိုးသမီးသည် ရပ်တန့်နိုင်ခြင်းမရှိခင် ခြေလှမ်းတစ်ထောင်ခန့် နောက်သို့ ဆုတ်သွားခဲ့ရသည်။ သူမသည် ထိတ်လန့်သော အမူအရာဖြင့် လေဟာနယ်ကို ကြည့်လိုက်လေသည်။

ချင်ယွင်သည် အသံထွက်ရှိရာဆီသို့ ခေါင်းမော့ကြည့်ရင်း အလွန် အံ့သြသွားသည်။

ပြိုးပြိုးပြက်ပြက် ဝင်းလက်တောက်ပနေသည့် ဆံပင်များနှင့် ကလေးဆန်ဆန် မျက်နှာပိုင်ရှင် အဘိုးအိုတစ်ဦးသည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည်။ သူ၏ ဆံပင်တွေက ဖြူဆွတ်နေသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် စွမ်းအားများဖြင့် ပြည့်ဝနေပါသည်။ သူသည် မီးခိုးရောင်၀တ်စုံကို ၀တ်စားထားပြီး သူ၏မျက်နှာတွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေပါသည်။ သို့သော် သူ၏ခန္ဓာကိုယ်ပေါ်တွင် ခမ်းနားထည်ဝါမူအပြည့် ရှိနေပါသည်။

"ရန်ယုဖန်း၊ တကယ်ကို ရှင်ပါလား?” အနီရောင်ဝတ် အမျိုးသမီးသည် ဆံပင်ဖြူအဘိုးကြီးကို မြင်သောအခါ၊ သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အသွင်အပြင် ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်လည်း အဘိုးအိုကို အံ့အားသင့်စွာ ကြည့်သည်။ သူသည် ဤအဘိုးအိုကို တစ်ခါမျှ မမြင်ဖူးသော်လည်း ဤအဘိုးအိုသည့် လူသားဖြစ်ကြောင်း သေချာသည်။

"မှန်တယ်၊ ငါပဲ။ အမြီးကိုးချောင်း မီးလျှံမြေခွေးမ၊ မင်း ထွက်သွားတော့။ ငါ မင်းကို မသတ်တော့ဘူး”။ ဆံပင်ဖြူအဘိုးကြီးက လေဟာနယ်ထဲမှ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာကာ သူ၏လေသံက ပြင်းထန်သော ခမ်းနားထည်ဝါမူတွေ ထွက်ပေါ်နေသည်။

"ရန်ယုဖန်း၊ ရှင်က ကျွန်မတို့ နတ်ဆိုးနတ်ဘုရားနန်းတော်ရဲ့ကိစ္စမှာ ဝင်ရောက်စွက် ဖက်မှာလား။ သူက ကော့ချုံကို သတ်ခဲ့တယ်။ ဒါကြောင့် နတ်ဆိုးဘုရားကို တွေ့ဖို့ သူ့ကို ငါ ပြန်ခေါ်သွားရမယ်။” အနီရောင်ဝတ်အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"ဟမ့်၊ မင်းလို နတ်ဆိုးမြေခွေးမသေးသေးလေးက၊ ငါ့ကို အခုလို စကားမျိုးပြောရအောင် မင်းမှာ အရည်အချင်းတွေ ရှိနေလို့လဲ?။၊ ဒီနေ့ ဒီလူကို ငါ ကာကွယ်ပေးသွားတယ်ဆိုတာ ကို မင်း နတ်ဆိုးဘုရားကို ပြန်သွားပြောလိုက်ပါ” ဆံပင်ဖြူအဘိုးကြီးက အမျိုးသမီး၏ စကားကို ကြားသောအခါ အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပါးရိုက်ချလိုက်လေသည်။ အမျိုးသမီး၏ လှပသောမျက်နှာပေါ်တွင် လက်ငါးချောင်းရာ အမှတ်အသားတစ်ခု ချက်ချင်းပေါ်လာပြီး သူမ၏ဆံပင်များလည်း ရှုပ်ပွသွားပါသည်။

အဘိုးအိုကို စိုက်ကြည့်ရင်း အနီရောင်ဝတ် အမျိုးသမီး၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး “ရှင့်ရဲ့ ဒီစကားတစ်ခွန်းကို မလွဲမသွေ နတ်ဆိုးဘုရားထံ ကျွန်မ ယူဆောင်သွားမယ်" ဟု ပြောလိုက်ပါသည်။

ထို့နောက် အနီရောင်ဝတ် အမျိုးသမီးသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပင်လယ်ရေပြင်ထဲသို့ ပျောက်ကွယ်သွားခဲ့ပါသည်။

အဘိုးအိုသည် အနီရောင်ဝတ် အမျိုးသမီး ထွက်သွားသည်ကို မြင်သောအခါ၊ သူက ချင်ယွင်ကို နွေးထွေးသော အပြုံးဖြင့် လှည့်ကြည့်လိုက်ပါသည်။

ချင်ယွင်သည်လည်း အဖိုးအိုကို ကြည့်လိုက်ပါသည်။ သို့သော်လည်း သူ၏ မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်နေပါသည်။ သူသည် ဤအဘိုးအိုကို တစ်ခါမျှ မတွေ့ဖူးပါချေ။ ဤအဘိုးအိုသည် အဘယ်ကြောင့် သူ့ကို ရုတ်တရက် ကယ်တင်ရသနည်း?။ ဤအကြောင်းကို သူ နားမလည်နိုင်ပါချေ။

ထို့အပြင် ဤအဘိုးအိုသည် လူသားတစ်ဦး ဖြစ်ပါသည်။ သူသည် ဤနတ်ဆိုးနတ်ဘုရား နန်းတော်ရှိ နတ်ဆိုးများနှင့် မည်သို့ ရင်းနှီးနိုင်ရသနည်း?။ အရေးကြီးဆုံးအချက်က၊ ချင်ယွင်သည် သူ၏ရှေ့တွင်ရှိနေသော ဤအဘိုးကြီး၏စွမ်းအားကို အမှန်တကယ် အကဲဖြတ်နိုင်ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရသည်။ အကြောင်းမှာ သူ၏ ကျင့်ကြံမူအဆင့် သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသည်မှာ သိသာထင်ရှားနေသောကြောင့် ဖြစ်ပါသည်။ သို့သော်၊ ချင်ယွင်သည် ဤအဘိုးအို၏ ကျင့်ကြံမှုအဆင့်သည် အနည်းဆုံး မြေကမ္ဘာအင်မော်တယ် နယ်ပယ်၏ နှောင်းပိုင်းအဆင့် သို့မဟုတ် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ် အဆင့်တွင်ပင် ရှိနေမည်ဟု သေချာပေါက် ပြောနိုင်ပါသည်။

'"ဘာလို့ တချိန်တည်းမှာပဲ မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတွေ အများကြီး ရှိနေရတာလဲ။ လျှို့ဝှက်နည်းပညာရပ်တွေကို အသုံးပြုထားသည့် မြေကမ္ဘာ အင်မော်တယ်နယ်ပယ် ကျင့်ကြံသူအများပြား ရှိနေပါသည်။ သူတို့သည် သူတို့၏ အစွမ်းတွေကို ထုတ်ဖော်လိုက်သည်နှင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မဆွဲဆောင် နိုင်ခဲ့ဘူးလား?။ အနီရောင်ဝတ် အမျိုးသမီးနှင့် အဘိုးအိုတို့သည် အဘယ့်ကြောင့် သူတို့၏ ကပ်ဘေးဒုက္ခ အရိပ်ယောင်ကို နည်းနည်းလေးမျှ မဆွဲဆောင်ခဲ့ရသနည်း?။ ချင်ယွင်သည် သံသယစိတ်များဖြင့် ပြည့်နှက်နေပြီး ဆံပင်ဖြူ အဘိုးအိုကို စူးစူးစိုက်စိုက် ကြည့်ရင်း ပို၍ပင် ထူးဆန်းနေလေသည်။

"ဟား….။ ဟား….။ အခု မင်းမှာ မေးစရာတွေ အများကြီးရှိနေတယ် မဟုတ်လား" ဆံပင်ဖြူအဘိုးကြီးသည် ချင်ယွင်၏ အတွေးများကို မြင်လိုက်ရသည့်အလား ရယ်မော လိုက်ပါသည်။

ချင်ယွင်လည်း အမှန်အတိုင်းပင် ခေါင်းညိတ်လိုက်ပြီး "စီနီယာ.. ၊ စီနီယာ ကျွန်တော့်ကို သိလို့လား" ဟု မေးလိုက်ပါသည်။

"သိတယ်လေ။ ငါ မင်းကို သေချာပေါက် သိတာပေါ့။ မဟုတ်ရင် ငါ မင်းကို ဘာလို့ ကယ်တင်ရမှာလဲ၊ မင်းနာမည်က ချင်ယွင် မဟုတ်လား”။ ဆံပင်ဖြူအဘိုးကြီးက အပြုံးနှင့်အတူ ပြောလိုက်လေသည်။

အဘိုးအိုက သူ၏နာမည်ကို ခေါ်သံကြားလျှင် ချင်ယွင်သည် ပို၍ပင် စိတ်ရှုပ်သွားပါ သည်။ သူ၏မှတ်ဥာဏ်ထဲမှာတော့ ရန်ယုဖန်းဟုခေါ်သည့် ကျွမ်းကျင်ပညာရှင်ကို တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသလိုပင်။ အနည်းဆုံးတော့ ဤအဘိုးအိုသည် နှောင်းပိုင်း အဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်နေပါ သည်။

အဘိုးအိုက ချင်ယွင်၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို မြင်သောအခါ ဘေးမှနေပြီး ကျယ်လောင်စွာ ရယ်မောနေပါသည်။

"ကောင်းပြီလေ။ ငါ မင်းကို မကျီစယ်တော့ပါဘူး။ အမြီးကိုးချောင်းမြေခွေးမက ငါ့နာမည် ရန်ယုဖန်းလို့ အခုလေးတင်ပဲ ပြောလိုက်တယ်လေ။ ငါက ဘယ်သူလဲဆိုတာ မင်း မသိနိုင်ပေမယ့် ရန်ကျန်းထျန်က ငါ့မြေးလို့ မင်းကို ငါ ပြောပြချင်တယ်။ ဒါဆို ငါ ဘယ်သူလဲဆိုတာ မင်း ခန့်မှန်းလို့ရသွားမှာကိုတောင် ငါ ကြောက်မိတယ်" ရန်ယုဖန်းက ပြုံးပြီး သူ၏မုတ်ဆိတ်များကို လက်ဖြင့်သပ်ပြီး သူ့ကိုယ်သူ ကျေနပ်နေ လေသည်။

ချင်ယွင်သည် လုံးဝ အံ့အားသင့်သွားခဲ့ရပြီး နောက်ဆုံးတွင် ဤအဘိုးအိုသည် မည်သူ ဖြစ်သည်ကို သူ နားလည်သွားပါသည်။

ရန်ကျန်းထျန်က မည်သူနည်း?။ သူသည် ထျန်းယွန်တိုက်ကြီးရှိ ရန်အင်ပါယာ၏ ဧကရာဇ်တစ်ပါး မဟုတ်ပေဘူးလော?..။

သို့သော် ချင်ယွင်သည် ရန်ကျန်းထျန်တွင် အမှန်တကယ် အလွန်အစွမ်းထက်သည့် အဖိုးတစ်ဦး ရှိနေမည်ဟု မမျှော်လင့်ခဲ့ပေ။ ထျန်းယွန်တိုက်ကြီးကို မဆိုထားနှင့်၊ ကောင်းကင်နဂါးတိုက်ကြီးမှာတောင်မှ နှောင်းပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် အလျားအနံ စိတ်တိုင်းကျ သွားလာနိုင်သည့် အစွမ်းမျိုးကို ပိုင်ဆိုင်ထားသည့် တည်ရှိမူမျိုး ဖြစ်နေပါသည်။

သို့သော်လည်း သူသည် အလွန်အစွမ်းထက်နေပါလျှက်နှင့် အန္တရာယ်ကျရောက်နေ သည့်အချိန်တွင် တော်ဝင်ရန်အင်ပါယာကို ကူညီရန် အဘယ့်ကြောင့် ထွက်မလာသည် ကို ချင်ယွင် နားမလည်နိုင်ခဲ့ပေ။

"ကောင်လေး၊ မင်းမှာ သံသယတွေ အများကြီးရှိနေတာ ငါ သိပါတယ်။ လာ..၊ လား..၊ ငါတို့ ထျန်းယွန်တိုက်ကြီးဆီကို အရင်ဆုံး ပြန်သွားရအောင်။ လမ်းတစ်လျှောက်မှာ ငါ မင်းကို ဖြည်းဖြည်းချင်း ပြောပြပေးမယ်။" ရန်ယုဖန်းက ပြုံးပြုံးလေး ပြောလိုက်ပါ သည်။

ချင်ယွင်လည်း ခေါင်းညိတ်မပြခင် ခဏမျှ တုံ့ဆိုင်းသွားပါသည်။

အစ်မ ဇီရှန်၊ ရှောင်ဘိုင်နှင့် အခြားလူများသည် နတ်ဆိုးနတ်ဘုရားနန်းတော်တွင် ရှိနေသည်ကို သူသိသော်လည်း ချင်ယွင်က သူတို့ကို ကယ်တင်နိုင်မည် မဟုတ်သေး ပေ။

အမည်မသိ နတ်ဆိုးသားရဲများကို အသာထား၊ အနီရောင်ဝတ် အမြီးကိုးချောင်း မီးလျှံမြေခွေးမဖြစ်သည့် အမျိုးသမီးသည်ပင် ချင်ယွင်အနေဖြင့် ပြိုင်ဘက် မဟုတ်သေး ပါဘူး။ ယခုအချိန်မှာ သူသည် ခေတ္တခဏမျှ ဆုတ်ခွာပြီး သူ၏စွမ်းအား လုံလောက်သည် အထိ စောင့်နေရုံသာ တတ်နိုင်ပါတော့သည်။ ထိုသို့မဟုတ်လျှင် သူသည် သူတို့ကို မကယ်တင်နိုင်ရုံသာမက သူကိုယ်တိုင်ပင် သေခြင်းတရားကို သွားပြီးတောင်းခံသလို ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ချင်ယွင်သည်လည်း ဤအဘိုးကြီးထံမှ နတ်ဆိုးနတ်ဘုရားနန်းတော် အကြောင်းကို ပိုမိုလေ့လာချင်မိပါသည်။ နတ်ဆိုးနတ်ဘုရားနန်းတော်သည် ရုတ်တရက် ပေါ်လာသည်ဟု သူသည် အမြဲတမ်း ခံစားမိနေပါသည်။ ဤမြေကမ္ဘာ အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်များသည် ကောင်းကင်ယံမှ ရုတ်တရက် ပြုတ်ကျလာပုံရနေပါသည်။

ထို့ကြောင့် ချင်ယွင် နှင့် အဖိုးအိုသည် ထျန်းယွန်တိုက်ကြီးဆီသို့ အလောတကြီး ပြေးသွားခဲ့သည်။

ဟုတ်ပါသည်။ ချင်ယွင်၏ မူလခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန် ရသွားသည့် အတွက် သူသည် ပြန်လည်ကုစားပြီး ကျင့်ကြံရန်အတွက် ကနဦးစကြဝဠာထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ပါသည်။ အဖိုးအိုသည် လိုက်ပါသွားသူသည် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွား ဖြစ်ပါသည်။

ချင်ယွင်မှဦ ကိုယ်ပွားရှိနေသည့်အတွက် အဖိုးအိုကလည်း အထူးအထွေေ အံ့သြနေမှာ မဟုတ်ပါဘူး။ ရန်ကျန်းထျန်နှင့် တခြားလူတွေဆီမှ သူသည် ချင်ယွင်၏ အကြောင်း အများကြီး သိရှိနားလည်ထားပုံရပါသည်။

"စီနီယာ၊ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးလို့ရမလား" ချင်ယွင် သည် အဘိုးအိုနှင့် ဘေးချင်းကပ်လျက် လမ်းလျှောက်ရင်း အလျင်စလို မေးလိုက်ပါ သည်။

အဘိုးအိုက ပြုံးပြီး တခဏအကြာ တိတ်ဆိတ်သွားလေသည်။ တခဏကြာအောင် သူ၏ အတွေးများကို ခွဲခြမ်းစိပ်ဖြာပြီးနောက် သူက ပြောပြပါသည် “ဒီပင်လယ်ကြီး အောက်မှာ အင်မော်တယ်နန်းတော်ကြီးတစ်ခု ရှိနေတယ်ဆိုတာ မင်း သိရဲ့လား” ဟု မေးလိုက်ပါ သည်။

"ကျွန်တော် သိပါတယ်.” ချင်ယွင် ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တုန်းက သူသည် ဤအင်မော်တယ်ဘုရင်၏ နန်းတော်အကြောင့် ပင်လယ် ဒေသသို့ ရောက်ရှိလာခဲ့ဖူးသည်။ သူ၏လက်ထဲမှာ အင်မော်တယ်နန်းတော်၏ သော့တစ်ချောင်း ရှိနေသေးသော်လည်း ချင်ယွင်သည် ထိုအင်မော်တယ်ဘုရင်၏ နန်းတော်ကို ရှာဖွေရန် မည်သည့်အခါမျှ မသွားနိုင်ခဲ့ပေ။

သို့သော် အဘိုးအို၏ နောက်စကားက ချင်ယွင်ကို ထိတ်လန့်သွားစေခဲ့ပါသည်။

အဘိုးအိုက ပြောပြပါသည် “တကယ်တော့ ငါက အဲဒီအင်မော်တယ်နန်းတော်ကြီးမှာ အနှစ်ခြောက်ဆယ်ကျော်ကြာ နေခဲ့ပြီး မကြာသေးခင်ကမှ ထွက်လာခဲ့တာပဲ”

"ဘာ…?" ချင်ယွင်သည် ချက်ချင်းပင် မျက်လုံးမျက်ဆန် ပြူးကျယ်သွားလေသည်။

အဘိုးအိုသည် ချင်ယွင်၏ အမူအရာကြောင့် အံ့သြသွားခြင်း မရှိခဲ့ပေ။ သူက ဆက်ပြီး ပြောပြပါသည် “တကယ်တော့ ဒီတစ်ခါ ထွက်လာတာ ငါတစ်ယောက်တည်းတင် မဟုတ်ဘူး။ အဲဒီအထဲကနေ ပြန်ထွက်လာတဲ့ ကျွမ်းကျင်သူအနည်းငယ်လည်း ရှိနေသေးတယ်။ နတ်ဆိုးနတ်ဘုရားဆိုသူကလည်း အဲဒီကျွမ်းကျင်ပညာရှင်တွေထဲက တစ်ယောက်ပဲ။"

ချင်ယွင် ရုတ်တရက် ရိပ်စားမိလာပါသည်။ ယခုအခါတွင် မြေကမ္ဘာအင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများသည် အဘယ်ကြောင့် ယခုလောက် များပြားနေရသည်ကို သူ နားလည်သွားပါပြီ။ သူတို့သည် အင်မော်တယ်ဘုရင်၏ နန်းတော်မှ ရုတ်တရက် ထွက်လာသူများ ဖြစ်ကြပါသည်။

"ဒါပေမယ့် စီနီယာတို့ဟာ အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်ရဲ့ အထွက်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီး မြေကမ္ဘာအင်မော်တယ် နယ်ပယ်ကို ရောက်နေတာ ထင်ရှားပါလျှက်နဲ့ စီနီယာတို့ရဲ့ စွမ်းအားကို အသုံးပြုတဲ့အခါ ကောင်းကင်ကပ်ဘေးဒုက္ခကို ဘာလို့ မဆွဲဆောင်နိုင်ရတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် ဆက်မေးလိုက်ပါသည်။

"ဒီအတွက်ကြောင့်လား” အဘိုးအိုက သူ၏လက်မောင်းကို ဖွင့်ပြရင်း ပြောလိုက်ပါ သည်။ အမှန်တကယ်လည်း သူ၏လက်မောင်းမှာ ထူးထူးခြားခြား ဝင်းလက်တောက်ပ နေသည့် ပုံစံတစ်ခု ပေါ်လာပါသည်။

"စိတ်ဝိညာဉ်အမှတ်သားလား..!" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွား လေသည်။

All Chapters