← Chapters

အခန်း ၆၀၇

Vol. 41 Ch. 607

အခန်း ၆၀၇

Vol. 41 Ch. 607

အခန်း (၆၀၇) အဖြူရောင်လူပုကြယ်။

"ဒီနတ်ဆိုးဘုရားက တကယ်ကို မလွယ်ဘူးကွ။ မလိုအပ်ရင် သူ့ကို ရန်သွားမစတာ အကောင်းဆုံးပဲ။" ရန်ယုဖန်းက ပြောသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိပါသည်။ ဖြစ်နိုင်တာက ဒီနတ်ဆိုးဘုရားသည် ရန်ယုဖန်းကိုယ်တိုင်ပင် ရန်စချင်စိတ် မရှိလောက်အောင်ပင် အစွမ်းထက်နေသည်များ ဖြစ်နိုင်မလား?။

ဤသို့ဆိုလျှင်ပင်၊ သူလည်း မည်သို့မျှ မတတ်နိုင်ပေ။ ယခုအချိန်တွင် ဇီရှန်နှင့် ရှောင်ဘိုင်တို့နှစ်ဦးစလုံးသည် နတ်ဆိုးနတ်ဘုရားလက်ထဲတွင် ရှိနေပါသည်။ ထို့ကြောင့် ချင်ယွင်သည် သူတို့ကို မနှောင့်ယှက်ဘဲ နေလို့မရနိုင်ပါချေ။

"စီနီယာရန်၊ ဒီနတ်ဆိုးဘုရားက ဘယ်လို စွမ်းအားမျိုးကို ပိုင်ဆိုင်ထားလဲ?။ စီနီယာကရော သူ့ကို ကြောက်နေရသလို ဘာလို့ ကျွန်တော် ခံစားနေရတာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်ပါသည်။

ရန်ယုဖန်သည် ချင်ယွင်၏ စကားကိုကြားလျှင် သူ၏မျက်နှာတွင် ဒေါသထွက်သည့် အရိပ်ယောင်ပင် မရှိပါချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အလွန်တည်ငြိမ်စွာ ပြောလိုက်ပါသည် "ဒီနတ်ဆိုးဘုရားကို ငါ တကယ်ကို ကြောက်ရတယ်။ ငါတင်မကဘူး၊ ဒီတစ်ကြိမ် အင်မော်တယ်နန်းတော်ထဲက ထွက်လာတဲ့ တခြားသုံးယောက်ကလည်း အဲဒီနတ်ဆိုးဘုရားကို အရမ်းကြောက်ရတယ်။ သူက မြေကမ္ဘာအင်မော်တယ် နယ်ပယ် အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ကြတဲ့ ငါတို့ငါးယောက်ထဲမှာ တစ်ယောက်အပါဝင် ဆိုပေမယ့် သူရဲ့ခန္ဓာကိုယ်က အလွန်ထူးခြားပုံရတယ်။ ဒါကြောင့် သူရဲ့အစွမ်းက ငါတို့လေးယောက် အထက်မှာ ရှိနေတယ်။"

"သူ့ရဲ့အစစ်အမှန်ပုံစံက ဘယ်လိုလဲဆိုတာ စီနီယာ သိခဲ့လား?" ချင်ယွင်က မေးသည်။

"ငါ မသိပါဘူး၊ ဒါပေမယ့် သူ့မှာ လူတွေရဲ့ အတွေးတွေကို ထိန်းချုပ်နိုင်တဲ့ မြင့်မြတ်တဲ့ နတ်ဘုရားစွမ်းရည်တစ်မျိုး ရှိနေတယ်ဆိုတာကို ငါ သိထားတယ်။ ကော့ရှန်းနဲ့ အမြီးကိုးချောင်း မီးလျှံမြေခွေးမတို့ကိုလည်း သူ့ရဲ့အတွေးတွေနဲ့ ထိန်းချုပ်ခံလိုက်ရပြီး သူ့ကို လက်အောက်ခံအရှုံးပေးဖို့ ရွေးချယ်လိုက်ရတာပဲ " ရန်ယုဖန်းက ပြောသည်။

"လူတစ်ယောက်ရဲ့အတွေးတွေကို ထိန်းချုပ်နိုင်တာလား" ချင်ယွင်သည် လေးလေး နက်နက် မျက်မှောင်ကြုတ်လိုက်ပါသည်။ ၎င်းသည် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းနှင့် ဆင်တူသော နတ်ဘုရားစွမ်းရည်တစ်မျိုး ဖြစ်သင့်ပါသည်။

ထို့နောက်မှာတော့ ချင်ယွင်နှင့် ရန်ယုဖန်းတို့သည် နတ်ဆိုးဘုရားအကြောင်း အများကြီး ပြောဖြစ်ပါသည်။ နောက်ဆုံး နိဂုံးချုပ်ချက်အရ ဤနတ်ဆိုးဘုရားသည် အလွန် အစွမ်းထက်လွန်းပါသည်။ အကယ်၍ ချင်ယွင်သည် ယခုအချိန်မှာ သူ့ကို သွားရှာခြင်းက ကိုယ့်သေမင်းကို သွားရှာသလို ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန် သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မိမိ၏ ခွန်အားကို မြှင့်တင်ရန် ကြိုးစားအားထုတ်ခြင်းပါ ဖြစ်သည်။

သို့သော်လည်း ကျင့်ကြံမှုအဆင့်နှင့် ရုပ်ခန္ဓာကိုယ်ကျင့်ကြံမူများသည် အချိန်တိုအတွင်း ဖြတ်ကျော်ရန် အလွန်ခက်ခဲပါသည်။

ကနဦးစကြဝဠာ၏ အချိန်စီးဆင်းမူဖြင့် အချိန်တိုအတွင်းမှာ ချင်ယွင်၏ ကျင့်ကြံမူသည် လျင်မြန်စွာ တိုးတက်လာနိုင်သော်လည်း ရုပ်ခန္ဓာကိုယ် အဆင့်ချိုးဖျက်နိုင်မူသည် ကြိုးစားအားထုတ်မှုသက်သက်ဖြင့် ပြီးမြောက်နိုင်သောအရာ မဟုတ်ပေ။

လက်ရှိ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အတွက် သေးငယ်သော နယ်ပယ်တွင် အဆင့်ချိုးဖျက်မူများသည် သိပ်ပြီး မသိသာတော့ကြောင်း ချင်ယွင် တွေ့ရှိခဲ့ရသည်။ သူသည် နယ်ပယ်ကြီးတစ်ခုလုံးကို ဖြတ်ကျော်သွားနိုင်မှသာလျှင် သူ၏ ရုပ်ခန္ဓာကိုယ် သည် သိသိသာသာ အားကောင်းလာမည် ဖြစ်ပါသည်။

ထို့ကြောင့် ချင်ယွင်သည် အကယ်၍ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုး ပညာ'ရပ်တွင် အဆင့်ဖြတ်ကျော်လိုပါက၊ သူသည် ရှင်နှင့်သေခြင်းဆိုင်ရာ စမ်းသပ်မှု အမျိုးမျိုးကို ဖြတ်သန်းရမည် ဖြစ်သည်။ ဤနည်းဖြင့်သာ သူ၏ ခန္ဓာကိုယ်သည် ပို၍ ကြံ့ခိုင်သန်မာလာနိုင်ပါသည်။

"ဒါပေမယ့် အခု ငါ့ခန္ဓာကိုယ်ကို တွန်းအားပေးမယ့် နေရာတစ်ခုကို ဘယ်မှာ သွားရှာရ မလဲ?" ချင်ယွင်၏ နှလုံးသားသည် ချက်ချင်းပင် အတွေးတွေဖြင့် ရှုပ်ထွေးသွားသည်။

"ကောင်လေး၊ မင်းရဲ့ခန္ဓာကိုယ်ကို တွန်းအားပေးဖို့ နေရာကောင်းတစ်ခု ရှိတယ်ကွ။ မင်း ဒီလိုလုပ်ဖို့ သတ္တိရောရှိရဲ့လား?။ လုပ်မလုပ်ဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်။"

သို့သော် ချင်ယွင် စိတ်ရှုပ်ထွေးနေသကဲ့သို့၊ချင်ယွင်၏ နားထဲတွင် အလွန်ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအသံကိုကြားတော့ ချင်ယွင်၏မျက်နှာက ချက်ချင်းဆိုသလို ဖော်ပြလို့မရသည့် ပျော်ရွှင်သော အမူအရာ ပေါ်လာပါသည်။

"ရှေးဟောင်းတာအိုဆရာသခင်၊ ဆရာသခင်၊ နောက်ဆုံးတော့ နိုးလာပြီလား" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

ရှေးဟောင်းတာအိုဆရာသခင် မေ့မျောသွားကတည်းက ချင်ယွင်သည် အစိမ်းရောင် ကြာပန်းစည်းတံဆိပ်ကို အသုံးပြုပြီး ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ် စွမ်းအား ပြန်လည်ကောင်းမွန်လာရန် ကူညီပေးခဲ့သည်။

သို့သော်လည်း အချိန်အတော်ကြာပြီးနောက်၊ ရှေးဟောင်းတာအိုဆရာသခင်သည် နိုးထမလာခဲ့ပေ။ ယင်းကြောင့် ချင်ယွင်၏ နှလုံးသားထဲတွင် စိုးရိမ်ပူပန်မှုများ ပြည့်နှက် နေခဲ့ရသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် နောက်ဆုံးတော့ ယနေ့တွင် နိုးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ချင်ယွင်၏ နှလုံးသားထဲတွင် ကျောက်တုံးကြီး တစ်တုံး လုံးလုံးလျားလျား ပြုတ်ကျသွားသည်ဟု ခံစားလိုက်ရပါသည်။

"တကယ်တော့၊ မင်း ကောင်းကင်ဘုံဂိုဏ်းကို မသွားခင်ကတည်းက ငါက နိုးထလာခဲ့ ပြီ။ မင်း အန္တရာယ်ကြုံလာတဲ့အခါ မင်းကို ကယ်တင်ဖို့ မူလက ငါ စီစဉ်ထားတာ။ ဒါပေမယ့် မင်းက ကိုယ်တိုင်ကိုယ်ကျ ကောင်းကင်ဘုံဂိုဏ်းကို သုတ်သင်နိုင်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ကောင်စုတ်လေး၊ မင်းက ကောင်းကောင်းလုပ်ဆောင်ခဲ့တာပဲ" ရှေးဟောင်းတာအိုဆရာသခင်က ချီးကျူးစကား ဆိုလေသည်။

ချင်ယွင်သည် အလွန် ဝမ်းသာသွားသည်။ ရှေးဟောင်းတာအိုဆရာသခင်သည် အမြဲတမ်းဆိုသလို သူ့အပေါ် အရမ်းတင်းကြပ်လွန်း၏။ သူ၏ချီးမွမ်းမူကို ခံရဖို့က မလွယ်ကူပေ။

"စကားမစပ် ဆရာသခင်၊ ဆရာသခင်က ကျွန်တော့်ကိုယ်ကျွန်တော် တွန်းအားပေး နိုင်ဖို့ သင့်တော်တဲ့နေရာတစ်ခု ရှိတယ်လို့ ပြောလိုက်ပါတယ်။ အဲဒါက အတိအကျ ဘာကိုဆိုလိုတာလဲ။" ချင်ယွင်က ယခုလေးတင် ရှေးဟောင်းတာအိုဆရာသခင် ပြောခဲ့သည့်စကားကို တွေးနေမိသည်။

ယခုအချိန်တွင်၊ သူ၏ရုပ်ခန္ဓာကိုယ်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာ'ရပ်၏ ကြယ်ဖမ်းခြင်းနယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ သူ၏အရေပြားသည် အင်မော်တယ်ပစ္စည်းတစ်ခုကဲ့သို့ မာကြောနေပါပြီ။ ဤကမ္ဘာကြီး မှာ သူ့ကို ထိခိုက်စေနိုင်သည့်အရာတွေက အလွန်နည်းပါးသွားပါပြီ။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးရန်အတွက် သင့်တော်သည့် အခြားမည်သည့်နေရာ ကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။

"ကောင်လေး၊ မင်း ဘာတွေတွေးနေလဲဆိုတာ ငါ သိပါတယ်။ ငါ မင်းကို ပြောပြမယ်။ အခု ငါပြောနေတဲ့ အဲဒီနေရာက ဒီဂြိုဟ်ကမ္ဘာပေါ်က မဟုတ်ဘူး။ ပြီးတော့ အန္တရာယ်ကလည်း အလွန်များတယ်။ ဒါပေမယ့် အခုချိန်မှာ အဲဒီနေရာက မင်းအတွက် အရမ်းကို သင့်တော်နေပြီ" ရှေးဟောင်းတာအိုဆရာသခင်၏ လေသံက ပြုံးယောင်ပင် သမ်းနေပါသည်။

"ဒီဂြိုဟ်ပေါ်က မဟုတ်ဘူးလား" ချင်ယွင်သည် လုံးဝ အံ့ဩသွားသည်။ ရှေးဟောင်း တာအိုဆရာသခင် ပြောနေသည့်အရာကို သူ အမှန်တကယ် နားမလည်တော့ပါဘူး။

"အဖြူရောင်လူပုကြယ်!" ရှေးဟောင်းတာအိုဆရာသခင်က စကားသုံးလုံးကို ထုတ်ပြောလိုက်ပါသည်။

"ဘာ….?" ချင်ယွင်သည် တံတွေးထွက်ကျလုနီးပါး အံကြိတ်လိုက်မိပါသည်။

အဖြူရောင် လူပုကြယ်ဂြိုဟ်သည် မည်သည့်ဂြိုဟ်အမျိုးအစား ဖြစ်လေသနည်း?။ မြင့်မားသော လေထုသိပ်သည်းဆနှင့် အပူချိန်မြင့်မားပြီး အလွန်ကြောက်စရာကောင်း သော မြေဆွဲငင်အားရှိသော ဂြိုဟ်တစ်ခု ဖြစ်ပါသည်။ ထိုဂြိုဟ်၏ မြေဆွဲငင်အားသည် ချင်ယွင်၏ လက်ရှိဂြိုလ်ထက် အဆတစ်ဘီလီယံနီးပါး ရှိပါသည်။

ချင်ယွင်သည် ထိုဂြိုဟ်ပေါ်တွင် လမ်းလျှောက်ရန် မဆိုထားနှင့်။ အကယ်၍ သူသည် ထိုဂြိုဟ်ပေါ်တွင် လဲလျောင်းနေနိုင်စွမ်းရှိပြီး အပိုင်းပိုင်း ပြတ်တောက်သွားခြင်း မရှိဘူးဆိုလျှင်ပင် အတော်ကို အခြေအနေကောင်းနေပါပြီ။

အနည်းဆုံးတော့ အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်တွေသာ အဖြူရောင် လူပုကြယ်၏ ကြောက်စရာကောင်းသည့် မြေဆွဲငင်အားကို လျစ်လျူရှု ထားနိုင်ပါသည်။ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင် ပညာရှင်များပင်လျှင် အဖြူရောင် လူပုကြယ်ပေါ်တွင် လွတ်လပ်စွာ လျှောက်လှမ်း နိုင်သည်ဟု မပြောဝံ့ကြပေ။

မှန်ပါသည်၊ စကြဝဠာကြီးသည် အဆုံးမဲ့ဖြစ်ပြီး အဖြူရောင် လူပုကြယ်၏ မြေဆွဲငင်အား ထက် ပို၍ ကြောက်စရာကောင်းသည့် နျူထရွန်ကြယ်များနှင့် တွင်းနက်ကြီးများလည်း ရှိနေပါသေးသည်။

အင်မော်တယ်ကမ္ဘာ၏ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ထဲတွင် အလွန့်လွန်ကြီးမားသည့် တွင်းနက်ကြီးတစ်ခု ရှိနေခဲ့ပါသည်။ အင်မော်တယ်ဧကရာဇ်တွေတောင်မှ အလွန့်လွန် ကြီးမားသည့် ထိုတွင်းနက်ကြီး၏ ဆွဲငင်အားကို ကြောက်ရွံ့ကြပြီး ကြုံရာကျပန်း တန်းမဆင်းရဲကြပါဘူး။

ယခုအချိန်မှာ ရှေးဟောင်းတာအို ဆရာသခင်က သူ၏အသားရည်ကို တွန်အားပေးရန် အတွက် အဖြူရောင် လူပုကြယ်ကို သွားခိုင်းနေပါသည်။ ဤသည်မှာ ချင်ယွင်ကို သတ်ဖြတ်ရန်အတွက် အချိန်ကိုက်စီစဉ်ထားသလိုပင် ဖြစ်နေပါသည်။

"ဘာလဲ၊ မင်း မဝံ့ဘူးလား" ရှေးဟောင်းတာအိုဆရာသခင်၏ လှောင်ပြောင်သံက ထွက်ပေါ်လာပြန်သည်။

"ကျွန်တော် ဘယ်လိုလုပ် သွားဝံ့ရဲမှာလဲ?။ တကယ်လို့ အဲဒီဒေသမှာ အဖြူရောင် လူပုကြယ်ရှိရင်တောင် ကျွန်တော်ရဲ့ လက်ရှိခွန်အားနဲ့ဆို အဲဒီနေရာကိုရောက်ဖို့ အနည်းဆုံး နှစ်အနည်းငယ်လောက် အချိန်ယူရလိမ့်မယ်" ချင်ယွင်က အပြစ်ရှိဟန်ဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့။ ဒီဂြိုလ်ကလည်း အဲဒီအဖြူရောင် လူပုကြယ်နဲ့ သိပ်မဝေးပါဘူး။ မင်းမှာ လေဟာနယ်သလင်းကျောက် အပိုင်းအစ မရှိဘူးလား။ ငါ မင်းကို အဲဒီနေရာကို ရောက်အောင် ခေါ်သွားနိုင်ပါတယ်။ အဲဒီနေရာကိုရောက်ဖို့ တစ်ရက်ကျော်ကျော်ပဲ ကြာမှာပါ။" ရှေးဟောင်းတာအိုဆရာသခင်က ကောက်ကျစ်ဟန်ဖြင့် ပြုံးလိုက်လေ သည်။

ချင်ယွင်၏ မျက်နှာပေါ်တွင် ခါးသီးမှု အရိပ်အယောင် ပေါ်လာပါသည်။ အဖြူရောင် လူပုကြယ်သို့ သူ၏ခရီးစဉ်သည် သေချာနေပုံရပါသည်။

တကယ်တော့ ချင်ယွင်သည် ကြောက်ရွံ့တတ်သူ မဟုတ်ဘူးဆိုလျှင်ပင် ထိုအဖြူရောင် လူပုကြယ်၏ ဆွဲငင်အားက တကယ်ကို ကြောက်စရာကောင်းလွန်းနေပါသည်။

ဟုတ်ပါသည်။ ချင်ယွင်လည်း သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားပြီး သား ဖြစ်ပါသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်ကို ကျင့်ကြံပြီးကတည်းက သူသည် မည်သည့်အချိန်တွင်မဆို ရှင်ခြင်သေခြင်းမျိုးကို ရင်ဆိုင်ရန်အတွက် မိမိကိုယ်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။

ကောင်းကင်ယံမှ မည်သည့်မုန့်မှ အလိုလို ကျဆင်းလာမှာ မဟုတ်ပါဘူး။ ခွန်အားသည် လည်း ကြိုးစားအားထုတ်မှုပေါ်တွင်သာ မူတည်နေပါသည်။ အခွင့်အလမ်းများသည် အလုံလောက် ပြင်ဆင်ထားသူများအတွက်သာ ရောက်လာပါလိမ့်မည်။

"ကောင်းပြီလေ၊ အခုပဲ အဖြူရောင် လူပုကြယ်ကို သွားကြရအောင်။" ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ထိုသို့ပြောပြီးနောက်၊ သူသည် ကနဦးစကြာဝဠာထဲမှ ထွက်ခွာလိုက်သည်။ အချိန်အတော်ကြာ ကုသပြီးနောက် ချင်ယွင်၏ ဒဏ်ရာများသည် အခြေခံအားဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပါပြီ။

ရန်ယုဖန်း နှင့် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် မူလကတည်းက အတူတူ သွားလာနေကြပါသည်။ သို့သော်လည်း ချင်ယွင်က ရုတ်တရက် ရပ်လိုက်ပြီး သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို ဆင့်ခေါ်လိုက်သည်ကို တွေ့လိုက်သောအခါတွင် သူတို့၏ နှလုံးသားထဲတွင် အံ့သြခြင်းများစွာကို ခံစားလိုက်ရလေသည်။

ချင်ယွင်၏ အစစ်အမှန်ခန္ဓာကိုယ် ထွက်ပေါ်လာပြီးနောက်တွင် ချင်ယွင်သည် ရန်ယုဖန်းအား မည်သည့်ရှင်းပြချက်မျိုးမှ ပေးမနေတော့ပေ။ သူသည် လေဟာနယ်ကို ဖြတ်ကျော်ရန်အတွက် ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားကို ငှားယူလိုက်ပြီး လေဟာနယ် သလင်းကျောက် အပိုင်းအစကို ထုတ်ယူလိုက်ပါသည်။ ထိုအချိန်တွင် လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ရန်ယုဖန်းနှင့်အတူ ထျန်းယွန်တိုက်ကြီး ဆီသို့ ကောင်းကင်ဘုံကိုးလွှာကြယ်စင်စုပုံကြမ်းမှ အမျိုးသမီးအနည်းငယ်နှင့်အတူ ဆက်လက် ပြေးသွားခဲ့ပါသည်။

ချင်ယွင်၏ အတွေးတွေက အလွန် ရှင်းလင်းပါသည်။ သူသည် သူ၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားအား မိန်းကလေးများနှင့်အတူ ချင်နင်းမြို့သို့ ပြန်သွားခွင့်ပြုခဲ့ပြီး သူ၏ မူလ ခန္ဓာကိုယ်ကတော့ ခါးသီးစွာ ကျင့်ကြံရန်အတွက် အဖြူရောင် လူပုကြယ်သို့ ဝင်ရောက် ရန်ဖြစ်ပါသည်။ သူကျင့်ကြံပြီးသည်နှင့် ဇီရှန်နှင့် ရှောင်ဘိုင်တို့နှစ်ယောက်ကို ကယ်တင်ရန်အတွက် နတ်ဆိုးနတ်ဘုရားနန်းတော်သို့ သွားရလိမ့်မည်။ ထို့နောက်မှသာ သူသည် မိန်းကလေးများနှင့် ပြန်လည်ပေါင်းစည်းရန် ချင်နင်းမြို့သို့ သွားရပါလိမ့်မည်။

ဝှီး….!

ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် လေဟာနယ်များကို ခေါက်ထိုးခေါက်ပြန် ဖြတ်သန်းကူးသွားပြီးနောက် သူသည် အလွန်တောက်ပသော ဂြိုလ်တစ်ခုပေါ်သို့ ရောက်ရှိလာခဲ့ပါသည်။

"ဒါက အဖြူရောင် လူပုကြယ်လား?" ချင်ယွင်သည် အံ့ဩသည့် အမူအရာဖြင့် သူ၏ရှေ့မှ စိန်နှင့်တူသော ဂြိုလ်ကို ကြည့်လိုက်ပါသည်။

သို့သော်၊ သူ၏ခန္ဓာကိုယ်သည် လေဟာနယ်ထဲတွင် သူ့ကိုယ်သူ လုံးလုံးလျားလျား တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ၊ တုနှိုင်းမရအောင်ပင် ကြောက်စရာကောင်းသည့် စုပ်ယူစွမ်းအားတစ်ခုက ချင်ယွင်ထံ အရူးအမူး တွယ်ကပ်ပါလာသည်။ ထို့နောက် ချင်ယွင်သည် တစ်စုံတစ်ဦး၏ ပြင်းထန်စွာ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရသည့်အလား အဖြူရောင် လူပုကြယ်၏ အတွင်းပိုင်းထဲသို့ ပြင်းထန်စွာ ကျရောက်သွားသလို ခံစားလိုက်ရပါသည်။

All Chapters