အခန်း ၆၀၈
Vol. 41 Ch. 608
အခန်း (၆၀၈) နာကျင်စွာ ကျင့်ကြံခြင်း။
"ဘိုင်း….!"
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို ဆန့်ထုတ်ရန် သူ၏လက်ကို အသုံးပြုခဲ့သော်လည်း၊ မြေပြင်မှ တစ်လက်မခန့်အကွာအထိ မရောက်မီတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှိသမျှခွန်အား ကုန်ဆုံးသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြန်လည် လှဲလျောင်းသွားရပြန်ပါသည်။
ဤသည်မှာ ချင်ယွင်သည် အဖြူရောင်လူပုကြယ်ပေါ်သို့သို့ ဆင်းသက်လာခဲ့သော သတ္တမမြောက်နေ့ ဖြစ်ပါသည်။ ဤခုနှစ်ရက်အတွင်း ချင်ယွင်သည် ခွေးသေ တစ်ကောင်လို မြေပြင်ပေါ်တွင် လှဲလျောင်းနေရကာ လက်ဖျားလေးပင် မမြှောက်နိုင်ခဲ့ ပေ။
အထူးသဖြင့် အဖြူရောင်လူပုကြယ်ပေါ်သို့ သူဆင်းသက်လာသည့် ပထမနေ့တွင်၊ ချင်ယွင်သည် ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ခြင်း ဖြစ်ပြီး၊ ကောင်းကင် ယံမှ ပြုတ်ကျခြင်းအရှိန်ကြောင့် အဖြူရောင်လူပုကြယ်ပေါ်တွင် တွင်းနက်ဝကြီးတစ်ခု တိုက်ရိုက် ဖန်တီးဖြစ်ပေါ်လာခဲ့သည်။
အဖြူရောင် လူပုကြယ်၏ သိပ်သည်းဆသည် အထူးမြင့်မားလွန်းသည်။ ထိုမြေသည် နှိုင်းယှဉ်ပြ၍ မရနိုင်အောင်ပင် မာကြောသည်ဟု ဆိုနိုင်ပါသည်။ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူ၏ စွမ်းအား အပြည့် တိုက်ခိုက်မှုသည်ပင် ၎င်းဂြိုဟ်ပေါ်တွင် ခပ်တိမ်တိမ် အမှတ်အသားတစ်ခုသာ ချန်ထားနိုင်ပါသည်။ အစောပိုင်းက ချင်ယွင်သည် လူသားပုံသဏ္ဍာန် တွင်းနက်ကြီး တစ်ခုဖြစ်သည်အထိ ဖြိုခွင်းနိုင်သည့် အရှိန်ဟုသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို တွေးကြည့်နိုင်ပါသည်။
သူသည် အဖြူရောင်လူပုကြယ်သို့ ဆင်းသက်သောအခါ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး သည် ပြိုကျသွားခဲ့ပါသည်။ သူ၏ခန္ဓာကိုယ်မှာရှိနေသည့် အရိုးတွေအားလုံး ကွဲကြေသွားပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတွေလည်း ကျိုးပဲ့ပျက်ဆီးသွားခဲ့ပါပြီ။ သူ၏အတွင်းအင်္ဂါ အစိတ်အပိုင်းများပင် ကွဲကြေသွားကာ လတ်ဆတ်သော သွေးများက မြေပြင်တစ်ခုလုံး စီးဆင်းသွားပါသည်။ သူ၏ဒဏ်ရာတွေက ယှဉ်ပြ၍မရသည့် အဆင့်မျိုးထိပင် ရောက်ရှိသွားခဲ့ပါသည်။
အကယ်၍ ဤနေရာမှာ အခြားလူတစ်ယောက်သာ ဆိုပါပါက၊ သူတို့သည် အချိန် ကြာမြင့်စွာကတည်းက သေဆုံးသွားလောက်ပြီ ဖြစ်ပါသည်။ သူတို့အနေဖြင့် ဤနေရာ မှာ အသက်ရှင်သန်နေဖို့ မည်သို့ အခွင့်ရေးရှိနိုင်မည်နည်း?။ အချိန်ကြာမြင့်စွာကတည်း ကပင် သူတို့သည် အသားငါးပိအဖြစ် ပြောင်းသွားကောင်း ပြောင်းသွားနိုင်ပါသည်။
ဟုတ်ပါသည်၊ ချင်ယွင်ကတော့ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ် နှင့် သစ်သားစွမ်းရည်ကိုယ်ပွား၏ အသက်စွမ်းအား ကာကွယ်ပေးမူဖြင့် သူ၏ဒဏ်ရာ များမှ လုံးဝ ပြန်ကောင်းလည်ကောင်းမွန်လာရန် အချိန်သုံးရက်သာ ကြာပါသည်။
သူ မသေသရွေ့ သူ၏ဒဏ်ရာတွေက ပို၍ပြင်းထန်လေလေ၊ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ' ရပ်မှာ အောင်မြင်မှုရနိုင်ခြေက ပို၍များပြားလေ ဖြစ်ပါသည်။
ထို့ကြောင့် ချင်ယွင်သည် ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက် နောက်ထပ် လေးရက်ကြာ ကျင့်ကြံပြီးသည်နှင့် သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာ' ရပ်သည် တတိယအဆင့်ဖြစ်သော ကြယ်ဖမ်းခြင်းနယ်ပယ်၏ အလယ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး ဖြစ်ပါသည်။
သို့သော်၊ သူသည် တတိယအဆင့်ဖြစ်သည့် ကြယ်ဖမ်းခြင်းနယ်ပယ်၏ အလယ်အဆင့် သို့ ဖြတ်သွားသော်လည်း ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို လှုပ်ရုံမျှသာ စွမ်းနိုင်ခဲ့ပြီး မတ်တပ်မထနိုင်သေးပေ။
ယခုအချိန်အထိ သူသည် မတ်တပ်ထရပ်ရန် အကြိမ်ပေါင်း ၁၈၀၀ လောက် ကြိုးစားခဲ့ ပြီးပါပြီ။ သို့သော်လည်း သူ၏ခန္ဓာကိုယ်ကို မြေပြင်မှ တစ်လက်မအကွာလောက်သာ စွမ်းနိုင်ပါသေးသည်။
အဖြူရောင် လူပုကြယ်၏ အပူချိန်သည် အလွန် မြင့်မားသည်။ အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူတွေတောင်မှ ဤဂြိုဟ်ပေါ် ရောက်သည် နှင့် သူတို့ကိုယ်သူတို့ မီးရှို့သတ်သေသလို ဖြစ်သွားပါလိမ့်မည်။ သို့သော် ချင်ယွင်၏ ခန္ဓာကိုယ်သည် မီးနဂါး၏သွေးမျိုးဆက်လိုင်းကို အသက်သွင်းထားပြီး ဖြစ်သောကြောင့် ဤအပူချိန်သည် သူ့အတွက် အမှန်တကယ် ခြိမ်းခြောက်မှု မဖြစ်နိုင်ခဲ့ပေ။ ချင်ယွင်ကို အမှန်တကယ် ခံစားစေခဲ့သည့်အရာမှာ ဤကြောက်စရာကောင်းသော မြေဆွဲငင်အား ရှိနေခြင်းပင် ဖြစ်ပါသည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် အနည်းငယ်ရွေ့လျားလိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ရှိ အရိုးများသည် ဤမြေဆွဲငင်အားအောက်တွင် ကြေကွဲသွားမည် ဖြစ်ပါ သည်။ ဤသည်မှာ ချင်ယွင်အတွက် အလွန်နာကျင်ရသည့် နှိပ်စက်မှုတစ်ခုပင် ဖြစ်လေသည်။
ယခုလေးတင် သူသည် မတ်တပ်ထရန်ကြိုးစားပြီး ပြန်လဲကျသွားသည့်အတွက် ချင်ယွင်၏ လက်မောင်းရိုးတွေကို ကျိုးရုံတင်မကဘဲ ချင်ယွင်၏ ရင်ဘတ်ပေါ်ရှိ ဒါဇင်နှင့်ချီသော နံရိုးတွေလည်း တခဏအတွင်း ကျိုးသွားခဲ့ပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် သူ၏သွားများကို တင်းတင်းကြိတ်ကာ သူ၏ဒဏ်ရာများကို ပြုပြင်ပြီး ပြန်လည်ကုစားရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ကို အရူးအမူး ဖြန့်နေပါသည်။
ဘုန်း…..!
မြူနှင်းချောက်ဓားသည် ချင်ယွင်၏ ခန္ဓာကိုယ်မှ ဆွဲထုတ်ကာ ထွက်ခွာသွားပြီး လေထဲမှာ လွင့်မျော်နေပါသည်။ ရှေးဟောင်းတာအိုဆရာသခင်၏ ပုံရိပ်က ဓားရိုးပေါ် တွင် ပေါ်လာပါသည်။
ဤသည်မှာ ဆံပင်များ အဖြူတစ်ဝက်၊ အနက်တစ်ဝက်နှင့် အစိမ်းရောင်ဝတ်ရုံကို ၀တ်စားထားသော အဖိုးအိုတစ်ဦး ဖြစ်ပါသည်။ သူ၏အမူအရာသည် ပြတ်သားပြီး တင်းမာသော်လည်း လွှမ်းမိုးကြီးစိုးနိုင်မှုနှင့် ခမ်းနားထည်ဝါသည့် အရိပ်အယောင်ကို ပိုင်ဆိုင်ထားပါသည်။
ထိုအချိန်တွင် အဘိုးအို၏ မျက်နှာပေါ်ရှိ အမူအရာက တင်းမာမှု လုံးဝ မရှိပေ။ သူက ကျီးစားလိုသည့်အမူအရာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်လိုက်ပါသည်။ သူက ပြုံးပြီး နောက်ပြောင်ရင်း "ကောင်လေး၊ ဆက်ကြိုးစားပါ။ မင်း မတ်တပ်ထရပ်နိုင်တဲ့ အချိန်ရောက်ရင် မင်းက နှောင်းပိုင်းအဆင့် ကြယ်ဖမ်းခြင်း နယ်ပယ် ဖြတ်ကျော်သွားလိမ့်မယ်။ မင်း ပြေးလွှားခုန်ပေါက်နိုင်တဲ့ အချိန်ရောက်ရင် မင်းရဲ့ရုပ်ခန္ဓာကိုယ်ကျင့်ကြံမူက ကြယ်ဖမ်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်လုနီးပါး ဖြစ်သွားလိမ့်မယ်။ "
"အဲဒါက အချိန် ဘယ်လောက်ကြာမလဲ?" ချင်ယွင်က ပြင်းထန်သော ဝေဒနာကို တောင့်ခံရင်း မေးလိုက်ပါသည်။
"မင်းရဲ့ လက်ရှိ ကျင့်ကြံမူ အမြန်အနှုန်းအရဆို၊ မင်းအနေနဲ့ နှောင်းပိုင်းအဆင့် ကြယ်ဖမ်းခြင်းနယ်ပယ်ကို ဖြတ်ကျော်ဖို့ သုံးလလောက် အချိန်ယူရလိမ့်မယ်။ ကြယ်ဖမ်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ဖို့အတွက်တော့ မင်းက တစ်နှစ်လောက် စောင့်ရလိမ့်မယ်" ရှေးဟောင်းတာအိုဆရာသခင်က ပြုံးပြုံးလေး ပြောလိုက်ပါသည်။
"တစ်နှစ်လား၊ တစ်နှစ်က အရမ်းကို ကြာလွန်းတယ်။" ချင်ယွင်က ကမန်းကတန်း ပြောလိုက်ရင်း သူ၏မျက်ခုံးတွေက ချက်ချင်းပင် လေးနက်သည့် အမူအရာဖြင့် ရှုံ့တွသွားပါသည်။
အကယ်၍ ချင်ယွင်သည် ကနဦးစကြဝဠာထဲသို့ ဝင်ရောက်ပြီး အများဆုံး သုံးရက် အကြာ ကျင့်ကြံလိုက်မည်ဆိုပါက၊ ကနဦးစကြာဝဠာတွင် ကိုးနှစ်ကြာမည်ဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှု အဆင့်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ် အထိပ်အဆင့်သို့ ရောက်ရှိမည် ဖြစ်ပါသည်။
သို့သော် ဤနည်းဖြင့် ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် လျင်မြန်စွာ တိုးလာမည် ဖြစ်သော်လည်း ၎င်းသည် အနာဂတ်တွင် ချင်ယွင်၏ ကျင့်ကြံမှုအပေါ် အပျက် သဘောဆောင်သော သက်ရောက်မှုများ ရှိလာပါလိမ့်မည်။
ဤသည်မှာ အသစ်ဖြစ်သော ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည် တုနှိုင်းမရအောင် လျှို့ဝှက်ဆန်းကြယ်သည့် ပညာရပ်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါ သည်။ ၎င်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် တိုးတက်မူလိုအပ်သည့် ယခင် ရှေးဟောင်း ခေတ် အစိမ်းရောင်ကြာပန်းပညာရပ်နှင့် ကွဲပြားပါသည်၊၊
သူသည် ကျင့်ကြံရန်အတွက် ကနဦးစကြဝဠာထဲသို့ နှစ်ကြိမ်ဝင်ရောက်ပြီး ဖြစ်ပါသည်။ သူ၏ ကျင့်ကြံမူအဆင့် လျင်မြန်စွာ တိုးတက်လာသည်နှင့်အမျှ၊ သူ၏ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရသည် အတန်ငယ် ဗလာဖြစ်နေကြောင်း သူ ခံစားခဲ့ရ သည်။ အကယ်၍ သူသည် တစ်ယောက်တည်း တံခါးပိတ် ဆက်လက် ကျင့်ကြံပါက ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိလာမည် ဖြစ်ပါသည်။
ထို့ကြောင့် ချင်ယွင်သည် သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားကို လျင်မြန်စွာ တိုးမြှင့်ပြီး ကြယ်ဖမ်းခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ဖြတ်ကျော်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ပါ သည်။ ထိုသို့ဖြစ်လာမှသာ သူသည် နတ်ဆိုးဘုရားကို တွန်းလှန်ရန်အတွက် ခွန်အားရှိလာမည် ဖြစ်ပါသည်။
ယခုမူ ရှေးဟောင်းတာအိုဆရာသခင်အထံမှ နှောင်းပိုင်းအဆင့် ကြယ်ဖမ်းခြင်း နယ်ပယ်သို့ ဖြတ်ကျော်ရန် တစ်နှစ်အချိန်ယူရမည်ဟု ကြားသိရသဖြင့် ချင်ယွင်သည် ထိုမျှလောက် မစောင့်နိုင်တော့ပေ။
ယခုအချိန်တွင် ဇီရှန်နှင့် ရှောင်ဘိုင်တို့နှစ်ဦးစလုံးသည် နတ်ဆိုးဘုရား၏ လက်ထဲတွင် ရှိနေကြသည်။ နတ်ဆိုးနတ်ဘုရားက သူတို့ကို ယခုအချိန်မှာ မသတ်သေးသော်လည်း အချိန်တွေကြာလာသည်နှင့်အမျှ သူတို့သည် မတော်တဆမျိုး ဖြစ်နိုင်ပါသေးသည်။
"အချိန်တိုအတွင်း ဖြတ်ကျော်နိုင်မယ့် နည်းလမ်းမျိုး မရှိဘူးလား?" ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်၏ ပုံရိပ်ကြည့်ပြီး ပြောလိုက်ပါသည်။
"သေချာပေါက် ရှိတာပေါ့။ ငါက မင်းကို အစောဆုံး တစ်လထက်မနည်းတဲ့ အချိန်တို အတွင်းမှာ ငါ ကူညီပေးနိုင်တယ်။ ဒါပေမယ့် မင်း ခံနိုင်ရည်ရှိတဲ့ ဝေဒနာက အခုထက် အဆတစ်ရာ ပိုကြီးလာလိမ့်မယ်။ မင်း ခံနိုင်ရည် ရှိပါ့မလား" ရှေးဟောင်းတာအို ဆရာသခင်က ပြောလိုက်သည်။
ချင်ယွင်သည် တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူ၏မျက်လုံးထဲတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာသည်။ "ကောင်းပြီ၊ တစ်လအတွင်း ကြယ်ဖမ်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်နိုင်သရွေ့တော့ ဒီထက်ပိုပြီး နာကျင်မှုကို ခံနိုင်ရည်ရှိဖို့ ကျွန်တော် ဆန္ဒရှိနေပါတယ်"
ရှေးဟောင်းတာအိုဆရာသခင်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါသည် "ကောင်းပြီလေ၊ ငါ မင်းကို အရိုးရှင်းဆုံး အတွေ့အကြုံတစ်ခုကို အရင် ခံစားခွင့်ပြုမယ်။ မင်း လုပ်နိုင်တယ်ဆိုရင် ငါတို့ ဆက်လုပ်ကြမယ်"
"ကောင်းပြီ!" ချင်ယွင်က ပြတ်ပြတ်သားသား သဘောတူလိုက်သည်။
ရှေးဟောင်းတာအို ဆရာသခင်လည်း ခေါင်းညိတ်လိုက်သည်။ ထို့နောက်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် မြူနှင်းချောက်နက်ဓားအတွင်းမှ ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖမ်းဆုပ်ကိုင်ကာ လေထဲသို့ မြှောက်တင်လိုက်သည့် ကြီးမားသော ခရမ်းရောင်လက်ဖဝါးကြီးအဖြစ် ပြောင်းလဲသွား လေသည်။
"ဖတ်….!"
ထိုဧရာမလက်ဖဝါးကြီးသည် ချင်ယွင်ကို ကောင်းကင်ယံသို့ နောက်ထပ် မီတာတစ်ရာ အမြင့်ထိ မြှောက်တင်လိုက်ပြီးနောက် သူ၏လက်ဖဝါးတစ်ခုလုံးကို ရုတ်တရက် ရုတ်သိမ်းလိုက်ပြီး ချင်ယွင်သည် ဥက္ကာပျံတစ်စင်းကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။
"ဘုန်း….!"
နောက်ထပ် ကျယ်လောင်သည့် အသံတစ်ချက် ထွက်ပေါ်လာပြီး နက်ရှိုင်းသည့် လူပုံသဏ္ဍာန်ရှိသော တွင်းနက်ကြီးသည် မြေပြင်ပေါ်တွင် တစ်ဖန် ပြိုကျသွားလေ သည်။
ချင်ယွင်သည် တွင်းနက်ထဲတွင် လဲလျောင်းနေပြီး နာကျင်မှုကြောင့် သေဆုံးလုနီးပါး ဖြစ်နေပါသည်။ သူ၏ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးကြေသွားကာ သူ၏ ခန္ဓာကိုယ် ရှိ ကြွက်သားများသည် အသားငါးပိနှယ်ထားသည့် အဖြစ်သို့ ပြောင်းလဲသွားပြန်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ပြုတ်ကျပြီးနောက် တစ်ပိုင်းသေသွားရသည်။
'"ဒီအမြင့်က မင်းပြုတ်ကျလာစဉ်ကနဲ့ အတူတူပဲ။ မီတာတစ်ရာပဲ မြင့်တယ်။ တစ်လအတွင်း ကြယ်ဖမ်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို မင်း ဖြတ်ကျော် ချင်ရင်တော့ တစ်နေ့တစ်ကြိမ် အခုလို ပြုတ်ကျမူဒဏ်ကို ခံနိုင်ရည်ရှိရမယ်။ ပြီးတော့ တစ်နေ့ကို မီတာတစ်ရာလောက် တိုးတိုးပေးရမယ်။ မင်း ဒါကို ခံနိုင်ရည်ရှိမယ်လို့ မင်း ထင်လား?။ ရှေးဟောင်းတာအိုဆရာသခင်၏ တင်းမာသောအသံက ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်၏ ချောမောသော မျက်နှာသည် လုံးလုံးလျားလျား ပုံပျက်ယွင်းနေသေး သော်လည်း သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားမှု အပြည့်ရှိနေသည်။ ထို့နောက် သူသည် သူ၏ နောက်ဆုံးခွန်အားကို အသုံးပြုကာ "ဟုတ်ကဲ့!" ဟု ပြောလိုက်လေ သည်။
ထို့နောက် သူသည် သွေးအိုင်ထဲတွင် လုံးဝ သတိလစ်သွားခဲ့သည်။ လျှို့ဝှက်ဆန်း ကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်သည် သူ၏ခန္ဓာကိုယ်အတွင်းမှာ အမြင့်ဆုံး အရှိန်အဟုန်ဖြင့် လှည့်ပတ်နေပါသည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်ချီသည် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော ချင်ယွင်၏ ခြေလက်အင်္ဂါများနှင့် အရိုးများကိုပါ ပျံ့နှံ့နေပြီး သူ၏ခန္ဓာကိုယ်ကို အဆက်မပြတ် ဆေးကြောသန့်စင်နေပါသည်။
ရှေးဟောင်းတာအိုဆရာသခင်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ မူလက တည်ငြိမ်နေသော သူ၏မျက်နှာပေါ်တွင် ကျေနပ်အားရဖွယ် အပြုံးတစ်ခု ပေါ်လာပါ သည်။ သူဆီမှ အကန့်အသတ်မရှိသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ ဒဏ်ရာများမှ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးလိုက်ပါသည်။
နောက်ရက် အနည်းငယ်အတွင်းမှာ ချင်ယွင်သည် နေ့စဥ်အလကား အပေါ်ကို လွင့်ပျံခြင်းနှင့် ပြုတ်ကျခြင်းဖြစ်စဉ်ကို ခံစားနေခဲ့ရသည်။ ထို့အပြင်၊ သူသည် အမြင့် ပိုမိုမြင့်မားလာသည်နှင့် အမျှ ပြုတ်ကျမူအရှိန်က ပို၍ပို၍ ပြင်းထန်လာကာ စိတ်ဆင်းရဲ စရာမြင်ကွင်းမျိုး အကြိမ်များစွာ ဖြစ်ခဲ့ရပြီး အသက်ရှုမဝလုနီးပါး ဖြစ်နေခဲ့သည်။
သို့သော် သူ၏တိုးတက်မှုသည် အလွန်ကြီးမားခဲ့ပါသည်။ ဆယ်ရက်မြောက်နေ့တွင်၊ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် နှောင်းပိုင်းအဆင့် ကြယ်ဖမ်းခြင်းနယ်ပယ်သို့ တစ်ဖန် ချိုးဖြတ် ဝင်ရောက်သွားခဲ့ပြီး နောက်ဆုံးတွင် ချင်ယွင်သည် မတ်တတ်ထရပ်နိုင်ခဲ့သည်။