← Chapters

အခန်း ၆၁၀

Vol. 41 Ch. 610

အခန်း ၆၁၀

Vol. 41 Ch. 610

အခန်း (၆၁၀) နတ်ဆိုးနတ်ဘုရားတိုက်ခိုက်ခြင်း။

ဤလအတွင်းမှား ချင်ယွင်၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် လျူရန်ယွင် နှင့် အခြားသူများကို ချင်နင်းမြို့သို့ ခေါ်ဆောင်သွားပါသည်။

သို့သော်လည်း၊ ကောင်းကင်ဘုံနတ်ဆိုးအဖွဲ့၏ အကြွင်းအကျန်များသည် ချင်နင်းမြို့ကို နောက်ဆုံးအကြိမ် သတ်ဖြတ်ပြီးနောက်၊ ချင်နင်းမြို့သည် လုံးဝ လူသူဆိတ်ညံသော မြို့တစ်မြို့ ဖြစ်လာခဲ့ပါသည်။ ၎င်းမြို့ကို မည်သူမျှ ဂရုမစိုက်တော့ဘဲ လူသူနေထိုင်ရန် မသင့်တော်တော့ပေ။

ထို့နောက် လျှပ်စီးစွမ်းရည်ကိုယ်ပွား ချင်ယွင်သည် ရန်စီချီကို သူမ၏မိဘများကို အရိုသေပေး ကန်တော့ရန် ခေါ်ဆောင်လာပြီး ၎င်းတို့ကို ပြန်လည်မြှုပ်နှံပေးခဲ့ပါသည်။

ထို့နောက် သူသည် မိုးကြိုးဝိညာဉ်ဂိုဏ်းသို့သွားရောက်ကာ မိုးကြိုးဝိညာဉ်ဂိုဏ်းဂိုဏ်း၏ မိတ်ဆွေသူငယ်ချင်းဟောင်းတစ်ဦးနှင့် တွေ့ဆုံခဲ့ပါသည်။

မိုးကြိုးဝိညာဉ်ဂိုဏ်းဂိုဏ်းသည် ချင်ယွင် ချန်ထားရစ်ခဲ့သော ကျင့်ကြံခြင်းစနစ်မျိုးစုံကို ရရှိပြီးကတည်းက၊ ၎င်းသည် ဘိုင်ယွန်စီရင်စုရှိ အကြီးဆုံးဂိုဏ်းတစ်ခု ဖြစ်လာခဲ့ပါ သည်။

ချင်ယွင်ကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး အရမ်းကို ကျေနပ်သဘောကျနေပါသည်။

တစ်ခုတည်းသော နောင်တရစရာက ကျန်းရွှင်ရှင်းသည် ကောင်းကင်ဘုံကိုးလွှာ ကြယ်စင်စုပုံကြမ်းထဲတွင် လဲလျောင်းနေရပြီး ဂိုဏ်း၏ သာယာဝပြောမှုကို ခံစားနိုင်ရန် သူနှင့်အတူ လိုက်ပါနိုင်မူမရှိခြင်း ဖြစ်ပါသည်။

ချင်ရွှန်းရွှန်းအနေဖြင့်၊ သူထွက်သွားပြီးနောက် ချင်ရွှန်းရွှန်းလည်း ထွက်သွားကြောင်းကို ဂိုဏ်းအတွင်းလူတွေက ချင်ယွင်ကို ပြောပြကြပါသည်။ သို့သော် သူမ မည်သည့်နေရာ ကို ထွက်သွားမှန်း မည်သူမှ မသိခဲ့ကြပါဘူး။

ချင်ယွင်သည် ဤကိစ္စကို အလေးအနက်ထားပြီး မလေ့လာချင်တော့ပါဘူး။ သူနှင့် ချင်ရွှန်းရွှန်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ခံစားချက်များ ရှိနေသည်ဟုပင် ပြောလို့မရသေးပါဘူး။

ဟိုတချိန်၊ သူတို့သည် ပွင့်ပွင့်လင်းလင်း ဆုံတွေ့ခဲ့ကြစဉ်က အခြေအနေအရ အတင်းအကြပ် တွန့်ပို့ခြင်းကြောင့်သာ ဖြစ်ပါသည်။ အချင်းချင်းကြား ကောင်းမွန်သည့် ခံစားမူ အရိပ်အယောင်တွေ ရှိခဲ့မည်ဆိုလျှင်တောင်မှ ထိုကဲ့သို့ ကောင်းမွန်သည့် ခံစားချက် အချိန်တွေကြာလာသည်နှင့်အမျှ တဖြည်းဖြည်း ကွယ်ပျောက်သွားပါလိမ့် မည်။

နောက်ဆုံးတွင် ချင်ယွင်သည် လျူရန်ယွင်အား သူမ၏ အမည်ခံ အဒေါ်ဖြစ်သည့် ရှန်ချန်းဇူ ခေါ်၊ ပိရှစ်သိုင်းမြို့စားထံသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

ချင်ယွင် နှင့် ရှန်ချန်းဇူတို့ကြား ဆက်ဆံရေးကလည်း ဆိုးရွားသည့် အရာတစ်ခု ရှိနေခဲ့ ပါသည်။ မူလကတည်းက ချင်ယွင် နှင့် ရှန်ချန်းဇူကြားမှ ဆက်ဆံရေးက မဖြစ်နိုင်ခဲ့ပေ။ ယခုမူ ရှန်ချန်းဇူက လျူရန်ယွင်၏အဒေါ်ဖြစ်လာသည် ဆိုမှတော့ ပိုလို့တောင် မဖြစ်နိုင် တော့ပါဘူး။

ရှန်ချန်းဇူသည် ဤအကြောင်းကို ဟိုးအရင်ကတည်းက နားလည်ထားပုံရပါသည်။ သူမသည် ချင်ယွင်ကို တွေ့လိုက်ရသည့်အခါ သူမ၏မျက်လုံးများသည် အလွန် တည်ငြိမ်နေပါသ်ည။ ဤအရာက ချင်ယွင်ကို လုံးဝ စိတ်သက်သာရာ ရစေပါသည်။

ထိုသို့မဟုတ်လျှင်၊ သူနှင့် ရှန်ချန်းဇူတို့ကြားက ထူးဆန်းသော ဆက်ဆံရေးကို လျူရန်ယွင် သိသွားခဲ့မည်ဆိုလျှင်၊ လျူရန်ယွင် မည်သို့ တွေးမည်နည်းဆိုသည်ကို သူ အမှန်တကယ် မသိတော့ပါဘူး။

အချိန်အတော်ကြာ လှည့်ပတ်သွားလာပြီးနောက် ချင်ယွင်သည် တစ်လခန့်အကြာတွင် အမျိုးသမီးသုံးဦးအား ရန်အင်ပါယာ၏ အင်ပါယာနန်းတော်သို့ ပြန်လည် ခေါ်ဆောင် လာခဲ့ပါသည်။

ယနေ့တွင် ချင်ယွင်၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားသည် ရန်ယုဖန်း နှင့် အတူထိုင်ကာ လက်ဖက်ရည်သောက်ပြီး စကားစမြည် ပြောနေကြပါသည်။

ရန်ကျန်းထျန်၊ တစ္ဆေပါရမီရှင်သိုင်းဧကရာဇ် နှင့် အခြားလူများက သဘာဝအတိုင်း တလေးတစား မတ်တပ်ရပ်ကာ စောင့်နေကြပါသည်။

ရန်ကျန်းထျန်သည် သူ၏အဖိုး မည်မျှ တန်ခိုးကြီးသည်ကို သိပါသည်။ သူသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော် နိုင်သည့် စွမ်းအားရှင်းတစ်ဦး ဖြစ်ပါသည်။ သိုင်းဧကရာဇ် အဆင့်ရှိ ကျင့်ကြံသူများ အတွက်မူ၊ ထိုအဆင့်ရှိ ပညာရှင်များသည် အမှန်တကယ်ပင် အင်မော်တယ်များ ဖြစ်နေပါသည်။

ဟုတ်ပါသည်၊ သူ၏စိတ်ထဲမှာ သက်ပြင်းအကြိမ်ကြိမ် အချရဆုံးအရာက လအနည်း ငယ် အတွင်းမှာဘဲ ချင်ယွင်သည် သိုင်းဧကရာဇ်အဆင့်ကနေ သူတို့၏ ဘိုးဘေးနှင့် အဆင့်တူသည့် အနေထားကို ရောက်ရှိနေပါပြီ။ အကယ်၍ သူတို့ဘိုးဘေး ကိုယ်တိုင် သာ မပြောခဲ့ဘူးဆိုလျှင် သူ၏နားကိုပင် ယုံကြည်မှာ မဟုတ်ပါဘူး။

ထိုအချိန်တွင် ချင်ယွင်နှင့် သူ၏ဘိုးဘေးတို့သည် ကျင့်ကြံနှင့်ပတ်သက်ပြီး စကားစမြည် ပြောဆိုနေကြသည်ကို မြင်သောအခါ၊ ချင်ယွင်၏ စကားကို နားထောင်ခြင်းမှ များစွာ အကျိုးခံစားရသည်ဟု သူ ခံစားမိသည်။ သူ၏စိတ်ထဲတွင် ချင်ယွင်ကို ပို၍ပင် လေစားလာခဲ့သည်။

ဘန်း…!

ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ကောင်းကင်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ချင်ယွင် နှင့် အခြားနေရာများ တည်ရှိနေရာ နန်းတော်ခေါင်မိုးကို တစ်စုံတစ်ယောက်မှ တိုက်ရိုက် မှောက်လှန်လိုက်ခြင်း ဖြစ်ပါသည်။ ထို့နောက် လေထဲတွင် လွင့်မျောနေ သော ရုပ်အသွင်နှစ်ခုသည် သူတို့၏ အမြင်အာရုံထဲတွင် ပေါ်လာပါသည်။ ထိုအချိန်တွင် ထိုပုံရိပ်နှစ်ယောက်သည် ဆော့ကစားလိုသည့် အမူအရာဖြင့် သူတို့ကို ကြည့်နေကြပါ သည်။

ချင်ယွင် နှင့် ရန်ယုဖန်းတို့ နှစ်ယောက်သည် ရုတ်တရက် ထွက်ပေါ်လာသူများကို တွေ့မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် ဖော်ပြ၍မရသည့် လေးနက် သော အမူအရာ ပေါ်လာပါသည်။

မှန်ပါသည်။ ချင်ယွင်တို့နေထိုင်ရာနန်းတော်၏ ခေါင်မိုးကို မှောက်လှန်လိုက်သည့် လူက အစောပိုင်းက ဆိပ်ကမ်းမြို့မှာ ပေါ်လာခဲ့ကြသည့် နတ်ဆိုးလူငယ်နှင့် အမြီးကိုး ချောင်း မီးလျှံမြေခွေးမတို့ ဖြစ်ပါသည်။

"ဟား….။ ဟား…..။ မင်းတို့အားလုံး ဒီမှာရှိနေဖို့ ငါ မမျှော်လင့်ထားဘူး။ ဒါလည်း ကောင်းပါတယ်လေ။ ငါ မင်းတို့တစ်ယောက်စီကို ရှာနေစရာ မလိုတော့ဘူးပေါ့။" နတ်ဆိုးလူငယ်က လေထဲတွင် ပျံဝဲနေရင်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ အသံက နန်းတော်တစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချက်ချင်းဆိုသလိုပဲ နန်းတော်ထဲမှ လူတွေအားလုံးသည် သူတို့၏မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသည့် အမူအရာတွေနှင့် ထိုအသံထွက်လာရာဘက်ကို လှည့်ကြည့် လိုက်ကြပါသည်။ ဤကမ္ဘာပေါ်တွင် မည်သူကရော တော်ဝင်ရန်နန်းတော်ကို ကျူးကျော်ဝံ့သနည်း?။

သို့သော်လည်း ယခုအချိန်တွင် ရန်ကျန်းထျန် နှင့် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်တို့သည် သွေးတစ်လုတ်ကို အန်ထုတ်လိုက်ကြသည်။ သူတို့၏ ကျင့်ကြံမှု အဆင့်သည် နိမ့်ပါး လွန်းသည့်အပြင် သူတို့သည် နတ်ဆိုးလူငယ်နှင့် အနီးစပ်ဆုံး ဖြစ်နေပါသည်။ ထို့ကြောင့် သူ၏ အသံနှင့် ရောစပ်ထားသော အစစ်အမှန် အနှစ်သာရ စွမ်းအင်ကြောင့် သူတို့သည် တိုက်ရိုက် ထိခိုက်ဒဏ်ရာရခဲ့သည်။

ထိုအခိုက်အတန့်တွင် သူတို့၏မျက်နှာများသည် ကြောက်ရွံ့ထိတ်လန့်သည့် အမူအရာ များဖြင့် ပြည့်နှက်နေသည်။ ဤသူနှစ်ဦးသည် သူတို့နှစ်ယောက်ကို ပုရွက်ဆိတ်ကဲ့သို့ အသေသတ်နိုင်သည်ကို သူတို့ သံသယမရှိကြပေ။

"ယောင်လင်းခေါင်၊ မင်းက ဘာလိုချင်လို့လဲ" ရန်ယုဖန်သည် သူ၏မြေးဖြစ်သူ နတ်ဆိုးလူငယ်ကြောင့် ဒဏ်ရာရသွားသည်ကို မြင်သောအခါတွင် ဒေါသဖြစ်သည့် အမူအရာ ပေါ်လာသည်။

ချင်ယွင်၏ မျက်ခုံးများသည် တင်းကျပ်စွာ တွန့်သွားခဲ့သည်။ ရောက်ရှိလာသူ၏ ကိုယ်ရေးအချက်အလက်ကို သူ ခန့်မှန်းပြီး ဖြစ်သည်။ အကယ် သူ၏ မှန်းဆချက်သာ မှန်ကန်မည်ဆိုလျှင် ဤလူငယ်သည် နတ်ဆိုးနတ်ဘုရားနန်းတော်၏ နန်းတော်သခင် နတ်ဆိုးနတ်ဘုရား ဖြစ်ပါလိမ့်မည်။

"မင်း ဘာလိုချင်တယ် ဟုတ်လား?။ ငါက မင်းကို အင်မော်တယ်နန်းတော်ရဲ့ သော့တွေကို လွှဲပေးစေချင်တယ်။ မင်း ဒီနေ့ အင်မော်တယ်နန်းတော်သော့တွေကို မအပ်ဘူးဆိုရင် ငါ အဲဒီလူနှစ်ယောက်ကို သတ်ရုံတင်မကဘူး၊ တစ်မြို့လုံးကို ငါ သတ်ပစ်မယ်။ " နတ်ဆိုးလူငယ်က လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပါသည်။

ရန်ကျန်းထျန် နှင့် တစ္ဆေပါရမီရှင်သိုင်းဧကရာဇ်တို့သည် ထိုစကားကိုကြားသောအခါ သူတို့၏ မျက်နှာများသည် ချက်ချင်း ဖြူဖျော့သွားခဲ့ပါသည်။

အကုန်လုံးကို သတ်ဖြတ်မှာလား..? တော်ဝင်ရန်အင်ပါယာမြို့တော်တွင် လူဦးရေ ဆယ်သန်းနီးပါး ရှိပါသည်။

"အင်မော်တယ်နန်းတော်သော့ နှစ်ချောင်းလား? ယောင်လင်းခေါင်၊ ငါ့လက်ထဲမှာ အင်မော်တယ်နန်းတော်သော့ တစ်ချောင်းပဲ ရှိတယ်ဆိုတာကို မင်း သိပြီးသားပါ။ အင်မော်တယ်နန်းတော်သော့ နှစ်ချောင်းကို ငါက ဘယ်ကရမှာလဲ?။ တကယ်လို့ မင်းအနေနဲ့ အင်မော်တယ်နန်းတော်ရဲ့သော့ကို လိုချင်တယ်ဆိုရင် မင်းကို ငါ ပေးလိုက် လို့ရတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ဒီမြို့သူမြို့သားတွေကိုတော့ ချမ်းသာပေးပါ။ သူတို့အများစုက သာမန်သေမျိုးလူသားတွေ ဖြစ်တယ်။” ရန်ယုဖန်းက ကမန်းကတန်း ပြောလိုက်လေသည်။

"အိုး? မင်းအနားမှာရှိတဲ့လူက မင်းကို မပြောခဲ့ဖူးပုံပဲ။ သူ့ဆီမှာလည်း အင်မော်တယ် နန်းတော်သော့တစ်ချောင်း ရှိနေတယ်လေ။" ယောင်လင်းခေါင်က တဟားဟားရယ်ပြီး ပြောလိုက်ရင်း ချင်ယွင်ဆီသို့ ခေါင်းလှည့်လိုက်လေသည်။

ရန်ယုဖန်းလည်း ချင်ယွင်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး သူ၏မျက်နှာက မေးခွန်းထုတ်နေသည့် အမူအရာ ပေါ်လာသည်။

"စီနီယာရန်၊ သူပြောတာ မှန်ပါတယ်။ ကျွန်တော့်မှာ အင်မော်တယ်နန်းတော်သော့ တစ်ချောင်း ရှိနေတယ်။ ဒီကိစ္စက အရမ်းကို အရေးကြီးတာကြောင့် နဝမမြောက်သော့ ပေါ်လာပြီးမှ စီနီယာရန်ကို အဲဒီအကြောင်းကို ပြောပြဖို့ မူလက စီစဉ်ထားတာပါ။ စီနီယာရန် နားလည်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။" ရန်ယုဖန်းက သူ့ကို ကြည့်နေသည်ကိုမြင်တော့ ချင်ယွင်က ပြုံးပြီး ရှင်းပြလိုက်ပါသည်။

ရန်ယုဖန်းက ခေါင်းညိတ်လိုက်ပြီး သူ၏စိတ်နှလုံးထဲမှ နားလည်ကြောင်း ထုတ်ဖော် လိုက်ပြလိုက်သည်။ အကယ်၍ သူကိုယ်တိုင်သာဆိုလျှင်လည်း ချင်ယွင်ကဲ့သို့ပင် လုပ်ခဲ့ ပေလိမ့်မည်။

"ကောင်းပြီ၊ အဓိပ္ပာယ်မရှိတဲ့စကားတွေ ဖြတ်လိုက်ရအောင်။ တကယ်လို့ မင်းအနေနဲ့ အင်မော်တယ်နန်းတော်သော့ နှစ်ချောင်းစလုံးကို လွှဲပေးရင် မင်းအသက်ကို ငါ ချမ်းသားပေးမယ်။" ယောင်လင်းခေါင်က အေးစက်စက် ပြောလိုက်ပြီး သူ၏လေသံမှာ စိတ်မရှည်မူတွေ ပြည့်နေပါသည်။

ရန်ယုဖန်းသည် ထိုစကားကို ကြားသောအခါတွင် သူ၏မျက်နှာပေါ်တွင် မလိုလားသည့် အရိပ်အယောင်များ ချက်ချင်း ထွက်ပေါ်လာသည်။ သို့သော်လည်း သူသည် သူ၏ လက်ထဲတွင်ရှိသော အင်မော်တယ်နန်းတော်သော့ကို ထုတ်ယူရန် ပြင်ဆင်လိုက်ဆဲ ဖြစ်ပါသည်။

ယောင်လင်းခေါင်၏ အစွမ်းသည် အစွမ်းထက်လွန်းသဖြင့် သူ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

အကယ်၍ သူသည် အင်မော်တယ်နန်းတော်သော့များကို မလွှဲပေးဖူးဆိုလျှင်ပင် ယောင်လင်းခေါင်သည် သူ့ကို သတ်ပစ်နိုင်ပါသေးသည်။ ထို့နောက် သူသည် အင်မော်တယ်နန်းတော်သော့များကို သိမ်းဆည်းသွားပါလိမ့်မည်။ ထို့ကြောင့်၊ အင်မော်တယ်နန်းတော်သော့များကို လွှဲပြောင်းပေးခြင်းသည် ဉာဏ်အရှိဆုံး ရွေးချယ်မှု ဖြစ်ပါသည်။

"ခဏစောင့်ဦး…!"

သို့သော် ဤအခိုက်အတန့်တွင် လက်တစ်ဖက်က ရန်ယုဖန်း၏လက်ကို ရုတ်တရက် ဖိနှိပ်လာပြီး အင်မော်တယ်နန်းတော်သော့ကို အလျင်အမြန် ထုတ်ယူနေခြင်းမှ တားဆီး လိုက်လေသည်။

"သူ ငါတို့ကို သတ်လိမ့်မယ်!" ရန်ယုဖန်းက ချင်ယွင်ကို စိတ်လှုပ်ရှားစွာ ပြောလိုက် သည်။

ချင်ယွင်က ခေါင်းယမ်းလိုက်သည်။ သူက ရန်ယုဖန်းကို စိတ်အေးအေးထားရန် အမူအရာဖြင့် ကြည့်ပြီးနောက် ကောင်းကင်ယံမှာရှိနေသည့် ယောင်လင်းခေါင်ကို လှည့်ကြည့်ပြီး ပြောလိုက်ပါသည် "မင်းက နတ်ဆိုးဘုရားလား?။ တကယ်လို့ ငါ မှတ်မိ သလောက်ဆို ငါ အင်မော်တယ်နန်းတော်ရဲ့ သော့အကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဖူး ပါဘူး။ ဒီအကြောင်းကို မင်း ဘယ်လိုလုပ် သိလာတာလဲ?"

ယောင်လင်းခေါင်က ချင်ယွင်၏မေးခွန်းကို ကြားသောအခါတွင် သူ၏ပါးစပ်ထောင့်တွင် မထီမဲ့မြင်ပြုသော အပြုံးက ချက်ချင်း ပေါ်လာလာသည်။ သူက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည် "မင်း ဘယ်သူ့ကိုမှ မပြောခဲ့ပါဘူး၊ ဒါပေမယ့် မင်း ကျောက်ဝူကျင်း လှိုင်ဂူရဲ့ နောက်ဆုံးထပ်ကို ဝင်တဲ့အချိန်မှာ မျက်မြင်ကိုယ်တွေ့ လူအနည်းငယ် ရှိနေခဲ့ပြီး အဲဒီအထဲမှာ မင်းရဲ့အစ်မဇီရှန်လည်း ပါတယ်လေ"။

"မင်း အစ်မဇီကို ဘာလုပ်လိုက်တာလဲ?" ချင်ယွင်သည် ယောင်လင်းခေါင် ပြောလာသည့် “ဇီရှန်”ဟူသော စကားကို ကြားသောအခါတွင် ပြင်းထန်သော ဒေါသက သူ၏မျက်လုံးထဲတွင် ချက်ချင်း ထွက်ပေါ်လာပါသည်။

All Chapters