← Chapters

အခန်း ၆၁၁

Vol. 41 Ch. 611

အခန်း ၆၁၁

Vol. 41 Ch. 611

အပိုင်း (၆၁၁) အရှင်မင်းကြီး။

"ဟင်း…။ စိတ်မပူပါနဲ့လေ။ မင်းရဲ့အစ်မဇီက မသေသေးပါဘူး။ သူမက အသက်ရှင်နေသေးပြီး ငါ့ဗိုက်ထဲမှာ အဆင်ပြေနေပါတယ်။" နတ်ဆိုးနတ်ဘုရားက ပြုံးပြီး သူ၏ဗိုက်ကို ပုတ်ပြလိုက်လေသည်။

"ဘာ….? မင်းက အစ်မဇီကို တကယ် စားလိုက်ပြီလား။" ယောင်လင်းခေါင်၏ဗိုက်ကို စူးစိုက်စိုက်စိုက် ကြည့်ရင်း ချင်ယွင်၏မျက်နှာသည် အံ့အားသင့်သည့် အမူအရာတစ်ခု ကို ချက်ချင်း ထုတ်ပြလာသည်။

"မင်းက အရမ်းအံ့သြနေပုံပဲ။ မင်းရဲ့အစ်မဇီတင်မကဘူး၊ အဲဒီမြွေဖြူလေးနဲ့ အနံ့ဆိုးတဲ့ မျောက်ဝံကြီးလည်း ငါ့ဗိုက်ထဲမှာ ရှိနေတယ်ကွ" ယောင်လင်းခေါင်က ပြုံးပြီး ပြောသည်။ ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်များက လှောင်ပြောင် ကျီစားလိုဟန် ဖြင့် ပြည့်နှက်နေပါသည်။

ယောင်လင်းခေါင်၏နောက်ကွယ်မှ အနီရောင်ဝတ် အမျိုးသမီးသည်လည်း မထီမဲ့မြင်ပြု သော အပြုံးကို ထုတ်ဖော်ထားသည်။

ချင်ယွင်၏ မျက်လုံးများသည် အမျက်ဒေါသနှင့်အတူ ချက်ချင်း တောက်ပလာသည်။ ယောင်လင်းခေါင်သည် သူ့ကိုလိမ်ညာခြင်းမဟုတ်ကြောင်း သူ ယုံကြည်ပါသည်။ အကြောင်းမှာ သူသည် အစောပိုင်းက ယောင်လင်းခေါင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့၏ အငွေ့အသက်ကို ခံစားမိပြီး ဖြစ်ပါသည်။ ပထမတော့ သူသည် အဖြစ်ပျက်တွေကို နားမလည်ခဲ့သော်လည်း အခုနောက်ဆုံးမှာတော့ ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့သည် ဤနတ်ဆိုးကောင်၏ မျိုချခြင်းကို ခံလိုက်ရကြောင်း သူ နားလည် သွားပါပြီ။

ဒါပေမယ့် ချင်ယွင်ကို အံ့သြစေသည့်အရာက ရှောင်ဘိုင်နှင့် တခြားလူများသည် ဤနတ်ဆိုး၏ မျိုချမူကိုခံရပြီးနောက် အဘယ့်ကြောင့် အသက်ရှင်နေရသေးသနည်း?။

ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့၏ စိတ်ဝိညာဉ် သင်္ကေတများသည် ချင်ယွင်၏ စိတ်ထဲမှ ပျောက်ကွယ်သွားခြင်း မရှိသည်ကို သိထားရမည် ဖြစ်ပါသည်။ ယင်းက ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့နှစ်ယောက်စလုံး အသက်ရှင်နေသေးသည်ကို သက်သေပြဖို့ လုံလောက် ပါသည်။

"အခု မင်း နားလည်ပြီလား၊ မင်း နားလည်သွားပြီဆိုရင် အင်မော်တယ်နန်းတော်ရဲ့ သော့တွေကိုကို လွှဲပေးလိုက်ပါ။ မဟုတ်ရင် ငါ မင်းကို မျိုချလိုက်ပြီး မင်းတို့ကို အတူတူ ပြန်ပေါင်းစည်းခွင့်ပေးလိုက်မယ်။" ယောင်လင်းခေါင်က ရယ်မောလိုက်သည်။

"အင်မော်တယ်နန်းတော်ရဲ့သော့တွေကို ငါ မလွှဲပေးနိုင်ဘူး။ ဒါတင်မကဘူး၊ မင်းက အစ်မဇီနဲ့ တခြားလူတွေကို ပြန်ပြီး ထွေးထုတ်ပေးစေချင်တယ်။" ချင်ယွင်၏ နှလုံးသား က ပြင်းထန်သော အမျက်ဒေါသများဖြင့် ပြည့်နှက်နေပြီ ဖြစ်ပါသည်။ ဤကောင်သည် အစ်မဇီနှင့် ရှောင်ဘိုင်တို့နှစ်ယောက်ကို အမှန်တကယ် မျိုချဝံ့သည်။ ဤသည်မှာ အမှန်တကယ် ခွင့်မလွှတ်နိုင်စရာပင် ဖြစ်ပါသည်။

"ကောင်လေး၊ မင်း ဘယ်သူနဲ့ စကားပြောနေတယ်ဆိုတာ သိရဲ့လား" ငါ ထပ်မေးပါရ စေဦး။ မင်း အင်မော်တယ်နန်းတော်ရဲ့ သော့တွေကို လွှဲပေးချင်လား" ယောင်လင်းခေါင် ၏ နတ်ဆိုးမျက်လုံးများသည်လည်း အေးစက်စက် အလင်းရောင်များဖြင့် ဝင်းလက် တောက်ပနေ၏။ ချင်ယွင်၏စကားကြောင့် သူသည် ဒေါသထွက်နေပြီ ဖြစ်ပါသည်။

ယောင်လင်းခေါင် ဒေါသထွက်နေသည်ကို မြင်လိုက်ရလျှင် ရန်ယုဖန်း၏ မျက်နှာက ချက်ချင်းဆိုသလို စိုးရိမ်သည့်အမူအရာ ပေါ်လာပါသည်။ သူသည် အင်မော်တယ် နန်းတော်၏သော့များကို အမြန်လွှဲပေးရန် ချင်ယွင်အား အလျင်အမြန် အချက်ပြ လိုက်လေသည်။

သို့သော် ချင်ယွင်သည် ရန်ယုဖန်း၏ အကြည့်တွေကို မြင်ပုံမရချေ။ "မလွှဲပေးနိုင်ဘူး!"

ထိုစကားကိုကြားလိုက်ရလျှင် ရန်ယုဖန်းက ချင်ယွင်သည် ငယ်ရွယ်ပြီး သန်စွမ်းသူ တစ်ဦးသာ ဖြစ်သည်ဟု သူ၏စိတ်နှလုံးထဲမှာ ညည်းတွားမိပြီး သက်ပြင်းမချဘဲ မနေနိုင်ပါချေ။ (စဉ်းစားဆင်ခြင်မူနည်းသည်ဟု ဆိုလိုဟန်တူပါသည်)။

အချိန်က နှောင်းသွားခဲ့လေပြီ။ အင်မော်တယ်နန်းတော်၏သော့သည် မည်မျှပင် အဖိုးတန်နေပါစေ၊ ၎င်းသည် အသက်လောက်တော့ အရေးမကြီးပေ။ ယခု ယောင်လင်းခေါင်ကို ဒေါသထွက်စေခဲ့ပြီးနောက် ဤနေရာတွင်ရှိနေသည့် မည်သူမျှ အသက်မရှင်နိုင်တော့ပေ။

ရန်ယုဖန်းပင်လျှင် သူသည် ချင်ယွင်ကို ကယ်တင်ခဲ့ခြင်းက မှန်းလား,မှားလားဟုပင် တွေးနေမိသည်။

"ဒါဆိုလည်း သွားသေလိုက်တော့!"

ယောင်လင်းခေါင်သည် ချင်ယွင်၏စကားကို ကြားပြီးနောက်၊ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ပေါ်လာပါသည်။

ဝှီး…..။

ယောင်လင်းခေါင်သည် သရဲတစ္ဆေတစ်ကောင်လို ချင်ယွင်၏ ရှေ့မှာ ပေါ်လာပါသည်။

"ဘယ်လောက်တောင် မြန်လိုက်လဲ!"

ချင်ယွင်၏မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပါသည်။ ဤယောင်လင်းခေါင် သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ထိုက်ပါသည်။ ယခုလေးတင် ချင်ယွင်သည် သူမည်သို့ လှုပ်ရှားလိုက်သည်ကို မမြင်လိုက်ပေ။ သူသည် သူ၏ရှေ့ကို ရောက်နေပါပြီ။

"ငရဲကိုသွားလိုက်တော့…!"

ယောင်လင်းခေါင်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်ဖြင့် လင်းလက် နေပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းက သူ၏ လက်ဖဝါးမှ ထွက်ပေါ်လာကာ ချင်ယွင်၏ရင်ဘတ်ဆီသို့ ရိုက်ချလိုက်လေသည်။

ယခုအချိန်တွင် ချင်ယွင်သည် ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ရန်အတွက် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကိုသာ စုစည်းနိုင်ခဲ့သည်။

နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် ပေါ်လာသည်နှင့် တပြိုင်နက် ယောင်လင်းခေါင်၏ လက်ဖဝါးသည် ချင်ယွင်၏ ရင်ဘတ်ကို ပြင်းထန်စွာ ရိုက်နှက်လာလေသည်။

“ဘုန်း”

နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် ပေါက်ကွဲသွားပြီး ချင်ယွင်၏ရင်ဘတ်ဆီသို့ ခုခံနိုင်စွမ်း မရှိသော အင်အားတစ်ခုက ချက်ချင်း တိုးဝင်းလာပါသည်။

ချင်ယွင်သည် သူ၏ရင်ဘတ်ကို တောင်ကြီးတစ်ခုဖြင့် ရိုက်နှက်ခံလိုက်ရသလို ခံစားရ၏။ အကန့်အသတ်မရှိသော စွမ်းအားကြောင့် သူသည် သူ၏ပါးစပ်မှ သွေးများ စီးကျလာကာ လေးညှို့မှပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ နောက်ပြန် လွင့်စင်သွားလေသည်။

ချင်ယွင်သည် ဒါဇင်ပေါင်းများစွာသော နန်းတော်အဆောင်များကို ဖောက်ထွင်း ဝင်ရောက်ခဲ့ပြီးနောက် ပေသုံးထောင်အကွာအထိ ဆက်တိုက် လွင့်ပျံသွားခဲ့ရသည်။

"ဟမ့်၊ ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့အကောင်ကများ…!" ယောင်လင်းခေါင်သည် သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းပြီး အပျက်အစီးများကြားထဲသို့ ပြုတ်ကျပြီး မလှုပ်ရှားနိုင်တော့သော ချင်ယွင်ကို ကြည့်ကာ သူ၏မျက်နှာပေါ်တွင် အနှိုင်းမဲ့ မထီမဲ့မြင်ပြုသည့် အမူအရာဖြင့် ကြည့်နေလေသည်။

ရန်ယုဖန်းသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူသည် ခေါင်းကို အသာအယာ ယမ်းကာ "မင်းက ဘာလို့ ဒီလိုလုပ်တာလဲ" ဟု စိတ်ထဲတွင် သက်ပြင်းချလိုက်လေ သည်။

တစ်ဖက်တွင်၊ ရန်ကျန်းထျန် နှင့် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်တို့သည် မှင်သက် အံသြသွားကြသည်။ သူတို့သည် ကြောက်ရွံ့လွန်းသဖြင့် သူတို့နှလုံးသားများ ခုန်ပေါက် လုမတတ်ပင် ဖြစ်ခဲ့ရသည်။ အကယ်၍ အစောပိုင်းလေးက ထိုလက်ဖဝါးချက်သာ သူတို့အပေါ်သို့ ကျရောက်ခဲ့မည်ဆိုလျှင်၊ သူတို့သည် သွေးမြူခိုးများအဖြစ်သို့ ပြောင်းလဲ သွားပေလိမ့်မည်။

ချင်ယွင်သည် အပျက်အစီးများကြားထဲတွင် လဲလျောင်းနေပြီး မလှုပ်ရှားနိုင်တော့ဘဲ သူ၏ရင်ဘတ်က သွေးများနှင့် အသားစများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။

အကယ်၍ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ၎င်းလက်ဖဝါးချက်၏ စွမ်းအား အများစုကို ဖယ်ရှားနိုင်ခဲ့ခြင်း မရှိခဲ့ပါက၊ ဤလက်ဖဝါးရိုက်ချက်သည် ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားကို အသားငါးပိဖြစ်သည့်အထိ တိုက်ရိုက် ရိုက်နှက်သွားမည် ဖြစ်ပါသည်။

"ဒီမြေကမ္ဘာအင်မော်တယ်နယ်ပယ်ရဲ့ အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်က တကယ်ကို ကြောက်စရာကောင်းလွန်းတယ်!" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် ခါးသီးသော အပြုံးအဖြစ် တွန်းကွေးသွားခဲ့သော်လည်း သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အနည်းငယ်မျှ မရှိပေ။

"အနီရောင် မြေခွေး၊ သွား၊ သူ့အသက်ကို ယူပြီး သူ့လက်ထဲက အင်မော်တယ် နန်းတော်ရဲ့သော့ကို ယူဆောင်ခဲ့ချေ။" ယောင်လင်းခေါင်က အေးစက်စွာ ပြောသည်။

"ဟုတ်​ကဲ့ပါ သခင်​နတ်​ဆိုးဘုရား!" ကောင်းကင်ယံမှ အနီရောင်ဝတ် အမျိုးသမီးက ချက်ချင်း ပြန်ဖြေလိုက်ပြီး ချင်ယွင်ကို ငေးကြည့်ရင်း ကျီစားလိုဟန်ဖြင့် ပျော်ရွှင်စွာ ရယ်မောလိုက်လေသည်။

ဝှီး….!

အနီရောင်ဝတ် အမျိုးသမီး၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် လေထဲတွင် အနီရောင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ အနားတွင် ပေါ်လာ ပါသည်။

သူမသည် သွယ်လျသော လက်တစ်စုံကို ဆန့်ထုတ်လိုက်ပြီး ချင်ယွင်၏ ဝတ်စုံကော်လံကို ဆုပ်ကိုင်ကာ သူ့ကို မြေပြင်ပေါ်မှ မြှောက်လိုက်လေသည်။ "ကျွတ်.. ကျွတ်…။ မောင်လေး၊ မင်းက ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်အထီး မဖြစ်ချင်ဘူးလို့ ငါ့ကို မပြောခဲ့ဘူးလား?။ အခုတော့ ကောင်းရော၊ မင်းက အခုလိုပုံစံနဲ့ အဆုံးသတ်ရတော့ မယ်။ မင်းရဲ့ လက်ရှိ အသွင်အပြင်ကို မြင်လိုက်တာနဲ့ ဒီအစ်မကြီးက အရမ်းကို စိတ်မကောင်းဖြစ်နေရတယ်။" ထိုစကားပြောရင်း သူမ၏ မျက်နှာပေါ် ချစ်စရာကောင်း သည့် အပြုံးတစ်ခု ပေါ်လာပါသည်။

"အစ်မကြီး၊ မင်းက ငါ့ကို အရမ်းချစ်​တယ်ဆိုမှတော့ မင်းက ငါ့ကို လွှတ်​ပေးလိုက်ရင် မယ်ဆိုရင်ရော ဘယ်လိုလဲ?" ချင်ယွင်က ကျီစားလိုဟန်ဖြင့် ပြုံးလိုက်ရင်း သူ၏ ပါးစပ်ထောင့်စွန်းတွင်တော့ သွေးများက တွဲလောင်းကျနေဆဲ ဖြစ်သည်။

"အီယာ,,,။ ဒီအစ်မကြီးကလည်း မင်းကို လွှတ်ပေးချင်ပါတယ်။ ဒါပေမယ့် မင်းက သခင် နတ်ဆိုးနတ်ဘုရားကို ဒေါသထွက်အောင် လုပ်ပြီးသွားပြီ။ ဒီအစ်မကြီးက မင်းကို တကယ် မကယ်နိုင်တော့ဘူး၊ ဒါပေမယ့် ဒီအစ်မကြီးက မင်းကို အချိန်ကောင်းတစ်ခု ပေးမယ်လို့ ကတိပေးပါတယ်ကွယ်။" အနီရောင်၀တ် အမျိုးသမီးသည် သူ၏မျက်လုံး များက အေးစက်စက် အလင်းရောင်ဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဆွဲဆောင်မှုရှိစွာ ပြောလိုက်ပါသည်။

သူမ၏လက်ထဲမှာ နှင်းဖြူရောင် ဓားမြှောင်တစ်ချောင်း ပေါ်လာပြီး ဓားမြှောင်ထဲမှ အေးစက်သည့် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပါသည်။

"ငရဲကိုသွားလိုက်တော့..!" အနီရောင်ဝတ် အမျိုးသမီး၏ အမူအရာသည် ချက်ချင်း အေးစက်သွားကာ သူမ၏ မျက်လုံးများသည် ရက်စက်ခြင်းများဖြင့် ပြည့်နှက်နေသည်။

ထိုအမူအရာကို မြင်တော့ ချင်ယွင်က မထီမဲ့မြင်ပြုဟန် အပြုံးကို ထုတ်ဖော်လိုက်ပါ သည်။

"မင်း ငါ့ကို သတ်​နိုင်​မယ်​လို့ တကယ်​ထင်နေတာ​လား" ချင်ယွင်သည် ရုတ်တရက် ရယ်မောလိုက်သည်။

"အယ်?" အနီရောင်ဝတ် အမျိုးသမီးသည် ခဏတာ အံ့အားသင့်သွားပြီးနောက် သူမ၏ အမူအရာ လုံးဝပြောင်းလဲသွားခဲ့သည်။

အရိပ်တစ်ခုသည် အမျိုးသမီး၏ဘေးတွင် သရဲတစ္ဆေတစ်ကောင်အလား တိတ်တဆိတ် ပေါ်လာပြီးနောက် ချင်ယွင်ကိုယ်ပွား၏ နှလုံးထဲသို့ ထိုးဖောက်ဝင်ရောက်လာသော ဓားမြှောင်သည် တစ်လက်မမှ မထိုးဖောက်နိုင်တော့ပေ။

နှင်းဖြူရောင် ဓားမြှောင်ကို ဆုပ်ကိုင်ထားသည့် လက်ချောင်းသွယ်သွယ်လေး နှစ်ချောင်းသည် ဓားမြှောင်အပေါ် ကြီးမားသော တောင်ကြီးဖြင့် ဖိနှိပ်ခံထားရသည့် အလား လုံးဝ မလှုပ်ရှားနိုင်တော့သည်ကို သူမ တွေ့လိုက်ရလေသည်။

အနီရောင်ဝတ် အမျိုးသမီးကို ပို၍ပင် အံ့သြသွားစေသည်က ရုတ်တရက် ထွက်ပေါ်လာ သည့် တစ္ဆေသရဲဆန်ဆန် ပုံရိပ်သည် သူမကိုယ်တိုင် လုပ်ကြံသတ်ဖြတ်ချင်နေသည့် ချင်ယွင်နှင့် အတိအကျ တူနေခြင်းဖြစ်ပါသည်။ သူတို့၏ မျက်နှာပေါ်မှ မထီမဲ့မြင်ပြု ဟန် အပြုံးသည်ပင် တူညီသောပုံစံအတိုင်း ထွင်းထုထားသလိုပင် ဖြစ်နေပါသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" အနီရောင်ဝတ် အမျိုးသမီး၏ အမူအရာ သိသိ သာသာ ပြောင်းလဲသွားပါသည်။ ပြင်းထန်သော အကျပ်အတည်းကြီးတစ်ခုက သူမ၏ နှလုံးသားထဲသို့ တိုးဝင်လာသည်။ သူမသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ သူမလက်ထဲက ဓားမြှောင်ကို ပစ်ချလိုက်ပြီး အလျင်အမြန် ပြန်ဆုတ်သွားလိုက်သည်။

သို့သော် သူမသည် အလျင်အမြန် ပြန်ဆုတ်သွားသည်ဟု သူမထင်ထားသော်လည်း တစ္ဆေသရဲလိုရုပ်အသွင်သည် တစ္ဆေသရဲတစ်ကောင်လို သူမ၏နောက်သို့ လိုက်ပါ သွားခဲ့ပါသည်။ ချင်ယွင်နှင့်တူသော မျက်နှာတစ်ခုသည် သူမ၏ရှေ့တွင် ရှိနေခဲ့ပြီး သူမ၏မျက်နှာပေါ်ရှိ အပြုံးသည် သူမကို ပို၍ပင် အေးစိမ့်သွားစေခဲ့ပါသည်။

"အစ်မကြီး၊ အစ်မကြီးက စိတ်ပိုင်းဆိုင်ရာ နာကျင်မူတစ်ခုခုကို ခံစားရလို့များလား?" ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် အနီရောင်ဝတ် အမျိုးသမီး၏နားအနားတွင် ကပ်ကာ အေးစက်စွာ ရယ်မောလိုက်သည်။

အနီရောင်ဝတ် အမျိုးသမီးက ထိုစကားက မည်သည့်အရာကို ဆိုလိုမှန်း အစတုန်းက နားမလည်ခဲ့ပါဘူး။ ထို့နောက် 'ဖတ်' အသံနှင့်အတူ သူမ၏ သူငယ်အိမ်များသည် ချက်ခြင်းပင် မှိန်းစက်သွားခဲ့ပြီး သူမ၏နှလုံးတိုင် ထိုးဖောက်လာသည့် နာကျင်မူ ဝေဒနာတစ်ခုက သူ၏ဦးနှောက်ထဲသို့ တိုးဝင်လာပါသည်။

"ကောင်းပါ..... ဘယ်လောက်တောင် မြန်လိုက်လဲ။" ဤသည်မှာ အနီရောင်ဝတ် အမျိုးသမီး၏ နှလုံးသားထဲတွင် နောက်ဆုံးအတွေး ဖြစ်ပြီး သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး သည် မြေပြင်ပေါ်သို့ ပြိုလဲကျသွားပါသည်။

ချင်ယွင်၏မူလခန္ဓာကိုယ်သည် အေးစက်သော အပြုံးဖြင့် လေထဲတွင် ရပ်နေပါသည်။ သူသည် လဲကျသွားသော အနီရောင်ဝတ် အမျိုးသမီးကို လှည့်ပင်မကြည့်တော့ပေ။ ယင်းအစား သူသည် အဝေးမှာရှိနေသည့် ယောင်လင်းခေါင်ကို စိုက်ကြည့်နေသည်။ သူ၏အကြည့်တွေက ရေခဲလို အေးစက်နေ၏။

ဤအခိုက်အတန့်တွင်၊ ယောင်လင်းခေါင်၏ နတ်ဆိုးမျက်လုံး တစ်စုံသည်လည်း မကြုံစဖူး အေးစက်စက်အလင်းနှင့်အတူ ပေါက်ကွဲထွက်လာပြီး ချင်ယွင်အားစိုက်ကြည့် နေ၏။

All Chapters