← Chapters

အခန်း ၆၁၂

Vol. 41 Ch. 612

အခန်း ၆၁၂

Vol. 41 Ch. 612

အခန်း (၆၁၂) နတ်ဆိုးနတ်ဘုရားနှင့် ကောင်းကင်ယံသို့ပျံတက်သွားအောင် တိုက်ခိုက် ခြင်း။

ပတ်ဝန်းကျင်ရှိ အငွေ့အသက်သည် အလွန်တရာ တည်ငြိမ်လာနေပါသည်။ ပတ်ဝန်းကျင် လေထုသည် အလွန်တင်းမာနေပုံရပြီး လူများကို အသက်ရှူ ကြပ်သွားစေသည်။

အထူးသဖြင့် အနီရောင်ဝတ် အမျိုးသမီး ပြိုလဲကျသွားသည့်အခါ လူတိုင်းက သူတို့၏ နှလုံးသားတွေ တုန်လှုပ်သွားသလို ခံစားလိုက်ရပါသည်။

ရန်ယုဖန်းသည် သူ၏မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားရပါသည်။ နောက်ဆုံးအကြိမ်တုန်းက အကယ်၍ သူသာ ချင်ယွင်ကို မကယ်တင်ခဲ့ပါက ချင်ယွင်သည် အနီရောင်ဝတ် အမျိုးသမီး၏ လက်ထဲမှာ သေဆုံးသွားလုနီးပါး ဖြစ်နေ လိမ့်မည်။

အနီရောင်ဝတ် အမျိုးသမီးသည် ချင်ယွင်ကို ပြန်တွေ့သည်မှာ တစ်လတောင် မပြည့်သေးသော်လည်း သူမသည် တုံ့ပြန်ရန်ပင် ခွန်အားမရှိတော့ပါဘူး။ ထိုပုံစံမျိုးဖြင့်၊ ချင်ယွင်သည် သူမ၏နှလုံးသားကို အကြင်နာကင်းမဲ့စွာ ထိုးဖောက်လိုက်သည်။ ဤအရာကြီးက အလွန်ကြီးမားလွန်းသည့် ဆန့်ကျင်ဘက်ဖြစ်ရပ်မျိုး ဖြစ်မနေဘူး လား?

ရန်ယုဖန်းသည် အဝေးမှ လေထဲတွင် လွင့်မျောနေသော ချင်ယွင်ကို လှမ်းကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသည့် အမူအရာဖြင့် ကြည့်နေလေသည်။

ချင်ယွင်၏ ကျင့်ကြံမူအဆင့်သည် အပေါ်ယံမျက်နှာပြင်ပေါ်တွင် ပြောင်းလဲခြင်း မရှိသော်လည်း၊ ချင်ယွင်သည် လွန်ခဲ့သော တစ်လခန့်က သူမြင်ဖူးခဲ့သည့် အချိန်က ထက် ပိုမိုအားကောင်းလာသည်ဟု ရန်ယုဖန်း ခံစားရပြီး သူ၏ အသွင်အပြင်က ပို၍ပင် ရက်စက် ကြမ်းကြုတ်လာခဲ့သည်။

ချင်ယွင်က ဂုဏ်ယူစွာ မတ်တပ်ရပ်နေပြီး ယောင်လင်းခေါင်ကို ကြည့်လိုက်လေသည်။

"မင်းက ကိုယ်ပွားနည်းပညာရပ်ကို တကယ် အသုံးပြုနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့် ထားဘူး။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဒါက မင်းရဲ့ ခန္ဓာကိုယ် အစစ်အမှန်ပဲ မဟုတ်လား။" ယောင်လင်းခေါင်၏ နတ်ဆိုးမျက်လုံးတစ်စုံသည် တောက်ပသော အလင်းရောင်များဖြင့် ပွင့်လန်းလာခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ အဆုံးမရှိသော အငွေ့အသက်များ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ယင်းက အစွမ်းထက်လွန်းသဖြင့် မြင်ရသူများ၏ စိတ်နှလုံးတွေကို တုန်လှုပ်သွားစေပါသည်။

"မှန်ပါတယ်၊ ဒါ ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်ပဲ၊ ဘာလဲ၊ မင်း ကြောက်သွားပြီလား?" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ပြုံးနေဟန်အဖြစ် တွန့်ကွေးသွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ပြင်းထန်သော စွမ်းအင်များက သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းစီးဆင်းသွားကာ သူ၏အရေပြားက ခရမ်းရောင်အလင်းတောက်တောက် နက်ရှိုင်းစွာ ထွက်ပေါ်လာသည်။ ဤနက်မှောင်သော ခရမ်းရောင်အလင်းတွင်၊ ၎င်းနှင့် ရောစပ်နေသော စိမ်းပြာရောင် အရိပ်အယောင်များလည်း အမှန်တကယ် ရှိနေပါသည်။

'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်၏ ပထမအဆင့်သည် ရွှေရောင် ဖြစ်ပြီး၊ ဒုတိယအဆင့်မှာ အနီရောင်ဖြစ်ကာ၊ တတိယအဆင့်ကတော့ ခရမ်းရောင် ဖြစ်ပါသည်။ စတုတ္ထအဆင့်သည် စိမ်းပြာရောင် ဖြစ်ပါသည်။

ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် တတိယအဆင့်ဖြစ်သော ကြယ်ဖမ်ခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်များသည် အချိန်ကြာမြင့်စွာကတည်းက ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွား ခဲ့သည်။ ယခုအချိန်တွင် သူသည် ကြယ်ဖမ်းခြင်းနယ်ပယ်မှ စတုထ္ထအဆင့်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။

ဤခြေလှမ်းအကွာအဝေးသည် တက်လှမ်းရန် မလွယ်ကူသော်လည်း၊ ချင်ယွင်၏ လက်ရှိ ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့်၊ ချင်ယွင်သည် ဤသေမျိုးကမ္ဘာတွင် မည်သူမျှ သူ့ကို မယှဉ်နိုင်တော့သည်မှာ သေချာပါသည်။

'"ကြောက်ရမှာလား?" ငါယောင်လင်းခေါင်က ​​ငါ့ဘ၀မှာ "ကြောက်တယ်" ဆိုတဲ့ စကားလုံးကို တစ်ခါမှ မခံစားဖူးဘူး။ အနီးရောင်မီးလျှံမြေခွေးကို သတ်လိုက်ရုံနဲ့ မင်းက ငါ့ကို ဆန့်ကျင်နိုင်မယ် မထင်နဲ့။ ငါ မင်းကို ပြောပြမယ် ငါယောင်လင်းခေါင်ရဲ့ ခွန်အားက မင်းတို့လို ပုရွက်ဆိတ်တွေ စိတ်ကူးမယဉ်နိုင်တဲ့ အရာမျိုးပဲ။ တကယ်လို့ မင်း ငါ့ကို ဆန့်ကျင်ရင် မင်း သေရုံပဲ ရှိလိမ့်မယ်။" ယောင်လင်းခေါင်၏ လေသံက အထင်သေး ရှုတ်ချဟန်များဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်ကို ပြန်ကြည့်လာရင်း သူ၏ အကြည့်တွေက သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် စွန်းထင်းနေပြီ ဖြစ်ပါသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်တွေက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေပြီ ဖြစ်ပါသည်။

"ဒါဆိုလည်း မင်းရဲ့ အစွမ်းက မင်းပြောသလို ကြောက်စရာကောင်းလား ငါသိချင် တယ်။" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားသလို သူ၏ မျက်လုံးတွေက အေးစက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် မိုးခြိမ်းသံ တစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီး နဂါးငွေ့တန်းကဲ့သို့ ထွက်ခွာသွားသည်။ တခဏအတွင်းမှာပင် သူသည် ယောင်လင်းခေါင်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပါသည်။ သူသည် မည်သည့် ထူးခြားဆန်းကြယ်သော လှုပ်ရှားမှုမျိုးမှ မရှိဘဲ ယောင်လင်းခေါင် ဆီသို့ တိုက်ရိုက် ထိုးနှက်လိုက်လေသည်။

ထိုလက်သီးတွင် စိတ်ကူးယဉ်ဆန်ဆန်လှပသည့် မည့်သည့် အစစ်အမှန် အနှစ်သာရမှ မပါရှိသော်လည်း ၎င်းသည် ကောင်းကင်ဘုံကိုဖျက်ဆီးကာ မြေကြီးကို ဖြိုခွဲနိုင်သော စွမ်းအားကို သယ်ဆောင်လာသည်။ လက်သီးချက်ကြောင့် ကောင်းကင်နှင့်မြေကြီးပင် တုန်ခါသွားကာ လေဟာနယ်ပင် ဖြိုခွဲတော့မည်။

ယောင်လင်းခေါင်၏ ထူးဆန်းသော မျက်လုံးများမှ ခုနစ်ရောင်ခြယ် အလင်းအမှုန်အမွှား က ဝင်းလက်တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် သူ၏ အငွေ့အသက်တွေ ထွက်ပေါ်လာပြီး သူ၏ကြောက်စရာကောင်းသော အစစ် အမှန် အနှစ်သာရတွေအားလုံးက ချက်ခြင်းပင် သူ၏လက်သီးတွေဆီ ရောက်ရှိလာပါ သည်။

ထိုလက်သီးချက်သည် ချင်ယွင်၏ လက်သီးနှင့် အပြင်းအထန် ထိပ်တိုက်ဆုံသွားသည်။

"ဘုန်း…!"

မြေပြင်တစ်ခုလုံးသည် ချက်ချင်း လုံးဝ ပျက်ဆီးသွားခဲ့ပြီး ဆယ်ကီလိုမီတာ အကွာ အဝေးအတွင်းရှိ အဆောက်အအုံများအားလုံးသည် ပြာများအဖြစ်သို့ ပြောင်းလဲသွား လေသည်။ ဖုန်မှုန့်များသည် မိုးကုပ်စက်ဝိုင်းကို ဖြတ်ကာ လွှင့်ထုတ်သွားကြပြီး ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲတုန်ခါသံသည် ကမ္ဘာကြီး၏ အဆုံးသတ် ကဲ့သို့ ထွက်ပေါ်လာပါသည်။

ရန်ကျန်းထျန် နှင့် တစ္ဆေပါရမီရှင် သိုင်းဧကရာဇ်တို့သည် ကြောက်မက်ဖွယ်ကောင်း သော စွမ်းအင်ရိုက်ခတ်မှုကြောင့် လွင့်ပျံသွားကြသည်။ အကယ်၍ ရန်ယုဖန်းသာ အချိန်မီ မတုံ့ပြန်နိုင်ဘဲ သူတို့ကို ကာကွယ်ပေးရန် သူ၏ အစစ်အမှန် အနှစ်သာရကို စုစည်းမထားပါက ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ရိုက်ခတ်မှုကြောင့် သူတို့သည် ပြာများအဖြစ်သို့ ကြေမွသွားပေလိမ့်မည်။

ရန်ကျန်းထျန်သည် လေထဲတွင် ဆယ်မိုင်အကွာတွင် ရပ်နေကာ ကြီးမားသော မီးတောင်ပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့် နန်းတော်ကြီးကို ကြည့်လိုက် လေသည်။ သူ၏မျက်လုံးများသည် တုန်လှုပ်ချောက်ချားမှုများနှင့် ပြည့်နှက်နေသည်။

ကံကောင်းထောက်မစွာ၊ ဤနန်းတော်သည် အင်ပါယာနန်းတော်နှင့် အတော်လေး ဝေးကွာပါသည်။ ဤနန်းတော်အတွင်း၌ အိမ်ဖော်များနှင့် မိန်းမစိုးများ အလွန်နည်းပါး သည်။ ယခင်လှုပ်ရှားမှုကတည်းက ထိုနန်းတော်မှ အိမ်ဖော်များနှင့် မိန်းမစိုးများကို ဤနေရာမှ ထွက်ခွာသွားစေခဲ့သည်။ ဒီလိုမှမဟုတ်ရင် ဤတိုက်ခိုက်မူ၏ နောက်ဆက် တွဲရလာဒ်က လူပေါင်းများစွာကို သေစေပါလိမ့်မည်။

ဟုတ်ပါသည် တုန်လှုပ်ခြောက်ခြားရဆုံးလူကတော့ ရန်ယုဖန်းကိုယ်တိုင် ဖြစ်ပါသည်။ အဘယ့်ကြောင့်လဲဆိုသော် သူသာလျှင် ဤလူနှစ်ယောက်၏ လက်သီးချက်တွေက မည်မျှထိ ကြောက်စရာကောင်းလဲဆိုသည်ကို အမှန်တကယ် ခံစားနိုင်သူ ဖြစ်လို့ပါပဲ။

အကယ်၍ သူကိုယ်တိုင်သာ ဖြစ်​ခဲ့မည်ဆိုလျှင်၊ သူသည်​ ဤလက်သီးချက်ကို အသက်ရှင်လျက် ​ကျော်​ဖြတ်​နိုင်​မည့် နည်းလမ်း မရှိ​သေးပါဘူး။

သူတို့နှစ်ယောက်၏ ယခုလေးတင် တိုက်ခိုက်မှုသည် မည်မျှ ထိတ်လန့်စရာကောင်း သည်ကို တွေးကြည့်နိုင်ပါသည်။

"ဘုန်း…..!"

ချင်ယွင် နှင့် ယောင်လင်းခေါင်တို့၏ ပုံရိပ်အသွင်အပြင်များသည် လေထဲတွင် လွင့်ပျံ သွားကြသည်။

သူတို့နှစ်ယောက် အပြင်းအထန် ထိပ်တိုက်ဆုံမိတိုင်း ဆုံမိတိုင်း ကောင်းကင်ကြီးသည် တုန်ခါပြီး ကမ္ဘာမြေကြီးကွဲအက်သံတွေ ထွက်ပေါ်လာနေကာ အင်ပါယာမြို့တော် တစ်ခုလုံး တုန်ခါနေသည်။ ကောင်းကင်ယံက မည်းမှောင်နေပြီး မြေကြီးလည်း တသိမ့်သိမ့်တုန်ခါနေပါသည်။

အင်ပါယာမြို့သူမြို့သားများသည် အလွန်ထိတ်လန့်နေကြပြီး သူတို့အားလုံးသည် သူတို့ အိမ်ထဲတွင် ပုန်းနေကြရသည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲ အဆင့်သည် သူတို့၏ အသိဉာဏ်ကို ကျော်လွန်နေပြီ ဖြစ်သည်။

"ဘုန်း…..!"

ထိုအချိန်တွင် ချင်ယွင်သည် ယောင်လင်းခေါင်၏ အားနည်းချက်တစ်ခုကို ဖမ်းဆုပ်ကာ ရင်ဘတ်ကို လက်ဖြင့် ထိုးလိုက်သည်။

ယောင်လင်းခေါင်၏ ရင်ဘတ်သည် အဝေးမှ လေပြင်းတစ်ချက် ရိုတ်ခတ်လိုက်သလို ချက်ချင်း ခံစားလိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကောင်းကင်ယံမှ ပြိုကျလာသော ဧရာမတောင်ကြီးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။

မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခု ချက်ချင်း ဖန်တီးဖြစ်ပေါ်လာခဲ့သည်။ ယောင်လင်းခေါင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေ၏။ သူ၏ ရင်ဘတ်ရှိ နံရိုးများစွာသည် ကျိုးပဲ့သွားပြီး သူ၏ပါးစပ်ထောင့်မှ သွေးများ စီးထွက်နေသည်။ ယောင်လင်းခေါင်၏ မျက်လုံးများသည် အဆုံးမဲ့ ဒေါသများဖြင့် ပြည့်နှက်နေသည်။

"ငါ မင်းကို သတ်မယ်။" ယောင်လင်းခေါင်သည် ကောင်းကင်ယံသို့ မော့ကာ ဟိန်းဟောက်လိုက်ပြီး သူ၏၀တ်ရုံများသည် မိုးခြိမ်းသံကဲ့သို့ တဖျတ်ဖျတ် လွင့်နေ သည်။

"မင်းမှာ အခွင့်အရေး မရှိတော့ဘူး"

သို့သော် ထိုအခိုက်အတန့်တွင်၊ ချင်ယွင်၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ် သည် ဧရာမကျောက်တုံးကြီးတစ်ခုကဲ့သို့ ယောင်လင်းခေါင်ဆီသို့ ထိုးဖောက် ဝင်ရောက် သွားပြီး သံမဏိကဲ့သို့ ဒူးများက ယောင်လင်းခေါင်၏ ဝမ်းဗိုက်ထဲသို့ ပြိုကျသွား လေသည်။

ယောင်လင်းခေါင်သည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး သူ၏ မျက်လုံးများသည် ချက်ချင်းပင် သွေးများဖုံးလွှမ်းသွားကာ သူ၏ဝမ်းဗိုက်အိမ်သည်ပင် ပေါက်ထွက်လုနီးပါး ဖြစ်နေပါသည်။

ကိုယ့်ပြိုင်ဘက် ဒဏ်ရာရသွားသည့်အပေါ် အခွင့်ကောင်းယူပြီး သတ်ဖြတ်ခြင်းသည် ချင်ယွင်၏ တိုက်ခိုက်ရေးမူ ဖြစ်ပါသည်။

"ဘုန်း…..!"

ကောင်းကင်ယံပင် ကွဲအက်သွားလောက်သည့် နောက်ထပ် လက်သီးတစ်ချက်က ယောင်လင်းခေါင်၏ ရင်ဘတ်ပေါ်သို့ အခိုင်အမာ ကျရောက်လာပြန်ပါသည်။ ယောင်လင်းခေါင်၏ ပတ်ပတ်လည်ရှိ မြေပြင်သည် ချက်ချင်းပင် ပြိုကျသွားကာ ကြီးမားသော မီးတောင်တွင်းနက်ပေါက်ကြီးတစ်ခု ဖြစ်လာပါသည်။ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများသည်လည်း ပင့်ကူမျှင်များကဲ့သို့ ပျံ့နှံ့သွား၏။

"ပြောစမ်း၊ အစ်မဇီနဲ့ တခြားသူတွေ ဘယ်မှာလဲ" ချင်ယွင်သည် ယောင်လင်းခေါင်၏ ကော်လာကို ဆုပ်ကိုင်လိုက်ပြီး ဒေါသတကြီး အော်မေးလိုက်သည်။

ထိုအချိန်တွင်၊ ယောင်လင်းခေါင်၏ ပါးစပ်သည် သွေးများဖြင့် ပြည့်နေပြီး၊ ချင်ယွင်ကို ကြည့်သည့် သူ၏အကြည့်များက အဆုံးမရှိသော ဒေါသများဖြင့် ပြည့်နှက်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်က သူ၏ခန္ဓာကိုယ်ပေါ်တွင် စုရုံးလာ ပြီး သူ၏ခန္ဓာကိုယ်အတွင်း အကန့်အသတ်မဲ့ စွမ်းအားတစ်ခု တဟုန်ထိုး မြင့်တက် လာပါသည်။

"အား…..။ ငါ မင်းကို သေစေချင်တယ် !" ယောင်လင်းခေါင်က ကောင်းကင်သို့ မော့ကာ ဟိန်းဟောက်လိုက်သည်။

သူ၏မျက်လုံးများသည် ရုတ်တရက် ဝင်းလက်တောက်ပလာပြီး အနှိုင်းမဲ့လင်းလက် နေသည့် ပြိုးပြိုးပြက်ပြက် အလင်းရောင်တစ်ခုက ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက တဟုန်ထိုး မြင့်တက်လာနေသည်။ မူလက ချင်ယွင်ကြောင့် ရရှိထားသော ကျိုးပဲ့နေသည့် နံရိုးများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် အမှန်တကယ် ပျောက်ကင်းသွားခဲ့ပါသည်။

"မကောင်းတော့ဘူး….!"

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပါသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ နောက်သို့ အမြန် ပြန်ဆုတ်သွားပါသည်။

"သေလိုက်တော့…!"

ယောင်လင်းခေါင်သည် စကားတစ်ခွန်းကို အံကြိတ်ကာ ထုတ်ပြောလိုက်ပြီး အဆုံးမဲ့ သတ်ဖြတ်လိုသည့်ဆန္ဒတစ်ခုက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ယောင်လင်းခေါင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တယ်လီပို့လိုက်သကဲ့သို ချက်ချင်းပင် ပစ်လွှတ်လာခဲ့ပြီး ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

"ဘယ်​လိုလုပ် ဒီလောက်မြန်​နိုင်​မှာလဲ!" ချင်ယွင်၏အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားပြန်သည်။

ဤယောင်လင်းခေါင်၏ အမြန်နှုန်းသည် အရင်ကထက် နှစ်ဆ ပိုမြန်လာပါသည်။

"သတ် !"

ယောင်လင်းခေါင်၏အသံသည် နှစ်ထောင်သောင်းမက သက်တမ်းရှိသည့် သိမ်မွေ့ နက်နဲ ရေခဲတုံးကဲ့သို့ အေးစက်နေသည်။ ထို့နောက်တွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ရာ စွမ်းအားများပါရှိသော သူ၏လက်သီးက မည်သည့်အကာကွယ်မှ မထားတော့ဘဲ ချင်ယွင်အား ပြောင်ပြောင်တင်းတင်း တရစပ် တိုက်ခိုက်လေတော့သည်။

ချင်ယွင်သည် ထိုလက်သီးချက်ကို ဟန့်တားရန်အတွက် သူ၏လက်သီးကို အလျင်စလို ပစ်လွှတ်လိုက်သော်လည်း ယောင်လင်းခေါင်၏လက်သီးမှ ထွက်ပေါ်လာသော စွမ်းအားက လုံးဝကို တုန်လှုပ်စရာ ကောင်းနေပါသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အထိန်းအကွပ်မရှိဘဲ နောက်ပြန် ဆုတ်သွားရကာ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျလာပါသည်။

All Chapters