အခန်း ၆၁၄
Vol. 41 Ch. 614
အခန်း (၆၁၄) မွေးရာပါနတ်ဘုရားစွမ်းရည်။
"ဖယောင်းနဂါးမျက်လုံးလား...?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
ယောင်လင်းခေါင်၏ တတိယမြောက် ဒေါင်လိုက်မျက်လုံးကို ကြည့်ရင်း ချင်ယွင်သည် ရုတ်တရက် သဘောပေါက်သွားသည်။
နောက်ဆုံးတော့ ယောင်လင်းခေါင်၏ ပုံစံအစစ်အမှန်က ဘာလဲဆိုသည်ကို သူသိသွား ပါသည်။
"မျက်လုံးသုံးလုံး ကျူထျန်းကျောက်!"
ချင်ယွင်၏ စိတ်ထဲမှ စကားလုံးငါးလုံး ထွက်ပေါ်လာပြီး သူ၏မျက်နှာတွင် အလွန်အံ့အားသင့်နေသည့် အမူအရာတစ်ခု ပေါ်လာပါသည်။
မျက်လုံးသုံးလုံး ကျူထျန်းကျောက်သည် အလွန်ရှားပါးပြီး အစွမ်းထက်သော နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် သူသည် အစစ်အမှန် နဂါးများပြီးလျှင် ဒုတိယမြောက် အစွမ်းထက်ဆုံး နတ်ဆိုးသားရဲ ကျူလုံ (ဖယောင်းနဂါး)မှ ဆင်းသက်လာသူ ဖြစ်ပါသည်။
အင်မော်တယ်ကမ္ဘာတွင်၊ နဂါးမျိုးနွယ်စုသည် တင်းကျပ်သော မျိုးရိုးအဆင့်တန်းကို သတ်မှတ်ထားကြပါသည်။
ဖယောင်းနဂါးသည် နဂါးမျိုးနွယ်၏ သွေးမျိုးဆက်များထဲတွင် အသန်မာဆုံးနှင့် အမွန်မြတ်ဆုံး နဂါးအမျိုးအစား အင်မော်တယ်သားရဲများ ဖြစ်ကြပါသည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ကီလိုမီတာ ထောင်ပေါင်းများစွာ ဆန့်တန်းနိုင်ပါသည်။ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးတစ်စုံရှိပြီး အနှိုင်းမဲ့ အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်ထားပါသည်။ သူတို့၏ မျက်လုံးကို ဖွင့်လိုက်သည်နှင့် နေ့အလား ထင်မှတ်ရပြီး မျက်လုံးမှိတ်ထားချိန်မှာလည်း ညဥ့်နှင့် အလားတူပါသည်။ ၎င်း၏ စွမ်းအားသည် ကြီးမားလှသည်။
ဖယောင်းနဂါး၏မျက်လုံးသည် သူ့ခွန်အား၏ အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ဖယောင်းနဂါး၏ မျက်လုံးတစ်လုံးစီတိုင်းတွင် အစွမ်းထက်သော စွမ်းအားများ ပါရှိပြီး ၎င်းတွင် အစွမ်းထက်သော မွေးရာပါစွမ်းရည်များလည်း ပါရှိနေပါသည်။ ထို့အပြင်၊ ၎င်းကို ပြုပြင်၍လည်း မရပါချေ။
ချင်ယွင်သည် နဂါးမျိုးနွယ်တွင် တန်ခိုးကြီးသော ဖယောင်းနဂါးတစ်ကောင်ရှိသည်ဟု သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ် ချင်ဟန်ပြောသည်ကို တစ်ကြိမ် ကြားခဲ့ဖူး သည်။ ထိုဖယောင်းနဂါးမျက်လုံး၏ မွေးရာပါစွမ်းရည်က အချိန်ကို အချိန်တိုအတွင်း ရပ်တန့်သွားအောင် လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။
အချိန်ကို ရပ်တန့်ခြင်း။ ယင်းသည်ပင် ကောင်းကင်ဘုံကို အံတုနိုင်သော အရည်အချင်း တစ်ခု ဖြစ်နေပါသည်။
ရန်သူများနှင့် ရင်ဆိုင်ရသောအခါတွင်၊ သူသည် အရေးကြီးသော အခိုက်အတန့်တွင် ဖယောင်းနဂါးမျက်လုံး၏ မွေးရာပါစွမ်းရည်ကို အသုံးပြုထားသရွေ့၊ ၎င်းသည် မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများ ရှိလာပါလိမ့်မည်။
မျက်လုံးသုံးလုံး ကျူထျန်းကျောက်သည် ဖယောင်းနဂါးနှင့် မျက်လုံးသုံးလုံး အဖြူရောင် နဂါးမှ ဆင်းသက်လာသူ ဖြစ်ပါသည်။ သူ၏သွေးမျိုးဆက်စွမ်းအားသည် ဖယောင်းနဂါး လောက်မသန်မာသော်လည်း ၎င်းသည် ဖယောင်းနဂါး၏ ကြောက်မက်ဖွယ်ကောင်း သော မျက်လုံးစွမ်းအားကို အမွေဆက်ခံထားဆဲပြီး၊ သူ၏မျက်လုံးတစ်စုံသည် အားကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပါသည်။
ယခုလေးတင်၊ ယောင်လင်းခေါင်၏ ခွန်အားက သိသိသာသာ တိုးလာပါသည်။ သူသည် သူ၏မျက်လုံးတစ်စုံဖြင့် သူ့အပေါ်နှင်းအပ်ထားသော သူငယ်အိမ်တွေ၏ စွမ်းအားကို အသုံးပြုခဲ့သည်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
ဟုတ်ပါသည်၊ မျက်လုံးသုံးလုံး ကျူထျန်းကျောက်ဟူသော အမည်သည် သူ၏မျက်လုံး တစ်စုံကြောင့် ရရှိလာခြင်းမဟုတ်ဘဲ သူ၏ တတိယမြောက် ဒေါင်လိုက်မျက်လုံးကြောင့် ရရှိလာခြင်း ဖြစ်ပါသည်။
ဒဏ္ဍာရီအရဆိုလျှင်၊ ထိုမျက်လုံးက ပို၍ပင် ကြီးမားသည့် စွမ်းအားကို ပိုင်ဆိုင်ထားသည် ဟု ဆိုကြပါသည်။ ၎င်းသည် မျက်လုံးသုံးလုံး ကျူထျန်းကျောက်ကို ကြီးကြီးမားမား စွမ်းအား ထောက်ပံ့ပေးနိုင်ရုံသာမက ဖယောင်းနဂါးကဲ့သို့ ကြောက်စရာကောင်းသော သွေးမျိုးဆက်စွမ်းအားကိုလည်း ပိုင်ဆိုင်နိုင်မည် ဖြစ်ပါသည်။
သူ၏စွမ်းအားသည် အစစ်အမှန် ဖယောင်းနဂါး၏မျက်လုံးထက် အနည်းငယ် နိမ့်ကျသော်လည်း၊ သူ၏ ဤစွမ်းရည်တစ်ခုတည်းကပင် နတ်ဆိုးသားရဲများ ကြားမှာ လူအုပ်ကြီး၏ သူရဲကောင်းများအပေါ် အထင်ကြီးလေးစား ခံရစေရန် လုံလောက် ပါသည်။
ကောင်းကင်နှင့်မြေကြီးကို ဝါးမြိုနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားသော ရှောင်ဘိုင်နှင့် ကောင်းကင်နှင့်မြေကြီးတစ်လက်မစွမ်းရည်တို့ကို ပိုင်ဆိုင်ထားသော ရှောင်ကျင်း တို့ သည် သူတို့၏ စွမ်းရည်ကို အသုံးပြုပြီးသည်နှင့် သူတို့၏အဆင့်ကို အလွယ်တကူ ကျော်တက်သွားနိုင်ကြမှာ ဖြစ်ပြီး၊ တန်ပြန်တိုက်ခိုက်ကာ သူတို့၏ ထက်မြက်သော အင်အားကို ပြသနိုင်ပါလိမ့်မည်။
ချင်ယွင်သည် ယောင်လင်းခေါင်၏ ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပနေသော အလင်းရောင်ကို ထုတ်လွှတ်နေသည့် တတိယမြောက် ဒေါင်လိုက်မျက်လုံးကို သူ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာနှင့်အတူ ကြည့်လိုက်ပါသည်။
ဤယောင်လင်းခေါင်သည် မည်သို့သော စွမ်းရည်မျိုး ပိုင်ဆိုင်ထားသည်ကို သူ မသိသေးသောကြောင့် နောက်တိုက်ပွဲများတွင် သတိထားရမည် ဖြစ်ပါသည်။
"မင်းက ငါ့ကိုယ်ခန္ဓာ အစစ်အမှန်ကို ထိုးဖောက်မြင်နိုင်ပုံရတယ်။ ဒါဆို ငါ့ရဲ့ မွေးရာပါ စွမ်းရည်က ဘာလဲဆိုတာ ခန့်မှန်းကြည့်စမ်းပါဦး" ယောင်လင်းခေါင်သည် လေဟာနယ် ထဲတွင် ရပ်နေရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းများသည် အေးစက်သော အပြုံးတစ်ခု အဖြစ်သို့ တွန့်ကွေးသွားကာ သူ၏အဝတ်အစားများက မိုးခြိမ်းသံကဲ့သို့ တဖျတ်ဖျတ် ခတ်နေပါသည်။
ချင်ယွင်သည် ယောင်လင်းခေါင်၏မေးခွန်းကို ပြန်မဖြေပါ။ ယင်းအစား သူက ယောင်လင်းခေါင်ကို သူ၏မျက်လုံးတွေဖြင့် စိုက်ကြည့်နေပါသည်။
ယောင်လင်းခေါင်၏ ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်သရော်ဟန်က ပို၍ပင် ထင်ရှားလာပါသည်။ ယခုအချိန်တွင် သူ၏တတိယမျက်လုံးမှ ထုတ်လွှတ်သော ထူးဆန်းသောပုံစံများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေပြီ ဖြစ်ပါသည်။ ထိုပုံစံများသည် မီးကဲ့သို့ နီရဲနေပြီး မီးတောက်နေသကဲ့သို့ ဖြစ်နေပါသည်။
ကြီးမားသော စွမ်းအင်ပမာဏသည် သွေးပြန်ကြောများမှ ထုတ်လွှတ်နေပြီး သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။
ထိုစွမ်းအားများ တိုးဝင်လာသည်နှင့်အမျှ သူ၏ခန္ဓာကိုယ်ရှိ အရိုးများသည် တဖျစ်ဖျစ် အက်ကွဲသံများ ထွက်လာပေါ်ပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မူက ဆက်လက်တိုးလာပါ သည်။
"မခန့်မှန်းနိုင်ဘူးလား၊ ဒါဆိုလည်း ဘာလဲဆိုတာ ကြည့်လိုက်ပါဦး" ယောင်လင်းခေါင် က အေးစက်စွာ ရယ်မောလိုက်ပြီးနောက် သူ့၏န္ဓာကိုယ်မှ ထူးဆန်းသော အလင်းရောင် တစ်ခု ထွက်ပေါ်လာသည်။
"ဘန်း….!"
ယောင်လင်းခေါင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးမားကျယ်ပြန့်လာပြီး မီးပုံးပျံတစ်လုံး ပေါက်ကွဲသွားသလို ချက်ချင်းပင် ပိုကြီးမားလာပါသည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထပ်ခါထပ်ခါ မြင့်တက်လာပြီး သူ၏အမြင့်က ချက်ချင်းဆိုသလို ဆယ်ကျန်းအထိ မြင့်မားလာသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ် သည် ဧရာမသတ္တဝါကြီး တစ်ကောင်ကဲ့သို့ လေထဲတွင် ရပ်နေ၏။
ချင်ယွင်၏ ၃ မီတာမြင့်သော ခန္ဓာကိုယ်သည် ယခု ယောင်လင်းခေါင် နှင့် ယှဉ်လျှင် ဘာမှ မဟုတ်တော့ပေ။
"ဒါက ကောင်းကင်နဲ့ မြေကြီး တစ်လက်မလား?"
ချင်ယွင်သည် သူရှိရှေ့တွင်ရှိနေသည့် အရပ်မြင့်မြင့်နှင့် မနှိုင်းယှဉ်နိုင်သော ခန္ဓာကိုယ်ကြီးကို ကြည့်လိုက်ရင်း သူ၏မျက်နှာသည် ချက်ချင်းပင် ဖော်ပြ၍မရသည့် အံ့သြဖွယ် အမူအရာ ပေါ်လာပါသည်။
ကောင်းကင်နှင့်မြေကြီး၏ ဤလက်မသည် ရှောင်ကျင်း၏ မွေးရာပါ နတ်ဘုရား စွမ်းရည် ဖြစ်ပါသည်။ ဤယောင်လင်းခေါင်က ဘယ်လိုလုပ် ပိုင်ဆိုင်ထားရသနည်း?။
ဖြစ်နိုင်သည်မှာ၊ ယောင်လင်းခေါင်၏ မွေးရာပါနတ်ဘုရားစွမ်းရည်ကလည်း ရှောင်ကျင်း နှင့် အတူတူပဲ ဖြစ်နေမလား?။
ဒါပေမယ့် ကောင်းကင်နှင့်မြေကြီး တစ်လက်မစွမ်းရည်သည် အင်မော်တယ် စိန်မျောက်ဝံ၏ ထူးခြားသည့် နတ်ဘုရားစွမ်းရည်တစ်ခု မဟုတ်ဘူးလား?။
"မင်း အရမ်းကို အံ့သြနေပုံပဲ။ စိတ်မပူပါနဲ့၊ မင်း အံ့အားသင့်စရာ နောက်တစ်ခု ရှိသေးတယ်။ အဲဒါက ဘာလဲဆိုတာ ထပ်ကြည့်ရအောင်။" ယောင်လင်းခေါင်သည် ချင်ယွင်၏မျက်နှာပေါ်ရှိ အံ့အားသင့်သော အမူအရာကြောင့် အလွန်ကျေနပ်အားရနေ သည့်အလား အဆုံးမရှိ လှောင်ရယ်နေလေသည်။
သူသည် ပါးစပ်ကိုဖွင့်ပြီး အသက်ပြင်းပြင်း ရှူလိုက်လေသည်။ အင်ပါယာ မြို့တော် အထက် ကောင်းကင်ရှိ ဝိညာဉ်စွမ်းအင်များသည် ကြီးမားသော မုန်တိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် သူ၏ မျိုချမူကို ခံလိုက်ရလေသည်။
"ဒါက ကောင်းကင်နဲ့မြေကြီးကို ဝါးမြိုခြင်း မဟုတ်လား!" ချင်ယွင်၏ မျက်လုံးများက အံ့သြသော အမူအရာတစ်ခုကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။
ဤအခိုက်အတန့်တွင်၊ ဤစွမ်းရည်များသည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များ ဖြစ်ကြောင်း ချင်ယွင် နားလည်သွားခဲ့ပါပြီ။ ယောင်လင်းခေါင် သည် ၎င်းစွမ်းရည်များကို အသုံးပြုနိုင်ရခြင်း၏ အကြောင်းရင်းမှာ သူသည် ရှောင်ဘိုင် နှင့် ရှောင်ကျင်းတို့ကို မျိုချလိုက်ခြင်းကြောင့် ဖြစ်ပါသည်။ ဤအရာသည်ပင် ယောင်လင်းခေါင်၏ မွေးရာပါးနတ်ဘုရားစွမ်းရည်ဟု ဆိုနိုင်ပါသည်။
"ဟား…။ ဟား….။ မင်းနားလည်သွားပြီပဲ။ မှန်ပါတယ်၊ ငါ့ရဲ့ မွေးရာပါနတ်ဘုရား စွမ်းရည်က မွေးရာပါဝါးမျိုးခြင်းပဲ၊" ငါ သူတို့ကို ငါ့ဗိုက်ထဲ မျိုချလိုက်ပြီးနောက် ငါ့ခန္ဓာ ကိုယ်ထဲမှာ အိပ်ခိုင်းထားသရွေ့ ငါက သူတို့ရဲ့ စွမ်းရည်တွေကို အကန့်သတ်မဲ့ အသုံးပြု နိုင်တယ်။ ဒါတင်မကသေးဘူး၊ ငါက သူတို့ရဲ့မှတ်ဉာဏ်တွေကိုတောင် ဖတ်နိုင်ပြီး သူတို့ သိသမျှကိုလည်း ငါသိနိုင်တယ်။ တမျိုးပြောရရင်၊ မင်းမှာ အင်မော်တယ်နန်းတော်ရဲ့ သော့ ရှိနေတယ်ဆိုတာကို ငါသိနေတာနဲ့ပတ်သက်ပြီး မင်း ဘယ်လိုထင်လဲ?။ ငါက ဇီရှန်ရဲ့ မှတ်ဉာဏ်တွေကို ဖတ်ပြီးသွားပြီကွ။" ယောင်လင်းခေါင်က ဟက်ဟက် ပက်ပက် ရယ်မောလိုက်လေသည်။ သူ၏လေသံက အဆုံးမရှိ မောက်မာမှုအပြည့် ရှိနေပြီး၊ သူ၏အကြည့်တွေက ကမ္ဘာကြီးကိုပင် အထင်သေးနေသည့်အလားပင်။
ချင်ယွင်၏ မျက်ခုံးတွေက ချက်ချင်းဆိုသလို နက်ရှိုင်းစွာ တွန့်သွားခဲ့လေပြီ။
နတ်ဘုရားသားရဲများ၏ သွေးမျိုးဆက်များကို ဝါးမျိုးနိုင်သည့် နတ်ဆိုးသားရဲ တစ်ကောင်သည် တစ်ဖက်လူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်များကို ရရှိနိုင်ပြီး တစ်ဖက်လူ၏ မှတ်ဉာဏ်များကိုပါ ဖတ်ရှုနိုင်သည်။ ထို့ကြောင့် ဤမွေးရာပါ စွမ်းရည်သည် အမှန်တကယ်ပင် ကောင်းကင်ဘုံကို အန်တုနေပါပြီ။
အကယ်၍ သူသာ ဤနည်းလမ်းအတိုင်း ဆက်လက်ဝါးမျိုနေပါက၊ သူသည် အနာဂတ်တွင် ထောင်ပေါင်းများစွာသော သူ့ပြိုင်ဘက်များ၏ မွေးရာပါနတ်ဘုရား စွမ်းရည်များကို ပိုင်ဆိုင်နိုင်သူတစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပါလား?။
ယောင်လင်းခေါင်သည် နတ်ဆိုးနတ်ဘုရားအဖြစ် သတ္တိရှိရှိ ကြေငြာဝံ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။ ကောင်းကင်ဘုံကို အန်တုနိုင်သည့် ထိုမွေးရာပါ နတ်ဘုရား စွမ်းရည်သည် နတ်ဆိုးသားရဲအားလုံးကို အထင်မြင်သေးရန် လုံလောက်ပါသည်။ သူသည် နောင်အနာဂတ်တွင် အင်မော်တယ်သားရဲနယ်ပယ်ကို ဖြတ်ကျော်သွားပြီး နောက် နဂါးမျိုးနွယ်၏ ကျွမ်းကျင်ပညာရှင်များကို ရှုံးနိမ့်တော့မည် မဟုတ်ပေ။
အမှန်တကယ်တော့ ချင်ယွင်သည် မှားယွင်းနေပါသေးသည်။ ဤမွေးရာပါနတ်ဘုရား စွမ်းရည်သည် ကြောက်မက်ဖွယ်ကောင်းသော်လည်း၊ သေချာသည့် အကန့်သတ်ချက် တစ်ခု ရှိနေပါသေးသည်။ တစ်နည်းအားဖြင့် ဤမွေးရာပါ နတ်ဘုရားစွမ်းရည်သည် မွေးရာပါနတ်ဘုရားစွမ်းရည် ကိုးမျိုးကိုသာ ဝါးမျိုနိုင်ပါသည်။ အကယ်၍ သူသည် တခြား မွေးရာပါနတ်ဘုရားစွမ်းရည်တွေကို ဝါးမြိုချင်သည်ဆိုလျှင် ပြန်လည် ထွေးထုတ်ရပါမည်။
အမှန်တကယ်ဆိုလျှင်လည်း၊ ဤမွေးရာပါနတ်ဘုရားစွမ်းရည် ကိုးခုသည်ပင် ကောင်းကင်ဘုံကို အံတုနိုင်သော တည်ရှိမှုမျိုး ဖြစ်နေပါပြီ။
ယခုအချိန်တွင်၊ ယောင်လင်းခေါင်သည် ဇီရှန်၊ ရှောင်ဘိုင်၊ ရှောင်ကျင်း နှင့် နင်ရှင်းတို့ကို သူ၏ဗိုက်ထဲသို့ မျိုချလိုက်ပြီး ဖြစ်သည်။ သူတို့လေးယောက်၏ မွေးရာပါနတ်ဘုရား စွမ်းရည်များနှင့်အတူ သူတို့၏ အစွမ်းထက်သော စွမ်းအားများဖြင့်ဆိုလျှင် ချင်ယွင် သည် သူနှင့် ဆက်ဆံရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။
ဟုတ်ပါသည်။ ချင်ယွင်သည် အရှုံးပေးရသည်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ဖူးပါဘူး။ ခက်ခဲလေလေ၊ သူလုပ်ဆောင်ရာမှာ သူ၏အသက်အန္တရာယ်က ပိုများလေ ဖြစ်ပါသည်။ ယခုလည်း ဤအတိုင်းပင် ဖြစ်နေပါသည်။
"ဟမ့်၊ မင်းမှာ စွမ်းရည်တွေ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားထား ငါ ဂရုမစိုက်ဘူး။ မင်း ဝါးမျိုးထားတဲ့အရာမှန်သမျှ ငါ့အတွက် အကုန် ထွေးထုတ်ပစ်ရမယ်" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် ဝင်းလက်တောက်ပလာပြီး သူ၏အကြည့်တွေက သံမဏိကဲ့သို့ ခိုင်မာနေပါသည်။
အရအားလုံး ရှင်းလင်းသွားပြီဆိုတော့ တိုက်ခိုက်ကြရအောင်။
တကယ်လို့ မင်းအနေနဲ့ သူတို့ကို လွှတ်မပေးဘူးဆိုရင် ငါ မင်းကို ရိုက်နှက်ပြီး အားလုံးကို ထွေးထုတ်ပစ်ခိုင်းမယ်။
"မင်းက သေချင်နေတာဘဲ!"
ချင်ယွင်သည် သူ၏ မွေးရာပါဘုရားစွမ်းရည်ကို သိရှိပြီးနောက် ချင်ယွင်သည် သူ့ကို အမှန်တကယ် ရန်စဝံ့သေးသည်ကို ယောင်လင်းခေါင်သည် မြင်လိုက်ရသည်။ ဤအရာက သူ၏နှလုံးသားကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို တဟုန်ထိုး ဖြစ်ပေါ်စေပါသည်။
"ငရဲကိုသွားလိုက်တော့…!"
ယောင်လင်းခေါင်သည် သူ၏ကြီးမားသော ခြေဖဝါးကြီးကို တိုက်ရိုက်မြှောက်လိုက်ပြီး ချင်ယွင်ဆီသို့ အပြင်းအထန် နင်းလိုက်လေသည်။