← Chapters

အခန်း ၆၁၇

Vol. 42 Ch. 617

အခန်း ၆၁၇

Vol. 42 Ch. 617

အခန်း (၆၁၇) နှုတ်ဆက်ပါတယ်ဇီရှန်။

ချင်ယွင်သည် ဆယ်ရက်လောက်ကြာအောင် မြေပြင်ပေါ် လဲလျောင်းနေခဲ့ရပါသည်။ သူ၏ဒဏ်ရာတွေက အလွန်ပြင်းထန်လွန်းသောကြောင့် ချင်ယွင်သည် သူ၏ ကျင့်ကြံခြင်းပညာရပ်ကိုတောင် မဖြန့်ကျက်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ပြန်လည် ကောင်းမွန်လာရန်အတွက် ဆယ်ရက်လောက် ငြိမ်ငြိမ်လေး လဲလျောင်းနေရုံသာ တတ်နိုင်ခဲ့ပါသည်။ ထို့နောက်မှသာ သူသည် သူ၏ဒဏ်ရာများကို ကုသရန်အတွက် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို အသုံးပြုရန် သူ၏ ကျင့်ကြံခြင်းပညာရပ်ကို ဖြန့်ကျက်နိုင်ခဲ့ပါသည်။

နောက်ထပ် သုံးရက်ကြာ ကုသမှုခံယူပြီးနောက် ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့ပါသည်။

အချိန်အတော်ကြာခဲ့သော်လည်း ချင်ယွင်၏ခန္ဓာကိုယ်သည် အနည်းငယ် ပြန်လည် ကောင်းမွန်လာပြီးနောက် စတုတ္ထအဆင့်ဖြစ်သော မသေမျိုးနယ်ပယ်နှင့် သူသည် ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့ပါသည်။

ချင်ယွင်သည် တစ်ဝက်နီးပါး ပျက်စီးသွားပြီဖြစ်သော လူသူကင်းဆိတ်သည့် ဂြိုလ်ကမ္ဘာမှ ထွက်လာသည်။ သူသည် အဆုံးမရှိသော လေဟာနယ်ကို ကြည့်ရင်း စိတ်ခံစားချက်အပြည့်နှင့်အတူ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပါချေ။

ယခုအချိန်တွင်၊ သူ၏ခွန်အားသည် သေမျိုးကမ္ဘာ၏ ကန့်သတ်ချက်များကို ကျော်လွန်သွားတော့မည် ဖြစ်သည်။ ဥပမာအနေဖြင့်၊ အကယ်၍ သူသည် ယောင်လင်းခေါင်နှင့် တိုက်ခိုက်သည်ဆိုပါစို့၊ အကယ်၍ သူတို့သာ အစကတည်းက အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါလျှင်၊ သူတို့ရှိနေသည့် ဤကမ္ဘာဂြိုဟ်သည် အလွန် ပျက်စီးသွားနိုင်ပါသည်။

"အရင်ပြန်ကြရအောင်။"

ချင်ယွင်သည် သူ၏ရှေ့ရှိ ကြီးမားသော မိုးပြာရောင်ဂြိုဟ်ကြီးကို ကြည့်ပြီး သူ၏မျက်နှာ ပေါ် ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာသည်။

သူတို့ရှိနေသည့် ဂြိုဟ်ကြီးသည် အလွန် ကြီးမားသည့် ဂြိုလ်ကြီးတစ်ခုဖြစ်ပြီး၊ ဤဂြိုဟ်ကြီး၏ ပတ်ပတ်လည်မှာ ဂြိုဟ်သိမ် ဂြိုဟ်မွှားလေးတွေ များစွာ ရှိပါသည်။ ယခုအချိန်၌ ချင်ယွင်နှင့် ယောင်လင်းခေါင်အကြား တိုက်ပွဲကြောင့် ဂြိုဟ်သိမ်ဂြိုဟ်မွှား နှစ်ခုသည် ပျက်စီးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဝှီး…..!

ချင်ယွင်သည် လေဟာနယ်သလင်းကျောက် အပိုင်းအစကို တိုက်ရိုက်ထုတ်ယူကာ လေဟာနယ်ကို ဆုတ်ဖြဲလိုက်ပြီး သူတို့နေထိုင်သော ကမ္ဘာဆီသို့ ဦးတည်သွားခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ စိတ်ဝိညာဉ်စွမ်းအားသည် အင်မော်တယ် အသွင်ကူးပြောင်း ခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူလွှမ်းခြုံဖြန့်ကျက်နိုင် သည့် အကွာအဝေးသည် ပို၍ပင် ဝေးကွာသွားခဲ့ပြီ။ ထို့ကြောင့် သူသည် လေဟာနယ်ကို အကြိမ်အနည်းငယ် ဖြတ်ကျော်ကူးသန်းပြီး နောက် ချင်ယွင်သည် မူလဂြိုဟ်ကမ္ဘာသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ချင်ယွင်၏ရုပ်အသွင်သည် တော်ဝင်ရန်အင်ပါယာနန်းတော်တွင် ပေါ်လာပါသည်။ ချင်ယွင်နှင့် ယောင်လင်းခေါင်တို့၏ တိုက်ပွဲကြောင့် တော်ဝင်ရန်န်အင်ပါယာ နန်းတော် သည် လုံးဝ ပျက်စီးသွားခဲ့ရသည်။ ယခုအချိန်မှာ ပြန်လည်တည်ဆောက်ထား သော်လည်း ပျက်စီးနေဆဲ ဖြစ်ပါသည်။

ချင်ယွင်၏ ထွက်ပေါ်လာမူကို ခံစားမိရသဖြင့် ရန်ယုဖန်း နှင့် အခြားလူများသည် ချက်ချင်းပင် အလင်းတန်းများအဖြစ်သို့ ပြောင်းလဲကာ ပြေးသွားကြသည်။

ချင်ယွင်ကို ပြန်တွေ့ရသည်နှင့် ရန်ယုဖန်း နှင့် ရန်ကျန်းထျန်တို့၏ အကြည့်တွေက ချင်ယွင်ကို အလွန်လေးစားသည့်အမူအရာ ရှိနေကြပါသည်။

ဤကမ္ဘာကြီး၏ အသန်မာဆုံးလူများသည် လေးစားခြင်းခံရမှာဖြစ်ပြီး သူတို့၏ခွန်အား ကလည်း လေးစားလောက်သည့်အနေထားမှာ ရှိနေရပါမည်။

"စီနီယာချင်" ရန်ယုဖန်းသည် သူ၏အဆင့်တန်းကို မလွှဲပြောင်းပေးခင် အချိန်အတော် ကြာ တုံ့ဆိုင်းနေခဲ့ပါသေးသည်။

"ကျွန်တော့်ကို ချင်ယွင်လို့ပဲ ခေါ်ပါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"ဒါဆို မင်းကို မိတ်ဆွေ​လေးချင်လို့​ခေါ်ရင်​ ပို​ကောင်းပါလိမ့်မယ်​" ရန်ယုဖန်းက ပြောသည်။

"ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်တော်ကလည်း ခင်ဗျားကို မိတ်ဆွေကြီး ရန်လို့ ခေါ်ရမယ်၊ ဟား…. ဟား….. !" ချင်ယွင်က ရယ်မောရင်း ပြောလိုက်ပါသည်။

ချင်ယွင်မှာ မောက်မာမှု အနည်းငယ်မျှ မရှိသည့်အပြင် နောက်ပြောင်ကျီစယ်သည်ကို မြင်ပြီး၊ ရန်ယုဖန်းသည် သူ၏နှလုံးသားထဲမှ ကျောက်တုံးကြီးလည်း ချက်ခြင်း ကျဆင်းသွားပါသည်။

"မိတ်ဆွေလေးချင်၊ အဒီနတ်ဆိုးဘုရားက ဘာကြောင့် ရုတ်တရက် ပျောက်သွားတာ လဲ?။ သူ သေသွားပြီလား?" ရန်ယုဖန်းက သူ၏စိတ်ကို အမြဲတမ်း ရှုပ်ထွေးစေသော မေးခွန်းတစ်ခု မေးလိုက်ပါသည်။

ထိုနေ့တုန်းက ချင်ယွင်နှင့် နတ်ဆိုးနတ်ဘုရားတို့ကြားက တိုက်ပွဲတွင် သူတို့သည် တိုက်ပွဲကြီးကို အဝေးမှာသာရပ်ပြီး ကြည့်နေကြရသည်။

သို့သော် နတ်ဆိုးနတ်ဘုရားနှင့် ချင်ယွင်တို့သည် ဂြိုလ်၏အလယ်ဗဟိုသို့ ဝင်ရောက် ပြီးနောက် နတ်ဆိုးဘုရားလည်း ပျောက်ကွယ်သွားခဲ့သည်။ ယင်းက သူတို့ကို အရမ်းကို စိတ်ရှုပ်ထွေးစေပါသည်။

ချင်ယွင်က သူ၏ဒဏ်ရာတွေကို ပြန်လည်ကုစားနေသောကြောင့် သူတို့သည် သူ့ကို မနှောင့်ယှက်ဝံ့ကြပါဘူး။ အခု ချင်ယွင် ပြန်လာသည်ကို မြင်သောအခါမှသာ သူတို့သည် ဤမေးခွန်းကို မေးဝံ့ခြင်းဖြစ်ပါသည်။

ချင်ယွင်သည် ရန်ယုဖန်း၏ မေးခွန်းကို ကြားသောအခါ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"နို့ ဒီမှာမဟုတ်ဘူးလား…။"

ချင်ယွင်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် ယောင်လင်းခေါင်၏ ရုပ်အသွင်က လူတိုင်း၏ရှေ့မှာ ပေါ်လာပါသည်။

ယောင်လင်းခေါင် ပေါ်လာသည်နှင့် တပြိုင်နက် ရန်ယုဖန်၊ ရန်ကျန်းထျန်နှင့် အခြားသူများ၏ မျက်နှာများသည် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်ရသကဲ့သို့ စိုးရိမ်ထိတ်လန့်သည့် အမူအရာများ ချက်ချင်း ထွက်ပေါ်လာသည်။

ယခုအချိန်တွင် ယောင်လင်းခေါင်၏ ဒဏ်ရာများသည် သက်သာလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏တတိယမျက်လုံးကိုလည်း ရုတ်သိမ်းထားပြီး သူ၏ရုပ်ရည် အသွင်အပြင်သည် မူလအခြေအနေသို့ ပြန်ရောက်သွားပါပြီ။

ယောင်လင်းခေါင်သည် ရန်ယုဖန် နှင့် အခြားသူများကို လျစ်လျူရှုပြီး ရှုပ်ထွေးသော မျက်လုံးများဖြင့် ချင်ယွင်ကို ကြည့်လိုက်လေသည်။

ချင်ယွင်သည် သူ၏နောက်ကျောတွင် လက်နှစ်ဖက်ပစ်ကာ ရပ်နေပြီး သက်တောင့် သက်သာဟန်ပန်အမူအရာ ရှိနေပါသည်။ သူက ယောင်လင်းခေါင်ကို သူ၏စိတ်ဝိညာဉ် ကို မြင်နိုင်နေသည့်အလား ထိုကဲ့သို့ ပုံစံမျိုးဖြင့် စိုက်ကြည့်နေသည်။

ယောင်လင်းခေါင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သူ၏မျက်နှာသည် လွန်စွာမှ မလိုလားသည့် အမူအရာ ပေါ်လွင်နေပါသည်။ "ချင်ယွင်၊ မင်း ငါ့ကို ကျွန်ပြု ထားရင်တောင် မင်းကို ငါ့သခင်အဖြစ် ငါ အသိအမှတ်မပြုဘူး"

"ဟုတ်လား..?" ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီးနောက် သူ၏မျက်လုံးများတွင် ရက်စက်မှုအရိပ်အမြွက် ထွက်ပေါ်လာ သည်။

ဘေးနားမှာရှိနေသော ယောင်လင်းခေါင်သည် ချက်ချင်းပင် စိတ်ဆင်းရဲစရာ ကောင်းအောင် အော်ဟစ်လိုက်ပါသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပြင်ပေါ် ပြိုလဲကျသွားပြီး နှိုင်းစာပြ၍မရအောင်ပင် နာကျင်နေသည့်အမူအရာဖြင့် ရုန်းကန်ရင်း ခေါင်းကို ဆုပ်ထားထားလေသည်။

ဤအခိုက်တွင်၊ ယောင်လင်းခေါင်သည် သူ၏ဦးခေါင်းသည် ပေါက်ကွဲတော့မည်ဟုပင် ခံစားလိုက်ရသည်။ သူ၏ခေါင်း ပွင့်ထွက်လုနီးပါး ဖြစ်သည်အထိ အတွင်းထဲမှာ တစ်ခုခု က ရိုင်းစိုင်းစွာ ပြေးနေသလိုပင်။ သူသည် သူ၏ဦးခေါင်းကို ဖွင့်ပြီး အတွင်းထဲမှ အရာတွေကို ဆွဲထုတ်ပစ်ချင်မိသည်။

"မင်း...ငါ့ကို သတ်လိုက်ပါ!" ယောင်လင်းခေါင်က မြေပြင်ပေါ်တွင် ဒူးထောက်လုနီးပါး နာကျင်စွာ အော်လိုက်သည်။

ယခုအချိန်တွင် သူသည် သူ့ကိုယ်သူ သတ်သေဖို့ပင် မစွမ်းနိုင်တော့ပေ။ အကြောင်းမှာ သူ၏ဘဝတစ်ခုလုံးသည် ချင်ယွင်နှင့် သက်ဆိုင်နေပြီ ဖြစ်သည်။

သူ၏ နက်ရှိုင်းလှသည့် စိတ်ဝိဉာဏ်ထဲမှာ သူ၏ရှေ့မှဤလူက သူ့ကို လက်အောက်ခံ လာစေရန် ဆင့်ခေါ်နိုင်သည့် စွမ်းအားတွေကို ပိုင်ဆိုင်ထားလေသည်။

တစ်ဖက်တွင် ရန်ယုဖန် နှင့် ရန်ကျန်းထျန်းတို့သည် အံသြသွားကြသည်။ ဤသည်မှာ နတ်ဆိုးနတ်ဘုရားနန်းတော်၏ နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်သည်။ သူသည် ပင်လယ်ပြင်ဧရိယာတစ်ခုလုံးကို အုပ်စိုးပြီး သူ၏ခွန်အားသည် မြေကမ္ဘာ အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ ထိုသို့သော ကျွမ်းကျင် ပညာရှင်သည် ချင်ယွင်၏ရှေ့မှာ မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ့ကို သတ်ပစ်ရန်ပင် တောင်းပန်နေပြီလား?

အကယ်၍ သူတို့ကိုယ်တိုင် မျက်စိဖြင့် တပ်အပ်မမြင်ခဲ့ဖူးဆိုလျှင်၊ သူတို့ကို ရိုက်နှက် ပြောရင်တောင် အမှန်ဟု ယုံကြည်မှာ မဟုတ်ပါဘူး။

ဘန်း…….။

ချင်ယွင်သည် ယောင်လင်းခေါင်၏ စိတ်ဝိညာဉ်အပေါ် ထိုးစိုက်ထားသည့် နှင်တံကို ပြန်ရုတ်လိုက်ပြီးနောက် ယောင်လင်းခေါင်သည် ခွေးသေတစ်ကောင်ကဲ့သို့ မြေပြင်ပေါ် သို့ ချက်ချင်း လဲကျသွားလေသည်။

" ယောင်လင်းခေါင်၊ မင်းက နတ်ဆိုးနတ်ဘုရားတစ်ပါးလို အမြဲတမ်း မာနကြီးနေ တယ်ဆိုတာ ငါ သိတယ်။ အခု ငါ မင်းကို ရွေးချယ်ခွင့် နှစ်ခုပေးမယ်။ တစ်ခုက ငါ့ကို လက်အောက်ခံဖို့ပဲ။ ငါက မင်းကို ဘယ်အရာကိုမဆို အလွန်အကျွံ လုပ်ခိုင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် ငါ မင်းကို ခိုင်းသမျှတော့ မင်း လုပ်ပေးရမယ်။ ဒုတိယတစ်ခုက တော့ မင်း လုံးဝ ပြိုလဲမကျမချင်း အခုလို လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုကို နေ့တိုင်း ခံစားဖို့ပဲ။” ချင်ယွင်၏ အသံက အေးစက်ပြီး ဂုဏ်သိက္ခာ အပြည့်ရှိနေသည်။

"မင်း…." ယောင်လင်းခေါင်၏ မျက်နှာသည် ချက်ချင်းပင် ဒေါသအမျက်ထွက်ကာ မလိုလားသည့်အမူအရာက ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာပါသည်။

သူ၏ဦးခေါင်း ပေါက်ကွဲလုမတတ် ဖြစ်ခဲ့ရသည့် နာကျင်မှုကို ပြန်တွေးလိုက်သည့်အခါ ယောင်လင်းခေါင်၏ စိတ်နှလုံးက တုန်လှုပ်သွားပါသည်။

"ကောင်းပြီလေ။ ငါ မင်းကို ကျွန်ခံမယ်လို့ ကတိပေးတယ်။ ဒါပေမယ့် မင်း ငါ့ကို အရှက်ခွဲချင်တယ်ဆိုရင်တော့ ငါသေရင်တောင် မင်းကို အောင်မြင်ခွင့် မပေးဘူး။" ယောင်လင်းခေါင်က အေးစက်စွာ အော်ပြောလိုက်သည်။

ချင်ယွင်၏ နှုတ်ခမ်းများသည် အပြုံးတစ်ခုဟန် တွန့်ကွေးသွားခဲ့ပါသည်။

မြင်းတစ်ကောင်က ပို၍ခက်ထန်လေ၊ ဖိနှိပ်ဖို့ ပို၍ခက်လေ ဖြစ်ပါသည်။

၎င်းသည် အမှန်တကယ် ကြောက်သွားသည့်အချိန်မှသာ နာခံမူရှိရှိဖြင့် ခေါင်းငုံ့ပါလိမ့် မည်။

အနီးနားရှိ ရန်ယုဖန်သည် အလွန်ထိတ်လန့်နေပြီ ဖြစ်ပါသည်။ ပင်လယ်ဘုရင်က ယခုလို အညံ့ခံပြီး အရှုံးပေးလိုက်တာလား?။ ဒါဆို ချင်ယွင်က နောက်ပိုင်းမှာ ပင်လယ်ပြင် ဧရိယာတစ်ခုလုံးကို ရုတ်တရက် အုပ်စိုးနိုင်တော့မည် မဟုတ်ပါလား?။

ယခုအချိန်တွင် ချင်ယွင်သည် ထိုမျှလောက် အများကြီး ဂရုမစိုက်နိုင်သေးပေ။ ယခုအချိန်မှာ သူ အစိုးရိမ်ဆုံးကတော့ အစ်မဇီ နှင့် တခြားလူများ၏ လုံခြုံရေးသာ ဖြစ်ပါသည်။

"ယောင်လင်းခေါင်၊ အခု ငါ မင်းကို ပထမဆုံး အမိန့်ပေးချင်တာက ဇီရှန်နဲ့ တခြား လူတွေကို လွှတ်ပေးဖို့ပဲ" ချင်ယွင်က လေးလေးနက်နက် ပြောလိုက်သည်။

ယောင်လင်းခေါင်သည် မျက်ခုံးပင့်လိုက်ပြီး မလိုလားသည့် အမူအရာက ပို၍ပင် ပြင်းထန်လာသည်။ သေချာသည်မှာ သူသည် ၎င်းတို့ကို ပြန်လည်ပေးအပ်ရန် အလွန် ဝန်လေးနေခဲ့သည်။

"စိတ်မပူနဲ့…။ သူတို့လေးယောက်ကို လွှတ်ပြီးနောက် နောင်တစ်ချိန်မှာ ငါက မင်းကို ကိုးယောက် ပြန်ပေးမယ်။" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။

ယခု သူသည် ယောင်လင်းခေါင်၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်ပြီ ဖြစ်သဖြင့်၊ ချင်ယွင် သည် ယောင်လင်းခေါင်နှင့် ပတ်သက်သည့် အချက်အလက်များကို သူ၏ နောက်ကျော ကဲ့သို့ပင် သိနေပါပြီ။

"ကောင်းပြီလေ…!" ယောင်လင်းခေါင်က ပြတ်ပြတ်သားသား သဘောတူလိုက်ပါ သည်။ ထို့နောက် ပါးစပ်ကို ကျယ်လောင်စွာ ဖွင့်လိုက်ပြီး သူ၏ပါးစပ်မှ အလင်းလုံး လေးခု ထွက်လာပါသည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ အလင်းလုံးလေးလုံး ပေါ်လာသည်နှင့် ၎င်းတို့သည် ပုံရိပ်လေးခုအဖြစ် ပြောင်းလဲသွားပါသည်။

ဤလေးယောက်ကတော့ ဇီရှန်၊ နင်ရှင်း၊ ရှောင်ဘိုင် နဲ့ ရှောင်ကျင်းတို့ဘဲ ဖြစ်ပါသည်။ သူတို့သည် အိပ်ပျော်နေကြတုန်းပင် ဖြစ်ပါသည်။ သို့သော်လည်း ချင်ယွင်သည် သူတို့အား စစ်ဆေးကြည့်လိုက်ပြီးနောက် သူတို့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ သူတို့သည် မကြာမီ နိုးလာသင့်ပါ သည်။

ယင်းက ချင်ယွင်ကို ပို၍ စိတ်သက်သာရာ ရစေပါသည်။ ထို့နောက် သူသည် သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီးနောက် သူတို့လေးယောက်ကို ကောင်းကင်ဘုံ ကိုးလွှာကြယ်စင်စုပုံကြမ်းထဲသို့ ထည့်ထားလိုက်ပါသည်။

All Chapters