← Chapters

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း ၆၁၈

Vol. 42 Ch. 618

အခန်း (၆၁၈) နဝမမြောက်သော့ကို ရှာဖွေရန်နည်းလမ်း။

ဤအဖြစ်ပျက်ကြီး ပြီးဆုံးပြီးနောက် သူ၏ကျန်ရှိနေသော ဘဝသည် အလွန် တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပြီး မည်သည့်ကိစ္စမှ ကြီးကြီးမားမား ဖြစ်မလာခဲ့ပါချေ။

ယောင်လင်းခေါင်ကိုမူ၊ ထျန်းယွန်တိုက်ကြီးမှာ သူ့ကို ထားဖို့က အသုံးမဝင်ပါဘူး။ ထို့ကြောင့် ချင်ယွင်က သူ့ကို နတ်ဆိုးနတ်ဘုရားနန်းတော်သို့ ပြန်သွားခိုင်းပြီး နဝမမြောက်သော့၏ တည်နေရာကို အစွမ်းကုန် စုံစမ်းရန် ရိုးရိုးရှင်းရှင်း ပြောလိုက်ပါ သည်။

ကိုးခုမြောက်သော့ကို ရှာတွေ့မှသာ အင်မော်တယ်ဘုရင်၏နန်းတော်အတွင်းပိုင်းသို့ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ၊ အင်မော်တယ်နန်းတော်၏ အပြင်ဘက်စွန်းသို့ ဝင်ရောက်နိုင်ရုံသက်သက်ဆိုလျှင် ချင်ယွင်အတွက် အဓိပ္ပါယ်မဲ့သွား လိမ့်မည်။

ချင်ယွင်၏ လက်ရှိအင်အားဖြင့် ထျန်းယွန်တိုက်ကြီးကို မဆိုထားနှင့်၊ ဤဂြိုဟ်ကမ္ဘာ ကြီး တစ်ခုလုံးမှာပင် သူ့အား မည်သူကမှ ဘာမှလုပ်ဆောင်နိုင်မည် မဟုတ်တော့ပေ။

သေချာသည်မှာ၊ ယင်းကလည်း အဆုံးမဲ့ချောက်နက်ကြီးထဲရှိ မွန်းစတားကြီးမှလွဲ၍ ဖြစ်ပါသည်။ ချင်ယွင်၏ လက်ရှိအင်အားဖြင့်ပင်လျှင်၊ သူသည် အဆုံးမဲ့ချောက်ကြီးထဲရှိ မွန်းစတားကြီးကို အနိုင်ယူနိုင်သည်ဟု မပြောဝံ့သေးပေ။

ယောင်လင်းခေါင်လည်း အလားတူ ခံစားခဲ့ရဖူးပါသည်။ တစ်ချိန်က သူသည် သူ၏ အစွမ်းဖြင့်ပင်၊ အဆုံးမဲ့ချောက်ကြီးထဲရှိ မွန်းစတားကြီး၏ သိုင်းသုံးကွက်ကို ခုခံနိုင်မည် မဟုတ်ကြောင်း သူ ပြောခဲ့ဖူးပါသည်။

ကြီးကြီးမားမား မည်သည့် အဖြစ်ပျက်မျိုးမှ မရှိခဲ့သော်လည်း ကောင်းတာတွေက အများကြီး ရှိလာခဲ့ပါသည်.

ဇီရှန် နှင့် ခရမ်းရောင်မျက်လုံးစွမ်နီတို့သည် အမှန်တကယ်ပင် မောင်နှမများ ဖြစ်နေကြ သည်ကို သိလာရပါသည်။ သူတို့နှစ်ယောက်လုံးသည် ဤသေမျိုးကမ္ဘာနှင့် မသက်ဆိုင် သူများ ဖြစ်ကြသည်။ ချင်ယွင်ကဲ့သို့ပင် သူတို့မောင်နှမနှစ်ယောက်သည် အင်မော်တယ် ကမ္ဘာမှ ဆင်းသက်လာကြခြင်း ဖြစ်ပါသည်။

သို့သော် ကွာခြားချက်မှာ ဇီရှန် နှင့် ရှောင်ဇီတို့သည် ငယ်ရွယ်စဉ်ကတည်းက အင်မော်တယ်ကမ္ဘာမှ ထွက်ခွာခဲ့ရခြင်း ဖြစ်ပါသည်။ ထိုအချိန်တုန်းက သူတို့မောင်နှမ နှစ်ယောက်သည် နို့စို့အရွယ်တွင်သာ ရှိနေကြပါသည်။ ထို့ကြောင့် သူတို့သည် အင်မော်တယ်ကမ္ဘာကို အထင်ကြီးခြင်း မရှိခဲ့ကြပေ။ သူတို့မိဘတွေက သူတို့မသေခင်မှာ သူတို့မောင်နှမနှစ်ယောက်ကို လေဟာနယ်ကို ဖြတ်ကျော်ပြီး သေမျိုးကမ္ဘာထဲကို ပစ်ချရန်အတွက် သူတို့၏အသက်ကို စွန့်လွှတ်ကာ ကူညီပေးခဲ့ကြ ပါသည်။

ကံမကောင်းစွာပင်၊ သူတို့ သေမျိုးကမ္ဘာထဲကို ရောက်ရှိလာချိန်မှာ သူတို့မိဘတွေ၏ စွမ်းအင်အကန့်အသတ်ကြောင့် နေရာအနှံ့ ဖြစ်ပွားနေသည့် လေဟာနယ်မုန်တိုင်းနှင့် အတူ သူတို့လည်း လွင့်ပါးသွားကြပါသည်။ ထို့ကြောင့် ဇီရှန်က ပင်လယ်ရေပြင်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ရှောင်ဇီက ထျန်းယွန်တိုက်ကြီးသို့ ဝင်ရောက်သွားခဲ့ရသည်။

ယခုတော့ မောင်နှမနှစ်ယောက် ပြန်လည်ဆုံဆည်းခွင့် ရသွားကြပြီး၊ သဘာဝအားဖြင့် ရှားရှားပါးပါး ပျော်ရွှင်စရာကောင်းသော အချိန်အခါ ဖြစ်နေပါသည်။ ယင်းသည် ထိုအချိန်တုန်းက ဇီရှန်သည် ချင်ယွင်ကို ကောင်းမွန်စွာ ဆက်ဆံခဲ့သည့် အကြောင်းရင်း ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါသည်။

ဤပျော်ရွှင်စရာကောင်းသည့်အဖြစ်အပျက်အပြင်၊ ရှောင်ဟေး နှင့် ရှောင်ဟောင်တို့၏ ပျော်ရွှင်စရာသတင်းလည်း ရှိနေပါသေးသည်။ သူတို့ဆိတ်သုဉ်းခြင်းသားရဲ နှစ်ကောင် သည် နောက်ဆုံးတွင် တာအိုအငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ကာ ကောင်းကင်ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးနောက် လူသားအသွင်သို့ ပြောင်းလဲနိုင်ခဲ့ပါ သည်။

ချင်ယွင်မှာ ကျွန်တံဆိပ်ခတ်ထားသည့် နတ်ဆိုးသားရဲ အနည်းငယ် ရှိနေပါသေးသည်။ ယောင်လင်းခေါင်မှလွဲ၍ သူတို့အားလုံးသည် တစ်ရှိန်ထိုး မြင့်တက်သွားခဲ့ပါသည်။

၎င်းတို့အနက် ဧကရာဇ်ပျားဘုရင်မသည် အသန်မာဆုံးဖြစ်ပြီး သူမ၏ခွန်အားသည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ထို့နောက် ရှောင်ဘိုင်၊ ရှောင်ကျင်း နှင့် ရှောင်ဇီတို့ ဖြစ်သည်။ သူတို့၏ စွမ်းအားများ သည်လည်း အမှန်တရားသို့ပြန်လည်ခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိ သွားခဲ့ကြပါပြီ။

နောက်ဆုံးကတော့၊ တာအိုအငွေ့အရည်ဖွဲ့ခြင်းနယ်ပယ်ထဲကို အခုမှ ဝင်ရောက်ကာစ အနက်လေး နှင့် အနီလေးတို့ဘဲ ဖြစ်ပါသည်။

ဤကျွန်တံဆိပ်ခတ်ထားသော နတ်ဆိုးသားရဲများနှင့် ချင်ယွင်တို့ကြားမှာ အင်အား ကွာခြားချက်က အလွန်ကြီးမားသွားခဲ့ပြီး၊ ၎င်းတို့သည် ယခုအချိန်တွင် ချင်ယွင်အတွက် မည်သည့် အကူအညီမှ မရနိုင်တော့ပေ။

သို့သော်လည်း ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်ရာပေါင်းများစွာ ကြာပြီးနောက် ၎င်းတို့အားလုံးသည် အမှန်တကယ် လှုပ်လှုပ်ရှားရှား ဖြစ်အောင်လုပ်နိုင်မည့် တည်ရှိမှုများ ဖြစ်လာလိမ့်မည်ဟု ချင်ယွင်က ယုံကြည်ထားပါသည်။ ဤမျှကြီးမားသော အင်အားစုကြီးကို အတူပူးပေါင်းလိုက်ခြင်းက လူပေါင်းများစွာကို ကြောက်ရွံ့ထိတ်လန့် စေသည်အထိ ကြီးမားပါလိမ့်မည်။

ဤကာလအတွင်း ချင်ယွင်သည် တမင်သက်သက် ကျင့်ကြံခြင်း မပြုခဲ့ပေ။ ယင်းအစား၊ သူသည် သူ၏ ရူးသွပ်ဖွယ်ရာ အဆင့်ဖြတ်ကျော်မူများကြောင့် ဖြစ်ပေါ်လာသော တည်ငြိမ်ကျစ်လစ်မူ မရှိသေးသည့် သူ၏ကျင့်ကြံခြင်း အခြေခံများကို တည်ငြိမ်စေရန် အတွက် သဘာဝအတိုင်း သူ၏ကျင့်ကြံမူကို စုစည်းနေခဲ့ပါသည်။

အချိန်တွေက တခဏအတွင်းမှာပင် သုံးလလောက် ကုန်ဆုံးသွားခဲပါသည်။ ဤအချိန်သုံးလကြာ ကာလအတွင်းမှာ ငြိမ်းချမ်းသော ဘဝသည် ချင်ယွင်အတွက်မူ အလွန်သက်တောင့်သက်သာရှိစေခဲ့ပါသည်။

သူ၏ဘေးနားတွင် အမျိုးသမီးသုံးဦး ရှိနေမူနှင့်အတူ ချင်ယွင်၏ဘဝသည် အလွန် သာယာသည်ဟု ဆိုနိုင်ပါသည်။

သို့သော်လည်း ကိုးခုမြောက်သော့ကို မည်သို့ရှာရမည်နည်းဆိုသည့် သဲလွန်စကို ယောင်လင်းခေါင်က ရှာတွေ့ခဲ့ပြီဟု သတင်းပေးပို့လာမူနှင့်အတူ သူ၏သာယာ ပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေလည်း ပျက်ပြားသွားခဲ့ရပါပြီ။

ချင်ယွင်သည် လူတိုင်းကို တော်ဝင်ရန်အင်ပါယာနန်းတော်တွင် နေထိုင်ရန် စီစဉ်ခဲ့ပြီး မထင်မှတ်ဘဲဖြစ်ပေါ်လာသည့် အခြေအနေများကို ကာကွယ်ရန်အတွက် လျှပ်စီး စွမ်းရည်ကိုယ်ပွားကို ချန်ထားရစ်ခဲ့သည်။ ထို့နောက် သူသည် ရန်ယုဖန်းကို နတ်ဆိုး နတ်ဘုရားနန်းတော်သို့ ခေါ်ဆောင်သွားပါသည်။

သူတို့ နတ်ဆိုးနတ်ဘုရားနန်းတော်သို့ ရောက်သည့်အခါ၊ ယောင်လင်းခေါင်က ကိုးခုမြောက်သော့ကို မည်သို့ရှာဖွေရမည်ကို ချင်ယွင်အား ပြောပြပါသည်။

အမှန်တကယ်တော့ ဤနည်းလမ်းက အရမ်းကို ရိုးရှင်းလွန်းပါသည်။ တစ်နည်းဆိုရ သော် သင်သည် ကိုးခုမြောက်သော့၏ တည်နေရာကို သိရှိလိုပါက်က အခြားသော့ရှစ်ချောင်းကို ပေါင်းစည်းရန် လိုအပ်ပြီး၊ ၎င်းသော့ရှစ်ချောင်းကို ပေါင်းစည်း ခြင်းကပင် ကိုးခုမြောက်သော့၏ တည်နေရာကို ခံစားသိရှိနိုင်ပါလိမ့်မည်။

ထို့ကြောင့် ချင်ယွင် နှင့် အခြားသူများသည် ကိုးခုမြောက်သော့ကို ရှာတွေ့လိုပါက သူတို့သည် အင်မော်တယ်ဘုရင်၏ နန်းတော်မှ ထွက်ခွာသွားသော လူအိုကြီး သုံးယောက်ကို အရင်ဆုံး တွေ့ဆုံရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသုံးယောက်၏လက်ထဲတွင် အခြားသော့ငါးချောင်း ရှိနေသောကြောင့် ဖြစ်ပါသည်။

ရန်ယုဖန်းကို မေးပြီးနောက်၊ ချင်ယွင်သည် အခြားလူသုံးဦး၏ ကိုယ်ရေးအချက်လက် များကို နောက်ဆုံးတွင် သိရှိခဲ့ပါသည်။

ဤလူသုံးဦးမှာ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ လင်းဘိုင်ယွန်၊ ရှောင်ယန်ဂိုဏ်းမှ ရှီချန်ဂန် နှင့် ချင်ယွင် ဖျက်ဆီးခဲ့သော ကောင်းကင်ဘုံဂိုဏ်းမှ ကျွမ်းကျင်ပညာရှင် ကျိယုဖန်းတို့ ဖြစ်ပါသည်။

၎င်းတို့အနက် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းမှ လင်းဘိုင်ယွန်တွင်မူ အင်မော်တယ် နန်းတော်သော့ နှစ်ချောင်းရှိကာ ကောင်းကင်ဂိုဏ်းမှ ကျိယုဖန်း၏ လက်ထဲတွင်လည်း သော့နှစ်ချောင်းရှိပြီး ရှောင်ယန်ဂိုဏ်းမှ ရှီချန်ဂန်မူတွင် သော့တစ်ချောင်းသာ ရှိပါသည်။

ဤလူသုံးဦး၏ စွမ်းအားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းအဆင့် တွင်သာ ရှိနေကြပါသည်။ ထို့အပြင် ၎င်းတို့ထဲမှ ယောင်လင်းခေါင်လို လူတစ်ယောက် သာ မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ပါသည်။

သို့သော် ၎င်းတို့သုံးဦးသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းအဆင့် တွင်သာ ရှိသော်လည်း သူတို့အားလုံး၏ လက်ထဲတွင် ဝှက်ဖဲတစ်ခုစီ ရှိနေပုံရပြီး ယောင်လင်းခေါင်ပင်လျှင် ထိုဝှက်ဖဲများကို သတိထားရန်မှတပါး ရွေးချယ်စရာ မရှိခဲ့ ပေ။

ထိုသို့မဟုတ်လျှင် ယောင်လင်းခေါင်က သူတို့အားလုံးကို သတ်ပြီး သူတို့၏ အင်မော်တယ်နန်းတော် သော့အားလုံးကို လုယူသွားပါလိမ့်မည်။

ထို့ကြောင့် ရန်ယုဖန်းသည် ငါးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်ပါသည်။ သူ့မှာ အင်အားစုကြီးတစ်ခု မရှိသလို ဝှက်ဖဲတွေလည်း မရှိခဲ့ပါဘူး။ ယခုအချိန်အထိ သူ အသက်ရှင်ကျန်ရစ်ရခြင်း၏ အကြောင်းအရင်းကလည်း အခြားလူလေးယောက်က သူ့ကို သတ်ပစ်ရမည်ကို အထင်အမြင်သေးသောကြောင့် ဖြစ်ပါသည်။

ချင်ယွင်သည် ဤအချက်အလက်ကို ကြားသိပြီးနောက်တွင် နက်နက်နဲနဲ အတွေးထဲသို့ နစ်မြောသွားခဲ့သည်။

ယခုအချိန်တွင် သူသည် ရှောင်ယန်ဂိုဏ်းနှင့် ကောင်းကင်ဘုံဂိုဏ်း နှစ်ခုလုံးကို ရန်ငြိုးဖွဲ့ ခဲ့ပြီး ဖြစ်ပါသည်။ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းပင်လျှင် ပိုကောင်းလာလိမ့်မည် မဟုတ် ပေ။ ထို့ကြောင့် သူတို့သည် သူနှင့်ပူးပေါင်းရန်အတွက် သေချာပေါက် ခက်ခဲပေလိမ့် မည်။

အထူးသဖြင့် ကောင်းကင်ဘုံဂိုဏ်းမှ ကျိယုဖန်း ဖြစ်ပါသည်။ သူသည် ကောင်းကင်ဘုံ ဂိုဏ်းကို ဖျက်ဆီးလိုက်သောကြောင့် ကျိယုဖန်းသည် သူ့အား လုံးဝ အလျော့ပေးလိမ့် မည် မဟုတ်ပေ။

"သွားရအောင်၊ ရှောင်ယန်ဂိုဏ်းကို အရင်သွားကြတာပေါ့။" အချိန်အတော်ကြာ စဉ်းစားပြီးနောက် ချင်ယွင်က ပြောလိုက်သည်။

ရှောင်ယန်ဂိုဏ်းကို ကျော်ဖြတ်ရမည့် မှတ်တိုင်တစ်ခုအဖြစ် အသုံးပြုရန် သူ စီစဉ်ထား ပါသည်။ အကယ်၍ ရှီချန်ဂန်သာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူမည်ဆိုလျှင် အကောင်းဆုံး ဖြစ်ပါသည်။ အကယ်၍ ပူးပေါင်းဆောင်ရွက်ရန် သဘောမတူပါက၊ သူသည် ရှီချန်ဂန်၏ အင်မော်တယ်နန်းတော်သော့ကို တိုက်ရိုက်လုယူမည် ဖြစ်ပါသည်။

အကယ်၍ သူ့မှာ ဝှက်ဖဲတွေရှိနေသည်ဆိုလျှင်ရော ဘာလုပ်ရမည်နည်း?။ သူနှင့် ယောင်လင်းခေါင်တို့၏ လက်ရှိစွမ်းအားဖြင့် အခြေခံအုတ်မြစ် ဘာမှမရှိသည့် ရှောင်ယန်ဂိုဏ်းကို ကြောက်ရမည်ဟု ချင်ယွင် မယုံကြည်ပေ။

ရှောင်ယန်ဂိုဏ်းသည် ဒုတိယအဆင့်သာရှိပြီး ဂိုဏ်းကြီးသုံးခုတွင် အားအနည်းဆုံး ဖြစ်သည်ကို လူတိုင်း သိကြသည်။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် ကောင်းကင်ဂိုဏ်း သို့မဟုတ် လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းတို့ကဲ့သို့ မဟုတ်ချေ။ ထိုနှစ်ဂိုဏ်းသည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာ သော ဂိုဏ်းများ ဖြစ်ကြပါသည်။ ၎င်းတို့သည် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည်ဟု ဆိုနိုင်ပြီး၊ ရှောင်ယန်ဂိုဏ်းသည် အမှန်တကယ်ပင် ဒေသတွင်း ဂိုဏ်းတစ်ခုသာဖြစ်ပါ သည်။

သူတို့တွင် အင်မော်တယ်ကမ္ဘာမှာ နောက်ခံဂိုဏ်းကြီးတစ်ခု မရှိခဲ့ပေ။ ထို့ကြောင့် တစ်နည်းအားဖြင့် ရှောင်ယန်ဂိုဏ်း၏ အင်အားသည် အလိုလို အားအနည်းဆုံး ဖြစ်သွားရသည်။

ကမ္ဘာနှစ်ခု ကွဲခြားသွားသော်လည်း၊ ကောင်းကင်ဘုံဂိုဏ်းနှင့် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်း တို့သည် ၎င်းတို့၏ဂိုဏ်းခွဲများကို အင်မော်တယ်ကမ္ဘာကနေ သေမျိုးကမ္ဘာအထိ ဖြန့်ကျက်ထားနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့အချင်းချင်း ဆက်သွယ်ရန် အထူးနည်းလမ်း များ ရှိရပါလိမ့်မည်။ ဥပမာအားဖြင့်၊ ကောင်းကင်ဘုံဂိုဏ်းမှ ကျွမ်းကျင် ပညာရှင်များ သည် နောက်ဆုံးအကြိမ် သေမျိုးကမ္ဘာသို့ ဆင်းသက်လာခဲ့ပါသည်။ ယခုအချိန်တွင် လည်း ထိုကဲ့သို့သော အခြေအနေမျိုး ဖြစ်ပေါ်လာနိုင်ချေ ရှိပါသည်။

သေမျိုးကမ္ဘာသို့ ဆင်းသက်လာသော အင်မော်တယ်များသည် မြေကမ္ဘာအင်မော်တယ် နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူများသာ ဖြစ်ကြပါသည်။ ထို့အပြင်၊ ၎င်းတို့သည် နိယာမများကို ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့်၊ ၎င်းတို့၏ စွမ်းအားသည် သာမန် မြေကမ္ဘာအင်မော်တယ် ကျွမ်းကျင်သူများထက် များစွာ သန်မာပါသည်။

နောက်ဆုံးအကြိမ်တုန်းက ချင်ယွင်သည် အင်မော်တယ်ကမ္ဘာမှဆင်းသက်လာသည့် ကျွမ်းကျင်ပညာရှင်ကို ဝေးရာသို့ တွန်းပို့နိုင်ရန်အတွက် ကောင်းကင်ကပ်ဘေးဒုက္ခကို အသုံးပြုခဲ့ရသည်။ အကယ်၍ ယခုတကြိမ် ထိုအင်မော်တယ် ကျွမ်းကျင်ပညာရှင်သည် သေမျိုးကမ္ဘာသို့ တစ်ဖန်ပြန်၍ ဆင်းသက်လာခဲ့လျှင် သူသည် ထိုမျှလောက် ကံကောင်းလိမ့်မည် မဟုတ်တော့ပေ။ ထိုအချိန်ရောက်လျှင် သူသည် နောက်ထပ် တိုက်ပွဲကြီးတစ်ခုကို ရင်ဆိုင်ရမည်မှာ သေချာသည်။

ဝှီး….!

ချင်ယွင်၊ ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့သည် အလင်းတန်းများ အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နဂါးတိုက်ကြီး၏ ရှောင်ယန်ဂိုဏ်းဆီသို့ လျင်မြန်စွာ ဦးတည်သွားကြသည်။

ထိုအခိုက်တွင်၊ ဆံပင်ဖြူအဘိုးအိုတစ်ဦးသည် ကောင်းကင်နဂါးတိုက်ရှိ ပျက်ဆီးသွားပြီ ဖြစ်သော ထန်းရွှေတောင်တန်းပေါ်သို့ ခြေလျင် လျှောက်လာနေသည်။

မြေပြင်ပေါ်သို့ ပြိုကျနေသော တောင်တန်းကြီးအား ကြည့်လိုက်ရင်း သူ၏ မျက်နှာပေါ်တွင် အလွန်အုံ့မှိုင်းသည့် အမူအရာ ပေါ်လာပါသည်။ နောက်ဆုံးတွင် သူ၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့ပြီး တိုးတိုး ရေရွတ်လိုက်ပါသည် "ချင်ယွင်၊ ဟုတ်တယ်မလား? မင်းက ငါ့ရဲ့ ကောင်းကင်ဘုံ ဂိုဏ်းကို ဖျက်ဆီးရဲမှတော့ မင်းကို နာကျင်စေမယ့် တန်ဖိုးငါ ပြန်ပေးမယ်။"။

All Chapters