အခန်း ၆၁၉
Vol. 42 Ch. 619
အခန်း (၆၁၉) အစစ်အမှန် အင်မော်တယ်များ သေမျိုးကမ္ဘာသို့ ဆင်းသက်လာခြင်း။
ဆံပင်ဖြူ အဘိုးအိုသည် ထန်းရွှေတောင်တန်း၏ နက်ရှိုင်းသည့် အရပ်ဆီသို့ ခြေလှမ်းမှန်မှန် လျှောက်လှမ်းနေခဲ့သည်။
တစ်ချိန်တုန်းက လှပသောရှုခင်းနှင့် အင်မော်တယ်စွမ်းအင်များ ရစ်ဝဲနေသည့် အင်မော်တယ် တောင်ထိ ၇၂ ခုသည် ယခုအခါ မရှိနိုင်တော့ပါ။ ယခုအခါ အပျက်အစီးများ ဖုံးလွှမ်းနေသော အပျက်အစီးများသာ ရှိပါတော့သည်။
ဆံပင်ဖြူ အဘိုးအိုသည် ရှေ့သို့ ဆက်လျှောက်လှမ်းရင်း နောက်ဆုံးတွင် အပျက်အစီးတစ်ခုမှာ ရပ်တန့်သွားပါသည်။
အကယ်၍ ထန်းရွှေတောင်တန်း၏ တောင်ထိပ် ၇၂ ခုသည် ယခင်အခြေအနေတိုင်း ထိုနေရာတွင် တည်ရှိနေဦးမည်ဆိုပါက၊ ဆံပင်ဖြူ အဘိုးအို၏ ခြေဖဝါးသည် ၇၃ ခုမြောက် ကောင်းကင်ဘုံဝှက်ထားခြင်း တောင်ထိပ်ပေါ်သို့ ချနင်းနေသည်ကို တွေ့ရပါ လိမ့်မည်။
ဆံပင်ဖြူ အဘိုးအိုသည် သူ၏ခြေထောက်တွေကို ကြည့်ရင်း သူ၏မျက်လုံးတွေက ရေခဲလို အေးစက်နေ၏။
ဘုန်း…..!
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ဆံပင်ဖြူ အဘိုးအို၏ လက်မှ ထွက်ပေါ်လာပါသည်။ ဆံပင်ဖြူ အဘိုးအို၏ လက်များသည် စည်းတံဆိပ်များ ကို ဖွဲ့စည်းကာ သူ၏လှုပ်ရှားမှုများသည် အလွန် လျင်မြန်နေပါသည်။
ဆံပင်ဖြူ အဘိုးအိုသည် စည်းတံဆိပ်ပုံစံကို ရိုက်နှိပ်လိုက်သည်နှင့်အမျှ ဆံပင်ဖြူရောင် အဘိုးအို၏ ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းများ ထွက်လာပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် ပြင်းထန်သော တဝှီးဝှီးမြည်သံများ ထွက်ပေါ်လာ သည်။
သူ၏ခြေဖဝါးအောက်မှ မြေပြင်သည် မြေကြီးအောက်မှ တစ်ခုခု ပေါက်ကွဲထွက်လာ တော့မည့်ပုံစံဖြင့် တုန်ခါလာပါသည်။
ဆံပင်ဖြူ အဘိုးအို၏ လက်သည် အဆက်မပြတ် စည်းတံဆိပ်များကို မဆက်မပြတ် ရိုက်နှိပ်နေသည်။ သူ၏လက်ထဲမှ ထူးဆန်းသော စည်းတံဆိပ်ပုံရိပ်တွေလည်း ထွက်ပေါ်လာနေသည်။
"ဘုန်း……!"
ဆံပင်ဖြူ အဘိုးအိုသည် နောက်ဆုံး စည်းတံဆိပ်အမှတ်အသားကို ရိုက်နှိပ်ပြီးသည့်အခါ ဆံပင်ဖြူ အဘိုးအို၏ ခြေဖဝါးအောက်မှ မြေပြင်သည် ချက်ချင်း အက်ကွဲသွားသွား သည်။ ၎င်းထဲမှ တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသော ယဇ်ပလ္လင်တစ်ခုသည် ဆံပင်ဖြူ အဘိုးအို၏ အမြင်အာရုံထဲတွင် ပေါ်လာပါသည်။
အကယ်၍ ချင်ယွင်သာ ၎င်းယဇ်ပလ္လင်အား ထပ်မံမြင်တွေ့မည်ဆိုပါက ၎င်းသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည့် တယ်လီပို့စနစ် အစီအရင် ဝင်္ကပါတစ်ခု ဖြစ်ကြောင်း သူ သေချာပေါက် မှတ်မိမည် ဖြစ်ပါသည်။ ၎င်းသည် ကြယ်ဖမ်းခြင်းတောင်ထိပ်ရှိ တယ်လီပို့စနစ် အစီအရင် ဝင်္ကပါတစ်ထက် ပို၍ပင် အားကောင်းပါသည်။
ဆံပင်ဖြူ အဘိုးအိုသည် ထွန်းလင်းတောက်ပနေသော ယဇ်ပလ္လင်ကို မြင်သောအခါ သူ၏ မျက်လုံးများသည်လည်း စိတ်လှုပ်ရှားသည့်အမူအရာ ထွက်ပေါ်လာသည်။
သူသည် သူ၏လက်ချောင်းကို ဖြတ်လိုက်သည်နှင့် သွေးတစ်စက်က လွင့်ထွက်သွားပြီး လင်းလက်တောက်ပသော ယဇ်ပလ္လင်ပေါ် ကျရောက်သွားပါသည်။
ထို့နောက် မူလကတည်းက လင်းလက်တောက်ပနေသော ပလ္လင်သည် တောက်ပစွာ လင်းလက်သွားခဲ့ပြီး ယဇ်ပလ္လင်တစ်ခုလုံးမှ နှလုံးခုန် ရန်တုန်စေသည့် စွမ်းအင် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
ဘန်း…..!
ယဇ်ပလ္လင်၏ အလယ်ဗဟိုတွင် လေဟာနယ်ဝဲဂယက်တစ်ခုသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့ပြီး ၎င်းအထက်တွင် လွင့်မျောနေပါသည်။
ဆံပင်ဖြူ အဘိုးအိုသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏မျက်လုံးများသည် အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်၏။
ချွင်….!
ပေါ့ပေါ့ပါးပါး အသံနှင့်အတူ၊ ရုပ်အသွင်ပြင်နှစ်ခုသည် လေဟာနယ် ဝဲဂယက်ကြီးထဲမှ ထွက်ပေါ်လာပါသည်။
သူတို့နှစ်ဦးစလုံးသည် ဆံပင်များတွင် ခရမ်းရောင်ရွှေရောင်သရဖူများကို ၀တ်ဆင်ထား ပြီး အဖြူရောင် အင်မော်တယ်၀တ်စုံကို ၀တ်ဆင်ထားသည်။ သူတို့၏ မျက်နှာများသည် ကျောက်စိမ်းနှင့် တူသည်။ သူတို့၏နှုတ်ခမ်းများက နီထွေးနေပြီး သွားများကလည်း ဖြူဖွေးကာ သူတို့၏ဟန်ပန်အမူအရာတွေက ထူးထူးခြားခြား သူရဲကောင်းဆန်လွန်း နေသည်။
ထိုရုပ်အသွင်အပြင်နှစ်ယောက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရလျှင် ဆံပင်ဖြူ အဘိုးအို၏ မျက်လုံးတွေက ပိုလို့တောင် တောက်ပလာခဲ့သည်။
"နိမ့်ကျလှတဲ့ ဒီတပည့် ကျိယုဖန်းက မြင့်မြတ်သော အင်မော်တယ် နှစ်ယောက်အား လေးစားစွာ နှုတ်ခွန်းဆက်သပါတယ်။" ဆံပင်ဖြူ အဘိုးအိုသည် မြေပြင်ပေါ်တွင် ကမန်းကတန်း ဒူးထောက်ကာ အလွန်ရိုသေသော အမူအရာဖြင့် ပြောလိုက်ပါသည်။
လေဟာနယ်ဝဲဂယက်ကြီးထဲမှ ထွက်လာသော လူနှစ်ယောက်သည် လှည့်ပတ် ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ကြသည်။
ဦးဆောင်သူ လူလတ်ပိုင်းအရွယ် အမျိုးသားက ဂုဏ်သိက္ခာကြီးမားသော အမူအရာဖြင့် ဒူးထောက်ထိုင်နေသော ဆံပင်ဖြူ အဘိုးအိုကို ကြည့်နေလေသည်။ သူက အေးစက်စက် အမူအရာဖြင့် ပြောလိုက်သည် "ထပြီး ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို ပြောပြပါ"
မှန်ပါသည်။ စကားပြောလိုက်သည့် အင်မော်တယ်ကတော့ ချင်ယွင်၏ ကောင်းကင် ကပ်ဘေးဒုက္ခကြောင့် နောက်ဆုံးအကြိမ် အတင်းအဓမ္မ မောင်းထုတ်ခံလိုက်ရသည့် ဖန်ချန်းကျီ ဖြစ်ပါသည်။ သူ၏ဘေးနားရှိ အသက်နှစ်ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်မျှသာ ရှိပုံရသော လူငယ်သည် ဖန်ချန်းကျီ၏ ဂျူနီယာညီလေး ဟန်ဖန်း ဖြစ်ပါသည်။
ဟန်ဖန်းသည် ဖန်ချန်းကျီတို့မျိုးဆက်၏ အသက်အငယ်ဆုံးနှင့် အလားအလာအရှိဆုံး တပည့်တစ်ဦး ဖြစ်ပါသည်။ သူသည် အသက်နှစ်ဆယ့်ငါးနှစ်တွင် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရှိ ဖန်ချန်းကျီနှင့် ခြေတစ်လှမ်းသာ ကွာပါတော့သည်။
ကျိယုဖန်းက ဖန်ချန်းကျီကို ဆင့်ခေါ်သည့်အချိန်မှာ ဟန်ဖန်းသည် သူ၏အနားမှာ ရှိနေခဲ့သည်။ ထို့ကြောင့် ဖန်ချန်းကျီက သေမျိုးကမ္ဘာသို့ ဆင်းသက်တော့မည်ဟု ဟန်ဖန် ကြားသောအခါတွင် သူသည် သူ့နောက်သို့ လိုက်ပါချင်ခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် သူတို့၏ကိုယ်ပွားများကို အသုံးပြုကာ သေမျိုးကမ္ဘာသို့ အတူတကွ ရောက်ရှိလာကြခြင်း ဖြစ်ပါသည်။
အပြင်ပကိုယ်ပွားတစ်ခုသည် ချင်ယွင်၏ ကိုယ်ပွားများနှင့် မတူပါဘူး။ ထိုကိုယ်ပွားကို လွတ်လပ်သော သက်ရှိပုံစံတစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။ အပြင်ပကိုယ်ပွားသည် မိမိစွမ်းအားမှ ပေါင်းစပ်သိပ်သည်းထားခြင်းဖြစ်ပြီး ၎င်း၏ကြံ့ခိုင်မှုသည် မူလခန္ဓာကိုယ် ထက် များစွာ အားနည်းပါသည်။
ဟုတ်ပါသည်၊ သူတို့သည် သေမျိုးကမ္ဘာမှာတော့ ပြိုင်ဘက်ကင်းဟု ယူဆနိုင်ပါသည်။ ယခုအချိန်တွင်၊ သူတို့နှစ်ဦးစလုံး၏ အားသာချက်များမှာ သူတို့သည် မြေကမ္ဘာ အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြခြင်း ဖြစ်ပါသည်။ ထို့အပြင်၊ အခြားအင်မော်တယ်ပညာရပ်များနှင့် မတူသည့် အင်မော်တယ် ပညာရပ်ကို လည်း ပိုင်ဆိုင်ထားပါသေးသည်။ သေမျိုးကမ္ဘာတွင် သူတို့အတွက် မည်သူမျှ ပြိုင်ဘက်မရှိဟုပင် ယူဆနိုင်ပါသည်။
နောက်ဆုံးအကြိမ်တုန်းက အကယ်၍ ချင်ယွင်သည် ဖန်ချန်းကျီကို အတင်းအကြပ် မောင်းထုတ်ရန် ကောင်းကင်ကပ်ဘေးဒုက္ခကို အသုံးမချနိုင်ခဲ့ဘူးဆိုလျှင်၊ ဖန်ယုထန်း ကို သတ်ပစ်ရန် မပြောနှင့်၊ ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်းအတွင်းရှိ မြက်ပင် တစ်ပင် သို့မဟုတ် သစ်ပင်တစ်ပင်ကိုပင် လှုပ်ရှားနိုင်လိမ့်မည် မဟုတ်ပေ။
ကျိယုဖန်းသည် ဖန်ချန်းကျီ၏ မေးခွန်းကိုကြားသောအခါ၊ ဖန်ချန်းကျီသည် ကောင်းကင်ဘုံဂိုဏ်း ပျက်စီးရခြင်း၏ အကြောင်းကို မေးမြန်းနေမှန်း သူ ချက်ချင်း နားလည်သွားပါသည်။ သူ ချက်ချင်း ပြန်ပြောလိုက်သည် "အင်မော်တယ်ခင်ဗျာ၊ ကျွန်တော့်တို့ဂိုဏ်းကတော့ ပျက်ဆီးသွားပါပြီ။ ဂိုဏ်းခေါင်းဆောင်နဲ့ ကျွမ်းကျင် ပညာရှင်အားလုံးနီးပါးလည်း အသတ်ခံခဲ့ရပါတယ်။ အင်မော်တယ်တပည့် ဖန်ယုထန်း လည်း နောက်ဆုံးအကြိမ်တုန်းကတည်းက အသတ်ခံခဲ့ရပါတယ်"
ကျိယုဖန်းသည် ကောင်းကင်ဘုံနဂါးတိုက်သို့ ပြန်ရောက်နေသည်မှာ အချိန်အတော် ကြာပါပြီ။ ထို့ကြောင့် ထိုနေ့တုန်း ကောင်းကင်ဘုံဂိုဏ်း၌ ဖြစ်ပျက်ခဲ့သည်များကို သဘာဝအတိုင်း သိရှိထားပြီး ဖြစ်ပါသည်။
"အဲဒီနေ့က လုပ်ခဲ့တဲ့လူက ချင်ယွင်ဆိုသူလား?" ဖန်ချန်းကျီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"ဟုတ်ပါတယ်၊ ချင်ယွင်ပါပဲ၊ အင်မော်တယ် ထွက်သွားပြီးနောက်၊ အဲဒီ ချင်ယွင်က ကျွန်တော့်တို့ရဲ့ လက်ရှိ ကောင်းကင်ဘုံဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ကို ပထမဆုံး သတ်ပစ်လိုက်ပါတယ်။ ပြီးတော့ ကောင်းကင်ကပ်ဘေးဒုက္ခကို အသုံးပြုပြီး ကောင်းကင်ဘုံဂိုဏ်းရဲ့ တောင်တန်းတံခါးကို ဖျက်ဆီးပြီး ကောင်းကင်ဘုံဂိုဏ်းရဲ့ အကြီးအကဲကြီးတွေကိုတောင် သတ်ပစ်လိုက်ပါတယ်။" ဆံပင်ဖြူ အဘိုးအိုက ကမန်းကတန်း ပြောလိုက်ပါသည်။
ဖန်ချန်းကျီ၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ချက်ချင်း ထွက်ပေါ် လာသည်။ ထိုအချိန်တုန်းက၊ ချင်ယွင်၏ ထောင်ချောက်ထဲ ကျဆင်းမိပြီး ကြေကွဲဖွယ် ရာ ခံစားခဲ့ရသည်။ ထိုလျှပ်စီးကပ်ဘေးဒုက္ခသည် သူ့အား သုံးရက်လုံးလုံး အိပ်ယာထဲ တွင် လှဲနေလုနီးပါး ဖြစ်ခဲ့ရသည်။ ဂိုဏ်း၏ ပြန်လည်ကုစားနိုင်သော အင်မော်တယ် အဆင့် ဆေးများကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ သူသည် ယခုအချိန်အထိပင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာမည် မဟုတ်သေးပေ။
ချင်ယွင်က သူ၏တပည့်အသစ်လေးကို အမှန်တကယ် သတ်ပစ်လိုက်သည်ဟု ကြားလိုက်ရသည်။ ယင်းက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်း မဟုတ်ပေဘူးလား?။
အကယ်၍ သူသည် ဒီချင်ယွင်ကို မသတ်နိုင်ဘူးဆိုရင်၊ သူသည် မည်သို့ အသက်ဝဝ ရူနိုင်တော့မည်နည်း?။
ယခုတစ်ကြိမ်မှာတော့ ဖန်ချန်းကျီသည် ကြိုတင်ပြင်ဆင်ထားပါသည်။ သူသည် သေမျိုးကမ္ဘာသို့ မဆင်းမီ၊ ဂိုဏ်း၏အကြီးအကဲတစ်ဦးထံမှ အင်မော်တယ်အဆင့် ရတနာတစ်ခုကို တောင်းခံထားပြီး ဖြစ်ပါသည်။ သူပိုင်ဆိုင်ထားသော ဤအင်မော်တယ် ရတနာဖြင့်ဆိုလျှင် သူသည် သူ့ကိုယ်ပွား၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်မည်ဆို လျှင်ပင်၊ အခြားသော ကောင်းကင်ကပ်ဘေးဒုက္ခက သူ့ကို ရှာတွေ့နိုင်မည် မဟုတ်တော့ပေ။
"ပုရွက်ဆိတ်တစ်ကောင်သာသာ ဒီချင်ယွင်ကများ ငါ့ကိုရန်စဖို့ သတ္တိရှိတွေ ရှိနေတယ်ပေါ့။ ငါက မင်းရဲ့စိတ်ဝိညာဉ်ကို လုံးလုံး ဖျက်ဆီးပစ်ချင်မိတယ်" ဖန်ချန်းကျီ ၏ မျက်လုံးများတွင် သတ်ဖြတ်ချင်စိတ်တွေက တဟုန်ထိုး ပျံ့နှံ့လာပါသည်။
သို့သော် သူ၏နောက်တွင်ရှိနေသည့် ဟန်ဖန်းသည် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။ သူ၏မျက်လုံးထဲတွင် သံသယ အရိပ်အယောင် ပေါ်လာပါသည်။ ဤချင်ယွင်ဟူသော နာမည်သည် အနည်းငယ် ရင်းနှီးနေသည်ဟု သူ ထင်နေပုံရသည်။ အရင်က တစ်နေရာရာမှာ ဤနာမည်ကို သူ ကြားဖူးပုံရပါသည်။ ဒါပေမယ့် တခဏအတွင်းမှာ သူ မမှတ်မိဘူး ဖြစ်နေပါသည်။
"အင်မော်တယ်ခင်ဗျ..၊ ဒီဂိုဏ်းကြီး ဖျက်ဆီးခံရတဲ့ အကြောင်းကိစ္စသက်သက်ကြောင့် အင်မော်တယ်တို့ကို ဆင့်ခေါ်ခဲ့တာ မဟုတ်ပါဘူး။ အခြား အရေးကြီး ကိစ္စတစ်ခုလည်း ရှိနေပါသေးတယ်။ အင်မော်တယ်တို့ကို ဒီသေမျိုးကမ္ဘာကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ချက် မချနိုင်ခင်မှာ ဒီနိမ့်ကျတဲ့လူက အချိန်အတော်ကြာအောင် တွန့်ဆုတ်နေခဲ့ပါသေးတယ် ။" ကျိယုဖန်းက ဆက်ပြောလိုက်ပါသည်။
"အိုး……? အဲဒါက ဘာကိစ္စလဲ?" ဖန်ချန်းကျီ နှင့် ဟန်ဖန်း နှစ်ယောက်လုံးသည် အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်လာကြသည်။
"ကျွန်တော်တို့ရဲ့ ဧရာမအပြာရောင်ကြယ်ကြီးပေါ်မှာရှိတဲ့ ပင်လယ်ကြီးရဲ့ နက်ရှိုင်းတဲ့ တစ်နေရာမှာ အင်မော်တယ်နန်းတော်ကြီးတစ်ခု ရှိနေပါတယ်။ အဲဒီအင်မော်တယ် နန်းတော်ကြီးထဲကို ဝင်ရောက်ရန်အတွက် ဒီလိုကျောက်စိမ်းဆွဲသီးမျိုးတစ်ခု လိုအပ်ပါ တယ်။ ဒါပေမယ့်၊ ဒီတစ်ခုက အပြင်ဘက်ဆုံးအပိုင်းကိုပဲ ဝင်လို့ရပါတယ်။ အဲဒီ အင်မော်တယ်နန်းတော်ကြီးရဲ့ နက်ရှိုင်းတဲ့ အတွင်းပိုင်းနေရာကို ဝင်ရောက်ဖို့အတွက် ဆိုရင်တော့ အခုလိုကျောက်စိမ်းဆွဲသီး ကိုးခုကို စုထားရပါလိမ့်မယ်။ အခု ကျွန်တော်က အဲဒီအင်မော်တယ်နန်းတော်ကြီးရဲ့ သော့ကိုးချောင်းထဲက သော့နှစ်ချောင်းကို ရရှိထား ပါတယ်။ အင်မော်တယ်နှစ်ယောက်တို့၊ ကျေးဇူးပြုပြီး ဒီသော့နှစ်ချောင်းကို ကြည့်ကြည့်ပါဦး..။” ကျိယုဖန်းက သူ၏လက်ဖဝါးကို လှန်လိုက်ပြီးနောက် အဖြူရောင် ကျောက်စိမ်းဆွဲသီးနှစ်ခုက သူ၏လက်ထဲမှာ ပေါ်လာပါသည်။
"ဒါက….?"
ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် အင်မော်တယ်နန်းတော်၏ ကျောက်စိမ်းဆွဲသီးများကို တွေ့လိုက်သောအခါ သူတို့၏မျက်နှာများသည် ဖော်ပြ၍မရနိုင်အောင်ပင် အံ့ဩသွား သည့် အမူအရာများကို ချက်ချင်းဆိုသလို ထုတ်ဖော်လာပါသည်။
သူတို့သည် အင်မော်တယ်နန်းတော်၏ကျောက်စိမ်းဆွဲသီးများကို လက်ခံရယူပြီး နောက် ယင်းပေါ်တွင် အင်မော်တယ်နန်းတော်ပုံစံကို တွေ့လိုက်ရသောအခါတွင် သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများက ပိုမို၍ ပြင်းထန်လာပါသည်။
"ဖြစ်နိုင်တာက ဒါက အဲဒီလူရဲ့ ဒဏ္ဍာရီလာ စံအိမ်ကြီးများ ဖြစ်နိုင်မလား?" ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဖန်ချန်းကျီက အံ့အားသင့် ဟန်ဖြင့် ပြောလိုက်ပါသည်။
"ဖြစ်နိုင်ချေ အရမ်းများတယ်။" ဟန်ဖန်းက ခေါင်းညိတ်လိုက်သည်။
"ဒီအင်မော်တယ်နန်းတော်က ဒီကမ္ဘာမြေပေါ်မှာ ဘယ်အချိန်တုန်းက ပေါ်လာတာလဲ။" ဖန်ချန်းကျီက ကျိယုဖန်းဆီကို အမြန်လှည့်ပြီး မေးလိုက်ပါသည်။
“အင်မော်တယ်နှစ်ယောက်ခင်ဗျာ၊ လွန်ခဲ့တဲ့ နှစ်ငါးထောင်လောက်က ပေါ်လာပုံရ ပါတယ်။ ဒီအင်မော်တယ်နန်းတော်နဲ့ပတ်သက်ပြီး ထူးခြားမှု တစ်ခုခု ရှိလို့များလား?" ကျိယုဖန်း အံ့သြစွာ မေးလိုက်ပါသည်။
အင်မော်တယ်နန်းတော်၏ သော့များကို တွေ့လိုက်ရသောအခါအတွင် ဤ အင်မော်တယ်နှစ်ယောက် သည် အလွန်စိတ်လှုပ်ရှားမည်ဟု သူ မထင်ထားခဲ့ပေ။
ထိုအချိန်တွင် ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် စိတ်လှုပ်ရှားမူ မရှိကြတော့ပေ။ ယင်းအစား သူတို့သည် လုံးဝ ထိတ်လန့်သွားကြပါသည်။ အချိန်အတော်ကြာမှ သူတို့သည့် သတိပြန်ရလာပြီး ကျိယုဖန်းကို "ဒီအင်မော်တယ်နန်းတော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်က အမှန်တကယ် ပေါ်လာခဲ့တယ်ဆိုရင် ဒီနန်းတော်ကြီးဟာ အဲဒီလူရဲ့စံအိမ်ကြီး ဖြစ်နိုင်ချေ အရမ်းများတယ်။ ဒီစံအိမ်ကြီးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား ပြဿနာတော့ မရှိပါဘူး။ ဒါပေမယ့် အကယ်၍ ဒီသတင်းသာ ပျံ့နှံ့သွားရင်တော့ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ အင်အားစုတွေအားလုံး တုန်လှုပ်သွားနိုင်တယ်။”
"ဘာ….?" ကျိယုဖန်းလည်း ထိတ်လန့်တုန်လှုပ်သော အမူအရာ ဖြစ်ပေါ်လာပါသည်။ အင်မော်တယ်ကမ္ဘာတစ်ခုလုံးကို တုန်ခါအောင် လှုပ်ခတ်နိုင်စွမ်းရှိသည့် ကျွမ်းကျင် ပညာရှင်တစ်ယောက်သည် မည်သို့တည်ရှိမူမျိုး ဖြစ်သည်ကို သူသည် အမှန်တကယ် တွေးမကြည့်ဘဲ မနေနိုင်ခဲ့ပါချေ။ ဤစံအိမ်ကြီးသည် စင်စစ် ကောင်းကင်ဘုံကို အံတုနိုင်သည့် ရတနာတစ်ခုပင် ဖြစ်နေချေပါသည်။