← Chapters

အခန်း ၆၂၀

Vol. 42 Ch. 620

အခန်း ၆၂၀

Vol. 42 Ch. 620

အခန်း (၆၂၀) ရှောင်ယန်တောင်တန်း။

"ဒါဆို တခြားအင်မော်တယ်နန်းတော်သော့ခုနစ်ခုက ဘယ်မှာလဲဆိုတာ မင်း သိလား?။ " ဖန်ချန်းကျီက ကမန်းကတန်း မေးလိုက်သည်။

"အင်မော်တယ်နန်းတော်ရဲ့ အခြားသော့ငါးချောင်းကို ရရှိထားတဲ့ အင်အားစုတွေရဲ့ နေရာတွေကို ကျွန်တော် သိပါတယ်။ အဲဒီအထဲမှာမှ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက လင်းဘိုင်ယွန်က နှစ်ချောင်းရခဲ့ပါတယ်။ ရေအောက်ကမ္ဘာ နတ်ဆိုးနတ်ဘုရား နန်းတော်ရဲ့ နတ်ဆိုးနတ်ဘုရားဆီကိုလည်း သွားရပါ့မယ်။ နောက်တစ်ယောက်က တော့ ရှောင်ယန်ဂိုဏ်းရဲ့ ရှီချန်ဂန်ဆီကို သွားရမှာပါ။ ငါးယောက်ထဲက နောက်ဆုံး တစ်ယောက်ကတော့ ထျန်းယွန်တိုက်ကြီးက ရန်ယုဖန်းပါ။ နောက်ဆုံးကျန်တဲ့ သော့နှစ်ချောင်းရဲ့တည်နေရာတွေကိုတော့ အခုထိ မသိရသေးပါဘူး။" ကျိဖန်းယုက အမှန်အတိုင်း ဖြေသည်။

ကျိဖန်းယု၏ စကားကိုကြားတော့ ဖန်ချန်းကျီသည် လေးလေးနက်နက် တွေးတောနေ မိသည်။

သူ၏ နောက်တွင်ရှိနေသည့် ဟန်ဖန်သည် ခဏတာ တိတ်ဆိတ်နေ၏။ အချိန်အတော် ကြာပြီးနောက် ဟန်ဖန်းက ခေါင်းကိုမော့ပြီး ဖန်ချန်းကျီကို မေးလိုက်ပါသည် "အခု လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကလည်း အင်မော်တယ်နန်းတော်ရဲ့ သော့တွေကို ရနေပြီဆို တော့ သူတို့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက ပညာရှင်တွေကလည်း ဒီကိစ္စကို သူတို့ရဲ့ အထက်အရာရှိတွေဆီ သတင်းပို့မယ်လို့ ကျွန်တော် ယုံကြည်တယ်။ လျှို့ဝှက် ဆန်းကြယ်ဂိုဏ်းက အထက်လူကြီးတွေကလည်း သူတို့လူတွေကို အောက်ကို ဆင်းခိုင်းမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း ဒီကိစ္စကို အင်မော်တယ်ဂိုဏ်းကို အကြောင်းကြားသင့်တယ်။”

ဖန်ချန်းကျီက အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် " ဒီဂြိုဟ်ကမ္ဘာ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါတွေကို သုံးလမှ တစ်ကြိမ်ပဲ အသုံးပြုလို့ ရတယ်။ အခု ကြယ်ဖမ်းခြင်းတောင်ထိပ်မှာရှိတဲ့ တယ်လီပို့စနစ် အစီအရင်ဝင်္ကပါကလည်း ပျက်ဆီး သွားခဲ့ပြီ။ ဒါ့အပြင် ဒီတယ်လီပို့စနစ် အစီအရင်ဝင်္ကပါကိုလည်း အသုံးပြုပြီးသွားပြီ။ ငါတို့အနေနဲ့ အခုချိန်မှာ ဂိုဏ်းကို အကြောင်းကြားရင်တောင်မှ၊ အင်မော်တယ်ဂိုဏ်းက ဘယ်သူ့ကိုမှ ထပ်ပြီး ပို့နိုင်မှာ မဟုတ်တော့ဘူး။"

"ဒါပေမယ့် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကိုရော….?" ဟန်ဖန်း က ချီတုံချတုံ ပြောသည်။

"စိတ်မပူပါနဲ့၊ တကယ်လို့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက သူတို့လူတွေကို လွှတ်လိုက်တယ်ဆိုရင်တောင် လူနှစ်ယောက်ပဲ လွှတ်နိုင်မှာပါ။ ဒီတယ်လီပို့စနစ် အစီအရင်ဝင်္ကပါက တစ်ကြိမ်မှာ လူနှစ်ယောက်ပဲ ပို့နိုင်တယ်ဆိုတာကို မင်း မေ့သွားပြီ လား?။ နောက်ပြီး ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမတွေရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေ ကြောင့်၊ ဒီသေမျိုးကမ္ဘာမှာဆို ငါ့တို့ရဲ့စွမ်းအားက မြေကမ္ဘာအင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်အထိ ဖိနှိပ်ချုပ်ချယ်ခံရလိမ့်မယ်။ ဒါကြောင့်၊ လျှို့ဝှက်ဆန်းကြယ် ဂိုဏ်းက လူတွေက သေမျိုးကမ္ဘာကို ဆင်းသက်လာမယ်ဆိုရင်တောင် ငါ့တို့အပေါ် သက်ရောက်မှု အများကြီးရှိမှာ မဟုတ်ပါဘူး။” ဖန်ချန်းကျီက ပြောသည်။

ဟန်ဖန်းလည်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အမှန်ပင် ဖြစ်ပါသည်။ အကယ်၍ သင်သည် အင်မော်တယ်ကမ္ဘာတွင် အစွမ်းထက်နိုင်သော်လည်း၊ ဤသေမျိုးကမ္ဘာရှိ လူတိုင်း၏ခွန်အားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် ထက် မကျော်လွန်ပေ။ အကယ်၍ ခြားနားချက်များ ရှိနေသည်ဆိုလျှင်လည်း ယင်းမှာ ကောင်းကင်နှင့်မြေကြီး၏ နိယာမများကို နားလည်သဘောပေါက်မူ ကွာခြားချက် အပြင် ၎င်းတို့ပိုင်ဆိုင်ထားသည့် အင်မော်တယ်အဆင့်ရှိ မှော်ရတနာများနှင့် ကျင့်ကြံခြင်းနည်းပညာရပ်များ ကွာခြားမှုများသာ ရှိကောင်းရှိနေမည် ဖြစ်ပါသည်။

"အခုအချိန်မှာ အရေးကြီးဆုံးအရာက လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းထက် အရင်ဦးအောင် တခြားသော့ငါးချောင်းကို လုယူဖို့ပဲ။ ဒါမှ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းနဲ့ ညှိနှိုင်းရာမှာ အရင်းအနှီး ပိုမိုရရှိလိမ့်မယ်။ ဒီဂြိုဟ်ကမ္ဘာမြေပေါ်က ပုရွက်ဆိတ်တွေအတွက်တော့ သူတို့က အင်မော်တယ်နန်းတော်ထဲ ဝင်ဖို့ အရည်အချင်း မပြည့်မီဘူး။" ဖန်ချန်းကျီက လှောင်ပြောင် ရယ်မောရင်း သူ၏မျက်နှာက အထင်အမြင်သေးမှုတွေနှင့် ပြည့်နှက်နေ ပါသည်။

ဟန်ဖန်းလည်း ခေါင်းညိတ်ပြပြီး သူ၏အမူအရာကလည်း ဖန်ချန်းကျီ နှင့် အတူတူပင်။

ရှင်းနေသည်မှာ၊ သူတို့၏အမြင်တွင်၊ ဤသေမျိုးကမ္ဘာ၏ ကျင့်ကြံသူများသည် ပုရွက်ဆိတ်များထက် သာလွန်ရုံသာရှိပြီး၊ ၎င်းတို့အနေဖြင့် သူတို့၏ ခွန်အားနှင့် အဆင့်အတန်းကို နှိုင်းယှဉ်၍ မရနိုင်ပေ။

"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ" ဟန်ဖန်က မေးသည်။

"သေချာတာက၊ ငါတို့အနေနဲ့ သိထားပြီးသား အခြားသော့သုံးချောင်းကို အရင်ဆုံး လုယူသင့်တယ်။ ဒါပေမယ့် နောက်ဆုံးသော့နှစ်ချောင်ရဲ့ တည်နေရာကိုလည်း ရှာဖွေသင့်တယ်။" ဖန်ချန်းကျီက ပြောသည်။

"ကောင်းပြီလေ၊ ဒါဆို ကျွန်တော်တို့အနေနဲ့ ဘယ်တစ်ခုကို အရင်ဆုံး တိုက်ခိုက် သင့်လဲ?" ဟန်ဖန်းက ဆက်မေးသည်။

"ရှောင်ယန်ဂိုဏ်းနဲ့ စလိုက်ရအောင်။ ပြီးတော့မှ တောင်ဘက်လမ်းအတိုင်း သွားပြီး၊ နတ်ဆိုးနတ်ဘုရားနန်းတော်လို့ခေါ်တဲ့ နတ်ဆိုးနတ်ဘုရားရဲ့လက်ထဲက အင်မော်တယ် နန်းတော်သော့ကို သိမ်းပိုက်ကြတာပေါ့။ နောက်ဆုံးမှ၊ ထျန်းယွန်တိုက်ကြီးကို သွားပြီး ရန်ယုဖန်းရဲ့လက်ထဲကသော့ကို ယူကြမယ်" ဖန်ချန်းကျီက ပြီးပြည့်စုံသော အစီအစဥ် တစ်ခုကို စဉ်းစားထားပြီး ဖြစ်သည်။

ဟန်ဖန်းလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ထိုအချိန်မှာ နှုတ်ဆိတ်နေသော ကျိယုဖန်းက ပြောလိုက်ပါသည် "သခင် အင်မော်တယ်တို့ ခင်ဗျာ၊ အဲဒီရှောင်ယန်ဂိုဏ်းနဲ့ ရန်ယုဖန်းတို့ကတော့ အဆင်ပြေပါ တယ်။ ဒါပေမယ့် နတ်ဆိုးနတ်ဘုရားရဲ့ စွမ်းအားက ထူးထူးခြားခြားပါပဲ။ သူကလည်း မြေကမ္ဘာအင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်နေပါပြီ။ သူနဲ့ ရင်ဆိုင်ရတာ ခက်ခဲတာမို့ သူ့ကို သတိထားဖို့ လိုပါလိမ့်မယ်”

"ဟမ့်၊ မင်းက ငါတို့ရဲ့စွမ်းအားကို သံသယဝင်နေတာလား?။ သူက မြေကမ္ဘာ အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေရင်တောင် ငါတို့ရှေ့မှာဆို ပုရွက်ဆိတ်တစ်ကောင်ထက် ဘာမှမပိုဘူးကွ" ဖန်ချန်းကျီ၏ အမူအရာသည် ချက်ချင်းပင် ရှုံ့မဲ့သွားပြီး သူ၏လေသံက အေးစက်သွားသည်။

ကျိယုဖန်းသည် ဖန်ချန်းကျီ၏ စကားကိုကြားသောအခါ ထိတ်လန့်စွာဖြင့် သူ၏ပါးစပ်ကို ချက်ချင်းပိတ်လိုက်လေသည်။

"သွားရအောင်၊ ရှောင်ယန်ဂိုဏ်းကို အရင်သွားရအောင်။" ဖန်ချန်းကျီက ပြောသည်။

ထိုစကားကို ပြောပြီးနောက် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။

ဟန်ဖန်း နှင့် ကျိယုဖန်းတို့သည် သဘာဝအတိုင်း သူ့နောက်သို့ အနီးကပ် လိုက်သွားကြသည်။

ဖန်ချန်းကျီသည် ဟန်ဖန်း နှင့် ကျိယုဖန်းတို့ကို ရှောင်ယန်ဂိုဏ်းဆီသို့ ဦးဆောင် ခေါ်ဆောင်လာစဉ်မှာ၊ ရှောင်ယန်ဂိုဏ်းရှိ အမြင့်ဆုံးတောင်ထိပ်၏ ပင်မ ခန်းမဆောင် တွင် လူသုံးဦးလည်း စုရုံးရောက်ရှိနေခဲ့ကြသည်။ သူတို့လည်း တစ်ခုခုတော့ ဆွေးနွေး တိုင်ပင်နေကြပါသည်။

အပေါ်ဆုံးခုံမှာ ထိုင်နေသူက ဂုဏ်သိက္ခာကြီးမားသည့် အဘိုးကြီးတစ်ဦး ဖြစ်ပါသည်။ သူ၏ဆံပင်တွေက မီးခိုးရောင်သမ်းနေပြီ ဆိုပေမယ့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အလွန်တရာမှ အားအင်တွေဖြင့် ပြည့်နှက်နေခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ လွှမ်းမိုးကြီးစိုးနိုင်သည့် ခမ်းနားထည်ဝါမူအငွေ့အသက်တွေ ထွက်ပေါ်နေပါသည်။

"အဘိုး၊ အဘိုးထွက်သွားတာ အနှစ်ခြောက်ဆယ်ရှိပြီ။ လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က အဘိုး ဘယ်တွေရောက်နေတာလဲ" စကားပြောဆိုသူမှာ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပါသည်။ ဤလူသည် ရှောင်ယန်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ယွန်ဖူရှန်းမှလွဲ၍ အခြားသူမဟုတ်ပေ။

"မှန်တယ် တော်ဝင်ဘိုးဘေး၊ တော်ဝင်ဘိုးဘေးက အနှစ်ခြောက်ဆယ်လုံးလုံး ဘယ်တွေ ရောက်နေတာလဲ?။ ကျွန်တော် တော်ဝင်ဘိုးဘေးကို မတွေ့ရတာ အနှစ်ခြောက်ဆယ်ရှိပြီ" ယွန်ဟောင်ယန်က မြှောက်ပင့်သည့် အပြုံးဖြင့် ပြောလိုက်ပါသည်။

"ကောင်လေး…၊ မင်း ငါ့ကို မတွေ့ရတာ အနှစ်ခြောက်ဆယ်ရှိပြီတာ ဘာကို ဆိုလိုတာလဲ?။ အဲဒီအချိန် လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်က မင်းအဖေက မင်းကို မမွေးသေးဘူးလေ" ဂုဏ်သိက္ခာကြီးမာသည့် အဖိုးအိုက ယွန်ဟောင်ယန်၏ စကားကြောင့် ချက်ချင်းပင် ကြည်နူးသွားပြီး သူ၏မျက်နှာပေါ်တွင် ကြင်နာသော အပြုံးတစ်ခု ပေါ်လာသည်။

သူသည် ဤမြေးမြစ်လေးကို အရမ်းသဘောကျနေသည်မှာ ထင်ရှားပါသည်။

ယွန်ဟောင်ယန်၏ မျက်နှာသည်လည်း အပြုံးပန်းများဖြင့် ပြည့်နှက်နေပါသည်။ သူသည် သိပ်မကြာခင်က သူ့အဘိုး၏ လှုပ်ရှားမူတွေကို တစ်ကြိမ် မြင်ခဲ့ထားသည်။ သူ၏ လက်ဖဝါးတစ်ချက် ရိုက်ခတ်မူနှင့်အတူ မီတာတစ်ထောင် အကွာအဝေးမှ တောင်ထိပ်တစ်ခုသည် အမှုန့်အဖြစ်သို့ ပြိုကျပျက်ဆီးသွားခဲ့သည်။ လက်ဖဝါးရိုက်ချက် တစ်ချက်တည်းဖြင့်၊ ယခုလိုမျိုးဖြစ်အောင် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေသော သူ၏အဖေတောင်မှ မလုပ်နိုင်ပါဘူး။

"လွန်ခဲ့တဲ့ အနှစ်ခြောက်ဆယ်လုံးလုံး ငါက အင်မော်တယ်နန်းတော်ကြီးတစ်ခုထဲမှာ ကျင့်ကြံနေခဲ့တာကွ။ အဲဒီအထဲမှာ ကျင့်ကြံမူ အရှိန်ဟုန်က အပြင်ဘက်ကမ္ဘာမှာထက် အဆတစ်ရာနီးပါး ပိုမြန်တယ်လေ။ အဲဒီအချိန်တုန်းက ငါ နန်းတော်ကြီးထဲ ဝင်ရောက် စဉ်မှာ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိနေသေးတယ်။ အခု ငါက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့် စွမ်းအား ရှိနေပြီ။” အေးဆေးတည်ငြိမ်သော အဘိုးအိုက အပြုံးဖြင့် ပြောသည်။

"နှောင်းမြေအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်လား?" ယွန်ဟောင်ယန်၏ မျက်နှာသည် အလွန် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ချက်ခြင်း ပေါ်လာသည်။ ထို့နောက် ယွန်ဟောင်ယန်သည် သူ၏မျက်လုံးများကို လှိမ့်ပတ်ကာ ကစားလိုက်ရင်း "တော်ဝင်ဘိုးဘေး၊ တော်ဝင်ဘိုးဘေးက ကျွန်တော့်အတွက် တစ်ယောက်ယောက်ကို သတ်ပေးနိုင်မလား?။ ဒီလူက ကျွန်တော်နဲ့ စေ့စပ်ထားတဲ့ ရည်းစားကို ခိုးယူခဲ့ရုံတင် မကဘူး၊ သူက ကျွန်တော်ကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီး ကျွန်တော်လည်း သူ့လက်မှာ သေလုနီးပါး ဖြစ်သွားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော့်အဖေနဲ့ ကျွန်တော့်ရဲ့ ခွန်အားက သူ့ကို လက်စားချေလို့ မရနိုင်ဘူး။ အခု သူက ကျွန်တော့်ကို အရှက်တကွဲ အကျိုးနဲအောင် လုပ်သွားခဲ့တယ်။ တကယ်လို့ ကျွန်တော်တို့သာ သူ့ကို သတ်ပြီး ကျွန်တော့်ရင်ထဲက အမုန်းတရားတွေကို မနှိမ်နင်းနိုင်ဘူးဆိုရင် ကျွန်တော်တို့ ရှောင်ယန်ဂိုဏ်းအတွက် ခက်ခဲလာလိမ့်မယ်။

"အိုး… ?" အထင်ကြီးလေးစားထိုက်သော အဖိုးအိုသည် သူ၏ဘေးနားရှိ ယွန်ဖူရှန်းကို လှည့်ကြည့်ရင်း အံ့ဩသော အမူအရာကို ထုတ်ဖော်လိုက်ပါသည်။

ယွန်ဖူရှန်းလည်း ယွန်ဟောင်ယန်၏ စကားကို သဘောတူပြီး ခေါင်းညိတ်လိုက်ပါ သည်။

"ဘယ်သူလဲ၊ ငါ့ရှောင်ယန်ဂိုဏ်းကို အနိုင်ကျင့်ပြီး ငါ့မြေးမြစ်နဲ့ စေ့စပ်ထားသူ အမျိုးသမီးကို ခိုးယူရလောက်အောင် ဘယ်သူက သတ္တိရှိနေတာလဲ" ဂုဏ်သိက္ခာရှိသော အဘိုးအို၏ မျက်နှာပေါ်တွင် ချက်ချင်းပင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာသည်။

အထင်ကြီးလေးစားထိုက်သော အဘိုးအို၏ ပြောစကားများကို ကြားသောအခါ ယွန်ဟောင်ယန်၏ မျက်နှာသည် ချက်ချင်းပင် ဝမ်းသာအားရဟန် ပေါ်လာသည်။ သူသည် ထိုလူ၏အမည်ကို အလျင်အမြန် ပြောပြလိုက်ချင်သော်လည်း ထိုအချိန်တွင် ခန်းမအတွင်းမှ ကျယ်လောင်သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျွန်တော်ပါ!"

စကားတိုတိုလေး နှစ်ခွန်းလောက်ပြောရုံဖြင့် သူ၏အသံက မိုးခြိမ်းသံလို ကျယ်လောင် ပြီး ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားပါသည် ။

ခန်းမထဲမှ လူသုံးယောက်သည် ချက်ချင်းပင် ခေါင်းမော့ပြီး ရောက်လာသည့် လူတွေကို ကြည့်လိုက်ပါသည်။ အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားသည့် လူငယ်တစ်ဦးနှင့် သူ၏နောက်မှ လူနှစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။

"မှန်တယ် တော်ဝင်ဘိုးဘေး၊ သူပဲလေ။ သူက ကျွန်တော်နဲ့စေ့စပ်ထားသူ အမျိုးသမီးကို ခိုးယူပြီး ကျွန်တော့်ကို သေလုနီးပါးဖြစ်အောင် လုပ်ခဲ့သူပဲ။ သူ့ကို ကျွန်တော့်အတွက် အမြန် သတ်ပစ်လိုက်ပါ"

ယွန်ဟောင်ယန်က လမ်းလျှောက်ဝင်လာသည့် ၀တ်စုံဖြူဝတ် လူငယ်ကို ကြည့်လိုက် ရင်း ပြင်းထန်သည့် အမုန်းတရားတွေက သူ၏မျက်နှာပေါ်မှာ ချက်ချင်း ပေါ်လာပါ သည်။

ချင်ယွင်က သူ့ကို ရိုက်နှက်သည့်အတွက် ထွက်ပြေးရစဉ်ကတည်းက သူသည် ချင်ယွင် ကို သတ်ပစ်ချင်နေခဲ့သည်။ မူလက သူသည် သူ၏အဖေကိုယ်တိုင် ချင်ယွင်ကို သတ်ပစ်ခိုင်းချင်ခဲ့သော်လည်း နောက်ပိုင်းတွင် ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးလိုက်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

အဆုံးတွင်၊ ယွန်ဖူရှန်းသည် ၎င်းကို ထပ်ခါထပ်ခါ ချိန်ဆခဲ့ပြီးနောက်၊ ချင်ယွင်ကို နောက်ထပ် ရန်မစသင့်တော့ဟု ခံစားမိနေသည်။ ယင်းကြောင့် ယွန်ဟောင်ယန်သည် သူ၏စိတ်ထဲတွင် အလွန်အမင်း မကျေမနပ် ဖြစ်ခဲ့ရသည်။

ယခု သူ၏တော်ဝင်ဘိုးဘေးက ပြန်ရောက်လာပြီး ထိုကဲ့သို့ အစွမ်းထက်သော ခွန်အားကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် ယွန်ဟောင်ယန်၏ လက်စားချေလို သော ဆန္ဒက တဖန် တောက်လောင်လာပြန်သည်။

ချင်ယွင်သည် သူ့ဘက်မှစပြီး ကိုယ်တိုင်ကိုယ်ကျ သူ၏အိမ်သို့ အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ယင်းက ယွန်ဟောင်ယန်သည် သူ့ကို ကောင်းကင်ဘုံက ကူညီပေးနေသည်ဟု ခံစားမိစေပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားမှု အပြည့်ရှိနေပါသည်။

သို့သော် သူတော်ဝင်ဘိုးဘေး၏ မျက်နှာသည် အစိမ်းရောင် ပြောင်းသွားသည်ကိုတော့ သူ သတိမထားမိလိုက်ပေ။

All Chapters