← Chapters

အခန်း ၆၂၁

Vol. 42 Ch. 621

အခန်း ၆၂၁

Vol. 42 Ch. 621

အခန်း (၆၂၁) ယွန်ဟောင်ယန်၏သေခြင်းတရား။

ရှီချန်ဂန်၏ မျက်နှာသည် ခန်းမအ၀င်ဝမှ လျှောက်လာနေသော လူသုံးယောက်ကို လှမ်းကြည့်ရင်း ချက်ချင်းပင် ပြာနှမ်းသွားလေသည်။

ဟုတ်ပါသည်၊ သူ၏အကြည့်တွေက ဦးဆောင်လာသူ လူငယ်၏အပေါ်မှာ ရှိမနေဘဲ ထိုလူငယ်၏ နောက်ကွယ်မှ လူနှစ်ယောက်အပေါ်ကို ရောက်သွားခဲ့ပါသည်။

ရန်ယုဖန်းသည် ချင်ယွင်၏နောက်သို့ လိုက်လာသူ ဖြစ်သည်။ ရှီချန်ဂန်သည် သူ့ကို ပထမဆုံး မြင်မြင်ချင်းမှာ အံ့သြသွားပါသည်။

ရန်ယုဖန်းမှာ အစွမ်းထက်သည့် နောက်ခံအင်အားတွေ မရှိသော်လည်း နောက်ဆုံးမှာ တော့ သူ၏ စွမ်းအားက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပါပြီ။ သို့သော်လည်း ယခုအချိန်တွင် သူသည် အခြားလူများနောက်သို့ လိုက်လိုစိတ် ရှိနေခဲ့သည်။ ရှီချန်ဂန်သည် ဘယ်လိုလုပ် မအံ့သြဘဲ နေနိုင်မည်နည်း?။

သို့သော် ရှီချန်ဂန်ကို အမှန်တကယ် ထိတ်လန့်စေသည့်အရာက ရန်ယုဖန်း မဟုတ်ဘဲ ၀တ်စုံဖြူဝတ် လူငယ်နောက်သို့ လိုက်လာသော ဘယ်ဘက်ရှိ နတ်ဆိုးလူငယ် ဖြစ်ပါသည်။

ဤနတ်ဆိုးလူငယ်သည် မည်သူလဲဆိုသည်ကို သူ မည်သို့ ရှင်းရှင်းလင်းလင်း မသိဘဲ နေမည်နည်း?။ နောက်ဆုံးတွင်၊ သူတို့သည် အင်မော်တယ်ဘုရင်၏ နန်းတော်ကြီးထဲ တွင် အနှစ်ခြောက်ဆယ်ကြာ အတူတကွ နေထိုင်ခဲ့ကြပြီး အချင်းချင်းလည်း ရင်းနှီးခဲ့ကြသည်။

သူနှင့် ပိုရင်းနှီးလေလေ သူသည် အကြောက်တရားကို ပိုခံစားရလေလေ ဖြစ်ပါသည်။

ရှီချန်ဂန်က သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရလျှင် ယောင်လင်းခေါင်၏ နှုတ်ခမ်းတွေက အေးစက်သည့် အပြုံးတစ်ခုဟန် တွန့်ကွေးသွား၏။ သို့သော် သူသည် မည်သည့်စကားမှ မပြောချေ။ ယင်းအစား သူသည် သူ့ရှေ့မှ လျှောက်သွားနေသော ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။

သို့သော် ဤအကြည့်လေးသည်ပင် ရှီချန်ဂန်၏ နှလုံးသားကို ထိတ်လန့် တုန်လှုပ် သွားစေခဲ့ပါသည်။

ယောင်လင်းခေါင်၏ ခွန်အားက ဘာလဲ?။

သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ရှိ အစွမ်းထက် သည့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်ပါသည်။ သူ စွမ်းအားသည် အဆင့်တူ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ရှိ ကျွမ်းကျင်သူများထက် သာလွန်နေပါသည်။ သူတို့လို နှောင်းပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖို့က ကြက်တစ်ကောင်ကို သတ်လိုက်သလိုပင် ဖြစ်နေပါ လိမ့်မည်။

ပို၍အရေးကြီးသည်မှာ ယောင်လင်းခေါင်သည် ​​မာနကြီးပြီး ရက်စက်ကြမ်းကြုတ်ကာ ဘယ်သူ့ကိုမှ လှည့်မကြည့်တတ်သည့် လူစားမျိုးဖြစ်သည်ကို သူသိထားပါသည်။

သို့သော် မောက်မာသောဤလူသည် ဤ၀တ်စုံဖြူဝတ် လူငယ်နောက်သို့ အမှန်တကယ် လိုက်ပါလိုစိတ် ရှိနေခဲ့ကာ သူ့ကိုလည်း သူ့ပြိုင်ဘက်၏ မျက်နှာကို ကြည့်နေသလိုမျိုး ကြည့်နေဆဲ ဖြစ်ပါသည်။ ဤသည်က သူ၏အသိဥာဏ်များကို ဇောက်ထိုးမျိုးမျှော် လှန်လိုက်သလိုပင်။

ရှီချန်ဂန်သည် နောက်ဆုံးတွင် ဦးဆောင်လာနေသည့် ဝတ်ရုံဖြူဝတ် လူငယ်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူ၏ရှေ့မှ ၀တ်စုံဖြူဝတ် လူငယ်ကို ပြန်ကြည့်လိုက်တော့ ထိုလူသည် အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်မှာသာ ရှိနေသေးသည်။ ယင်းက သူ၏မျက်ခုံးတွေက နက်နက်ရှိုင်းရှိုင်း တွန့်သွားစေသည်။

အစောပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး က နတ်ဆိုးနတ်ဘုရား နှင့် ရန်ယုဖန်းတို့ကို သူ့နောက်ကနေ ဆန္ဒရှိရှိနှင့် လိုက်ပါလာဖို့ မည်သို့ လုပ်နိုင်ရသနည်း?။

သူ၏အမြင်အရဆိုလျှင်၊ ဤသည်မှာ အလွန်ထူးဆန်းသည့် ကိစ္စတစ်ခု ဖြစ်ပါသည်။ အကယ်၍ ထူးထူးခြားခြား တစ်ခုခုဖြစ်ခဲ့သည်ဆိုလျှင်၊ ဤလူငယ်သည် သေချာပေါက် နတ်ဆိုးတစ်ယောက် ဖြစ်ပါလိမ့်မည်။ ရှီချန်ဂန်သည် နှစ်ပေါင်းများစွာကြာအောင် အသက်ရှင် နေထိုင်ခဲ့ဖူးသော လူတစ်ယောက် ဖြစ်ပါသည်။ သူသည် အသက်ကြီးပြီး၊ သန်မာသူတစ်ယောက်လည်း ဖြစ်သောကြောင့် ဤသဘောတရားကို သူ မည်သို့ နားမလည်ဘဲ နေမည်နည်း?။

"ဒီလူငယ်က သူထင်သလောက် မရိုးရှင်းတာတော့ သေချာပါတယ်။ သူ့ရဲ့ ခွန်အားက သန်မာရင်သန်မာ၊ ဒါမှမဟုတ် သူ့နောက်မှာ အစွမ်းထက်တဲ့ အင်အားစုတွေ ရှိနေရ မယ်။ သူ့ကို လွယ်လွယ်နဲ့ စော်ကားပြစ်မှားလို့ မရဘူး။" ရှီချန်ဂန်က သူ့ကိုယ်သူ ရေရွတ်လိုက်ပါသည်။

သို့သော် ယွန်ဟောင်ယန်သည် အနည်းငယ်မျှ စိတ်မရှည်တော့ပေ။ ထိုအချိန်တွင် သူ၏နှလုံးသားသည် အမုန်းတရားများဖြင့် ပြည့်နှက်နေပါပြီ။ ယခု ချင်ယွင်သည် သူ၏ ရှေ့တွင်ရှိနေသဖြင့်၊ သူသည် ချင်ယွင်၏ စိတ်ဝိဉာဏ်အလွှာကို ချက်ချင်းပင် သူ၏ ဆေဘာဖြင့် အရှင်လတ်လတ် ခြစ်ထုတ်ပစ်နိုင်ရန်ပင် ဆန္ဒရှိနေခဲ့သည်။

သို့သော် သူ၏ တော်ဝင်ဘိုးဘေးသည် အမှန်တကယ်ပင် တုံ့ပြန်မှု မပြုလုပ်ခဲ့ပေ။ ယင်းက သူ့ကို စိတ်ရှုပ်သွားစေသည်။ သူက သူ၏တော်ဝင်ဘိုးဘေးကို အလောတကြီး ပြောလိုက်ပါသည် "တော်ဝင်ဘိုးဘေး၊ သူ့ကို မြန်မြန် သတ်ပစ်လိုက်။ သူက ကျွန်တော့်နဲ့ စေ့စပ်ထားသူ ခိုးယူသွားတဲ့လူပဲ။ ကျွန်တော်တို့ ရှောင်ယန်ဂိုဏ်းကို စော်ကားတဲ့ အကျိုးဆက်ကို သူ့ကို သိစေချင်တယ်…"

“ဖြန်း……! “

ယွန်ဟောင်ယန် စကားမဆုံးခင်မှာ ခန်းမထဲမှာ ကျယ်လောင်သည့် ပါးရိုက်သံတစ်ချက် ထွက်ပေါ်လာပါသည်။

ယွန်ဟောင်ယန်၏ ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ တိုက်ရိုက် ပစ်လဲကျသွားပြီး သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများ စီးထွက်လာသည်။ သူသည် သူ၏တော်ဝင်ဘိုးဘေး ကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

"ငါ့တော်ဝင်ဘိုးဘေးက ချင်ယွင်ကို ရိုက်သင့်တာ မဟုတ်ဘူးလား?။ သူက ငါ့ကို ဘာလို့ ရိုက်ရတာလဲ?" ယွန်ဟောင်ယန်သည် ထိတ်လန့်သွားပြီး အဖြစ်ပျက်တွေကို နားမလည်နိုင် ဖြစ်နေပါသည်။

"တော်ဝင်ဘိုးဘေး၊ တော်ဝင်ဘိုးဘေးက လူမှားပြီး ရိုက်နေမိပြီ။ ဟိုမှာရပ်နေတဲ့ လူကို ရိုက်သင့်တာလေ" ယွန်ဟောင်ယန်က အလိုမကျစွာ ပြောလိုက်မိသည်။

"ပါးစပ်ပိတ်ထားစမ်း…!"

ရှီချန်ဂန်က အေးစက်စွာ အော်ဟစ်လိုက်ပါသည်။ ထို့နောက် သူသည် ယွန်ဟောင်ယန် ၏ မျက်နှာတစ်ဖက်ကို ပါးရိုက်လိုက်ပြန်သည်။ ယွန်ဟောင်ယန်၏ ခန္ဓာကိုယ် တစ်ခုလုံး မှ သွားသုံးချောင်း တိုက်ရိုက် ကျွတ်သွားလေသည်။

သို့သော် ဤတစ်ကြိမ်တွင် ယွန်ဟောင်ယန်သည် လုံးဝ နိုးကြားလာခဲ့ပါသည်။ သူ၏တော်ဝင်ဘိုးဘေးက လူမှားပြီး ရိုက်တာမဟုတ်ဘဲ သူ့ကို အမှန်တကယ် ရိုက်နှက် ချင်နေသည်ကို နောက်ဆုံးတော့ သူ နားလည်သွားပါပြီ။

သို့သော် သူ၏တော်ဝင်ဘိုးဘေးသည် ချင်ယွင်ကို အဘယ်ကြောင့် ကြောက်ရသည်ကို သူ နားမလည်နိုင်ပါ။

ချင်ယွင်သည် ခန်းမအလယ်တွင် ရပ်လိုက်သည်။ မူလက သူသည် လှုပ်ရှားရန် လိုအပ်မည်ဟု ထင်ခဲ့သော်လည်း ယခုတော့ သူလှုပ်ရှားရန် မလိုအပ်တော့ဟု ထင်ရပါ သည်။

ရှီချန်ဂန်သည် ထက်မြက်ပြီး လိမ္မာပါးနပ်သူ ဖြစ်ပါသည်။ ယောင်လင်းခေါင်သည် သူ့နောက်မှ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် သာမန်ထက် ထူးခြားသူတစ်ဦး ဖြစ်နေကြောင်း သူ သဘောပေါက်နေပါသည်။

သူသည် ယွန်ဟောင်ယန်ကိုသာ တိုက်ခိုက်ခဲ့ပြီး သူ၏အသက်ကို ကယ်တင်ပေးနေခဲ့ သည်။ နောက်ဆုံးတော့ အသက်ဆုံးရှုံးရခြင်းထက် ပါးရိုက်ခံရခြင်းက ပိုကောင်းပါသေး သည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် ထိုင်နေသော ယွန်ဟောင်ယန်ကို ကြည့်ကာ အထင်သေးဟန်ဖြင့် ကြည့်လိုက်ရင်း တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားပါသည်။

ချင်ယွင်က သူတို့ဆီ လျှောက်လှမ်းလာသည်ကို မြင်တော့ ရှီချန်ဂန်၏ မျက်နှာက လေးနက်သည့် အမူအရာ ပေါ်လာပါသည်။ သူသည် မသိစိတ်က အဝေးမှာ ကျန်ခဲ့သည့် ရန်ယုဖန်းနှင့် ယောင်လင်းခေါင်တို့ကို လှမ်းကြည့်လိုက်သော်လည်း ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့သည် မထီးမဲ့မြင်ဟန်ပန်သာ ရှိနေကြပြီး တိုက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မပြသည်ကို မြင်လိုက်ရပါသည်။ ယင်းက သူ၏မျက်ခုံးတွေကို ပိုလို့တောင် မျက်မှောင်ကြုတ်သွားစေပါသည်။

ယွန်ဖူရှန်းသည် ချင်ယွင် ရောက်ရှိလာသည်ကို မြင်သောအခါ သူ၏မျက်နှာလည်း လေးနက်သော အမူအရာ ပေါ်လာသည်။ သူက လှုပ်ရှားချင်သော်လည်း သူ၏အဖိုးက အလေးအနက်ထားသည့် အမူအရာကြောင့် သူ့ကိုယ်သူ မလှုပ်ရှားမိအောင် ထိန်းထားရ သည်။

ချင်ယွင်သည် ပတ်ဝန်းကျင်မှာ အခြားမည်သူမှမရှိသည့်အတိုင်း ယွန်ဟောင်ယန်၏ နံဘေးသို့ လျှောက်သွားလိုက်သည်။ သူက ထိုင်ချလိုက်ပြီး သူနှင့် အလွန်နီးကပ်နေ သော ယွန်ဟောင်ယန်ကို ကြည့်လိုက်ပါသည်။ သူ၏ပါးစပ်ထောင့်စွန်းမှာ အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည် " ယွန်ဟောင်ယန်၊ ယွန်ဟောင်ယန်၊ ငါ ဒီကိုမလာခင်တုန်းက တကယ်လို့ မင်းသာ စိတ်ပြောင်းနေပြီဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်လို့ ငါ တွေးထားခဲ့တယ်။ ဒါပေမယ့် မင်းက ငါ့ကို သတ်ချင်နေမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး။ ပြောစမ်းပါဦး။ ငါ မင်းကို သတ်သင့်တယ်လို့ မင်း ထင်လား?။

ယွန်ဟောင်ယန်သည် ချင်ယွင်ကို မကျေမနပ်ကြည့်ကာ သူ၏မျက်လုံးများတွင် သွေးနီရောင်သမ်းနေသည်။

"အရာအားလုံးကို မေ့ပျောက်ပြီး ပုံမှန်အတိုင်း နေရမှာလား?။ ငါ မင်းကို ပြောလိုက်မယ်၊ ငါက မင်းကို ​နေ့နေ့ညည မပြတ်​သတ်​ချင်​နေတာ​။ မင်းကြောင့်သာ မဟုတ်ရင်၊ ငါယွန်ဟောင်ယန်ကို ဒီကမ္ဘာကြီးက ရယ်မောကြ​မှာတဲ့လား?။ ငါ မင်းကို သတ်ချင်​ရုံတင်​မကဘူး၊ ဟိုခွေးမ ချန်မင်ရှီကိုလည်း တန်ရာတန်ကြေး ပေးဆပ်ရအောင် လုပ်ပစ်ချင်တယ်။ ငါ အဲဒီခွေးမကို ပြည့်တန်ဆာရုံမှာ ရောင်းပစ်ချင်မယ်…”

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွားကာ အဆုံးမရှိ သတ်ဖြတ်ချင် စိတ်က သူ၏နှလုံးသားထဲသို့ ပျံ့နှံ့တိုးဝင်လာပါသည်။

ချင်ယွင်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို မြင်လိုက်ရလျှင် ယွန်ဟောင်ယန်သည် မသိစိတ်က အလိုလို နောက်သို့ ဆုတ်သွားခဲ့ပါသည်။

"သေလိုက်တော့…!" ချင်ယွင်သည် စကားတစ်ခွန်းကို အတင်းအကြပ် ထွေးထုတ်လိုက် ပြီး လှုပ်ရှားမူတစ်ခု ပြုလုပ်ချင်လာသည်။

"ချင်ယွင်၊ ငါတို့ ရှောင်ယန်ဂိုဏ်းမှာ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရအောင် မင်း အလှည့် မရောက်သေးဘူး!"

သို့သော် ထိုအချိန်တွင် ယွန်ဖူရှန်းသည် ရုတ်တရက် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အငွေ့အသက်က ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြေးဝင်သွားလေသည်။

ချင်ယွင်က ရုတ်တရက် ခေါင်းမော့ပြီး တစ်ချက် ကြည့်လိုက်သည်။ ခဏအကြာတွင် သူ၏ဝတ်စုံလက်မောင်းထဲမှ အကန့်အသတ်မဲ့ စွမ်းအင်များ ထွက်ပေါ်လာသည်။ ယွန်ဖူရှန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အဝေးမှနံရံတစ်ခုသို့ ထိုးဖောက်ဝင်ရောက်ကာ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှီချန်ဂန်၏ အမူအရာက အလွန်အမင်း မည်းမှောင်သွားပါသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် နှောင်းပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်အငွေ့အသက်က သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်သွားပြီး ခန်းမတစ်ခုလုံး ချက်ချင်း ပြည့်သွားပါသည်။

"မိတ်ဆွေလေး ငါ့မြေးမြစ်လေးကို အလွတ်ပေးနိုင်မလား?" ရှီချန်ဂန်က ပြောလိုက် သည်။

"မဆွေးနွေးဘူး!" ချင်ယွင်က အထင်သေးဟန်ဖြင့် စကားလေးခွန်း ထုတ်ပြောလိုက် သည်။

ထိုစကားလုံး လေးလုံးသည် မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ပုလဲများကဲ့သို့ ပြတ်သားပြီး ပဲ့တင်ထပ်နေသည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ယွန်ဟောင်ယန်၏ အနားတွင် ပေါ်လာပြီး ယွန်ဟောင်ယန် ရင်ဘတ်ကို တိုက်ရိုက် ထိုးလိုက်လေသည်။

ယွန်ဟောင်ယန်၏ မျက်လုံးများသည် နွားတစ်ကောင်ကဲ့သို့ ချက်ချင်းပင် ပြူးကျယ် သွားပြီး မယုံကြည်နိုင်သည့် အရိပ်အယောင် ပေါ်လွင်နေပါသည်။

ချင်ယွင်သည် သူ၏တော်ဝင်ဘိုးဘေး၏ရှေ့တွင် သူ့ကို အမှန်တကယ် သတ်ဝံ့မည်ဟု သူ မမျှော်လင့်ထားပေ။ သို့သော် သူ၏ရင်ထဲတွင်ဖြစ်ပေါ်လာသည့် နာကျင်မှုက သူ၏ တွေးခေါ်နိုင်စွမ်းကို လုံးဝ ဆုံးရှုံးသွားစေသည်။

ရှီချန်ဂန်၏ မျက်လုံးများသည်လည်း နီမြန်းလာခဲ့သည်။ ချင်ယွင်ကို သူ ကြောက်သော် လည်း၊ ယင်းက သူ၏မြေးမြစ်ဖြစ်သူ သေဆုံးသွားသည်ကို မျက်စိမှိတ်ထားနိုင်သည်ဟု မဆိုလိုပါ။ ချက်ချင်းပင် သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော ဒေါသက တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။

ဝှီး…!

သို့သော် ထိုအချိန်တွင် ရှီချန်ဂန်၏အနားမျာ သရဲတစ္ဆေအရိပ်လို ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာပါသည်။ လက်တစ်ဖက်က သူ၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး နံရံကို တိုက်ရိုက်မှီထားကာ သူ့ကို မြှောက်ထားလိုက်သည်။

ထိုလူသည် ယောင်လင်းခေါင်မှလွဲ၍ အခြားလူမဟုတ်ပေ။

ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်ရသောအခါတွင် သူ၏နှုတ်ခမ်းပေါ်ရှိ အေးစက်သော အပြုံးသည် ပြန်လည်ထူထဲလာသည်။ သူက လက်ခုပ်တီးပြီး ပြောလိုက်သည် "ကောင်းပြီလေ၊ ရှီချန်ဂန်၊ အခု ကျုပ်တို့ အလုပ်ကိစ္စ စလိုက်ကြရအောင်"။

All Chapters