← Chapters

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း ၆၂၃

Vol. 42 Ch. 623

အခန်း (၆၂၃) ပဋိပက္ခများပြန်လည်ရှင်သန်လာခြင်း။

"ဟား…..။ ဟား….။ ဒါဆို မင်းတို့အားလုံး ဒီကိုရောက်နေကြတယ်ပေါ့။ အရမ်းကောင်း တယ်၊ ဒီနည်းနဲ့ မင်းတို့တစ်ယောက်ချင်းစီကို ငါ လိုက်ရှာနေစရာ မလိုတော့ဘူး!"

ထိုအချိန်တွင် ခန်းမအပြင်ဘက်မှ အေးစက်စက် ရယ်မောသံက ချင်ယွင်၏ အတွေးများကို ချိုးဖျက်ပစ်လိုက်လေသည်။

ချင်ယွင် ရုတ်တရက် ခေါင်းလှည့်ကာ ခန်းမအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပါသည်။ အပြင်ဘက်မှ ခန်းမအတွင်းဆီသို့ လျှောက်လှမ်းလာနေသော လူသုံးယောက်ကို သူ မြင်လိုက်ရပါသည်။

ချင်ယွင်သည် ဦးဆောင်သူ၏ မျက်နှာကို မြင်လိုက်ရသောအခါ ချက်ခြင်းပင် မျက်မှောင် ကြုတ်သွားပါသည်။ ဟိုတချိန်တုန်းက သူ အတင်းအကြပ် မောင်းထုတ်ခံထားရသည့် ဖန်ချန်းကျီသည် သေမျိုးကမ္ဘာသို့ တစ်ဖန်ပြန်လည် ဆင်းသက်လာမည်ဟု သူ မထင်ထားခဲ့ပေ။

ထို့အပြင် သူ၏နောက်ကွယ်ရှိ လူငယ်သည်လည်း ရိုးရှင်းပုံ မပေါ်ပေ။ သူသည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသူ ဖြစ်သည်မှာ ထင်ရှားပါသည်။

ဘေးမှာရပ်နေသည့် ရှီချန်ဂန် က လမ်းလျှောက်လာတဲ့ လူသုံးယောက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပြန်တယ်။

ဤသည်မှာ ဆောင်းဦးရာသီမှာ ရောက်ရှိလာသည့် ပြဿနာကြီးတစ်ရပ် ဖြစ်လေသည်။ ကြီးမြတ်သော မြတ်ဗုဒ္ဓနှစ်ပါးက ယခုလေးတင် ရောက်ရှိလာပြီး ပြန်လည် ထွက်မသွား သေးပါဘူး။ ဒါပေမယ့် နောက်ထပ် နတ်ဘုရားများနှင့် အင်မော်တယ်များက ရောက်ရှိလာခဲ့ပြန်ပါသည်။ ရှောင်ယန်တောင်သည် ယနေ့ ငြိမ်းချမ်းနိုင်တော့မည် မဟုတ်ပေ။ (ဤနေရာ၌ ရှီချန်ဂန်၏တင်စားတွေးတောခြင်းစကားများဖြစ်ပါသည်)။

သို့သော်သည့် ဤသည်မှာလည်း တစ်မျိုးတော့ ကောင်းပါသည်။ အကယ်၍ အင်မော်တယ် ကျွမ်းကျင်ပညာရှင်များ တိုက်ခိုက်ကြမည်ဆိုလျှင် သူတို့သည် သူ့ကို သေမျိုးတစ်ယောက်အဖြစ် လျစ်လျူရှုခံရလိမ့်မည်။ ဤနည်းဖြင့်သာ ရှီချန်ဂန်လည်း ပျော်ရွှင်ရသူတစ်ဦး ဖြစ်လာနိုင်ပါသည်။

ရှောင်ယန်တောင်ကြီးတစ်ခုလုံးကို ပျက်ဆီးသွားမည်ဆိုလျှင်ပင် ရှီချန်ဂန်သည် အလွန် တုန်လှုပ်နေမည် မဟုတ်တော့ပေ။

သေချာပါသည်၊ သူတို့သုံးယောက် ဝင်လာပြီးသည်နှင့် သူတို့၏ အကြည့်တွေက ချင်ယွင်အပေါ် ကျရောက်သွားခဲ့ပြီး သူတို့၏ မျက်လုံးတွေက အေးစက်သွားပါသည်။

ချင်ယွင်က သူတို့နှင့် အတုအယောင် အဓိပ္ပာယ်မရှိသည့်စကားတွေ ပြောဆိုနေရမှာ ပျင်းလွန်းသည့် အတွက်ကြောင့် သူက "ခင်ဗျားတို့တွေက အင်မော်တယ် နန်းတော်ရဲ့ သော့တွေအတွက် ဒီနေရာကို ရောက်လာကြတာလား" ဟု တိုက်ရိုက်ပင် မေးလိုက်ပါ သည်။

"မှန်ပတယ်၊ ငါတို့က အင်မော်တယ်ရဲ့နန်းတော်သော့အတွက် ဒီကို ရောက်လာကြတာ ပဲ။ ဒါပေမယ့် ခန့်မှန်းတာ တဝက်ပဲ မှန်တယ်။ ငါတို့က မင်းအတွက်ကြောင့်လည်း ရောက်လာကြတာပဲ။" ဖန်ချန်းကျီက ချင်ယွင်ကိုကြည့်ရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးသည့် အရိပ်အယောင်ဖြင့် ပြောလိုက်ပါသည်။

"ကျုပ်အတွက်ကြောင့်လား….?" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တစ်ဖန် တွန့်ကွေးသွားပြီး သူ၏ခန္ဓာကိုယ်ရှိ သိမ်မွေ့နက်နဲသော အဝါရောင် စွမ်းအင်များက တဟုန်ထိုး မြင့်တက်လာပါသည်။

ဖန်ချန်းကျီက ဘာကိုဆိုလိုသည်ကို သူ ကောင်းကောင်းသိပါသည်။ နောက်ဆုံးအကြိမ် တုန်းက သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခနှင့် ကောင်းကင်ဘုံဂိုဏ်းကို ဖျက်ဆီးခဲ့ခြင်း အတွက် လက်စားချေရန် သူ့ကို သတ်ပစ်ချင်သည်မှာ ထင်ရှားပါသည်။

"ကောင်လေး၊ နောက်ဆုံးအကြိမ်တုန်းက မင်းကြောင့် ငါ ဘယ်လောက် နာကျင်ခဲ့ရလဲ ဆိုတာ မင်းသိရဲ့လား။ ဒီနေ့ မင်းရဲ့အရိုးတွေကို ပြာဖြစ်အောင် ရိုက်ချိုးပြီး မင်း ငါဖန်ချန်းကျီ စော်ကားရင် ဘာဖြစ်လာမလဲဆိုတာ မင်းသိအောင် ငါပြောပြမယ်" ဖန်ချန်းကျီသည် ထိုအကြောင်းကို ပို၍တွေးမိလေ၊ ဒေါသပိုထွက်ရလေ ဖြစ်ပါသည်။

ချင်ယွင်၏ ကောင်းကင်ကပ်ဘေးဒုက္ခကြောင့်သာ၊ ထိုသို့မဟုတ်ပါက သူသည် ဘယ်လိုလုပ် ပြင်းထန်သည့် ဒဏ်ရာတွေကို ရနိုင်မည်နည်း?။ သူသည် ဤကိစ္စအတွက် လက်စားမချေ ပေးဘူးဆိုလျှင် သူ မည်သို့ ကျေကျေနပ်နပ် လက်ခံနိုင်မည်နည်း?။

"ဟမ့်၊ ခင်ဗျားက ကျုပ်အရိုးတွေကို ပြာဖြစ်အောင် ရိုက်ရိုးပစ်ချင်တာလား?။ တကယ်လို့ ကျုပ်ရှေ့မှာ ခင်ဗျားရဲ့မူလခန္ဓာကိုယ်က ဒီလိုစကားမျိုးပြောမယ်ဆိုရင် ကျုပ်အနေနဲ့ ခင်ဗျားကို ကြောက်ကောင်းကြောက်လိမ့်မယ်။ ဒါပေမယ့် အခု ခင်ဗျားက ပြင်ပကိုယ်ပွားတစ်ခုသာ ဖြစ်ပြီး သေမျိုးကမ္ဘာရဲ့ စည်းမျဉ်းတွေနဲ့လည်း ကန့်သတ်ခံ ထားရတယ်။ ခင်ဗျားရဲ့စွမ်းအားက အများဆုံးမှ မြေကမ္ဘာအင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ပဲ ရှိလိမ့်မယ်။ ခင်ဗျားအနေနဲ့ ကျုပ်ကို အခုလိုစကားမျိုး ပြောရအောင် ခင်ဗျားမှာ ဘာအရည်အချင်း ရှိလို့လဲ? ။” ချင်ယွင်က အေးစက်စွာ ပြုံးရင်း ပြောလိုက်ပါသည်။ ထို့အပြင် သူ၏မျက်လုံးထဲမှာ လှောင်ပြောင်သည့် အရိပ်အယောင် များက ပေါ်လွင်နေသည်။

အတိတ်တုန်းကဆို သူသည် ဆင်းသက်လာသူများဟု ခေါ်ဆိုနေကြသည့် အင်မော်တယ် ကျွမ်းကျင်ပညာရှင်တွေကို ကြောက်ရွံ့ခဲ့သည်မှာ ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း ယခုအချိန်မှာတော့ သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားသည် ကြယ်ဖမ်းခြင်း နယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်သွားခဲ့ပြီး သူ၏ ခွန်အားအပြည့်အဝ က မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်ကို ကျော်လွန်သွားခဲ့ ပါပြီ။

"မျိုးမစစ်ကောင်၊ မင်းက နည်းနည်းပါးပါးတော့ သိထားပုံရတယ်!။ ငါက ကိုယ်ပွား တစ်ယောက် ဖြစ်တယ်ဆိုတာကို မင်းက တကယ်ကို သိနေတာပဲ။ ဟမ့်၊ ဒါပေမယ့် ငါက ကိုယ်ပွားဖြစ်တယ်ဆိုရင်တောင် မင်းလိုလူမျိုးတွေ ဆန့်ကျင်နိုင်တဲ့လူ မဟုတ်တာ တော့ သေချာပါတယ်။ အင်မော်တယ်တွေက အင်မော်တယ်တွေ ဖြစ်တယ် ဆိုတာကို မင်းကို ငါ သိစေချင်တယ်။ နောက်ဆုံးမှာတော့ ပုရွက်ဆိတ်တွေက ပုရွက်ဆိတ်တွေ ဖြစ်နေဦးမှာပဲ။” ဖန်ချန်းကျီသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ အင်မော်တယ်အငွေ့အသက်တစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း ပြင်းထန်သော ဒေါသနှင့်အတူ ပေါက်ကွဲထွက်လာ ခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ ၀တ်စုံသည် လေမတိုက်ဘဲ အလိုလို ဖောင်းကာလာသည်။

'"အင်မော်တယ်တစ်ပါးက အင်မော်တယ်တစ်ပါး ဖြစ်နေဦးမှာပဲ။ ပုရွက်ဆိတ် တစ်ကောင်ကတော့ နောက်ဆုံးမှာလည်း ပုရွက်ဆိတ်တစ်ကောင် ဖြစ်နေဦးမှာပဲ။ ဒီနေ့ အင်မော်တယ်တစ်ပါးက ခွေးတစ်ကောင်ထက်တောင် နိမ့်ကျနေတာကို ကျုပ် ခင်ဗျားကို ပြောပြပေးဦးမယ်။ ကျုပ်က အဲဒီအင်မော်တယ်ဆိုတဲ့လူတွေကို ငရဲကို ပို့ပေး မယ်" ချင်ယွင်က ဒေါသတကြီး အော်လိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက် ဆန်းကြယ်သည့် အဝါရောင်စွမ်းအင်က မီးတောင်တစ်ခုလို ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားပါသည်။

"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ!"

ဖန်ချန်းကျီ၏ နှလုံးသားသည် အလားတူ ဒေါသများနှင့် ပြည့်နှက်နေ၏။ သူသည် ဟိန်းဟောက်လိုက်ပြီး သူ၏ဝတ်စုံလက်မောင်းကို လှိမ့်တင်လိုက်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားပါသည်။ ထို့နောက် သူသည် ချင်ယွင်၏ ရှေ့မှာ ပြန်ပေါ်လာပါသည်။

ထို့နောက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများက သူ၏ လက်ဖဝါးထဲမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။ သူ၏လက်ဖဝါးများက နားရွက်ကို ဖြတ်ကျော်ကာကာ ချင်ယွင်၏ နားထင်ဆီသို့ တိုးဝင်သွားသည်။ သူ၏ လက်ဖဝါး ကြားတွင် အစစ်အမှန် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံက ထွက်ပေါ်လာပါသည်။

ထိုမြင်ကွင်းကို မြင်တော့ ရှီချန်ဂန်၏ အမူအရာက အံ့ဩခြင်းအပြည့် ရှိနေပါသည်။

သူ၏ ခွန်အားဖြင့်ဆိုလျှင်၊ သူသည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။ အကယ်၍ ဤတိုက်ခိုက်မှုသာ သူ၏ခေါင်းကို ထိလိုက်မိမည်ဆိုလျှင် သူ၏ ဦးခေါင်း တစ်ခုလုံး ချက်ခြင်း ပေါက်ကွဲသွားနိုင်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း ပြင်းထန်သော အေးစက်မူက ပေါက်ကွဲလာခဲ့ သည်။ ဤဖန်ချန်းကျီ၏ တိုက်ခိုက်မှုသည် တကယ့်ကို ရက်စက်လွန်း၏။ အစကတည်း က သူသည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မူဖြင့် စတင်တိုက်ခိုက် ခဲ့သည်။ ယင်းက ချင်ယွင်၏ နှလုံးသားကို မီးတောင်ကဲ့သို့ ဒေါသတကြီး ပေါက်ကွဲ ထွက်စေခဲ့သည်။

"ခင်ဗျားက ကစားချင်​မှတော့ ကျုပ်ကလည်း ခင်ဗျားနဲ့အတူ အဆုံးထိ လိုက်ပါကစား ပေးမယ်။​​!"

ချင်ယွင်၏ မျက်လုံးများတွင် လှောင်ပြောင်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်တွေက မြင့်တက် လာပြီး သူ၏ရုပ်အသွင်က ချက်ချင်း ပေါက်ကွဲသွားသည်။

သူ၏လက်သီးတွေက လျှပ်စီးလက်သလို မြန်နေပြီး သူ၏ခါးက သိမ်မွေ့နက်နဲသည့် လေးတစ်စင်းလို ကွေးညွှတ်သွားကာ ဖန်ချန်းကျီ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွား ပါသည်။

"ဘုန်း….!"

အသံသည် ဒရမ်သံကဲ့သို့ ပဲ့တင်ထပ် မြည်ဟီးနေပြီး ဖန်ချန်းကျီ၏ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် လွင့်ထွက်သွားလေသည်။ သူ၏ပုံရိပ်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ ခန်းမအပြင်ဘက်ဆီသို့ နောက်ပြန် လွင့်ထွက်သွားခဲ့သည်။

“ဒါ…”

လူတိုင်းက ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့၏ မျက်နှာတွေက တုန်လှုပ် ခြောက်ခြားမှုတွေနှင့် ပြည့်နှက်နေပါသည်။

နောက်ပြန် လွင့်ထွက်သွားသော ဖန်ချန်းကျီလည်း ထိတ်လန့်သွားသည်။ ချင်ယွင်၏ လက်သီးချက်ကြောင့် သူသည် နံရိုးငါးခု ကျိုးသွားခဲ့ပြီး နာကျင်မူကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရသည်။ ချင်ယွင်၏ တိုက်ခိုက်မှုအရှိန်သည် ဤမျှမြန်ဆန်မည်ဟု သူ မမျှော် လင့်ခဲ့ပေ။

"ဟမ့်၊ ကျုပ်ရှေ့တည့်တည့်မှာ ခင်ဗျားရဲ့ရင်ဘတ်ကြီး တစ်ခုလုံးကို အကာကွယ်မဲ့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ထားရဲတယ်။ ခင်ဗျားက တကယ်ကို သေချင်နေတာပါပဲ"

ချင်ယွင်၏ မျက်လုံးများတွင် မထီမဲ့မြင်ပြုမှု အရိပ်အယောင်က ဖျတ်ခနဲ ပေါ်လာပါ သည်။ သူသည် သူ၏ခြေဖဝါးတွေကို မြေပြင်ကို ပုတ်လိုက်ပြီး နောက်တကြိမ် ပျံသန်း ထွက်သွားပြန်သည်။

"ဘုန်း……!"

တဟုန်ထိုး မြည်ဟီးသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ခြင်း ပျံထွက်သွားခဲ့ပြီး၊ သူသည် လေဟာနယ်ပေါ် ခြေချလိုက်ပြီး လွင့်ပျံသွားနေသော ဖန်ချန်းကျီ၏နောက်သို့ အမှန်တကယ် လိုက်ပါသွားခဲ့သည်။

ဖန်ချန်းကျီက သူ့ကို သတ်ချင်နေပြီဆိုကတည်းက သူသည် မည်သို့ စိတ်ထား ပျော့ညံ့နေ၍ ဖြစ်မည်နည်း?။

ဝှီး….!

ပင်မခန်းမထဲမှ အမြန်ပြေးထွက်လာသည့် ချင်ယွင်၏ရုပ်အသွင်အပြင်က လျှပ်စီး လက်သွားသည့်အလားပင်။

အားလုံးသည် ထိုတိုက်ပွဲကြီးကို မျက်စိဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုစိတ်ဖြင့် ခန်းမထဲမှ ပြေးထွက်လာကြသည်။

ချင်ယွင်၏ပုံရိပ်သည် တစ္ဆေသရဲတစ်ကောင်လို နောက်ပြန် လွင့်ပျံနေသော ဖန်ချန်းကျီ အနားတွင် ပေါ်လာပါသည်။

ချင်ယွင် ပေါ်လာသည်ကို မြင်လိုက်ရလျှင်၊ ဖန်ချန်းကျီ၏ အမူအရာက ချက်ချင်းပင် ပြောင်းသွားခဲ့ပါသည်။ သူသည် အကာကွယ်အလင်းဒိုင်းကို ဖွဲ့စည်းရန်အတွက် သူ၏ အစစ်အမှန် အနှစ်သာရကို အလျင်အမြန် စုစည်းလိုက်သည်။

"ဘုန်း…..!"

ချင်ယွင်၏ လက်သီးသည် အကာကွယ်အလင်းဒိုင်းပေါ်သို့ ကျရောက်သွားပြီး ၎င်းသည် တိုက်ရိုက်ပင် ကွဲကြေသွားသည် ။

ဖန်ချန်းကျီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဤစွမ်းအင်တုန့်ပြန် ရိုက်ခတ်မှုကြောင့် လွင့်ပျံသွားပြန်သည် ။

ဝှီး….!

ချင်ယွင်၏ရုပ်အသွင်သည် ဖန်ချန်းကျီ၏ဘေးတွင် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပေါ်လာပြန်သည်။ သူ၏လက်သီးပေါ်မှ ခရမ်းရောင်တောက်တောက် စွမ်းအင်တွေက ကြောက်စရာကောင်းသည့် စွမ်းအင် အတက်အကျလှိုင်းတွေကို ထုတ်လွှတ်နေသည်။

"ဘုန်း….!"

ချင်ယွင်၏ လက်သီးသည် ဖန်ချန်းကျီ၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး ဖန်ချန်းကျီ သည် သွေးများ အရူးအမူး အန်ထုတ်လိုက်ရသည်.

ဖန်ချန်းကျီ၏ရုပ်အသွင်သည် အဝေးကွာမှာရှိနေသည့် တောင်ထိပ်သို့ ဝင်တိုက်သွား သည်။ သူ၏ရုပ်အသွင်သည် တောင်ထိပ်တစ်ခုလုံးကို ထက်ရှသော ဓားတစ်ချောင်း ကဲ့သို ထိုးဖြတ်သွားကာ အဝေးမှနောက်ထပ် တောင်ထိပ်ကိုပင် ပြိုကျသွားစေသည်။

ထိုမြင်ကွင်းကို ခန်းမထဲမှထွက်လာစ လူအုပ်ကြီးသည် လှမ်းမြင်လိုက်ချိန်မှာ သူတို့၏ မျက်နှာတွေက နှိုင်းစာ၍မရသည့် အံ့အားသင့်ဟန် အမူအရာတွေ ပေါ်နေပါသည်။

ထိုအရာသည် အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာသော အင်မော်တယ်တစ်ပါး ဖြစ်ပါ သည်။ သူသည် ချင်ယွင်၏ ရိုက်နှက်ခြင်းကို အမှန်တကယ် ခံနေရ၏။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း?။

အထူးသဖြင့် ချင်ယွင်၏ အင်အားနှင့်ပတ်သက်ပြီး မှန်းဆနေခဲ့သော ရှီချန်ဂန် ဖြစ်ပါသည်။ သူ၏မျက်နှာက အံ့သြမှု အပြည့်ဖြစ်နေပါသည်။ သူသည် ချင်ယွင်၏ တောင်းဆိုချက်များနှင့် ပတ်သက်ပြီး ယခုလေးတင် သဘောတူလိုက်သည့်အတွက် တိတ်တဆိတ် ဝမ်းသာမိသည်။ ထိုသို့မဟုတ်လျှင် သူသည် ယခုအချိန်တွင် အလောင်းဖြစ်နေပေလိမ့်မည်။

ချင်ယွင်သည် လေဟာနယ်ထဲတွင် မတ်တပ်ရပ်နေ၏။ အကယ်၍ ဖန်ချန်းကျီသာ သူ၏ ရန်သူကို အထင်သေးပြီး လျှော့တွက်ခြင်းမရှိပါက၊ သူသည် ဤမျှကြီးမားသော အားနည်းချက်ကြီးကို ဖော်ပြလိမ့်မည် မဟုတ်ပေ။ အခုတော့ သူသည် အပြင်းအထန် တိုက်ခိုက်မှုတွေ ဆက်တိုက် ခံနေရသည်။ အကယ်၍ ဖန်ချန်းကျီသည် အစကတည်းက သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့မည်ဆိုလျှင် ချင်ယွင်သည် သူ့အား ဒဏ်ရာ အနာတရ ဖြစ်စေရန်အတွက် အားထုတ်မှုအချို့ ပြုလုပ်ရပေဦးမည်။

"ငါ မင်းကို သတ်မယ်!"

ဤအခိုက်အတန့်တွင် ပြိုကျနေသော အပျက်အစီးများကြားမှ ဖော်ပြ၍မရအောင်ပင် ကြမ်းတမ်းခက်ထန်သော အသံက ထွက်ပေါ်လာသည်။

လေထဲတွင် လွင့်မျောနေသော ချင်ယွင်၏ဆန့်ကျင်ဘက်အရပ်တွင် အရူးအမူး ပစ်ဝင်လာသည့် ပုံရိပ်တစ်ခု ရှိနေပါသည်။ သူ၏ဆံပင်တွေ ညစ်ပတ်နေပြီး သူ၏ အဝတ်အစားတွေ ကြေမွနေကာ ချင်ယွင်ကို ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များဖြင့် စိုက်ကြည့်နေရင်း သူ၏မျက်လုံးတွေက နီရဲနေပါသည်။

All Chapters