အခန်း ၆၂၄
Vol. 42 Ch. 624
အခန်း (၆၂၄) ဒေါသပေါက်ကွဲသွားသည့် ဖန်ချန်းကျီ။
ဖန်ချန်းကျီသည် ဒေါသအမျက် အပြင်းအထန် ထွက်သွားခဲ့သည်။ သူသည် အမှန်တကယ်ပင် ပြင်းပြင်းထန်ထန် ရိုက်နှက်ခံခဲ့ရသည်။ အကယ်၍ ဤသတင်းသည် အင်မော်တယ်ဂိုဏ်းသို့ ပြန်လည် ပြန့်နှံ့သွားပါက၊ သူသည် သူ၏တပည့် အပေါင်းဖော် များက အဆုံးမရှိ ရယ်မောခြင်း ခံရပေလိမ့်မည်။
"သတ်!"
ဖန်ချန်းကျီ၏ မျက်လုံးများမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာပြီး သူ၏နှလုံးသားထဲတွင် အမျက်ဒေါသက မြစ်တစ်စင်းကဲ့သို့ အဆုံးမရှိ စီးဆင်းနေသည်။
ဖန်ချန်းကျီ၏ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်သွားခဲ့ပြီး သူ၏လက်ဖဝါးမှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာသည်။
"မုန်တိုင်းခုတ်ပိုင်းခြင်း…..!"
ဖန်ချန်းကျီက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူသည် သူ၏လက်ကို ဓားတစ်လက်အဖြစ် အသုံးပြုကာ လေထဲကို ဖြတ်တောက်ပစ်လိုက်သည်။ ချက်ခြင်းပင် ကောင်းကင်၌ ကြီးမားသော ဓားမုန်တိုင်းတစ်ခုအသွင် ဖြစ်ပေါ်လာသည်။ ဓားမုန်တိုင်းအတွင်းပါရှိသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
အလွန်ဝေးကွာသောအရပ်မှပင် ချင်ယွင်သည် ဓားမုန်းတိုင်းပေါ်ရှိ ရက်စက် ကြမ်းကြုတ်သော အငွေ့အသက်ကို ခံစားနိုင်သည်။
သို့သော် ချင်ယွင်၏ မျက်လုံးများတွင် ကြောက်ရွံ့မှု အလျဉ်းမရှိခဲ့ပေ။ ယင်းအစား ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးထဲတွင် ပေါ်လာသည်။
သူသည် ရှောင်တိမ်းခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ချက်ခြင်း ပျံထွက်သွားပါ သည်။ သူသည် ဤတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ကာ ပြင်းပြင်းထန်ထန် လှုပ်ခါစေလိုသည့်အလား ဓားမုန်တိုင်းကို ထိပ်တိုက် ရင်ဆိုင်လိုက်ပါသည်။
"သူ ရူးနေတာလား?" ရှီချန်ဂန်က မထိန်းနိုင်ဘဲ တအံ့တသြ အော်ဟစ်လိုက်မိသည်။
အကယ်၍ ဤဓားမုန်တိုင်းတွင် ပါရှိသော စွမ်းအားသည် သူ့အား တိုက်ခိုက်မည်ဆိုပါက၊ သူသည် မသေလျှင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။ ဤချင်ယွင်သည် အမှန်တကယ်ပင် ဤတိုက်ခိုက်မှုကို တိုက်ရိုက် လှုပ်ခါစေချင်သည်။ ယင်းက သူ့ကို စိတ်ကူးမယဉ်နိုင်လောက်အောင် ခံစားရစေသည်။
ချွင်…….!
ချင်ယွင်၏လက်များသည် ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေပြီး သူ၏လက်ဖဝါးတွင် ခရမ်းရောင် အလင်းတန်းများသည် တစ်ကျန်းအကွာဝေးအထိ တောက်ပစေသည်။
သူသည် သူ၏လက်ဖဝါးများကို ဆုပ်ကိုင်ထားပြီး ရှောင်ယန်ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်ရန်ပင် လုံလောက်သော လေဓားကြီးကို အတင်း ဆုပ်ကိုင်လိုက်သည်။
"ပြိုကျစမ်း…..!"
ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏ခွန်အားကို သူ၏လက်ဖဝါးများဆီ ပို့ဆောင်ပြီး အားစိုက်လိုက်သည်။ သူ၏လက်ဖဝါးကြားတွင် ဆုပ်ကိုင်ထားသော လေဓားကြီးသည် သူ၏လက်ထဲတွင် ဘာမှမရှိခဲ့ဖူးသလို ဖြစ်သွားရသည်။
"ဘာလဲ?"
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ရှီချန်ဂန်သည် အလွန်အံ့သြသွားပါသည်။
ချင်ယွင်၏ အင်အားသည် သူ မနှိုင်းယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီဟု ယခုမှပင် သူ နားလည်ခဲ့ပါသည်။
ကျိယုဖန်း၏အမူအရာသည် အလွန်အုံ့မှိုင်းသွားပြီး သူ၏မျက်လုံးတွေက နှိုင်းစာ၍ မရသည့် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာ ဖော်ထုတ်လာသည်။ တချိန်လုံး တိတ်ဆိတ်နေသော ဟန်ဖန်းသည်ပင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ ချင်ယွင်၏ ခွန်အားသည် သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်မှာ ထင်ရှားပါ သည်။
" ချင်ယွင်….? ဒီနာမည်က ဘာလို့ ပိုပိုပြီး ရင်းနှီးလာရတာလဲ?။" ဟန်ဖန်းက သူ၏ စိတ်ထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်မိသည်။ ချင်ယွင်ဆိုသည့် ဤနာမည်ကို သူသည် တစ်နေရာရာမှာ ကြားဖူးပုံပေါက်သည်ဟု သူ ခံစားမိနေသည်။
"သေလိုက်တော့!"
ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ ချေဖျက်နိုင်ခဲ့သည်ကို မြင်လိုက်ရ သည့်အခါ ဖန်ချန်းကျီ၏ မျက်လုံးများသည် ချင်ယွင်ကို သတ်ဖြတ်လိုစိတ်များ အပြည့်ရှိနေပြီး ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ပြင်းထန်သော လေပြင်းတွေက သူ၏လက်ဖဝါးများကြားမှ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာခဲ့ပြီး အလွန်အမင်း ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် ပြည့်နေပါသည်။
ချင်ယွင်သည် သူ၏လက်သီးများကို ဆုပ်ထားပြီး သူ၏လက်သီးများတွင် ကြောက်မက်ဖွယ်ကောင်းသော ခရမ်းနက်ရောင် အငွေ့အသက်တွေ ရှိနေသည်။
"ဘုန်း…..!"
ချင်ယွင် နှင့် ဖန်ချန်းကျီတို့ နှစ်ယောက်သည် ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံမိကြ သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးသည် ဖန်ချန်းကျီ၏ လက်ဖဝါးနှင့် တွေ့ဆုံမိပြီး သံမဏိအချင်းချင်း ထိပ်တိုက်ဆုံမိသည့် အသံမျိုး ထွက်ပေါ်နေသည်။
သူတို့နှစ်ယောက်သည် အဆက်မပြတ် တိုက်ကွက်ခြင်း ဖလှယ်နေကြပြီး ကောင်းကင်ယံတစ်ခုလုံး တုန်ခါပေါက်ကွဲသံအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။
ချွင်…!
သူတို့နှစ်ယောက်သား တုန်တုန်ယင်ယင်နှင့် နောက်ပြန် ဆုတ်သွားကြသည်။
"ခင်ဗျားမှာရှိတာ ဒါ အကုန်ပဲလား?" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အေးစက်စက် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။ ထိုအခိုက်တန့်မှာ သူ၏အငွေ့အသက်က တကယ်ကို မြင့်တက်လာခဲသည်။ ထင်ရှားသည်မှာ၊ သူသည် အစကတည်းကနေ ယခုအချိန်အထိ သူ၏ခွန်အားအားလုံးကို အသုံးမချခဲ့ရသေးပေ။
ဖန်ချန်းကျီ၏ မျက်နှာသည် ဒေါသကြောင့် နီရဲနေပြီ ဖြစ်ပြီး၊ သူ၏နှလုံးသားထဲတွင် ဒေါသက တုနှိုင်းမရလောက်အောင် ဖြစ်နေပါသည်။
ဤသေမျိုးပုရွက်ဆိတ်လေးက တကယ်ဘဲ သူ့ကို အထင်သေးဝံ့သည်။ ဤသည်မှာ သူ့ဘဝ၏ အကြီးမားဆုံး အရှက်ရမှု ဖြစ်ပါသည်။
"သိပ်ပြီး မောက်မာမနေနဲ့ဦး။ ငါ့နှလုံးသားထဲက အမုန်းတရားတွေကို ဖွင့်ထုတ်ဖို့ မင်းကို ငါ အပိုင်းပိုင်း ပိုင်းဖြတ်မယ်။" ဖန်ချန်းကျီသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်ရင်း သူ၏ အငွေ့အသက်သည်လည်း ချက်ချင်းပင် ပို၍ ပြင်းထန်လာသည်။
"ဟမ့်၊ ကျုပ်မောက်မာတာ ဟုတ်မဟုတ် ခင်ဗျားကိုယ်တိုင် သိလာပါလိမ့်မယ်!" ချင်ယွင်၏ မျက်လုံးများလည်း ဒေါသများဖြင့် ဝင်းလက်တောက်ပနေသည်။
သူ၏ရုပ်အသွင်က ပုံရိပ်ယောင်များအဖြစ်သို့ အစီအရီ ပြောင်းလဲသွားပြီး၊ ဖန်ချန်းကျီ၏ အနားမှာ တစ္ဆေသရဲတစ်ကောင်လို ပေါ်လာပါသည်။
"ဘယ်လိုလူက် ဒီလောက် မြန်နိုင်မှာလဲ" ဖန်ချန်းကျီသည် ချက်ခြင်း ထိတ်လန့်သွားပြီး အမြန်နောက်ဆုတ်ကာ ရှောင်တိမ်းလိုက်ချင်သည်။
"အခု နောက်ပြန်ဆုတ်ဖို့က အရမ်းကို နောက်ကျသွားပြီ!" ချင်ယွင်က လှောင်ရယ်ရယ် လိုက်ပြီး သူ၏ ညာလက်သီးက ချက်ချင်းပင် ဆန့်ထွက်သွားကာ ဖန်ချန်းကျီ၏ ဝမ်းဗိုက်ထဲကို ပြင်းပြင်းထန်ထန် ထိုးဖောက်သွာပါသည်။
"ဖူး…..!"
ဖန်ချန်းကျီသည် ချက်ချင်းပင် ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးညွှတ်သွားခဲ့ပြီး ပါစပ်အပြည့် သွေးအငွေ့များကို ထွေးထုတ်လိုက်ရသည်။
ချင်ယွင်၏ မျက်လုံးများတွင် အထင်မြင်သေးသည့် အကြည့်က ပို၍ပင် ပြင်းထန်လာ သည်။ သူသည် လေဟာနယ်ပေါ် ခြေလှမ်းတက်လိုက်သည်နှင့် သေ၏ခန္ဓာကိုယ်သည် ချက်ချင်း လွင့်ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ဒူးဆီမှ ခရမ်းရောင် စွမ်းအင်အလွှာတစ်ခု ထွက်ပေါ်လာပြီး ဒူးတိုက်ချက်သည် ဖန်ချန်းကျီ၏ မေးစေ့ကို ပြင်းထန်စွာ ထိမှန်သွားပါသည်။
"ခွပ်….!"
ကျိုးပဲ့သွားသော မေးစေ့အရိုး၏ စူးရှရှအသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာ သည်။ ထို့နောက်တွင်၊ အားလုံးက သွေးများနှင့် ရောနှောနေသော သွားလေးချောင်းနှင့် အတူ နောက်သို့ လွင့်ပျံသွားသော ဖန်ချန်းကျီကို တွေ့လိုက်ရပါသည်။
"ဟမ့်၊ အပြင်မှာ အရိုက်နှက်ခံရတဲ့ ကိုယ်ပွားတစ်ခုလို့ပဲ ခံစားရတယ် ဟုတ်တယ် မဟုတ်လား"
ချင်ယွင်က နှာခေါင်းရှုံ့ပြီး ရုတ်ချည်းဆိုသလို ခုန်တက်လိုက်သည်။ သူသည် ဖန်ချန်းကျီ၏ မျက်နှာပေါ်သို့ လှမ်းတက်လိုက်ပြီး ဖန်ချန်းကျီ၏ မျက်နှာပေါ်ကို တိုက်ရိုက် တက်နင်းထားကာ အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် မြေပြင်ပေါ်သို့ ပြိုဆင်းသွားပါသည်။
"ဘုန်း….!"
ပြင်းထန်သော တုန်ခါသံသည် ကောင်းကင်မှ ဆင်းသက်လာသော ဥက္ကာပျံကဲ့သို့ မြေပြင်ပေါ်တွင် ကြီးမားသော မီးတောင်တွင်းနက်အဝကြီးတစ်ခု ဖန်တီးဖြစ်ပေါ် လာပါသည်။
ဖန်ချန်းကျီ၏မျက်နှာသည် တက်နင်းခံရခြင်းကြောင့် ပို၍ပင် ပုံပျက်ယွင်းသွားပြီး သူ၏ပါးစပ်မှ သွေးများ ထူထပ်သိပ်သည်းစွာ ထွက်ကျလာသည်။ ဤထိုးနှက်ချက်က သူ့ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့သည်မှာ ထင်ရှားပါသည်။
သေချာသည်မှာ၊ ဖန်ချန်းကျီကို စိတ်အနှောက်အယှက် အဖြစ်စေဆုံးအရာက သူ၏ ဒဏ်ရာများကြောင့် မဟုတ်ဘဲ၊ ဂုဏ်သိက္ခာကြီးမားသည့် အင်မော်တယ်တစ်ပါး ဖြစ် သော သူ၏မျက်နှာသည် တက်နင်းခံရပြီး မြေပြင်ပေါ်ကို ကြမ်းကြမ်းတမ်းတမ်း ရိုက်နှက်ခံရခြင်းကြောင့် ဖြစ်မည်ဆိုသည်မှာ သေချာပါသည်။ ဤကဲ့သို့သော ဒေါသမျိုး သည် ကြီးမားလွန်းသဖြင့် သူ့ကို ရူးသွပ်သွားစေပါသည်။
ယစ်ထုတ်အဘိုးကြီးက ချင်ယွင်ကို လူတွေကိုပါးရိုက်ဖို့ သင်ပေးပေမယ့် ချင်ယွင်က တော့ ကံကောင်းပါသည်။ သူသည် လူတွေကို မျက်နှာချင်းဆိုင် တိုက်ခိုက်ပြီး နှုတ်ဆက် တတ်ရုံသာမက သူတို့၏မျက်နှာပေါ် တက်နင်းဖို့လည်း သင်ယူနိုင်ခဲ့ပါသည်။
လူတစ်ယောက်က ပို၍ မာနကြီးလေလေ၊ ချင်ယွင်သည် ထိုလူ၏ မောက်မာသော နှလုံးသားကို တက်နင်းပြီး ထိုလူ၏ မောက်မာခြင်းဟုခေါ်သော မာန်မာနအားလုံးကို ဖြိုခွဲပစ်ချင်သည့်အလား သူသည် ထိုလူ၏မျက်နှာကို တက်နင်းရသည်ကို သဘောကျ လေ ဖြစ်ပါသည်။
ထိုအချိန်တွင်၊ ချင်ယွင်၏ခြေဖဝါးသည် ဖန်ချန်းကျီ၏ မျက်နှာပေါ်သို့ လှမ်းတက်သွားခဲ့ ပြီး သူ၏ မျက်လုံးများသည် ပြင်းထန်သောသရော်ဟန်ကို ပေါ်လွင်စေသည်။
အစကတည်းက ဤဖန်ချန်းကျီသည် သူ၏မောက်မာ ဝင့်ကြွားမူဖြင့်သာ ဦးဆောင်ခဲ့ပါ သည်။ ပထမအချက်၊ သူသည် သူ၏ရန်သူကို အထင်သေးပြီး လျှော့တွက်မိသည်။ ထို့ကြောင့်၊ သူသည် ချင်ယွင်၏ ရက်ရက်စက်စက် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ထို့နောက် သူသည် ချင်ယွင်အပေါ် ဒေါသပေါက်ကွဲ ထွက်သွားသည်။ ဒေါသကြောင့် သူ၏တိုက်ခိုက်ရေးပုံစံသည် ဗရမ်းဗတာဖြစ်သွားခဲ့ပြီး ချင်ယွင်သည်လည်း ဤ အခွင့် ကောင်းအား အရယူကာ အခွင့်အရေးရသည်နှင့် သူ့အား စိတ်လွတ်သွားသည်အထိ တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲတစ်ခုသည် ပို၍အစွမ်းထက်သူများ တိုက်ခိုက်ဖြစ်လေ၊ ရလာဒ်ကို အဆုံးအဖြတ်ပေးမည့် အင်အားကွာခြားမှု မရှိနိုင်လေ ဖြစ်ပါသည်။ ယင်းအစား ပြိုင်ဘက်အချင်းချင်း၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူများကသာ အဆုံးဖြတ် ဖြစ်လာနိုင်ပါသည်။
အကယ်၍ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားသည်နှင့် ကိုယ့်ပြိုင်ဘက်က မောက်မာစွာဖြင့် ဦးဆောင်သွားမှာဖြစ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခြင်းကို ခံရမှာဘဲ ဖြစ်ပါသည်။
ယခုအချိန်တွင် ဤဖန်ချန်းကျီသည် ချင်ယွင်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး သူ၏ စိတ်ဓာတ်များလည်း ပြိုလဲသွားခဲ့ပြီ။ သူသည် လျင်မြန်စွာဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရခြင်းကြောင့် ယခုလိုပုံစံမျိုးဖြင့် အဆုံးသတ်သွားရခြင်း ဖြစ်ပါသည်။
"ပြီးသွားပါပြီ!"
ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ထွက်ပေါ်လာပြီး သူ၏လက်သီးမှ နှိုင်းစားရမရအောင် ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာ ပြီးနောက် သူသည် ဖန်ချန်းကျီကို ထိုးနှက်တိုက်ခိုက်တော့မည် ဖြစ်ပါသည်။
"ငါ မင်းကို သတ်မယ်!"
သို့သော် ထိုအခိုက်တန့်တွင် မြေပြင်ပေါ်မှာ လဲလျောင်းနေသော ဖန်ချန်းကျီထံမှ မနှိုင်းယှဉ်သာအောင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခုသည် ထွက်ပေါ်လာပါသည်။ အဆုံးမရှိ သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေသော အသံက သူ၏ပါးစပ်က ထွက်ပေါ်လာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး ကောင်းကင်ဆီသို့ အမြန် ပျံတက်သွားခဲ့သည်။
"ဘုန်း…..!"
ကျယ်လောင်သော တုန်ခါအသံနှင့်အတူ၊ အနှိုင်းမဲ့ ပြင်းထန်သော ချီ လှိုင်းလုံးကြီးသည် မုန်တိုင်းကဲ့သို့ နောက်မှနေ၍ ချင်ယွင်ဆီသို့ တိုးဝင်လာသည်။
ချင်ယွင်သည် နဂါးအတောင်ပံများကို အလျင်အမြန် အသုံးပြုကာ ရှောင်တိမ်းလိုက် သော်လည်း သူသည် ခြေလှမ်းအနည်းငယ် အလွန် နောက်ကျနေပါသေးသည်။
ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်လှိုင်းလုံးကြီး၏ အနက်ရှိုင်းဆုံးနေရာ ရှိ ဧရာမလက်ဖဝါးကြီးတစ်ခုက ချင်ယွင်၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်ပြီး သူ့ကို မြေပြင်ပေါ်သို့ ချက်ချင်း ပစ်ရိုက်ကျသွားစေသည်။
မြေပြင်တစ်ခုလုံး ငလျင်လှုပ်သလိုမျိုး ချက်ချင်း ပြိုကျသွားပါသည်။
ထိုကြောက်မက်ဖွယ်လေလှိုင်းကြီးသည် ပတ်ဝန်းကျင်ကို ဖြတ်ကျော်ဝင်ရောက်ကာ တိုက်ခတ်သွားခဲ့ပြီး ပတ်ဝန်းကျင်တောင်တန်းများကို ဖြိုခွဲ ပစ်လိုက်လေသည်။
"ခွင့်မလွှတ်ဘူး!"
ထိုကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းလုံးကြီးအတွင်းမှ ခန္ဓာကိုယ်အနှံ့ ဝင်းလက် တောက်ပနေသည့် အလင်းတန်းများ တဟုန်ထိုး ပျံ့နှံ့ထိုးတက်နေသော လူတစ်ယောက်သည် ထွက်ပေါ်လာခဲ့သည်။ သူ၏မျက်လုံးတွေက အနီရောင် မီးတောက်မီးလျှံများကဲ့သို့ တောက်လောင်နေပုံရ၏။ ထိုလူသည် အစောပိုင်းက ချင်ယွင်၏ နှိုင်းယှဉ်ပြ၍မရအောင် သနားစဖွယ် အခြေအနေထိ ရိုက်နှက်ခံခဲ့ရသော ဖန်ချန်းကျီ ဖြစ်ပါသည်။