အခန်း ၆၂၅
Vol. 42 Ch. 625
အခန်း (၆၂၅) ဟန်ဖန်းလှုပ်ခြားခြင်း။
"အင်မော်တယ်အဆင့် ကောင်းကင်လေဝိညာဉ်ပညာရပ်၊ သေမျိုးတစ်ယောက်က စီနီယာအစ်ကို အမှန်တကယ် ဤအတိုင်းအတာအထိ ရောက်အောင် အတင်းအကြပ် တွန်းအားပေးနိုင်ခဲ့တယ်"
ဟန်ဖန်းသည် ဤမြင်ကွင်းကို အဝေးမှမြင်လိုက်ရသည့်အခါ သူ၏မျက်နှာသည် အလွန် အံ့အားသင့်သွားသည့် အမူအရာကို ချက်ချင်း ဖော်ပြလာပါသည်။
အင်မော်တယ်အဆင့် ကောင်းကင်လေဝိညာဉ်ပညာရပ်သည် အချိန်တိုအတွင်း ၎င်းတို့၏ ခွန်အားကို ငါးဆအထိ ပေါက်ကွဲထွက်နိုင်စွမ်းရှိပြီး၊ ၎င်းပညာရပ်သည် အင်မော်တယ်ကမ္ဘာရှိ ကောင်းကင်ဘုံဂိုဏ်း၏ နက်နက်သိမ်မွေ့သော အင်မော်တယ် အဆင့် နည်းပညာရပ်တစ်ခု ဖြစ်ပါသည်။
ကောင်းကင်ဘုံတာအို နိယာမစည်းမျဉ်းများ၏ လွှမ်းမိုးမှုကြောင့် သူတို့၏ အစစ်အမှန် ခန္ဓာကိုယ်များသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း၊ သူတို့သည် သူတို့၏ အပြင်ပကိုယ်ပွားများ ဖြင့်သာ ဤသေမျိုးကမ္ဘာထဲသို့ ဝင်ရောက်နိုင်ကြပါသည်။ ထို့အပြင်၊ သူတို့၏ အပြင်ပ ကိုယ်ပွားများ၏ စွမ်းအားကိုလည်း အထွတ်အထိပ်အဆင့် မြေကမ္ဘာအင်မော်တယ် နယ်ပယ်အထိ ထိန်းချုပ်ခြင်း ခံထားရမည် ဖြစ်ပါသည်။
ဟုတ်ပါသည်၊ သူတို့သည် အင်မော်တယ်အဆင့် နည်းပညာရပ်များ အားလုံးကိုတော့ ဆက်လက်အသုံးပြုနိုင်ပါသည်။ ယင်းသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်း မရှိပါချေ။
သို့သော် ဟန်ဖန်း မထင်မှတ်ထားသည့်အရာမှာ သူ၏စီနီယာအစ်ကိုသည် သေမျိုး လူသားတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အင်မော်တယ်အဆင့် ကောင်းကင်လေဝိညာဉ်ပညာရပ်ကို အသုံးပြုနေခြင်း ဖြစ်သည်။ ဤအရာသည် သူတို့အတွက် အမှန်တကယ် အရှက်ရမှုကြီးတစ်ခု ဖြစ်ပါသည်။
ထိုအချိန်တွင် ဖန်ချန်းကျီ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အလင်းရောင်များဖြင့် ခုန်တက်လာသည်။ အနှိုင်းမဲ့ အားကောင်းသော လေပြင်းမုန်တိုင်းကြီးသည် သူ၏ ခြေဖဝါးအောက်မှ ထွက်ပေါ်လာနေသည်။ ပတ်ဝန်းကျင်ရှိ ကျောက်တုံးများနှင့် သစ်ပင်များသည် ဤကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကို ထိတွေ့လိုက်ရသည် နှင့် ၎င်းတို့သည် ချက်ချင်းပင် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤသည်မှာ အင်မော်တယ် အနှစ်သာရမှ ဖြစ်ပေါ်လာသော မုန်တိုင်းကြီးတစ်ခု ဖြစ်ပြီး အတွင်း၌ပါရှိသော စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလှပါသည်။
ချင်ယွင်သည် အဝေးရှိ တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ၏ခန္ဓာကိုယ် တစ်ခု လုံးသည် ပြင်းထန်စွာ နာကျင်နေပါသည်။ အစောပိုင်းလေးက ဖန်ကျန်းချီ၏ လက်ဖဝါးမှ ခွန်အားသည် သူ့ကို့ မထနိုင်လောက်အောင် ဖြစ်သွားရသည့်အထိ ကြောက်စရာကောင်းနေခဲ့ပါသည်။
ချင်ယွင်သည် ပြင်းထန်သော နာကျင်မှုကို တောင့်ခံလိုက်ပြီး တွင်းနက်ကြီးထဲမှ ကုန်းရုန်းထွက်လာခဲ့သည်။ အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ဖြင့် သူ့ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာနေသော ဖန်ချန်းကျီကို ကြည့်ရင်း၊ ချင်ယွင်၏မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်က ပေါ်လာပါသည်။
ဖန်ချန်းကျီ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် ယခင်ကထက် ပိုမို အားကောင်းလာ သည်။ သူသည် အထွတ်အထိပ်အဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်ကို ကျော်လွန်ပြီး အစစ်အမှန် အင်မော်တယ်နယ်ပယ်နှင့် အကန့်အသတ်မရှိ နီးကပ်နေခဲ့ပါ ပြီ။
"မျိုးမစစ်ကောင်၊ မင်းက ငါ့ကို ဒီအထိ တွန်းပို့နိုင်ခဲ့လို့ ဂုဏ်ယူသင်ဘတယ်။ ဒါပေမယ့် မင်းက ငါ့ကို လုံးဝ ဒေါသထွက်သွားအောင် လုပ်ဆောင်ခဲ့တဲ့အတွက် နောက်ပိုင်းမှာ သနားစဖွယ် အနေထားနဲ့ မင်း သေရလိမ့်မယ်" ဖန်ချန်းကျီ၏ စကားလုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး၊ သူသည် ချင်ယွင်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လာရင်း တုနှိုင်းမရသည့် အငွေ့အသက်ကို သယ်ဆောင်လာပါသည်။
"ခင်ဗျားရဲ့မောက်မာမူတွေ တော်သင့်ပါပြီ။ ဟမ့်၊ ကျုပ်က ခင်ဗျားကို အနိုင်ယူနိုင် ရင်တောင် ကျုပ်အနေနဲ့ ဂုဏ်ယူစရာလို့ မခံစားရဘူး။ ဘာလို့ဆို ကျုပ်အမြင်အရတော့ ဒါက သာမန်ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခု ဖြစ်လို့ပဲ။"
ချင်ယွင်သည် တွင်းနက်ကြီးထဲမှ လှမ်းတက်လာစဉ် နှာခေါင်းရှုံ့ကာ လှောင်ရယ် ပြောလိုက်လေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နက်မှောင်နေသော ခရမ်းရောင် စွမ်းအင်များလည်း တဖန် မြင့်တက်လာပြန်သည်။
"မင်းက မြန်မြန် သေချင်နေတယ်ဆိုမှတော့ မင်းဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။"
ဖန်ချန်းကျီ၏ မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် တစ်ဖန် ပြန်လည် တောက်ပလာကာ သူ၏လေသံကလည်း သတ်ဖြတ်လိုစိတ် အပြည့်ရှိနေသည်။
သူ၏အငွေ့အသက်သည် မုန်တိုင်းတစ်ခုလို တစ်ဖန် တိုးမြင့်လာပြန်ပြီး ကောင်းကင်နှင့် မြေကြီးကို ချက်ချင်း လွှမ်းခြုံသွားသည်။ကောင်းကင်ယံတွင် တိမ်တိုက်များက တဟုန်ထိုး မြင့်တက်လာခဲ့ပြီး သူ၏ အရှိန်အဟုန်သည် တုနှိုင်းမရလောက်အောင်ပင် ကြီးမားလှသည်။
"အခု၊ အင်မော်တယ်တွေနဲ့ သေမျိုးတွေကြား ဖြတ်ကျော်လို့မရတဲ့ ကွာဟချက်ကြီး တစ်ခု ရှိနေတယ်ဆိုတာကို မင်းကို ငါ ပြောပြပေးမယ်။"
ဖန်ကျန်းချီ၏ အသံသည် တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ထို့နောက် သူ၏ လက်ထဲတွင် အဖြူရောင်လှံတစ်ချောင်း ထွက်ပေါ်လာသည်။ လှံထိပ်ဖျားသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများကို သယ်ဆောင်ကာ ပြင်းထန်သော အင်မော်တယ်စွမ်းအင်များဖြင့် ဝန်းရံထားပါသည်။
ချင်ယွင်သည် ဤလှံကိုမြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
အမှန်တကယ်တော့ ဤလှံသည် နှိုင်းယှဥ်လို့မရအောင် အစွမ်းထက်လှသည့် အင်မော်တယ်အဆင့်ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ၎င်းသည် အလယ်အလတ်အဆင့် အင်မော်တယ် အဆင့်ပစ္စည်းတစ်ခုသာ ဖြစ်ပါသည်။ သို့သော်လည်း ချင်ယွင် အရင်တုန်းက ပြောခဲ့သည့် အတိုင်းပင်။
သေမျိုးများ၏ လက်ထဲတွင်ရှိနေသော အင်မော်တယ်အဆင့် ပစ္စည်းများနှင့် အင်မော်တယ်များ၏ လက်ထဲတွင်ရှိနေသော အင်မော်တယ်အဆင့် ပစ္စည်းများသည် လုံးဝ ကွဲပြားခြားနားနေပါလိမ့်မည်။ ဖန်ချန်းကျီသည် မြေကမ္ဘာအင်မော်တယ် နယ်ပယ် ၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိသော်လည်း၊ သူ၏ခန္ဓာကိုယ်ရှိ စွမ်းအင်အရင်းမြစ် သည် မူလကတည်းက အင်မော်တယ်စွမ်းအင်ဖြစ်ပြီး အင်မော်တယ်ပစ္စည်းများကို လုံးလုံး အသက်သွင်း နိုင်ပါသည်။
ဤအခိုက်အတန့်တွင် ဤလှံမှထုတ်လွှတ်နေသော စွမ်းအားသည် သာမန်မြေကမ္ဘာ အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ လက်ထဲမှာရှိစဉ်ကထက် ဆယ်ဆကျော် ကြီးမားပါသည်။
ချွင်…..။
ဖန်ချန်းကျီ သည် သူ၏လက်ထဲတွင် လှံကိုကိုင်ကာ မြေပြင်ပေါ်သို့ ဆောင့်ချလိုက် ပါသည်။
စွမ်းအင်လှိုင်းလုံးကြီးသည် ချက်ချင်းပင် လှိုင်းလုံးများကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ မြေကြီးသည် ဖန်သားပြင်ကဲ့သို့ အက်ကွဲသွားပါသည်။ မရေမတွက်နိုင်သော အက်ကွဲ ကြောင်းများသည် မြေပြင်ပေါ်တွင် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ အကွာအဝေးထိ ပင့်ကူမျှင်များကဲ့သို့ ပျံ့နှံ့သွားခဲ့ပါသည်။
အဝေးမှာရှိနေသည့် မီတာတစ်ထောင်မြင့်သော အဆောက်အအုံ တစ်ခုပင်လျှင် အက်ကြောင်းများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အကယ်၍ ပေါ့ပေါ့ပါးပါး ထိကိုင်လိုက်လျှင် ပင် ၎င်းအဆောက်အအုံသည် အပိုင်းပိုင်း ပြိုကွဲသွားနိုင်ပါသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှာရပ်နေသော ဟန်ဖန်းမှလွဲ၍ အားလုံး အံ့ဩသွားကြပါသည်။
အင်မော်တယ်တစ်ပါး၏ လက်ထဲတွင်ရှိနေသာ အင်မော်တယ်အဆင့်ပစ္စည်းများ၏ စွမ်းအားသည် မတူကွဲပြားကြောင်းကို သူတို့ကြားဖူးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော် လည်း ဤမျှ ထိတ်လန့်တုန်လှုပ်စရာကောင်းသော စွမ်းအားမျိုးကိုတော့ သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ဤသည်မှာ ပေါ့ပေါ့ပါးပါး မြေပြင်ပေါ် ဆောင့်ချရုံမျှသာ ဖြစ်ပြီး ယင်းက တောင်ထိပ်ကိုပင် ဖြိုခွဲနိုင်ကာ ကီလိုမီတာ ဆယ်ဂဏန်းအကွာရှိ မြေပြင်ကိုပင် အစိပ်စိပ်အမွှာမွှာ အက်ကွဲသွားစေနိုင်သည်။
"ဟားး…။ ဟား…..။, ကောင်စုတ်လေး…, အကြောက်ရားက ဘာလဲဆိုတာ မင်း သိသွားပြီ မဟုတ်လား?, သေမျိုးတွေနဲ့ အင်မော်တယ်တွေကြားက ခြားနားချက်ကို ငါ မင်းကို ပြောပြဦးမယ်။ မင်းတို့သေမျိုးတွေဟာ နှစ်ပေါင်း လေးငါးခြောက်ရာလောက် သာ အသက်ရှည်ကြပေမယ့် ငါတို့ရဲ့သက်တမ်းကတော့ နှစ်ပေါင်းတစ်သောင်း ဒါမှ မဟုတ် နှစ်ပေါင်းသိန်းချီကြာအောင် အသက်ရှည်ကြတယ်ကွ။ မင်းတို့သေမျိုးတွေရဲ့ နှစ်ပေါင်းခြောက်ရာဆိုတာက ငါတို့အတွက်တော့ လက်ဖျစ်တစ်ချက် တီးခတ်ရုံ သာသာပဲ ရှိတယ်။ မင်းတို့လိုသေမျိုးတွေက ဒီလိုနားလည်ရခက်ခဲတဲ့ သဘောတရား တွေကို သဲသဲကွဲကွဲ သိမှာမဟုတ်သလို နွေဦးနဲ့ ဆောင်းဦးအကြောင်းလည်း သိမှာမဟုတ်ပါဘူး။ မင်းတို့လိုသေမျိုးတွေက ဒီသဘောတရားတွေကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ”။
ဖန်ချန်းကျီ၏ ၀တ်စုံများ တဖျပ်ဖျပ်ခတ်နေပြီး သူ၏ အင်မော်တယ် စွမ်းအင်များက သူ၏ ပတ်ဝန်းကျင်တွင် တဝဲလည်လည် ရစ်ပတ်နေပါသည်။ သူသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသလိုမျိုး ချင်ယွင်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရင်း အထင်မြင်သေးသည့် အပြုမှုများနှင့် ပြည့်နှက်နေသည်။
ချင်ယွင်၏ မျက်နှာသည်လည်း အေးစက်သော အပြုံးတစ်ခုကို ပန်ဆင်ထားသည်။ ဤအကြောင်းတွေကို သူ မည်သို့ မသိဘဲနေမည်နည်း? နောက်ဆုံးတွင်၊ သူသည်လည်း အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ခဲ့ဖူးသူ ဖြစ်ပါသည်။
သူ၏ ခမည်းတော် အင်မော်တယ်ဧကရာဇ်ချင်ဟန်သည် နှစ်ပေါင်းထောင်သောင်းချီ၍ အသက်ရှင် နေထိုင်ခဲ့သူ ဖြစ်ပါသည်။ သူသည် ဖန်ချန်းကျီထက် ကျွမ်းကျင်သူများစွာနှင့် ထိတွေ့ ဆက်ဆံဖူးသူ ဖြစ်ပါသည်။ သူသည် သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားမူ ရှိသော်လည်း သေမျိုးလူသားတွေကို ဘယ်တုန်းကမှ အထင်မသေးခဲ့ဖူးပါဘူး။
“သင်၏အင်မော်တယ်စွမ်းအားသည် မည်မျှပင် တန်ခိုးကြီးအစွမ်းထက်နေပါစေ၊ သင်သည် သေမျိုးလူသားတစ်ယောက်အဖြစ်မှ စတင်ခဲ့ရခြင်း ဖြစ်ပါသည်။ သင်သည် အင်မော်တယ်တစ်ယောက်အဖြစ် မွေးဖွားလာခြင်း မဟုတ်ပါ။”
“လူတစ်ယောက်သည် ရှေ့ကို မျှော်ကြည့်သင့်သော်လည်း မူလအရင်းအမြစ်ကိုတော့ မမေ့သင့်ပါ။”
ဤသည်မှာ သူငယ်ငယ်လေးကတည်းက သူ၏သေမျိုးမိခင်က သူ့ကို ပြောပြခဲ့ခြင်း ဖြစ်ပြီး ချင်ယွင်သည်လည်း သူငယ်ငယ်လေးကတည်းက သေမျိုးလူသားတွေကို မည်သို့ လေးစားရမည်ကို သိလာပါသည်။
ဖန်ချန်းကျီ၏ စကားတွေကို ကြားလိုက်ရလျှင် ချင်ယွင်၏ နှလုံးသားသည် သဘာဝ အတိုင်း အထင်အမြင်သေးခြင်းများဖြင့် ပြည့်နှက်နေ၏။
"ခင်ဗျားက သာမာန်သေမျိုးလူသားတွေကို အထင်မြင်သေးနေတာ မဟုတ်လား?၊ ကောင်းပြီလေ၊ ဒီနေ့ ကျုပ်က ခင်ဗျားကို သေမျိုးတစ်ယောက်ရဲ့နာမည်နဲ့ လုံးလုံး အနိုင်ယူပြမယ်။ ခင်ဗျားတို့လို အင်မော်တယ်လို့ ခေါ်နေကြသူတွေရဲ့ မောက်မာမှု အားလုံးကို ကျုပ် လုံးလုံး ချေမှုန်းပစ်မယ်!" ချင်ယွင်၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
သူ၏နှလုံးသားထဲတွင် တိုက်ခိုက်လိုစိတ်က လုံးဝ ပေါက်ကွဲသွားပြီး သွေးအနှစ်သာရ လောင်ကျွမ်းခြင်း လျှို့ဝှက်ပညာရပ်ကို ချက်ချင်းပင် အသုံးပြုလိုက်ပါသည်။
"ပုရွက်ဆိတ်တစ်ကောင်ကလည်း သစ်ပင်ကြီးကြီးကို လှုပ်ခါချင်နေတာလား?။ သေလိုက်တော့….!"
ဖန်ချန်းကျီ၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာပါသည်။ သူ၏ရုပ်အသွင်က ချက်ချင်း ပျံထွက်သွားပြီး သူ၏လက်ထဲမှ လှံက လေဟာနယ်ထဲကို ထိုးဖောက်ဝင်ရောက်ကာ ပြင်းထန်သော စွမ်းအားတွေကို သယ်ဆောင်ရင်း ချင်ယွင်၏ နဖူးဆီသို့ ပစ်ဝင်သွားပါသည်။
လှံဖျားတွင်ပါရှိသော စွမ်းအင်အတက်အကျလှိုင်းများသည် မြင်ရသူများကို နှလုံးတုန် ရင်ခုန်သည်အထိ ကြောက်စရာကောင်းနေသည်။
အေးစက်စက် အရိပ်အယောင်က ချင်ယွင်၏ မျက်လုံးထဲတွင် လင်းလက်သွားခဲ့ပြီး သူ၏ ခြေဖဝါးအောက်မှ လေပြင်းများ တိုက်ခတ်လာပြီး သူသည် လျင်မြန်စွာ ဆုတ်ခွာ သွားခဲ့ သည်။
ဖန်ချန်းကျီသည် သူ၏လက်ထဲတွင် လှံကို ကိုင်ထားပြီး သူ၏နောက်သို့ အနီးကပ် လိုက်ပါသွားသည်။ စူးရှသော အငွေ့အသက်ကို ထုတ်လွှတ်သော လှံထိပ်ဖျားသည် ချင်ယွင်၏ နဖူးမှ သုံးလက်မအကွာသာ ကွာဝေးပါသည်။
"ငရဲကိုသွားလိုက်တော့…!"
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် ဖန်ချန်းကျီ၏ မျက်လုံးများသည် ရက်စက်သည့် အငွေ့အသက်နှင့်အတူ ဝင်းလက်တောက်ပနေ၏။ လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင် ထားသော သူ၏ လက်သည် လျင်မြန်စွာ လှည့်ပတ်သွားပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက လှံထိပ်ဖျားမှ ထွက်ပေါ်လာသည်။ သူ၏အရှိန်အဟုန်က ချက်ချင်း မြင့်တက်သွားခဲ့ပြီး လှံထိပ်ဖျားက ချင်ယွင်၏ မျက်ခုံးဆီကို ပစ်ဝင်သွားလေသည်။
"ဟမ့်၊ ဒီအချိန်ကို စောင့်နေတာပဲ…!"
ချင်ယွင်၏ မျက်လုံးများသည် အေးစက်သော အပြုံးတစ်ခုနှင့်အတူ ဝင်းလက်တောက်ပ လာပြီး၊ ထို့နောက်တွင် သူ၏ရုပ်အသွင်အပြင်သည် ပုံရိပ်ယောင်တစ်ခုလို ဖြစ်လာခဲ့ သည်။
လှံသည် ဂြိုလ်ငယ်လေးတစ်ခုကိုပင် အစိပ်စိပ်အမွှာမွှာ ဖြိုခွဲဖို့လုံလောက်သည့် စွမ်းအားဖြင့် ချင်ယွင်၏ဉီးခေါင်းကို ထိုးဖြတ်ပြီး လေဟာနယ်ထဲကို ထိုးဖောက် ဝင်ရောက်သွားသည်။
ထိုနေရာသည် ချက်ချင်းပင် အက်ကွဲသွားပြီး ကြီးမားသော အနက်ရောင် အက်ကွဲကြောင်းတစ်ခု ပေါ်လာပါသည်။
" ပုံရိပ်ယောင်တစ်ခုလား? ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" ဖန်ချန်းကျီ၏အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူ၏ရှေ့မှာရှိနေသည့် ချင်ယွင်သည် အဘယ်ကြောင့် ပျောက်ကွယ်သွားသည်ကို သူနားမလည်ပါ။
"ဟမ့်၊ ခင်ဗျား နားမလည်တာတွေ အများကြီး ရှိသေးတယ်!"
ချင်ယွင်၏ အသံသည် ဖန်ချန်းကျီ၏ နောက်ကွယ်မှ တစ္ဆေသရဲတစ်ကောင်လို ထွက်ပေါ်လာသည်။
ဖန်ချန်းကျီ၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားသည်။ သူ ကမန်းကတန်း လှည့်ကြည့်လိုက်တော့ ချင်ယွင်က သူ့ကို အေးစက်သော အပြုံးဖြင့် ကြည့်နေပါသည်။
"ဘုန်း…..!"
ချင်ယွင်၏ လက်သီးသည် ဖန်ချန်းကျီ၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွား ပြီး ဖန်ချန်းကျီ၏ ခန္ဓာကိုယ်သည် ချက်ချင်း နောက်ပြန် ဆုတ်သွားရသည်။
သတ်ဖြတ်လိုသည့်ဆန္ဒက ချင်ယွင်၏မျက်လုံးထဲတွင် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး သူသည် လေဟာနယ်ထဲ ခြေလှမ်းလိုက်ကာ နောက်သို့ လွင့်ပျံသွားသော ဖန်ချန်းကျီ ၏ နောက်သို့ လိုက်ပါသွားလေသည်။
သို့သော် ချင်ယွင်သည် ဖန်ချန်းကျီကို လုံးလုံးလျားလျား သတ်ပစ်တော့မည့် အချိန်မှာ ဖန်ချန်းကျီ၏ ရှေ့တွင် ရုပ်အသွင်အပြင်တစ်ခု ပေါ်လာပါသည်။ သူက အပြင်းထန်ဆုံး လက်သီးတစ်ချက်ကို ထိုးထုတ်လိုက်ပြီး ချင်ယွင်၏ အနှိုင်းမဲ့ လွှမ်းမိုးနိုင်စွမ်းရှိသော လက်သီးကို လက်ခံလိုက်သည်။
လက်သီးနှစ်ခုသည် ချက်ချင်းပင် အပြင်းအထန် ထိတွေ့မိပြီး နှစ်ယောက်သား အပြန်အလှန် တုန်ခါသွားကြသည်။
"တော်ဝင်ချင် အင်မော်တယ်မင်းဆက်မှ အင်မော်တယ်ဧကရာဇ်မင်းမြတ်ရဲ့ သားတော် တစ်ပါးက အခုလို အခြေအနေမျိုးထိ အမှန်တကယ် ကျရောက်သွားလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”။
တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်ခုက ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားရင်း ချင်ယွင်သည် ရုတ်တရက် ရောက်ရှိလာသူကို ကြည့်ရန် သူ၏ ခေါင်းကို မော့လိုက်ပါသည်။
တိုက်ခိုက်ခဲ့သူမှာ ဖန်ချန်းကျီ၏ ဘက်တော်သားဖြစ်သော ဟန်ဖန်းမှ လွဲ၍ အခြားသူ မဟုတ်ပေ။