အခန်း ၆၂၆
Vol. 42 Ch. 626
အခန်း (၆၂၆) ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ။
ဟန်ဖန်းသည် ချင်ယွင်၏နာမည်ကို ရင်းနှီးနေသည်ဟု အမြဲထင်နေခဲ့သော်လည်း သူသည် အစောပိုင်းအချိန်အထိ ၎င်းနာမည်ကို မမှတ်မိသေးပေ။
တော်ဝင်ချင်မင်းဆက်၏ အင်မော်တယ်ဧကရာဇ် ချင်ဟန် (အစိမ်းရောင်မြူနှင်း) ၏ သားထွေးကို ချင်ယွင်ဟု ခေါ်သည်။ ထိုအချိန်တုန်းက ချင်ယွင်၏ ကောင်းကင်ဘုံကိုပင် အံတုနိုင်သော စွမ်းရည်ကြောင့် သူ၏နာမည်သည် တစ်ချိန်က အင်မော်တယ်ကမ္ဘာကြီး တစ်ခုလုံးပင် ပျံ့နှံ့ခဲ့ပြီး တော်ဝင်ချင်မင်းဆက်၏ နံပါတ်တစ် ပါရမီရှင်အဖြစ် ချီးကျူး ခံခဲ့ရသည်။
နောက်ပိုင်းတွင် ချင်ယွင်၏ စွမ်းရည်များနှင့် ကျင့်ကြံမူအခြေခံမှာလည်း တဖြည်းဖြည်း အားနည်းသွားကာ သူ၏နာမည်သည် လူတိုင်း၏ အကြားမြင်ကြားမှာ တဖြည်းဖြည်း ကွယ်ပျောက်သွားခဲ့သည်။
ယုတ္တိဗေဒအရပြောရလျှင်၊ ချင်ယွင်၏ အမည်ကိုလည်း သာမန်လူတစ်ဦး၏ နာမည်ဟု ပင် သူ ယူဆနိုင်ပါသည်။ သေမျိုးလူသား သန်းပေါင်းများစွာသော ဤကမ္ဘာကြီးတွင် ချင်ယွင်ဟူသော နာမည်ရှိသူ လူပေါင်း သန်းနှင့်ချီ၍မက ရှိနိုင်ပါသည်။ ထို့ကြောင့် ဟန်ဖန်းသည် ၎င်းကို သိပ်ပြီး ဂရုမစိုက်ခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ယခုလေးတင်၊ ချင်ယွင်၏ ပုံရိပ်သည် ရုတ်တရက် ကွယ်ပျောက်သွားပြီး ဖန်ချန်းကျီ၏ နောက်တွင် ပေါ်လာသော သရဲတစ္ဆေဆန်ဆန် လှုပ်ရှားမှုကြောင့် ဟန်ဖန်သည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်အမှန်ကို နားလည်သွားစေခဲ့ပါသည်။
ယခုလေးတင် လှုပ်ရှားမူပညာရပ်ကို လေဟာနယ်ဝိညာဏ်ခန္ဓာကိုယ် ဟု ခေါ်ပါ သည်။ ဤပညာရပ်သည် အင်မော်တယ်ဧကရာဇ်မင်းမြတ်ချင်ဟန် သူ အင်မော်တယ် ဧကရာဇ် တစ်ပါး ဖြစ်မလာခင် အချိန်တုန်းက ဖန်တီးသည့် ပညာရပ်ဖြစ်ပါသည်။ ဤအရာ အားလုံးကို အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်နှင့်ပတ်သက်သော ကောင်းကင် ဘုံဂိုဏ်း၏ မှတ်တမ်းများတွင် မှတ်တမ်းတင်ထားပါသည်။
ထို့ကြောင့် ချင်ယွင်သည် ဤလှုပ်ရှားမှုပညာရပ်ကို အသုံးပြုသောအခါ၊ ဟန်ဖန်းက ဤလှုပ်ရှားမှုသည် အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်၏ ထူးခြားသည့် လှုပ်ရှားမူ ပညာရပ်တစ်ခုဖြစ်ကြောင်း ချက်ချင်း မှတ်မိပါသည်။ အင်မော်တယ်ဧကရာဇ် မင်းမြတ် ချင်ဟန်သည် ဤလှုပ်ရှားမူပညာရပ်ကို အခြားမည်သူထံ လွှဲပြောင်းပေးမည်နည်း?။
ဟုတ်ပါသည်. သူ၏ အရင်က ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည့် သားဖြစ်သူ ချင်ယွင်ပဲ ဖြစ်ပါလိမ့်မည်။
အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ သားတော်နှင့် နာမည်ဆင်တူပြီး အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ အင်မော်တယ်နည်းပညာများကိုပါ သိထားသောကြောင့် သူ၏ ရှေ့မှ ဤလူငယ်၏ အစစ်အမှန် ကိုယ်ရေးအချက်အလက်သည် သူ့ကိုယ်ကို ထင်ရှား ဖော်ပြနေသလို ဖြစ်နေပါသည်။
"အင်မော်တယ်ဧကရာဇ်မင်းမြတ်ရဲ့သားတော်တစ်ပါးလား….?"
ယောင်လင်းခေါင်နှင့် တခြားသူတွေအပါအဝင် အဝေးမှာရှိနေကြသည့် လူတွေ အားလုံးက အံ့အားသင့်နေသည့် အမူအရာတွေကို ထုတ်ဖော်နေကြပါသည်။ ချင်ယွင်ကို ပြန်ကြည့်ရင်း သူတို့၏ အမူအရာများက လေးစားသည့်ဟန်ပန်မျိုး ရှိနေကြပါသည်။
အင်မော်တယ်ဧကရာဇ်များသည် သူတို့၏နှလုံးသားထဲတွင် အကြီးမြတ်ဆုံးသော တည်ရှိမှုများ ဖြစ်ပါသည်။ ချင်ယွင်မှာ ထူးထူးခြားခြား နောက်ခံတစ်ခု ရှိနေမည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။
တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားထဲတွင် သံသယစိတ်များ ရှိနေပါသည်။ အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ သားတော်တစ်ပါးသည် ဤသေမျိုးကမ္ဘာတွင် မည်သို့ ပေါ်လာနိုင်ရသနည်း?..။
အဝေးရှိ အပျက်အစီးတွေကြားထဲမှာ လဲလျောင်းနေသော ဖန်ချန်းကျီသည်လည်း အံ့သြသည့် အမူအရာ ပေါ်နေပါသည်။ ဟန်ဖန်၏ စကားများက သူ့ကို တုနှိုင်းမဲ့ ထိတ်လန့်သွားစေခဲ့သည်မှာ ထင်ရှားပါသည်။
ချင်ယွင်သည် ချက်ချင်းပင် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ခမည်းတော် လက်ဆင့်ကမ်းပေးခဲ့သည့် အင်မော်တယ်ပညာရပ်ကို ပထမဆုံး အကြိမ် အသုံးပြုလိုက်စဉ်မှာဘဲ သူ့ကို မှတ်မိသွားလိမ့်မည်ဟု သူ မမျှော်လင့် ထားပါဘူး။ ထို့အပြင် ဟန်ဖန်းသည် သူ၏လက်သီးချက်ကို အလွယ်တကူ ခံယူနိုင်သောကြောင့် ရိုးရှင်းမည် မဟုတ်သည်မှာ သေချာပါသည်။
"အင်မော်တယ်ကမ္ဘာကလူတွေက ငါ့ကို မေ့နေပြီလို့တောင် မူလက ငါ ထင်ထားခဲ့တာ။ ငါ့ရဲ့လေဟာနယ်ဝိညာဉ်ခန္ဓာကို အသုံးပြုလိုက်တာနှင့် တစ်စုံတစ်ယောက် ငါ့ကို မှတ်မိသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး…။" ချင်ယွင်က ရယ်မောလိုက်သည်။
သူ့ကို မှတ်မိသွားပြီမို့ သူအနေဖြင့် သဘာဝအတိုင်း ဘာကိုမှ ဖုံးကွယ်ထားစရာ မလိုတော့ပေ။
ဤသတင်းက အင်မော်တယ်ကမ္ဘာမှာရှိနေသည့် သူ၏ရန်သူတော်တွေကြားထဲ ရောက်သွားမည်ဆိုလျှင်၊ သူ့ဆီကို ဒုက္ခအများပြား သယ်ဆောင်လာနိုင်ပါသည်။
ဒါပေမယ့် အခလိုဖြစ်သွားခြင်းကလည်း ကောင်းပါသည်။ သူတို့ကို ချင်ယွင် ပြန်လာ တော့မည့်ကြောင်း ပြောပြပြီးသား ဖြစ်သွားပြီး ကြိုတင်ကာကွယ်ဆေး ထိုးခိုင်းထားလို့ ရပါသည်။
"ကြည့်ရတာ မင်းက တကယ်ကို အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်ရဲ့ သားအငယ်ဆုံး ဖြစ်ပုံရတယ်။ အဲဒီတုန်းက အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်က တရားမျှတမူအတွက် သူ့မိသားစုကို ဖျက်ဆီးပြီး သူရဲ့သားအငယ်ဆုံးကို သေမျိုး ကမ္ဘာထဲကို ပို့လွှတ်လိုက်တယ်ဆိုတဲ့ ကောလဟာလတွေ ရှိခဲ့ပါတယ်။ ဒါဆို ကောလာဟလတွေ တကယ်ကို မှန်နေပုံရတယ်။ အင်မော်တယ် ဧကရာဇ်မင်းမြတ် ချင်ဟန်က မင်းကို သေမျိုးကမ္ဘာ စေလွှတ်လိုက်တာပဲ”။ ဟန်ဖန်းက အေးစက်သော အပြုံးဖြင့် ပြောသည်။ သူ၏မျက်နှာတွင် ချင်ယွင်ကို လေးစားမှု အနည်းငယ်မျှ မရှိပေ။ ယင်းအစား လှောင်ပြောင်ခြင်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ချင်ယွင်လည်း မျက်မှောင်ကြုတ်ပြီး သူ၏အမူအရာက မည်းမှောင်သွားသည်။ ဟန်ဖန်း၏ မေးခွန်းကို သူပြန်ဖြေဖို့ ပျက်ကွက်ခဲ့ရပါသည်။
ချင်ယွင်၏ အုံ့မှိုင်းနေသော အမူအရာကို မြင်လိုက်ရတော့ ဟန်ဖန်း၏ လှောင်ပြောင် သော အပြုံးက ပို၍ပင် ပြင်းထန်လာသည်။ “နဂါးဘုရင်မှာ သားသမီး ကိုးယောက်ရှိပြီး၊ သားသမီး ကိုးယောက်ကလည်း တစ်ယောက်နဲ့တစ်ယောက် ကွဲပြားခြားနားကြတယ် ဆိုတာ တကယ်ကို မှန်တာပဲ၊။ အဲဒီလူက ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ ဝင်ရောက်နေပြီ ဖြစ်ပေမယ့် မင်းကတော့ ဒီသေမျိုးကမ္ဘာလေးမှာ အခုချိန်ထိ တွယ်ကပ်နေသေးတယ်။ အစစ်အမှန် အင်မော်တယ်စ်ယောက်တောင် မဖြစ်သေးဘူး။ ဒါက ရယ်စရာမကောင်းဘူးလား?"
ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် လွန်ကဲစွာ မည်းမှောင်သွားသည်။ သူ၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့်ဆန္ဒ အရိပ်အယောင် ထွက်ပေါ်လာပြီး သူ၏ ရန်လိုမှုက အရှိန်အဟုန်ဖြင့် သူ၏နှလုံးသားမှ ထွက်ပေါ်လာပါသည်။
ဟန်ဖန်းက ဘယ်သူ့အကြောင်း ပြောနေလဲဆိုသည်ကို သေချာပေါက် သူသိပါသည်။
သူ့ကို ယခုလို အခြေအနေမျိုး ကျရောက်စေခဲ့သည့် လက်သည် တရားခံ သူ၏ဝမ်းကွဲ အစ်ကို ချင်လန်အကြောင်း ပြောနေခြင်း ဖြစ်ပါသည်။
အကယ်၍ သူ့ကြောင်သာမဟုတေလျှင်၊ ချင်ယွင်သည် ယခုလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး၊ သူ၏အမေသည်လည်း အမှောင်ထုချောက်နက်ထဲကို ပစ်ချခံရမှာ မဟုတ်ပါဘူး။
"အိုး၊ မင်းက ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကိုတောင် ဝင်သွားပြီလား?။ မင်းရဲ့ အရှိန်ဟုန်က တော်တော်မြန်တာပဲ!" ချင်ယွင်က သူ၏စိတ်နှလုံးထဲမှာ လှောင်ရယ် နေခဲ့ပါသည်။ ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲတွင် နစ်မြုပ်နေသော အမုန်းတရားများ ပြန်လည်ထွက်ပေါ်လာသော်လည်း ယင်းက မနာလို ငြူစူခြင်း အနည်းငယ်မျှ မပါရှိပေ။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် အင်မော်တယ်ကမ္ဘာတွင် အဆင့်အမြင့် ဆုံး အကယ်ဒမီများထဲမှ တစ်ခုဖြစ်ပါသည်။ ထိုအကယ်ဒမီမှ ထွက်လာသူတိုင်းသည် ကမ္ဘာကို တုန်လှုပ်ချောက်ချားစေသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ဟုတ်ပါသည်၊ ထိုအကယ်ဒမီကို ဝင်ရောက်ဖို့ကလည်း သူတို့အတွက်ပင် အလွန် ခက်ခဲပါလိမ့်မည်။
ချင်ယွင်သည်ပင်လျှင် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ ဝင်ရောက်ရန် အရည်အချင်း မရှိခဲ့ပေ။
အကယ်၍ သူသည် ရှေးဟောင်းတာအိုဆရာသခင် သို့မဟုတ် မိုးပြာဧကရာဇ်နှင့် မတွေ့ဆုံဖြစ်ခဲ့ပါက ဤစကားကြောင့် သူသည် မနာလို ဖြစ်သွားနိုင်သည်။
ယခုအချိန်တွင် သူကျင့်ကြံထားနေခဲ့သော ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်း ပညာရပ်နှင့် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာ'ရပ်တို့သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ အဆင့်မြင့်ဆုံးနည်းပညာရပ်များနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်ပါပေ။
'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ'ရပ်သည် ကြီးမားသောအောင်မြင်မူ အဆင့်ကို ရောက်သည်နှင့် သူသည် အင်မော်တယ်ကမ္ဘာမှာပင် ပြိုင်ဘက်ကင်းအဖြစ် တည်ရှိနိုင်ပါလိမ့်မည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်သည်လည်း စကြာဝဠာတစ်ခုကိုပင် ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဘုံတာအိုကို ကျော်လွန်၍ အားကောင်းသောတည်ရှိမှုမျိုး ဖြစ်လာသည်။
ဤနည်းပညာနှစ်ခုသည် စကြာဝဠာတစ်ခုလုံးတွင်ပင် အကြီးမြတ်ဆုံး နည်းပညာများ ဟုပင် ဆိုနိုင်သည်။ ဤပညာရပ်နှစ်ခုထဲက တစ်ခုကပင် ကြီးကျယ်ခမ်းနားသည့် ကောင်းချီပေးမူ ဖြစ်နေပါပြီ။ ဤပညာရပ်နှစ်ခုကို တစ်ပြိုင်နက် ပိုင်ဆိုင်ခွင့်ရခြင်းသည် ချင်ယွင်၏ ရှစ်နှစ်တာ သက်တမ်းအတွက် လုပ်ဆောင်ခဲ့သည့် ကောင်းမူများကြောင့် ကောင်းချီးတစ်ခု ဖြစ်ပါလိမ့်မည်။ (ဤနေရာ၌ တင်စားပြောနေခြင်း ဖြစ်ပါသည်။)
ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ ဝင်ရောက်ခွင့် ရခြင်းအတွက် သူသည် ချင်လန်ကို မည်သို့ မနာလိုမူ ဖြစ်တော့မည်နည်း?။
ထို့ကြောင့် ဟန်ဖန်းသည် ထိုစကားများဖြင့် သူ့ကို ရန်စပေးချင်နေခဲ့သည်။ ဤသည်မှာ တကယ့်ကို မှားယွင်းသည့် တွက်ချက်မှုတစ်ခုပင် ဖြစ်နေပါသည်။
'"ဘယ်လိုနေလဲ မင်းစိတ်ထဲ ဒေါသအရမ်းထွက်နေတာလား' မင်းရဲ့မူလက ပိုင်ဆိုင်သမျှ အရာအားလုံးကို မင်းရဲ့ အစ်ကိုကောင်းကြီးက ရယူသွားခဲ့ပြီး မင်းကို လောကကြီးက မေ့လျော့ခံဖြစ်အောင် လုပ်ခဲ့တယ်။ လောကကြီးရဲ့လှောင်ပြောင် ရယ်မောစရာတစ်ယောက် ဖြစ်လာတယ်လို့ မင်းကိုယ်မင်း မခံစားဘူးလား?။ မင်းကိုယ်မင်း နိမ့်ကျသွားတယ်လို့ရော မခံစားရဘူးလား….?" ဟန်ဖန်းက ဆက်လက် လှောင်ပြောင်သည်။
ဟုတ်ပါသည်၊ သူသည် ချင်ယွင်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ရန်စနေခြင်း ဖြစ်ပါသည်။ ချင်ယွင်ကို ဒေါသဖြစ်အောင် အစပြုပြီးနောက် သူ့ကို သူ၏အသိစိတ် ပျောက်ဆုံး သွားစေချင်သည်။ ထိုသို့ဖြစ်လျှင် သူသည် မမျှော်လင့်ဘဲ ချင်ယွင်ကို တိုက်ခိုက်ပြီး ချက်ချင်း သတ်ပစ်နိုင်မည်မှာ သေချာပါသည်။
"မင်းရဲ့ ဒီလှုပ်ရှားမှုအကွက်က ငါ့အတွက် အသုံးမဝင်ပါဘူး။ ငါက မင်းရဲ့နောက်မှာ ရှိနေတဲ့လူလို အရူးတစ်ယောက် မဟုတ်ဘူး၊ ဒါ့အပြင် ငါ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီကို မဝင်နိုင်ဘူးဆိုရင်ရော ဘာဖြစ်လဲ?။ အနာဂတ်မှာ၊ ငါက သူ့ကို ငါ့ခြေဖဝါးအောက်မှာ နင်းထားနိုင်ပါသေးတယ်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီက ငါ့အတွက် ဘာမှ မဟုတ်ဘူး။" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောလိုက်သည်။
"ဟင့်အင်း၊ ဘယ်လောက်တောင် အဓိပ္ပာယ်ကင်းမဲ့လိုက်တဲ့ စကားတွေလဲ! ဒီလို မောက်မာတဲ့ စကားလုံးတွေကို ပထမဆုံးအကြိမ် ငါ ကြားလိုက်ရတာ။ မင်းက မနာလိုဖြစ်နေတယ်လို့ ငါ ထင်တယ်။ မင်း ဒီလို ကြီးကြီးကျယ်ကျယ် စကားတွေကို တမင်တကာ ပြောနေတာ ဖြစ်ရမယ်။" ဟန်ဖန်း၏ မျက်လုံးများသည် အေးစက်စက် အရိပ်အယောင်များနှင့်အတူ ဝင်းလက်တောက်ပလာပြီး သူ၏မျက်လုံးများတွင် သရော် လှောင်ပြောင်မှုများက ပို၍ပင် ပြင်းထန်လာသည်။
ဟုတ်ပါသည်။ ချင်ယွင်က ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို သူ၏ မျက်လုံး ထဲမှာ တကယ် မထည့်ထားဘူးဟု တွေးဖို့က သူ့အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။ အင်မော်တယ်ကမ္ဘာတွင်၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ဝင်ရောက်ခွင့် ရခြင်းသည် အမြင့်ဆုံး ဂုဏ်ယူစရာအဖြစ် ခံယူထားခြင်းမရှိသူ မည်သူရှိ မည်နည်း?။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ဝင်ရောက်ခြင်းသည်လည်း သူ၏ တစ်သက် တာ အိပ်မက်တစ်ခုပင် ဖြစ်လေသည်။
ချင်ယွင်က လှောင်ပြောင် ရယ်မောလိုက်သည်။ ဟန်ဖန်းကရော သူ၏အတွေးတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ?။
မတူညီသည့် အမြင့်တစ်ခုမှာ ရပ်နေကြပြီး မတူညီသည့် ရှုမြင်ရူခင်းတွေကို မြင်နေရသလိုပင် ဖြစ်ပါလိမ့်မည်။ (သူ့နေရာရောက်မှ သူ၏အမြင်ကို မြင်နိုင်ပါလိမ့် မည်) ချင်ယွင်၏ လက်ရှိ အမြင်သည် ဟန်ဖန်းလိုလူများ စိတ်ကူးယဉ်နိုင်သည့် အရာ မဟုတ်တော့ပါ။
"အယုတ်တမာကောင်၊ မင်းရဲ့မျက်လုံးတွေထဲမှာ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီကို အမှန်တကယ် ထည့်ထားခြင်း ရှိရှိမရှိရှိ ငါ ဂရုမစိုက်ဘူး။ အင်မော်တယ် နန်းတော် သော့တွေအားလုံးကိုကို လွှဲပေးရင် မင်းအသက်ကို ငါ ချမ်းသားပေးမယ်။" ဟန်ဖန်းက အထင်သေးဒေါသထွက်ပြီး ပြောလိုက်သည်။
"ငါက မပေးဘူးဆိုရင် ဘာဖြစ်မလဲ?" ချင်ယွင်က တဟားဟားရယ်ကာ ပြောလိုက်ပါ သည်။
"တကယ်လို့ မင်း လွှဲမပေးဘူးဆိုရင် ဒီနေ့ ဒီကနေ မင်း ထွက်သွားနိုင်မှာ မဟုတ်ဘူး" ဟန်ဖန်၏ မျက်လုံးများမှ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များလည်း ထွက်ပေါ်လာ သည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်က ချက်ခြင်း ပျံ့နှံ့လာပြီး သူ၏ အငွေ့အသက်က အမှန်တကယ်ဆို ဖန်ချန်းကျီထက်ပင် သာလွန်နေသည်။
ချင်ယွင်က သူ၏စိတ်နှလုံးထဲမှာ လှောင်ရယ်နေခဲ့သည်။ သူချင်ယွင်က ကောင်းကင်ကို တောင် မကြောက်တာ၊ သူက ဟန်ဖန်းကို မည်သို့ ကြောက်နေမည်နည်း…?
"ဟား….၊ ဟား….၊ မင်းရဲ့ကောင်းကင်ဘုံဂိုဏ်းက သော့တွေကို ယူပြီး၊ အင်မော်တယ် နန်းတော်ကြီးကို တစ်ယောက်တည်း သိမ်းပိုက်တော့မလို့လား?။ ငါ့တို့ လျှို့ဝှက်ဆန်း ကြယ်ဂိုဏ်းမှာ ဘာမှမရှိဘူးလို့ မင်း တကယ်ထင်နေတာလား?။"
သို့သော် ချင်ယွင် လှုပ်ခါနီးတွင် ကျယ်လောင်သော အသံက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက်တွင် ရုပ်အသွင်အပြင်နှစ်ခုလည်း ပေါ်လာပါသည်။