← Chapters

အခန်း ၆၂၇

Vol. 42 Ch. 627

အခန်း ၆၂၇

Vol. 42 Ch. 627

အခန်း (၆၂၇) နဝမမြောက် ကျောက်စိမ်းဆွဲသီး၏ တည်နေရာ။

ဟန်ဖန်းသည် ကောင်းကင်ယံ၌ ရုတ်တရက် ထွက်ပေါ်လာသော ပုံရိပ်နှစ်ခုကို မြင်သော အခါ ချက်ခြင်း မျက်မှောင်ကြုတ်လိုက်သည်။

ဖန်ချန်းကျီလည်း တွင်းနက်ကြီးထဲမှထကာ ကောင်းကင်ပေါ်ရှိ လူနှစ်ယောက်ကို စိုက်ကြည့်နေသည်။ ထင်ရှားသည်မှာ၊ သူတို့၏ ထွက်ပေါ်လာခြင်းက သူတို့၏ အစီအစဉ် အားလုံးကို ချိုးဖျက်လိုက်ပါသည်။

ချင်ယွင်သည်လည်း ထိုလူများကို ကြည့်ရူရန် သူ၏ခေါင်းကို မြှောက်လိုက်ပြီး သူ၏ မျက်လုံးများမှ စူးစမ်းလိုသည့် အရိပ်အယောင် ပေါ်လွင်နေသည်။

ကောင်းကင်ယံမှာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေပါသည်။ သူတို့နှစ်ယောက်လုံး၏ပုံစံတွေအရ လူငယ်လေးတွေအတိုင်းပင်။ အမျိုးသားပုံစံက အလွန်ချောမောပြီး အမျိုးသမီးကလည်း ကောင်းကင်အင်မော်တယ်နတ်သမီးတစ်ပါး ကဲ့သို့ပင် လှပပါသည်။ သူတို့နှစ်ဦးစလုံးသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင် ဖြစ်ကြသည်။

"နောက်ထပ် အင်မော်တယ်ကမ္ဘာကရောက်လာတဲ့ လူတွေလား…?" ချင်ယွင်က သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။ သူသည် ထိုလူများ၏ဇစ်မြစ်ကို ချက်ချင်း ခန့်မှန်းလိုက်သည်။ ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့ကဲ့သို့ပင် သူတို့သည်လည်း အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာကြသည့် အင်မော်တယ်များ ဖြစ်ကြပါသည်။ အင်မော်တယ်နန်းတော်၏ သော့တွေအတွက် သူတို့ ရောက်ရှိလာခဲ့ကြသည်ဆိုလျှင် အံ့သြစရာ မရှိပါဘူး။

ဝှီး…..!

သူတို့နှစ်ယောက်စလုံးသည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းသွားပြီး မြေပြင်ပေါ်သို့ ဆင်းလာကြသည်။

" ချင်းဝူယန် ၊ လင်းယွန်ယန် ၊ တကယ်ကို မင်းတို့နှစ်ယောက်ပါလား?။ မင်းတို့ ဒီကို ရောက်နေတာ ကြာပြီမဟုတ်လား" ဖန်ချန်းကျီသည် ထွက်ပေါ်လာသော လူနှစ်ယောက်ကို ကြည့်ကာ သူ၏မျက်လုံးများတွင် ခက်ထန်မူအပြည့်ဖြင့် ပြောလိုက်ပါ သည်။

"သိပ်မကြာခင်ကမှ၊ မင်းက တစ်စုံတစ်ယောက်ရဲ့ ခြေဖဝါးတွေကို တားဆီးပိတ်ဆို့ဖို့ အတွက် မင်းမျက်နှာကို အသုံးပြုနေတာကို ငါ တွေ့လိုက်ရတယ်။ နှစ်အနည်းငယ် ကြာပြီးနောက် မင်း ဒီလောက် အစွမ်းထက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ခြေဖဝါးနင်းချက်တွေကို ပြင်းပြင်းထန်ထန် တွန်းလှန်နိုင်ဖို့အတွက် မင်းရဲ့ မျက်နှာကို အသုံးနိုင်တာက တကယ်ကို အံ့သြစရာ ကောင်းလွန်းတယ်။" ချောမောသော လူငယ်က ကျီစယ်လိုသော အပြုံးဖြင့် ပြောလိုက်သည်။

သူ၏ဘေးမှ မိုးပြာရောင်ဝတ် အမျိုးသမီးက ချစ်စဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး ဖန်ချန်းကျီကို သူမ၏အကြည့်တွေက လှောင်ပြောင်မှုတွေနှင့် ပြည့်နှက်နေပါသည်။

"မင်း…." ဖန်ချန်းကျီ၏ မျက်နှာသည် ချက်ချင်းပင် ဒေါသကြောင့် ပြာနှမ်းသွားသည်။ ဤသည်မှာ သူ၏ဘဝတွင် အကြီးမားဆုံး အရှက်ရမှု ဖြစ်သည်။

သို့သော်လည်း ချင်းဝူယန်အမည်ရှိ လူငယ်သည် ဖန်ချန်းကျီကို လျစ်လျူရှုထားသည်။ သူက ချင်ယွင် ဘက်လှည့်ပြီး ပြောသည် " ချင်မင်းဆက်ရဲ့ နံပါတ်တစ် ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်ကိုပိုင်ဆိုင်ထားတဲ့ ချင်ယွင်ဆိုတဲ့နာမည်ကို ငါ ကြားဖူးတာကြာပါပြီ။ ကြားရတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်လိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားပါဘူး။ ကျင့်ကြံခြင်း အခြေခံ ပျက်ဆီးသွားပြီး သေမျိုးကမ္ဘာသို့ ဆင်းသက်သွားခဲ့ရပေမယ့်လည်း ပြန်လည် ထမြောက်နိုင်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။ သူက တကယ်ကို ချင်မင်းဆက် ရဲ့ နံပါတ်တစ်ပါရမီရှင် တစ်ယောက်အဖြစ် ထိုက်တန်ပါတယ်။"

ထိုသို့ပြောပြီးနောက် ချင်ဝူယန်သည် သူ၏ဘေးတွင်ရပ်နေသော ဖန်ချန်းကျီကို တမင်တကာ စိုက်ကြည့်နေသည်။ ယင်းက ဖန်ချန်းကျီကို ချက်ချင်း ဒေါသ ထွက်သွား စေသည်။

ချင်ဝူယန်၏ စကားကို ကြားသောအခါ ချင်ယွင် ပြုံးလိုက်မိသည်။

ချင်းဝူယန် နှင့် ဖန်ချန်းကျီတို့သည် အသိမိတ်ဆွေဟောင်းများဖြစ်ကြောင်း နောက်ဆုံး တွင် သူ နားလည်ခဲ့သည်။ သူတို့နှစ်ဦးကြားတွင် ရန်ငြိုးရန်စများလည်း ရှိနေပုံရသည်။ ထို့ကြောင့် နေရာတိုင်းတွင် သူ့ကို ဖျစ်ညှစ်နိုင်သည့် စကားလုံးများ တမင်တကာ အသုံးပြုနေသည်။ တစ်ချိန်တည်းမှာပင် ထိုစကားများက ချင်ယွင်အား သူတို့၏ သဘောထားကို ပြသရန်လည်း ရည်ရွယ်ပုံရသည်။

"အစ်ကို ချင်း၊ ခင်ဗျား ဘာတွေပြောနေတာလဲ?။ ကျွန်တော့်ရဲ့အင်အားက ဒီလောက်ကြီးလည်း မဟုတ်ပါဘူး။ တချို့လူတွေက အရမ်းကို အားနည်းလွန်းနေလို့ပါ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ချင်ယွင်၏ စကားကိုကြားတော့ ချင်းဝူယန်သည် ချက်ချင်းပင် ရယ်မောလိုက်သည်။

လင်းယွန်ယန်ဟုခေါ်သော အမျိုးသမီးသည် ကောလာဟလ ထွက်ပေါ်နေသည့် ပါရမီရှင်ကို အလွန်သိချင်နေသကဲ့သို့ ချင်ယွင်ကို စူးစမ်းလေ့လာသည်။

"ဟား….၊ ဟား…..၊ ညီအစ်ကိုချင်က တကယ့်ကို အရည်အချင်းရှိတဲ့ လူတစ်ယောက်ပါ။ စကားတွေကလည်း ကျွန်တော့်စိတ်သဘောထားနဲ့ အရမ်းကို လိုက်ဖက်ပါတယ်။ လာ၊ လာ၊ ကျွန်တော် မိတ်ဆက်ပေးပါရစေ၊ ဒါက ကျွန်တော့်ရဲ့ ဂျူနီယာညီမ လင်းယွန်ယန် ပါ။ တစ်ချိန်တည်းမှာပဲ သူမက ကျွန်တော့်ရဲ့ ချွေးမလည်းဖြစ်ပါတယ်။ ." ချင်းဝူယန် သည် ချင်ယွင်နှင့် တူညီစွာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"အစ်ကိုချင်းက အရမ်းလှတဲ့ ချွေးမတစ်ယောက်ရလို့ အရမ်းကံကောင်းပါတယ်။ အစ်ကို ချင်းကလည်း ထူးထူးခြားခြား ချောမောခန့်ညားပါတယ်။ အစ်ကိုတို့နှစ်ယောက် အတူတူရှိနေမှတော့ အစ်တို့က တကယ်ကို အရည်အချင်းရှိသွားပြီပေါ့!" ချင်ယွင်က ပြုံးပြီး ချီးကျူးသည်။

"ဟား….။ဟား… ဒါပဲလေ? ငါလည်း အဲလိုထင်သာတယ်။" ချင်းဝူယန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

လင်းယွန်ယန်သည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းငုံ့နေကာ မျက်နှာကလည်း နီရဲသွားသည်။

ချင်ယွင်သည်လည်း တောက်ပသော အပြုံးကို ထုတ်ဖော်ထားသည်။ ထင်ရှားသည်မှာ၊ သူသည် ချင်းဝူယန်၏ ပင်ကိုယ်စရိုက်နှင့်ပတ်သက်ပြီး အကောင်းမြင်မူ ရှိသည်။

"ဘယ်လောက်အရှက်မဲ့လိုက်လဲ!" ဖန်ချန်းကျီက ဒေါသတကြီးပြောပြီး သူ၏လေသံက ဒေါသတွေနှင့် ပြည့်နေပါသည်။

ချင်ယွင် နှင့် ချင်းဝူယန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ သည်။ ထို့နောက် နှစ်ယောက်စလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

"အစ်ကိုချင်း..၊ အစ်ကိုချင်းက အင်မော်တယ်နန်းတော်သော့အတွက် ဒီကိုရောက်နေပြီ ဆိုတော့ ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြပါ့မယ်။ ရှစ်ခုမြောက် အင်မော်တယ် နန်းတော်သော့ကို ကျွန်တော် ရထားပြီးသားပါ။ အခု သော့ပိုင်ရှင်လူရှစ်ယောက်လည်း စုစည်းမိသွားပြီ။ ကျွန်တော့်တို့အနေနဲ့ နောက်ဆုံး အင်မော်တယ်နန်းတော်သော့ပဲ လိုတော့တယ်။ ဒီသော့ရှစ်ချောင်းကို စုစည်းလိုက်တာနဲ့ ကိုးခုမြောက် အင်မော်တယ် နန်းတော်သော့ရဲ့ တည်နေရာကို သိရှိနိုင်လိမ့်မယ်။" ချင်ယွင်က ပြောသည်။

"အိုး….?" ချင်းဝူယန်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။

ဘေးမှာရပ်နေသော ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့တောင် ထိတ်လန့်သွားကြပါသည်။

"တစ်နည်းအားဖြင့်ပြောရရင်၊ ဒီသော့ရှစ်ချောင်းစလုံးက ဒီကို ရောက်နေကြပြီ။ ဒီသော့ရှစ်ချောင်းကို စုစည်းလိုက်တာနဲ့ ကိုးခုမြောက်သော့ရဲ့တည်နေရာကို ရှာတွေ့ပြီး အင်မော်တယ်နန်းတော်ထဲကို ဝင်နိုင်လိမ့်မယ်လား?" ချင်းဝူယန်က မေးသည်။

"ဟုတ်တယ်၊ မှန်တယ်။ အခု ကျွန်တော်တို့ အတူတူပူးပေါင်းပြီး အလုပ်လုပ်လိုက်တာနဲ့ နဝမမြောက် အင်မော်တယ်နန်းတော်သော့ကို ကျွန်တော့်တို့ ရှာတွေ့နိုင်တယ်။" ချင်ယွင်က ခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။

ချင်းဝူယန်သည် ဤစကားကိုကြားပြီးနောက် လေးလေးနက်နက် တွေးတောသွား သည်။ ခဏအကြာတွင် သူက ဖန်ချန်ကျီနှင့် ဟန်ဖန်းတို့ကို ကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်ပြီး "ဖန်ချန်းကျီ၊ မင်း ဒီကိစ္စကို ဘယ်လိုထင်လဲ" ဟု ပြောလိုက်သည်။

"မင်း ဘယ်လိုထင်လဲ၊ ဟုတ်လား?။ ငါတို့က သူတို့ရဲ့ အင်မော်တယ်နန်းတော် သော့တွေကို လုယူသင့်တယ်လို့ ထင်တယ်။ ပြီးတော့ ငါတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်း နဲ့ လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းတို့က ကိုးခုမြောက် အင်မော်တယ်နန်းတော်သော့ကို ရှာဖွေဖို့ အတွက် သော့ရှစ်ချောင်းကို စုစည်းပြီး နောက်ဆုံးမှာတော့ အင်မော်တယ်ဘုရင်၏ နန်းတော်ကို အတူတူ သွားကြရုံပေါ့။"

ချင်ယွင်သည် ထိုစကားကို ကြားသောအခါ သူ၏မျက်နှာတွင် အနည်းငယ်မျှ အံ့သြခြင်း မရှိခဲ့ပေ။

ယခုအချိန်မှာ သူအစိုးရိမ်ဆုံးအရာက ချင်းဝူယန်တို့နှစ်ယောက် အတွေးများပင် ဖြစ်ပါ သည်။ သူတို့နှစ်ဦးသည် ကောင်းကင်ဘုံဂိုဏ်းနှင့် မပူးပေါင်းသရွေ့၊ ဖန်ကျန်းချီတို့ ပြဿနာရှာချင်လျှင်ပင် သူတို့အနေဖြင့် ယင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမှ လုပ်ဆောင်နိုင်ခြင်း မရှိပေ။

"ငါတို့လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းက မင်းတို့ရဲ့ ကောင်းကင်ဘုံဂိုဏ်းလောက် လောဘ မကြီးဘူး။ ဒီမှာ ငါတို့နှစ်ယောက်ပဲ ရှိတယ်" အင်မော်တယ်နန်းတော်သော့နှစ်ချောင်းက ငါတို့အတွက် လုံလောက်ပါတယ်။ အခုအချိန်တွင် ငါတို့က အင်မော်တယ်နန်းတော် သော့တွေကို အမြန်ဆုံးရှာဖွေပြီး အင်မော်တယ်ဘုရင်ရဲ့စံအိမ်ကြီးထဲ ဝင်ရောက်ရှာဖွေ ချင်တာပဲသိတယ်။ ဒါ့အပြင်၊ ငါတို့က မင်းတို့ရဲ့ကောင်းကင်ဘုံဂိုဏ်းနဲ့ ပူးပေါင်းရင် တောင်မှ၊ အချိန်ရောက်လာတဲ့အခါ အင်မော်တယ်ဘုရင်ရဲ့စံအိမ်ကြီးထဲ အမှန်တကယ် ဝင်ခွင့်မရမှာကို ငါကြောက်တယ်။ ပြီးတော့ စံအိမ်ကြီးထဲက ရတနာတွေကို ဘယ်လို ယူရပိုင်မလဲဆိုတာလည်း မင်းတို့ကောင်‌တွေ တွေးနေကြလိမ့်မယ်။ ငါတို့က ဒီလောက် မမိုက်ဘူး။ လူများများသွားလေ ပိုကောင်းလေပဲ။" ချင်းဝူယန်က ပြောလိုက်သည်။

"မင်း၊ ဖန်ချန်းကျီသည် ချက်ချင်း ဒေါသထွက်သွားသည်။ သူသည် သူနှင့် ပူးပေါင်းဖို့ ငြင်းဆိုလိုက်သည့် ချင်းဝူယန်ကို ပြောတော့မည့်အခိုက် သူ၏အနားရှိ ဟန်ဖန်း၏အထံ မှ အသံပို့လွှတ်လာကို ကြားလိုက်ရသည်။

“စီနီယာအစ်ကို၊ သူတို့ကို အရင်ဆုံး ကတိပေးလိုက်ပါ။ ကိုးခုမြောက်သော့ကို ရှာတွေ့တဲ့အထိ ကျွန်တော်တို့ စောင့်ကြရအောင်၊ ပြီးမှ ကျွန်တော်တို့ လှုပ်ရှားကြမယ်။" ဟန်ဖန်းက စိတ်ပိုင်းဆိုင်ရာဖြင့် အသံပို့လွှတ်လိုက်ပါသည်။

ဖန်ချန်းကျီလည်း ဟန်ဖန်း၏စကားတွေက အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရ၏။ နဝမမြောက်သော့ကို အရင်ရှာပြီးမှ အင်မော်တယ်နန်းတော်သော့တွေကို လုယူမည်ဆို လျှင်လည်း အရမ်းနောက်မကျသေးပါဘူး။

“ကောင်းပြီလေ၊ မင်းတို့နဲ့ ပူးပေါင်းမယ်လို့ ငါ ကတိပေးတယ်။ ဒါပေမယ့်၊ အင်မော်တယ် နန်းတော်ရဲ့ ကိုးခုမြောက်သော့ကို ရှာတွေ့ပြီးတဲ့နောက်၊ အဘယ်သူက အင်မော်တယ် ဘုရင်ရဲ့ စံအိမ်ကြီးထဲ ဝင်ရောက်နိုင်မလဲဆိုတာ ငါတို့ ထပ်မံဆုံးဖြတ်ကြမယ်။" ဖန်ချန်းကျီက ပြောလိုက်သည်။

ချင်ယွင် နှင့် ချင်းဝူယန်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ ပါသည်။ ဖန်ချန်းကျီက သူ၏ ဘူးသီးခြောက်ထဲမှာ ဘာဆေးထည့်ရောင်းမလဲဆိုသည် ကို သူတို့ သိကြပါသည်။

သူသည် သူတို့အထံမှ အင်မော်တယ်နန်းတော်သော့တွေကို မလုယူခင်မှာ ကိုးခုမြောက် အင်မော်တယ်နန်းတော်သော့ကို ရှာတွေ့သည့်အထိ စောင့်ချင်သေးသည်။ အကယ်၍ ကိုးခုမြောက်သော့ကို ရှာတွေ့သည်နှင့် မည်သူက မည်သူထံမှ လုယူခံရမည်ဆိုတာ မသေချာတော့ပေ။

“ကောင်းပြီလေ၊ ငါတို့အားလုံး သဘောတူတယ်ဆိုမှတော့ ငါတို့အနေနဲ့ နဝမမြောက် အင်မော်တယ်နန်းတော်သော့ကို အရင်ရှာကြတာပေါ့" ချင်းဝူယန်က ပြောသည် ။

ချင်ယွင်လည်း ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ့ခရီးစဉ်၏ ရည်ရွယ်ချက် အတိအကျ ဖြစ်လေသည်။

သူသည် အင်မော်တယ်နန်းတော်သော့အားလုံးကို တစ်ယောက်တည်း မယူချင်ပါဘူး။ သူလိုချင်သည့်အရာက အင်မော်တယ်နန်းတော်၏အတွင်းပိုင်းထဲသို့ ဝင်ရောက်လိုခြင်း ဖြစ်ပါသည်။

ထို့ကြောင့် သူတို့ငါးယောက်သည် ရှောင်ယန်ဂိုဏ်း၏ အမြင့်ဆုံးတောင်ထိပ်သို့ တိုက်ရိုက် ပြန်သွားကြသည်။ သူတို့သည် အနည်းငယ် တိုင်ပင်ဆွေးနွေးပြီးနောက် လူတိုင်းက သူတို့၏ ကိုယ်ပိုင်ကျောက်စိမ်းဆွဲသီးများကို ထုတ်ယူလိုက်ကြပါသည်။

ကျောက်စိမ်းဆွဲသီးများသည် လေထုထဲမှာ ထွက်ပေါ်လာသည့်အခိုက် ချက်ချင်းပင် တုံ့ပြန်လာကြသည်။ ၎င်းကျောက်စိမ်းဆွဲသီးရှစ်လုံးသည် လူတိုင်း၏ လက်ထဲမှ ရုန်းထွက်ကာ လွတ်လွတ်လပ်လပ် ပျံတက်သွားကြကြီး လေထဲမှာ လွင့်မျောနေကြ သည်။ နောက်ဆုံးတွင် ကျောက်စိမ်းဆွဲသီးရှစ်လုံးသည် တောက်ပစွာ ထွန်းလင်းလာကြ ပြီး လေဟာနယ်ထဲတွင် ကြီးမားသော ဧရာမမြေပုံကြီးအသွင် ဖြစ်ပေါ်လာပါသည်။ ထိုမြေပုံပေါ်တွင် အလင်းစက် တစ်စက်ရှိနေသည်။ ရှင်းနေသည်မှာ၊ ၎င်းအလင်းစက် သည် ကိုးခုမြောက် ကျောက်စိမ်းဆွဲသီး တည်ရှိနေသည့် နေရာဖြစ်ပါသည်။

သို့သော် လူတိုင်းသည် ထိုအလင်းစက်ကို မြင်သောအခါ မျက်မှောင်ကြုတ်နေကြ လေသည်။

"ဒါက အာတိတ်ရေခဲလွင်ပြင်လား?" ရှီချန်ဂန်က အံ့သြစွာ ပြောသည်။

All Chapters