← Chapters

အခန်း ၆၂၈

Vol. 42 Ch. 628

အခန်း ၆၂၈

Vol. 42 Ch. 628

အခန်း (၆၂၈) မြောက်ဘက်စွန်းရေခဲလွင်ပြင်။

"မြောက်ဘက်စွန်းရေခဲလွင်ပြင်၊ အဲဒါက ဘယ်လိုနေရာမျိုးလဲ။?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ဤအလင်းစက်၏ တည်နေရာသည် ထျန်းယွန်တိုက်ကြီး နှင့် ကောင်းကင်နဂါး တိုက်ကြီး၏ မြေပုံပေါ်တွင် ရှင်းရှင်းလင်းလင်း မရှိပေ။ ၎င်းကိုကြည့်လျှင် တွင်းနက်မဲ့ ပင်လယ်ကြီး၏ မြောက်ဘက်စွန်းတွင် ဖြစ်သင့်သည်။ ဖြစ်နိုင်တာက အဲဒီနေရာမှာ တိုက်ကြီးတစ်ခုခုများ ရှိနေမလား?။

ချင်ယွင်၏မေးခွန်းကိုကြားတော့ ရှီချန်ဂန်နှင့် ရန်ယုဖန်းတို့က လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြပါသည်။

"မြောက်ဘက်စွန်း ရေခဲလွင်ပြင်က ဧရာမအပြာရောင်ဂြိုလ်ကြီးပေါ်မှာ ကြမ်းကြုတ်ဆုံး နေရာတစ်ခုဖြစ်ပြီး အဆုံးမဲ့တွင်းနက်ကြီးပြီးလျှင် ဒုတိယမြောက် နေရာဖြစ်တယ်။ အထူးသဖြင့် မြောက်ဘက်စွန်းရေခဲလွင်ပြင်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ ကြောက်မက် ဖွယ်ကောင်းတဲ့ လေဟာနယ်အက်ကွဲကြောင်းတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လေပြင်းတွေ တိုက်ခတ်နေပါသည်။ အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများပင် ဝင်သွားတာနဲ့ သေရလိမ့်မယ်။" ရှီချန်ဂန်က ပြောသည်။

"အိုး…..?" ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။

ဤဂြိုဟ်ကမ္ဘာမြေကြီးပေါ်မှာ ဤမျှအန္တရာယ်များသော နေရာတစ်ခု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဟမ့်၊ သေမျိုးကမ္ဘာမှာရှိတဲ့ နေရာတစ်ခုက ဘယ်လိုလုပ် ဒီလောက် အန္တရာယ်ရှိ နိုင်မှာလဲ?။ အဲဒါက လေဟာနယ်အက်ကွဲကြောင်းတွေနဲ့ လေပြင်းတွေ သက်သက်ပဲ မဟုတ်ဘူးလား?။ ဘာများ ကြောက်စရာရှိနေလို့လဲ?။ ဟင့်…၊ ဟင့်….”။ ဖန်ချန်းကျီက ချက်ချင်းပင် အထင်သေးဟန်ဖြင့် ချက်ချင်း ပြောလိုက်ပါသည်။

ဟန်ဖန်၏မျက်လုံးများသည်လည်း မထီမဲ့မြင်ပြုသည့် အမူအရာများနှင့် ပြည့်နှက်နေ သည်မှာ ထင်ရှားပါသည်။ မြောက်ဘက်စွန်း ရေခဲလွင်ပြင်သည် သူတို့အတွက် ခြိမ်းခြောက်မှု လုံးဝ မရှိဟုလည်း သူ ယုံကြည်ခဲ့သည်။

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အထင်မြင်သေးသည့် အမူအရာ ဖြစ်ပေါ်နေ၏။ သေမျိုးကမ္ဘာတစ်ခုဆိုရင်ရော ဘာဖြစ်လဲ…?။

အစစ်အမှန်အင်မော်တယ်များပင် သူတို့၏အသက် ဆုံးရှုံးသွားနိုင်လောက်သည့် အန္တရာယ်များသည့် နေရာအချို့ သေမျိုးကမ္ဘာမှာ ရှိနေပါသည်။ ထို့ကြောင့် အကယ်၍ သူတို့ အထင်မိပြီဆိုလျှင် ကြီးကြီးမားမား ဆုံးရှုံးမူကြီး ကြုံတွေ့ရကောင်း ကြုံတွေ့ရနိုင် သည်။

သို့သော်လည်း သူတို့သည် ထိုနဝမမြောက် ကျောက်စိမ်းဆွဲသီးကို ရှာတွေ့ရန် လိုအပ်သည်။ ထိုသို့မဟုတ်လျှင်၊ သူတို့သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး၏ အတွင်းပိုင်းကို အရောက်သွားနိုင်မှာ မဟုတ်ပါဘူး။

အခု သူသည် နဝမမြောက် အင်မော်တယ် နန်းတော်သော့၏ တည်နေရာကို ရှာတွေ့ ထားခဲ့ပြီ။ ဘယ်လောက်ပဲ အန္တရာယ်ရှိပါစေ သူသည် နဝမမြောက် အင်မော်တယ် နန်းတော်သော့၏ တည်နေရာကို အလျင်အမြန် သွားရောက်ရန် ဆုံးဖြတ်ထားပြီးပါပြီ။

“နဝမမြောက် အင်မော်တယ် နန်းတော်သော့ရဲ့ တည်နေရာကို ဆုံးဖြတ်နိုင်ပြီဆိုမှ တော့၊ ငါတို့က ဘာကြောင့် မြောက်ဘက်စွန်း ရေခဲလွင်ပြင်ဒေသသို့ အတူတူသွားပြီး၊ နဝမမြောက် အင်မော်တယ်နန်းတော်သော့ကို ပြန်လည်ရယူဖို့ မကြိုးစားရမှာလဲ?။ ဒါမှသာ ငါတို့က အင်မော်တယ်ဘုရင်ရဲ့စံအိမ်ကြီးကို တိုက်ရိုက်သွားပြီး အင်မော်တယ် နန်းတော်ရဲ့ အတွင်းပိုင်းတံခါးကို ဖွင့်နိုင်လိမ့်မယ်။ နဝမမြောက် အင်မော်တယ် နန်းတော်သော့ ပိုင်ဆိုင်မူနဲ့ ပတ်သက်ရင်တော့ ဘယ်သူမဆို ၎င်းသော့ကို အရင်ဆုံး တွေ့ရှိသူက ပိုင်ဆိုင်ရလိမ့်မယ်။ ခင်ဗျားတို့ ဘယ်လိုထင်လဲ" ချင်ယွင်က အကြံပေး လိုက်ပါသည်။

"ကောင်းပြီ ညီအစ်ကိုချင်ရဲ့အကြံပေးစကားကို ငါ သဘောတူတယ်!" ချင်းဝူယန်က ပထမဆုံး သဘောတူလိုက်သ်ည။

"သဘောတူတယ်!"

"သဘောတူတယ်!"

ယောင်လင်းခေါင်, ရှီချန်ဂန်နှင့် တခြားလူတွေကလည်း သူတို့၏ ရပ်တည်ချက်ကို အသီးသီး ထုတ်ဖော်ပြကြသည်။

အဆုံးတွင် ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သာ ကျန်တော့သည်။ လူတိုင်းက သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြည့်လာကြသည်။

“ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ မင်းတို့နဲ့အတူ နောက်တကြိမ် ပူးပေါင်းရုံပဲ ရှိတော့တာပေါ့” ဖန်ချန်းကျီက အေးစက်စွာ ပြောလိုက်သည်။

ချင်ယွင် နှင့် ချင်းဝူယန်တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ပြီး ဘာမှမပြောဘဲ နေလိုက်ကြပါသည်။

ထို့နောက် သူတို့ကိုးယောက်သည် မြောက်ဘက်စွန်း ရေခဲလွင်ပြင်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။

မြောက်ဘက်စွန်း ရေခဲလွင်ပြင်သည် မြောက်ဘက်စွန်းဒေသ၏ ခါးသီးဖွယ် အေးစက်လွန်းသောနေရာတွင် တည်ရှိနေပြီး ကောင်းကင်နဂါးတိုက်ကြီးနှင့် အတော် အတန် ဝေးကွာသောကြောင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ သည်ပင် မြောက်ဘက်စွန်း ရေခဲလွင်ပြင်သို့ ရောက်ရှိရန် တစ်ရက်နီးပါး အချိန်ယူခဲ့ရ ပါသည်။

သူတို့ကိုးယောက်သည် မြောက်ဘက်စွန်း ရေခဲလွင်ပြင်ဆီကို ခြေချမိသည်နှင့် သူတို့ရှေ့မှ အဖြူရောင်ကမ္ဘာကြီး ပေါ်လာပါသည်။

အရာအားလုံးနီးပါးက အဖြူရောင်ကြီး ဖြစ်နေပါသည်။ မြေကြီးပဲဖြစ်ဖြစ် အဝေးမှ တောင်တန်းတွေပဲ ဖြစ်ဖြစ် ထူထပ်သိပ်သည်းသည့် ရေခဲအလွှာတွေနှင့်အတူ နှင်းတွေ သာ ဖုံးလွှမ်းနေပါသည်။

ဤနေရာသည် တစ်နှစ်ပတ်လုံး အေးစိမ့်နေပြီး ရေခဲနှင့် နှင်းများ အရည်မပျော်သည်မှာ နှစ်တစ်သောင်းမက ရှိနေပါသည်။ ရေခဲပြင်ကြီးတစ်ခုလုံးတွင် အသီးအရွက်များ မရှိသလောက်ဖြစ်ပြီး အဆုံးမဲ့အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။

ဝေးကွာလှသော တောင်တန်းများတွင် လေပြင်းများက ဒေါသတကြီး တိုက်ခတ်နေပြီး ကောင်းကင်ယံမှ နှင်းများကလည်း အဆက်မပြတ် ကျဆင်းနေပါသည်။

"ဒီကိုးခုမြောက် ကျောက်စိမ်းဆွဲသီးက ဒီတောင်တန်းကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဖြစ်သင့်တယ်။" ရှီချန်ဂန်က ပြောသည်။

"ဒါဆို မင်းက ဘာကိုစောင့်နေတာလဲ။ မြန်မြန်သွားပြီး ကိုးခုမြောက် အင်မော်တယ် နန်းတော်သော့ကို သွားရှာလိုက်လေ။ ပြီးတော့ သောက်ချီးစား ငှက်တွေတောင် တစ်ကောင်တစ်လေမှမရှိတဲ့ ဒီအုံမှိုင်းမှိုင်းနေရာကြီး ထွက်သွားကြတာပေါ့။" ဖန်ချန်းကျီက မကျေမနပ်မျက်နှာနှင့် ပြောလိုက်ပါသည်။ သေချာသည်မှာ၊ သူသည် လုံးဝ ကင်းဆိတ်နေသည့် ယခုလိုနေရာမျိုးကို မကြိုက်ဘူးဆိုတာ သိသာပါသည်။

"သွားကြရအောင်!" ချင်းဝူယန်က သဘောတူပြီး ဝေးကွာလှသော တောင်တန်းဆီသို့ ဦးတည်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။

လူတိုင်းက လိုက်ပါသွားကြပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည် အင်မော်တယ် နန်းတော်၏ သော့ကို ရှာဖွေလိုကြသည်၊ အထူးသဖြင့် လူစုလူဝေးကြားတွင်ရှိနေသော ကျိယုဖန်း ဖြစ်သည်။

ဤလူကိုးဦးတွင်၊ သူတစ်ယောက်သာ အင်မော်တယ်နန်းတော်သော့ မပါရှိခြင်း ဖြစ်သည်။ ကျန်ရှစ်ယောက်စလုံးမှာ အင်မော်တယ်နန်းတော်သော့ ကိုယ်စီရှိကြသည်။ ထို့ကြောင့် နဝမမြောက် အင်မော်တယ်နန်းတော်သော့ကို မရရှိခဲ့ပါက၊ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ ထပ်မံဝင်ရောက်ရန် အရည်အချင်း ရှိတော့မည် မဟုတ်ပေ။

ထို့ကြောင့် ဤအခိုက်အတန့်တွင် သူသည် အတက်ကြွဆုံးဖြစ်နေပြီး ရှေ့သို့ တိုက်ရိုက် ပြေးသွားခဲ့သည်။

ချင်ယွင်သည် ​နောက်​မှ ​လျှောက်​လာခဲ့သည်​။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှု မရှိပေ။ ယင်းအစား၊ သူ၏မျက်နှာပေါ်တွင် လေးနက်မှုအရိပ်အယောင် ပေါ်လာနေသည်။

ဤကိစ္စသည် သူထင်သလောက် မရိုးရှင်းဟု သူ ထင်သည်။ ဤနေရာတွင် လူအနည်းငယ်သာ ရှိ၍ ဤကြောင်းကို မည်သူမျှ စိတ်ဝင်စားခြင်း မရှိပေ။ ဤနဝမမြောက် အင်မော်တယ်နန်းတော် ကျောက်စိမ်းဆွဲသီး ဤနေရာတွင် မည်သို့ ပေါ်လာနိုင်ရသနည်း?။

အကယ်၍ အရင်တုန်းက တစ်ယောက်ယောက်က အင်မော်တယ်နန်းတော်သော့ကို ဤနေရာကို ယူဆောင်လာခဲ့ပြီး ဤနေရာမှာ ထားခဲ့မည်ဆိုရင် ယင်းက အဆင်ပြေပါ သည်။ ထိုအင်မော်တယ်နန်းတော်သော့က တစ်စုံတစ်ယောက်၏ လက်ထဲမှာ ရှိနေမည် ကို သူ စိုးကြောက်မိသည်။ ဤနေရာ၌ ရှင်သန်နေထိုင်နိုင်သူများသည် သာမန်ထက် ထူးခြားသူများ ဖြစ်ရလိမ့်မည်။ ထိုအတိုင်းဆိုလျှင်၊ ဤနဝမမြောက် အင်မော်တယ် နန်းတော်သော့ကို ရရှိရန် သူတို့အတွက် အလွန်ခက်ခဲပေလိမ့်မည်။

ဝှီး….!

ပုံရိပ်ကိုးခုသည် တစ်လမ်းလုံး အရှိန်ဟုန်ပြင်းပြင်းဖြင့် ပျံသန်းလာသည်။ နောက်ဆုံး နှစ်နာရီအကြာတွင် သူတို့သည် ရှည်လျားသော နဂါးကြီးတစ်ကောင်နှင့်တူသော တောင်တန်းကြီးဆီသို့ ချဉ်းကပ်လာကြသည်။

ဤချောက်နက်ကြီးသည် ရှည်လျားသော တောင်တန်းကြီးနှစ်ခုဖြင့် ဖွဲ့တည်ထားသော ချောက်ကြီးတစ်ခု ဖြစ်ပါသည်။ ချောက်ကြီးသည် အလွန်ရှည်လျားပြီး တစ်ချက် ကြည့်ရုံဖြင့် မမြင်နိုင်ပေ။

ချောက်နက်ကြီးသည် အဆုံးမဲ့ မုန်တိုင်းများနှင့် ပြည့်နေခဲ့ပြီး ယခုလေးတင် သူတို့ ကြားခဲ့သော မြည်ဟီးသံများသည် ချောက်နက်ကြီးထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

ပြင်းထန်သော လေမုန်တိုင်း တိုက်ခိုက်မူက လူတိုင်း၏ခန္ဓကိုယ်အနှံ့ကို စူးရှသော ဓားတစ်လက်ကဲ့သို့ ဖြတ်တောက်သွားပါသည်။ ၎င်းသည့် အလွန်အမင်း နာကျင်ခဲ့ရသည်။

ဤသည်မှာ ချောက်နက်ကြီး၏ ဝင်ပေါက်မျှသာ ဖြစ်ပါသေးသည်။ ပိုမိုနက်ရှိုင်းလာ သည်နှင့်အမျှ အတွင်းပိုင်း လေပြင်းမုန်တိုင်းများက ပို၍ ကြောက်စရာ ကောင်းလာပါ သည်။

ချင်ယွင် နှင့် အခြားသူများသည် ချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးအတွင်းပိုင်းရှိ လေဟာနယ် အက်ကွဲကြောင်း လေလှိုင်းများကိုပင် မြင်လိုက်နိုင်ပါသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းသည် မျက်မှောင်ကြုတ်သွားကြသည်။ ဤမျှ ပြင်းထန် သော လေပြင်းတိုက်ခတ်မှု၏ ကြောက်မက်ဖွယ်နှုန်းသည် သူတို့ စိတ်ကူးထားမှုထက် ကျော်လွန်နေသည်မှာ ထင်ရှားပါသည်။

"ငါတို့ ဘာလုပ်ရမလဲ။ အင်မော်တယ်နန်းတော်သော့ ရှစ်ချောင်းကြောင့် ဖွဲ့စည်း ဖြစ်ပေါ်လာတဲ့ မြေပုံပေါ်မှာ အမှတ်အသားပြုထားတဲ့ ကိုးခုမြောက် အင်မော်တယ် နန်းတော်သော့က ချောက်နက်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာ တည်ရှိနေတယ်။ ဒါပေမယ့်လည်း ချောက်နက်ကြီးအတွင်းမှာရှိတဲ့ လေပြင်းတိုက်ခတ်မှုက ကြောက်စရာ ကောင်းလွန်းတယ်။ လေဟာနယ် အက်ကြောင်းတွေကလည်း အများအပြားကို ဖြစ်ပေါ်နေတယ်။ တကယ်လို့ လေဟာနယ်အက်ကြောင်းထဲသာ မတော်တဆ နစ်မြုပ်သွားမယ်ဆိုရင် အသက်ပါ ဆုံးရှုံးသွားနိုင်တယ်" ရှီချန်ဂန်က ပြောလိုက်သည်။

ထိုစကားများပြောပြီးသည်နှင့် လူတိုင်းလည်း တိတ်ဆိတ်သွားကြပါသည်။

လက်ရှိ ရှောက်ရှိနေသူ လူတိုင်းသည် အနည်းဆုံး မြေကမ္ဘာအင်မော်တယ် နယ်ပယ် နှောင်းပိုင်းအဆင့် ကျင့်ကြံမှုအခြေခံရှိသူများ ဖြစ်ကြသည်။ ရှီချန်ဂန်၏ စကားများက ခြိမ်းချောက်နေခြင်း မဟုတ်ကြောင်း သူတို့အားလုံး သိကြပါသည်။

ဤလေပြင်းတိုက်ခတ်မူ၏ စွမ်းအားသည် သူတို့၏ စိတ်ကူးကို အမှန်တကယ်ပင် ကျော်လွန်သွားခဲ့ပြီ။ ထို့အပြင်၊ သူတို့သည် လေဟာနယ် တုန်ခါမူကြောင့် လေဟာနယ် အက်ကြောင်းများထဲသို့ နစ်ဝင်သွားသည်နှင့် တပြိုင်နက်၊ အစစ်အမှန် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ပြန်လာနိုင်ခြင်း မရှိနိုင်တော့ပေ။

"ဟမ့်၊ မင်းတို့က တစ်ခုခုရရှိဖို့အတွက် ကျားရဲတွင်းထဲ သွားစရာ မလိုဘူးလို့ ထင်နေတာ လား?။ တကယ်လို မင်းတို့ ကြောက်နေရင် အရင် ပြန်သွားပါ။ နဝမမြောက် အင်မော်တယ်နန်းတော်သော့နဲ့ ပတ်သက်ပြီး ငါတို့ကောင်းကင်ဘုံဂိုဏ်းက ဆုံးဖြတ် ပေးမယ်။" ဖန်ချန်းကျီက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူသည် လူအုပ်ကြီး၏ ရပ်တည်ချက်ကို စောင့်ဆိုင်းမနေဘဲ ချောက်နက်ကြီးထဲသို့ တန်းတန်းမတ်မတ် ပြေးသွားခဲ့လေသည်။

ဟန်ဖန်းလည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နောက်မှ လိုက်ပါသွားသည်။

ကျိယုဖန်းသည် အင်မော်တယ်နန်းတော်၏သော့များကို အရယူရန် စိတ်ပိုင်းဖြတ်ထား သောကြောင့် သူသည် ဘာမှမပြောတော့ဘဲ ချောက်နက်ကြီးထဲသို့ အမြန်ပြေးဝင်သွား ခဲ့သည်။

"ငါတို့အနေနဲ့ ကောင်းကင်ဘုံဂိုဏ်းကို အင်မော်တယ်နန်းတော်ရဲ့ သော့တွေကို ရအောင်ယူခွင့် ပေးလို့မရဘူး။" ချင်းဝူယန်းက သူ၏ဘေးနားရှိ လင်းယွန်ယန်ကို ပြောသည်။

လင်းယွန်ယန်လည်း ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ဦးသည် ကောင်းကင်ဘုံဂိုဏ်း၏ နောက်သို့ အနီးကပ် လိုက်သွားကြသည်။

"သခင်..၊ အတူတူသွားရအောင်" ယောင်လင်းခေါင်က အေးစက်စွာ ပြောသည်။

"ကောင်းပြီလေ၊ ဒါပေမယ့် ငါတို့ သတိထားရမယ်။ ဒီချောက်နက်ကြီးက ငါတို့ ထင်ထားသလောက် မရိုးရှင်းဘူးလို့ ငါထင်တယ်။" ချင်ယွင်က ပြန်လှည့်ပြီး ယောင်လင်းခေါင်နှင့် ရန်ယုဖန်းတို့ကို သတိပေးလိုက်သည်။

ယောင်လင်းခေါင်နှင့် ရန်ယုဖန်းတို့ နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြပြီး သုံးယောက်သား ချောက်နက်ကြီးဆီသို့ ဦးတည်သွားကြသည်။

ရှီချန်ဂန်လည်း နောက်မှ လိုက်ရန်ကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူး။

ထို့ကြောင့် သူတို့ကိုးယောက်သည် ကြမ်းတမ်းသော လေပြင်းများကို ရင်ဆိုင်ပြီး ချောက်နက်ကြီး၏ နက်ရှိုင်းသော အပိုင်းထဲသို့ ခြေလှမ်းတလှမ်းချင်း လျှောက်လှမ်း သွားကြပါသည်။

All Chapters