အခန်း ၆၂၉
Vol. 42 Ch. 629
အခန်း (၆၂၉) ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်လေပြင်း။
"ဝှီး…..……!"
ပြင်းထန်စွာတိုက်ခတ်နေသော လေပြင်းများသည် လူတိုင်း၏နားထဲတွင် ဒေါသပုန်ထ နေသော ကျားတစ်ကောင် ဟိန်းဟောက်လိုက်သည့်အလား ချိုင့်ဝှမ်းတစ်လျှောက် ပဲ့တင်ထပ်နေပါသည်။
ထူထပ်မာကြောသော ရေခဲအလွှာများဖြင့် ဖုံးလွှမ်းနေသည့် ဘေးနှစ်ဖက်စလုံးရှိ တောင်နံရံများသည် တဖွားဖွားပြိုကျနေသကဲ့သို့ ဤကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်လေပြင်း ရိုက်ခတ်မှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော အမှတ်သားများ ထင်ကျန်နေခဲ့သည်။
ချင်ယွင် နှင့် အခြားလူများသည် မီတာသုံးထောင်နီးပါး လျှောက်လှမ်းခဲ့ကြပြီးဖြစ်ကာ ဤနေရာတွင် ကြမ်းတမ်းသော လေပြင်းတိုက်ခတ်မှု၏ ပြင်းထန်မူသည် ကြောက်မက် ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့၏။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဤကြောက်မက်ဖွယ်ကောင်းသော လေပြင်းမုန်တိုင်းကို တားဆီးပိတ်ဆို့ရန်အတွက် အကာကွယ်အလင်းဒိုင်းတစ်ခု ဖွဲ့စည်းရန် သူတို့၏ အစစ်အမှန် အနှစ်သာရကို စုစည်းထားကြပါသည်။
သို့ရာတွင်၊ သူတို့ဖန်တီးထားသော အကာကွယ်ဒိုင်းအလွှာများသည် ဤကြောက်မက် ဖွယ်ကောင်းသော လေပြင်းတိုက်ခတ်အောက်တွင် အထပ်ထပ်အခါခါ ကွဲကြေသွား ကြသည်။
ချင်ယွင်သည် ခုခံကာကွယ်မှုပြုလုပ်ရန်အတွက် သူ၏ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရ ကိုပင် စုစည်းခြင်းမပြုဘဲ၊ ကြောက်မက်ဖွယ်ကောင်းသော လေဓားများကို ထိတွေ့ရန် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် အသုံးပြုထားသည်။ အကြောင်းမှာ သူ၏ခန္ဓာကိုယ်သည် အသန်မာဆုံးသော အကာကွယ်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
ဝှီး….!
လေဓားတစ်စင်းသည် အလွန်အမင်း ထက်ရှသော အငွေ့အသက်ဖြင့် ချောက်နက်ကြီး ၏ နက်ရှိုင်းဆုံးအရပ်မှ ချင်ယွင်ဆီသို့ ပစ်ခတ်လာခဲ့သည်။
သူတို့ဖြတ်လျှောက်သွားတိုင်း၊ သေးငယ်သည့် အက်ကြောင်းတွေက သူတို့ရှေ့မှာ တစ်ခုပြီးတစ်ခုပေါ်လာပါသည်။ ဤလေဓား၏ စွမ်းအားသည် မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို ယခုလေးတင် မြင်တွေ့နိုင်ပါသည်။
အမြန်နှုန်းက အရမ်းကို မြန်ဆန်လွန်းပြီး ချင်ယွင်နှင့် တခြားသူတွေတောင် ပုံရိပ်ယောင် များ အဖြစ်သာ မြင်တွေ့နိုင်ကြပါသည်။
ချင်ယွင်သည် ရှောင်တိမ်းနေခြင်းမရှိဘဲ ၎င်းလေဓားများကို သူ၏ရင်ဘတ်ဆီသို့ ပြင်းပြင်းထန်ထန် ထိမှန်သွားစေရန်ပင် ခွင့်ပြုပေးထားသည်။
ချွင်…..!
သံမဏိအချင်းချင်း ထိခိုက်မိသံနှင့်တူသော အသံတစ်ခုက ထွက်ပေါ်လာပြီး လေဓားများသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိမှန်ပြီးနောက် တိုက်ရိုက် ပြိုကျသွား သည်။
သို့သော် ချင်ယွင်၏ ရင်ဘတ်တွင် သွေးနီမြန်းသော သွေးစွန်းဒဏ်ရာတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ၎င်းဒဏ်ရာသည် နက်ရှိုင်းခြင်းမရှိဘဲ ချင်ယွင်၏အရေပြားကို ဖြတ်တောက်သွားရုံသာ ဖြစ်သည်။
ဝင်ရောက်ထိမှန်ခြင်းမှ ဖန်တီးဖြစ်ပေါ်လာသော ကြီးမားလှသော အင်အားကြောင့် ချင်ယွင် နောက်ပြန် ဆုတ်သွားရသည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ ရုပ်ခန္ဓာခွန်အားသည် အဆင့်နိမ့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုထက် အားမနည်းလှပေ။ ဤလေဓားများ သည် သူ၏အရေပြားကို အမှန်တကယ် ဖြတ်တောက်သွားနိုင်သည်။ ဤလေဓား၏ ထက်ရှမှုသည် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်သွားပုံရသည်။
ဟုတ်ပါသည်၊ ဤမြင်ကွင်းက တခြားလူတွေကို ထိတ်လန့်စေပါသည်။
ချင်ယွင်မှလွဲ၍ သူတို့၏အသားအရေဖြင့် လေဓားများကို ခုခံဝံ့သူ မည်သူမဆို လေဓားများ၏ တစ်ဝက်ဖြတ်တောက်သွားခြင်းကို ခံရပေလိမ့်မည်။ သူတို့သည် သူတို့၏ အစစ်အမှန် အနှစ်သာရကို ခုခံရန်အတွက် အသုံးပြုခဲ့သော်ငြားလည်း ဤကြောက်မက်ဖွယ်ကောင်းသော လေဓားများကို ခံနိုင်ရည်ရှိရန် ကြိုးစားနေရဆဲ ဖြစ်ပါသည်။
ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့လည်း မျက်မှောင်ကြုတ်လိုက်ကြပါသည်။ ချင်ယွင်နှင့် သူတို့အကြားမှာ ရန်ငြိုးရန်စကြီးတစ်ခု ရှိနေပါသည်။ ချင်ယွင် အားကောင်းလေလေ၊ သူတို့အတွက် ပိုဆိုးလေလေ ဖြစ်ပါသည်။
ချင်ယွင်သည် ထိုသို့သော သဘာဝဖောက်ပြန်နေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားမည် ဟု ချင်းဝူယန် မမျှော်လင့်ထားပေ။ ချင်ယွင်ကိုကြည့်သည့် သ်၏အကြည့်များက ပို၍ပင် လေးနက်လာသည်။
ယခင်က သူသည် ချင်ယွင်ကို ညီအစ်ကိုဟု ခေါ်ခဲ့သော်လည်း ယင်းက ချင်ယွင်၏ အတိတ်ကပိုင်ဆိုင်ခဲ့သော ကိုယ်ရေးအချက်လက်ကြောင့်သာ ဖြစ်ပါသည်။ ချင်ယွင်က သူ့ကို ညီအစ်ကိုဟု ခေါ်ခံရလောက်သည်အထိ စွမ်းအားကို ပိုင်ဆိုင်ထားမည်ဟု သူ မထင်ထားပါဘူး။
ယခုမူ ချင်ယွင်သည် ဤကြောက်စရာကောင်းသော လေဓားများကို သူ၏ခန္ဓာကိုယ်နှင့် အမှန်တကယ် လှုပ်ခါနိုင်သည်ကို သူမြင်လိုက်ရသောအခါ၊ သူသည် ဤချင်ယွင်ကို လျှော့တွက်မိသွားသည်ဟု အမှန်တကယ် ခံစားလိုက်ရသည်။ သူသည် ဤချင်ယွင် နှင့် အမှန်တကယ် မိတ်ဆွေဖွဲ့သင့်သလားဟု စိတ်ထဲတွင် တွေးနေမိသည်။
ချင်ယွင်သည် လူတိုင်း၏ အကြည့်များကို မျက်ကွယ်ပြုထားသည်။ ထိုအချိန်တွင် သူသည် သူ၏ပတ်ဝန်းကျင်ရှိ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများအတွင်း ပါရှိသော လေ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို သူ ခံစားမိသည်။
ဤလေဓားများသည် အဘယ်ကြောင့် ဤမျှ အစွမ်းထက်နေရသည်ကို သူသိချင်မိ သည်။ သူ၏ရင်ဘတ်မှ ဒဏ်ရာတွေက ချင်ယွင်အတွက် ဘာမှ မဟုတ်ပေ။
အားလုံးသည် ချောက်နက်ကြီး၏ နက်ရှိုင်းသောတောင်ကြားဆီသို့ ဦးတည်သွားကြနေ သည်။
"အား…….!"
အားလုံးသည် ချောက်နက်ကြီး၏ လမ်းတဝက်ရောက်စဉ်မှာ သနားစရာကောင်းသည့် အော်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပါသည်။
အားလုံးသည် ချက်ချင်းပင် ခေါင်းကိုလှည့်ပြီး အသံ၏ ဦးတည်ရာဆီကို ကြည့်လိုက် ကြပါသည်။ ကျိယုဖန်းသည် နေရာတစ်ခုမှာ ရပ်တန့်နေပြီး ကြောက်ရွံ့မှုနှင့်အတူ နာကျင်မှုများဖြင့် ပြည့်နှက်နေကာ သူ၏မျက်နှာက ဖြူဖျော့နေပါသည်။ သူ၏ မျက်လုံးအစုံက သူ၏လက်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေ၏။ သို့သော် သူ၏ ညာဘက် လက်မောင်းတစ်ခုလုံး ပျောက်ကွယ်သွားကာ သူ၏ပခုံးပေါ်ရှိ အသွေးအသားများပင် ပျက်စီးသွားခဲ့သည်။ မြင်ကွင်းက အလွန်ကြေကွဲဖွယ်ကောင်းပါသည်။
သူ့နှင့် မနီးမဝေးတွင် သုံးပေရှည်သော လေဟာနယ်အက်ကွဲကြောင်းတစ်ခု ရှိနေပါ သည်။ သူ၏လက်မောင်းသည် ထိုလေဟာနယ်အက်ကွဲကြောင်းနှင့် ထိမိသွားခဲ့ပြီး လေဟာနယ်အက်ကွဲကြောင်းအတွင်း စီးဆင်းနေသော လေဟာနယ်မုန်တိုင်းများက ၎င်းကို စုပ်ယူသွားသည်မှာ သိသာပါသည်။
ဤလေဟာနယ် အက်ကွဲကြောင်းသည် ယခုလေးတင် ကြောက်မက်ဖွယ်ကောင်းသော လေဓားတစ်ချောင်းက လှီးဖြတ်ပြီး ပွင့်ထွက်သွားခြင်း ဖြစ်ပါသည်။ ကျိယုဖန်းသည် ထိုလေဓားကို ရှောင်နိုင်ခဲ့သော်လည်း၊ ထိုလေဓားမှ ဖန်တီးဖြစ်ပေါ်ထားသော လေဟာနယ်အက်ကွဲကြောင်း သူ မရှောင်တိမ်းခဲ့ပေ။ ရလာဒ်အနေနှင့်၊ လေဟာနယ် အက်ကြောင်းထဲရှိ လေဟာနယ်မုန်တိုင်းကြောင့် သူ၏လက်တစ်ခုလုံးကို ဘာမှ မကျန်သည့်အထိ တွန့်လိမ်သွားခဲ့ရပါသည်။
နာကျင်နေသော ကျိယုဖန်းကို တွေ့လိုက်ရသောအခါ လူတိုင်းသည် မျက်မှောင် ကြုတ်သွားကြပါသည်။
ယင်းသည် လူကိုးဦးတွင် ပထမဆုံး ဒဏ်ရာရသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ မရောက်မချင်း ကျိုးပဲ့နေသော လက်မောင်း သည် ပြန်လည် မမွေးဖွားနိုင်တော့ပေ။
အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ပြီး အင်မော်တယ်ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ခြင်းဖြင့်သာ ကျိုးနေသော လက်မောင်းသည် ပြန်လည် ရှင်သန်နိုင်မည် ဖြစ်ပါသည်။
ဟုတ်ပါသည်။ အကယ်၍ ချင်ယွင်သည် 'လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာ'ရပ်၏ စတုတ္ထအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့ပါက၊ သူသည် သူ၏လက်မောင်းကို ပြန်လည် ပေါက်ဖွားစေရုံသာမက သူ၏ခေါင်းသည်ပင် ပြန်လည် ဖောက်ဖွားနိုင်မည် ဖြစ်ပါသည်။
သူသည် မသေမျိုးနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်သည်နှင့်၊ သူသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော သွေးမှပြန်လည်မွေးဖွားခြင်းအဆင့်သို့ပင် ရောက်ရှိသွားနိုင်ပါသည်။
အင်မော်တယ်ဧကရာဇ်တွေတောင် ဤအရာကို အောင်မြင်ပြီးမြောက်အောင် မလုပ်နိုင်ပါဘူး။ ဤသည်မှာ 'လျှို့ဝှက်ဆန်းကြယ်သောအဝါရောင်နတ်ဆိုးပညာ' ရပ်၏ ကောင်းကင်ကို အံတုသော ရူထောင့်ဖြစ်ပါသည်။ သူသည် မသေမျိုးနယ်ပယ်ကို ဖြတ်ကျော်သွားသည်နှင့် အကယ်၍ ချင်ယွင်သည် သေချင်သည်ဆိုလျှင်ပင်၊ သေဖို့ပင် အရမ်းကို ခက်လိမ့်ပါမည်။
"အမှိုက်ပဲ….!"
ကျိယုဖန်းသည် လက်ကျိုးသွားသည်ကို မြင်လိုက်ရသဖြင့် ဖန်ချန်းကျီသည် သူ၏ မျက်နှာတွင် စာနာစိတ် အနည်းငယ်မျှ မရှိခဲ့ပေ။ ယင်းအစား၊ သူသည် နှိုင်းစာ၍ပင် မရသည့် အထင်မြင်သေးသည်အမူအရာ ဖော်ပြနေသည်။
ဟန်ဖန်းသည် မည်သည့်စကားမျှ မပြောသော်လည်း ကျိယုဖန်းကိုကြည့်သည့် သ်၏ အကြည့်တွေက အေးစက်ပြီး နှလုံးသားကင်းမဲ့သည် ။
ကျိယုဖန်းသည် လက်တစ်ဖက် ပြတ်သွားပြီဖြစ်သောကြောင့် သူ၏ခွန်အားသည် သဘာဝအတိုင်း အလွန် လျော့နည်းသွားခဲ့သည်။ ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့၏ အမြင်တွင်၊ ဤသည်မှာ ကျိယုဖန်းအတွက် သံသယမရှိ သေဒဏ်ဖြစ်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်သည် ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့ကို ပို၍ပင် စက်ဆုပ်သွားခဲ့သည်။
အနည်းဆုံးတော့ ကျိယုဖန်းသည် ကောင်းကင်ဘုံဂိုဏ်းဝင်တစ်ဦး ဖြစ်ပေသည်။ ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့သည် သူ့ကို မကူညီချင်လျှင်ပင် ယခုလိုအမူအရာမျိုး ပြသဖို့ မလိုအပ်ပါဘူး။ သူတို့သည် လူမဆန်သူများဟု ဆိုနိုင်ပါသည်။
ကျိယုဖန်း၏ လက်ရှိအင်အားဖြင့် ချောက်နက်ကြီး၏ နက်ချိုင့်သည့်အရပ်သို့ ဆက်၍ သွားပါက သူ၏အသက်သည် ဆုံးရှုံးနိုင်ခြေများပါသည်။
ကျိယုဖန်း၏ မျက်နှာသည် မလိုလားဟန် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူသည် ကိုးခုမြောက် ကျောက်စိမ်းဆွဲသီးကို အရယူပြီး အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ ဝင်ချင်သော်လည်း ယခုအခါ သူ၏လက်တစ်ဖက် ဆုံးရှုံးသွားသဖြင့် ဆက်လက်လမ်းလျှောက်သွားပါက သေသွားဖွယ် ရှိပါသည်။
"ခင်ဗျား ပြန်သွားသင့်တယ်။ ပိုပြီးနက်ရှိုင်းတဲ့နေရာရောက်ရင် လေဓားတွေက ပိုလို့တောင် ကြောက်စရာကောင်းပြီး လေဟာနယ်အက်ကြောင်းတွေ နေရာအနှံ့မှာ အများကြီး ရှိလာလိမ့်မယ်။ ခင်ဗျားရဲ့ လက်ရှိခွန်အားနဲ့ဆို လုံးဝ ခုခံနိုင်မှာ မဟုတ်ဘူး။" ချင်ယွင်က မနေနိုင်ဘဲ သူ့ကို သတိပေးလိုက်ပါသည်။
"မင်း ဂရုစိုက်နေစရာ မလိုဘူး။ ကြောင်က အော်ငိုပြီး ကြွက်ကို သနားဟန်ဆောင် နေသေးတယ်!" ကျိယုဖန်းက ဒေါသတကြီး ပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် ချင်ယွင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ချောက်နက်ကြီး၏ အတွင်းဘက်ဆီသို့ ဆက်လျှောက်သွားပါသည်။
ချင်ယွင်သည် ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး ဝင်ရောက်မစွက်ဖက်တော့ပေ။
ကျိယုဖန်းက သူ၏ကြင်နာမှုကို လက်မခံသည့်အတွက် သူ့ကို သနားကြင်နာနေဖို့ မလိုအပ်တော့ပါဘူး။
ထို့ကြောင့် အဖွဲ့သည် ရှေ့ကို ဆက်လျှောက်သွားခဲ့သည်။ သို့သော်လည်း သိပ်မကြာခင် မှာပင် နောက်ထပ် ဝမ်းနည်းဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်ပါသည်။
အားလုံးက လှည့်ကြည့်လိုက်တော့ ကျိယုဖန်းသည် သွေးအိုင်ထဲမှာ လဲလျောင်းနေသည် ကို တွေ့လိုက်ရပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ခါးအလယ်မှ ပြတ်တောက်နေပြီ။
"ကယ်...ကယ်ပါ!" ကျိယုဖန်းက ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့ကို ကြည့်နေရင်း အလွန်အားနည်းသော အသံဖြင့် အော်လိုက်လေသည်။
ဖန်ချန်းကျီသည် တစ်ဝက်တစ်ပျက်သေဆုံးနေပြီဖြစ်သော ကျိယုဖန်းကို ကြည့်ကာ စက်ဆုပ်ရွံရှာသည့် အရိပ်အယောင်များ သူ၏မျက်လုံးထဲတွင် ထွက်ပေါ်လာသည်။
"သေလိုက်တော့၊ အသုံးမကျတဲ့ကောင်…!"
ကျိယုဖန်းက သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ကြောက်စရာကောင်းသည့် အင်မော်တယ် အနှစ်သာရက ထွက်ပေါ်လာသည်။
ကျိယုဖန်း၏ အံ့အားသင့်နေသော အကြည့်အောက်တွင် ကျိယုဖန်း၏ ဦးခေါင်းကို ဖြတ်တောက်ပစ်လိုက်လေသည်။
ကျိယုဖန်း၏ဦးခေါင်းသည် ဘေးတစ်ဖက်သို့ လှိမ့်သွားပြီး သူ၏အမူအရာက မယုံကြည်နိုင်ဟန် အမူအရာများဖြင့် ပြည့်နှက်နေသေး၏။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သူ မအံ့သြမိပေ။
ကျိယုဖန်းသည် သူ၏အသုံးဝင်မှုကို ဆုံးရှုံးသွားပြီးနောက် ဖန်ချန်းကျီက သူ့ကို သတ်ပစ်တာ သဘာဝကျပါသည်။
သို့သော် ဖန်ချန်းကျီ၏ ဤရက်စက်ကြမ်းကြုတ်ပြီး လူသားမဆန်သော ဘက်ခြမ်းက လူတိုင်း၏ နှလုံးသားကို အေးခဲသွားစေခဲ့သည်။
"ဆက်ရအောင်!"
ဖန်ချန်းကျီ၏မျက်နှာက လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် နောက်ထပ် စကားတစ်ခွန်းကို ထုတ်ပြောလိုက်ပြီးနောက် ရှေ့သို့ ဆက်လျှောက်သွားခဲ့ပါသည်။