အခန်း ၆၃၀
Vol. 42 Ch. 630
အခန်း (၆၃၀)နန်းတော်သခင်။
ကျိယုဖန်း၏သေဆုံးမှုက လူတိုင်းကို အေးစိမ့်သွားစေပေမယ့် ကျိယုဖန်းသည် သူတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အတွက် သူတို့အနေဖြင့် သိပ်ပြီးမခံစားရပါဘူး။
ချင်ယွင်သည် သူ၏နှလုံးသားထဲတွင် အပြစ်ရှိသည့် အရိပ်အယောင် တစွန်းတစမျှ မခံစားရပေ။ သူသည် လုပ်စရာရှိသည်ကို လုပ်ပြီးသား ဖြစ်သည်။ ကျိယုဖန်းသည် သူ၏ အကြံဉာဏ်ကို နားမထောင်ခဲ့ပေ။ ထို့ကြောင့် သူ့အနေဖြင့်လည်း ရွေးချယ်စရာ မရှိပေ။
ကျန်သည့် လူရှစ်ယောက်သည် ချောက်နက်ကြီး၏ နက်ရှိုင်းဆုံးအရပ်သို့ ဆက်လက် လျှောက်သွားကြပါသည်။
ချောက်နက်ကြီး၏ နက်ရှိုင်းဆုံးအပိုင်းသို့ ရောက်ရှိလာလေ၊ တိုက်ခတ်နေသော လေပြင်းများက ပို၍ပင် ကြောက်စရာကောင်းလာလေ ဖြစ်ပါသည်။ လေဟာနယ် အက်ကြောင်းများကလည်း ပို၍ပင် ထူထပ်လာပါသည်။ အကယ်၍ တစ်စုံတစ်ယာက် သည် သတိမထားမိဘဲ လေဟာနယ် အက်ကြောင်းများထဲသို့ ကျရောက်သွားပါက၊ သနားစဖွယ် သေဆုံးခြင်းဖြင့် အသုံးသတ်သွားပေလိမ့်မည်။
သုံးနာရီကြာအောင် ကြိုးကြိုးစားစား လျှောက်လှမ်းပြီးနောက် ကျန်သည့် လူရှစ်ဦးသည် နောက်ဆုံးတွင် ချောက်နက်ကြီး၏ နက်ရှိုင်းနေရာသို့ ရောက်ရှိ သွားပါ သည်။
သို့သော် သူတို့သည် ဘေးကင်းစွာဖြင့် ရောက်ရှိလာသော်လည်း ၎င်းတို့ ရှစ်ဦးသည် တန်ရာတန်ကြေး များစွာပေးဆပ်ခဲ့ရပါသည်။
လူတိုင်း၏ခန္ဓာကိုယ်သည် သွေးများဖြင့် ရွှဲနစ်နေပြီး သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေ၏။ ချင်ယွင်တောင်မှ ချမ်းသားရာမရခဲ့ပါဘူး။
တစ်ခါကဆို၊ ချင်ယွင်သည် လေဟာနယ်အက်ကွဲကြောင်းအတွင်းရှိ ပြင်းထန်သော လေဟာနယ် မုန်တိုင်းဒဏ်ကြောင့် အသက်ရူကျပ်ပြီး သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။ အကယ်၍ သူသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါက ၎င်း၏ မူလခန္ဓာကိုယ်သည် ယခုအခါ လုံး ဝသေဆုံးသွားမည် ဖြစ်သည်။
လူတိုင်းသည် နောက်ဆုံးတွင် ချောက်နက်ကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ခက်ခက်ခဲခဲ ရောက်ရှိလာခဲ့ကြသော်လည်း သူတို့ရှေ့မှ မြင်ကွင်းကြောင့် လူတိုင်းလည်း မျက်မှောင် ကြုတ်သွားကြပါသည်။
အဘယ်ကြောင့်ဆိုသော် ဤချောက်နက်ကြီးထဲတွင် ကြီးမားလှသော နန်းတော်ကြီး တစ်ခု ရှိနေသောကြောင့်ပင် ဖြစ်ပါသည်။ ဤနန်းတော်သည် လေပြင်းတိုက်၍ မတုန် မလှုပ် ရပ်တည်နေနိုင်သည့် နတ်ဘုရားနန်းတော်ကဲ့သို့ မြင့်မားစွာ တည်ရှိနေပါသည်။ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်သော လေပြင်းများသည် နန်းတော်ကြီး၏ နံရံပေါ်တွင် အမာရွတ်တစ်ခုမျှပင် မကျန်ရစ်ခဲ့ပေ။
"ဘာလို့ ဒီမှာ နန်းတော်ကြီးတစ်ခု ရှိနေတာရလဲ?။ နဝမမြောက် အင်မော်တယ်နန်းတော်သော့က ဒီနန်းတော်ကြီးထဲမှာပဲ ဖြစ်နိုင်မလား?" ရန်ယုဖန်း အံ့သြစွာ မေးလိုက်သည်။
သို့သော် သူ၏မေးခွန်းကို သူတို့ ပြန်မဖြေကြပေ။ ရှင်းပါသည်၊ လူတိုင်းကလည်း ဤတူညီသော မေးခွန်းကြောင့် ပဟေဠိ ဖြစ်နေကြပါသည်။
ချင်ယွင်သည် သူ၏ရှေ့ရှိနေသော ရေခဲတောင်နှင့်တူသည့် နန်းတော်ကြီးအား ကြည့်လိုက်ရင်း သူ၏မျက်နှာသည် နှိုင်းစာရမရသည့် လေးနက်သော အမူအရာ ပေါ်လာသည်။
သေချာသည်မှာ၊ သူအကြောက်ဆုံးအရာက ရောက်ရှိလာခဲ့ပါပြီ။ ယခုအခါတွင်၊ နဝမမြောက် အင်မော်တယ်နန်းတော် ကျောက်စိမ်းဆွဲသီးတွင် ပိုင်ရှင်ရှိနေပြီဟု သူသည် ပို၍ပင် သံသယဖြစ်လာမိပြီး ၎င်းသည် ဤနန်းတော်ကြီး၏ ပိုင်ရှင် ဖြစ်နိုင်ဖွယ် ရှိသည်။
သေချာပါသည်၊ ချင်ယွင် လေးလေးနက်နက် တွေးနေစဉ်မှာပဲ လူတိုင်း၏နားထဲသို့ အေးစက်စက်အသံတစ်ခု ဝင်ရောက်လာပါသည်။
"နောက်ဆုံးတော့ အားလုံး ရောက်လာကြပြီပဲ။ ငါ ဒီမှာစောင့်နေတာ ကြာလှပြီ"
သူ၏အသံက ဟိန်းဟောက်သည့်အသံဖြင့် ရောထွေးနေသော်လည်း လူတိုင်း၏ နားထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေဆဲပင်။
ဤစကားကို လူတိုင်းကြားသောအခါ နိုးကြားပြီး သတိထားသည့် အမူအရာများ ချက်ချင်း ထုတ်ဖော်လာကြသည်။
"အသင် ဘယ်သူလဲ?" ဖန်ချန်းကျီက သူ၏ အင်မော်တယ် အနှစ်သာရကို အသုံးပြုပြီး ရေခဲနန်းတော်ဆီသို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
အားလုံးကလည်း နန်းတော်အဝင်ဝကို စူးစူးစိုက်စိုက် ကြည့်နေကြပါသည်။ ထင်ရှားသည်မှာ၊ နန်းတော်ကြီး၏ နက်ရှိုင်းသောနေရာတွင် နေထိုင်ကြသောလူများ ရှိလိမ့်နေမည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ပတ်ဝန်းကျင်သည် ကြောက်မက်ဖွယ် ကောင်းသော လေပြင်းများဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ဤလူသည် ဤနေရာမှာ နေနိုင်သည်ဆိုလျှင် သူ၏ ခွန်အားသည် ရိုးရှင်းမည် မဟုတ်ပေ။
"ငါ ဘယ်သူလဲ မင်း သိချင်လား?။ မင်း ဝင်လာရင် သိလိမ့်မယ်" ထိုအေးစက်စက် အသံက နောက်တဖန် ထွက်ပေါ်လာပြန်သည်။
ထိုအော်ပြောသံနှင့်အတူ နန်းတော်၏ ထူထပ်သော တံခါးကြီးများသည် လူတိုင်း၏ အကြည့်အောက်တွင် ဖြည်းညှင်းစွာ ပွင့်လာပါသည်။
လူတိုင်းသည် အကြည့်ချင်း ဖလှယ်ကြပြီး အချင်းချင်း၏ မျက်လုံးများတွင် ထိတ်လန့်မှုကို မြင်နိုင်ကြသည်။
"ဟမ့်၊ မိုက်မဲလိုက်တာ?။ မင်း ဘယ်သူလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ဖန်ချန်းကျီက အေးစက်စွာ အော်လိုက်သည်။ သူသည် ခန်းမအ၀င်ဝဆီသို့ အပြေးအလွှား ပြေးဝင်သွား ရင်း သူ၏မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင်များ ပေါ်နေသည်။
သို့သော် သူသည် ဂရုမစိုက်ဘဲ မနေခဲ့ပါချေ။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံ ရစ်ပတ်ထားရန် သူ၏ အင်မော်တယ် အနှစ်သာရကို အသုံးပြုထားဆဲပင် ဖြစ်ပါသည်။
လူအုပ်ကြီးသည်လည်း ဆင်ခြင်မဲ့ ကမူးရှူးထိုး လှုပ်ရှားခြင်းမျိုး မရှိခဲ့ပေ။ ဖန်ချန်းကျီ သည် ခန်းမထဲသို့ ဘေးကင်းစွာ ပျံသန်းသွားသည်ကို မြင်ပြီးမှသာ သူတို့သည် နောက်သို့ လိုက်ပါသွားကြပါသည်။
ချင်ယွင်လည်း ခန်းမထဲသို့ ပြေးဝင်သွားသည်။ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် ချင်ယွင်သည် ရေခဲခန်းမထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။
အကယ်၍ အပြင်ဘက်မှာ အေးခဲနေပြီဆိုလျှင်၊ ဤခန်းမအတွင်းမှာ နှစ်ပေါင်း တစ်သောင်းသက်တမ်းရှိ သိမ်မွေ့နက်နဲ ရေခဲများဖြင့် ပြုလုပ်ထားသည့် ရေခဲခန်းနှင့် ပိုတူသည်။ ချင်ယွင်တောင်မှ အရိုးထဲအထိ အေးစိမ့်သွားသည့် ခံစားချက်မျိုး ရှိနေပါသည်။
သို့သော် ချင်ယွင် ဂရုစိုက်သည်မှာ ဤအရာမဟုတ်ပေ။ ဤအခိုက်အတန့်တွင် သူ၏ အကြည့်များသည် ခန်းမအထက်ရှိ ပင်မထိုင်ခုံပေါ်သို့ ကျရောက်သွားသည်။ ထိုအပေါ် မှာ အမျိုးသမီးတစ်ယောက် ထိုင်နေပါသည်။
ထိုအမျိုးသမီးသည် မျက်နှာဖုံးကာကို ၀တ်ထားသည့်အတွက် သူမ၏ရုပ်ရည်အသွင် အပြင် အမှန်ကို မြင်တွေ့ခွင့်ရရန် ခဲယဉ်းလှသည်။ သို့သော် သူမ၏ရုပ်အသွင်သည် အမှန်တကယ်ပင် လုံးကြီးပေါက်လှဖြစ်ပြီး ပြီးပြည့်စုံသည်။ သို့သော်လည်း လက်ရှိရောက်ရှိနေကြသော ယောက်ျားများအားလုံးသည် သူမအပေါ် လုံးဝ စိတ်ဆန္ဒ မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အငွေ့အသက်သည် အလွန် အေးစက်လွန်းသောကြောင့် ဖြစ်ပါသည်။ ယင်းက အလွန်မင်း အေးစက်သည်ဟု ဆိုနိုင်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူတို့၏သွေးသားများ အေးခဲသွားသလို ခံစားလိုက်ရသည်။
"အသင်က ဘယ်သူလဲ?" ဖန်ချန်းကျီက ပထမဆုံး စကားပြောလိုက်ပါသည်။
"ငါ့နာမည်က နှင်းအမျိုးသမီးပဲ!" ပါးပြင်အောက်မှ အေးစက်စက်အသံက နောက်ထပ် ထွက်ပေါ်လာသည်။
"နှင်းအမျိုးသမီးလား…?" လူတိုင်း ထပ်ခါထပ်ခါ ရေရွတ်မိကြသည်။
ထင်ရှားသည်မှာ ဤအမည်ကို ရောက်ရှိနေကြသူ မည်သူမျှ မကြားဖူးကြပေ။
'"မင်းတို့ ဒီနာမည်ကို ကြားဖူးမှာ မဟုတ်ဘူးဆိုတာ ငါသိတယ်။ တကယ်တော့ ဒါကလည်း ပုံမှန်ပါပဲ။ ငါက မြောက်ဘက်စွန်းရေခဲလွင်ပြင်မှာ အမြဲတမ်း နေထိုင်ခဲ့ပြီး ဘယ်တော့မှ မထွက်ခဲ့ဘူး။ ဒါပေမယ့် မင်းတို့ ငါ့အကြောင်း မကြားဖူးရင်လည်း ကိစ္စ မရှိပါဘူး။ မင်းတို့အားလုံး သိထားရမှာက မင်းတို့ရှာနေတဲ့အရာ ငါ့မှာရှိနေတယ်" ထိုင်ခုံမြင့်မြင့်ပေါ်မှာ ထိုင်နေသည့် အမျိုးသမီးက ပြောသည်။
လူတိုင်းက မြင့်မားသော ထိုင်ခုံပေါ်ရှိ အမျိုးသမီးကို ရုတ်တရက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများက ဝင်းလက်တောက်ပလာကြသည်။
"မင်းမှာ နဝမမြောက် အင်မော်တယ်နန်းတော်သော့ တကယ်ရှိနေတာလား?။ ဒါဆိုလည်း မြန်မြန် အပ်နှံလိုက်ပါ၊ မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့။" ဖန်ချန်းကျီက ချက်ချင်း ကျယ်လောင်စွာ အော်လိုက်တယ်။
"ဒါဆိုလည်း ကြိုဆိုပါတယ်?" မြင့်မားသောထိုင်ခုံပေါ်မှ အေးစက်စက် ရယ်မောသံ တစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် လူတိုင်းသည် ပုံရိပ်ယောင်တစ်ခု ဖြတ်ကျော် သွားသည်ကိုသာ မြင်လိုက်ရသည်။ လေအေးတချက်က ရုတ်တရက် ဖြတ်သန်းသွား သလိုပင်။ ထို့နောက် ဖန်ချန်းကျီသည် နောက်ပြန် လွင့်ထွက်သွားကာ သူ၏ နောက်ရှိ ခန်းမနံရံကို တိုက်ရိုက်ထိမှန်ပြီး သွေးများ ပါးစပ်ထဲ ထွက်ကျလာလေသည်။
သို့သော် ထိုလှပသော ရုပ်အသွင်အပြင်သည် ခန်းမထဲရှိ မြင့်မားသော ထိုင်ခုံပေါ်တွင် ပြန်ထိုင်နေပြီ ဖြစ်သည်။
"ဘယ်လောက်တောင် မြန်လိုက်လဲ?!"
လူတိုင်းသည် အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ ယခုလေးတင် ထိုအမျိုးသမီးက တိုက်ခိုက်လိုက်စဉ်မှာ သူတို့သည့် တခဏလေးတောင် မတုံ့ပြန်နိုင်ခဲ့ပါဘူး။ သူတို့သည် ပုံရိပ်ယောင်တစ်ခု ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရပါသည်။
ဖန်ချန်းကျီ၏ မျက်နှာသည် ပို၍ပင် ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ သူသည် ရင်ဘတ်ကို အုပ်ပြီး မြေကြီးပေါ် ဒူးတစ်ဝက်ထောက်နေ၏။ မြင့်မားသော ထိုင်ခုံပေါ်ရှိ အမျိုးသမီးကို မကျေမနပ်ဖြစ်နေသည့် မျက်လုံးတစ်စုံကို စိုက်ကြည့်ရင်း သူ၏မျက်နှာက နာကျင်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော် သူသည် နောက်ထပ် လှုပ်ရှားမှုတစ်ခုကို မပြုလုပ်ဝံ့ပေ။ ထိုလက်ဖဝါး ရိုက်ချက်က သူ့ကို သေလုနီးပါး ဖြစ်စေခဲ့ပြီ။
သူသည် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ပြီး သူသေသွားလျှင်ပင် သူ၏အသက်ကို အမှန်တကယ် ဆုံးရှုံးသွားမည် မဟုတ်ပေ။ သို့သော်လည်း သူ၏အစစ်အမှန် ခွန်အားသည် များစွာ ကျဆင်းသွားပေလိမ့်မည်။ ဤသည်မှာ ဖန်ချန်းကျီ မြင်ချင်သော အရာ မဟုတ်ပါဘူး။
"ဒီမိန်းမရဲ့ စွမ်းအားက သေချာပေါက် မရိုးရှင်းဘူး။ သူ့ ရဲ့ ခွန်အားအစစ်အမှန်ကို ငါတို့ သူမရဲ့ အစစ်အမှန် စွမ်းအားကို နားလည်တဲ့အချိန်ကျမှ သူမနဲ့ရင်ဆိုင်လည်း အရမ်း နောက်မကျသေးပါဘူး" ဖန်ချန်းကျီက သူ့ကိုယ်သူ တွေးနေမိသည်။
"မင်း ငါ့ရဲ့ အင်မော်တယ်နန်းတော်သော့ကို လုယူချင်သေးလား" မြင်းမားသော ထိုင်ခုံပေါ်မှ အမျိုးသမီးက လှောင်ပြောင်ပြောလိုက်သည်။
လူတိုင်းသည် မျက်မှောင်ကြုတ်သွားကြသည်။ ထင်ရှားသည်မှာ၊ သူတို့ထဲမှ တစ်ဦး တစ်ယောက်ကမျှ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မမျှော်လင့်လိုကြတော့ပေ။
"စီနီယာ..၊ စီနီယာက အင်မော်တယ်နန်းတော်သော့ကို ရထားပြီသားဆိုတော့၊ အင်မော်တယ်နန်းတော်သော့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သိထားပြီးသား ဖြစ်ရ မယ်။ အခု စီနီယာကိုရှာတွေ့ဖို့ ကျွန်တော်တို့ ရောက်ရှိနေပြီဆိုတော့ အင်မော်တယ် ဘုရင်ရဲ့ စံအိမ်ကြီးအတွင်းပိုင်းကို ဝင်သွားလို့ရပြီပေါ့။" ချင်ယွင်က ရုတ်တရက် ထွက်လာပြီး ပြောလိုက်သည်။
"စီနီယာလား…?" မြင့်မားသော ထိုင်ခုံပေါ်မှ အမျိုးသမီးက ညင်သာစွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ ချင်ယွင်၏ နှုတ်ဆက်စကားကြောင့် သူမသည် သိသိသာသာ အံ့အားသင့်သွားပြီးနောက်၊ သူမသည် ချက်ချင်းပင် သတိပြန်ဝင်လာကာ ပြောသည် "ဟုတ်တယ်၊ အင်မော်တယ်ဘုရင် စံအိမ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို ငါ သိထားတယ်။ နောက်ပြီး၊ အင်မော်တယ်ဘုရင်ရဲ့စံအိမ်ကြီးကို ဝင်ဖို့ မင်းတို့ကို ငါစောင့်နေခဲ့တာလည်း အမှန်ပဲ။ တကယ်တော့ ငါလိုချင်တာက ငါက မင်းတို့နဲ့အတူ အင်မော်တယ်ဘုရင် စံအိမ်ကြီးရဲ့အတွင်းပိုင်းကို ဝင်ချင်ပေမယ့် နေရာနှစ်ခု လိုချင်တယ်။”
"နေရာနှစ်ခုလား…?" လူတိုင်း တုန်လှုပ်သွားကြသည်။
ဤအင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲသို့ အင်မော်တယ်နန်းတော်သော့ကို ပိုင်ဆိုင်ထားသူ လူတစ်ဦးသာ ဝင်ရောက်နိုင်ပါသည်။ အခြားသော့ရှစ်ချောင်းလုံး မှာလည်း ပိုင်ရှင်အသီးသီး ရှိနေပြီဖြစ်သည်။ သို့သော်လည်း ဤအမျိုးသမီးသည် အမှန်တကယ်ပင် သော့နှစ်ချောင်းဖြင့် နေရာနှစ်ခုကို တောင်းဆိုနေခဲ့သည်။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း?။
"စီနီယာ…၊ ကျွန်တော်စိုးရိမ်တာ၊ အခု သော့ရှစ်ချောင်းစလုံးမှာ ပိုင်ရှင်အသီးသီး ရှိပြီးသားပါ။ လူတစ်ယောက်က အင်မော်တယ်နန်းတော်သော့တစ်ချောင်းနဲ့ပဲ ဝင်လို့ရ ပါတယ်။" ချင်ယွင်က ရှင်းပြသည်။
"အိုး..မင်းတို့ထဲက တစ်ယောက်ကို သတ်လိုက်မယ်ဆိုရင်ရော?" မျက်နှာဖုံးကာဝတ် အမျိုးသမီး၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။
ထိုစကားကို ကြားသောအခါ လူတိုင်း၏ ဆံပင်များသည် အဆုံးထိ ထောင်မတ်သွားလေ ၏။
စာစဉ် (၄၂) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။