← Chapters

အခန်း ၆၃၂

Vol. 43 Ch. 632

အခန်း ၆၃၂

Vol. 43 Ch. 632

အခန်း (၆၃၂) ဟောင်ခွန်ကို နှုတ်ဆက်ခြင်း။

"အင်မော်တယ်ကမ္ဘာမှ လူတစ်ယောက်လား?။ သူမသည် အင်မော်တယ်ကမ္ဘာက ဆင်းသက်လာသည့် အင်မော်တယ်တစ်ပါး၏ ကိုယ်ပွားဖြစ်တစ်ယောက် နိုင်နေတာ လား?..။" ချင်ယွင်က အံ့သြစွာ မေးလိုက်ပါသည်။

"ဟုတ်လည်း ဟုတ်တယ်။ မဟုတ်လည်း မဟုတ်ဘူးလို့ ပြောလို့ရတယ်ကွ!" ရှေးဟောင်းတာအိုဆရာသခင်က ပြန်ဖြေပါသည်။

ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်၏ အဖြေကို ကြားပြီးနောက် သူ၏ စိတ်နှလုံးထဲတွင် ပို၍ပင် စိတ်ဓာတ်ကျလာပါသည်။

ဘာကို ဆိုလိုတာလဲ?။

ဤအဖြေသည် အဖြေတစ်ခုမပေးခြင်းထက်ပင် ပိုဆိုးနေပါသည်။

"ဆရာကြီး၊ စိတ်ရှုပ်အော် မလုပ်စမ်းပါနဲ့။ ဘာဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်း ပြောပါဦး" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာဆက်သွယ်မူတစ်ခု အလျင်အမြန် ပို့လွှတ်လိုက် သည်။

"တကယ်တော့ ငါလည်း သိပ်မသေချာဘူးကွ။ တကယ်လို့ ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်တယ်ဆိုရင် ဒီ နှင်းအမျိုးသမီးက အင်မော်တယ်ကမ္ဘာမှာတောင် မြင့်မားတဲ့ စွမ်အား ကို ပိုင်ဆိုင်ထားတဲ့ တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပွားတစ်ခု ဖြစ်သင့်တယ်။ ဒီကိုယ်ပွားက ဖန်ချန်းကျီရဲ့ အဆင့်နိမ့်ကိုယ်ပွားနဲ့ မတူဘူး။ အဲဒီအစား၊ မင်းရဲ့ လျှပ်စီးစွမ်းရည် ကိုယ်ပွားလိုမျိုး ကျင့်ကြံနိုင်တဲ့ အဆင့်မြင့်ကိုယ်ပွားတစ်ခုပဲ။" ရှေးဟောင်းတာအို ဆရာသခင်က ရှင်းပြပါသည်။

ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် နှိုင်းယှဉ်၍မရသည့် အံ့အားသင့်ဟန် အမူအရာ ပေါ်လာသည်။ ဤနှင်းအမျိုးသမီးသည် အမှန်တကယ်ပင် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ ကိုယ်ပွားတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထား ခဲ့ပေ။ အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်၏ ကိုယ်ပွားသည် အဘယ့်ကြောင့် ဤသေမျိုးကမ္ဘာဆီသို့ ရောက်လာရသနည်း?။ သူမသည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးအတွက် ဤနေရာ၌ ရှိနေနိုင်ခြင်းများလား?။

"ဆရာကြီး၊ သူမရဲ့အစစ်အမှန်ခန္ဓာကိုယ်က ဘယ်လောက် သန်မာလဲဆိုတာ ဆရာကြီး မြင်နိုင်လား?။" ချင်ယွင်က ဆက်မေးလိုက်ပါသည်။

"ငါလည်း မပြောနိုင်သေးဘူးကွ။ သူမရဲ့အစွမ်းက အင်မော်တယ်ဘုရင်ကို ရောက်နေပြီ ဆိုတာတော့ သေချာပါတယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောပါသည်။

"ဘာ….? အင်မော်တယ်ဘုရင် ဟုတ်လား?...၊ ပြီးတော့ အနည်းဆုံးလား…?" ချင်ယွင် သည် အလန့်တကြား မအော်မိဘဲ မနေနိုင်ခဲ့ပေ။

ရှေးဟောင်းတာအိုဆရာသခင်က သူမသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်တစ်ပါး (သို့မဟုတ်) လျှိုအင်မော်တယ်တစ်ပါးဟု ပြောလာလိမ့်မည်ဟူ၍ မူလက သူ ထင်ထားခဲ့ သော်လည်း သူမသည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေ မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤလျှို့ဝှက်ဆန်းကြယ်သော နှင်းမိန်းကလေး၏ နောက်ခံကို သူ မမြင်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူမ၏ မူလ ခန္ဓာကိုယ်သည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ (လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်တစ်ပါး (သို့မဟုတ်) လျှိုအင်မော်တယ်တို့သည် အဓိပ္ပာယ်အတူတူပင် ဖြစ်ပါသည်။ ရှေ့မှာတုန်းက လျှိုအင်မော်တယ်နယ်ပယ်ဟု ရေးသားခဲ့ပါသည်။ နောက်ပိုင်းတွေမှာ အလျဉ်းသင့်သလို ရေးသားပြန်ဆိုပါမည်။)

သူမသည် အင်မော်တယ်ဘုရင်တစ်ပါး၏ နည်းလမ်းများဖြင့် ဖန်တီးထားသည့် ကိုယ်ပွားတစ်ခုသာ ဖြစ်ခဲ့သော်လည်း ချင်ယွင်၏ လက်ရှိအစွမ်းဖြင့် သူမကိုကြည့်ရူရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။

အင်မော်တယ်ဘုရင်တစ်ပါး၏ ကိုယ်ပွားသည် ထိုအင်မော်တယ်ဘုရင်၏ စံအိမ်ကြီး အတွက်ကြောင့်သာ ဤသေမျိုးကမ္ဘာသို့ ဆင်းလာခဲ့ခြင်း ဖြစ်မည်နေမလား?။

ထိုနှင်းအမျိုးသမီးသည် ရှီချန်ဂန်၏ကိုယ်ပေါ်မှာ လုယူသွားခဲ့သည့် အင်မော်တယ် နန်းတော်သော့အပြင် သူမကိုယ်ပေါ်မှာလည်း သော့တစ်ချောင်း ရှိနေပါသည်။ ထိုအရာက သူမ၏ပေါ်တွင် အင်မော်တယ်နန်းတော်သော့ နှစ်ချောင်းရှိနေပြီဟု ဆိုလိုပါသည်။ သူမ တစ်စုံတစ်ယောက်ကို ခေါ်ဆောင်လာချင်တာများ ဖြစ်နိုင်မလား?။

နှင်းအမျိုးသမီး ပြောသည့် ထိုမိတ်ဆွေက ဘယ်သူများပါလိမ့်?။

သူသည် အင်မော်တယ်ကမ္ဘာမှာရှိနေစဉ်တုန်းက လူပေါင်းများစွာကို သိခဲ့ဖူးသော်လည်း သူသည် ရာထူးကျပြီး သေမျိုးကမ္ဘာသို့ နှင်ထုတ်ခံရပြီးနောက် လူပေါင်းများစွာသည် သူ့အကြောင်းကို မတွေးကြတော့ပေ။ သူ့ကို အထင်မသေးဘဲ မိတ်ဆွေဟု ခေါ်ဆိုနိုင်သည့် အင်မော်တယ်ဘုရင်များသည် လက်တစ်ဆုပ်စာမျှသာ ရှိပါလိမ့်မည်။ ထိုနှင်းအမျိုးသမီး၏ မိတ်ဆွေဟုခေါ်သည့်လူသည် မည်သူဖြစ်မည်နည်း ဆိုသည်ကို ချင်ယွင်သည် အတိအကျ မသိနိုင်ခဲ့ပါဘူး။

ချင်ယွင်၏နှလုံးသားထဲတွင် သံသယစိတ်တစ်ခုက တဝဲလည်လည် ဝင်ရောက်လာပါ သည်။ သူသည် အချိန်အကြာကြီး တွေးတောပြီးနောက် အသုံးဝင်သည့်အရာ မရရှိခဲ့ပေ။ ထို့ကြောင့် ချင်ယွင်က ဤကိစ္စကို ဆက်မတွေးတော့ဟု ဆုံးဖြတ်လိုက်ပါသည်။

နှင်းအမျိုးသမီး ပြောသလိုပင်၊ အနာဂတ်မှာ သူမကိုတွေ့မြင်သည့်အခါ သဘာဝကျကျ သိလာပါလိမ့်မည်။

ထို့ကြောင့် ချင်ယွင်သည် ယောင်လင်းခေါင်နှင့် ရန်ယုဖန်းတို့ကို ကောင်းကင်နဂါး တိုက်ကြီးဆီသို့ ပြန်ခေါ်လာခဲ့ပါသည်။ သူသည် ကောင်းကင်နဂါးတိုက်ကြီးဆီကို ပြန်သွားရန် ရွေးချယ်ရသည့် အကြောင်းအရင်းကတော့ ချင်ယွင်သည် ဝိညာဉ် လွဲပြောင်းခြင်းအဆောင်မှ သတင်းစကားတစ်ခုကို လက်ခံရရှိသောကြောင့် ဖြစ်ပါ သည်။

ဝိညာဉ်လွဲပြောင်းခြင်းအဆောင်ဖြင့် သတင်းစကားကိုတော့ ဟောင်ခွန်မှ ပေးပို့ခဲ့ခြင်း ဖြစ်ပါသည်။ သတင်း၏ အကြောင်းအရာက အလွန်ရိုးရှင်းပါသည်။ ဟောင်ခွန်သည် ဤသုံးရက်အတွင်း အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ရင်ဆိုင် ကြုံတွေ့ရတော့မည်ဟု ဆိုထားပါသည်။

အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခသည် သာမန် ကောင်းကင် ကပ်ဘေးဒုက္ခများနှင့် မတူကြပေ။ အကယ်၍ အထွတ်အထိပ်အဆင့် အင်မော်တယ် အသွင်ကူးပြောင်းနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးသည် အစောပိုင်းအဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ဝင်ရောက်ရန်အတွက် လျှို့ဝှက်နည်းပညာရပ်များ ကို အသုံးမပြုပါဘဲ၊ အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ခံယူလိုပါက၊ ထိုကျွမ်းကျင်ပညာရှင်သည် ရက်အနည်းငယ် ကြိုတင်၍ ကောင်းကင် ကပ်ဘေးဒုက္ခကို ခံယူရတော့မည် ဖြစ်ကြောင်း ယေဘုယျအားဖြင့် (များသောအားဖြင့်) ခံစားမိကြပါလိမ့်မည်။ .

ထို့ကြောင့်၊ ဟောင်ခွန်သည် ကောင်းကင်ကပ်ဘေးဒုက္ခတစ်ခုကို ကြိုဆိုရတော့မည်ကို ယမန်နေ့ကပင် သတိပြုမိခဲ့ခြင်း ဖြစ်ပါသည်။

၎င်းသည် ကောင်းကင်ဘုံတန်ခိုးစွမ်းအား၏ တစ်ခုတည်းသော ကရုဏာတရား ဖြစ်ပုံရပြီး၊ အထွတ်အထိပ်အဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်များကို ကောင်းကင်ကပ်ဘေးဒုက္ခအတွက် ပြင်ဆင်ရန် နောက်ထပ် ရက်အနည်းငယ် အချိန်ပေးခြင်းလည်း ဖြစ်နိုင်ပါသည်။

ဟောင်ခွန်သည် သူ၏အတွင်းနှလုံးသားနတ်ဆိုးများကို ဖယ်ရှားပြီးနောက် မကြာမီ ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်မည်ဟု ချင်ယွင်က ခန့်မှန်းထားပြီး ဖြစ်ပါ သည်။ မူလက သူအင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲမှ ပြန်ထွက်လာသည် အထိ အနည်းဆုံး စောင့်ရမည်ဟု သူထင်ခဲ့သော်လည်း ထိုမျှမြန်နေမည်ဟု သူ မမျှော်လင့်ခဲ့ ပေ။

သို့သော် ဟောင်ခွန်သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရခြင်းမှာလည်း သူ့အတွက် ကောင်းမွန်သောအရာ ဖြစ်ပါသည်။ ဟောင်ခွန်၏ လက်ရှိစွမ်းအားဖြင့် ကောင်းကင် ကပ်ဘေးဒုက္ခကို လွတ်မြောက်ရန် သူ့အတွက် မခက်ခဲသင့်ပေ။ ထို့အပြင်၊ ဟောင်ခွန် သည် အပေါ်ယံမျက်နှာအသွင်အပြင်အရ အသက်မကြီးသေးဟု ထင်ရသော်လည်း သူ၏ အသက်အရွယ်သည် ကြီးမြတ်သော ချီကန့်သတ်နှင့် သိပ်မဝေးလှတော့ပေ။ အကယ်၍ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ သိပ်မကြာခင်မှာ မကျော်ဖြတ်နိုင်ခဲ့ပါက၊ သူသည် အသက်ရှည်ရှည်နေရမည့် အန္တရာယ်အတွင်းသို့ ကျရောက်သွားနိုင်ပါမည်။

ချင်ယွင်သည် ဟောင်ခွန်ထံမှ သတင်းစကားကို လက်ခံရရှိပြီးနောက် ယောင်လင်းခေါင်နှင့် ရန်ယုဖန်းတို့ကို နတ်ဆိုးနတ်ဘုရားနန်းတော်သို့ သွားပြီး သူပြန်လာသည်ကို စောင့်စားရန် ပြောဆိုခဲ့ပြီး အရှေ့မြောက်ဘက်အရပ်ရှိ ဟောင်ကလန်ရှိရာဆီသို့ ပြေးသွားခဲ့သည်။

ရှစ်နာရီ၊ ကိုးနာရီနီးပါးခန့် ခရီးထွက်ပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် အရှေ့မြောက်အရပ်ရှိ ဟောင်ကလန်ဆီသို့ ရောက်ရှိခဲ့ပါသည်။

ဟောင်ခွန်ကို နောက်တကြိမ် ပြန်တွေ့လိုက်ရတော့၊ ချင်ယွင်သည် ဟောင်ခွန်၏ စိတ်နေစိတ်ထားက လုံးဝပြောင်းလဲသွားမှန်း သိလိုက်ရပါသည်။ မူလက နှလုံးသားနတ်ဆိုးကြောင့် လင်းလက်တောက်ပနေသည့် ဆိုးညစ်သော အငွေ့အသက် များသည် ယခုအချိန်တွင် လုံးဝ ပျောက်ကွယ်သွားပါပြီ။ ယင်းအစား၊ ကြီးကျယ် ခမ်းနားပြီး ဖြောင့်မတ်ခြင်း အရိပ်မြွက်တစွန်းတစက သူ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာနေပါသည်။

"သခင်လေး…၊ သခင်လေး ဒီကို ရောက်နေပြီလား?!" ဟောင်ခွန်က ချင်ယွင်ကို ကြည့်ရင်း ပြုံးလိုက်ပါသည်။

ချင်ယွင်သည် ကောင်းကင်ဘုံဂိုဏ်းနှင့် သူ၏ကိုယ်တွင်းရှိ နှလုံးသားနတ်ဆိုးများကို ချေမှုန်းရန်မှာ ကူညီပေးခဲ့သည့်အတွက် သူသည် အမြဲတမ်း ကျေးဇူးတင်နေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် သခင်လေးကို ချင်ယွင်ဟု ခေါ်ခြင်းသည်လည်း သူ၏နှလုံးသား အောက်ခြေမှ ဖြစ်တည်လာခြင်း ဖြစ်ပါသည်။

“သုံးရက်အတွင်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ရတော့မှာလား။” ချင်ယွင်က မေးလိုက်သည်။

"ဟုတ်တယ်၊ မနေ့ညကပဲ၊ ကောင်းကင်ကပ်ဘေးဒုက္ခကြီး သုံးခု ဆင်းသက်လာတော့ မယ်ဟု ကျွန်တော် ခံစားလိုက်ရတယ်။" ဟောင်ခွန်က ပြန်ပြောသည် ။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ အသက်ရွယ်အိုတစ်ယောက်နှင့် လူငယ်လေး တစ်ယောက်၊ သခင်တစ်ယောက်နှင့် အစေခံတစ်ယောက်၊ သူတို့နှစ်ဦးသည် လင်ရှန်း ရေကန်ဘေးတွင် လမ်းလျှောက်လာကြသည်။

"ခင်ဗျား ယုံကြည်မူရှိရဲ့လား?" ချင်ယွင်က မေးသည်။

ဟောင်ခွန်က ပြုံးပြီး ပြောသည် "တကယ်တော့ ကျွန်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ငါးရာလောက်ကတည်းက အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်မှာ ရှိနေခဲ့ တယ်" ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က အမုန်းတရားတွေကြောင့် ကျွန်တော့်မျက်လုံးအမြင်တွေ ကွယ်ခဲ့ရတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ စွမ်အားက တိုးတက်လာရမယ့်အစား ဆုတ်ယုတ်သွားခဲ့ရတယ်။ ကျွန်တော် ဝမ်အာနဲ့ ချစ်ခဲ့ဖူးတဲ့ နေရာကို ပြန်သွားလည်ရင်း ကျွန်တော် အများကြီး စဉ်းစားဖြစ်ခဲ့တယ်။ ဝမ်အာက ကျွန်တော့်ကို အခုဒီလို နာကျင်မူမျိုးနဲ့ သေချာပေါက် ရှိနေစေချင်မှာ မဟုတ်ပါဘူး။ အခုတော့ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်ကပ်ဘေးဒုက္ခက ကျွန်တော့် အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးတစ်ခု မဟုတ်တော့ပါဘူး။"

ချင်ယွင်က ခေါင်းညိတ်လိုက်ပါသည်။ အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေး ဒုက္ခက စစ်မှန်တဲ့စွမ်းအားက နောက်ဆုံး နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခ ဖြစ်ပါသည်။ နှလုံးသား နတ်ဆိုးရှိသူတိုင်းသည် ဤနှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခအောက်မှာ သေဆုံးသွားကြပါလိမ့်မည်။

ချင်ယွင် အကြောက်ဆုံးအရာက ဟောင်ခွန်သည် ၎င်းကို လုံး၀ နားလည်သဘော ပေါက်ခြင်းမရှိဘဲ အဆုံးတွင် သူ၏အတွင်းနှလုံးသားနတ်ဆိုးကို သုတ်သင်ရှင်းလင်း နိုင်ခြင်း မရှိမှာကိုပါ။ သို့သော်လည်း၊ ဟောင်ခွန်ကို မြင်ရသည်မှာ, သူသည် ဤအရာအားလုံးကို နားလည်သဘောပေါက်စွမ်း ရှိခဲ့ပုံရပြီး၊ သူသည် အလွန်‌ ပျော်ရွှင်နေသည်။

“ဤအင်မော်တယ် အသွင်ကူးပြောင်းခြင်းကပ်ဘေးဒုက္ခကို ခင်ဗျားကျော်ဖြတ်ပြီး တာနဲ့၊ ခင်ဗျားက အင်မော်တယ်ကမ္ဘာကို တက်လှမ်းသွားရလိမ့်မယ်။ ဒီတော့၊ ခင်ဗျားအနေနဲ့ ဖြေရှင်းစရာတွေရှိနေသေးရင် ဖြေရှင်းဖို့အတွက် ဒီသုံးရက်ကို အခွင့်ကောင်းယူသင့်တယ်။" ချင်ယွင်က ပြောသည်

အမှန်တကယ်ဆို၊ သူနှင့် ဟောင်ခွန်တို့သည် သခင်နှင့်အစေခံ ဆက်ဆံရေးမျိုး ရှိခဲ့သော် လည်း သူသည် ဘယ်တုန်းကမှ သူ့ကို အစေခံတစ်ဦးကဲ့သို့ မဆက်ခဲ့ဖူးပေ။ ယင်းအစား၊ သူသည် ဟိုအရင်ကတည်းက ဟောင်ခွန်ကို မိတ်ဆွေသူငယ်ချင်းတစ်ဦးလို ဆက်ဆံခဲ့ သည်။

“အထူးအထွေး ဖြေရှင်းစရာ ဘာမှမရှိပါဘူး။ ဟောင်ကလန်ရဲ့ ကိစ္စရပ်တွေကို သူတို့ ဂျူနီယာတွေကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းကြပါစေ။ ကျွန်တော် ဝင်စွက်ဖက်မှာ မဟုတ်ပါဘူး။ အကယ်၍ မျိုးနွယ်စုတစ်ခုဟာ ခိုင်ခိုင်မာမာနဲ့ ရပ်တည်ချင်တယ်ဆိုရင်၊ အနှစ်တစ်ထောင်အထိ ရှင်သန်ကြီးထွားဖို့ လိုအပ်တယ်။ သူတို့ကို ပိုကြီးမားတဲ့ အင်အားစုကြီးတစ်ခုအဖြစ် တည်ဆောက်နိုင်အောင် ကျွန်တော် ကူညီပေးနိုင်ပေမဲ့ အဲဒီလိုမျိုး ကျွန်တော် မလုပ်ချင်ဘူး။ အရာအားလုံး အဆင်ပြေပြေနဲ့ သွားလာတာ ပိုကောင်းပါတယ်" က ဟောင်ခွန်က အပြုံးနှင့်အတူ ပြောလိုက်ပါသည်။

ချင်ယွင်လည်း ခေါင်းညိတ်ပြပြီး ဟောင်ခွန်၏စကားကို သဘောတူလိုက်ပါသည်။

ဟောင်ခွန်၏ လက်ရှိအင်အားအရ သူ့တို့ကို ကောင်းကင်နဂါးတိုက်ကြီး၏ နံပါတ်တစ် မျိုးစုကြီးတစ်ခု ဖြစ်လာအောင် ကူညီပေးဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ပါဘူး။

သို့သော်၊ ဟောင်ကလန်၏ စီးပွားရေးကိစ္စများ ကြီးမားလာသည်နှင့်အမျှ သူ၏ သားသမီးမြေးများသည် ၎င်းကိုကာကွယ်ရန်အတွက် စွမ်းအားရှိနေရန် လိုအပ်ပါသည်။

တနည်းပြောရလျှင်၊ ဟောင်ခွန်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားသည့်အခါ ဟောင်ကလန်သည် အလိုလောဘကြီးသူတို့၏ စိတ်နှလုံးကို ရင်ဆိုင်ရပေလိမ့်မည်။ အကယ်၍ သူတို့သည် ခံနိုင်ကာကွယ်ရန် အရည်ချင်းနှင့် စွမ်းအားမရှိဘူးဆိုလျှင်၊ သူတို့သည် ကြီးစွာသော ကပ်ဘေးကြီးကို ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ထိုကြောင့် ထိုသို့ ပြုလုပ်ပေးခြင်းထက် သူတို့ကို သူတို့ဘာသာ တည်ငြိမ်အေးဆေးစွာဖြင့် ဖွံ့ဖြိုး တိုးတက်စေခြင်းက ပိုမိုကောင်းမွန်ပါသည်။

“ခင်ဗျားက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီး ဒီသုံးရက်အတွင်း အင်မော်တယ်ကမ္ဘာကို တက်လှမ်းတော့မှာဆိုတော့၊ အင်မော်တယ်ကမ္ဘာထဲက အင်အားစုတွေအကြောင်း ငါသိသမျှ ပြောပြပေးမယ်။ ဒါက ခင်ဗျား အင်မော်တယ်ကမ္ဘာကို တက်လှမ်းပြီးနောက် ခင်ဗျားအတွက် အထောက်အကူ ဖြစ်မယ်လို့ ငါ မျှော်လင့်ပါတယ်" ချင်ယွင်က ဆိုသည်။

ဤသည်မှာလည်း ဟောင်ခွန်ဆီသို့ သူလာခဲ့ရသည့် ဤခရီးစဉ်၏ ရည်ရွယ်ချက် ဖြစ်ပါသည်။ အင်မော်တယ်ကမ္ဘာသည် သေမျိုးလူသားများအားလုံး၏ စိတ်ကူးယဉ် အိပ်မက်ဖြစ်သော်လည်း၊ သေမျိုးကမ္ဘာမှ ကျင့်ကြံသူများ စိတ်ကူးထားသည်ထက် များစွာပို၍ အန္တရာယ်များပါသည်။

အကယ်၍ ဘာမှမသိဘဲ ကြုံရာကျပန်း ပြောမိဆိုမိလုပ်မိလျှင်၊ အသက်ပင် ဆုံးရှုံးရ လိမ့်မည်။

ဟောင်ခွန်သည် ချင်ယွင်၏မိတ်ဆွေတစ်ဦးဖြစ်သောကြောင့် ချင်ယွင်သည် ဟောင်ခွန် ယခုလို အဖြစ်ပျက်မျိုး ကြုံတွေ့ရမည်ကို သဘောမကျပေ။

ချင်ယွင်သည် အင်မော်တယ်ကမ္ဘာ အကြောင်းပြောကို သူ့အား ပြောပြလိုကြောင်း ဟောင်ခွန် ကြားလိုက်ရသည့်အခါ သူ၏မျက်နှာက တည်ကြည်လေးနက်သည့် အမူအရာ ဖြစ်လာပါသည်။

ချင်ယွင်၏ နောက်ပြောပြမည့် စကားများသည် သူ့အတွက် အသက်ကယ်ရတနာ ဖြစ်နိုင်သည်ကို သူ သိပါသည်။

All Chapters