အခန်း ၆၃၃
Vol. 43 Ch. 633
အခန်း (၆၃၃) ကြီးကြယ်မြင့်မြတ်သော အင်မော်တယ်ကမ္ဘာ။
ချင်ယွင်နှင့် ဟောင်ခွန်တို့သည် မြေပြန့်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ လင်ရှင်းရေကန်၏ ရေမျက်နှာပြင်ရှိ လှိုင်းလုံးများပေါ်တွင် လမ်းလျှောက်နေကြသည်။
ပတ်ဝန်းကျင်သည် ကျယ်ပြောပြီး အကန့်အသတ်မရှိပေ။ ထို့အပြင် သူတို့နှစ်ဦး၏ ရုပ်ခန္ဓာကိုယ်များကို အင်မော်တယ်စွမ်းအင်များဖြင့် ပံ့ပိုးပေးထားပါသည်။
သူ့မှာ ဟောင်ခွန်ကို ပြောစရာတွေ အများကြီးရှိနေပါသည်။ ချင်ယွင်သည် သူ၏ နောက်ထပ်စကားတွေကို တတိယလူကို မကြားစေချင်ခဲ့ပေ။ ထို့ကြောင့် သူသည် ဟောင်ခွန်နှင့်အတူ လင်ရှင်းရေကန်၏ အလယ်ဗဟိုကို ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။
ချင်ယွင်သည် ရေကန်အလယ်ဗဟိုတွင် ရပ်ပြီးနောက် ဟောင်ခွန်ဘက်သို့ လှည့်ကာ မေးလိုက်ပါသည် "ဒီသေမျိုးကမ္ဘာကို ဘယ်လိုဖွဲ့စည်းထားလဲဆိုတာ မင်း သိလား?" ။
"ကျွန်တော်တို့အားလုံးဟာ ဧရာမဂြိုလ်ကြီးတွေပေါ်မှာ နေထိုင်ကြတယ်လို့ ရှေးခေတ် စာအုပ်တစ်အုပ်မှာ ကျွန်တော် ဖတ်ဖူးပါတယ်။ သေမျိုးကမ္ဘာကို အဲဒီဂြိုလ်ကြီးတွေနဲ့ ဖွဲ့စည်းထားတာများ ဖြစ်နိုင်မလား။?" ဟောင်ခွန်က ပြန်ပြောသည် ။
သူတို့လို ဒေသခံ ကျင့်ကြံသူတွေအတွက်တော့ သူတို့ဘဝတစ်လျှောက်လုံး သေမျိုးကမ္ဘာကို ဘယ်တုန်းကမှ မစွန့်ခွာခဲ့ဘူးဆိုတာ ထင်ရှားပါတယ်၊ ထို့ကြောင့် သူတို့ကိုယ်ပိုင် ကမ္ဘာကြီးအကြောင်းကိုတောင် သိပ်မသိကြပါဘူး။
ချင်ယွင်သည် ဟောင်ခွန်၏ စကားကိုကြားတော့ သူက ပြန်မဖြေဘဲ ပြောလိုက်သည် "ငါတို့နေထိုင်ရာ နေရာကြီးကို စကြဝဠာကြီးလို့ ခေါ်တယ်။ တကယ်တော့ သေမျိုးကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာ နှစ်ခုစလုံးက စကြာဝဠာကြီးရဲ့ အစိတ်အပိုင်း တစ်ခုပဲ ဖြစ်တယ်။ ဒါပေမယ့်၊ သေမျိုးကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာကြားမှာ ထူထဲတဲ့ အတားအဆီးကြီးတစ်ခု ရှိနေတယ်။ တကယ်လို့ သေမျိုးလူသားတွေဟာ အင်မော်တယ် ကမ္ဘာကို ဝင်ရောက်လိုပါက၊ သူတို့ဟာ အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ရောက်ရှိရပြီး သူတို့ဟာ လေဟာယ်အတားအဆီးတွေကို မဖြတ်ကျော်မီ ကောင်းကင်ဘုံ စည်းမျဉ်းများရဲ့ လမ်းညွှန်မူကို ခံရမှာ ဖြစ်တယ်။”
ဟောင်ခွန် ရုတ်တရက် ခေါင်းညိတ်ကာ ဘာမှပြန်မပြော။ ချင်ယွင်ပြောတာကို သူ ဆက်နားထောင်နေပါသည်။
"သေမျိုးကမ္ဘာကို ဂြိုဟ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ မင်းပြောခဲ့တာ။ တကယ်တော့ ဒါက လုံးဝ မမှန်ပါဘူး။ စကြဝဠာကြီးဆိုတာက အဆုံးမဲ့ လေဟာနယ်ကြီးတစ်ခုပဲ။ ပြီးတော့ ငါတို့နေထိုင်တဲ့ ဂြိုလ်တွေဆိုတာလည်း သမုဒ္ဒရာထဲက ရေစက်တွေလို ဖုန်မှုန့်တွေလို အများကြီးရှိနေတယ်။ အခု ငါတို့နေထိုင်တဲ့ ဂြိုဟ်ကိုတော့ ဧရာမ အပြာရောင်ကြယ်ကြီးလို့ ခေါ်တယ်။ ပြီးတော့ သေမျိုးကမ္ဘာထဲမှာ အခုလိုဂြိုဟ်မျိုး သန်းရာနဲ့ချီပြီး ရှိနေတယ်” ချင်ယွင်က ဆက်ပြောသည်။
"သန်းရာချီပြီး ရှိနေတာလား?" ဟောင်ခွန်၏ မျက်နှာသည် ထိတ်လန့်သွားသည့် အမူအရာ ပေါ်နေပါသည်။
သူသည် အနှစ်ငါးရာကျော် နေထိုင်ပြီးနောက်၊ သူနေထိုင်သည့် နေရာသည် မည်သည့်နေရာမျိုး ဖြစ်သည်ကို ပထမဆုံးအကြိမ်အဖြစ် သူ သိလိုက်ခြင်း ဖြစ်ပါသည်။ နောက်ဆုံးတွင် စကြဝဠာကြီး၏ရှေ့တွင် လူသားများသည် မည်မျှသေးငယ်သည်ကို သူ နားလည်လာခဲ့ပါသည်။
"သေမျိုးကမ္ဘာကြီးကို အခြေခံအားဖြင့် မရေမတွက်နိုင်တဲ့ သေမျိုးဂြိုလ်တွေနဲ့ ဖွဲ့စည်းထားပေမယ့်၊ အင်မော်တယ်ကမ္ဘာကတော့ ကွဲပြားခြားနားတယ်။ အဲဒီမရေ မတွက်နိုင်တဲ့ ဂြိုဟ်တွေအပြင်၊ အင်မော်တယ်ကမ္ဘာမှာ အခြားနေရာသုံးမျိုးလည်း ရှိနေသေးတယ်။" ချင်ယွင်က ပြောသည်။
"ဘယ်သုံးနေရာတွေလဲ" ဟောင်ခွန်က မေးသည်။
"အင်မော်တယ်နယ်မြေဂြိုဟ်၊ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်၊ အမှောင်ထု ချောက်နက်ကြီး" ချင်ယွင်က ပြောသည်။
ဟောင်ခွန်က စိတ်ရှုပ်ထွေးသွားသည့် အမူအရာကို ထုတ်ဖော်လာသည်။ ထင်ရှားသည်မှာ ဤနေရာသုံးခုကို သူသည် အခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပါသည်။
"အင်မော်တယ်နယ်မြေဂြိုဟ်က အင်မော်တယ်ကမ္ဘာမှ လူတွေနေထိုင်ဖို့ အရေးကြီးဆုံး နေရာတစ်ခု ဖြစ်တယ်။ အင်မော်တယ်နယ်မြေဂြိုဟ်ကိုလည်း အဓိက ဂြိုဟ်ကြီး လေးခုနဲ့ ပိုင်းခြားထားပြီး အဆိုပါဂြိုဟ်ကြီးလေးခုထဲက ဂြိုဟ်ကြီးသုံးခုကိုတော့ လူသားတွေက သိမ်းပိုက်ထားတယ်" အဲဒီဂြိုဟ်ကြီးသုံးခုမှာလည်း အင်မော်တယ် မင်းဆက်ကြီး သုံးခုရှိတယ်။ အဲဒီအင်မော်တယ်မင်းဆက်ကြီး သုံးခုကတော့ တောင်ဝင် ချင်၊ တော်ဝင်ချင်း၊ နဲ့ တော်ဝင်မင်မင်းဆက်တို့ ဖြစ်တယ်။ စတုတ္ထဂြိုဟ်ကတော့ သားရဲနယ်မြေလို့လူသိများပြီး နတ်ဆိုးသားရဲတွေက သိမ်းပိုက်ထားတယ်။ ပုံမှန်အား ဖြင့်ဆို၊ သားရဲနယ်မြေထဲ ဝင်ရောက်သွားသူ လူသားတွေဟာ သူတို့ ဖွေတွေ့ရှိတာနဲ့ သတ်ဖြတ်ခြင်း ခံရလိမ့်မယ်။ ရလာဒ်အနေနဲ့၊ လူသားကျင့်ကြံသူ အများစုကလည်း သားရဲနယ်မြေ ဝင်ရောက်ခဲတယ်။ လူသားကျင့်ကြံသူတစ်ယောက် အင်မော်တယ် ကမ္ဘာသို့ တက်လှမ်းသွားတဲ့အခါ သူတို့ဟာ အင်မော်တယ်မင်းဆက်ကြီး သုံးခုထဲ ဝင်ရောက်သွားမှာ ဖြစ်ပြီး နတ်ဆိုးသားရဲ ကျင့်ကြံသူတွေကတော့ သားရဲနယ်မြေထဲ ဝင်ရောက်သွားလိမ့်မယ်" ချင်ယွင်က ပြောပြပါသည်။
ဟောင်ခွန်က ရုတ်တရက် ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် အင်မော်တယ်ကမ္ဘာနှင့် ပတ်သက်ပြီး သူ၏စိတ်နှလုံးထဲမှာ ပဏာမနားလည်မှု ရှိလာခဲ့ပါသည်။
" ရှေးဟောင်း ဖရိုဖရဲပင်လယ် နဲ့ အမှောင်ထုချောက်နက်ကြီးကရော ဘယ်လိုလဲ " ဟောင်ခွန်က မေးမြန်းသည်။
"ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ဆိုတာက အင်မော်တယ်ကမ္ဘာထဲက သမုဒ္ဒရာ တစ်ခုပါပဲ။ ဒါပေမယ့် အထဲမှာ သာမာန်ရေများ စီးဆင်းနေခြင်း မရှိဘူး။ အဲဒီရေက "ဒါက ကောင်းကင်ဘုံရေပဲ၊ အဲဒီရေကို ထိလိုက်တာနဲ့ သေသွားနိုင်တယ်။ သာမန် ကျင့်ကြံသူတွေဆို ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို မသွားရဲဘူး။ အမှောင်ထုချောက်နက်ကြီးကတော့ စကြဝဠာထဲမှာ အမှောင်ထုကြီး ပြည့်နှက်နေတဲ့ နေရာတစ်ခုပဲ။ အဲဒီအထဲမှာ အင်မော်တယ်ကမ္ဘာက ဖမ်းဆီးထားတဲ့ သေမျိုးများနဲ့ ပြည့်နှက်နေတယ်။ သတ်ဖြတ်ခြင်း သွေးစွန်းခြင်း အပြည့်ရှိနေတဲ့ နေရာတစ်ခုပဲ။ အဲဒီအမှောင်ထု ချောက်နက်ကြီးထဲ ကျရောက်သွားတာနဲ့ ဘယ်တော့မှ ထွက်လာ နိုင်မှာ မဟုတ်တော့ဘူး။” ချင်ယွင်က ရှင်းပြသည်။
အမှောင်ထု ချောက်နက်ကြီးအကြောင်း သူပြောနေစဉ်အချိန်မှာ ချင်ယွင်၏ နက်ရှိုင်းသော မျက်လုံးများတွင် ရန်လိုသည့် အရိပ်အယောင် ဖျတ်ခနဲ ပေါ်လာသည်။
အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်သည် သူ၏မိခင်ကို အမှောင်ထု ချောက်နက်ကြီးထဲတွင် အကျဉ်းချထားသည်။ ယခုခုချိန်မှာတော့ သူ၏အမေ အသက်ရှင်နေသေးလား သူ မသိပေ။ သူ့မိခင်၏စွမ်းအားဖြင့်ဆို အမှောင်ထု ချောက်နက်ကြီးထဲတွင် ရှင်သန်နိုင်ရန်မှာ အလွန်ခက်ခဲနိုင်သော်လည်း ချင်ယွင်သည် သူ၏အမေ အသက်ရှင်နိုင်သည်ဟု ယုံကြည်နေဆဲ ဖြစ်ပါသည်။
ထို့ကြောင့် သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းပြီးနောက်၊ ချင်ယွင်သည် အမှောင်ထုချောက်နက်ထဲသို့ ကျိန်းသေပေါက် သွားမည်ဖြစ်သည်။ သူ၏အမေကို ချောက်နက်ကြီးထဲကနေ ကယ်တင်ချင်ပြီး သူဝင်သွားပြီးနောက် ပြန်မထွက်နိုင်ဟူ သည့် ဒဏ္ဍာရီကို သူ ချိုးဖျက်ချင်သည်။
ဟောင်ခွန်သည် ချင်ယွင်၏ စိတ်ခံစားချက်များ ပြောင်းလဲသွားသည်ကို ခံစားမိပြီး စကားတစ်ခွန်းမှ မပြောဘဲ ဘေးတွင် တိတ်တဆိတ် ရပ်နေလိုက်သည်။
ထိုအချိန်တွင်၊ ဟောင်ခွန်သည် ချင်ယွင်၏ ကိုယ်ရေးအချက်လက်အမှန်ကို အလွန် သိချင်နေပါသည်။ သေမျိုးတစ်ယောက်သည် အင်မော်တယ်ကမ္ဘာအကြောင်းကို ဤမျှ လောက် မည်သို့ သိနိုင်မည်နည်း?။ ဤသည်မှာ အမှန်တကယ်လည်း မဖြစ်နိုင်ပေ။ သို့သော်လည်း အကယ်၍ ချင်ယွင်က မပြောချင်ဘူးဆိုလျှင် ဟောင်ခွန်လည်း ဝင်စွက်ဖက်နိုင်မှာ မဟုတ်ပါဘူး။
သို့သော် ထိုအချိန်တွင် ချင်ယွင်က ရုတ်တရက် ပြောလာခဲ့သည် "အင်မော်တယ်ကမ္ဘာ အကြောင်း ငါ ဘာလို့ သိနေလဲဆိုတာ မင်း သိချင်နေတာမလား။?"
ဟောင်ခွန်သည် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူသည် ခေါင်းညိတ်ပြ လိုက်ဆဲ ဖြစ်ပါသည်။
"တကယ်တော့၊ ငါကိုယ်တိုင်က အင်မော်တယ်ကမ္ဘာက လူတစ်ယောက်ဖြစ်ပြီး၊ ငါက ချင်အင်မော်တယ်မင်းဆက် အင်မော်တယ်ဧကရာဇ် ချင်ဟန်ရဲ့ သားလည်း ဖြစ်တယ်။ ချင်ယွင်သည် သူ့ကိုယ်သူ သရော်ဟန်ဖြင့် သူ၏လေသံက အေးစက်နေပြီး ပြောလိုက်ပါ သည်။
"ဘာ….?" ဟောင်ခွန်သည် တုန်လှုပ်ခြောက်ခြားမူကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။
ချင်ယွင်သည် အင်မော်တယ်ကမ္ဘာက ဖြစ်မည်ဟု သူခန့်မှန်းခဲ့သော်လည်း ချင်ယွင်သည် အမှန်တကယ် ချင်အင်မော်တယ်မင်းဆက် အင်မော်တယ်ဧကရာဇ် မင်းမြတ် တစ်ပါး၏ ဒဏ္ဍာရီဆန်ဆန် သားတော်တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အင်မော်တယ် ဧကရာဇ်တစ်ပါးသည် မည်သည့် ဇာတ်ကောင်အဆင့်မျိုးနည်း?။ ယင်းသည် အင်မော်တယ်ကမ္ဘာ၏ အထွတ်အထိပ်တွင် တည်ရှိနေသည့် အဆင့်မျိုး ဖြစ်ပါသည်။ ချင်ယွင်၏ နောက်ခံသည် တကယ်ကို ထူးကဲလွန်း၏။ သို့သော်လည်း သူသည် အဘယ့်ကြောင့် ယခုလိုနေရာမျိုးမှာ ပေါ်လာရသနည်း?။
"ဒီသေမျိုးကမ္ဘာမှာ ငါဘာလို့ ပေါ်လာလဲဆိုတာ မင်း သိချင်နေလိမ့်မယ်။ တကယ်တော့ မင်း ရယ်ရင်လည်း ငါ မကြောက်ပါဘူး။ ငါ့ခမည်းတော်က ငါ့ကို သေမျိုးကမ္ဘာကို ပစ်ချခဲ့ပြီး ငါ့အမေကိုတော့ အမှောင်ထုချောက်နက်ကြီးထဲကို ပစ်ချခဲ့တာပဲ။ ဟမ့်၊ အင်မော်တယ်ဧကရာဇ်မင်းမြတ်ရဲ့ သားတော်တစ်ပါးဆိုတာက ငါ့အတွက်တော့ ဂုဏ်ယူစရာ လုံးဝ မဟုတ်ဘူး။ အဆုံးမဲ့ သရော်မှုတစ်ခုသာ ဖြစ်တယ်။" ချင်ယွင်က သူ့ကိုယ်သူ သရော်ဟန်ဖြင့် ရယ်မောရင်း သ်၏မျက်လုံးထဲတွင် အမျက်ဒေါသများ ပြည့်နှက်နေ၏။
ဟောင်ခွန်သည် လေးလေးနက်နက် မျက်မှောင်ကြုတ်လိုက်မိသည်။ ချင်ယွင်၏ မာနကြီးသော အသွင်အပြင်ကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက သနားကြင်နာမှု အရိပ်အယောင်ကို ထုတ်ဖော်ပြသ၍ မရပေ။
သူတို့ဖခင်ကိုယ်တိုင်က သေမျိုးလောကကို ပစ်ချပြီး သူတို့၏ ကျင့်ကြံမှုအခြေခံကို သုံးစားမရအောင် လုပ်ခဲ့မည်ဆိုလျှင်၊ ထိုအချက်ကို လူအများက လက်ခံနိုင်မည် မဟုတ်ပေ။
ဤရှုထောင့်မှ ကြည့်လျှင် ချင်ယွင် ၏နောက်ခံသည် ထိုသာမန်သေမျိုးများ အနေဖြင့်၊ လုံးဝ မယှဉ်နိုင်သည့်အရာ ဖြစ်သည်။
ဒါဆို သူ၏အဆင့်အတန်းက မြင့်မြတ်နေသည် ဆိုလျှင်ကော ဘာဖြစ်လဲ?။ အကယ်၍ သူ၏ မိသားစုက အနားမှာမရှိဘူးဆိုလျှင် အရာအားလုံးက တိမ်တိုက်ကြီးသဖွယ် ဖြစ်သွားပါလိမ့်မည်။
စိတ်ခံစားချက်ကို ပထမဦးစားပေးအဖြစ် မှတ်ယူထားသူ ဟောင်ခွန်အနေဖြင့် သူသည် ဤအချက်ကို အလွယ်တကူ နားလည်နိုင်ပါသည်။
ချင်ယွင်သည် သူ၏အသိအာရုံကို ပြန်လည်စုစည်းပြီးနောက် ဆက်ပြောလိုက်သည် "အစ်ကိုဟောင်၊ ငါတို့တစ်တွေ နှစ်တွေအတော်ကြာ ဝေးကွာရတော့မှာ ဖြစ်ပေမယ့် မင်းကိုတော့ အစ်ကိုဟောင်လို့တောင် ငါ မခေါ်ဝံ့သေးဘူး။ တကယ်တော့ ငါ့စိတ်ထဲမှာ မင်းကို အစ်ကိုတစ်ယောက်လို အမြဲတမ်း ဆက်ဆံခဲ့ပါတယ်၊ ဒီနေ့ပြီးတာနဲ့ မင်းခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စာချုပ်ကို ငါ ဖယ်ရှားပေးမယ်။ ဒါဆို မင်းလည်း လုံးဝ လွတ်မြောက် လိမ့်မည်"။
ဟောင်ခွန်က တစ်ခုခုပြောချင်ပုံရပြီး သူ၏ပါးစပ်ကို ဖွင့်ထားသော်လည်း ချင်ယွင်က သူ၏ စိတ်ထဲ ဆုံးဖြတ်ထားကြောင်း သူ၏လက်ကို ဝှေ့ယမ်းပြသည်ကို တွေ့လိုက် ရသည်။
"ကောင်းပြီလေ၊ ငါက သေချာပေါက် မင်းရဲ့အစ်ကိုတစ်ယောက် ဖြစ်ရမယ်!" ဟောင်ခွန်က ပြုံးပြီး ပြောလိုက်သည်။ ချင်ယွင်သည် ဤအရာအားလုံးကို ပြောပြနိုင်သည့်အတွက် သူ့ကို လူယုံအဖြစ် ရှင်းရှင်းလင်းလင်း မှတ်ယူခဲ့သည်မှာ သေချာပါသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ “အကိုကြီးဟောင်၊ ဒီနေ့ အစ်ကိုဟောင်ကို ကျွန်တော် ပြောခဲ့တာတွေကို မှတ်သားထားပါ။ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ ပြန်မပြောရဘူး။ အစ်ကိုဟောင် အင်မော်တယ်ကမ္ဘာရဲ့ ဘယ်မင်းဆက်ကိုပဲ ရောက်ရောက် ကျွန်တော့်အကြောင်း ဘယ်သူ့ကိုမှ မပြောမိစေနဲ့။ ရန်သူတွေက ကျွန်တော့်အကြောင်း သိသွားတာနဲ့ အစ်ကိုဟောင် အသတ်ခံရဖို့ အလားအလာ အရမ်းများတယ်။"
ဟောင်ခွန်က ခေါင်းညိတ်လိုက်သည်။ ချင်ယွင်ဆိုလိုသည်ကို သူနားလည်ပါသည်။ သူ့မျက်လုံးတွေ၏ နက်ရှိုင်းဆုံးအရပ်မှာ ပြင်းထန်သော ခံစားချက် အရိပ်အယောင်တွေ ထွက်ပေါ်လာပြီး ချင်ယွင်ကို သူ၏ညီတစ်ယောက်အဖြစ် လုံးဝ မှတ်ယူလိုက်ပါသည်။
ချင်ယွင်သည် ဟောင်ခွန် ခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပါသည်။