← Chapters

အခန်း ၆၃၄

Vol. 43 Ch. 634

အခန်း ၆၃၄

Vol. 43 Ch. 634

အခန်း (၆၃၄) ဟောင်ခွန်အင်မော်တယ်ကမ္ဘာသို့တက်လှမ်းသွားခြင်း။

နောက်နှစ်ရက်တွင် ချင်ယွင်သည် ဟောင်ခွန် နှင့်အတူ စကားစမြည် ပြောနေခဲ့ပါသည်။

ချင်ယွင်က အင်မော်တယ်ကမ္ဘာနှင့်ပတ်သက်ပြီး သူ၏အတွေ့အကြုံတွေ အကြောင်း ပြောပြခဲ့ပြီး ဟောင်ခွန်ကတော့ ဝမ်အာနှင့် သူ၏အကြောင်းတွေကို ချင်ယွင်ကို ပြောပြ ခဲ့ပါသည်။

သူတို့နှစ်ယောက်သည် ဝိုင်အကြောင်းပြောဆိုကြပြီးနောက် မကြာခင်မှာဘဲ အချင်းချင်း လူယုံများ ဖြစ်လာကြပါသည်။

ချင်ယွင်သည် ဟောင်ခွန်၏ စိတ်ဝိညာဉ်စာချုပ်ကို ဖယ်ရှားခဲ့ပြီး သူ၏ လွတ်လပ်ခွင့်ကို ပြန်လည် ရရှိစေခဲ့သည်။

တကယ်တော့ ချင်ယွင်သည် ဟောင်ခွန်၏ ပင်ကိုယ်စရိုက်ကို အမြဲလေးစားခဲ့သူ ဖြစ်သည်။ ဝမ်အာအပေါ်မှာ သူ၏စွဲလန်းမှုက အရမ်းကို လေးစားဖို့ကောင်းပါသည်။ ဝမ်အာနှင့်ပတ်သက်ပြီး သူ၏စွဲလမ်းကြီးသော ချစ်ခြင်းမေတ္တာက ချင်ယွင်၏ရင်ကို ထိမှန်စေခဲ့သည်။ ဟောင်ခွန်သည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားပြီးနောက် သူနှစ်သက်သော အမျိုးသမီးနှင့် တွေ့ဆုံနိုင်မည်ဟုလည်း ချင်ယွင် ယုံကြည်ပါသည်။

မကြာမီ၊ သုံးရက်မြောက်နေ့သည် လျင်မြန်ရောက်ရှိလာခဲ့ပြီး၊ ဟောင်ခွန်၏ ကောင်းကင်ကပ်ဘေးဒုက္ခသည် နောက်ဆုံးတွင် လူတိုင်း မျှော်လင့်ထားသည့်အတိုင်း ကျဆင်းလာခဲ့ပါသည်။

ဟောင်ခွန်သည် သူ၏ကပ်ဘေးဒုက္ခ ဖြတ်ကျော်မည့်နေရာအဖြစ် လင်ရှင်းရေကန်ကို ရွေးချယ်ထားပါသည်။ ဤနေရာသည် အတော်လေးကျယ်ဝန်းပြီး ချင်ယွင်သည် ထိုအချိန်တုန်းက ဤနေရာတွင် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့ဖူးပါသည်။

သို့သော်၊ လင်ရှင်းရေကန်သည် အလွန်ကျယ်ဝန်းသော်လည်း၊ ကပ်ဘေးဒုက္ခများ ကျဆင်းလာချိန်မှာ လင်ရှင်းရေကန်ပတ်ပတ်လည်မှာ လူပေါင်းများစွာ ဝန်းရံနေ သေးသည်။

ဤသည်မှာ ဒဏ္ဍာရီလာ အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကပ်ဘေးဒုက္ခ ကြီး ဖြစ်လေသည်။ လူတော်တော်များများသည် ဤသည်ကို သူတို့ဘဝတစ်သက်တာ လုံး မမြင်ဖူးကြသည့်အတွက် သဘာဝအတိုင်း အရမ်းကို သိချင်နေကြပါသည်။

ဟောင်ခွန်သည် လွန်ခဲ့သောနှစ်ပေါင်းငါးရာခန့်က နာမည်ကျော်ကြားခဲ့သည့် ပြိုင်ဘက်ကင်း ဓားအင်မော်တယ်တစ်ယောက်အဖြစ် ထိုက်တန်သူ ဖြစ်ပါသည်။ သူ့အတွက်၊ ဤအင်မော်တယ်အသွင်ကူးပြောင်းခြင်းကပ်ဘေးဒုက္ခသည် ကြီးမားသည့် ခြိမ်းခြောက်မှုကြီးတစ်ခု မဟုတ်တော့ပါဘူး။

ကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် စုစုပေါင်း ကိုးခုရှိခဲ့ပါသည်။ ပထဆုံး ကောင်းကင် ကပ်ဘေးဒုက္ခခြောက်ပါးတွင် ဟောင်ခွန်သည် သူ၏ဓားကိုပင် အသုံးမပြုခဲ့ဘဲ ၎င်းတို့ကို အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ပါသည်။

သတ္တမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် ဆင်းသက်လာပြီး ကြောက်မက်ဖွယ် ကောင်းသော ခရမ်းရောင်လျှပ်စီးကြောင်းသည် ဧရာမနဂါးကြီးကဲ့သို့ ကျဆင်းလာခဲ့ သော်လည်း ဟောင်ခွန်၏ဓားကြောင့် နှစ်ပိုင်းကွဲသွားပါသည်။

အဋ္ဌမမြောက် ကောင်းကင်ဒုက္ခကြီး၏ တန်ခိုးအစွမ်းသည် အကန့်အသတ် မရှိခဲ့ပေ။ ဟောင်ခွန်သည် ဓားနယ်မြေတစ်ပိုင်းကို တိုက်ရိုက် အသုံးပြုခဲ့သော်လည်း ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး သည် ရေကန်အောက်ခြေသို့ ကျရောက်သွားဆဲ ဖြစ်ပါသည်။

ဟောင်ခွန်သည် ရေကန်အောက်ခြေမှ ပြန်တက်လာစဉ်မှာ သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ပြင်းထန်နေပြီ ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင်၊ နဝမမြောက် ကောင်းကင်ကပ်ဘေးဒုက္ခသည် နောက်မှနေ နီးကပ်စွာ လိုက်ပါလာခဲ့သည်။

ဟောင်ခွန်သည် နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခကြောင့် မှင်သက်တွေဝေသွားခဲ့ပြီး ထိုနေရာတွင် ရပ်တန့်နေခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်လျှပ်စီးက ကျဆင်းလာပါသည်။ ၎င်းလျှပ်စီး၏ စွမ်းအား သည် ကြောက်စရာမဟုတ်တော့ပေ။ အဋ္ဌမမြောက် လျှပ်စီးထက်ပင် အားနည်းပါသည်။ သို့သော်လည်း၊ အကယ်၍ ဟောင်ခွန်သည် နှလုံးသားနတ်ဆိုးကပ်ဘေးဒုက္ခကြောင့် အချိန်မီ မနိုးထနိုင်ခဲ့ပါက၊ လျှပ်စီးကြောင်းဒုက္ခသည် သူ့အပေါ် ကျရောက်သွားခဲ့ လျှင်ပင်၊ သူသည် ဤလျှပ်စီးကြောင်းကြောင့် အစိတ်စိတ်အမွှာမွှာ ကြေကွဲသွား ပေလိမ့်မည်။

သို့သော်လည်း အန္တရာယ်၏ နောက်ဆုံးအခိုက်အတန့်တွင်၊ ဟောင်ခွန်၏ မျက်လုံးများ သည် ကြည်လင်ပြတ်သားမှုကို ပြန်လည်ရရှိခဲ့ပြီး သူနှင့် အလွန်နီးကပ်နေသည့် အခြေအနေမှာပင် ကောင်းကင်ကပ်ဘေးဒုက္ခကို ဘာမှမကျန်သည်အထိ တိုက်ခိုက်နိုင် ခဲ့ပါသည်။

ဤနည်းဖြင့်ပင်၊ ဟောင်ခွန်သည် ဒဏ္ဍာရီလာ အင်မော်တယ်အသွင်ကူးပြောင်း နယ်ပယ်ကပ်ဘေးဒုက္ခကို ချောမွေ့စွာ ဖြတ်ကျော်နိုင်ခဲ့ပါသည်။

ဟောင်ကလန်မှ လူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် အနှိုင်းမဲ့ စိတ်လှုပ်ရှားနေသည့် အမူအရာများ ထွက်ပေါ်နေကြသည်။ သူတို့၏ဟောင်ကလန်သည် အင်မော်တယ်တစ်ပါးကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ဤသည်မှာ တုနှိုင်း၍မရသည့် ဂုဏ်ယူဖွယ်ရာ ဖြစ်ပါသည်။

ထို့နောက် ကောင်းကင်ယံ၌ အနက်ရောင်ကပ်ဘေးဒုက္ခ တိမ်တိုက်များ တဖြည်းဖြည်း ပြန့်ကျဲသွားပါသည်။ ယင်းအစား၊ ရွှေရောင်တိမ်တိုက်များက ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ တိမ်များပေါ်မှ ရွှေရောင်အလင်းတန်းများက လင်းလက်လာခဲ့ပြီး ဟောင်ခွန်ကို ဖုံးအုပ်ထားပါသည်။

ဟောင်ခွန်သည် သူ၏မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံး လေထဲတွင် လွင့်မျောနေကာ ရွှေရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို သန့်စင်ပြီး တစ်ကိုယ်လုံးကို ကောင်းချီးပေးနေပါသည်။

ရွှေရောင်အလင်း၏ ကောင်းချီးပေးခြင်းကို ခံယူမူနှင့်အတူ ဟောင်ခွန်၏ဒဏ်ရာများ လုံးဝ ပြန်လည်ကောင်းမွန်လာခဲ့သည်။

သူ၏ရုပ်ရည် အသွင်အပြင်တစ်ခုလုံးသည် ရုတ်တရက် နုပျိုချောမောလာကာ ခေါင်းဖြူဆံပင်များလည်း မည်းနက်သွားကြပါသည်။ သူ၏အသက်က ချင်ယွင်၏ အသက်ရွယ်နှင့် ထူးမခြားနားတော့သလိုပင်။

ဟုတ်ပါသည်၊ အရေးကြီးဆုံးအရာက သူ၏စိတ်နေစိတ်ထားသည် ပြောင်းလဲသွားခြင်း ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်သည် အကန့်အသတ်မရှိသော အင်မော်တယ်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ပြင်းထန်သော အင်မော်တယ် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

ရေကန်တစ်ဝိုက်တွင် စုရုံးနေကြသော လူစုလူဝေးကြီးသည် ဤမြင်ကွင်းကို မြင်သော အခါတွင် သူတို့အားလုံးသည် အနှိုင်းမဲ့ ရိုသေလေးစားသည့် အကြည့်များကို ထုတ်ဖော် ပြသနေခဲ့ကြသည်။ ဟောင်ခွန်ကိုကြည့်နေကြသည့် သူတို့၏ အကြည့်တွေက လေးစားမှုအပြည့် ရှိနေကြပါသည်။

ချင်ယွင်သည်လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပါသည်။ ဤရွှေရောင်အလင်းတန်းသည် ရွှေရောင်အလင်းတန်းများကို ဆွဲဆောင်ရန်ဖြစ်သည်ကို သူ သိပါသည်။ ၎င်းရွှေရောင် အလင်းတန်းသည် သူ၏သေမျိုးစွမ်းအင်များကို သန့်စင်ဖယ်ရှားကာ သူ၏ အင်မော်တယ်ခန္ဓာကိုယ်ကို ပုံဖော်ပြီး အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာစေရန် ဟောင်ခွန်ကို ကူညီပေးနိုင်ပါသည်။

ရွှေရောင်အလင်းတန်းများ ကြာရှည်စွာ ကျဆင်းလာလေ၊ ဟောင်ခွန်အတွက် အကျိုးကျေးဇူး များပြားလေဖြစ်ပြီး၊ အနာဂတ် အင်မော်တယ်ကမ္ဘာတွင် ကျင့်ကြံရာမှာ သူ၏ အလားအလာက ပို၍ကြီးမားလာပါလိမ့်မည်။

အကြမ်းဖျင်း နာရီဝက်ခန့်ကြာပြီးနောက်၊ ဟောင်ခွန်သည် သူ၏ အင်မော်တယ် ခန္ဓာကိုယ်ကို ပုံဖော်ပြီးသွားခဲ့ပြီး သူ၏ အစစ်အမှန် အနှစ်သာရကို အင်မော်တယ် အနှစ်သာရအဖြစ် ပြောင်းလဲပစ်လိုက်ပါပြီ။ သူသည် သူ၏မျက်လုံးများကို ဖြည်းညှင်း စွာ ဖွင့်လိုက်သည်နှင့် ကောင်းကင်နှင့်မြေကြီးကို ပြင်းထန်စွာ တုန်လှုပ်သွား စေခဲ့ပါ သည်။

ဤအခိုက်အတန့်တွင် ဟောင်ခွန်၏ ခန္ဓာကိုယ်သည် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေ၏။ ဤသည်မှာ အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ သူအလိုရှိသည်နှင့် သူသည် ဧရာမအပြာရောင်ကြယ်ကြီးတစ်ခုလုံးကိုပင် အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပါသည်။

ဝှီး….!

ဟောင်ခွန်၏ရုပ်အသွင်သည် တယ်လီပို့စနစ်ကဲ့သို့ ရေကန်ဘေးရှိ ချင်ယွင်၏ ရှေ့တွင် ပေါ်လာသည်။ သူ၏အဝတ်အစားတွေက တဖျပ်ဖျပ် ရိုက်ခတ်နေပြီး အဆုံးမဲ့ အင်မော်တယ် စွမ်းအင်တွေနှင့် ပြည့်နေပါသည်။

"ဟား…။ ဟား…..။ လူတိုင်းက အင်မော်တယ်တစ်ပါး ဖြစ်ချင်နေကြတာ အံ့သြစရာ မရှိတော့ပါဘူး။ အင်မော်တယ်တစ်ပါး ဖြစ်လာရတဲ့ ခံစားချက်က တကယ်ကို ကောင်းလွန်းပါတယ်။" ဟောင်ခွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။

ရွှေရောင်အလင်းတန်းများကို စွဲဆောင်ပြီး ကောင်းချီးခံပြီးနောက် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် မကြုံစဖူးသော စွမ်းအားများကို ပိုင်ဆိုင်သွားကြောင်း ခံစားရစေသည်။ သူ၏ရှေ့မှ ကမ္ဘာကြီးတောင် ပြောင်းလဲလာပါသည်။ သူ၏လက်ကို မြှောက်လိုက်သည် နှင့် ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်နိုင်ပြီး၊ ၎င်းခံစားချက်သည် သေမျိုးများသည် သူတို့၏ဘဝ တစ်သက်တာတွင် မည်သည့်အခါမျှ မခံစားနိုင်တော့သည့် ခံစားချက် တစ်ခု ဖြစ်ပါသည်။

ချင်ယွင်လည်း ခပ်ဖျော့ဖျော့ ပြုံးလိုက်မိပါသည်။ အစစ်အမှန် အင်မော်တယ် နယ်ပယ်ထဲသို့ သူဝင်ရောက်ခဲ့စဉ် အချိန်တုန်းကလည်း သူ၏ စိတ်လှုပ်ရှားမှုသည် ယခု ဟောင်ခွန်နှင့် အတူတူပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤအချိန်တွင် ဟောင်ခွန်၏ စိတ်ခံစားချက်ကို သူ ခံစားနိုင်ပါသည်။

"အစ်ကိုဟောင်၊ ကပ်ဘေးဒုက္ခကို အောင်မြင်စွာ ဖြတ်ကျော်ပြီး အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်တဲ့အတွက် ဂုဏ်ယူပါတယ်။ အစ်ကိုဟောင် က အင်မော်တယ်ကမ္ဘာကို မကြာမီ ရောက်ရှိတော့မယ်။ ဒါကြောင့် ကျွန်တော်က အစ်ကိုဟောင်ကို အင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုနဲ့ အင်မော်တယ် အဆင့်ဓားကျမ်းတစ်ခုကို ကျွန်တော် ပေးလိုက်မယ်။ ဒါတွေက အင်မော်တယ်ကမ္ဘာမှာ အစ်ကိုဟောင်ရဲ့ ကျင့်ကြံမူကို အထောက်အကူ ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်ပါ တယ်။" ချင်ယွင်က ပြုံးပြီး ပြောလိုက်ပါသည်။ ထို့နောက် သူ၏လက်မှ တောက်ပသော အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး ဟောင်ခွန်၏ နဖူးထဲသို့ ပျံတက်သွားပါသည်။

ဟောင်ခွန်သည် ကြီးမားသော သတင်းအချက်အလက် လှိုင်းလုံးကြီးနှစ်ခု ဝင်လာသည်ကို ခံစားလိုက်ရပြီး သူ၏မျက်နှာက စိတ်လှုပ်ရှားနေသည့် အမူအရာတစ်ခု ချက်ချင်း ထွက်ပေါ်လာပါသည်။ သူသည် ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း ကျေးဇူးတင်စိတ်နှင့် ပြည့်နှက်နေသည်။

အင်မော်တယ်ပညာများနှင့် ချင်ယွင်ပေးခဲ့သော ဓားသိုင်းကျမ်းစာသည် မည်မျှ အဖိုးတန်ကြောင်း သူ ခံစားနိုင်သည်။ အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ကန် မည်ဆိုလျှင် ထိုအင်မော်တယ်ပညာနှင့် ဓားသိုင်းကျမ်းစာသည် အင်မော်တယ်ကမ္ဘာမှာ ပင် ရတနာများ ဖြစ်ပါလိမ့်မည်။

ဟောင်ခွန်သည် မည်သည့်ယဉ်ကျေးမူစကားကိုမျှ ပြောမနေတော့ဘဲ သူက လက်နှစ် ဆုပ်ကာ ချင်ယွင်ကို ကျေးဇူးတင်ကြောင်း တိုက်ရိုက် ဖော်ပြလိုက်ပါသည်။

ချင်ယွင်က ပြုံးရုံသာ ပြုံးနေပြီး ယင်းကို ဂရုမစိုက်ပေ။

သူသည် ဟောင်ခွန်ကို သူ၏စိတ်နှလုံးအောက်ခြေမှပင် ညီအစ်ကိုတစ်ဦးကဲ့သို့ ဆက်ဆံ ခဲ့ခြင်းကြောင့် သူ့ကို အင်မော်တယ်ပညာရပ်များ ပေးခြင်းသည် ဟောင်ခွန်သည် အင်မော်တယ်ကမ္ဘာတွင် ပိုမိုကောင်းမွန်သော ဘဝရှင်သန်နေထိုင်နိုင်စေရန် ရိုးရှင်းသော မျှော်လင့်ချက်တစ်ခုမျှသာ ရှိပါသည်။

"စကားမစပ်၊ အစ်ကိုဟောင်၊ အစ်ကိုဟောင် အင်မော်တယ်ကမ္ဘာရောက်တဲ့အခါ လီမူဘိုင်လို့ခေါ်တဲ့ ယစ်ထုတ်အဘိုးကြီးတစ်ယောက်နဲ့တွေ့ရင် ကျွန်တော့်အတွက် သတင်းတစ်ခု ပါးပေးဖို့ မမေ့ပါနဲ့။ သူ၏တပည့် ချင်ယွင်က အသက်ရှင်နေသေးတယ်လို့ သူ့ကို ပြောလိုက်ပါ။" ချင်ယွင် တခဏတုံ့ဆိုင်းသွားပြီး ပြောလိုက်ပါသည်။

တခဏကြာ စဉ်းစားပြီးနောက် ဟောင်ခွန်က ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ငါတွေ့တာနဲ့ မင်းပေးတဲ့သတင်းစကားကို ငါ သေချာပေါက် ပြောပေးပါ့မယ်" ဟု ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်…!" ချင်ယွင်က ပြောသည်။

ဟောင်ခွန်က ယဉ်ကျေးနေဖို့ မလိုဟု ပြောဟန်ဖြင့် သူ၏လက်ကို ဝှေ့ယမ်းပြလိုက်ပါ သည်။

ထို့နောက် ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းများသည် ဟောင်ခွန်၏ ခန္ဓာကိုယ် ပေါ်သို့ တစ်ဖန်ပြန်ဆင်းသက်လာပြီး သူ၏ရုပ်အသွင်သည် လူတိုင်း၏ အကြည့်များ အောက်မှာ တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပါပြီ။

ဘေးပတ်ဝန်းကျင်ရှိလူတိုင်း ဖော်မပြနိုင်အောင်ပင် စိတ်လှုပ်ရှားနေကြပါသည်။ သူတို့သည် ခေတ္တခဏ ရပ်နေကြပြီးနောက် တဖြည်းဖြည်း လူစုခွဲသွားကြသည်။

သို့သော်လည်း ချင်ယွင်သည် လင်ရှင်းရေကန်တွင် အကြာကြီး နေခဲ့သည်။ ဤတစ်ကြိမ်တွင်၊ ဟောင်ခွန်၏ တက်လှမ်းသွားမှုသည် ချင်ယွင်ကို ကြီးကြီးမားမား သက်ရောက်မူရှိခဲ့သည်။

ယင်းကြောင့် ချင်ယွင်သည် အင်မော်တယ်ကမ္ဘာမှ သူ၏သူငယ်ချင်းဟောင်းများကို လွမ်းဆွတ်ဘဲ မနေနိုင်ခဲ့ပါချေ။ သူသည် အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းလိုသော ဆန္ဒက ပို၍ ပြင်းပြလာပါသည်။

"ဒီတစ်ခါ ငါ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးထဲက ထွက်တဲ့အထိ စောင့်ရဦးမယ်။ ပြီးရင် ငါ့ရဲ့ကတိကို ဖြည့်ဆည်းပေးဖို့အတွက် လျှို့ဝှက်ဆန်းကြယ်ဂိုဏ်းကို သွားလိုက် မယ်။ ပြီးရင် ငါ အင်မော်တယ်ကမ္ဘာသို့ မတက်လှမ်းနိုင်မချင်း ငါ တိုက်ရိုက် တံခါးပိတ် ကျင့်ကြံတော့မယ်!" ချင်ယွင်က စိတ်ဆုံးဖြတ်လိုက်သည်။

ယခုအချိန်မှာ သူသည် တက်လှမ်းဖို့အတွက် မစောင့်နိုင်တော့ပါဘူး။ သူသည် ယစ်ထုတ်အဘိုးကြီး၊ သွေးဗြဟ္မာ၏အဖွဲ့ဝင်များနှင့် အမှောင်ထုချောက်နက်ကြီးထဲရှိ သူ၏မိခင်ကို ရှာဖွေရန်အတွက် အင်မော်တယ်ကမ္ဘာသို့ သွားလှချင်နေပါပြီ။

ထို့ကြောင့် သူသည် သေမျိုးကမ္ဘာရှိ ကိစ္စအားလုံးကို အမြန်ဆုံး ဖြေရှင်းလိုပြီး သူတက်လှမ်းသွားနိုင်သည်အထိ ကျင့်ကြံရန် အာရုံစိုက်လိုသည်။

"ဒါပေမယ့် ငါ မတက်လှမ်းခင်မှာ ဒီအင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးနဲ့ ပတ်သက်ပြီး ထူးခြားချက်အပြင် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို ရယူသွင်းချင်တယ်" ချင်ယွင်၏ မျက်လုံးများသည် စိတ်ပိုင်းဖြတ်မူနှင့်အတူ ဝင်းလက်တောက်ပလာသည်။

ထို့နောက် သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး နတ်ဆိုးနတ်ဘုရား နန်းတော်ဆီသို့ ပြေးသွားခဲ့ပါသည်။

All Chapters