အခန်း ၆၃၅
Vol. 43 Ch. 635
အခန်း (၆၃၅) လူတိုင်းစုစည်းကြခြင်း။
တခဏအတွင်းမှာပင် အချိန်ခြောက်ရက်က ကုန်ဆုံးသွားပါသည်။
ဤခြောက်ရက်အတွင်း ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားနန်းတော်တွင် ဂရုတစိုက် ကျင့်ကြံနေခဲ့ပါသည်။
ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ၏ အလယ်အလတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရက ပို၍ပင် ထူထပ်လာပါသည်။
အစစ်အမှန် အနှစ်သာရ ကြွယ်ဝမှုအရအဆို ချင်ယွင်၏ အစစ်အမှန် အနှစ်သာရသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးထက် အားမနည်းတော့ပေ။ သူ၏အရည်အသွေးသည် သာမန်မြေကမ္ဘာအင်မော်တယ် နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူတစ်ဦးထက် အဆပေါင်းများစွာ မြင့်မားပါသည်။
ယနေ့သည် ဆယ်ရက်မြောက်နေ့ ဖြစ်ပါသည်။ ချင်ယွင်သည် သဘောတူညီချက် အတိုင်း လိုက်နာပြီး ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့ကို ခေါ်ဆောင်ပြီး အဆုံးမဲ့ ချောက်နက်ကြီးထဲတွင် စောင့်ဆိုင်းနေပါသည်။
ချင်ယွင်သည် အဆုံးမဲ့ချောက်နက်ကြီးထဲသို့ သူ နောက်ဆုံးအကြိမ်တုန်းက ဝင်ရောက်ခဲ့ သည့်အချိန်ကို သတိရလိုက်မိသည်။ ချောက်နက်ကြီး၏ အောက်ခြေမှ ဖြစ်ပေါ်လာ သော စွမ်းအင်အတက်အကျလှိုင်းများသည် သူ၏နှလုံးကို ရင်တုန်စေခဲ့ဖူးသည်။ ထိုအချိန်တုန်းက ချင်ယွင်သည် တာအိုအငွေ့အရည်ဖွဲ့ခြင်း နယ်ပယ်တွင်သာ ရှိပါသေး သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားသည် မြေကမ္ဘာ အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ပင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း ဖော်ပြပါ စွမ်းအင်အတက်အကျများလှိုင်းက ချင်ယွင်၏ နှလုံးကို ရင်တုန်စေခဲ့ပါသေးသည်။
ချင်ယွင်သည် ဖော်ပြပါ မွန်းစတာကြီး၏ အစွမ်းကို တွေးဆ၍ပင် မရတော့ပေ။
ချင်ယွင်သည် ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို့ကို ဖော်ပြပါ သတ္တဝါကြီး အကြောင်းကို မေးမြန်းခဲ့သော်လည်း ၎င်းတို့ နှစ်ဦးစလုံးသည် ဤနတ်ဆိုးသားရဲကြီးကို ယခင်က မမြင်ဖူးကြောင်း ပြောကြားကြပါသည်။
သူတို့သည် အင်မော်တယ်နန်းတော်တွင် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ကြပြီး ထိုနတ်ဆိုးသားရဲကြီးကို တစ်ကြိမ်တစ်ခါမျှပင် မတွေ့ခဲ့ရသောကြောင့် ချင်ယွင်လည်း အလွန် အံ့သြသွားခဲ့ရသည်။
"အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးထဲမှာ ဒီနတ်ဆိုးသားရဲကြီးက အသက်ရှင်နေတာများ လား?" ချင်ယွင်က သူ့ကိုယ်သူ တွေးနေမိသည်။
ဝှီး….!
သို့သော် ဤအခိုက်အတန့်တွင် ပင်လယ်ရေကို ဖြိုခွင်းလိုက်သော အသံနှစ်ခုသည် ချင်ယွင်၏ အတွေးရထားကို အနှောင့်အယှက် ဖြစ်သွားစေသည်။
ချင်ယွင်က ခေါင်းမော့ပြီး ရောက်လာသူများ၏ ဦးတည်ရာအရပ်ကို ကြည့်လိုက်သည်။ အဝေးမှာ အရှိန်ဟန်နှင့် ပျံသန်းလားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးကို သူမြင်လိုက်ပါသည်။ လွန်ခဲ့သည့် တစ်စက္ကန့်တွင် သူတို့သည် မီတာတစ်ထောင် အကွာအဝေးတွင် ရှိနေဆဲဖြစ်သော်လည်း နောက်တစ်စက္ကန့် အကြာမှာတော့ သူတို့သည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။
"ဟား…။ ဟား…။ ငါက ပထမဆုံးရောက်လာတာလို့ ထင်နေခဲ့တာ။ ညီအစ်ကိုချင်က ငါ့ထက်တောင် ပိုတက်ကြွနေမယ်လို့ ငါ မမျှော်လင့်ထားဘူး။" ချင်းဝူယန်၏ ခန္ဓာကိုယ်က ချင်ယွင်၏ရှေ့သို့ ရောက်ရောက်ချင်း သူက ကျယ်လောင်စွာ ရယ်မောကာ ပြောလိုက်သည်။
လင်းယွန်ယန်သည် သူမ၏ ချစ်စဖွယ်မျက်နှာပေါ်တွင် တည်ငြိမ်သော အပြုံးဖြင့် သူ၏ နောက်မှ တိတ်တဆိတ် လိုက်ပါလာခဲ့သည်။
"အစ်ကိုချင်းက ကျွန်တော့်ကို အချီးကျူးလွန်နေပါပြီ။ အစ်ကိုချင်းရဲ့ မျက်နှာက နွေဦးပေါက်ရာသီဉတုလို ကြည်လင်နေတာ တွေ့ရတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်က တော်တော်လေး ပျော်နေမှာ သေချာပါတယ်" ချင်ယွင်က တဟားဟားရယ်ရင်း ပြောလိုက်ပါသည်။
"ဟား…၊ ဟား…..။ ညီလေးချင်က တကယ်ကို ထက်မြက်တဲ့လူပဲ။ မှန်တယ်၊ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငါ ယွန်ယန်ကို ခေါ်ပြီး ပတ်ပတ်လည်ကို လျှောက်လည်ခဲ့တယ်။ ပုံမှန်အားဖြင့်ဆို၊ ငါက အင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်ဂိုဏ်းထဲမှာပဲ ကျင့်ကြံရင်း နဲ့ အလုပ်ရှုပ်နေတယ်။ အခု ငါ သေမျိုးကမ္ဘာကို ရောက်လာခဲ့တော့ သဘာဝအတိုင်း အချိန်ကောင်းတွေ ရှိလာခဲ့တယ်။ . သေမျိုးကမ္ဘာမှာရှိတဲ့ ရှုခင်းတွေကလည်း အင်မော်တယ်ကမ္ဘာနဲ့ မတူကွဲပြားတဲ့ ဆွဲဆောင်မှုရှိတယ်ဆိုတာ ပြောစရာတောင် မလိုပါဘူး။" ချင်းဝူယန် ရယ်မောပြီး ပြောလိုက်ပါသည်။
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်လိုက်ပါသည်။ အင်မော်တယ်များသည် သက်တမ်းရှည် ကြသော်လည်း၊ အင်မော်တယ်အများစုသည် မကြာခဏ သီးသန့် နေထိုင်ကာ ကျင့်လေ့ရှိကြပါသည်။ သူတို့သည် ဆယ်နှစ်မှ နှစ်ဆယ် သို့မဟုတ် ရာစုနှစ်တစ်ခု ကျောက်သည်အထိပင် သီးသန့်ကျင့်ကြံနိုင်ကြပါသည်။ ထို့ကြောင့်၊ အင်မော်တယ်များ ပင်လျှင် ၎င်းသဘာဝရူခင်းများကို ခံစားရန် အချိန်များစွာ မရှိပေ။
"အစ်ကိုချင်း၊ ဒီအောက်မှာရှိနေတဲ့ မွန်းစတားကြီးက ဘယ်လိုမွန်းစတားမျိုးလို့ အစ်ကိုချင်း ထင်လဲ?။ ဒီလောက်အဝေးကတောင် ဘာလို့ ဒီလောက်အထိ ကြောက်စရာ ကောင်းနေရတာလဲ?" ချင်ယွင်က မေးလိုက်ပါသည်။
"ငါလည်း မသိဘူး၊ ဒါပေမယ့် အောက်ဖက်ကထွက်ပေါ်လာတဲ့ အငွေ့အသက်တွေအရ အရမ်းကို အစွမ်းထက်တာတော့ သေချာတယ်။ ဒီအငွေ့အသက်ကို ခံစားမိရုံနဲ့တင် ရင်တုန်တဲ့ခံစားချက်မျိုး ခံစားရစေတယ်။" ချင်းဝူယန်၏ အမူအရာက လေးနက်လာ သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ သူ၏စိတ်နှလုံးက ရှုပ်ထွေး လာသည်။
"ဟမ့်၊ အဲဒီကောင်က ဘယ်လိုမွန်းစတားမျိုးပဲ ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ ငါ့လမ်းကို ပိတ်ဆို့ဖို့ သတ္တိရှိသရွေ့ ငါ သူ့ကို သတ်ပစ်မယ်"
ရုတ်တရက် အဝေးမှ အေးစက်စက် လေသံက ထွက်ပေါ်လာပါသည်။ ထို့နောက် ရုပ်အသွင်ပြင်နှစ်ခုသည် အဝေးမှ လျင်မြန်စွာ ဖြတ်ပြေးလာလေသည်။
ချင်ယွင် နှင့် ချင်းဝူယန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြ ပါသည်။ ထိုသူသည် မည်သူမည်ဝါဖြစ်မှန်း သိရှိရန် လှည့်ကြည့်စရာပင် မလိုအပ်ပါချေ။ ကောင်းကင်ဘုံဂိုဏ်း၏ ဖန်ချန်းကျီမှလွဲ၍ အခြားမည်သူကရော ဤမျှ ဟိတ်ဟန်ကြီး မားသည့် လေသံမျိုး ရှိမည်နည်း?။
သေချာပါသည်။ သူပြောပြီးသည်နှင့် ချင်ယွင် နှင့် ချင်းဝူယန်တို့၏ ရှေ့မှာ ရုပ်အသွင်အပြင်နှစ်ခု ပေါ်လာတယ်။ ၎င်းတို့မှာ ဖန်ချန်းကျီ နှင့် ဟန်ဖန်းတို့ ဖြစ်ပါသည်။
ဖန်ချန်းကျီ၏ အမူအရာသည် မောက်မာဝင့်ကြွားပြီး သူ၏အကြည့်များကလည်း မာနကြီး၏။ ချင်ယွင်ကို ကြည့်နေသော သူ၏အမူအရာမှာ ပို၍ပင် အေးစက်သွားသည်။ သေချာသည်မှာ၊ နောက်ဆုံးအကြိမ်တုန်းက ချင်ယွင်သည် သူ၏မျက်နှာကို တက်နင်းခဲ့ ပြီး ယင်းကြောင့်ဖြစ်ပေါ်လာသော အမုန်းတရားများကို သူ၏ နှလုံးသားထဲတွင် ဖုံးကွယ်ထားဆဲ ဖြစ်ပါသည်။
"ဒီလိုဟိတ်ကြီးဟန်ကြီးနဲ့ လေကြီးလေကျယ် ပြောတတ်သူက ဘယ်သူများလဲလို့ ငါ တွေးနေခဲ့တာ။ ဆိုတော့ အင်မော်တယ် ဖန်ချန်းကျီ ဖြစ်နေတာပဲ။ နွားတွေ ကောင်းကင်ပေါ်မှာ ပျံသန်းနေတာ မထူးဆန်းတော့ပါဘူး။ ဒါက အင်မော်တယ်ဖန်က သူတို့ကို လေနဲ့ မှုတ်ထုတ်လိုက်လို့ ဖြစ်ရမယ်" ချင်းဝူယန်က လှောင်ပြောင် ပြောလိုက်ပါသည်။
"ချင်းဝူယန် ၊ မင်း တိုက်ခိုက်ချင်တာလား?။ ငါ မင်းကို ကြောက်တယ်လို့ မထင်နဲ့၊ ဒီနေ့ ငါဖန်ချန်းကျီ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို ပြပေးမယ်" ဖန်ချန်းကျီ က ဒေါသတကြီး ပြောလိုက်ပါသည်။
"လာခဲ့စမ်းပါ…!" ချင်းဝူယန်က အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။
အကယ်၍ ဟန်ဖန်းသာ လှုပ်ရှားလာမည်ဆိုလျှင်၊ သူသည် အနိုင်ရရန်အတွက် စိုးရိမ်ကောင်း စိုးရိမ်မိနိုင်သော်လည်း ဖန်ချန်းကျီကိုတော့ သူ မကြောက်ပါဘူး။
ဖန်ချန်းကျီသည် ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူသည် လှုပ်ရှားတော့မည် ဖြစ်သော်လည်း ဟန်ဖန်းက သူ့ကို နောက်ပြန်ဆွဲကာ ခေါင်းယမ်းပြလိုက်သည်။
ဖန်ချန်းကျီသည် မလိုလားသော်လည်း ယခုအချိန်တွင် လှုပ်ရှားရန် မသင့်တော်ကြောင်း သူ သိသည်။ ထို့နောက် သူသည် အေးစက်စွာ အေးစက်စွာ နှာခေါင်းရှုံ့ပြီး စကားပြော ရပ်လိုက်လေသည်။
ချင်းဝူယန်က ဤအရာကို မျှော်လင့်ထားပြီးသား ဖြစ်ပြီး သူ၏မျက်လုံးတွေက လှောင်ပြောင်သည့် အရိပ်အယောင်ကို ဖော်ထုတ်လိုက်သည်။
ရုတ်တရက်ပင် ပွဲကြည့်ပရိသတ်များလည်း တိတ်ဆိတ်သွားကြပါသည်။
အမွှေးတိုင်တစ်ချောင်းထွန်းချိန်စာလောက် အချိန်ကုန်သွားပြီးနောက်၊ ဖန်ချန်းကျီ သည် နောက်ဆုံးတွင် စိတ်မရှည်သည့် အမူအရာ ထုတ်ဖော်လာခဲ့သည်။
"နှင်းမိန်းကလေး ဘာဖြစ်နေတာလဲ?။ သူမပဲ ဒီမှာတွေ့ဖို့ ရှင်းရှင်းလင်းလင်း သဘောတူထားတာလေ။ အချိန်ကုန်ခါနီးတော့မယ်။ လူတစ်ယောက်တစ်လေတောင် ရောက်မလာသေးတာ ဘာကြောင့်လဲ?။” ဖန်ချန်းကျီ က ဒေါသတကြီး ပြောသည်။
ချင်ယွင် နှင့် ချင်းဝူယန်နှစ်ယောက်လုံး မျက်မှောင်ကြုတ်သွားကြပါသည်။ ချိန်းဆိုထားသည့် အချိန်က ကုန်ဆုံးခါနီး ဖြစ်လာသော်လည်း ထိုနှင်းအမျိုးသမီး ကတော့ ပေါ်မလာသေးပါဘူး။ ယင်းက သူတို့၏ နှလုံးသားကို မသေချာမရေရာမူတွေ ဖြစ်ပေါ်စေခဲ့ပါသည်။
နှင်းအမျိုးသမီးသည် သူမ၏လက်ထဲတွင် အင်မော်တယ်နန်းတော်သော့ နှစ်ချောင်း ရှိနေပါသည်။ အကယ်၍ သူမ မရှိဘူးဆိုလျှင်၊ အင်မော်တယ်ဘုရင်၏ စံအိမ်တံခါးကို သူတို့အနေဖြင့် ဖွင့်ရန် မဖြစ်နိုင်ပေ။
"ကြည့်၊ ဟိုမှာ သူမလာနေပြီ။"
ချင်ယွင် နှင့် ချင်းဝူယန်တို့က နှင်းအမျိုးသမီး ရောက်မလာခြင်းနှင့်ပတ်သက်၍ စိုးရိမ်နေချိန်မှာ ရန်ယုဖန်းက ရုတ်တရက် ပြောလိုက်ပါသည်။
လူတိုင်းသည် ထိုစကားကိုကြား သောအခါ အဝေးသို့ လှည့်ကြည့်ကြသည်။ အဝေးမှာ သူတို့ဆီ ပျံသန်းလာနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။ နှင်းအမျိုးသမီး ထွက်ပေါ်လာပြီးနောက်၊ ပတ်ဝန်းကျင်ပင်လယ်ရေပြင်၏ အပူချိန်သည် ရုတ်တရက် ကျဆင်းသွားပြီး ပင်လယ်ရေပြင်တစ်ခုလုံးသည်ပင် အေးခဲသွားတော့မည် ထင်ရသည်။
"ဘာလို့ သူမတစ်ယောက်တည်း ရှိနေတာလဲ၊ နောက်ထပ် အင်မော်တယ်နန်းတော် သော့ကို သူမ မယူလာခဲ့ဘူးလား?" ချင်းဝူယန်က သံသယစိတ်ဖြင့် မေးလိုက်သည်။
"သူမတစ်ယောက်ဖြစ်ဖြစ်၊ နှစ်ယောက်ဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ?။ အင်မော်တယ်နန်းတော် သော့နှစ်ချောင်းစလုံးကို ယူလာခဲ့ပေးရင် အဆင်ပြေပြီ။" ဖန်ချန်းကျီက ပြောသည်။
လူပိုနည်းလေလေ ပိုကောင်းလေဟု သူ ခံစားရသည်မှာ ထင်ရှားပါသည်။ ဤနည်းအားဖြင့်၊ သူနှင့်အတူ အင်မော်တယ်နန်းတော်ရှိ ရတနာများကို လုယူနိုင်သူ နည်းပါးလိမ့်မည်။
ချင်ယွင်လည်း အလားတူပင် သူ၏စိတ်နှလုံးထဲတွင် ရှုပ်ထွေးနေခဲ့သည်။ ဤ နှင်းအမျိုးသမီးသည် အင်မော်တယ်ကမ္ဘာမှ ကျွမ်းကျင်ပညာရှင်၏ ကိုယ်ပွားတစ်ခု ဖြစ်ကြောင်း သူသိပြီးကတည်းက ဤနှင်းအမျိုးသမီးနှင့် ထပ်မံရင်ဆိုင်ရသောအခါတွင် သူ၏စိတ်ထဲတွင် အနည်းငယ် စိုးကြောက်နေခဲ့ပါသည်။
အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်၏ ကိုယ်ပွားတစ်ခုသည် မြေကမ္ဘာ အင်မော်တယ်နယ်ပယ်၌ပင် ရှိသော်လည်း၊ သူမ၏ နည်းလမ်းများနှင့် ထိုးထွင်း သိမြင်မှုဉာဏ်အလင်းသည် အခြားသူများ ခုခံနိုင်သည့် အရာမဟုတ်ပေ။
ကံကောင်းထောက်မစွာ၊ ဤနှင်းအမျိုးသမီးသည် သူ့အပေါ် ရန်ငြိုးမရှိခဲ့ပါဘူး။ သူ့ကို တစ်ခါလောက် ကူညီပေးနိုင်သည်ဟုပင် ပြောခဲ့ပါသည်။ ဤအရာက ချင်ယွင်၏စိတ် နှလုံးကို ပို၍ နေလို့ကောင်းစေပါသည်။
နှင်းအမျိုးသမီး၏ရုပ်ရည်အသွင်သည် သာမာန်ဖြစ်ပြီး သူမသည် ပါးလွှာသော မျက်နှာကာအဝတ်ကို ဖုံးထားဆဲဖြစ်ပြီး သူမ၏ရုပ်ရည်အသွင်ကို အခြားသူများ မြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။ သို့သော်၊ ဤအရာက သူ့အတွက် ဝေဝါးခြင်း အရိပ်အမြွက်ကို ထပ်လောင်းပေးနေသည်။
"အားလုံး ဒီကို ရောက်နေပြီဆိုတော့ သွားကြရအောင်!" နှင်းအမျိုးသမီး လူတိုင်း၏ ရှေ့မှာ ပေါ်လာပြီး အေးစက်စက် ပြောလာပါသည်။
လူအုပ်ကြီး၏အဖြေကိုပင် မစောင့်တော့ဘဲ သူမသည် တစ်ယောက်တည်း အဆုံးမဲ့ ချောက်နက်ကြီးထဲသို့ ခုန်ဆင်းသွားပါသည်။
ဖန်ချန်းကျီသည် ဤနှင်းအမျိုးသမီး၏ မာနကြီးသော အသွင်အပြင်ကို မြင်လိုက်သော အခါတွင် မကျေနပ်မှု အရိပ်အယောင်များ ချက်ခြင်း ထွက်ပေါ်လာသည်။ "ဟမ့်၊ ငါ့ရှေ့လာပြီး အေးစက်ချင်ယောင် ဆောင်နေသေးတယ်။ မင်းရဲ့ အင်မော်တယ် နန်းတော်သော့ကို ငါတို့ အသုံးပြုပြီး အင်မော်တယ်နန်းတော်ထဲ ဝင်တဲ့အထိ စောင့်နေ ဦး။ ပြီးတော့ မင်းကို ငါဘယ်လိုဆက်ဆံမလဲဆိုတာ ကြည့်ရအောင်။" ထို့နောက် သူသည် ဟန်ဖန်း၏ နောက်သို့ လိုက်ပါသွားသည်။
ချင်ယွင် နှင့် ချင်းဝူယန်တို့သည် အဆုံးမဲ့ချောက်နက်ကြီးထဲသို့ မဆင်းမီ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။