← Chapters

အခန်း ၆၃၆

Vol. 43 Ch. 636

အခန်း ၆၃၆

Vol. 43 Ch. 636

အခန်း (၆၃၆) အင်မော်တယ်ဘုရင်၏စံအိမ်ကြီး

ချင်ယွင်သည် လူအုပ်ကြီးနောက်သို့ လိုက်ပါသွားကာ မီတာထောင်ပေါင်းများစွာနက် သော ချောက်နက်ကြီး၏ အောက်ခြေသို့ နစ်မြုပ်သွားခဲ့ပါသည်။

အဆုံးမဲ့ချောက်နက်ကြီးသည် အင်မော်တယ်ဘုရင်တစ်ပါး၏ ဓားချက်ကြောင့် နက်ရှိုင်းစွာ ဖြစ်ပေါ်လာရန် ထိုက်တန်ပါသည်။ သူတို့ ချောက်နက်ကြီးထဲသို့ ပို၍ ဆင်းလေလေ၊ ချောက်နက်ကြီးထဲ ပြည့်နှက်နေသော ဓားဆန္ဒက ပို၍ ကြောက်စရာ ကောင်းလာလေ ဖြစ်ပါသည်။

အောက်ထဲရှိ အနက်ရောင် အမှောင်ထုကြီးသည် အလွန်ကြီးမားသော ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ ပါးစပ်နှင့်တူပြီး လူတိုင်းကို တဖြည်းဖြည်း ဝါးမျို သွားလေသည်။

ချင်ယွင် အောက်ထဲ နစ်မြုပ်သွားသည်နှင့်အမျှ သူ၏နှလုံးခုန်သံများက ပို၍ပင် ပြင်းထန်လာသည်။

ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးတွင် မည်သို့သော် မွန်းစတားမျိုး ရှိနေကြောင်းကို အမှန်တကယ် သိချင်နေခဲ့ပြီး အဘယ်ကြောင့် သူ၏ခွန်အားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ကျော်လွန်နေပြီ ဖြစ်သော်လည်း ကောင်းကင်ဘုံတာအို၏ နိယာမများက သူ့ကို မထိခိုက်စေရသနည်း?။

တစ်နာရီကြာအောင် အောက်သို့နစ်မြုပ်ပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် နောက်ဆုံးတွင် ချောက်နက်ကြီး၏ အောက်ခြေမှ တားဆီးမူကို ခံလိုက်ရကြသည်။

ဘုန်း…..!

ချင်ယွင် နှင့် အခြားသူများသည် နေရာသစ်တစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ပါးလွှာသော ဧရိယာအတားအဆီးကို ဖြတ်ကျော်သွားပုံရသည်။

အပြင်မှာ မည်းမှောင်နေပြီး အတွင်းပိုင်းမှာတော့ နေ့ခင်းဘက်ကဲ့သို့ တောက်ပ နေပါသည်။

ချင်ယွင်၏ရုပ်အသွင်သည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်သည်နှင့် သူသည် အံ့သြစွာဖြင့် လှည့်ပတ်ကြည့်လိုက်လေသည်။

ထိုအချိန်တွင် သူ၏ခြေဖဝါးအောက်တွင် ကြီးမားသော စတုရန်းလေးထောင့်ပုံစံ ထူထပ်သည့် ကျောက်ပြားကြီး တစ်ချပ်ရှိနေပါသည်။ သို့သော်၊ တစ်ချက်ကြည့်လိုက်ရုံ ဖြင့်ပင် ဤစတုရန်းလေးထောင့်၏ သုံးဖက်သုံးနားသည် အဆုံးသို့ မရောက်ရှိနိုင်ပေ။

စင်မြင်ကြီးနှင့် မနီးမဝေးတွင် ကြီးမားသော တံခါးကြီးတစ်ခု ရှိနေပါသည်။ တံခါးကြီး၏ ဘေးနှစ်ဘက်စလုံးတွင် ကြီးမားရှည်လျားသော နဂါးနှစ်ကောင်ပုံစံ ထုလုပ်ထားသည့် ကြီးမားသော ပန်းပုရုပ်ကြီး နှစ်ခုရှိနေပါသည်။ ထိုနဂါးရုပ်များသည် အသက်ရှင် နေသကဲ့သို့ ပြင်းထန်သော အငွေ့အသက်ကို ထုတ်လွှတ်နေကာ ၎င်းတို့၏ စိတ်နှလုံးကို ကြောက်ရွံ့သွားစေခဲ့သည်။

ဤတံခါးသည် အလွန်မြင့်မားပြီး ရှေးကျကာ ခံ့ညားထည်ဝါသည်။ တံခါးသည် ပေတစ်ရာ မြင့်သည်။ ချင်ယွင်နှင့် အခြားသူများသည် ဤကြီးမားလှသော တံခါးကြီး၏ ရှေ့တွင် ရပ်နေကြပြီး၊ သူတို့သည် အလွန်သေးငယ်သွားကြသည်။

"ဒါက အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ကြီးလား။" ချင်ယွင်သည် သူ၏ရှေ့ရှိ ဧရာမ တံခါးကြီးကို ကြည့်လိုက်ပြီး အလွန်အံ့သြသွားသည့် အမူအရာတစ်ခုကို ထုတ်ဖော် လိုက်သည်။

ဤမျှကြီးမားလှသော တံခါးကြီးထဲသို့ လျှောက်လှမ်းဝင်နိုင်သည်နှင့်၊ သူသည် အင်မော်တယ်နန်းတော်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်မှာ ထင်ရှားပါသည်။

"ဒီတံခါးကြီးကို အစွမ်းထက်တဲ့ အစီအရင်ဝင်္ကပါတစ်ခုနဲ့ လွှမ်းခြုံထားထားတယ်။ အင်မော်တယ်နန်းတော်ရဲ့ သော့တွေကို ကိုင်ထားသူတွေသာ ဒီတံခါးကြီးကို ဖြတ်သွား နိုင်တယ်။ မဟုတ်ရင် အစီအရင်ဝင်္ကပါရဲ့ တိုက်ရိုက် ရှင်းလင်းသုတ်သင်မူကို ခံရ လိမ့်မယ်။" နှင်းအမျိုးသမီးက ပြောသည်။

ချင်ယွင်ခေါင်းညိတ်လိုက်သည်။ သူသည် အစီအရင်မှော်ဆရာတစ်ဦးလည်း ဖြစ်ပါ သည်။ ဤဧရာမတံခါးကြီးအတွင်းမှာ ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော အစီအရင်ဝင်္ကပါ၏စွမ်းအားကို သူခံစားနိုင်သောကြောင့် နှင်းအမျိုးသမီး၏ စကားများ ကို သံသယ မရှိခဲ့ပါ။

"ဘာကို ကြောက်နေတာရလဲ၊ ငါတို့အားလုံးမှာ အင်မော်တယ်နန်းတော်ရဲ့ သော့တွေ ရှိနေတာပဲ။ အဲဒါကို အရင်ပြောရအောင်။" ဖန်ချန်းကျီက စိတ်မရှည်စွာ ပြောလိုက်ပါ သည်။

ဤအင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသည် အင်မော်တယ်ကမ္ဘာက စံအိမ်ကြီး ဖြစ်နိုင် ချေကို သူစဉ်းစားလိုက်သည့်အခိုက် သူသည် သူ၏နှလုံးသားထဲတွင် ပြင်းထန်သော စိတ်လှုပ်ရှားမှုကို မခံစားရဘဲ မနေနိုင်ခဲ့ပါချေ။

လူသား အင်မော်တယ်ဧကရာဇ်များ သို့မဟုတ် နတ်ဆိုးအင်မော်တယ်ဧကရာဇ်များပင် ဖြစ်ပါစေ၊ သူတို့အားလုံးသည် ထိုသူတို့လက်ထဲမှာရှိနေသည့် ထိုအင်မော်တယ်ဘုရင်၏ စံအိမ်ကြီးကို လိုချင်ကြလိမ့်မည်။

ယခုအချိန်တွင် သူသည် အင်မော်တယ်နန်းတော်၏ အဝင်ပေါက်သို့ ရောက်နေပြီ ဖြစ်သည်။ သူ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း?။ ထို့ကြောင့်၊ ဖန်ချန်းကျီ သည် အင်မော်တယ်နန်းတော်၏အဝင်ပေါက်ဆီသို့ ပထမဆုံး လျှောက်သွားသူ ဖြစ်ပါ သည်။

အင်မော်တယ်နန်းတော်သို့ ဝင်ပေါက်ကို ဖွင့်ထားပါသည်။ ဖန်ချန်းကျီသည် အတားအဆီးမရှိဘဲ ဝင်ပေါက်ထဲသို့ လျှောက်လှမ်းသွားပြီး လူတိုင်း၏အကြည့် အောက်မှာ ပျောက်ကွယ်သွားခဲ့ပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ နှင်းအမျိုးသမီးက လုံးဝ တွန့်ဆုတ်နေခြင်း မရှိခဲ့ပါဘူး။ သူမသည် အလင်းတန်းများနှင့်အတူ တံခါးထဲသို့ လျှောက်သွားခဲ့သည်။

"အထဲဝင်ရအောင်!" ချင်ယွင်က ပြောသည်။

ယောင်လင်းခေါင်က ခေါင်းညိတ်ပြပြီး ချင်ယွင်နှင့်အတူ တံခါးဝသို့ လိုက်သွားခဲ့သည်။

ချင်ယွင်သည် တံခါးဝသို့ ဖြတ်ကျော်လှမ်းဝင်လိုက်သည်နှင့် သူ၏ရှေ့မှ မြင်ကွင်းသည် ချက်ချင်း ပြောင်းလဲသွားပါသည်။ တုနှိုင်းမရအောင် ခမ်းနားထည်ဝါတဲ့ ခန်းမကြီးတစ်ခု က လူတိုင်း၏ရှေ့တွင် ပေါ်လာပါသည်။

ပင်မခန်းမကြီးသည် ပေရာနှင့်ချီမြင့်မားပြီး အတွင်းမှာ ရွှေရောင်တောက်ပနေသည့် ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခု ရှိနေပြန်ပါသည်။ ကျောက်စာတိုင်ကြီးလေးခုက ခန်းမကြီးတစ်ခုလုံးကို ကောင်းကင်ဘုံကို ထောက်ထားသည့် တိုင်များကဲ့သို့ ထောက်ထားပါသည်။

ချင်ယွင်သည် သူ၏မျက်လုံးများတွင် အံ့အားသင့်သည့် အမူအရာဖြင့် ရွှေရောင် ခန်းမကြီးကို ကြည့်လိုက်ပါသည် ။

ဤခန်းမကြီးသည် သေမျိုးကမ္ဘာ၏ ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေခြင်း မရှိဘဲ၊ အင်မော်တယ်ကမ္ဘာ၏ အင်မော်တယ်စွမ်းအင်နှင့် ပြည့်နှက်နေပါသည်။ အမှန်တကယ် ဆို ၎င်း၏ သိပ်သည်းမှုသည် အင်မော်တယ်ကမ္ဘာထက် အားနည်းခြင်း မရှိလှပေ။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် ယောင်လင်းခေါင်နှင့် အခြားသူများသည် ထွက်ခွာရန် ဆန္ဒမရှိဘဲ ဤနေရာတွင် အနှစ်ခြောက်ဆယ်ကြာ ကျင့်ကြံနိုင်ခဲ့သည့် အကြောင်းရင်းကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပါပြီ။ ဤနေရာတွင် တစ်နှစ်ကြာ ကျင့်ကြံခြင်းသည် အပြင်ဘက်တွင် ဆယ်နှစ်ကြာ ကျင့်ကြံခြင်းနှင့် ညီမျှကြောင်း ထင်ရှားပါသည်။ ဤသည်မှာလည်း သူတို့သည် သူတို့၏ခန္ဓာကိုယ်များ ကို အင်မော်တယ်ခန္ဓာများအဖြစ် အမှန်တကယ် မသိပ်သည်းနိုင်သောကြောင့် ဖြစ်ပါ သည်။

အကယ်၍ သူတို့သည် သူတို့၏ အင်မော်တယ်ခန္ဓာကိုယ်များကို သိပ်သည်းလိုက်မည် ဆိုလျှင် သူတို့၏ ကျင့်ကြံနှုန်းသည် အပြင်ဘက်ထက် အဆတစ်ရာ ပိုမြန်ပေလိမ့်မည်။

ဟုတ်ပါသည်၊ ချင်ယွင်ကို ထိတ်လန့်တုန်လှုပ်စေသည့်အရာက ကျောက်စာတိုင်ကြီး လေးတိုင်ကို စိတ်ဝိညာဉ်ပုံစံတွေနှင့် လွှမ်းခြုံထားပြီး အားလုံးကလည်း ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားနိုင်သည် စိတ်ဝိညာဉ်အစီအရင်ပုံစံ များ ဖြစ်ပါသည်။

ပတ်ဝန်းကျင်တွင် ကြီးမားသော စင်မြင့်ပေါင်းများစွာ ရှိနေပါသည်။ စင်မြင့်တွေက ဗလာကျင်းနေပြီ။ ၎င်းတို့ပေါ်ရှိ ပစ္စည်းများကို တစ်စုံတစ်ဦးမှ လုယူသွားပြီ ဖြစ်ကြောင်း ထင်ရှားသည်။

ခန်းမရှေ့တွင် တံတိုင်းကြီးတစ်ခု ရှိနေ၏။ နံရံပေါ်တွင် နဂါးကိုးကောင်ရှိကာ ပုံစံတွေက အသက်ဝင်လှပါသည်။

ဟုတ်ပါသည်၊ ဤအချိန်မှာ ချင်ယွင် အမှန်တကယ် အာရုံစိုက်နေသည့် အရာက နဂါး ကိုးကောင် မဟုတ်ပါဘူး။ ယင်းအစား၊ သူတို့လက်ထဲမှာရှိနေသည့် အင်မော်တယ် နန်းတော်သော့တွေနှင့် အရွယ်အစားတူသော နဂါးကိုးကောင်၏ ပါးစပ်ထဲက အပေါက် တွေကို ဖြစ်ပါသည်။

"ဒါက အင်မော်တယ်ဘုရင် စံအိမ်ကြီးရဲ့ အတွင်းပိုင်းကို ဖွင့်ဖို့ တံခါးများဖြစ်နေမ လား?။" ချင်ယွင်က သံသယစိတ်ဖြင့် မေးလိုက်သည်။

သို့သော် ထိုအချိန်တွင် ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော နှင်းအမျိုးသမီးသည် နဂါးကိုးကောင် အရိုသေပြုနေသည့် ဦးတည်ရာအရပ်ဆီသို့ တိတ်တဆိတ် စိုက်ကြည့် နေကြောင်း တွေ့ရှိခဲ့ရသည်။

သို့သော်လည်း ချင်ယွင်ကို ကြည့်လိုက်စဉ်မှာ ထိုနေရာတွင် ဘာမှမရှိသလို ရုပ်ပုံလေး တစ်ပုံတောင် မရှိပါဘူး။

ဤနှင်းအမျိုးသမီးက ဘာတွေကြည့်နေလဲဆိုသည်ကို သူ နားမလည်ပါဘူး။

"အဲဒါ သူပဲ။ မှန်တယ်။ ဒါ သူ့ရဲ့စံအိမ်ကြီးပဲ။ ဟား…။ ဟား….။ အင်မော်တယ် ကမ္ဘာထဲကလူတိုင်း အိပ်မက်မက်ခဲ့ရတဲ့ လူတစ်ယောက်ရဲ့ စံအိမ်ကြီးကို ငါဖန်ချန်းကျီ က ဒီသေမျိုးကမ္ဘာလေးမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ။ ကောင်းကင်ဘုံက ငါ့ကို ကူညီပေးနေတာပဲ!" ဖန်ချန်းကျီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ နဂါးကိုးကောင် အရိုအသေပြုနေသည့် ပုံတွေကို ကြည့်လိုက်လိုက်ရင်း သူ၏မျက်လုံးတွေက ဖော်ပြ၍ပင်မရသည့် စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်နေပါသည်။

ဖန်ချန်းကျီ သာမကဘဲ အမြဲတမ်းလိုလို တိတ်ဆိတ်နေသည့် ဟန်ဖန်းပင်လျှင် သူ၏ မျက်လုံးများတွင် အနှိုင်းမဲ့ တောက်ပနေသော အလင်းတန်းများ ရှိနေပါသည်။

ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည်လည်း တုနှိုင်းမရအောင် ကြီးမားလှသည့် ရတနာသိုက်ကြီးကို ရှာဖွေတွေ့ရှိသွားသလိုမျိုး စိတ်လှုပ်ရှားဟန် အမူအရာတွေကို ထုတ်ဖော်ပြသနေကြ၏။

ချင်ယွင်၊ ယောင်လင်းခေါင် နှင့် အခြားသူများ အားလုံးသည် စိတ်ရှုပ်ထွေးသွားကြပါ သည်။ နဂါးကိုးကောင်အရိုသေပြုနေသည့်ပုံတွေကို မြင်တွေ့ရုံဖြင့် ဤလူများသည် အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှားနေကြသည်ကို သူတို့ နားမလည်နိုင်ကြပါ။

ချင်ယွင်သည် အင်မော်တယ်ကမ္ဘာ နဂါးကိုးကောင်အရိုသေပြုနေသည့် ပုံကြမ်းနှင့် မည်သည့်လူမျိုးက ပတ်သက်နေသနည်းဆိုသည်ကို စိတ်ထဲမှာ မှတ်မိရန် ပြန်ကြိုးစား ရင်း အနည်းငယ် မျက်မှောင်ကြုတ်နေမိသည်။

သို့သော် ချင်ယွင်က အချိန်အတော်ကြာအောင် တွေးနေသော်လည်း သူ ဘာမှ မရရှိ သေးပေ။ သူ၏စိတ်ထဲတွင်၊ ဤနဂါးကိုးကောင်အရိုသေပြုနေသည့် ပုံကြမ်းတွေကို အင်မော်တယ်ကမ္ဘာမှာမဟုတ်ဘဲ တုလုံကျွန်းအောက်ရှိ နန်းတော်ထဲတွင်သာ မြင်ခဲ့ဖူး သည်။

အဆုံးတွင်၊ ချင်ယွင်သည် လုံးဝ အံ့သြခြင်းမရှိပါ။ သူသည် အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ သားတော်တစ်ပါးဖြစ်ပြီး ငယ်စဉ်ကတည်းက စာပေမျိုးစုံကို အကျယ်တဝင့် ဖတ်ဖူးသော်လည်း ၎င်းအရာအားလုံးကို သူသိသည်ဟု မဆိုလိုပါ။

သေချာသည်မှာ၊ သူသည် ဤနဂါးကိုးကောင်အရိုသေပြုနေသည့် ပုံကြမ်းတွေ အကြောင်း လုံးဝ မသိခဲ့ပါ။

ချင်ယွင်သည် တခဏတာ တွန့်ဆုတ်သွားပြီးနောက် ဤနဂါးကိုးကောင် အရိုသေပြု နေသည့် ပုံကြမ်းတွေကိုကြည့်နေသော နှင်းအမျိုးသမီးဆီ လှမ်းမေးလိုက်ပါသည် "စီနီယာ၊ ဤနဂါးကိုးကောင်အရိုသေပြုနေတဲ့ ပုံကြမ်းတွေက ဘာတွေများ ထူးဆန်း လို့လဲ။ ဤနဂါးကိုးကောင်အရိုသေပြုနေတဲ့ပုံကြမ်းတွေကို တွေ့တာနဲ့ သူတို့က ဘာလို့ အရမ်းကို စိတ်လှုပ်ရှားနေပုံရတာလဲ။?"

နှင်းအမျိုးသမီးသည် အနည်းငယ် အံ့သြသွားသည်။ သူမက ချင်ယွင်ကို လှည့်ကြည့် လိုက်ပြီး ရှင်းရှင်းပြောရရင်၊ ချင်ယွင်က သူမကို အခုလိုမေးမည်ဟု မျှော်လင့်မထားပေ၊ သို့သော်လည်း သူမသည် ရှင်းပြလိုက်ပါသည် "ဒီ ဤနဂါးကိုးကောင်အရိုသေပြုနေတဲ့ ပန်းချီကားက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးထောင်က အင်မော်တယ်ကမ္ဘာက ကျွမ်းကျင်သူ တစ်ယောက်နဲ့ ဆက်နွယ်နေတယ်။ ကြည့်လိုက်ရင် နဂါးကိုးကောင်က အရပ်မျက်နှာ တစ်ခုကို အရိုသေပြုနေတယ် ထင်ရပေမယ့် အမှန်တကယ်တော့ အဲဒီအရပ်မျက်နှာမှာ မူလက လူတစ်ယောက်က မတ်တပ်ရပ်ပြီး ရှိနေခဲ့တယ်။ ဒါပေမယ့် အဲဒီလူပုံကို တမင်တကာ ဖျက်ပစ်ခဲ့တယ်။ အဲဒီလူကလည်း ဒီနဂါးကိုးကောင်ကို ကိုယ်စားပြုတယ်။ ဒီပုဂ္ဂိုလ်ဟာ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်က အင်မော်တယ်ကမ္ဘာကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး၊ လူသားတွေရော နတ်ဆိုသားရဲ အင်အားစုတွေက ပါ သူ့နေရာကို လိုက်ရှာနေကြတာ။"။

"သူက ဘာလုပ်ခဲ့လို့လဲ?၊ လူသားတွေနဲ့ နတ်ဆိုးသားရဲတွေက သူ့ကို အကြာကြီး ရှာဖွေနေတာ တန်ရောက် တန်လို့လား" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ နှင်းအမျိုးသမီးက "သူက လူသားမျိုးနွယ်နဲ့ နတ်ဆိုးမျိုးနွယ်က မျိုးနွယ်နှစ်ခုရဲ့ ရတနာတွေကို ခိုးယူသွားခဲ့တယ်!"

"ဘာ….?" ချင်ယွင်၏မျက်နှာသည် တုနှိုင်း၍မရလောက်အောင် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာ ချက်ချင်းပေါ်လာသည်။

နဂါးမျိုးနွယ်၏ နတ်နဂါးကျောက်စိမ်းတံဆိပ်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ကြီး ထဲတွင် ရှိနေကြောင်း သူ ကြားသိထားသော်လည်း၊ လူသားမျိုးနွယ်၏ အဖိုးတန် ဆုံးသော ရတနာသည်လည်း ဤအင်မော်တယ်ဘုရင်၏စံအိမ်ကြီးတွင် ရှိနေသည်ကို သူ မသိသေးပါ။

"ဒီလူက အတိအကျ ဘယ်သူလဲ?။ ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိတဲ့လူက ကောင်းကင်ဘုံကို အံတုနိုင်သူလို့ ပြောလို့ရတယ်" ချင်ယွင်သည် အင်မော်တယ်ဘုရင်စံအိမ်ကြီး၏ ပိုင်ရှင်၏ ကိုယ်ရေးအချက်ကို ပို၍ပင် သိချင်လာပါသည်။

All Chapters