အခန်း ၆၃၇
Vol. 43 Ch. 637
အခန်း (၆၃၇) ဖရိုဖရဲ နတ်နဂါးအုပ်စိုးရှင်ခန္ဓာကိုယ်
ဒဏ္ဍာရီအရ ကောင်းကင်နှင့်မြေကြီး စတင်မွေးဖွားချိန်မှာ ဖရိုဖရဲ ရတနာငါးခုသည် မွေးဖွားလာသည်ဟု ဆိုထားကြပါသည်။ ၎င်းတို့မှာ ကောင်းကင်ဖွင့်ပုဆိန်၊ အရှေ့ပိုင်း ဧကရာဇ်ခေါင်းလောင်း၊ ကြည်လင်ကောင်းကင်ဓား၊ ဖရိုဖရဲအစိမ်းရောင်ကြာပန်း နှင့် ခွန်လွန် နတ်ဘုရားကျောက်စိမ်းတို့ ဖြစ်ကြပါသည်။
ဤအကြီးမြတ်ဆုံး ရတနာငါးပါးတို့သည် ကောင်းကင်ဘုံနှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင် သော ရတနာများ ဖြစ်ကြပါသည်။ ၎င်းတို့သည် မငြိမ်မသက်ဖြစ်မှု၏ အစပိုင်း ရှေးဟောင်းခေတ်တွင် မွေးဖွားလာကြပြီး ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားပါ သည်။
၎င်းတို့အနက် ဖရိုဖရဲအစိမ်းရောင်ကြာပန်းသည် မိုးပြာဧကရာဇ်၏ အဓိက ကိုယ်ထည် ဖြစ်ပါသည်။ သို့သော်လည်း ဖရိုဖရဲအစိမ်းရောင်ကြာပန်းသည် ပျက်စီးနေပြီ ဖြစ်ပါ သည်။ ယခုအချိန်တွင် ဖရိုဖရဲအစိမ်းရောင်ကြာပန်းစေ့ တစ်စေ့သာ ကျန်ရှိတော့ပြီး ၎င်းသည် ချင်ယွင်၏ခန္ဓာကိုယ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ် ဖြစ်လာပါသည်။
ကောင်းကင်ဖွင့်ပုဆိန်ကိုမူ၊ ရှေးဟောင်းခေတ်၏ ကြီးမြတ်သော နတ်ဆိုးနတ်ဘုရား တစ်ပါးက ရယူသွားခဲ့ကြပါသည်။ ထိုနတ်ဆိုးနတ်ဘုရား ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ခွဲခြမ်းပုဆိန်လည်း ပျောက်ကွယ်သွားပါသည်။
အရှေ့ပိုင်းဧကရာဇ်ခေါင်းလောင်းသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ရှေးဟောင်း ဖရိုဖရဲပင်လယ်၏ နက်ရှိုင်းရာအရပ်သို့ ကျဆင်းသွားခဲ့သည်ဟု ဆိုကြပြီး မည်သည့်နေရာတွင် ရှိနေသည်ကို မသိရသေးပေ။ အချို့က အရှေ့ပိုင်းဧကရာဇ် ခေါင်းလောင်းကို တန်ခိုးအစွမ်းကြီးမားသူတစ်ဦးက သိမ်းပိုက်ထားသည်ဟု ပြောကြပြီး အချို့ကတော့ အရှေ့ပိုင်းဧကရာဇ်ခေါင်းလောင်းသည် ကွဲအက်ကာ လုံးဝ ပျက်စီးသွား ပြီဟု ဆိုကြပါသည်။
ဤအကြီးမြတ်ဆုံး ရတနာငါးပါးအနက် နှစ်ပါးသာ ကျန်ပါတော့သည်။ တစ်မျိုးကို လူသားများက ရယူသွားခဲ့ကြီးပြီး နောက်တစ်ခုကိုတော့ နတ်ဆိုးများက လုယူသွား ကြသည်။
၎င်းတို့အနက် ခွန်လွန်နတ်ဘုရားကျောက်စိမ်းကို နတ်ဆိုးများက လုယူသွားကြခြင်း ဖြစ်ပါသည်။ နောက်ပိုင်းတွင်၊ နဂါးမျိုးနွယ်မှ ကျွမ်းကျင်သူများသည် ခွန်လွန် နတ်ဘုရား ကျောက်စိမ်းကို နတ်ဆိုးမျိုးနွယ်၏ အကြီးအမြတ်ဆုံး ရတနာအဖြစ် သတ်မှတ်ခံရသည့် နတ်နဂါးကျောက်စိမ်းတံဆိပ်အဖြစ်သို့ ပြောင်းလဲပစ်ခဲ့ပါသည်။ နတ်ဆိုးမျိုးနွယ်၏ အုပ်စိုးသူ၏ အမှတ်အသားဖြစ်သော နတ်နဂါးကျောက်စိမ်းတံဆိပ်သည် လျှို့ဝှက် ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ခုမှ ရရှိမသွားခင်အထိ နှစ်ပေါင်း ထောင်သောင်းချီ၍ အမွေ ဆက်ခံခဲ့ကြပါသည်။
လူသားမျိုးနွယ်၏ အဖိုးတန်ဆုံး အကြီးအမြတ်ဆုံး ရတနာမှာ ကြည်လင်ကောင်းကင် ဓား ဖြစ်လေသည်။ ဧကရာဇ်ယူမင်သည် လွန်ခဲ့သောနှစ်ပေါင်း တစ်သိန်းကျော်က ကိုင်ဆောင်ခဲ့သော ဓားဖြစ်ပါသည်။ သို့သော်လည်း ဧကရာဇ် ယူမင် စည်းတံဆိပ် ခတ်ခံရပြီးကတည်းက ကြည်လင်ကောင်းကင်ဓား၏ တည်နေရာကို မသိရတော့ပေ။ ၎င်းဓားသည်လည်း အင်မော်တယ်ဘုရင်၏ စံအိမ်ကြီးထဲတွင် ရှိနေမည်ဟု သူ မည်သည့်အခါမျှ မမျှော်လင့်ထားခဲ့ပေ။ ဖန်ချန်းကျီနှင့် ချင်းဝူယန်တို့ အလွန် စိတ်လှုပ်ရှားနေသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"စီနီယာ၊ ဒီစံအိမ်ကြီးပိုင်ရှင် အင်မော်တယ်ဘုရင်က ဘယ်လို လူမျိုးလဲ?။ လူသားမျိုး နွယ် နဲ့ နတ်ဆိုးမျိုးနွယ်တွေရဲ့ ရတနာတွေက သူ့ရဲ့လက်ထဲမှာ ဘာကြောင့် ရှိနေရတာ လဲ?။ ဘာကြောင့် နဂါးကိုးကောင်က သူ့ကို ဦးညွှတ်နေရတာလဲ။ ဖြစ်နိုင်တာက သူက နဂါမျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်များလား?" ချင်ယွင်က မေးသည်။
နှင်းအမျိုးသမီး၏ မျက်နှာသည် ဆင်ခြင်တုံတရားရှိသော အမူအရာ ပေါ်လာသည်။ သူမ သတိရနေပုံရသည်။ အချိန်အတော်ကြာပြီးနောက် သူမသည် နောက်ဆုံးတွင် ပြောလိုက်ပါသည် “တကယ်တော့ အဲဒီလူက အင်မော်တယ်ကမ္ဘာမှာ အလွန် ထင်ရှား ကျော်ကြားပါတယ်။ ဒါပေမယ့် စာအုပ်မှတ်တမ်းတွေမှာ သူ့အကြောင်းကို မှတ်တမ်း တင်ထားခြင်းမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ငါ နာမည်တစ်ခု ထုတ်ပြောလိုက်တာနဲ့ သူက ဘယ်သူလဲဆိုတာ မင်း သိလာပါလိမ့်မယ်။ သူ့နာမည်က ဟွမ်ထန်းလုံတဲ့။"
"ဟွမ်ထန်းလုံ၊ စီနီယာက ဖရိုဖရဲ နတ်နဂါးအုပ်စိုးရှင်ခန္ဓာကိုယ်ပိုင်ရှင် ဒဏ္ဍာရီလာ ဟွမ်ထန်းလုံကို ဆိုလိုတာလား?" ချင်ယွင်သည် မယုံကြည်နိုင်စွာ မျက်လုံးပြူးသွားပြီး တုန်လှုပ်ခြောက်ခြားဟန်ဖြင့် ပြောလိုက်ပါသည်။
"မှန်တယ် သူပဲ!" နှင်းအမျိုးသမီးက ခေါင်းညိတ်လိုက်ပါသည်။
ချင်ယွင်သည် နှင်းအမျိုးသမီးခေါင်းညိတ်ပြသည်ကို မြင်သောအခါ သူ၏မျက်နှာပေါ်ရှိ အံ့အားသင့်ဟန်က လျော့နည်းသွားခြင်းမရှိဘဲ ပို၍ပင် ပြင်းထန်လာပါသည်။
ဟွမ်ထန်းလုံက ဘယ်လိုလူမျိုးလဲ?။ အင်မော်တယ်ကမ္ဘာမှ လူအများစုသည် သူ၏ဇစ်မြစ်နှင့် နောက်ခံသမိုင်းကြောင်းကို တချက်တည်းဖြင့် ဖော်ပြနိုင်ပေလိမ့်မည်။
ဟွမ်ထန်းလုံသည် လူသားမျိုးနွယ်နှင့် နဂါးမျိုးနွယ် ကျွမ်းကျင်သူတို့မှ မွေးဖွားလာခဲ့သူ ဖြစ်သည်။ လူသားတစ်ဦးသည် နတ်ဆိုးသားရဲများနှင့် လက်ထပ်ရန် ရှားပါးပေလိမ့်မည်၊ သို့သော် အင်မော်တယ်ကမ္ဘာ၏ သမိုင်းကြောင်းအရ ဤသည်မှာ အဆန်းမဟုတ်ပေ။
သို့သော် ဤဟွမ်ထန်းလုံသည် မတူကွဲပြားပါသည်။ သူ၏အဖေက ဖရိုဖရဲ အုပ်စိုးရှင် ခန္ဓာကိုယ်ပိုင်ရှင် ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူ၏အမေကတော့ နတ်နဂါး၏ သွေးမျိုးဆက်နှင့် အနီးစပ်ဆုံးဖြစ်သည့် နဂါးမျိုးနွယ်၏ မြင့်မြတ်သောသမီးတော် အဖြစ် ချီးကျူးခံရသူ ဖြစ်ပါသည်။ ဤကလေးနှစ်ယောက်သည် ရိုးရိုးသာမန် ပုဂ္ဂိုလ်တွေဖြစ် နိုင်သည်ဟု အသင်ထင်မလား?။
ရလာဒ်အနေဖြင့်၊ သူတို့နှစ်ယောက်သည် ဖရိုဖရဲနတ်နဂါး အုပ်စိုးရှင်ခန္ဓာကိုယ် ဟု လူသိများသော အထူးခန္ဓာယ်ကိုဖွဲ့စည်းပုံ အခြေခံဥပဒေသကို ပိုင်ဆိုင်သည့် ကလေးတစ်ဦးကို မွေးဖွားပေးခဲ့ပါသည်။
ထိုနာမည်ကို ကြားလိုက်ရုံဖြင့်ပင်၊ ကောင်းကင်ဘုံကိုပင် အံတုနိုင်သည်အထိ လွှမ်းမိုးနိုင်စွမ်း ရှိပါသည်။ ဟုတ်ပါသည်၊ ဤရုပ်ခန္ဓာယ်သည် ထိုနာမည်နှင့် လုံးဝကို ထိုက်တန်ပါသည်။
ဤဟွမ်ထန်းလုံသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားဖြင့် မွေးဖွားလာခဲ့ပါသည်။ သူ၏ခန္ဓာကိုယ်ထဲမှ နတ်နဂါးသွေးမျိးဆက်သည် သူ၏ အမေထက်ပင် သာလွန်နေပါသည်။ ထို့ကြောင့် ဟွမ်ထန်းလုံကို မွေးပြီးကတည်း က နဂါးမျိုးနွယ်၏ မြင့်မြတ်သော သားတော်တစ်ပါးအဖြစ် ချီးကျူးခံရပြီး နောင် အနာဂတ်တွင် နဂါးမျိုးနွယ်၏ နောက်ဆံမည့် ဧကရာဇ်ကျင့်ကြံသူအဖြစ် ပြုစု ပျိုးထောင်ခြင်း ခံခဲ့ရပါသည်။
ထိုမျှတင်မကသေးဘဲ၊ သူသည် သူ့အဖေ၏ ဖရိုဖရဲ အုပ်စိုးရှင်ခန္ဓာကိုယ် သွေးမျိုးဆက် ကိုလည်း အသွေးအသားကိုလည်း အမွေဆက်ခံခဲ့ပါသည်။ သူ၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုသည် အလွန်ကြောက်စရာကောင်းသည်။ သူနှင့်မျိုးဆက်တူ နဂါးများကြား တွင်ပင်၊ မည်သူမျှ သူ၏ခန္ဓာကိုယ်နှင့် မယှဉ်နိုင်ပေ။
ရှေးဟောင်း ဖရိုဖရဲ ရုပ်ခန္ဓာကိုယ်သည် မူလကတည်းက အင်မော်တယ်ကမ္ဘာ လူသားများ၏ ကြီးမြတ်သော ရုပ်ခန္ဓာကိုယ် သုံးခုအနက်မှ တစ်ခုဖြစ်ပြီး ယခုအခါတွင် သူသည် ပြီးပြည့်စုံလုနီးပါးဖြစ်သည့် နတ်နဂါးသွေးမျိုးဆက်ကိုလည်း ပိုင်ဆိုင်ထားသေး သည်။ သူ၏ ရုပ်ခန္ဓာကိုယ်ခွန်အားသည် နတ်ဆိုးနတ်ဘုရား၏ ဒဏ္ဍာရီအဆင့်သို့ပင် ရောက်ရှိသွားသည်ဟု ဆိုနိုင်ပါသည်။
ယုတ္တိဗေဒအရ ပြောရမည်ဆိုလျှင်၊ ဤအရာသည် ကောင်းကင်ဘုံမှ နှင်းအပ်ပေးလိုက် သည့် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦး ဖြစ်သင့်ပါသည်။ သူသည် တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်လက်ကျင့်ကြံနေသရွေ့၊ သူ၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ် တစ်ပါးအဖြစ်ကို ကျော်လွန်ကာ ဒဏ္ဍာရီဆန်သော အဆင့်သို့ပင် ရောက်ရှိသွားနိုင်ပြီး၊ ဧကရာဇ်ယူမင်းပြီးနောက် အင်မော်တယ်ကမ္ဘာတွင် ဒုတိယမြောက် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာနိုင်ပါသည်။
သို့သော်လည်း ဟွမ်ထန်းလုံသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိချိန်မှာ သူသည် လူသားအမျိုးသမီးတစ်ဦးကို ချစ်မိသွားခဲ့သည်။ ထို့အပြင်၊ သူသည် သာမန်သေမျိုးလူသားတစ်ဦးကဲ့သို့ ဤလူသားအမျိုးသမီးနှင့်အတူ အထီးကျန် ဘဝဖြင့် နေထိုင်လိုခဲ့သည်။
နဂါးမျိုးနွယ်သည် သွေးမျိုးဆက်များကို အမြဲတမ်း အလေးမြတ်ထားသည်။ ထို့ကြောင့် နတ်နဂါး၏သွေးမျိုးဆက်နှင့် လုံးဝနီးစပ်နေသော မြင့်မြတ်သော သားတော်ကို သာမန် လူသားတစ်ဦးနှင့် လက်ထပ်ခွင့်ပြုရန် မည်သို့ ဆန္ဒရှိနိုင်မည်နည်း?။ ထို့ကြောင့် သူတို့သည် ဤသေမျိုးမိန်းကလေးကို သတ်ရန် လူများကို စေလွှတ်ခဲ့သည်။
ဤလုပ်ရပ်က ဟွမ်ထန်းလုံကို လုံးဝ ဒေါသထွက်စေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထား ခဲ့ပါဘူး။
ဟွမ်ထန်းလုံသည် သူ၏ အထွတ်အထိပ်အဆင့် အင်မော်တယ်ဘုရင်တစ်ပါး၏ ခွန်အားကို အသုံးပြု၍ နဂါးမျိုးနွယ်၏ အင်မော်တယ်ဧကရာဇ် သုံးဦးကို သတ်ပစ်ခဲ့ သည်။ အဆုံးတွင်၊ နဂါးဧကရာဇ်သည် သူ့ကို တားဆီးလိုက်သော်လည်း သူသည် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို လုယူသွားနိုင်ဆဲ ဖြစ်သည်။
ထိုအချိန်မှစ၍ နဂါးမျိုးနွယ်သည် နဂါးမျိုးနွယ်၏ အကြီးမြတ်ဆုံး ရတနာကို ပြန်လည် ရယူပြီး ဤသစ္စာဖောက်ကို အပြစ်ပေးလိုသောကြောင့်၊ ဟွမ်ထန်းလုံနောက် လိုက်ရန် နဂါးမျိုးနွယ်၏ ကျွမ်းကျင်ပညာရှင် အမြောက်အမြားကို စေလွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းတို့အားလုံးကို ဟွမ်ထန်းလုံက သတ်ပစ်ခဲ့သည်။
ဟွမ်ထန်းလုံ၏ ခွန်အားသည် အင်မော်တယ် ဧကရာဇ်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်ပြီး နတ်နဂါးကျောက်စိမ်းတံဆိပ်ကိုပါ ထည့်ပေါင်းလိုက်ပါက သူ၏ အစွမ်းက ပြိုင်ဘက် ကင်း ဖြစ်သွားပြီ။
သူသည် အင်မော်တယ်ဘုရင်၏ အထွတ်အထိပ်အဆင့်မှာပင် နတ်ဆိုးအင်မော်တယ် ဧကရာဇ် ဆယ်ယောက်နီးပါးကို သတ်ပစ်ခဲ့ပြီး အင်မော်တယ်ကမ္ဘာကြီး၏ ဒဏ္ဍာရီကို ဖန်တီးခဲ့ပါသည်။
ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက၊ ဟွမ်ထန်းလုံသည်လည်း ဆက်လက်ကြီးထွား နိုင်မည်ဖြစ်ကာ ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။ သို့သော် ဤအခိုက်အတန့်တွင် ဟွမ်ထန်းလုံသည် လူသားမျိုးနွယ်၏ အဖိုးတန်ဆုံး ရတနာတစ်ခု ဖြစ်သော ကြည်လင်ကောင်းကင်ဓားကို တစ်နေရာမှ ရရှိခဲ့သည်။
ယခုတစ်ခါမှာတော့ လူသားမျိုးနွယ်များသည် တိုက်ရိုက်ပင် ပေါက်ကွဲထွက်လာကြပါ သည်။ တော်ဝင်အင်မော်တယ် မင်းဆက်ကြီး သုံးဆက်မှ မရေမတွက်နိုင်သော လူသားတပ်ဖွဲ့များသည် ဟွမ်ထန်းလုံထံမှ ကြည်လင်ကောင်းကင်ဓားကို လုယူရန် အတွက် အင်မော်တယ်ဧကရာဇ်အများပြားကို စေလွှတ်ခဲ့ပါသည်။
နောက်ဆုံးတွင်၊ နတ်ဆိုးမျိုးနွယ် နှင့် နဂါးမျိုးနွယ်တို့မှ အင်မော်တယ်ဧကရာဇ် နှစ်ဆယ်ကျော်သည် အင်မော်တယ်ကမ္ဘာ၏ ရှေးဟောင်း ဖရိုဖရဲပင်လယ်ထဲတွင် ဟွမ်ထန်းလုံကို ဝိုင်းရံပြီး သူ့ကို သေသည်အထိ တိုက်ခိုက်ခဲ့ကြပါသည်။
ဟွမ်ထန်းလုံသည် အကြီးမြတ်ဆုံး ရတနာနှစ်ပါးကို အားကိုးကာ အင်မော်တယ် ဧကရာဇ်အယောက်နှစ်ဆယ်ကျော်ကို သုံးရက်နှင့် သုံးညတိုင်တိုင် တိုက်ခိုက်ခဲ့ပြီး၊ အင်မော်တယ်ဧကရာဇ် တစ်ဒါဇင်နီးပါးကို သတ်ဖြတ်ခဲ့သည်။ သို့သော်လည်း ဟွမ်ထန်းလုံသည်လည်း ဒဏ်ရာပြင်းထန်စွာ ရသွားခဲ့ပါသည်။
အဆုံးတွင်၊ ဟွမ်ထန်းလုံသည် အင်မော်တယ်ကမ္ဘာ၏ အတားအဆီးများကို ကျော်ဖြတ် ပြီး သေမျိုးကမ္ဘာထဲသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ အနှစ်ငါးထောင် ကုန်လွန်သွားခဲ့သော်လည်း သူသည် နောက်တဖန် ထွက်ပေါ်မလာတော့ချေ။
ချင်ယွင်သည် ဤအကြောင်းတွေက ဒဏ္ဍာရီသက်သက်ဟုသာ အမြဲတမ်း တွေးထားခဲ့ ပြီး၊ ဤအရာအားလုံးက အဖြစ်မှန်ဖြစ်နေမည်ဟု သူ မမျှော်လင့်ထားပါဘူး။ ဟွမ်ထန်းလုံဆိုသည့် လူတစ်ယောက်သည် အမှန်တကယ်ပင် ရှိနေခဲ့ပါသည်။
အမှန်တကယ်ဆို၊ အင်မော်တယ်နန်းတော်ထဲတွင် နတ်နဂါးကျောက်စိမ်းတံဆိပ်တစ်ခု ရှိနေကြောင်း မီးနဂါးပြောစဉ်းကတည်းက သူသည် ဤဟွမ်ထန်းလုံကို စဉ်းစားမိ သင့်ပါသည်။
သို့သော်လည်း၊ ဤအရာအားလုံးသည် စိတ်ကူးယဉ်ဆန်ဆန် ဖြစ်သည်ဟု သူ အမြဲတမ်း ယုံကြည်ထားခဲ့မိပြီး ယခုအခါ၊ ဤဟွမ်ထန်းလုံဆိုသူသည် အင်မော်တယ်ကမ္ဘာ၏ သမိုင်းတွင် အမှန်တကယ် တည်ရှိနေပုံရသည်။
ချင်ယွင်သည် ပျော်ရွှင်သည့် အမူအရာကို ဖြစ်ပေါ်လာရုံသာမက သူ၏မျက်ခုံးများက လည်း နောက်တစ်ကြိမ် တွန့်သွားခဲ့ပြန်သည်။
ဟွမ်ထန်းလုံသည် လေဟာနယ်ကို ဖြတ်ကျော်ကာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ သူသည် ဤဧရာမအပြာရောင်ကြယ်ကြီးပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူ၏ဖခင် အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်သည်လည်း သူ့ကို သေမျိုးကမ္ဘာသို့ ပစ်ချခဲ့ပြီး ဤဧရာမအပြာရောင်ကြယ်ကြီးပေါ်သို့ ကျဆင်းလာခဲ့သည်။ ဤသည်မှဦ တိုက်ဆိုင် လွန်းနေသည် မဟုတ်ပါလား?
ဤကဲ့သို့သော သေမျိုးဂြိုလ်ပေါင်း ဘီလီယံတစ်ရာမရှိဘူးဆိုလျှင်ပင် ဆယ်ဘီလီယံ မကရှိနေသည်ကို သိထားရမည် ဖြစ်ပါသည်။ သူတို့သည် တူညီသောဂြိုဟ်ပေါ်သို့ ကျဆင်းနိုင်ခြေသည် အလွန်သနားစရာကောင်းအောင် နည်းပါးလွန်သည်ဟု ဆိုနိုင်ပါ သည်။
သို့သော်လည်း ချင်ယွင်သည် သူ၏ခမည်းတော် အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်သည် ဤအရာကို တမင်တကာ ပြုလုပ်ခဲ့သည်ဟု မည်သည့်အခါမှ ယုံကြည်မည် မဟုတ်ပေ။
ထိုအချိန်တုန်းက သူ၏ခမည်းတော်သည် သူ့ကို သေမျိုးကမ္ဘာထဲကို ပစ်ချလိုက်စဉ်မှာ သူ၏အကြည့်တွေက ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်လွန်း၏။ ထိုအရာကို မည်သို့မျှ အတုလုပ်၍ မရပေ။
"မင်းတို့ ဒီမှာဘာလို့ ရပ်နေတာလဲ?။ အင်မော်တယ်နန်းတော်ရဲ့ ကျောက်စိမ်းဆွဲသီး တွေကို မြန်မြန်ထုတ်ပြီး ဒီ အင်မော်တယ်နန်းတော်ရဲ့ အတွင်းပိုင်းကို ဖွင့်ရအောင်လေ!" ဖန်ချန်းကျီက ချင်ယွင် နှင့် အခြားသူများ ထိုနေရာမှာပင် ကြောင်တက်တက် အမူအရာဖြင့် ရပ်နေသည်ကို မြင်သောအခါ စိတ်မရှည်စွာ ပြောလိုက်ပါသည်။
ချင်ယွင်လည်း သူ၏အတွေးအာရုံမှ အသိစိတ်တွေ ပြန်လည်ဝင်လာပါသည်။ သူ၏ ခမည်းတော်က သူ့ကို ဒီဧရာမအပြာရောင်ကြယ်ကြီးထဲ ရည်ရွယ်ချက်ရှိရှိ တွန်းချခဲ့ သလား?။ ဤသည်ကိုတော့ အင်မော်တယ်ကမ္ဘာသို့သွားပြီး သူ၏ခမည်းတော်ကို ကိုယ်တိုင်ကိုယ်ကျ မေးမြန်းကြည့်နိုင်မည့်အချိန် သူ စောင့်ရပါလိမ့်မည်။