အခန်း ၆၃၉
Vol. 43 Ch. 639
အခန်း(၆၃၉) အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါး။
"ဟမ့်၊ ခင်ဗျားရဲ့ငါးတွေကို ကျုပ်က ကြောက်လှန့်လိုက်တာ မဟုတ်ဘူးမလား?။ တကယ်လို့ ကျုပ်က ခင်ဗျားကို မေးမြန်းစုံစမ်းရင်လည်း ခင်ဗျားကို ကျုပ်က အရမ်းကို အထင်ကြီးသလို ထင်သွားဦးမယ်။ ဘာလဲ၊ ခင်ဗျားက လှုပ်ရှားချင်သေးတာလား?။" ဖန်ချန်းကျီက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏လေသံက အလွန် မောက်မာလွန်း သည်။
"မင်းရဲ့ပါးစပ်က အခုလိုစကားမျိုး ထွက်လာသေးတယ်ပေါ့၊ မင်းကို တိုက်ခိုက်သင့် တယ်” ငါးဖမ်းနေသည့် အဘိုးအိုက ဖန်ချန်းကျီ၏ စကားကို ကြားသောအခါ သူ၏ မျက်နှာသည် ချက်ချင်းပင် ဒေါသဖြစ်သွားပါသည်။
ဝှီး….!
အဘိုးအိုသည် လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲမှ ငါးမျှားတံကို ချက်ချင်းပင် လွှဲယမ်းလိုက်ပါသည်။ သွယ်လျသော ငါးမျှားကြိုးတစ်ချောင်းသည် ရှည်လျားသော ကြာပွတ်ကဲ့သို့ ချက်ချင်း လွှင့်ထွက်သွားပြီး ဖန်ချန်းကျီ၏ မျက်နှာပေါ်သို့ တိုက်ရိုက် ကျရောက်လာသည်။
မူလက ကျဉ်းမြောင်းသေးငယ်သော ငါးမျှားကြိုးသည် ဖန်ချန်းကျီ၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် ကျယ်လောင်သော 'ဖတ်'ဟူသည့် အသံကို ထုတ်ဖော်လာ သည်။
ထိုနောက်မှာတော့ ဖန်ချန်းကျီ၏ ဘယ်ဘက်မျက်နှာမှာ သွေးစွန်းနေသည့် ဒဏ်ရာ တစ်ခုကို လူတိုင်း တွေ့လိုက်ရပါသည်။ သွေးတွေက ရွှဲနေပြီး သူ၏အရိုးတွေကို မြင်နိုင်လုနီးပါးပင် ဖြစ်နေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားသည်။
"ကျွမ်းကျင်ပညာရှင်ပဲ။ သူက ကျွမ်းကျင်ပညာရှင်တစ်ဦးပဲ။" ချင်ယွင် က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဤငါးမျှားတံသည် ရိုးရိုးသာမန် ငါးမျှားတံတစ်ခုသာ ဖြစ်ပြီး ငါးမျှားကြိုးသည်လည်း သာမန်ငါးမျှားကြိုးတစ်ခုသာ ဖြစ်သည်။ သို့သော် အဘိုးအိုသည် ဝါးတံကို လွှဲယမ်း လိုက်သည့်အခိုက်တွင်၊ ကြောက်မက်ဖွယ်စွမ်းအားက ငါးမျှားကြိုးကို ဖုံးလွှမ်းသွားကာ ၎င်း၏အရှိန်သည် ပို၍ပင် မြန်လာသည်။ ချင်ယွင်သည်ပင် ငါးဖမ်းမျှားကြိုး၏ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
"ခင်ဗျား၊ ကျုပ်ကို နာကျင်အောင်လုပ်ဖို့ တကယ် သတ္တိရှိတယ်ပေါ့။ ကျုပ် ခင်ဗျားကို သတ်ပစ်မယ်!" ငါးမျှားကြိုးကြောင့် သူ၏မျက်နှာမှာ ဒဏ်ရာရသွားသည်ကို မြင်လိုက် ရတော့ ဖန်ချန်းကျီ၏ မျက်လုံးတွေက ချက်ချင်းဆိုသလို ပြင်းထန်တဲ့ ဒေါသတွေ ထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်ပေါ်မှ အငွေ့အသက်က ချက်ချင်း ထွက်ပေါ်လာ ပါသည်။
ငါးဖမ်းနေသည့် အဘိုးကြီးက လှောင်ပြောင်ဟန်ဖြင့် ထိုနေရာတွင် ထိုင်နေသော်လည်း သူ၏လက်ထဲရှိ ငါးမျှားတံကို ထပ်မံ လွှဲယမ်းလိုက်ပြန်သည်။
"ဖတ်…. ဖတ်…. ဖတ်…."
ကျယ်လောင်သော ပေါက်ကွဲသံ အနည်းငယ်နှင့်အတူ၊ ငါးမျှားကြိုးသည် ကြောက်မက် ဖွယ်ကောင်းသော နှင်တံကဲ့သို့ ဖန်ချန်းကျီ၏ မျက်နှာပေါ်သို့ ထိုးကျသွားပါသည်။
တခဏလေးအတွင်းမှာပင် ဖန်ချန်းကျီ၏မျက်နှာက သွေးထွက်သံယို ဖြစ်နေပါပြီ။ အထူးသဖြင့် နောက်ဆုံးတစ်ချက် ဖြစ်သည်။ ဖန်ချန်းကျီ၏ မျက်နှာပေါ်သို့ ရိုက်နှက် လာသည့် ရိုက်ချက်ကြောင့် ဖန်ချန်းကျီကို တိုက်ရိုက် လွင့်ပျံသွားစေခဲ့သည်။ သူသည် မြေပြင်ပေါ်သို့ ပြန်မကျခင်မှာ လေထဲတွင် အကြိမ်အနည်းငယ် လည်ပတ်သွားသေး သည်။
ဖန်ချန်ကျီသည် ထိတ်လန့်သွားပြီး ငါးဖမ်းနေသည့်အဘိုအိုကို ငေးကြည့်ရင်း ထိတ်လန့်သွား၏။
အကယ်၍ အဘိုးအိုက သူ့ကို ပထမအကြိမ် ရိုက်နှက်နိုင်ခဲ့ခြင်းမှာ သူ၏ ပေါ့ဆမူကြောင့်ဟုလျှင် နောက်ထပ် လှုပ်ရှားမူ အနည်းငယ်အတွက် သူသည် ကြိုတင် ပြင်ဆင်နေပြီး ဖြစ်သည်။ သို့သော် သူသည် တုံ့ပြန်ရန်ပင် အစွမ်းအစ မရှိခဲ့ပေ။ ယခုအချိန်မှာတော့ သူသည် မည်မျှပင် မိုက်မဲနေပါစေ သံပြားထူထူကြီးကို ကန်မိသွားပြီဆိုသည် နားလည်သွားပါပြီ။
ချင်ယွင် နှင့် အခြားသူများလည်း ထိတ်လန့်သွားကြ၏။ အဘိုးအို၏စွမ်းအားသည် သူတို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေပါသည်။
"ဟမ့်၊ ဒီတစ်ခါတော့ ငါ မင်းကို မသတ်တော့ဘူး။ ဒါပေမယ့် မင်း နောက်တခါ ငါ့ရတနာကို ကြောက်ပြီး အဝေးကို ပြေးသွားအောင်လုပ်ဖို့ သတ္တိရှိရင် အကြိမ်ပေါင်း များစွာ ပါးရိုက်ရုံလောက်နဲ့ ရိုးရှင်းမှာ မဟုတ်ဘူး။ မင်းခေါင်းကို ဒီငါးမျှားကြိုးနဲ့ တိုက်ရိုက် ဖြတ်မယ်။!" အဘိုးအိုက အေးစက်စွာ အော်ပြောလိုက်သည်။ ထို့နောက်၊ ငါးမျှားတံကို ပြန်ရုတ်ပြီး ငါးမျှားခြင်းကို ဆက်လုပ်နေသည်။
ချင်ယွင် နှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်နှာများသည် အနှိုင်းမဲ့ အံ့အားသင့်သော အမူအရာများ တစ်ဖန်ပြန်၍ ပေါ်လာရပြန်သည်။ အကြောင်းမှာ အဘိုးအိုသည် ငါးမျှားကြိုးပေါ်တွင် ငါးစာမရှိရုံ သာမက၊ ငါးမျှားချိတ်လည်း ရှိမနေပါဘူး။
"ချိတ်တောင် မရှိဘူး၊ ငါး ဘယ်လိုလုပ် ဖမ်းမိမှာလဲ?" အားလုံးသည် အံ့သြနေကြ သော်လည်း မေးခွန်းတော့ မမေးရဲကြပါဘူး။ ဖန်ချန်းကျီ၏ လက်ရှိ ကြေကွဲဖွယ် အခြေအနေသည် စံနမူနာယူရမည့် ဉပမာတစ်ခု ဖြစ်ပါသည်။ အဘိုးအိုက သူတို့ကို ငါးမျှားကြိုးနှင့် ရိုက်နှက်မှာကို ကြောက်နေကြသည်။
သို့သော်၊ ဤအရာအားလုံးကို တိတ်တဆိတ် ကြည့်ရှုနေသော နှင်းမိန်းကလေးသည် ရုတ်တရက် ဤခြေလှမ်းပြီး ရှေ့တိုးကာ မထူးခြားသည့် လေသံဖြင့် မေးလိုက်ပါသည် "ရှင်က အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးအတွက် ငါး မျှားနေတာလား?။"
"အယ်?" ငါးမျှားနေသည့် အဘိုးအိုသည် ထိုစကားကို ကြားသောအခါ သူသည် အံ့အားသင့်သွားသည်မှာ ထင်ရှားပါသည်။ သူက နှင်းမိန်းကလေးကို လှည့်ကြည့် လိုက်ရင်း သူ၏မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့သည်။
ချင်ယွင်၊ ချင်းဝူယန် နှင့် တခြားသူတွ်လည်း ထိုနာမည်ကို ကြားသည့် သူတို့၏ မျက်နှာတွေက အံ့သြခြင်း အပြည့်ရှိနေခဲ့သည်။
"အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးလား..? ဤသည်မှာ ဒဏ္ဍာရီထဲမှာသာ ရှိသည့် အရာမဟုတ်ပါလော?။ ဤရေကန်တွင် ထိုကဲ့သို့သော အမြီးကိုးချောင်း စိတ်ဝိညာဉ် အင်မော်တယ်ငါး ရှိနေခြင်းက ဖြစ်နိုင်ပါသလား?။" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"မိန်းကလေးရဲ့ အမြင်အာရုံက ကောင်းလွန်းတယ်။ မှန်တယ်။ အဲဒီအမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးကို ငါ ဖမ်းနေခဲ့တာ။ ငါ ဒီမှာထိုင်နေတာ နှစ်ပေါင်းတစ်ရာ ကျော်သွားပြီ။ ငါ ခက်ခက်ခဲခဲနဲ့ အဲဒီငါးကို ရေကန်အလယ်ကနေ မြှူဆွယ်နိုင်ခဲ့တယ်။ မင်းတို့ ရောက်လာတဲ့ အခိုက်အတန့်မှာ မင်းတို့က သူ့ကိုကြောက်အောင် လုပ်မိလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး?။ မီးခိုးရောင်ဝတ် အဘိုးအိုက ပြောသည်။
လူအုပ်ကြီးသည် အဘိုးအို၏စကားကို ကြားသောအခါတွင် မယုံကြည်နိုင်သော အပြုအမူများ ချက်ချင်း ထုတ်ဖော်လာကြသည်။
"ငါးတစ်ကောင် ဖမ်းဖို့ အနှစ်တစ်ရာလောက် ကြာတယ်။ လိုအပ်လို့လား?။ ခင်ဗျားရဲ့ အစစ်အမှန် အနှစ်သာရကို သုံးပြီး ရေကန်ကို ဖောက်ထုတ်ကာ ငါးတွေကို ဖမ်းလိုက် ပေါ့။" ယောင်လင်းခေါင်က မခိုးမခန့် ပြောလိုက်သည်။
ချင်ယွင်က ခေါင်းခါပြီး ပြောသည် "ဒါက သာမန်ငါးတစ်ကောင်ဆိုရင်တော့ မင်းအတွက် ပြဿနာရှိမှာ မဟုတ်ဘူးပေါ့။ ဒါပေမယ့် အမြီးကိုးချောင်း စိတ်ဝိညာဉ် အင်မော်တယ်ငါးကိုတော့ အဲဒီအတိုင်း လုပ်လို့မရနိုင်ဘူး"
"အိုး၊ ဒီငါးက ဘာတွေများ ထူးခြားနေလို့လဲ?" ရန်ယုဖန်းက စိတ်ဝင်တစား မေးသည်။
"အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါး၊ ဒါက ဒဏ္ဍာရီလာ အင်မော်တယ်ငါးပဲ" ဒီငါးမျိုး အင်မော်တယ်စွမ်းအင်ကနေ သိပ်သည်းဖြစ်ပေါ်လာတာ။ အမြီးတစ်ချောင်း ပေါက်ဖို့တောင်မှ နှစ် ၁၀၀၀၀ အချိန်ကြာတယ်။ ကိုးမြီးဆိုတော့ ဒီငါးက အနည်းဆုံး နှစ်ပေါင်း ၉၀,၀၀၀ သက်တမ်းရှိပြီပေါ့။ ဒီစိတ်ဝိညာဉ်အင်မော်တယ်ငါးမျိုးက အင်မော်တယ်စွမ်းအင်ကို အစာစားကြပြီး၊ ငါးဖမ်းဖို့အတွက် အင်မော်တယ်စွမ်းအင်ကို ငါးစာအဖြစ် ဖြည်းဖြည်းချင်းသာ အသုံးပြုနိုင်တယ်။ တကယ်လို့ အတင်းကြပ် ဖမ်းမယ်ဆိုရင် အဲဒီအမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးက အင်မော်တယ် စွမ်းအင်အဖြစ် ပြန်ပြောင်းလဲသွားပြီး လေထဲမှာ လွင့်ပျယ်သွားလိမ့်မယ်။ အဲဒီအချိန် ရောက်ရင် မင်းလည်း ဘာမှ မရနိုင်တော့ဘူး။" ချင်ယွင်က သူ၏မျက်လုံးထဲတွင် အနှိုင်းမဲ့ အံ့အားသင့်သည့် အမူအရာဖြင့် ရေကန်ကိုကြည့်ရင်း ရှင်းပြလိုက်ပါသည်။
ထိုအချိန်တုန်းက၊ တော်ဝင်ချင်မင်းဆက်၏ ဘဏ္ဍာတိုက်ထဲတွင် စိတ်ဝိညာဉ် အင်မော်တယ် ငါးများလည်း ရှိခဲ့သေးသည်။ သို့သော်လည်း ဤအမြီးကိုးချောင်း စိတ်ဝိညာဉ် အင်မော်တယ်ငါးကိုတော့ သူ အရင်က မမြင်ဖူးပါဘူး။
ယောင်လင်းခေါင် နှင့် ရန်ယုဖန်းတို၏ မျက်လုံးများသည် အံ့သြထိတ်လန့်သည့် အမူအရာများ ဖော်ပြလာကြသည်။ ဤငါးလေးသည် နှစ်ပေါင်း ၉၀၀၀၀ ကျော် အမှန်တကယ် အသက်ရှင်နေမည်ဟု သူတို့ မမျှော်လင့်ထားပါဘူး။
နှစ်ပေါင်း ၉၀၀၀၀၊ မည်မျှ ကြာညောင်းလိုက်မည်နည်း?။
"ဒါဆို ဒီစိတ်ဝိညာဉ်အင်မော်တယ်ငါးကို ဘာအတွက် အသုံးပြုတာလဲ?။ လူတစ်ယောက်ရဲ့ ကျင့်ကြံမူကို ကောင်းကင်ယံထိ မြင့်တက်သွားအောင် လုပ်နိုင် လို့လား" ရန်ယုဖန်းက မေးသည်။
ယောင်လင်းခေါင်သည်လည်း သိလိုသည့်အမူအရာကို ထုတ်ဖော်လာသည်။ နှစ်ပေါင်း ၉၀၀၀၀ကျော်ကြာ အသက်ရှင်နေထိုင်ခဲ့သော ဤရတနာလေးသည် ကောင်းကင်ဘုံကို အံတုနိုင်သည့် မည်သည့်အကျိုးသက်ရောက်မှုမျိုး ရှိနေလဲဆိုသည်ကို သူ သိချင်နေ သည်မှာ ထင်ရှားပါသည်။
"ဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံမူအဆင့်ကို မတိုးနိုင်ပေမယ့် လူတစ်ယောက်ရဲ့ အသက်ကိုတော့ တိုးပေးနိုင်ပါတယ်။ စိတ်ဝိညာဉ်အင်မော်တယ်ငါးတစ်ကောင်က လူတစ်ယောက်ရဲ့ သက်တမ်းကို နှစ်ပေါင်း ၁၀,၀၀၀ အထိ တိုးပေးနိုင်တယ်၊ နှစ်ကောင်ဆိုရင် လူတစ်ယောက်ရဲ့ သက်တမ်းကို အနှစ် ၂၀,၀၀၀ အထိ တိုးပေးနိုင် တယ်၊ ပြီးတော့ ဒီအမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးတစ်ကောင်ကတော့ လူတစ်ယောက်ရဲ့ သက်တမ်းကို နှစ်ပေါင်း ၉၀၀၀၀ အထိ တိုးပေးနိုင်တယ်။ " ချင်ယွင် က ပြောသည်။
ယောင်လင်းခေါင် နှင့် ရန်ယုဖန်း တို့၏ မျက်နှာများသည် အလွန် ထိတ်လန့်တုန်လှုပ် သွားသည့် အမူအရာများ ချက်ချင်း ဖော်ပြလာကြသည်။
လူတစ်ယောက်၏ သက်တမ်းကို နှစ်ပေါင်း ၉၀၀၀၀ တိုးပေးနိုင်တာလား?။
ဤသည်မှာ ကြောက်စရာကောင်းလွန်းပါသည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများပင်လျှင် သက်တမ်းမှာ နှစ်ပေါင်း ၁၀၀၀၀ သာ ရှိပါသေးသည်။ အကယ်၍ လူတစ်ယောက်သည် အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးကို စားသုံးပါက သူတို့၏ သက်တမ်းသည် နှစ် ၉၀,၀၀၀ တိုးလာမည် ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် မသေဆေးတစ်လုံးပင် ဖြစ်ပါသည်။
ယင်းကြောင့် သူတို့၏အကြည့်တွေက ရေကန်ကို ငေးကြည့်နေရင်း အလွန် ပူလောင်လာသည်။
ချင်ယွင်သည်လည်း သူ၏နှလုံးသားထဲတွင် အလိုလောဘ၏ အရိပ်အယောင်ကို မခံစားရနိုင်ဘဲ မနေနိုင်ခဲ့ပါချေ။ သို့သော် ဤအဘိုးအိုသည်ပင် ၎င်းကို ဖမ်းမမိဘဲ နှစ်ပေါင်းတစ်ရာကျော် ဤနေရာတွင် ထိုင်နေပုံကို တွေးကြည့်လိုက်သောအခါတွင် သူ၏စိတ်ထဲရှိ အလိုလောဘ တစွန်းတစလည်း ချက်ချင်းဆိုသလို ဖြိုခွဲပြီး ဖြစ်သွားခဲ့ ပါသည်။
ချင်းဝူယန်၊ ဟန်ဖန်း နှင့် အခြားသူများလည်း တူညီသော အတွေးအမြင်များ ရှိကြပါသည်။ သူတို့သည် အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးနှင့် ပတ်သက် ပြီး စိတ်ဆန္ဒ အပြည့်အဝ ရှိနေသည်မှာ ထင်ရှားသော်လည်း အားလုံးက အဘိုးအို၏ စွမ်အားကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့၏နှလုံးသားထဲမှ ထိုအတွေးတွေကို ကူကယ်ရာမဲ့ ဖယ်ထုတ်နိုင်ရုံသာ ရှိပါတော့သည်။
"မင်းတို့အားလုံး ဒီအင်မော်တယ်နန်းတော်ကြီးထဲမှာ ရတနာတွေရှာဖွေဖို့ ဒီနေရာကို ရောက်လာကြတာလား?"
အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးအကြောင်း လူတိုင်း တွေးနေကြစဉ်မှာ၊ မီးခိုးရောင်ဝတ် အဖိုးအိုက ဆက်ပြောသည်။
ထိုစကားကိုကြားတော့ လူတိုင်းလည်း ခေါင်းညိတ်လိုက်ကြသည်။
"စီနီယာ၊ ဒီနေရာက ဘယ်နေရာလဲ?၊ ကျွန်တော်တို့ ဒီနေရာကနေ ဘယ်လို ရုန်းထွက်နိုင်မှာလဲ" ချင်ယွင်က မေးသည်။
အဘိုးအိုသည် ချင်ယွင်၏ မေးခွန်းကို ကြားသောအခါ ချင်ယွင်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ပြုံးပြီး ပြောသည် "ဒီအင်မော်တယ်နန်းတော်ကို ကိုးထပ် ခွဲထားတယ် ကွ။ အခု မင်းတို့ရောက်နေတာက အနိမ့်ဆုံးထပ်ပဲ။ နောက်ထပ်တွေကို ဘယ်လိုသွား ရမလဲဆိုတော့၊ အဝေးကတောင်ကြီးကို မင်းတို့ မြင်ကြလား။" "အဲဒီတောင်ထိပ်ပေါ်မှာ ခန်းမကြီးတစ်ခု ရှိတယ်။ နောက်တစ်ထပ်ရဲ့ ဝင်ပေါက်က အဲဒီနေရာမှာဘဲ။ ဒါပေမယ့် လူတိုင်းက အဲဒီခန်းမနဲ့ အနီးကိုမသွားနိုင်ဘူးလို့ သတိပေးချင်ပါတယ်။ တကယ်လို့ နားမထောင်ဘဲ မင်းတို့အသက်တွေ ဆုံးရှုံးသွားရင် ငါ့ကို အပြစ်မတင်ပါနဲ့။"
ဤစကားကို လူတိုင်းကြားသောအခါ သူတို့သည် တောင်ထိပ်သို့ ချက်ချင်း မျှော်ကြည့် ကြသည်။
သေချာပါသည်၊ တောင်ထိပ်ပေါ်ရှိ တိမ်စိုင်မြူခိုးတွေကြားမှာ မထင်မရှား ခန်းမတစ်ခု ရှိနေခဲ့ပါသည်။