← Chapters

အခန်း ၆၄၀

Vol. 43 Ch. 640

အခန်း ၆၄၀

Vol. 43 Ch. 640

အခန်း (၆၄၀) စောင့်ကြပ်သူ။

ဖန်ချန်းကျီ နှင့် အခြားသူများသည် အဘိုးအို၏စကားကို ကြားသောအခါတွင် သူတို့သည် လုံးဝ တွန့်ဆုတ်ခြင်းမရှိတော့ဘဲ အဝေးမှတောင်ထိပ်ဆီသို့ ပျံသန်းသွား ကြသည်။

သူတို့သည် ရေကန်ထဲမှ အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးကို ရယူလိုသော် လည်း ယခုအချိန်မှာ ထိုငါးကိုဖမ်းဖို့ အချိန်မရှိပါဘူး။ ထို့အပြင် အဘိုးအို၏ စွမ်အားသည် နားမလည်နိုင်သော အခြေအနေမှာ ရှိနေပါသည်။ ထို့ကြောင့် သူတို့သည် ကျားပါးစပ်မှ အစာကို မလုယူဝံ့ကြဘဲ စွန့်စားရန်သာ ရွေးချယ်နိုင်ခဲ့ပါသည်။

ချင်ယွင်သည် အမြီးကိုးချောင်း စိတ်ဝိညာဉ်အင်မော်တယ်ငါးအကြောင်း အတွေးများစွာ မရှိသောကြောင့် သူ၏စိတ်ထဲတွင် နောင်တရစရာ များစွာမရှိခဲ့ပေ။

ယခုအချိန်တွင် သူသည် ထိုငါးမျှားနေသော အဘိုးအို၏ ကိုယ်ရေးအချက်လက်နှင့် သူပြောခဲ့သော စကားများကို တွေးနေမိသည်။ ဤအဘိုးအို၏ စွမ်းအားသည် မြေကမ္ဘာ အင်မော်တယ်နယ်ပယ်ကို သေချာပေါက် ကျော်လွန်နေခဲ့ပြီ။ သူ၏ ကျင့်ကြံမှုအဆင့် သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူသည် အမှန်တကယ်ပင် အင်မော်တယ်ဘုရင်၏စံအိမ်ကြီးထဲတွင် နေထိုင်နိုင်သေးသည်။

ဤအချက်မှနေ၍ အင်မော်တယ်ဘုရင်၏စံအိမ်ကြီးသည် ကောင်းကင်ဘုံ၏ လျှို့ဝှက် ချက်များကို တားဆီးပိတ်ဆို့နိုင်ပြီး ကောင်းကင်ဘုံတာအို၏ နိယာမဥပဒေသများဖြင့် ချုပ်နှောင်ထားခြင်း မရှိကြောင်း တွေ့ရှိရပေမည်။

ဤသည်မှာ အင်မော်တယ်ဘုရင်၏စံအိမ်ကြီး ဖြစ်သည်။ အဘိုးအို၏အဆိုအရ၊ ဤအင်မော်တယ်ဘုရင်၏စံအိမ်ကြီးကို အထပ်ကိုးထပ်ဖြင့် ပိုင်းခြားထား၏။ ယခု သူတို့သည် ပထမထပ်မှာသာ ရှိနေပါသေးသည်။

ကြည်လင်ကောင်းကင်ဓားနှင့် နတ်နဂါးကျောက်စိမ်းတံဆိပ်တို့သည် ရရှိရန် မလွယ်ကူ သော အဖိုးတန်ရတနာများ ဖြစ်ပါသည်။

အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ကြည်လင်ကောင်းကင်ဓားနှင့် နတ်နဂါးကျောက်စိမ်းတံဆိပ်ကို အင်မော်တယ်နန်းတော်၏ ကိုးထပ်တွင် ဝှက်ထားသင့် သည်။ နောက်ဆုံးထပ်သို့ ရောက်မှသာလျှင် ဤအကြီးမြတ်ဆုံး ရတနာနှစ်ပါးကို ရရှိရန် အရည်အချင်း ပြည့်မှီမည် ဖြစ်သည်။ ထို့အပြင် ကိုးထပ်မြောက်သည် ပို၍ အန္တရာယ် များလိမ့်မည်။

ချွင်..!

ချင်ယွင် နှင့် အခြားသူများသည် တောင်ထိပ်၏ ခန်းမဆောင်အနီးသို့ ချဉ်းကပ်လာစဉ် ခန်းမအတွင်းမှ ခေါင်းလောင်းသံကဲ့သို့ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ကြောက်စရာကောင်းသည့် ခွန်အားတစ်ခုက တောင်ထိပ်ရှိ ခန်းမထဲကနေ ထွက်လာပြီး လူတိုင်းဆီကို တိုးဝင်လာပါသည်။

လူတိုင်း၏ အမူအရာများ ပြောင်းလဲသွားပါသည်။ သူတို့အားလုံး ရပ်တန့်လိုက်ပြီး ၎င်းစွမ်းအားကို ခုခံရန်အတွက် သူတို့၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို စုစည်းလိုက် ကြသည်။

ချွင်….!

အားလုံးက တညီတညွတ်တည်း တိုက်ခိုက်လိုက်ကြပြီးမှ ထိုကြောက်မက်ဖွယ် စွမ်းအားလည်း အပိုင်းပိုင်း ပြိုကွဲသွားပါသည်။

ဤတိုက်ခိုက်မှုကို တားဆီးပြီးနောက် လူတိုင်းသည် ခန်းမဆီသို့ လှည့်ကြည့်လိုက် ကြသည်။

ဝှီး…!

ခန်းမထဲမှ ထွက်လာသည့် ပုံရိပ်တစ်ခုသည် လူရှစ်ယောက်၏ ဆန့်ကျင်ဘက်အရပ် လေထဲမှာ ရပ်နေရင်း လွင့်မျောနေ၏။

ဤလူသည် အနက်ရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူထွားကြီးတစ်ဦး ဖြစ်သည်။ ဤအသက်လတ်ပိုင်းအရွယ် အမျိုးသားသည် အေးစက်ပြီး ပြတ်သားသော အမူအရာရှိသည်။ သူ၏ စူးရှသော မျက်လုံးတစ်စုံသည် ခံစားချက်အနည်းငယ်မျှ မပါရှိပေ။ လူအုပ်ဆီကိုကြည့်နေသည့် သ်၏အကြည့်တွေက နှင်းခဲကဲ့သို့ အေးစက်နေ သည်။

ကြံ့ခိုင်သန်မာသောကိုယ်ခန္ဓာသည် အားကောင်းသော ခွန်အားများဖြင့် ပြည့်နှက်နေပုံ ရပြီး ကြေးဝါကိုယ်ထည်သည် မယုံကြည်နိုင်လောက်သော ခံစားချက်များကို ပေးစွမ်း နေသည်။

"ဒါက ရုပ်သေးလူသား မဟုတ်လား?" ချင်ယွင်သည် အနက်ရောင် ချပ်ဝတ်တန်ဆာ ဝတ်ထားသော ဤကြံ့ခိုင်သန်မာသော အမျိုးသားကို မြင်သောအခါ အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။

ထွားကြိုင်းသော ဤလူသည် အသက်ဓာတ်၏ အငွေ့အသက်ကို အနည်းငယ်မျှ ပိုင်ဆိုင် မထားကြောင့် သူတွေ့ရှိသွား၏။ တစ်နည်းဆိုရသော် သူသည် မည်သည့်ဘဝကိုမှ ပိုင်ဆိုင်ခြင်းမရှိခဲ့ပေ။

သို့သော် ထွားကြိုင်းသန်မာသော ဤလူ၏ခွန်အားကို သူ သံသယ မရှိပါချေ။ ဤရုပ်သေးလူသား၏ ခွန်အားသည် မြေကမ္ဘာအင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး အစစ်အမှန် အင်မော်တယ်နယ်ပယ်နှင့် ခြေတစ်လှမ်းသာ ဝေးပါသည်။

ဤအချက်ကို လူတိုင်းက သတိပြုမိကြပြီး သူတို့၏ မျက်နှာတွေမှာ အံ့သြခြင်းအပြည့် ရှိနေပုံပင်။

"ငါက ဒီထပ်ရဲ့ အုပ်ထိန်းသူပဲ။ ခန်းမထဲကို ဝင်ချင်ရင် တစ်ယောက်ပြီး တစ်ယောက် စိန်ခေါ်ရမယ်။ ငါ့ကို အနိုင်ယူနိုင်တဲ့လူက ခန်းမထဲကို ဝင်နိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်သူ ဖြစ်လိမ့်မယ်။ မဟုတ်ရင် မင်းတို့ ခန်းမထဲကို ဘယ်တော့မှ ခြေမချ နိုင်တော့ဘူး။" လူထွားကြီးက အေးစက်စွာ ပြောလိုက်သည်။ သူသည် လေထဲသို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။

အားလုံးက မျက်မှောင်ကြုတ်သွားကြသည်။ အထူးသဖြင့် ရန်ယုဖန်းသည် ဖြစ်ပြီး၊ သူ၏မျက်နှာ ချက်ချင်းပင် ဖြူဖျော့သွားသည် ။

သူသည် လက်ရှိလူအားလုံးတွင် အားအနည်းဆုံးလူ ဖြစ်သည်။ သူ့တွင် နှောင်းပိုင်း အဆင့် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အစွမ်းမျိုးသာ ရှိသောကြောင့် သူ့အတွက် ဤအုပ်ထိန်းသူကို အနိုင်ယူရန် အလွန်ခက်ခဲပေလိမ့်မည်။ သို့သော် သူသည် စွန့်လွှတ်ရန် ရည်ရွယ်ချက် ရှိပုံမပေါ်ပေ။

"မင်းကို ငါတို့က ဘယ်လိုအနိုင်ယူရမှာလဲ" ချင်ယွင်က မေးသည်။

"ငါ့ကို သတ်လိုက်ပါ!" လူထွားကြီးက အညှာတာကင်းမဲ့စွာ ပြောသည်။

"ဒီစိန်ခေါ်မှုကို မအောင်မြင်ရင် ဘာဖြစ်မလဲ။" ချင်ယွင်က ဆက်မေးသည်။

"ငါသတ်တာကို ခံရမယ်!" လူထွားကြီးက အေးစက်စက်အသံဖြင့် ပြန်ဖြေသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ငါးမျှားနေသည့် အဘိုးအိုက ဤခန်းမနှင့် အနီးကပ်ဖို့ မလွယ်ဟု ပြောခဲ့သည်မှာ အံ့သြစရာ မရှိတော့ပါဘူး။ ဤရုပ်လေးနှင့် ရင်ဆိုင်ရန်ပင် မလွယ်ကူပါချေ။

"ဟမ့်၊ အဲဒါက ရုပ်သေးရုပ်တစ်ခုပဲလေ။ မင်းမှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွတ်အထိပ်ရဲ့ အစွမ်းရှိတယ်ဆိုရင်ရော ဘာဖြစ်လဲ?။ မင်းကိုသတ်ဖို့က မိနစ်ပိုင်း တောင် ကြာမှာမဟုတ်ဘူး။ ကောင်းပြီ၊ ဒီတော့ ငါ အရင်လာမယ်။" ဖန်ချန်းကျီ သည် အေးစက်စွာ ဟစ်အော်လိုက်ပြီး လူအုပ်ထဲမှ ရှေ့သို့ ခြေလှမ်းလိုက်ပါသည်။

လူတိုင်းသည် ခပ်ဝေးဝေးသို့ နောက်ဆုတ်သွားကာ ဖန်ချန်းကျီကို ကဏန်းစားသည့် ပထမဆုံးလူ ဖြစ်ခွင့်ပေးလိုက်ကြသည်။

ကြံ့ခိုင်သန်မာသောလူ၏ စူးရှသော မျက်လုံးများက ဖန်ချန်းကျီကို စိုက်ကြည့်နေကာ သူ၏အေးစက်နေသော မျက်လုံးများတွင် အေးစက်စက် အရိပ်အယောင် ပေါ်လာပြီး လှမ်းကြည့်လိုက်သည်။

"သေလိုက်စမ်း၊ မုန်တိုင်းလက်ဝါး!" ဖန်ချန်းကျီက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲမှ အင်မော်တယ် အနှစ်သာရက တုန်ခါသွားပြီး ပြင်းထန်သည့် လေပြင်းတွေက သူ၏လက်ဖဝါးမှ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထွားကျိုင်းသန်မာသောလူဆီ ပြေးသွားပါသည်။ သူ၏လက်ဖဝါးပေါ်ရှိ လေပြင်းတွေက တဟုန်းဟုန်း တောက်လောင်နေပြီး ထွားကျိုင်းသန်မာသောလူကို အလျင်မြန်ဆုံးနှင့် အပြင်းထန်ဆုံး တိုက်ခိုက်လိုသောကြောင့် အကန့်အသတ်မဲ့ စွမ်းအားများလည်း ထွက်ပေါ်နေသည်။

ထွားကျိုင်းသန်မာသောလူ၏ ရုပ်အသွင်သည် တောင်တစ်ခုကဲ့သို့ မလှုပ်မယှက် ဖြစ်နေသည်။ သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာနေသော ဖန်ချန်းကျီကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အေးစက်မြဲ အေးစက်နေကာ ခံစားချက်မဲ့နေဆဲ ဖြစ်သည်။

ဝှီး….!

ဖန်ချန်းကျီ၏ အနှိုင်းမဲ့ အစွမ်းထက်သော လက်ဖဝါးသည် ထွားကျိုင်းသန်မာသော လူကို ထိတော့မည့်အခိုက်တန့်မှာ၊ မလှုပ်မယှက် ရပ်နေသော လူထွားကြီးသည် ရုတ်တရက် လှုပ်ရှားသွားသည်။

လူထွားကြီး၏ ရုပ်အသွင်သည် အလွန်လျင်မြန်သော ပုံရိပ်တစ်ခုအသွင် ပြောင်းသွားပြီး၊ သူ၏ ခန္ဓာကိုယ်သည် ဖန်ချန်းကျီ၏ရှေ့တွင် ချက်ချင်း ပေါ်လာသည်။

ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် စိတ်ကူးယဉ်ဆန်မှု မရှိသည့် လက်သီးတစ်ချက်ကို ပစ်သွင်းလိုက်သည်။

လက်သီးတွင် အစစ်အမှန် အနှစ်သာရ သို့မဟုတ် ဝိညာဉ်ချီ အနည်းငယ်မျှ မပါဝင်သော် လည်း ၎င်းတွင် မနှိုင်းယှဉ်နိုင်အောင် ပြင်းထန်သော စွမ်းအားများ ပါရှိသည်။

"ဘုန်း….!"

လက်သီးချက်က ကောင်းကင်နှင့် မြေကြီးကို တဟုန်ထိုး တုန်ခါသွားစေသည် ။

ဖန်ချန်းကျီသည် ကွေးညွှတ်ပြီး ကျောက်တုံးတစ်ခုကဲ့သို့ နောက်သို့ လွင့်ပျံသွားသည်။

ဖန်ချန်းကျီသည် သူ၏မျက်လုံးများကိုပင် အမှန်တကယ် မယုံကြည်နိုင် ဖြစ်ရသည်။ သို့သော်လည်း သူ၏ဝမ်းဗိုက်မှ ထွက်ပေါ်လာသော ပြင်းထန်သော နာကျင်မှုက ဤအရာအားလုံး မှန်ကန်ကြောင်း ရှင်းရှင်းလင်းလင်း ပြောပြနေပါသည်။

ဖန်ချန်းကျီသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ပေတစ်ထောင်အကွာအဝေးထိ လွင့်ထွက်သွားသည်။ သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများ စီးကျလာပြီး လူထွားကြီးကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေထဲ ရုတ်တရက် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက် လာသည်။

ဝှီး..!

ထွားကျိုင်းသန်မာသောလူသည် ရုတ်တရတ် ပြေးထွက်သွားပြီး သူ၏ခန္ဓာကိုယ်သည် မြေပြင်နှင့် ကပ်ကာ ဖန်ချန်းကျီဆီသို့ လျင်မြန်စွာ ရွေ့လျားသွားသည်။

"ဟမ့်၊ ကျားတွေက သူတို့ရဲ့အစွမ်းကို ထုတ်မပြတော့ မင်းက ငါ့ကို ဖျားနာနေတဲ့ ကြောင်တစ်ကောင်လို့ ထင်နေပြီပေါ့။" သူ၏ခန္ဓာကိုယ်ထဲမှ အင်မော်တယ် စွမ်းအင် တွေ ထွက်လာပြီး ဖန်ချန်းကျီ၏မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်တွေ တဟုန်ထိုး ပျံ့နှံ့လာကာ သူ၏လက်ထဲမှာ လှံတစ်ချောင်း ပေါ်လာသည်။

လက်ထဲမှာ လှံရောက်လာသည်နှင့်၊ ဖန်ချန်းကျီ၏ အငွေ့အသက်သည် ရုတ်တရက် ကြီးစိုးလွှမ်းမိုးနိုင်ပြီး ခက်ထန်လာပါသည်။

ဖန်ချန်းကျီသည် လှံကို လက်နှစ်ဘက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ သူသည် လပြည့်ကဲ့သို့ စက်ဝန်းပုံစံ ဝှေ့ယမ်းပြီးနောက် ကြံ့ခိုင်သန်မာလူဆီသို့ ပြင်းထန်စွာ ထိုးလိုက်လေသည်။

လေပြင်းမုန်တိုင်းက လှံတွေကြားမှ နဂါးတစ်ကောင်ကဲ့သို့ တဝှီးဝှီး မြည်ဟီးသံတွေ ထွက်ပေါ်နေပြီး ပုံရိပ်ယောင်တွေက သရဲတစ္ဆေအရိပ်တွေအလား အစီအရီ ပြောင်းလဲ သွားပါသည်။ ဝှေ့ယမ်းရာမှ ထွက်ပေါ်လာသည့် ဤကြောက်မက်ဖွယ် အငွေ့အသက် ကြောင့် မြေပြင်သည် လုံးဝ ကွဲအက်သွားပါသည်။

ကြံ့ခိုင်သန်မာသောလူသည် သူ၏မျက်လုံးတွေက အေးစက်နေပြီး လက်သီးတစ်ချက် ထိုးလိုက်ပါသည်။

ပြင်းထန်သော လက်သီးနှင့် လှံတို့သည် အချင်းချင်း ထိမိသွားကြပြီး မြေပြင်သည် တခဏအတွင်း တုန်လှုပ်သွားပါသည်။

ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ မြေပြင်သည် ပြိုကျသွားသည်။ သူတို့ တည်ရှိရာနေရာမှာ ဧရာမမီးတောင်ပေါက်ကြီးတစ်ခု ပေါ်လာပါသည်။ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများသည် ပင့်ကူမျှင်များကဲ့သို့ ပျံ့နှံ့သွားသည်။ ကံကောင်းထောက်မ စွာ၊ ဤနေရာရှိ တောင်ကျောက်များသည် ပြင်ပကမ္ဘာထက် အဆပေါင်း ဆယ်ဆခန့် ပိုမို မာကြောပါသည်။ မဟုတ်ရင် ထိုတောင်တန်း၊ မြစ်ရေပြင် တစ်ခုလုံး ပြိုကျသွားလိမ့် မည်။

ဝှီး….!

ထွားကျိုင်းသောလူနှင့် ဖန်ချန်းကျီ နှစ်ဦးစလုံးသည် ဤပြင်းထန်သော တုံ့ပြန်မှုကြောင့် နောက်သို့ တွန်းထုတ်သွားကြသည်။ သူတို့နှစ်ယောက်က ပေတစ်ထောင်အကွာအဝေး အထိ နောက်ဆုတ်သွားကြသည်။

အဝေးမှ လူတွေအားလုံး ဤမြင်ကွင်းကို မြင်လိုက်ရတော့ အရမ်းကို အံ့သြသွားကြ သည်။

ဤအုပ်ထိန်းသူသည် လှံကိုကိုင်ဆောင်နေသော ဖန်ချန်းကျီကို လက်ဗလာဖြင့် သရေကျအောင် တိုက်ခိုက်နိုင်သည်အထိ အလွန်ကြောက်မက်ဖွယ်ကောင်းနေမည်ဟု မည်သူက ထင်ထားမည်နည်း?။ ဤအတားအဆီးကို ကျော်လွှားချင်သည်ဆိုရင်တော့ သူတို့သည် သူတို့၏ စစ်မှန်သောစွမ်းအားကို ပြသဖို့ လိုပါလိမ့်မည်။

All Chapters