← Chapters

အခန်း ၆၄၁

Vol. 43 Ch. 641

အခန်း ၆၄၁

Vol. 43 Ch. 641

အခန်း (၆၄၁) ကောင်းကင်တုန်ခါလျှပ်စီးအလုံး။

ချွင်….။

ဖန်ချန်းကျီနှင့် လူထွားကြီးတို့သည် အပြင်းအထန် ထိပ်တိုက်တွေ့ပြန်သည်။ ဖန်ချန်းကျီသည် သူ၏လှံကို မိုးရေမိုးပေါက်များကဲ့သို့ ဝှေ့ယမ်းလိုက်သော်လည်း လူထွားကြီး၏ လက်သီးများက ပိတ်ဆို့ထားဆဲ ဖြစ်ပါသည်။ (လူထွားကြီးဟု အလွယ်ပြန်ဆိုပါမည်)။

"ဘုန်း….!"

နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ဖန်ချန်းကျီနှင့် လူထွားကြီးသည် နောက်သို့ တွန်းကန်သွားပြန်သည်။

ဖန်ချန်းကျီ၏ အမူအရာသည်လည်း အလွန်အမင်း မဲမှောင်နေပြီ။ သူ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်ထဲက အင်မော်တယ် အနှစ်သာရက အရူးအမူး ပျံ့နှံ့ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ လှံက ကြောက်စရာကောင်းသည့် စွမ်းအင် အတက်အကျလှိုင်းတွေနှင့် ချက်ချင်း ဖုံးလွှမ်းသွားပါသည်။

"ဟမ့်၊ အစတုန်းကတော့ ဒီတိုက်ကွက်ကို အဲဒီကောင်ချင်ယွင်ကို ကိုင်တွယ်ရာမှဦ ငါ အသုံးပြုချင်ပေမယ့် ဒီတိုက်ကွက်ကို ကြိုတင်ပြီး အသုံးပြုရမယ်လို့ ငါ မမျှော်လင့် ထားဘူး။ ဒီတော့ မင်းကို ငါ့ရဲ့စစ်မှန်တဲ့ လှံသိုင်းပညာရပ်ကို ခံစားခွင့်ပေးမယ်။" ဖန်ချန်းကျီ၏ အသံသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး သူ၏လေသံက အကန့်အသတ်မဲ့ လွှမ်းမိုးခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ထို့နောက် ကောင်းကင်နှင့်မြေကြီးသည် စတင် ပြောင်းလဲလာသည်။ မူလက အပြာရောင် ကောင်းကင်ကြီးသည် ပြင်းထန်စွာ တိုက်ခတ်လာသော လေပြင်းများ ဖြစ်ပေါ်လာကာ တိမ်မည်းတွေ လှိမ့်လိုက်လှိမ့်လိုက် လှိမ့်တက်လာနေပြီး တိမ်စိုင် တိမ်မည်းတွေကြားမှ လျှပ်စီးတွေက တဖျပ်ဖျပ်လင်းလက်နေကာ မိုးကြိုးတွေလည်း ပစ်ချလာနေသည်။

ဖန်ချန်းကျီသည် သူ၏လက်ထဲတွင် လှံကိုကိုင်ထားပြီး လေထဲတွင် ဖြောင့်မတ်စွာ ရပ်နေ၏။ သူ၏နောက်တွင် ပေါက်ကွဲသံများ ပြင်းထန်စွာ ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ လှံသည် တောက်ပစွာ လင်းလက်နေသော ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်နေသည်။ အထူးသဖြင့် လှံဖျားမှ ထုတ်လွှတ် သော စူးရှသော အငွေ့အသက်သည် မြင်ရသူများ၏ နှလုံးကို တုန်ခါသွားသည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။

အဝေးမှ လူတွေအားလုံးသည် ဤမြင်ကွင်းကို အံ့သြတကြီး ကြည့်နေကြသည်။

ဖန်ချန်းကျီ၏ လှံစွမ်းအားသည် အလွန်ကြောက်စရာကောင်းသည့် အဆင့်သို့ ရောက်ရှိနေပြီဟု ဆိုရပေမည်။ သူသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အရေးကြီးသော နေရာသို့ရောက်ရှိရန် အလွန် နီးကပ်နေပေလိမ့်မည်။ (မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွက်အထိပ်အဆင့်ကို ချိုးဖြတ်လုနီးနီးအထိ ရောက်ရှိနေဟု ဆိုလိုဟန်တူပါသည်)။

"သေလိုက်စမ်း…!"

ဖန်ချန်းကျီက အေးစက်စွာ အော်လိုက်ပြီး သူ၏ရုပ်အသွင်က ရုတ်တရက် ပျံထွက်သွားသည်။ သူ၏အမြန်အနှုန်းသည် ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီး သူ၏ ပုံရိပ်သည် တယ်လီပို့လိုက်ပုံ ပေါ်ပါသည်။

"ဖူး…..။!"

လှံသည် သရဲတစ္ဆေကဲ့သို့ လေဟာနယ်ကို ထိုးဖြတ်ပြီး လူထွားကြီး၏ ရင်ဘတ်ကို ချက်ခြင်း ထိုးဖောက်ကာ သူ၏ရင်ဘတ်မှာ အပေါက်ကြီးတစ်ခုကို တိုက်ရိုက် ထိုးဖောက်သွားသည်။

ဖန်ချန်းကျီ၏ ပါးစပ်ထောင့်စွန်းမှ လှောင်ပြောင်သရော်ဟန် ထွက်ပေါ်လာသည်။ ဤလှံချက်ကို သူဖန်တီးပြီးနောက် သူ၏ စွမ်းအားသည် တုနှိုင်းမရလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ ဤလှံချက်သည် အစစ်အမှန် အင်မော်တယ် နယ်ပယ်တွင်ပင် လုံးဝ ပြိုင်ဘက်ကင်း ဖြစ်နိုင်သည်။

သို့သော်လည်း လူထွားကြီးသည် သူ၏မျက်နှာတွင် နာကျင်မှု အရိပ်ယောင် အနည်းငယ်မျှ မရှိပေ။ သူသည် မူလကတည်းက ရုပ်သေးဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားသော်လည်း နာကျင်မှုအနည်းငယ်မျှ မခံစားရပေ။

လူထွားကြီးသည် နောက်မဆုတ်ဘဲ ရှေ့သို့ တွန်းတက်လာကာ ချက်ချင်းပင် လက်သီးတစ်ချက် ထိုးလိုက်သည်။

"ဘုန်း….!"

ဖန်ချန်းကျီသည် ချက်ခြင်း ထိတ်လန့်သွားသော်လည်း လူထွားကြီး၏ လက်သီးချက်က သူ၏ ရင်ဘတ်ကို ထိမှန်သွားဆဲ ဖြစ်သည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာပြီး သူ၏ ခန္ဓာကိုယ်သည် နောက်သို့လွင့်ပျံသွားကာ မြေပြင်ပေါ် ပြင်းထန်စွာ ကျသွားသည်။

ထိုအဖြစ်ပျက် မပြီးခင်မှာ၊ လူထွားကြီးသည် သူ၏ရင်ဘတ်ကို ထိုးဖောက်ထားသည့် လှံကို လက်တစ်ဖက်တည်းဖြင့်ကိုင်ကာ လူတိုင်း၏ရှေ့မှာပင် ဖြည်းညှင်းစွာ ဆွဲထုတ် လိုက်ပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူအားလုံးက မျက်မှောင်ကြုတ်သွားပါသည်။

အကယ်၍ လှံက သူ၏ရင်ဘတ်ကို ထိုးဖောက်ပြီး မသေဘူးဆိုလျှင် သူ့ကို မည်သို့ သတ်နိုင်ပါတော့မည်နည်း?။ ဖြစ်နိုင်တာက သူ၏ဦးခေါင်းကို ဖြတ်လိုက်မှ အမှန်တကယ် သေဆုံးသွားမှာလား?။

ဝှီး…..!

ထိုအချိန်တွင် လူထွားကြီးသည် “ဘုန်း”ဟု ပေါက်ကွဲသံနှင့်အတူ မြေပြင်ပေါ်သို့ ခြေလှမ်းချလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ချက်ချင်း ပျံထွက်သွားပါသည်။ သူသည် ဆွဲထုတ်လိုက်သောလှံကို ဆုပ်ကိုင်ထားရင်း ဖန်ချန်းကျီ၏ မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် ထိုးသွင်းလိုက်ပါသည်။

ဖန်ချန်းကျီ၏ ခန္ဓာကိုယ်သည် နောက်သို့ ပျံသန်းနေဆဲ ဖြစ်သည်။ လူထွားကြီးက သူ့ဆီသို့ ပျံသန်းလာနေသည်ကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ရန်လိုသည့် အရိပ်အယောင်များ ပေါ်လာပါသည်။

"မင်းက ငါ့ကို အတင်းအကြပ် တွန်းအားပေးနေတာပဲ!"

ဖန်ချန်းကျီသည် သူ၏သွားများကြားမှ စကားလုံးငါးလုံးကို ညှစ်ထုတ်လိုက်ပြီး ကြက်ဥအရွယ် အပြာရောင်အလုံးလေးတစ်လုံးက သူ၏လက်ထဲတွင် ပေါ်လာသည်။

"ကောင်းကင်တုန်ခါလျှပ်စီးအလုံးလား?"

ချင်ယွင်သည် အပြာရောင်အလုံးလေးကို မြင်သောအခါတွင် သူသည် ချက်ချင်းပင် အံ့သြသင့်သည့် အမူအရာ ပေါ်လာပါသည်။ သူသည် ဤ ကောင်းကင်တုန်ခါလျှပ်စီး အလုံးနှင့် အလွန်ရင်းနှီးသည်။ အရင်တုန်းက သူသည် အစစ်အမှန်အင်မော်တယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ရန်အတွက် ဤအရာလေးကို အသုံးပြုခဲ့ဖူးပါသည်။

ဤအရာလေးသည် သေးငယ်သော်လည်း ၎င်း၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ၎င်းကို မှန်ကန်စွာ အသုံးပြုပါက၊ အစောပိုင်း အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူများပင် ဤကြောက်မက်ဖွယ် ကပ်ဘေးဒုက္ခဆိုးလေးကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဤအရာလေးသည် ဖန်ချန်းကျီ၏ လက်ထဲတွင် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် သူ၏စိတ်ထဲတွင် တိတ်တဆိတ် ရွှင်မြူးသွားသည်။ ကံကောင်းထောက်မစွာ၊ သူသည် ရှောင်ယန်တောင်မှာတုန်းက ဖန်ချန်းကျီကို အဆုံးထိ မတိုက်ခိုက်ခဲ့ပေ။ ထိုသို့မဟုတ်ပါက၊ ဖန်ချန်းကျီသည် အရူးထပြီး ထိုအရာကို ပစ်လွှတ်လိုက်လျှင် ချင်ယွင်၏ ခန္ဓာကိုယ်သည် မည်မျှပင် ကြံ့ခိုင်နေပါစေ၊ အပိုင်းအစ တစ်ခုမျှပင် မကျန်တော့ဘဲ လွင့်စင်သွားမည် ဖြစ်ပါသည်။

"ဘုန်း…..!"

သေချာပါသည်၊ ချင်ယွင် ကြောက်ရွံ့တုန်လှုပ်နေချိန်မှာ လေဟာနယ်တစ်ခုလုံးကို တုန်ခါသွားစေသည့် ပြင်းထန်သော ပေါက်ကွဲအသံတစ်ခုက လူတိုင်း၏နားထဲမှာ ထွက်ပေါ်လာပြီး ထို့နောက်မှာတော့ ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးကြီး တစ်ခုက ကမ္ဘာကြီးကို ဖြတ်သန်း တိုက်ခတ်သွားပါသည်။

ကြီးမားသော မှိုတိမ်တိုက်ကြီးက ကောင်းကင်တစ်ခွင်မှ မြင့်တက်လာခဲ့ပြီး လူထွားကြီးသည် ၎င်းတိမ်တိုက်ထဲ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့ပါသည်။

ဤဖန်ချန်းကျီသည် အမှန်တကယ်ပင် အလွန်ဆိုးရွားသော အမျက်ဒေါသကို ပိုင်ဆိုင်ထားသူဟု ချင်ယွင် ခံစားမိသည်။ သူသည် အမှန်တကယ် ကြောက်စရာကောင်း သည့် အရာတစ်ခုကို ပစ်ထုတ်လိုက်သည်။ သူသည် ဤ ကောင်းကင်တုန်ခါလျှပ်စီး အလုံးကို အသုံးပြု၍ မြေကမ္ဘာအင်မော်တယ် အထွတ်အထိပ်ရှိ ရုပ်သေးကို သတ်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် စွမ်းရည်ကောင်းများကို ဖြုန်းတီး ပစ်လိုက်ခြင်း ဖြစ်သည်။

"အဟွတ်… အဟွတ်….!"

ဖန်ချန်းကျီ၏ပုံရိပ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကြီးထဲမှ ထွက်မြောက်လာသည်။ ယခုအချိန်မှာ သူ၏အဝတ်အစားတွေက ကွဲမွစုတ်ပြတ်နေပါ ပြီ။ သူ၏အဝတ်အစားတွေက သွေးများနှင့် စွန်းထင်းနေပြီး ဆံပင်တွေက ဖရိဖရဲ ဖြစ်ကာ ညစ်ပတ်နေပါပြီ။ သူ၏ကြည့်က မြင်ရသည်မှာ အလွန်စိတ်မကောင်းဖွယ်ပင် ဖြစ်ရပါသည်။

သို့သော် သူ၏မျက်လုံးများသည် အောင်ပွဲခံဂုဏ်ယူလိုစိတ် အပြည့်ရှိနေပါသည်။ တလှိမ့်လှိမ့်တက်လာဆဲဖြစ်သော တိမ်တိုက်ကြီးကို ကြည့်လိုက်ရင်း သူ၏ ပါးစပ်ထောင့်စွန်းသည် သိသာထင်ရှားသော တွန့်အကွေ့တစ်ခုအဖြစ်ပင် တွန့်ကွေ့ သွားခဲ့သည်။

မကြာသေးခင်အချိန်တုန်းက လူထွားကြီးသည် သူ့ဆီသို့ အားသွန်ခွန်စိုက် ပြေးဝင်လာချိန်မှာ ဖန်ချန်းကျီသည် ကောင်းကင်တုန်ခါလျှပ်စီးအလုံးတစ်ခုကို သူ၏ လက်ထဲမှ ပစ်ထုတ်လိုက်ပြီး ထိုအုပ်ထိန်းသူအား ပြာအဖြစ်ပြောင်းလဲကာ လုံးလုံးလျားလျား မှုတ်ထုတ်ပစ်လိုက်သည်။

"ဟား…၊ ဟား…., ငါ့ကို လာတိုက်ခိုက်စမ်းပါဦး,။ အခုတော့ မင်းမှာ ငါ့ကိုတိုက်ခိုက်ဖို့ ပြာမှုန်လေးတောင် မကျန်တော့ပါလား”။ ဖန်ချန်းကျီက ဟက်ဟက်ပက်ပက် ရယ်မော လိုက်ပါသည်။

လူတိုင်းသည် ခေါင်းကိုခါယမ်းပြီး အားကိုးရာမဲ့ ဖြစ်နေကြသည်။ ဤဖန်ချန်းကျီသည် မျက်နှာသာရမူကို အလွန်သဘောကျသူ ဖြစ်သည်။ အမှန်ဆို၊ သူ ဂရုစိုက်ပြီး သတိထား နေသရွေ့ သူ၏စွမ်းအားဖြင့် ဤအုပ်ထိန်းသူကို အနိုင်ယူနိုင်ပါသေးသည်။ သို့သော် သူသည် ဤအစွန်းရောက်သော နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ဝှီး…!

ထိုအချိန်တွင် မှိုတိမ်တိုက်ကြီးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ဤလူသည် အစောပိုင်းက အုပ်ထိန်းသူဖြစ်သည်။ အရေးကြီးဆုံးကတော့ သူသည် တကယ်ကို ထိခိုက် အနာတရဖြစ်ခြင်းမျိုး လုံးဝ မရှိခဲ့ပါဘူး။

"ဒါက မဖြစ်​နိုင်​ဘူး မဟုတ်လား?" ဖန်ချန်းကျီ၏ အမူအရာသည် ချက်ချင်း ပြောင်းလဲ သွားပါသည်။ သူ၏ ကောင်းကင်တုန်ခါလျှပ်စီးအလုံး၏ ထိမှန်ခံရပြီးနောက် မြေကမ္ဘာ အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်ရှိ ရုပ်သေးတစ်ရုပ်သည် ရှင်သန်နိုင်နေ ဆဲ ဖြစ်မည်ဟု သူ မယုံကြည်ခဲ့ပေ။

ချင်ယွင် နှင့် အခြားသူများလည်း အံ့အားသင့်နေသော အမူအရာများကို ဖွင့်ဖော်ထားကြ သည်။ ဤအုပ်ထိန်းသူ သေသွားပြီဟု သူတို့လည်း ထင်မြင်နေပါသည်။

သို့သော် ယခုအချိန်တွင် အုပ်ထိန်းသူ၏ စကားများက လူတိုင်း၏ နှလုံးသားထဲတွင် ဖြစ်ပေါ်နေသည့် ရှုပ်ထွေးမှုသံသယများကို ဖယ်ရှားပေးလိုက်ပါသည်။

"မင်းက ငါ့ကို သတ်ပြီးသွားပြီ။ ဒီတော့ မင်းက စမ်းသပ်မူအောင်မြင်ပြီး ခန်းမထဲဝင်ဖို့ အရည်အချင်း ရှိသွားပြီ။ ခန်းမထဲကို မဝင်ခင် တခြားသူတွေ စမ်းသပ်မူ အောင်မြင်တဲ့ အထိ ဘေးမှာရပ်ပြီး စောင့်နေပါ။" အုပ်ထိန်းသူက အေးစက်စွာ ပြောသည်။

ချင်ယွင် နှင့် အခြားသူများသည် ဤစကားကို ကြားသောအခါ သက်ပြင်းချလိုက် ကြသည်။

ဤအုပ်ထိန်းသူသည် တစ်ကြိမ်သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ သိလာရသည်။ အကယ်၍ သူသာ ကောင်းကင်တုန်ခါလျှပ်စီးအလုံးတစ်ခုကို အမှန်တကယ် ခံနိုင်ရည်ရှိ ပြီး ဖန်ချီချီကြောင့် လုံးဝ ထိခိုက်မှုမရှိခဲ့ပါက၊ သူတို့အနေဖြင့်လည်း တိုက်ခိုက်နေစရာ လုံးဝ မလိုအပ်တော့ပါဘူး။

ဖန်ချန်းကျီသည် သူ၏စမ်းသပ်မှု အောင်မြင်ကြောင်း ကြားလိုက်ရသည့်အခါတွင် သူ၏မျက်နှာသည် အလွန်‌မောက်မာသည့် အမူအရာ ပေါ်လာပါသည်။ သူက ချင်ယွင် နှင့် ချင်းဝူယန်ကို အထင်အမြင်သေးစွာ ကြည့်ပြီး ပြောသည် "မင်းတို့ စမ်းသပ်ပွဲကို ဘယ်လိုဖြေကြမလဲ ကြည့်ရအောင်။"

ချင်ယွင် နှင့် ချင်းဝူယန်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ကူကယ်ရာမဲ့ ဟန်ဖြင့် ပြုံးမိကြသည်။ သူသည် ဤလူထွားကြီးကို လှုပ်ခါစေရန်အတွက် ကောင်းကင်တုန်ခါလျှပ်စီးအလုံးကို အားကိုးခဲ့ပြီး၊ ယခု သူတို့ကို လှောင်ပြောင်နေ သေး၏။ ဤဖန်ချန်းကျီ၏ ကြီးမြတ်သောခံစားချက်သည် မည်သည့်နေရာက လာမှန်း သူ အမှန်တကယ် မသိတော့ပါဘူး။

"နောက် ဘယ်သူလဲ" အုပ်ထိန်းသူက အေးစက်စွာ ပြောသည်။

"ငါ!"

ထိုအခိုက်အတန့်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ဟန်ဖန်းက စကားစ လိုက်သည်။ ထို့နောက် သူသည် လူအုပ်ထဲမှ ထွက်လာသည်။

အုပ်ထိန်းသူသည် ချက်ချင်းပင် ဟန်ဖန်အား စိုက်ကြည့်ကာ သူ၏အကြည့်များက ယခင်အတိုင်း အေးစက်သွားသည်။

ဟန်ဖန်းသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေကာ သူ၏အဝတ်အစားများက လေထဲတွင် လွင့်ပျံနေပြီး သူ၏မျက်လုံးများသည် အနှိုင်းမဲ့ အေးစက်နေ၏။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် လေးနက်သောအမူအရာဖြင့် ဟန်ဖန်းအား စိုက်ကြည့်နေသည်။

သူတို့ ရှစ်ယောက်ထဲမှာ ချင်ယွင် အမြဲတမ်း အလေးထား အာရုံစိုက်ရသည့် လူတွေက နှင်းအမျိုးသမီး တင်မကဘဲ၊ ကျန်နှစ်ယောက်လည်း ရှိနေပါသေးသည်။

တစ်ယောက်က ယခု သူ၏ရှေ့မှာ တိတ်ဆိတ်စွာ ရပ်နေသည့် ဟန်ဖန်း ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ချင်းဝူယန် မဟုတ်ဘဲ ချင်းဝူယန်၏ နောက်မှ တိတ်တဆိတ် လိုက်ပါနေလေ့ရှိသော လင်းယွန်ယန် ဖြစ်သည်။

နှစ်ယောက်စလုံးသည် ချင်ယွင်ကို အလွန်အန္တရာယ်များသည့် ခံစားချက်ကို ပေးနေခဲ့ သည်။ ထိုအချိန်တွင် ချင်ယွင်သည် ဟန်ဖန်း၏စွမ်းအားသည် စွမ်းအားသည် မည်သည့် အမျိုးစားဖြစ်သည်ကို မြင်တွေ့ခွင့်ရရန် ဤအခွင့်အရေးကို အရယူနေပါသည်။

All Chapters