အခန်း ၆၄၂
Vol. 43 Ch. 642
အခန်း(၆၄၂) ချင်ယွင် လှုပ်ရှားခြင်း။
ဝှီး…..။
ဟန်ဖန်း၏ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်သွားသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်စွမ်းအင်များက ဆက်တိုက် ပျံနှံ့တိုးဝင်လာပြီး သူ၏လက်ဖဝါးသည် နှလုံးခုန်ရင်တုန်လောက်သည့် စွမ်းအင်အတက်အကျလှိုင်းများဖြင့် ဖုံးလွှမ်းသွားပြီး လူထွားကြီး၏ ရင်ဘတ်ဆီကို တိုက်ရိုက် ရိုက်ချလိုက်လေသည်။
လူထွားကြီးသည် ရှောင်တိမ်းခြင်းမရှိလွှဲ အလားတူပင် လက်သီးတစ်ချက် ပြန်လည် ထိုးလိုက်လေသည်။
သူ၏လက်သီးနှင့် အပြင်းအထန် ထိပ်တိုက်ဆုံမိသည့်အခါ ဟန်ဖန်းက မလှုပ်မယှက်ဘဲ ရပ်နေပြီး လူထွားကြီးကတော့ နောက်ပြန်လွင့်သွားခဲ့သည်။
လူတိုင်း မှင်သက်အံ့ဩသွားကြသည်။ လူထွားကြီးသည် သူ၏လက်သီးကိုအသုံးပြု၍ ဖန်ကျန်းချီ၏လှံကို အပြင်းအထန် လှုပ်ခါနိုင်ခဲ့သည်ကို သူတိုကိုယ်တိုင် တွေ့မြင်ခဲ့ကြ သည်။ ၎င်း၏ ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းသည်မှာ သေချာသော်လည်း ယခု သူသည် ဟန်ဖန်၏ လက်ဖဝါးရိုက်ချက်ကို မခံနိုင်ခဲ့ပေ။
ဤသည်မှာ အဆုံးသတ် မဟုတ်သေးပါဘူး။ ဟန်ဖန်း၏ပုံရိပ်သည် တစ်ဖန် ပြန်ပေါ်လာသည်။ ယခုတစ်ခါမှာတော့ ငါးကိုယ်ခွဲထားပါသည်။ ဟန်ဖန်းငါးဦးသည် မတူညီသော လမ်းကြောင်းငါးခုမှ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာခဲ့ပြီး လူထွားကြီး၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
လူထွားကြီး၏ လက်သီးများသည် လက်ဆယ်ချောင်းကို မယှဉ်နိုင်တော့ဘဲ ဟန်ဖန်၏ လက်ဖဝါးက သူ၏ရင်ဘတ်ကို ချက်ချင်း ထိမိသွားမှန်သွားကာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ခြင်းပင် နောက်ပြန်လွင့်သွားခဲ့သည်။
ဟန်ဖန်း၏ရုပ်အသွင်သည် နောက်မှ အနီးကပ်လိုက်ပါလာပြီး သူ၏လက်ဖဝါးများသည် လူထွားကြီး၏ ခန္ဓာကိုယ်ကို မုန်တိုင်းကဲ့သို့ ချက်ခြင်း ရိုက်နှက်သည်။
လူထွားကြီးသည် နာကျင်မှုတစ်စုံတစ်ရာ မခံစားရသော်လည်း ဟန်ဖန်း၏ လက်ဖဝါးတွင်ပါရှိသော ကြောက်မက်ဖွယ်စွမ်းအားက သူ့အား ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။
"ဘုန်း….!"
အဆုံးတွင် ဟန်ဖန်းသည် လူထွားကြီး၏ခေါင်းကို လက်ဖဝါးဖြင့် ရိုက်ချလိုက်လေသည်။
လူထွားကြီး၏ ဦးခေါင်းသည် ပေါက်ကွဲပြီး မြေပြင်ပေါ်သို့ လဲကျသွားပါသည်။
ထိုကဲ့သို့ပင် တိုက်ပွဲသည် ရိုးရှင်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။
ဖန်ကျန်းချီသည် ကောင်းကင်တုန်ခါလျှပ်စီးအလုံးနှင့် သတ်ပစ်ခဲ့သော လူထွားကြီးကို ဟန်ဖန်းက ထိုကဲ့သို့ ရိုးရှင်းစွာဖြင့် လုံးလုံး ချေမှုန်းပစ်လိုက်လေသည်။ သူတို့နှစ်ဦးစလုံး သည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေကြ သော်လည်း ခွန်အားကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်နှာက လေးနက်သည့် အမူအရာ ပေါ်လာပါသည်။ ဤဟန်ဖန်းသည် ကြောက်စရာကောင်းသည့် ရန်သူတစ်ဦးဖြစ်သည် မှာ သေချာပါသည်။ သူ၏ လက်ရှိ ခွန်အားကို ကြည့်ခြင်းအားဖြင့် သူ၏ စွမ်းအားသည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်နှင့် လုံးဝ နီးကပ်နေပါသည်။
ထို့အပြင်၊ ဤနေရာသည် အင်မော်တယ်ဘုရင်၏ စံအိမ်အတွင်းမှာ ဖြစ်ပြီး ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို တားဆီးပိတ်ဆို့ထားပါသည်။ ထို့ကြောင့် ဟန်ဖန်းသည် အစစ်အမှန် စွမ်းအားဖြင့် ပေါက်ကွဲလာပါက၊ သူသည် အစစ်အမှန် အင်မော်တယ်တစ်ပါး၏ ကန့်သတ်ချက်များကို ကျော်ဖြတ်ပြီး အစစ်အမှန် အင်မော်တယ် အဆင့်သို့ ရောက်ရှိကောင်း ရောက်ရှိသွားနိုင်မည်ဟု ချင်ယွင်က သံသယရှိနေသည်။
ထိုသို့ဆိုလျှင် ချင်ယွင်သည် အလွန်သတိထားရမည် ဖြစ်ပါသည်။
ဟန်ဖန်းသည် လူထွားကြီး၏ ဦးခေါင်းကို လက်ဖဝါးဖြင့် ရိုက်ချပြီးနောက် ချက်ချင်း လှည့်ကာ သူ၏ မူလနေရာသို့ ပြန်သွားခဲ့သည်။ ဤပြိုင်ပွဲက သူ့အတွက် အရမ်းကို လွယ်ကူပါသည်။
ဟန်ဖန်းသည် သူ၏မျက်နှာပေါ်တွင် အေးစက်ပြီး မာနကြီးသော အမူအရာရှိသည်။ သူသည် ကောင်းကင်ဘုံဂိုဏ်း၏ ယခုမျိုးဆက်တွင် ပါရမီရှင်တစ်ယောက်အဆင့် ရှိသူ ဖြစ်သည်။ ယခု သူသည် ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း၊ သူ၏နည်းလမ်းမျိုးစုံနှင့် အတူ ထိုးထွင်းသိမြင်မူဥာဏ်များဖြင့်ဆိုပါက မြေကမ္ဘာအင်မော်တယ်နယ်ပယ် အထွက် အထိပ်ရှိ ရုပ်သေးတစ်ခုကို သတ်ခြင်းသည် သဘာဝအတိုင်း လွယ်ကူလွန်း၏။
သူ၏ အသုံးမကျသော စီနီယာအလုပ်သင်အစ်ကို ဖန်ကျန်းချီအနေဖြင့်မူ၊ သူနှင့် မည်သို့ ယှဉ်နိုင်မည်နည်း?။ သူနှင့်ယှဉ်ပါက သူ၏ အမှိုက်ဖြစ်သော စီနီယာအလုပ်သင် အစ်ကိုသည် လီပေါင်းတစ်သိန်းရှစ်ထောင် ကွာခြားလွန်းသည်ဟု ဟန်ဖန်း ယုံကြည် ထားသည်။
"မင်းက ငါ့ကိုသတ်လိုက်ပြီဆိုတော့ မင်းလည်း စမ်းသပ်မူကို အောင်မြင်ပြီး ခန်းမထဲဝင်ဖို့ အရည်အချင်းတွေ ရှိတယ်။ စမ်းသပ်ပွဲတွေ အကုန်ပြီးတဲ့အထိ ခန်းမဘေး မှာ စောင့်နေဦး။ ပြီးရင် ခန်းမထဲဝင်ရမယ်။" ကျိုးပဲ့နေသော ဦးခေါင်းနှင့် လူထွားကြီး သည် အမှန်တကယ်ပင် သူ၏ခေါင်းကို တစ်ဖန်ပြန်ပြုပြင်ကာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
ဟန်ဖန်းက ဘာမှ ပြန်မပြောပေ။ ယင်းအစား သူက ဘေးနားမှာ တိတ်တဆိတ် ရပ်နေပြီး မျက်နှာဖုံးကာဝတ်ထားဆဲ နှင်းအမျိုးသမီးကို စူးစူးစိုက်စိုက် ကြည့်နေသည်။
တကယ်တော့ ဟန်ဖန်း၏မျက်လုံးထဲမှာ သူ၏အာရုံစူးစိုက်မှုကို ခံဖို့ထိုက်တန်သူက လျှို့ဝှက်ဆန်းကြယ်သည့် နှင်းအမျိုးသမီးဘဲ ဖြစ်ပါသည်။ တခြားသူတွေဖြစ်သည့် ချင်ယွင် နှင့် ချင်းဝူယန်ကတော့ သူတို့နှင့်ပတ်သက်ပြီး သူ ဂရုမစိုက်ပါဘူး။
"နောက်ဘယ်သူလဲ" လူထွားကြီးက ပြောသည် ။
"ငါ!" နှင်းအမျိုးသမီး၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။ ထို့နောက် နှင်းအမျိုးသမီးသည် ကြာပန်းခြေလှမ်းများနှင့်အတူ ထွက်လာခဲ့သည်။
လူထွားကြီးသည် နှင်းအမျိုးသမီးကို ငေးကြည့်ရင်း၊ သူ၏အကြည့်များသည် အနှိုင်းမဲ့ အေးစက်နေဆဲပင်။
သို့သော် ဤအခိုက်အတန့်တွင် လူတိုင်းကို အံ့အားသင့်စေသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။
အသဲနှလုံးမရှိသော လူထွားကြီးက "မင်းကို တိုက်ခိုက်စရာ မလိုဘူး။ ငါက မင်းနဲ့ မယှဉ်ဘူး။ မင်းရဲ့စမ်းသပ်မူက ပြီးသွားပြီ။ ကျေးဇူးပြုပြီး ဘေးမှာ ရပ်နေပါဦး။ ပြီးမှ ငါတို့ ခန်းမထဲကို အတူတူ ဝင်ကြမယ်။"
လူထွားကြီး၏ စကားသည် လူတိုင်းကို ချက်ချင်း တုန်လှုပ်သွားစေသည်။
အထူးသဖြင့် ဖန်ကျန်းချီသည် အလွန်အားစိုက်ထုတ်ခဲ့ရပြီး လူထွားကြီးကို လှုပ်ခါနိုင်ရန် ကောင်းကင်တုန်ခါလျှပ်စီးအလုံးကိုပင် အသုံးပြုခဲ့သောကြောင့် သူ၏မျက်နှာသည် မယုံကြည်နိုင်သည့် အမူအရာကို ချက်ချင်းပင် ပြသလာခဲ့သည်။ သူသည် ဒေါသတကြီး လှမ်းပင်အော်ပြောလိုက်သေးသည် “ဟေ့ကောင်၊ သူမကျတော့ ဘာဖြစ်လို့ စမ်းသပ်စရာ မလိုဘဲ အောင်မြင်ခွင့်ပေးရတာလဲ?။ မင်းလိုရုပ်သေးကောင်က မိန်းမတွေလိုမိုလို့ တမင်တကာ လွှတ်ပေးလိုက်တာ မဟုတ်လား?။
သို့သော်လည်း လူထွားကြီးက ဖျန်းချန်းကျီ၏စကားကို အရေးမပါသည့်အလား လျစ်လျူရှုထားပါသည်။
နှင်းအမျိုးသမီး နှင့် လူထွားကြီးတို့သည် ဖန်ကျန်းချီကို အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ ဘေးတဖက်သို့ တိုက်ရိုက် လှည့်ထွက်သွားသည်။
သူသည် အမှန်တကယ် လျစ်လျူရှုခံထားရသည်ကို မြင်လိုက်ရလျှင် ဖန်ကျန်းချီသည် ဒေါသ အရမ်းထွက်ပြီး ချက်ချင်းပင် အခိုးအငွေ့များပင် စတင်ထွက်လာပါသည်။ သို့သော်လည်း သူသည် ထိုဒေါသကို မည်သည့်နေရာသို့ ပစ်လွှတ်ရမည်ကို မသိဖြစ်နေရသည်။ ဤရုပ်သေးရုပ်ကို ရိုက်နိုင်သည် မရိုက်နိုင်သည်ကို အသာထားဦး၊ အကယ်၍ သူရိုက်နိုင်သည်ဆိုလျှင်ပင် အတော်ကို အားစိုက်ထုတ်ရပါဦးမည်။
နှင်းအမျိုးသမီးအပေါ်မှာတော့ လှုပ်ရှားရန် မဝံ့ရဲပါဘူး။ နောက်ဆုံးအကြိမ်တုန်းက ဤ နှင်းအမျိုးသမီးသည် မည်မျှ အစွမ်းထက်သည်ကို သူ ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ထုံးစံအတိုင်း၊ သူသည် နောက်တကြိမ် ပြန်တိုက်ခိုက်ရန်မှာလည်း မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် သူ၏ဒေါသကို မျိုချပစ်လိုက်ရုံသာ တတ်နိုင်ပါသည်။
ယခုတစ်ခါ တိုက်ခိုက်မည့်လူက ချင်းဝူယန် ဖြစ်ပါသည်။ သို့သော် ချင်းဝူယန်၏ စွမ်းအားသည် မဆိုးသော်လည်း ဖန်ကျန်းချီထက် အနည်းငယ်သာ သာလွန်ပါသည်။ ထို့ကြောင့် သူသည် အုပ်ထိန်းသူကို အနိုင်ယူရန် အားထုတ်မှုများစွာဖြင့် ကြိုးစားခဲ့ရ သည်။ ထို့အပြင် အလားတူ သူကိုယ်တိုင်လည်း သေဆုံးလုနီးနီးဖြစ်ခဲ့ရသည်။
ဤအုပ်ထိန်းသူ၏ စွမ်းအားသည် အတော်လေး ကောင်းမွန်သည်ဟု ဆိုရပေမည်။ ထို့အပြင် သူသည် နာကျင်မှုကို မသိသည့်အပြင် သူ၏ တိုက်ခိုက်ရေးပုံစံအရ ကြောက်ရွံ့မှုလည်း မရှိခဲ့ပေ။ သာမာန်အထွတ်အထိပ်အဆင့် မြေကမ္ဘာအင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများသည် သူ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
နောက်တစ်ယောက်ကတော့ လင်းယွန်ယန်ဖြစ်ပါသည်။ ပထမတော့ သူမသည် ဤရုပ်သေးရုပ်ကို ငါးကွက်အတွင်း အနိုင်ယူနိုင်မည်ဟု ချင်ယွင် ထင်ခဲ့သော်လည်း နောက်ဆုံးမှာတော့ လင်းယွန်ယန်သည် တစ်ကွက်သာ အသုံးပြုခဲ့ပါသည်။
လင်းယွန်ယန်၏ ဓားသည် စိတ်ကူးယဉ်ဆန်ခြင်း သို့မဟုတ် တုနှိုင်းမရအောင် လှပသော မည်သည့်စွမ်းအင်အတက်အကျလှိုင်းမျိုးမှ ရှိမနေဘဲ တစ်ချက်သာ ခုတ်ပိုင်း လိုက်ခြင်းဖြစ်ပါသည်။ သို့သော်၊ ထိုဓား၏စွမ်းအားသည် ချင်ယွင်၏ ကောင်းကင်နှင့် မြေကြီးဖျက်ဆီးခြင်း ဓားသိုင်းကွက်ထက် အဆပေါင်းများစွာ ပြင်းထန်ပါသည်။
ထို့ကြောင့် လင်းယွန်ယန်သည် ဓားတစ်ချက်ဖြင့် လူထွားကြီးအား နှစ်ပိုင်းခွဲပစ် လိုက်သည်။
လင်းယွင်ယန်၏ ပေါ့ပေါ့ပါးပါး ဓားချက်ကို ချင်ယွင်မြင်သောအခါ၊ သူသည် နာမည် မထင်ရှားသည့် ဤအမျိုးသမီးကို လျှော့တွက်ထားဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အကယ်၍ သူမသည် သူမ၏စွမ်းအား အားလုံးကို အသုံးချပါက၊ သူမသည် အစောပိုင်း အဆင့် အစစ်အမှန်အင်မော်တယ်အစွမ်းမျိုး ရှိပေလိမ့်မည်။
နောက်တစ်ယောက်ကတော့ ယောင်လင်းခေါင်ပါ။ တကယ်တော့ ယောင်လင်းခေါင်၏ စွမ်းအားကလည်း ဖန်ကျန်းချီ၏ စွမ်းအားနှင့် အတူတူပင် ဖြစ်သည်။
အဆုံးတွင်၊ ယောင်လင်းခေါင်သည် ဖယောင်းနဂါးမျက်လုံး၏ စွမ်းအားဖြင့် ပေါက်ကွဲ ထွက်လာခဲ့သည်။ သူ၏ခွန်အားတွေ တိုးလာပြီးနောက်၊ သူသည် လူထွားကြီးကို သတ်ပစ်လိုက်သည်။ ယောင်လင်းခေါင်ကိုယ်တိုင်လည်း ဒဏ်ရာအပြင်းအထန် ရခဲ့သည်။
နောက်ဆုံးတွင် ရန်ယုဖန်း နှင့် ချင်ယွင်သာ ကျန်ရှိတော့သည် ။
ရန်ယုဖန်းသည် မူလက အရှုံးမပေးချင်သော်လည်း ဤတိုက်ပွဲကို ကြည့်ရူပြီးနောက် အရှုံးပေးရန် ရွေးချယ်လိုက်ပါသည်။ အချို့အရာတွေက ရုန်းကန်ကြိုးစားရုံဖြင့် အသုံးမဝင်သည့် အရာတွေရှိနေပါသေးသည်။
ထို့ကြောင့် နောက်ဆုံးတွင် ချင်ယွင်တစ်ယောက်သာ ကျန်ပါတော့သည်။ သူသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ လျှောက်လာပြီး ဝင်ပေါက်ကို စောင့်ကြပ်နေသော လူထွားကြီးနှင့် ဆန့်ကျင်ဘက်တွင် ရပ်လိုက်သည်။
ချင်ယွင်လှုပ်ရှားလာသည်ကို မြင်လိုက်ရတော့ ဖန်ကျန်းချီ၏ နှုတ်ခမ်းတစ်စုံသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားကာ သူ၏မျက်လုံးများတွင် မည်သူမှ မတွေ့နိုင်သည့် ရက်စက်သည့်အလင်းတစ်ချက် လင်းလက်သွားပါသည်။
ဝှီး….!
ချင်ယွင်သည် အချိန်မဖြုန်းတော့ခဲ့ပေ။ သူသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး ထွက်ခွာသွားသည်။ သူ၏ ခန္ဓာကိုယ်သည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲပြီး တုန်ခါသွားသည်။
လူထွားကြီး၏ မျက်လုံးများသည် အေးစက်နေဆဲဖြစ်ပြီး၊ သူ့ဆီသို့ ပြေးလာနေသော ချင်ယွင်ကို ကြည့်လိုက်သည်။ အလားတူပင်၊ သူ့တွင် စိတ်ကူးယဉ်မှု အနည်းငယ်မျှ မရှိခဲ့ပေ။ သူက ချင်ယွင်၏ ရင်ဘတ်ကို ချက်ချင်းပင် လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်လေသည်။
ချင်ယွင်၏လက်သီးအား နက်မှောင်သော ခရမ်းရောင် စွမ်းအင်အလွှာဖြင့် ဖုံးလွှမ်းထား သည်။ လက်သီးလေလှိုင်းက ဧရာမနဂါးကြီးတစ်ကောင် ဟိန်းဟောက်သကဲ့သို့ မြည်ဟီးသွားပြီး တောင်များကို လှုပ်ခါနိုင်သည့် အရှိန်အဟုန်ဖြင့် လူထွားကြီး၏ လက်သီးဖြင့် အပြင်းအထန် ထိပ်တိုက်ဆုံမိသွားသည်။
"ဘုန်း….!"
ကောင်းကင်နှင့် မြေကြီးသည် တုန်ခါသွားကာ သူတို့နှစ်ဦး၏ လက်သီးများက အချင်းချင်း တိုက်မိပြီး မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။
တိုက်ပွဲတစ်ခုကို စတင်ဖွင့်လှစ်လိုက်ပါပြီ။