အခန်း ၆၄၄
Vol. 43 Ch. 644
အခန်း (၆၄၄) လက်နက်ဝိညာဉ်အကြီးအကဲ။
ချင်ယွင်တို့အဖွဲ့သည် လူထွားကြီးနောက်မှ လျှို့ဝှက်ဆန်းကြယ်သော ခန်းမထဲသို့ လိုက်ပါသွားကြသည်။
ပင်မခန်းမကြီးသည် သူတို့မျှော်လင့်ထားသည်ထက် များစွာကျယ်ဝန်းသည်။ ခန်းမကြီး သည် ပေတစ်ရာခန့်မြင့်မားပြီး ဧရိယာစတုရန်းမီတာ ၁၀၀၀ ကျယ်ဝန်းသည်။ ကြမ်းခင်း ကို ဝင်းလက်တောက်ပသော အဖြူရောင်ကျောက်စိမ်းပြားများဖြင့် ခင်းထားပါသည်။
ခန်းမတစ်ခုလုံးက အနီရောင်ဖြစ်သည်။ ကျောက်တိုင်ကြီးတွေ မှန်သမျှကိုလည်း ဖန်သားနှင့်အတူ အင်မော်တယ်ကမ္ဘာ၏ ထူးခြားသော နေ့စွဲကျောက်တွေနှင့် ပြုလုပ် ထားပါသည်။ ၎င်းတို့သည် ဥက္ကာခဲသံကဲ့သို့ မာကျော၏။ ပုံမှန်အားဖြင့် အဆင့်နိမ့် အဆင့် အင်မော်တယ်ပစ္စည်းများသည်ပင် ၎င်းတို့အပေါ်၌ ခြစ်ရာများချန်ထားရစ်ရန် ခက်ခဲပေနေပေလိမ့်မည်။
သို့သော် ယခုအချိန်တွင် လူတိုင်းအာရုံစိုက်နေကြသည့်အရာမှာ ခန်းမအတွင်းရှိ ဇိမ်ခံ အဆောက်အအုံများ မဟုတ်ဘဲ ခန်းမ၏ရှေ့တွင် လွင့်မျောနေသော ခေါင်းလောင်းကြီး ကို ဖြစ်ပါသည်။
ခေါင်းလောင်းသည် ကြေးဝါရောင်ရှိပြီး အမြင့်ဆယ်ကျန်းခန့်ရှိကာ ထူးဆန်းသော မှော်သင်္ကေတပုံစံများဖြင့် ထွင်းထုထားသည်။
ခေါင်းလောင်းကြီးသည် လေထဲတွင် လွင့်နေကာ ၎င်းပတ်ပတ်လည်တွင် အလင်းရောင် များ စီးဆင်းနေပါသည်။ ၎င်းသည် ဤနေရာ၌ ထာဝရတည်ရှိနေသကဲ့သို့ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးမှ ထွက်ပေါ်လာသော ရှေးဟောင်းအငွေ့အသက်က လူများကို မထိန်းနိုင်ဘဲ ရိုသေလေးစားလိုစိတ် ခံစားရစေပါသည်။
ချင်ယွင်နှင့် အခြားသူများသည် သူတို့၏မျက်နှာပေါ်တွင် ထိတ်လန့်တကြား ဖြစ်သည့် အမူအရာများဖြင့် ဖြစ်ပေါ်နေကြပြီး သူတို့ရှေ့ရှိ ထိုခေါင်းလောင်းကြီးအား စိုက်ကြည့် နေကြပါသည်။ ဤခေါင်းလောင်းကြီးသည် သူတို့ ခန်းမထဲသို့ မဝင်နိုင်အောင် တားဆီးထားသည့် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နေခြင်း ဖြစ်ပါသည်။
"ဒါက ဒဏ္ဍာရီလာ အရှေ့ပိုင်း ဧကရာဇ်ခေါင်းလောင်းကြီးများ ဖြစ်မလား။" ချင်ယွင် လည်း မထိန်းနိုင်ဘဲ အံ့သြတကြီးဖြစ်ပြီး မေးမြန်းလိုက်ပါသည်။
ဤစကားသည်ကို လူတိုင်းကြားသောအခါ၊ သူတို့၏ အမူအရာများသည် ချက်ချင်းပင် ဖော်ပြ၍ပင်မရလောက်အောင် လေးနက်လာပါသည်။
ဒဏ္ဍာရီလာ ဖရိုဖရဲရတနာငါးပါးသည် ကောင်းကင်ဘုံကိုပင် အံတုနိုင်သော ရတနာများ ဖြစ်ကြပါသည်။ ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားကို ခဏဖယ်ထား အတွင်းမှာရှိနေကြသည့် ပစ္စည်းဝိညာဉ်များသည်ပင် နှစ်ပေါင်း မရေမတွက်နိုင်အောင် ရှင်သန်နေခဲ့ကြပါသည်။ ၎င်းတို့ အသီးသီးသည် အင်မော်တယ် ဧကရာဇ်အဆင့်သို့ပင် ရောက်ရှိနေကြပြီ။
ဤအကယ်၍ သူတို့ရှေ့မှ ဤခေါင်းလောင်းကြီးသည် အရှေ့ပိုင်း ဧကရာဇ် ခေါင်းလောင်းသာ ဖြစ်နေခဲ့လျှင်၊ သူတို့သည် မရိုမသေ မပြုဝံ့ကြပါဘူး။ ထိုသို့ မဟုတ်လျှင် အတွင်းမှာရှိနေသည့် ပစ္စည်းဝိညာဉ်တွေကို ဒေါသထွက်စေပြီး သူတို့သည် 'သေမင်း' ဆိုသည့် စကားလုံးကို မည်သို့ရေးရမှန်းမသိ ဖြစ်သွားပါလိမ့်မည်။
"မဟုတ်ဘူး၊ ဒါက တကယ့် အရှေ့ပိုင်းဧကရာဇ်ခေါင်းလောင်း မဟုတ်ဘူး။ ဒါက အရှေ့ပိုင်းဧကရာဇ်ခေါင်းရဲ့ မိတ္တူတစ်ခုပဲ" နှင်းအမျိုးသမီးက ရုတ်တရက် ပြောလိုက် သည်။
"ပုံတူလုပ်ထားတာလား?" ချင်းဝူယန်က သံသယစိတ်ဖြင့် မေးလိုက်ရင်း သူ၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။
"ရှစ်ပ်၊ ငါ့မှာ အဲဒီခေါင်းလောင်းကြီးကြောင့် ကြောက်သွားရသေးတယ်။ ဒါဆို ဒီခေါင်းလောင်းကြီးက အတုပေါ့။" ဖန်ကျန်းချီ၏ မျက်နှာသည် ချက်ချင်းပင် အထင်မြင်သည့် ဟန်ပန်အမူအရာ ထုတ်ဖော်ပြသလာပြီး သူချုပ်တည်းထားခဲ့သော မောက်မာမှုက တစ်ဖန်ပြန်ပေါ်လာပါသည်။
"ဒါပေမယ့် အဲဒါက အတုဖြစ်တယ်ဆိုရင်တောင် ဒီရတနာရဲ့ အဆင့်က မနိမ့်ကျဘူး။ ဒီခေါင်းလောင်းရဲ့ အသွင်အပြင်ကို ကြည့်မယ်ဆိုရင် အနည်းဆုံး နှစ်ပေါင်း ၁၀၀၀၀ သက်တမ်း ရှိသင့်တယ်။" ချင်ယွင်သည် နှင်းအမျိုးသမီးကိုကြည့်ကာ ပြောလိုက်သည်။
“မှန်ပါတယ်၊ ဒီခေါင်းလောင်းကြီးက အတုတစ်ခုသာ ဖြစ်ပေမယ့် ထိပ်တန်းအဆင့် အင်မော်တယ်ပစ္စည်းအဖြစ်သို့ ရောက်ရှိနေခဲ့ပြီ။ ဒီခေါင်းလောင်းကြီးရဲ့ ကိုယ်ထည် တစ်ခုလုံးကို ထိပ်တန်းအဆင့် ကြက်သွေးရောင် မီကာကြေးဝါနဲ့ ပြုလုပ်ထားတယ်။ ဒီခေါင်းလောင်းကြီးရဲ့ မာကျောမှုက အရှေ့ပိုင်း ဧကရာဇ်ခေါင်းလောင်းထက်ပဲ နိမ့်ကျ လိမ့်မယ်။ ဒါ့အပြင် ဒီခေါင်းလောင်းကြီးကို အတုပြုလုပ်ခဲ့တဲ့သက်တမ်းလည်း အနည်း ဆုံး နှစ်ပေါင်း ၃၀၀၀၀ ရှိလောက်ပြီ။ အတွင်းမှာရှိတဲ့ ပစ္စည်းဝိညာဉ်ကလည်း နက်နဲ သိမ်မွေ့အင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်လွန်ပြီး လျှိုအင်မော်တယ် နယ်ပယ် (လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်)ကို ရောက်နေမှာတောင် ငါ စိုးရိမ်မိတယ်။" နှင်းအမျိုးသမီးက လေးနက်စွာ ပြောလိုက်သည်။
လူတိုင်းသည် အေးစက်သော လေကို ရှုရှိုက်လိုက်ကြပါသည်။
ချင်းဝူယန်၊ ဟန်ဖန်း၊ ဖန်ကျန်းချီ နှင့် လင်းယွန်ယန်တို့၏ အမူအရာများသည် ပြောင်းလဲသွားကြပါသည်။
လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ်လား?။
သူတို့သည် အပြင်ပကိုယ်ပွားများဖြစ်သည်ကို အသာထား၊ အကယ်၍ သူတို့သည် အစစ်အမှန် အင်မော်တယ်နယ်ပယ်မှာ ဖြစ်နေမည်ဆိုလျှင်ပင်၊ သူတို့၏လက်ရှိစွမ်အား သည် ပြိုင်ဘက် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် သူတို့သည် ခေါင်းလောင်းကြီးကို ကြည့်ပြီး တဖန် လေးနက်လာကြ ပြန်ပါသည်။
သေချာသည်မှာ၊ သူတို့၏အကြည့်များတွင် လောဘအရိပ်ယောင်များလည်း ရှိနေပါ သည်။ ဤခေါင်းလောင်းကြီးသည် ဤနေရာတွင် ပိုင်ရှင်မရှိဘဲ ရှိနေသည်မှာ ရှင်းလင်း သေချာပါသည်။
အကယ်၍ သူတို့သည် ထိုရတနာပစ္စည်းဝိညာဉ်၏ အသိအမှတ်ပြုမူခံရအောင် စွမ်းဆောင်နိုင်မည်ဆိုလျှင်၊ သူတို့သည် ရည်ရွယ်ထားခြင်းမရှိဘဲ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် အကူတစ်ယောက် ရရှိလာနိုင်ပြီး ဤအင်မော်တယ်နန်းတော်ကြီး ထဲတွင် အဖိုးတန်ဆုံး ရတနာများကိုရရှိရန် အခွင့်အလမ်းများ ပို၍ မြင့်မားလာမည် ဖြစ်ပါသည်။
အကြီးမြတ်ဆုံးအင်မော်တယ်အဆင့်ပစ္စည်းများ သို့မဟုတ် ဖရိုဖရဲရတနာများသည် မည်သို့ပင် ရှိနေစေကာမူ ထိုရတနာများအတွင်းမှ မွေးဖွားလာသော ပစ္စည်းဝိညာဉ်များ သည် သူတို့၏မွေးဖွားခြင်းအစမှာ အတော်လေး အားနည်းနေမည် ဖြစ်ပါသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ပစ္စည်းဝိညာဉ်များသည်လည်း ကြီးထွားလာမည် ဖြစ်ပါသည်။
အသက်ပိုကြီးလေလေ၊ ပစ္စည်းဝိညာဉ်များသည်လည်း ပို၍သန်မာလေ ဖြစ်ပါသည်။
ရှောင်ကျင်းကိုပေးသော မဟူရာသတ္တုတုတ်နှင့် အလားတူပါသည်။ ၎င်းသည် ထိပ်တန်း အဆင့် အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်သော်လည်း ၎င်းသည် နှစ်ပေါင်း ၆၀၀၀ ထက်မနည်း သက်တမ်းရှိသော်လည်း သူတို့၏ရှေ့မှာရှိနေသော ဤခေါင်းလောင်း၏ ပစ္စည်းဝိညာဉ်ကဲ့သို့ သန်မာခြင်း မရှိသေးပေ။
ပစ္စည်းဝိညာဉ်တစ်ခုသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေသမျှ ကာလပတ်လုံး ၎င်းပစ္စည်းဝိညာဉ်သည် ၎င်းပစ္စည်း၏ကိုယ်ထည်မှ ထွက်ခွာပြီး လူသားအသွင်သို့ပင် ပြောင်းလဲနိုင်သည်ဟု အဆိုရှိကြပါသည်။
ချင်ယွင်၏ဆရာသခင် မိုးပြာဧကရာဇ်သည် ဉပမာကောင်းတစ်ခု ဖြစ်ပါသည်။
"ဒီခေါင်းလောင်းကြီးကို ငါ ရအောင်ယူရမယ်။ တကယ်လို့ ငါ အရမယူနိုင်ဘူးဆိုရင် တခြားလူကိုလည်း ယူခွင့်မပေးနိုင်ဘူး။" ဖန်ကျန်းချီက သူ၏စိတ်ထဲမှာ ပြောလိုက်ပါ သည်။
ဖန်ချန်ကျီသည်သာမက ဟန်ဖုန်း၏ အုံ့မှိုင်းနေသော မျက်လုံး၏ နက်ရှိုင်းသောအရပ်မှ အလိုလောဘ အရိပ်အယောင်လည်း ထွက်ပေါ်လာပါသည်။
လူထွားကြီးသည် ခန်းမထဲသို့ဝင်လာကတည်းက မည်သည့်စကားမှ မပြောဘဲ ခေါင်းလောင်းကြီး၏ဘေးတွင် ရပ်နေခဲ့သည်။ ဤအရာက လူတိုင်းကို အံ့သြသွားစေ သည်။
“ဟား….၊ ဟား…..။ ဘယ်လိုပဲဖြစ်ဖြစ်လေ၊ မင်းတို့ ဝင်လာနိုင်မယ်လို့ ငါ တကယ်ကို မျှော်လင့်မထားခဲ့ဘူး။ မင်းတို့အုပ်စုကြီး ဒီနေရာကို ဝင်မလာခင်တုန်းက နှစ်ပေါင်း နှစ်ထောင် ကျော်ကြာတဲ့အထိ ဒီနေရာကို တစ်ဦးတစ်ယောက်မှ နောက်တကြိမ် ဝင်မလာနိုင်ခဲ့ဘူး”။
ခန်းမအတွင်းမှ အူလှိုက်သည်းလှိုက် ရယ်မောသံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် ခန်းမအပြင်ဘက်မှ အလင်းတန်းတစ်ခု ပစ်ဝင်လာပြီးနောက် လူတိုင်း၏ ရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
ဤသည်မှဦ ဆံပင်ဖြူ အဘိုးကြီးတစ်ဦး ဖြစ်ပါသည်။ သူ့တွင် ကြိုးကြာဆံပင်နှင့် ကလေးငယ်တစ်ဦးလို အသားအရေရှိကာ မြင့်မားသော စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထား သည်။ ဤအဘိုးအိုသည့် စောစောက ငါဖမ်းနေသော အဘိုးကြီးဖြစ်ပါသည်။
"ဘာလို့ ခင်ဗျား ဖြစ်နေရတာလဲ?" ငါးမျှားနေသော အဘိုးကြီးကို မြင်တော့ ဖန်ကျန်းချီ၏ အမူအရာက ချက်ချင်း တုန်လှုပ်သွားပါသည်။
ဆံပင်ဖြူ အဖိုးအိုသည် ဖန်ကျန်းချီ၏ မေးခွန်းကို ကြားသောအခါတွင် သူ၏ မျက်နှာ ပေါ်တွင် ချက်ချင်းပင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပါသည်။ သူက ဂုဏ်ယူစွာ ပြောလိုက်သည် "ဘာလို့ ငါ မဖြစ်နိုင်ရမှာလဲ?။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါက ကြက်သွေးရောင်တိမ်တိုက်ခေါင်းလောင်းရဲ့ ပစ္စည်းဝိညာဉ်ပဲ"။
အဘိုးအိုက ထိုစကားပြောပြီးသည်နှင့် နှင်းအမျိုးသမီးမှလွဲ၍ ကျန်လူအားလုံးသည် အံ့အားသင့်နေသော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။
ဤအဘိုးကြီးသည် အမှန်တကယ်ပင် ပစ္စည်းဝိညာဉ် ဖြစ်နေသလော?။
ယခင်က ဤအဘိုအို၏ အငွေ့အသက်ကို သူတို့ မခံစားနိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် ပစ္စည်းဝိညာဉ်တစ်ခု ဖြစ်နေခြင်းကြောင့်လည်း ဖြစ်နိုင် ပုံရသည်။
ချင်ယွင်လည်း သူ၏စိတ်ထဲတွင် အလွန်အံ့သြသွားသည်။ ဤအဘိုးအိုသည် အမှန်တကယ်ပင် ပစ္စည်းဝိညာဉ် ဖြစ်နေသည်။ တစ်နည်းဆိုရသော် ဤအဘိုးအို၏ စွမ်းအားသည် အနည်းဆုံး နက်နဲသိမ်မွေ့အင်မော်တယ်နယ်ပယ်တွင် ရှိနေလိမ့်မည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် (လျှိုအင်မော်တယ်နယ်ပယ်)မှာပင် ရှိနေနိုင်ပါသည် ။
ထိုအကြောင်းကိုတွေးတောရင်း အဖိုးအိုအပေါ်ထားတဲ့ ချင်ယွင်၏ အမူအရာလည်း လေးစားသည့်ဟန်ပန်အမူအရာ ဖြစ်ပေါ်လာသည်။
"ကောင်းပြီ၊ မင်းတို့အားလုံး စမ်းသပ်မူအောင်မြင်ပြီး ပင်မခန်းမထဲကို ဝင်လာကြတဲ့ အတွက် မင်းတို့အားလုံးဟာ ဒုတိယထပ်ကို ဝင်ဖို့ အရည်အချင်း ပြည့်မှီကြပါတယ်။ ဒါပေမယ့် ဒုတိယထပ်မဝင်ခင်မှာ နောက်ထပ် စမ်းသပ်မူတစ်ခု ရှိနေသေးတယ်၊ အောင်မြင်တဲ့သူကို ငါ လက်ဆောင်ကြီးတစ်ခု ပေးမယ်။" ဆံပင်ဖြူ အဘိုးကြီးက ပြောသည်။
"ဘာလက်ဆောင်လဲ?" ဖန်ကျန်းချီက ကမန်းကတန်း မေးလိုက်ပြီး သူ၏မျက်လုံးများ က ချက်ချင်းပင် ပူလောင်လာပြန်သည်။
ဆံပင်ဖြူ အဖိုးအိုက ပြုံးပြီး "အဆင့်သုံးအင်မော်တယ်ဆေး - ကောင်းကင်ဖမ်းကံကြမ္မာ ဆေးလုံး" ဟု ပြောလိုက်ပါသည်။
"ကောင်းကင်ဖမ်း ကံကြမ္မာဆေးလုံးလား?" ချင်ယွင်နှင့် အခြားလူများသည် တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားကြပြီး သူတို့၏မျက်လုံးများက ရုတ်တရက် တောက်ပလာပါသည်။
ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးသည် ထိပ်တန်းအဆင့် အင်မော်တယ်ဆေးပြား သုံးခုထဲမှ တစ်ခု ဖြစ်ပါသည်။ လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ်အောက် ကျင့်ကြံသူများသည်၊ ဤဆေးကို သောက်သုံးလိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များ သည် သန့်စင်သွားမည်ဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုအခြေခံသည်လည်း အဆင့်တစ်ခုသို့ မြင့်တက်လာမည် ဖြစ်ပါသည်။
သို့သော် ဤဆေးကို တစ်ကြိမ်သာသောက်သုံးနိုင်ပြီး ဒုတိယအကြိမ် သောက်သုံးလျှင် အကျိုးသက်ရောက်မှု လုံးဝ ရှိလိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင်၊ ဖန်ကျန်းချီ နှင့် ဟန်ဖန်းတို့သည် အစစ်အမှန် အင်မော်တယ်နယ်ပယ် ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်ပါသည်။ အကယ်၍ သူတို့သည် ဤဆေးလုံးကို ရရှိနိုင်ပါက၊ သူတို့သည် နက်နဲသိမ်မွေ့ အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ရာမှာ ဤဆေးကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။
၎င်းသည် အနှစ်တစ်ရာနီးပါး ကျင့်ကြံခြင်းနှင့် ညီမျှပါသည်၊ အင်မော်တယ်ကမ္ဘာမှာပင်၊ ၎င်းဆေးလုံးသည် တုနှိုင်းမရအောင် အဖိုးတန်လှပါသည်။
"ဘာစမ်းသပ်မူများလဲ?" ချင်းဝူယန်သည် ဤဆုလာဘ်ကို အလွန်စိတ်ဝင်စားနေပြီး ကမန်းကတန်း မေးလိုက်သည်။
"ခေါင်းလောင်းကို အသံမြည်အောင် တီးရုံပါပဲ! အဘိုးအိုက ပြုံးပြုံးလေး ပြောသည်။
ချင်ယွင်လည်း အနည်းငယ် မှင်သက်သွားခဲ့သည်။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို မြည်အောင်တီးခတ်ရုံဖြင့် ကောင်းကင်ဖမ်းကံကြမ္မာ ဆေးလုံးကို ရနိုင်ပါသလား?။
"ဒါပေမယ့် မင်းတို့ကို သတိပေးပါရစေ၊ ဒီခေါင်းလောင်းက အသံမြည်ဖို့ မလွယ်ဘူး" ဆံပင်ဖြူ အဘိုးအိုက သရောဟန်ဖြင့် ရယ်မောလိုက်သည်။ လူအုပ်ကိုကြည့်ရင်း သူ၏ မျက်လုံးတွေက အနည်းငယ် ကျဉ်းသွားကာ၊ ကျီးစားလိုသည့် ဟန်ပန်အမူအရာအပြည့် ရှိနေပုံရပါသည်။