← Chapters

အခန်း ၆၄၆

Vol. 44 Ch. 646

အခန်း ၆၄၆

Vol. 44 Ch. 646

အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၄)

ဘာသာပြန်သူ နေဇင်။

အခန်း (၆၄၆) ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံး။

ဘန်း…..။

ကောင်းကင်နှင့်မြေကြီးက တေးသီပြီး အင်မော်တယ် ဂီတသံစဉ်များက အလွန်မင်း တက်ကြွဟန်ဖြင့် ဆူညံသွားလေသည်။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးများသည် ကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းကြီးမှ လှိုင်းလုံးများသဖွယ် လှိမ့်ထွက်လာခဲ့ပြီး နှင်းအမျိုးသမီးအား ပြင်းပြင်းထန်ထန် တရစပ်တိုက်ခိုက်နေပါသည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် အလင်းစက်ဝိုင်း တစ်ခုသဖွယ် ဖြစ်ပေါ်လာပြီး ၎င်းတွင်ပါရှိသော စွမ်းအားများသည် ကြောက်မက်ဖွယ် ကောင်းလှသည်။

ပတ်ဝန်းကျင်ရှိလူတိုင်းသည် မျက်လုံးမျက်ဆန် ပြူးကျယ်သွားကြပါသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်စက်ဝန်းအတွင်းပါရှိသော စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားပြည့် တိုက်ခိုက်ခြင်းထက်ပင် ပိုကြောက်စရာကောင်းပါသည်။ အကယ်၍ သူတို့သည် သူတို့၏ ရှိသမျှနည်းလမ်းအားလုံးကို အသုံးပြုခဲ့လျှင်ပင် ပြင်းထန်သော ဒဏ်ရာများကို ပေးဆပ်ရပေလိမ့်မည်။

သို့သော်လည်း နှင်းအမျိုးသမီးသည် အနည်းငယ်မျှ ထိတ်လန့်သွားခြင်းမရှိခဲ့ပေ။ သူမသည် လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သေးသည်။ သူမ၏ လက်ဖဝါး သည် များပြားလှသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ကောင်းသော ရောင်ခြည်စက်ဝန်းကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ရိုက်ချလိုက်လေ သည်။

နှင်းအမျိုးသမီး၏ ရုပ်အသွင်အပြင်သည် အလွန်နူးညံသိမ်မွေ့သော ဖုန်မှုန့်များကဲ့သို့ ကျက်သရေရှိစွာ လှပနေပါသည်။ သူမ၏ အဖြူရောင်ဝတ်စုံသည် အကြမ်းထည် ဆန်လှသော်လည်း သူမ၏ရုပ်အသွင်သည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေပါသည်။

ဘန်း…..!

ပြင်းထန်သော ပေါက်အသံတစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်က လေထုထဲတွင် ပြည့်နှက်နေသည်။

လူတိုင်းသည် မြင်လိုက်ရသည့် ကြောက်မက်ဖွယ် စွမ်းအင်ရောက်ခြည်စက်ဝန်းသည် ပြင်းထန်သော အအေးဓာတ်များနှင့် ပြည့်နှက်နေသော နှင်းအမျိုးသမီး၏ လက်ဖဝါးထဲ တွင် ဘာမှမရှိသည်၏အဖြစ်သို့ ပြောင်းလဲပျောက်ကွယ်သွားပါသည်။

ထိုမြင်ကွင်းကို လူတိုင်း မြင်လိုက်ရတော့ သူတို့၏မျက်နှာတွေ ကြောက်ရွံ့ ထိတ်လန့် သည့် ဟန်ပန်အမူအရာတွေနှင့် ပြည့်နှက်သွားခဲ့လေသည်။

ဤနှင်းအမျိုးသမီး၏ စွမ်းအားသည် မရိုးရှင်းဟု သူတို့သည် ဟိုးအရင်ကတည်းက မှန်းဆထားပြီး ဖြစ်ပါသည်။ သူမသည် အမှန်တကယ် အလွန် အစွမ်းထက်နေလိမ့်မည် ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ယခုလေးတင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအင်ရောင်ခြည်စက်ဝိုင်းသည် အစောပိုင်း အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူ တစ်ဦးပင်လျှင် ၎င်းစွမ်းအင်စက်ဝန်း၏ စူးရှမူအား ရှောင်ရှားရန် ခက်ခဲပေလိမ့်မည်။

ဟန်ဖန်း၊ ချင်းဝူယန် နှင့် တခြားလူများသည် မျက်မှောင်ကြုတ်ကာ နှင်းအမျိုးသမီးအား ကြည့်နေရင်း ကြောက်ရွံ့တရားတွေ တိုးလာပါသည်။

ဆံပင်ဖြူ အဘိုးကြီးလည်း အံ့သြတကြီး မျက်နှာအမူအရာ ဖော်ပြလာသည်။ သူသည် နှင်းအမျိုးသမီးကို လေးလေးနက်နက် စေ့စေ့စပ်စပ် ကြည့်လိုက်ရင်း နောက်ဆုံးမှာ တော့ "ကောင်းပြီလေ၊ မင်းက ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို အသံမြည်အောင် စွမ်းဆောင်နိုင်တယ်ဆိုတော့ ငါလည်း ငါ့ကတိကို တည်ရမှာပေါ့။ ဒီကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးကို မင်း ပိုင်သွားပြီ" ဟု ပြောလိုက်သည်။

ထိုစကားပြောပြီးသည်နှင့် ဆံပင်ဖြူ အဘိုးအိုသည် သူ၏လက်ဖဝါးကို လှန်လိုက်ပြီး အင်မော်တယ် ဆေးပြားတစ်လုံးက သူ၏လက်ထဲမှာ လွင့်မျောနေပါသည်။ ၎င်းသည် စူးရှတောက်ပသော သုံးရောင်ခြယ် အလင်းတန်းကို ထုတ်လွှတ်နေ၏။ ဆေးပြား၏ မွှေးရနံ့သည် ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားပါသည်။

"တကယ်ကို အဆင့်သုံးအင်မော်တယ်ဆေး… ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံး ပါလား"

ဤအင်မော်တယ်ဆေးပြားကို တွေ့လိုက်ရသည့်အခိုက် လူတိုင်း၏ မျက်လုံးများသည် ဝင်းလက်တောက်ပလာပါသည်။

အင်မော်တယ်ဆေးပြားများကို အင်မော်တယ်ကမ္ဘာမှာပင် အလွန်အဖိုးတန်သည်ဟု ယူဆကြပါသည်။ အကြောင်းမှာ ဆေးပြားများကို သန့်စင်ပေးနိုင်သော အင်မော်တယ် အဆင့် ကျွမ်းကျင်ပညာရှင်များ အလွန်နည်းပါးသောကြောင့် ဖြစ်ပါသည်။ ထို့အပြင်၊ အင်မော်တယ်ဆေးများကို သန့်စင်ရန်အတွက် အချိန်များစွာလည်း ယူရပါသေးသည်။

အဆင့်တစ်အင်မော်တယ်ဆေးများသည်ပင် သန့်စင်ရန်တွက် နှစ်ပေါင်းများစွာ အချိန် ကြာပါသည်။ အဆင့်သုံး အင်မော်တယ်ဆေးများဆိုလျှင် သန့်စင်ရန်အတွက် နှစ်တစ်ရာနီးပါးကြာမည် ဖြစ်ပါသည်။ အဆင့်သုံး အထွက်ထိပ်အဆင့် အင်မော်တယ် ဆေးပြားများကို သန့်စင်ရန်အတွက်မူ နှစ်ပေါင်း ၁၂၀ အချိန်လိုအပ်ပါလိမ့်မည်။

အင်မော်တယ်ကျွမ်းကျင်ပညာရှင်များပင်လျှင် အင်မော်တယ်ဆေးများကို သန့်စင်ရန် အချိန်များစွာ သုံးစွဲရသောကြောင့် အဆင့်အတန်းမြင့်မားလေ၊ အင်မော်တယ်ဆေးပြား များသည် ပို၍ တန်ဖိုးကြီးလေ ဖြစ်ပါသည်။

ဒဏ္ဍာရီလာ အဆင့်ကို အင်မော်တယ်ဆေးများကို သန့်စင်ရန်အတွက်မူ နှစ်ထောင် ပေါင်းများစွာ သို့မဟုတ် သောင်းနှင့်ချီ၍ပင် လိုအပ်ပြီး ထိုဆေးလုံးများ အတွင်းပါရှိသော စွမ်အားကလည်း အလွန်ကြီးမားပါသည်။

အင်မော်တယ်ဧကရာဇ်မင်းမြတ်တစ်ပါး၏ သားတော်တစ်ပါးအနေဖြင့်၊ ချင်ယွင်သည် အဖိုးတန်ဆုံးဆေးအဖြစ် အဆင့်ခြောက်သာရှိသည့် အင်မော်တယ်ဆေးလုံး တစ်လုံးကို သာ တွေ့မြင်ခဲ့ဖူးပြီး ယင်းသည် တော်ဝင်ချင် အင်မော်တယ်မင်းဆက် တစ်ခုလုံးတွင် တစ်ခုတည်းသော ဆေးလုံးလည်း ဖြစ်ပါသည်။

ထိုအနေထားမှတဆင့် ဤအဆင့်သုံးအင်မော်တယ်ဆေးပြားသည် မည်မျှ တန်ဖိုးကြီး သည်ကို မြင်တွေ့နိုင်ပါသည်။

ဝှီး….!

ဆံပင်ဖြူ အဘိုးအိုသည် သူ၏လက်ချောင်းကို ဆတ်ခနဲ လှုပ်ရှားလိုက်သည်နှင့် သုံးရောင်ခြယ် ရောင်စုံ အလင်းတန်းကို ထုတ်လွှတ်နေသော အင်မော်တယ် ဆေးပြားသည် နှင်းအမျိုးသမီး၏ လက်ထဲသို့ တိုက်ရိုက် ပျံသန်းသွားပါသည်။

နှင်းအမျိုးသမီးသည် အင်မော်တယ်ဆေးကို ယဉ်ယဉ်ကျေးကျေး ဖမ်းယူလိုက်ပြီး ဘေးနားသို့ လျှောက်သွားပါသည်။

ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် မနာလိုစိတ်တွေ ဖြစ်ပေါ်လာပါသည်။

"ဒီကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို ဘယ်သူ စမ်းကြည့်ချင်သေးလဲ?။" ဆံပင်ဖြူ အဘိုးကြီးက ပြုံးပြုံးလေး ပြောလိုက်ပါသည်။

လူတိုင်းသည် နောက်တကြိမ် ရုန်းကန်ကြိုးစားချင် ပြန်သော်လည်း ယခုလေးတင် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ခြည်စက်ဝန်း၏ စွမ်းအားကို တွေးတောမိလိုက်သည့်အခါ သူတို့၏ကြွတက်လာသော စိတ်ဆန္ဒများကို အတင်း အကြပ် ဖိနှိပ်ကာ တစ်ယောက်မှ မလှုပ်ရှားရဲကြပေ။

"ကျွန်တော် လုပ်မယ်!"

အားလုံး တိတ်ဆိတ်နေကြစဉ်မှာပင် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ထို့နောက် ချင်ယွင်သည် လူအုပ်ထဲမှ ထွက်လာပြီး ကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းဆီသို့ လျှောက်သွားပါသည်။

ဆံပင်ဖြူ အဘိုးကြီးသည် လူအုပ်ထဲမှ ချင်ယွင်ထွက်လာသည်ကို မြင်သောအခါတွင် သူ၏နှုတ်ခမ်းများသည် မှန်းဆလို့မရနိုင်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။

"ချပ်စ်၊ ဒါက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာ မဟုတ်လား?။ သူက ကြက်သွေး ရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို အသံမြည်အောင် တီးခတ်ချင်နေတယ်။ ဒါက အရူးတစ်ယောက်ရဲ့ လှည့်စားမှုတစ်ခုပါပဲ။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်း ရဲ့ တုံ့ပြန်မှုကြောင့် သူ ဒဏ်ရာအပြင်းအထန် ရသွားမှာ သေချာပါတယ်။" ချင်ယွင်သည် လူအုပ်ကြားထဲမှ ထွက်သွားသည်ကို မြင်လိုက်ရလျှင် သူသည် တိုက်ရိုက်ပင် ကဲ့ရဲ့ ဝေဖန်လိုက်ပြီး ဖန်ကျန်းချီ၏ မျက်နှာပေါ်တွင် သရော်လှောင်ပြောင်ဟန်က ပေါ်လာပါသည်။

သူ၏အမြင်အရတော့ ချင်ယွင်သည် သူနှင့် ဘာမှမခြားနားပေ။ ချင်ယွင်ထက် အနည်းငယ် သန်မာနေသော သူသည်ပင်လျှင် ဤကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးကို နည်းနည်းလေးမှ လှုပ်ခါအောင် မလုပ်နိုင်ခဲ့ပေ။ ဤချင်ယွင်လည်း လုံးဝ လှုပ်ခါအောင် လုပ်နိုင်မည် မဟုတ်ပေ။

ဟန်ဖန်း၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပါသည်။ ရှင်းရှင်းပြောလျှင်၊ သူ၏အတွေးတွေကလည်း ဖန်ကျန်းချီနှင့် အတူတူပင် ဖြစ်ပါသည်။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို လှုပ်ခါဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။

ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည် စူးစမ်းလိုဟန် အမူအရာများ ဖြစ်ပေါ်နေကြ သည်။

အထူးသဖြင့် လင်းယွန်ယန် ဖြစ်သည်။ သူမသည် ကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းကြီးကို လှုပ်ခတ်နိုင်မည်ဟု သူမ ယုံကြည်သော်လည်း ခေါင်းလောင်းကြီး အထံမှ တန်ပြန်ရိုက်ခတ်မူကို ခံယူနိုင်မည်ဟု သူမ မယုံကြည်ခဲ့ပေ။ ထို့ကြောင့် သူမသည် လှုပ်ရှားမူမလုပ်ရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့်၊ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို တီးခတ်ရာတွင် ချင်ယွင်သည် မည်ကဲ့သို့ ယုံကြည်မှုမျိုး ရှိသည်ကို သူမ အလွန်သိချင်နေခဲ့သည်။

ချင်ယွင်သည် လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။

ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီး၏ အနီးသို့ ရောက်သည်နှင့် တပြိုင်နက်၊ ချင်ယွင်သည် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းမှ ထုတ်လွှတ်နေသော မမြင်နိုင်သော အငွေ့အသက်ကို ခံစားနိုင်သည်။ ၎င်းသည် သူ၏ရှေ့မှာ ထီးထီးကြီး တည်ရှိနေသည့် နတ်ဘုရားတောင်ကြီး တစ်ခုလိုပင်။

ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် စူးရှလာပြီး အကန့်အသတ်မရှိ လျှိုဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ကို ခရမ်းရောင်အလင်းအလွှာ တစ်ခုဖြင့် ချက်ချင်းပင် ဖုံးအုပ်သွား လေသည်။

"ဘုန်း….!"

ချင်ယွင်သည် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်ပြီး သူ၏ လက်သီးချက်သည် တောင်တန်းများနှင့် မြစ်ရေပြင်များကို လွှမ်းခြုံထားနိုင်သော တုနှိုင်း၍ မရအောင် ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားလေသည်။

ဘန်း….!

ချင်ယွင်၏ လက်သီးချက်သည် ရေလှိုင်းများကို ရိုက်ခတ်သွားပုံရပြီး စွမ်းအင်လှိုင်း ဝဲဂယက်များကိုသာ ဖြစ်ပေါ်စေခဲ့ပါသည်။

သို့သော်လည်း ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးသည် မလှုပ်မယှက် ရပ်တည်နေသော ဧရာမတောင်ကြီးတစ်ခုကဲ့သို့ တည်ရှိနေပါသေးသည်။

"သူ ဒီကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို မလှုပ်ခါနိုင်ဘူးလို့ မင်းတို့ကို ငါပြောခဲ့သားပဲ။ ဟား….၊ ဟား….၊ အဲဒါက တကယ်ကို ရှက်စရာကောင်းလွန်းတယ်။ ဒီကောင် အဲဒီခေါင်းလောင်းကြီးရဲ့ တန်ပြန်ရိုက်ခတ်မူကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ ငါ ကြည့်ဦးမယ်။" ဖန်ကျန်းချီက ရယ်မောပြီး လှောင်ပြောင်လိုက်ကာ သူ၏ မျက်လုံးများတွင် သရော်လှောင်ပြောင်ဟန်ဖြင့် ပြည့်နှက်နေသည်။

ရယ်မောသံတွေက ခန်းမထဲမှာ ပြည့်လျှံနေပြီး ယခုလေးတင် သူ အရှက်ကွဲခဲ့ရသည်ကို သူ လုံးဝ မေ့သွားခဲ့သည်။

ချင်ယွင်သည် ဖန်ကျန်းချီ၏ လှောင်ပြောင်အသံကို လျစ်လျူရှုထားသည်။ ဤအခိုက်အတန့်တွင် သူသည် သူ၏ရှေ့ရှိ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်း ကြီးကို လေးလေးနက်နက် ကြည့်နေမိသည်။

သူသည် အစောပိုင်းက သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်ကို တစ်ရာရာခိုင်နှုန်းအပြည့် အသုံးပြုထားပြီး ဖြစ်သော်လည်း ကြက်သွေးရောင် တိမ်တိုက် ခေါင်းလောင်းကြီးကို အနည်းငယ်မျှပင် လှုပ်ခါနိုင်ခြင်း မရှိသေးပေ။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို လှုပ်ခါနိုင်ရန်မှာ သေချာပေါက် ရိုးရှင်းသည့်ပုံ မပေါ်ပေ။

ဘန်း….။

ထိုအချိန်တွင် ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ပေါ်လာသည်။ ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ချက်ချင်းပင် ထွက်လာသည်။

ချင်ယွင်၏ အမူအရာက ချက်ချင်း ပြောင်းသွားသည်။ ဤကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းသည် သူ၏မျက်လုံးများအမြင်တွင် လျင်မြန်စွာ ကျယ်ပြန့် လာခဲ့ပြီး ၎င်း၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းနေပြီး ၎င်းသည် သူထိုးသတ်လိုက်သော လက်သီးချက်၏ စွမ်းအားထက်ပင် ကျော်လွန်သွားခဲ့သည်။

"မင်းက သေခြင်းတရားကို သွားပြီး တောင်းခံလိုက်တာပဲ။" ဖန်ကျန်းချီသည် ခပ်ဝေးဝေးမှ ရယ်မောလိုက်ပြီး ချင်ယွင်ကိုကြည့်သည့် သူ၏အကြည့်များက ကျီးစယ် လှောင်ပြောင်မူနှင့်အတူ သနားသည့်အမူအရာများပါ အပြည့်ရှိနေပါသည်။

အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ ချင်ယွင်သည် သူ၏ သွေးအနှစ်သာရ လောင်ကျွမ်း ခြင်း လျှို့ဝှက်ချက်နည်းပညာရပ်ကို တိုက်ရိုက် လုပ်ဆောင်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ လျှိုဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်တွေ ထွက်ပေါ်လာပြီး ဤကြောက်စရာကောင်းသည့် စွမ်းအင်အတက်အကျလှိုင်းလုံးကြီးကို လက်သီးချက် ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ခွဲပစ်လိုက်ပါသည်။

"ဘုန်း….!"

အကန့်အသတ်မရှိသော အင်အားတစ်ခုက ချက်ချင်းပင် ပေါက်ကွဲသွားခဲ့ပြီး ကြောက်မက်ဖွယ် နောက်ဆက်တွဲ ရိုက်ခတ်မူများက ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းမိုးသွားပါသည်။

ချင်ယွင်သည် ပင်မခန်းမအ၀င်ဝသို့ ရောက်သည့်တိုင်အောင် ဤကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်အတက်အကျလှိုင်းအောက်တွင် ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားခဲ့ရသည်။ သူသည် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်း၏ စွမ်းအားသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ၎င်း၏ကိုယ်ထည်ပေါ်သို့ ကျရောက်လာသည့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို တုန်ခါခြင်းမှ ပြန်လည် ကောင်းမွန်လာပြီးနောက် ၎င်း၏စွမ်းအားကို နှစ်ဆတိုးစေကာ တန်ပြန်ရိုက်ထုတ် လိုက်မည် ဖြစ်ပါသည်။

အကယ်၍ ချင်ယွင်သာ သွေးအနှစ်သာရလောင်ကျွမ်းခြင်းလျှို့ဝှက်ပညာရပ်ကို အသုံးမပြုခဲ့ဘူးဆိုလျှင်၊ သူသည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိရုံသာမက နောက်ပြန် ဆုတ်ခွာရခြင်းကြောင့်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားမည် ဖြစ်ပါသည်။

"ယခင် စမ်းသပ်မှုတုန်းက မင်းအသုံးပြုခဲ့တဲ့ လက်ဖဝါးကို စမ်းသုံးကြည့်လိုက်ပါ။"

ချင်ယွင် ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင်၊ သူ၏ဘေးနားမှ ဆံပင်ဖြူ အဖိုးအိုက ရုတ်တရက် ပြောလိုက်ပါသည်။

All Chapters