← Chapters

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း ၆၄၈

Vol. 44 Ch. 648

အခန်း (၆၄၈) ခင်ပွန်းဖြစ်သူကို တောင်းပန်ပြီး သူ၏တပ်များကို အပေးအယူလုပ်ခြင်း။

"မင်းညီမ……" (ကျိန်ဆဲသံ)

ဖန်ကျန်းချီသည် အံတင်းတင်းကြိတ်ပြီး သူ၏လက်ထဲမှာ ကျောက်စိမ်းဆွဲသီးတစ်ခု ပေါ်လာပါသည်။ နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ၊ ဖန်ကျန်းချီသည် သူ၏ လက်ထဲမှ ကျောက်စိမ်းဆွဲသီးကို တိုက်ရိုက် ဖိချေလိုက်ပါသည်။

ကျောက်စိမ်းဆွဲသီးသည် ကွဲအက်သွားသည်နှင့် တပြိုင်နက် ကျောက်စိမ်းဆွဲသီးမှ ပြင်းထန်သော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဖန်ချန်ကျီကို ဖုံးအုပ်သွားသည့် အလင်းအကာကွယ် အတားအဆီးတစ်ခုအဖြစ် ချက်ချင်း ဖြစ်ပေါ်လာသည်။

ခံစစ်အကာကွယ် အတားအဆီးကို ဖွဲ့စည်းလိုက်သည်နှင့် တပြိုင်နက် ကြောက်မက် ဖွယ်ကောင်းသော စွမ်းအင်ရောင်ခြည်အလင်းတန်းသည် ဖန်ကျန်းချီ၏ အကာကွယ် အတားအဆီးကို ပြင်းထန်စွာ တိုက်ခိုက်သွားခဲ့ပါသည်။

"ဘုန်း…!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အကာကွယ်ဒိုင်းသည် မုန်တိုင်းအတွင်း ကျရောက်နေသော ပျိုးပင်များကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။

"ဖျစ်…..!"

ဖန်ကဲ့သို့ အက်ကွဲအက်သံတစ်ချက် ထွက်ပေါ်လာပြီး အကာကွယ် ခံစစ် အတားအဆီး ပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။

"လခွမ်းကာ…!"

ဖန်ကျန်းချီသည် အံတင်းတင်းကြိတ်ကာ ကြိမ်းမောင်းဆဲဆိုလိုက်သည်။ ထိုအချိန်တွင် ချင်ယွင်အပေါ် သူ၏မုန်းတီးမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

၎င်းသည် သူ၏မူလခန္ဓာကိုယ်ကိုယ်တိုင် သန့်စင်ထားသည့် ခံစစ်အကာကွယ် ကျောက်စိမ်းဆွဲသီး အလင်းဒိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် သေရေးရှင်ရေး အခိုက်တန့်တွင် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းကိုပင် ခံနိုင်ရည်ရှိသည်။

၎င်းအကာကွယ် ကျောက်စိမ်းဆွဲသီးသည် ယခုလို ဖြုန်းတီးပစ်လိုက်ရရုံသာမက၊ ဤကြောက်မက်ဖွယ် စွမ်းအင်ရောင်ခြည် အလင်းတန်းကိုလည်း တားဆီးနိုင်စွမ်း မရှိခဲ့ပါ။

"ဝှီး…!

အကာကွယ်အလင်းဒိုင်းသည် လုံးဝကွဲအက်သွားခဲ့ပြီး စွမ်းအင်ရောင်ခြည်အလင်းတန်း က ဖန်ကျန်းချီ၏ ရင်ဘတ်သို့ ခံစစ်ဒိုင်းတဆင့် ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။

ဖန်ကျန်းချီသည် သူ၏ အင်မော်တယ်ချပ်ဝတ်ကို အလျင်အမြန် ဆင့်ခေါ်လိုက် သော်လည်း အသုံးမဝင်သေးပေ။

စွမ်းအင်ရောင်ခြည်အလင်းတန်းသည် ဖန်ကျန်းချီ၏ အင်မော်တယ်ချပ်ဝတ်နှင့် တိုက်မိ သွားပြီး အင်မော်တယ်ချပ်ဝတ်ထံမှ ကွဲအက်သံများ ထွက်ပေါ်လာသည်။

ဖန်ကျန်းချီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် နောက်ပြန် လွင်သွားကာ အနီရောင်နံရံကို ပြင်းထန်စွာ ထိမှန်သွားပါသည်။

နံရံကြီးသည် ပြိုကျသွားပြီး တွင်းနက်ကြီးတစ်ခု ပေါ်လာပါသည်။ အက်ကွဲကြောင်း များသည် ပင့်ကူမျှင်များကဲ့သို့ ပျံ့နှံ့သွားသည်။

၎င်းနံရံကြီးကို အဆင့်နိမ့်အဆင့် အင်မော်တယ်ပစ္စည်းများနှင့် မာကျောသည့် ဖန်သား ကျောက်များဖြင့် ပြုလုပ်ထားသော်လည်း ၎င်းတို့သည် ယခုအချိန်တွင် အမှန်တကယ် ကွဲအက်သွားခဲ့သည်။ ဤတန်ပြန်ရိုက်ချက်သည် မည်မျှ အစွမ်းထက်သည်ကို မြင်နိုင်ပါ သည်။

ဖန်ကျန်းချီသည် မြေပြင်ပေါ်သို့ ပစ်လဲကျသွားပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ထုတ်နေသည်။ ကံကောင်းထောက်မစွာ၊ အကာကွယ်ခံစစ် အတားအဆီးနှင့် အင်မော်တယ်ချပ်ဝတ်တန်ဆာသည် သူ့အတွက် စွမ်းအင်ရောင်ခြည်အလင်းတန်း အများစုကို ဖယ်ရှားပေးခဲ့သည်။ ထိုသို့မဟုတ်လျှင် သူသည် ယခုအချိန်မှာ လုံးလုံး ကွဲကြေသွားပေလိမ့်မည်။

ဟုတ်ပါသည်၊ ဒါတောင် ဖန်ကျန်းချီသည် စိတ်မကောင်းဖွယ် အခြေအနေမျိုး ကျရောက်သွားခဲ့ရသည်။

သူသည် မြေပြင်မှကုန်းရုန်းထကာ သူ၏ခန္ဓာကိုယ်သည် ယိုင်နဲ့နဲ့ဖြစ်နေပြီး ဆံပင်တွေ က နောက်ကျောမှာ ပြန့်ကျဲနေကာ သူ၏အဝတ်အစားတွေကလည်း စုတ်ပြတ်နေပြီ။ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျနေသည်။ အကြည့်တစ်ချက်ဖြင့်ဆို၊ သူသည် ရိုက်နှက်ခံထားရသည့် သူတောင်းစားတစ်ယောက်လို ဖြစ်နေပါသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လူတိုင်း အံ့ဩသွားကြသည်။

ဤစွမ်းအင်ရောင်ခြည် အလင်းတန်းသည် ချင်ယွင်ကို တိုက်ခိုက်နေသည် မဟုတ်လော။ ရုတ်​တရက် အဘယ်ကြောင့် ​ ဖန်ကျန်းချီဘက် လှည့်ပြီး တိုက်ခိုက်ရ သနည်း?။ ​

သို့သော် သူတို့သည် ချင်ယွင်၏လက်ထဲတွင် လေဟာနယ် သလင်းကျောက် အပိုင်းအစကို တွေ့လိုက်ရသောအခါတွင် ဖြစ်ပျက်နေသည့် အရာများကို လုံးလုံး နားလည်သွားကြပါသည်။ ချင်ယွင်သည် ဤကဲ့သို့သော ရတနာတစ်ခု အမှန်တကယ် ပိုင်ဆိုင်ထားသောကြောင့် အားလုံး အံ့ဩသွားကြသည်။

" ချင်ယွင် ငါ မင်းနဲ့မပြီးသေးဘူး!" ဖန်ကျန်းချီက ဒေါသတကြီး အော်ဟစ်လိုက်သည်။ ယိမ်းယိုင်နေသော ခန္ဓာကိုယ်ဖြင့် သူသည် ချင်ယွင်ဆီသို့ ဦးတည်နေသော်လည်း ဟန်ဖန်းက သူ့ကို တားလိုက်သည်။

ဖန်ကျန်းချီသည် ယခုအချိန်တွင် လှုပ်ရှားရန် မသင့်လျော်ကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သည်။ သူက အေးစက်စွာ အော်ဟစ်လိုက်ပြီး ရပ်လိုက်သည်။ သို့သော် သူ၏မျက်လုံးအစုံသည် ချင်ယွင်ကို စိုက်ကြည့်နေဆဲ ဖြစ်သည်။

ဒေါသပုန်ထနေသော ခြင်္သေ့လိုဖြစ်နေသည့် ဖန်ကျန်းချီကို ကြည့်လိုက်ရင်း ချင်ယွင်၏ နှုတ်ခမ်းများသည် အေးစက်သောအပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားခဲ့သည်။

အမှန်တကယ်ဆို၊ ဤလှုပ်ရှားမှုသည် အစောပိုင်း ဖန်ကျန်းချီနှင့်သူ အလောင်းစား ပြုလုပ်စဉ်ကတည်းက သူစဉ်းစားခဲ့သည့် အရာတစ်ခုလည်း ဖြစ်ပါသည်။ ဖန်ကျန်းချီ သည် သူ့ကို အမြဲတမ်း စိတ်အနှောင့်ယှက်ပေးနေခဲ့ပြီး သူသည် သူ့ကို သင်ခန်းစာတစ်ခု ပေးချင်ခဲ့သည်မှာ ကြာပါပြီ။ သို့သော်လည်း အခြေအနေအရပ်ရပ်ကြောင့် သူသည် မည်သည့်အခါမျှ လှုပ်ရှားခြင်း မပြုနိုင်ခဲ့ပေ။

ယခုလေးတင် သူသည် နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်ကို ထိန်ချန်ထားခြင်းမရှိဘဲ စွမ်းအားအကုန် အသုံးပြုရခြင်း၏ အကြောင်းရင်းကလည်း ဤကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို အသုံးပြုပြီး ဖန်ကျန်းချီကို သင်ခန်းစာတစ်ခု ပေးချင်သောကြောင့် ဖြစ်ပါသည်။ အကျိုးသက်ရောက်မှုက သူထင်ထားသလို ကောင်းမွန်နေလိမ့်မည် သူ မမျှော်လင့်ထားပါဘူး။

သူ၏ ညှာတာကင်းမဲ့စွာ လှည့်စားခြင်းကို ခံထားရသော ဖန်ကျန်းချီကို ကြည့်ရင်း၊ ချင်ယွင်၏ မျက်နှာပေါ်ရှိ လှောင်ပြောင်သရော်ဟန်က ပို၍ပင် ပြင်းထန်လာပါသည်။

"ဖန်ကျန်းချီ၊ ကြည့်စမ်းပါဦး၊ ငါ ဒီကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို အသံမြည်အောင်တီးခတ်ပြီး တန်ပြန်ရိုက်ခတ်မူကိုလည်း တားဆီးပိတ်ဆို့နိုင်ခဲ့တယ်။ မင်းရဲ့ကောင်းကင်တုန်ခါလျှပ်စီးအလုံးကို ငါ့ကို ပေးသင့်တယ်လို့ မင်း မထင်ဘူးလား။" ချင်ယွင်က ဖန်ကျန်းချီကို လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပါသည်။

ထိုစကားကိုကြားလိုက်ရလျှင် ဖန်ကျန်းချီ၏ အမျက်ဒေါသက ချက်ချင်း ပြန်ထလာပြီး သူ၏မျက်နှာပင် နီရဲသွားပါသည်။

"ဟမ့်၊ မင်းက ဒီတန်ပြန်ရိုက်ခတ်မှုကို တားဆီးဖို့ ကိုယ်တိုင် မကြိုးစားခဲ့ဘူးလေ။ မင်းက လှည့်စားသွားခဲ့တာပဲ။" ဖန်ကျန်းချီသည် ချင်ယွင်ကို လက်ညှိုးငေါက်ငေါက် ထိုးကာ ဒေါသတကြီး အော်ပြောလိုက်သည်။

သူသည် အကာကွယ်ကျောက်စိမ်းဆွဲသီးနှင့် အဆင့်နိမ့်အဆင့် အင်မော်တယ် ချပ်ဝတ် တန်ဆာတစ်ခု ဆုံးရှုံးခဲ့ပြီး သူ၏ခန္ဓာကိုယ်သည်လည်း ဒဏ်ရာအပြင်းအထန် ရသွားခဲ့ သည်။ အကယ်၍ သူသည် ကောင်းကင်တုန်ခါလျှပ်စီးအလုံးကို နောက်တစ်ကြိမ် လွှဲပြောင်းပေးအပ်ရဦးမည်ဆိုလျှင်၊ ယင်းသည် လင်လည်းဆုံး သားလည်းဆုံးမည့် အဖြစ်မျိုးနှင့် လုံးလုံးလျားလျား ကြုံတွေ့ရတော့မည် မဟုတ်ပါလား?။ ထို့ကြောင့် သူသည် သေသည်အထိ အရိုက်ခံရလျှင်ပင် ဤလောင်းကြေးကို ဝန်ခံမည် မဟုတ်ပေ။

"တန်ပြန်ရိုက်ခတ်မူကို တားဆီးပိတ်ဆို့ရာမှာ ဒီလိုနည်းလမ်းမျိုးကို မသုံးရဘူးလို့ မင်း မပြောခဲ့ဘူးလေ။ ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးကို အသံမြည်အောင် လုပ်ပြီး တန်ပြန်ရိုက်ခတ်မူကို တားဆီးပိတ်ဆို့နိုင်သရွေ့ ကောင်းကင်တုန်ခါလျှပ်စီး အလုံးကို လွှဲပြောင်းပေးမယ်လို့ မင်း သဘောတူထားပါတယ်။ အခု အဲဒီတန်ပြန် တိုက်ခိုက်မူကို ခံယူဖို့အတွက် ငါ့ရဲ့ကိုယ်ပိုင်နည်းလမ်းကို အသုံးပြုခဲ့တယ်။ မင်းက မင်းရဲ့အရှုံးကို မဝန်ခံဘူး။ မင်းက ကတိဖျက်ဖို့ ကြိုးစားနေတာလို့ ငါထင်တယ်" ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ဟမ့်၊ ငါ့စကားကို ငါ ပြန်ရုတ်သိမ်းတယ်ကွာ။ မင်း ငါ့ကို ဘာလုပ်နိုင်လဲ?။" ဖန်ကျန်းချီ က မောက်မာစွာ အော်ပြောလိုက်သည်။

"တကယ်လား။ စီနီယာ၊ စီနီယာ ကျွန်တော်ပြောတာကို ကြားပါတယ်နော်။ ကျွန်တော်တို့ အလောင်းအစားလုပ်တုန်းက စီနီယာလည်း အနားမှာရှိနေတယ်။ အခု ဖန်ကျန်းချီက လက်စားချေချင်တဲ့စိတ်ကြောင့် သူ့အကြွေးကို မပေးတော့ဘူး။ အဲဒါက သူက သူ့မျက်လုံးထဲမှာ စီနီယာကို ထည့်မထားခဲ့ဘူးဆိုတာ သိသာပါတယ်။" ချင်ယွင်က ဆံပင်ဖြူ အဘိုးအိုဘက် လှည့်ကြည့်ကာ ပြောလိုက်ပါသည်။

ဆံပင်ဖြူ အဖိုးအိုက အနည်းငယ် ပြုံးပြီး ချင်ယွင်ကို တစ်ချက်ကြည့်လိုက်သည်။ သူက သူ၏စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်၊ "ကောက်ကျစ်တဲ့ မြေခွေးငယ်လေး၊ မင်းက တကယ်ပဲ ဒီအဘိုးကြီးကိုတောင် ဆွဲထည့်နေပါလား။ ဒီဖန်ကျန်းချီမှဦ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဘက်ပါရင်တောင် မင်းကို အနိုင်မယူနိုင်ဘူးလေ။ ကောင်းပြီ၊ ဒီတကြိမ် တော့ ဒီအဘိုးကြီးက မင်းကို ကူညီပေးလိုက်မယ်"

အဘိုးအိုသည် ဖန်ချန်ကျီကို ကြည့်ရန် ခေါင်းကိုလှည့်လိုက်ပြီး အေးစက်စွာ ပြောလိုက် သည် "ဟမ့်၊ မင်းအနေနဲ့ အရှုံးကိုကို ဝန်ခံဖို့ ဆန္ဒရှိသင့်တယ်။ ဒါက ကျင့်ကြံသူ တစ်ယောက်ရဲ့ အခြေခံအကျဆုံး အကျင့်စရိုက်ပဲ။ တကယ်လို့ မင်းသာ ဒီနေ့ ကောင်းကင်တုန်ခါလျှပ်စီးအလုံးကို သူ့ဆီ မအပ်ဘူးဆိုရင်၊ မင်း ဒီနေ့ ဒုတိယထပ်ကို မဝင်ရတော့ဘူး"

ထိုစကားကိုကြားလိုက်ရလျှင် ဖန်ကျန်းချီ၏ အမူအရာက ဝက်အသည်းလို ရုပ်ဆိုးသွား ပါသည်။

သူက ချင်ယွင်ကို အပြင်းအထန် စိုက်ကြည့်နေပြီး အဆုံးမှာတော့ သူ၏လက်ထဲရှိ ကောင်းကင်တုန်ခါ လျှပ်စီးအလုံးကို ချင်ယွင်ဆီ ပစ်ပေးလိုက်ပါသည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် တစ်ချက်ပြုံးလိုက်ပြီး ကောင်းကင်တုန်ခါလျှပ်စီး အလုံးကို ဖမ်းဆုပ်လိုက်ပါသည်။

ယခုတစ်ကြိမ်တွင် ဖန်ကျန်းချီသည် ကြီးမားသော ဆုံးရှုံးမှုကို ကြုံတွေ့ခဲ့ရသော်လည်း သူပိုင်ဆိုင်သည့် လေဟာနယ် သလင်းကျောက်အပိုင်းအစကို ထုတ်ဖော်ပြသ လိုက်ရပါသည်။

"မင်းက ရက်စက်ကြမ်းကြုတ်သူပဲ။ အနှေးနဲ့အမြန် ငါခံစားခဲ့ရတဲ့ အရှက်တရားတွေ အတွက် မင်းဆီ ပြန်ပေးဆပ်မယ်။" ဖန်ကျန်းချီသည် ချင်ယွင်ကို ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

"ငါ မင်းကိုစောင့်နေမယ်!" ချင်ယွင်လည်း ရယ်မောကာ ဖန်ကျန်းချီကို အထင်အမြင် သေးစွာဖြင့် ကြည့်လိုက်သည်။

သူသည် ဖန်ကျန်းချီကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ သူ အမှန်တကယ် ဂရုစိုက်သူက တချိန်လုံး နှုတ်ဆိတ်နေသည့် ဟန်ဖန်း ဖြစ်ပါသည်။

ဟုတ်ပါသည်၊ ဟန်ဖန်သည် ယခုအချိန်တွင် ချင်ယွင်ကို ကြည့်နေပါသည်။ သူ၏ စူးရှသော မျက်လုံးများမှတဆင့် သတ်ဖြတ်လိုသည့် အရိပ်အယောင် တစွန်းတစ ပေါ်လာပါသည်။

ချင်ယွင်၏ မျက်လုံးများသည်လည်း အေးစက်မှုများနှင့် ပြည့်နှက်နေပြီး သူ၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု မရှိပေ။ သူချင်ယွင်သည် မည်သူ့ကိုမှ မကြောက်ခဲ့ဖူးပါ ဘူး။

"ကောင်စုတ်လေး၊ မင်း အလုပ်ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါက မင်းအတွက် ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးပဲ " ဆံပင်ဖြူ အဖိုးအိုက ချင်ယွင်ကို ပြောလိုက် သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ!" ချင်ယွင်က ပြုံးပြီး ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံး ကို ယူလိုက်ပါသည်။

ဆံပင်ဖြူ အဘိုးကြီးသည် ကျေနပ်သော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် လူအုပ်ဘက်လှည့်ကာ ပြောသည် “ကဲ၊ စမ်းသပ်မူလည်းပြီးပြီဆိုတော့ မင်းတို့ကို အင်မော်တယ်နန်းတော်ရဲ့ ဒုတိယထပ်ကို ငါ ပို့လိုက်မယ်။ ဒါပေမယ့် ဒုတိယထပ်က ပထမထပ်ထက် အဆပေါင်းများစွာ ပိုအန္တရာယ်များတယ်လို့ သတိပေးလိုက်ပါရစေ။ တကယ်လို့ မင်းတို့ သတိမထားဘူးဆို မင်းတို့အသက်တွေ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် မင်တို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ငါမျှော်လင့်တယ်။”

ထိုစကားပြောပြီးသည်နှင့် ဆံပင်ဖြူ အဘိုးအိုသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်းကြီးအထံမှ ရောင်စုံ အလင်းတန်းတွေ ထွက်ပေါ်လာကာ လူတိုင်းကို လွှမ်းခြုံလိုက်ပါသည်။

ထို့နောက်မှာတော့ အားလုံးသည် ရောင်စုံအလင်းတန်းအောက်မှာ ပျောက်ကွယ်သွား ကြပါသည်။

ဆံပင်ဖြူ အဘိုးကြီးသည် ချင်ယွင် ပျောက်ကွယ်သွားသော နေရာကို ကြည့်လိုက်သည်။ သူက ပြုံးပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည် "လူငယ်လေး၊ မင်း အဆုံးထိ အောင်နိုင်မယ်လို့ ငါမျှော်လင့်တယ်။ ဆရာသခင်ကို စိတ်မပျက်စေနဲ့"။

All Chapters