အခန်း ၆၅၀
Vol. 44 Ch. 650
အခန်း (၆၅၀) ဖန်ကျန်းချီနှင့်တိုက်ခိုက်ခြင်း။
"သေလိုက်တော့။!"
ဖန်ကျန်းချီက ကျယ်လောင်စွာ အော်လိုက်ပြီး မြေပြင်သို့ ခြေတချက် ပေါက်နင်းလိုက် သည်။ သူသည် သူ၏လက်ထဲရှိလှံကို ပျံသန်းနေသော နဂါးတစ်ကောင်းကဲ့သို့ ကိုင်ဆောင်ထားရင်း ချင်ယွင်ဆီသို့ တဟုန်းထိုး အပြေးအလွှား ပြေးဝင်သွားပါသည်။
သူ၏နောက်ကွယ်မှ ဧရာမပုံရိပ်ကြီးသည်လည်း သူ၏နောက်မှ နီးကပ်စွာ လိုက်ပါကာ လှံကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဖိအားများသည် မြင့်မားသောတောင်တစ်ခုကဲ့သို့ ခံစားရသည်။
ချင်ယွင်၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး၊ မြေပြင်ပေါ်ကို သူ၏ ခြေချောင်းထိပ်များဖြင့် ထိတွေ့ရင်း နောက်သို့ အလျင်အမြန် ပြန်ဆုတ်သွားသည်။
ချွင်…!
ဖန်ကျန်းချီ၏လှံသည် ယခင်က ချင်ယွင်ရပ်နေသည့် မြေပြင်ပေါ်သို့ အပြင်းအထန် ကျရောက်ခဲ့ပြီး မြေပြင်သည် တစ်လက်မချင်း အက်ကွဲသွားခဲ့သည်။
"သောက်အရေးမပါတာ…!"
ဖန်ကျန်းချီသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ လှံဆီသို့ ချက်ချင်းဆိုသလို စွမ်အားကို ပို့လွှတ်လိုက်သည်။
ကြီးမားသော မြေကြီးအစိတ်ပိုင်းတစ်ခုသည် ဥက္ကာပျံကဲ့သို့ပင် ချင်ယွင်ဆီသို့ ပြင်းထန် စွာ ရိုက်ခတ်သွားပါသည် ။
ချင်ယွင်၏အကြည့်များသည် လျှပ်စီးလက်သကဲ့သို့ စူးရှပြီး သူသည် လက်သီးတစ်ချက် ထိုးနှက်လိုက်ချိန်မှာ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးနည်းပညာရပ်သည် လည်း သူ၏ခန္ဓာကိုယ်သို့ တဟုန်ထိုး ပျံ့နှံ့လာပါသည်။
ချင်ယွင်၏ အပြင်းအပြင် ထိုးနှက်မူကြောင့် ကြီးမားသော မြေကြီးအစိတ်အပိုင်းသည် ကွဲကြေသွားပြီး ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။
ဘန်း….!
သို့သော် ဤအခိုက်အတန့်တွင် အလွန်အမင်း ပြင်းထန်သော တုန်ခါသံတစ်ချက်က ရုတ်တရက် ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများနှင့်အတူ ရှေးဟောင်း လှံတစ်စင်းသည် မြေမှုန့်များကြားမှ ပစ်လွှတ်လာပါသည်။ လှံထိပ်က အေးစက်စက် အလင်းရောင်ကို ထုတ်လွှတ်နေသည်။
လှံကို ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိ ဖုန်မှုန့်များသည် ချက်ခြင်းပင် လွှင့်ထွက်သွားပြီး လှံသည် ချင်ယွင်၏ နှလုံးဆီသို့ လျှပ်စီးကြောင်းကဲ့သို့ အလျင်အမြန် ထိုးစိုက်လာပါသည်။
ချင်ယွင်၏ မျက်နှာသည် ရုတ်တရက် အခြားတဖက်သို့ လှည့်ထွက်ပြီး သူ၏ နောက်ကျောမှ နဂါးအတောင်ပံများ ချက်ချင်း ပြန့်ကားထွက်ပေါ်လာသည်။ နဂါးအတောင်ပံများ၏ တဖျပ်ဖျပ် ရိုက်ခတ်နေသော စွမ်းအားကို အသုံးပြု၍ သူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် အလျားလိုက် လက်မအနည်းငယ် ရွေ့လျားသွားပါသည်။
သို့သော် လှံ၏အရှိန်ဟုန်သည် အလွန်မြန်ဆန်လွန်းသည်။ ချင်ယွင်သည် အသည်း အသန် ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ သူ၏ဘယ်ဘက်ပခုံးကို လှံဖြင့် ထိုးဖောက်ခံရပြီး နက်ရှိုင်းသည့် သွေးထွက်သံယို ဒဏ်ရာတစ်ချက် ကျန်ရစ်ခဲ့သည်။
"ဟမ့်၊ ပုန်းစရာနေရာ မရှိဘူးကွ။"
ဖန်ကျန်းချီက အေးစက်စက်အသံဖြင့် ထုတ်ပြောလိုက်သည်။ သူသည် ချက်ချင်းပင် လှံကိုဝှေ့ယမ်းကာ လေထဲတွင် လှပသော ပုံရိပ်တစ်ခု ရေးဆွဲရင်း ချင်ယွင်၏ ဝမ်းဗိုက်သို့ မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော စွမ်းအားဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်လေသည်။
ချင်ယွင်သည် ချက်ချင်းပင် သွေးအန်ထုတ်လိုက်ရပြီး သူ့ဝမ်းဗိုက် နာကျင်မှုနှင့်အတူ ချက်ချင်း နောက်ပြန် လွင့်သွားခဲ့သည် ။
သူ၏ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် နှစ်ခြမ်းကွဲသွားသလို ခံစားရသည်။ လောင်ကျွမ်းနေသော ဝေဒနာသည် သူ၏ဦးနှောက် ကို တခဏအတွင်း ထုံထိုင်းသွားစေသည်။
"ဘုန်း!"
ချင်ယွင်သည် အဝေးရှိ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျသွားခဲ့ပြီး မြေပြင်ပေါ်တွင် ကြီးမားသော မီးတောင်တွင်းနက်ပေါက်ကြီးတစ်ခု ဖန်တီးဖြစ်ပေါ်စေသည်။
မြေပြင်၏ မာကျောမှုသည် ပြင်ပကမ္ဘာထက် အဆပေါင်း ဆယ်ဆမက မာကြောသော် လည်း မြေပြင်ပေါ်တွင် နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုအဖြစ် ရှိနေသေးသည်။ ဤကြောက်စရာကောင်းသော အပြင်းအထန် တိုက်ခိုက်မူကြောင့် ပတ်ဝန်းကျင်ရှိ ကျိုးပဲ့နေသော ဓားလက်နက် အကြွင်းအကျန်များအားလုံး လွင့်ပါးသွားခဲ့သည်။
အဝေးမှာရှိနေသော လူတိုင်း၏ မျက်လုံးများတွင် ထိတ်လန့်တကြား ဖြစ်သည့် အမူအရာ ပေါ်လာပါသည်။ ဤဖန်ကျန်းချီသည် ရှေးဟောင်းတိုက်ပွဲ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။ ယင်းက တကယ့်ကို ကွဲပြားသွားစေသည် ယခု၊ သူ၏ ခွန်အားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွား ခဲ့ပြီဖြစ်သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ။"
ချင်ယွင်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေသည်။ ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အရိုးများအားလုံးသည် ပြန့်ကျဲနေသော အပိုင်းအစများကဲ့သို့ ဖြစ်နေသည်။ ယင်းက အလွန်အမင်း နာကျင်ရပြီး သူ၏အတွင်းအင်္ဂါများကို ဓားဖြင့် ခုတ်ပိုင်းသကဲ့သို့ပင် နာကျင်ရပါသည်။
သူသည် သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ၊ ထို့သို့မဟုတ်ပါက၊ ဤတိုက်ခိုက်မှုသည် ချင်ယွင်ကိုသတ်ဖြတ်နိုင်သည်အထိပင် လုံလောက်ပါလိမ့်မည်။
"မင်း ထိပ်တိုက်ရင်ဆိုင်လို့ မရဘူး။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည်။
ချင်ယွင်၏ လက်ရှိစွမ်းအားဖြင့်၊ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်နှင့် နီးကပ်နေသော်လည်း၊ သူနှင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် အကြား ကွားခြားနေပါသေးသည်။ နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်၏ စွမ်းအားသည် သာမန်မဟုတ်သော်လည်း ဖန်ကျန်းချီ၏ လက်ရှိစွမ်းအားဖြင့်ဆို၊ သူ၏ နတ်ဆိုး နတ်ဘုရားကြယ်ဖမ်းလက်သည်လည်း သူ့အား ဘာမှမတတ်နိုင်တော့မည်ကိုပင် သူ စိုးရိမ်မိသည်။
ယင်းကြောင့် ချင်ယွင်၏နှလုံးသားသည် လုံးဝကို လေးနက် တည်ငြိမ်လာပါသည်။ ဟုတ်ပါသည်, ဖန်ကျန်းချီကို အရှုံးပေးရန်မှာ သူ့အတွက် လုံးဝ မဖြစ်နိုင်ပါဘူး။
အကယ်၍ ချင်ယွင်သည် တိုက်ပွဲတွင် သေဆုံးသွားခဲ့မည်ဆိုလျှင်ပင် သူ၏ဂုဏ်သိက္ခာ ကိုတော့ ဘယ်တော့မှ ဆုံးရှုံးခံမည် မဟုတ်ပေ။
"ဟား….၊ ဟား……၊ မျိုးမစစ်ကောင်၊ မင်း ကြောက်နေရပြီ မဟုတ်လား?။ မင်း အရင်တုန်းက သိပ်ကို မောက်မာနေခဲ့တာ မဟုတ်ဘူးလား?၊ အခု မင်း ဘာလို့ မမောက်မာတော့လဲ" ဖန်ကျန်းချီသည် သူ၏လှံကိုကိုင်လျက် လေထဲတွင် ရပ်နေ၏။ ရှေးဟောင်းတိုက်ပွဲစိတ်ဝိဥာဉ်၏ ရုပ်အသွင်အပြင်ကြီးသည် သူ၏နောက်တွင် ဂုဏ်ယူစွာ ရပ်တည်နေကာ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
ချင်ယွင်သည် ဖန်ကျန်းချီကို အေးစက်စွာ ကြည့်နေခဲ့ပြီး ပြန်မဖြေပေ။
ယခုအချိန်မှာ သူ မည်သို့လုပ်ရမည်နည်းဆိုသည်ကို စဉ်းစားနေ၏။
သူသည် နှင်းအမျိုးသမီးကို လှုပ်ရှားပေးဖို့ ဖိတ်မန်ရမှာလား?။
ယခင်က နှင်းအမျိုးသမီးသည် ချင်ယွင်ကို တစ်ကြိမ်ကူညီမည်ဟု ကတိပေးခဲ့ဖူးသည်။ အကယ်၍ ချင်ယွင်သာ ပါးစပ်ကို ဖွင့်လိုက်မည်ဆိုလျှင် နှင်းအမျိုးသမီးသည် တိတ်တဆိတ် ရပ်နေမည်မဟုတ်ပေ။
သို့သော်လည်း ချင်ယွင်သည် ထိုအရာကို မလုပ်ချင်ပါဘူး။ ဤနေရာသည် အင်မော်တယ်နန်းတော်၏ ဒုတိယထပ်တွင်သာ ဖြစ်ပြီး နောက်ပိုင်း အထပ်များတွင် အန္တရာယ်များစွာ ကျန်ရှိနေသေးသည်။ ချင်ယွင်သည် ယခုလို ရှားပါးသော အခွင့်အရေးကို အလဿ မဖြုန်းတီးပစ်ချင်ပေ။
သို့သော် သူက နှင်းအမျိုးသမီးကို လှုပ်ရှားပေးရန် မဖိတ်မန်ဘူးဆိုလျှင် ဤဖန်ကျန်းချီ ကို မည်သို့ ကိုင်တွယ်မည်နည်း?။
ရှေးဟောင်းတာအိုဆရာသခင်အနေဖြင့်မူ၊ သူသည် ပြန်အိပ်နေပြန်ပြီ။ ထို့ကြောင့် ချင်ယွင်က ရှေးဟောင်းတာအိုဆရာသခင်ကို မနှောင့်ယှက်ချင်တော့ပေ။
ချင်ယွင်သည် ချက်ချင်းပင် ရုန်းကန်နေသည့်အနေထားမျိုး ဖြစ်နေသည်။
"ဟမ့်၊ ကောင်လေး၊ မင်း ဘာတွေတွေးနေတယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် မင်းကို ငါပြောပြလိုက်မယ်။ အဲဒါက အသုံးမဝင်ဘူး။ အခု ငါ့ရဲ့ခွန်အားက မင်း ခုခံနိုင်တဲ့ အရာမဟုတ်ဘူး။ ငါ မင်းကို ရှင်းလင်းတဲ့လမ်းကြောင်းတစ်ခု ချပြသပေးမယ်။ မင်း ငါ့ကို ဒူးထောက်ပြီး သုံးကြိမ်သုံးခါ အရိုသေပေးလိုက်။ ပြီးရင် ငါ့ကို အဘိုးလို့ခေါ်ကွာ။ တကယ်လို့ ငါစိတ်ပျော်တယ်ဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသားပေးနိုင်တယ်" ဖန်ကျန်းချီက လှောင်ပြောင်ပြောလိုက်ပြီး သူ၏လေသံက မောက်မာမှုအပြည့် ရှိနေသည်။
ရှေးဟောင်းဘိုးဘေး စိတ်ဝိညာဉ်၏ ပံ့ပိုးမှုဖြင့်၊ သူ၏ခွန်အားသည် အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ဤချင်ယွင်သည် သူ၏ပြိုင်ဘက် မည်သို့ဖြစ်နိုင်တော့မည်နည်း?။ သူနှင့် တိုက်ခိုက်ခြင်းသည် သူ့အတွက် အဆုံးသတ်မှာ သေဆုံးခြင်းသာ ဖြစ်ပါလိမ့်မည်။
“ဘာ၊ မင်းကများ ငါ့ကို ဒူးထောက်ခိုင်းပြီး မင်းကိုအရိုအသေ ပေးခိုင်းချင်တယ်ပေါ့။ မင်း အိပ်မက် မက်နေတာပဲ။" ချင်ယွင်က ဒေါသတကြီး ပြောလိုက်သည်။
ဖန်ကျန်းချီ၏ မောက်မာသော မျက်နှာအမူအရာက သူ့ကို အလွန်အမင်း စိတ်မပျော်ရွင် ဖြစ်စေသည်။ ထို့ကြောင့် သူသည် နှင်းအမျိုးသမီးကို လှုပ်ရှားခိုင်းဖို့ သူ၏စိတ်ထဲ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဤဖန်ကျန်းချီကို ယခုလိုမောက်မာနေခွင့် သေချာပေါက် မပြုနိုင်ပေ။
"မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည်းပေးမယ်။" ဖန်ကျန်းချီ၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သည့် အေးစက်စက် အမူအရာ ထွက်ပေါ် လာသည်။ သူသည် လှံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ပြင်းထန်သော လှိုင်းလုံးကြီးက တစ်ဖန် ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်တွင်၊ သူသည် ဤချင်ယွင်ကို မြေကြီးပေါ်မှာ ပြားကပ်သည်အထိ ရိုက်ထုပစ်ချင်သည်။ ထိုမှသာ သူ၏စိတ်ထဲမှ အမုန်းတရားက ပြေပျောက်သွားလိမ့် မည်။
ဖန်ကျန်းချီသည် သတ်ဖြတ်လိုစိတ်ဖြင့် လုံးလုံးလျားလျား လှုပ်ရှားလာသည်ကို ချင်ယွင် သည် မြင်လိုက်ရပြီး သူ၏မျက်လုံးများတွင် ပြတ်သားသည့် ဆုံးဖြတ်ချက်တစ်ခု ချထား သည့် အရိပ်အယောင် ပေါ်လာပါသည်။
သို့သော် နှင်းအမျိုးသမီးကို လှုပ်ရှားပေးရန် ဖိတ်ခေါ်ခါနီးတွင် သူ၏လက်သည် ရုတ်တရက် အေးစက်ပြီး မာကျောသော အရာဝတ္တုတစ်ခုကို ထိမိသွားပါသည်။
ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားပြီး သူ၏လက် ထိမိသည့်အရာကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပါသည်။
ထိုအရာကို ထိတွေ့မိသည်နှင့်၊ ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သည့် အမူအရာ ပေါ်လာပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာသည် အေးစက်နေသည့် ဓားရှည်တစ်ချောင်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။
"ငရဲကိုသွားလိုက်တော့…!"
ဖန်ကျန်းချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ်က ချက်ချင်းဆိုသလို ပေါက်ကွဲထွက်ပြီး ပစ်ဝင်လာသည်။ လေထုကို ဖြတ်တောက်သွားသော အသံသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှသည်။
ကြောက်မက်ဖွယ်ကောင်းသော လှံတွင် အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားများ ပါဝင်နေပြီး ပြိုင်ဘက်ကင်း အရှိန်ဟုန်ဖြင့်၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ထိုးနှက်လာလေ သည်။
လှံသည် လေဟာနယ်ကို ထိုးဖောက်ပြီး လေဟာနယ်တစ်ခုလုံးကိုပင် ပြင်းထန်လှသော စွမ်းအားကြောင့် ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့သည်။
အဝေးမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် အံ့သြသွားကြပါသည်။
"ဒီချင်ယွင်တော့ သေပြီ" ဟန်ဖန်သည် သူ၏စိတ်နှလုံးထဲတွင် လှောင်ရယ်ရယ်နေမိ သည်။
ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည်ပင် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။ သူတို့၏မျက်လုံးများတွင် ချင်ယွင်သည် ဤလှံကို မခုခံနိုင်ခဲ့သည်မှာ ထင်ရှားသည်။
"ဟား…၊ဟား……၊ ငရဲဘုရင်ကို သတင်းပို့ပြီးနောက် မင်းကိုသတ်တာ ငါဖန်ကျန်းချီ ဆိုတာကိုလည်း ပြောဖို့ မမေ့နဲ့ဦး။ သေလိုက်တော့!" ဖန်ကျန်းချီ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏လက်ထဲမှ လှံသည် လေဟာနယ်ကို ထိုးဖောက်ပြီး ကြောက်စရာကောင်းသည့် အရှိန်ဟုန်ဖြင့် ချင်ယွင်၏ရှေ့မှာ ပေါ်လာပါသည်။
နောက်တစက္ကန့်အကြာတွင်၊ ၎င်းလှံသည် ချင်ယွင်၏ မျက်ခုံးကို ထိုးဖောက်ကာ ချင်ယွင်ကို မြေပြင်ပေါ်မှာ သံမှိုဖြင့်ဆွဲသလို လုံးဝဉဿုံ ရိုက်နှက်ထားတော့မည်။
သို့သော်လည်း ထိုအချိန်တွင် မလှုပ်မရှားဖြစ်နေသော ချင်ယွင်သည် ဖန်ကျန်းချီကို ရုတ်တရက် လှောင်ပြောင်လိုက်ပြီး အထင်သေးဖြင့် ပြောလိုက်သည် "မင်းကများ ငါ့ကို ဒီလို အလွယ်တကူနဲ့ သတ်နိုင်မယ်လို့ တကယ်ထင်နေတာလား?"
ချင်ယွင်၏ အသံသည် သရဲတစ္ဆေသဖွယ် ထွက်ပေါ်လာသည်။
ဖန်ကျန်းချီသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏နှလုံးသားထဲတွင် ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း….!"
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ကြီးမားလှသော ဧရာမ သဏ္ဍာန်ကြီးတစ်ခုသည် ချင်ယွင်ကို ချက်ချင်း ဖုံးလွှမ်းသွားသည်။
ထိုးဖောက်လာသောလှံသည် ထိုအရာကြီးသို့ ထိုးဖောက်သွားသော်လည်း ၎င်းသည် သံမဏိနံရံကို ထိမှန်သွားသကဲ့သို့ သံမဏိအချင်းချင်း ထိမှန်သည့်အသံ ထွက်လာပါ သည်။
"ဘာလဲဟ?" ဖန်ကျန်းချီသည် သူ၏ရှေ့မှ ရုတ်တရက် မြင်ကွင်းကြောင့် ချက်ချင်းပင် ထိတ်လန့်သွားသည်။