← Chapters

အခန်း ၆၅၁

Vol. 44 Ch. 651

အခန်း ၆၅၁

Vol. 44 Ch. 651

အခန်း(၆၅၁) ဖန်ကျန်းချီသတ်ဖြတ်ခြင်း။

"ဒါက" ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ပုံရိပ်ကြီးကိုကြည့်ရင်း လူတိုင်း၏နှလုံးသားမှာ အံ့ဩခြင်းတွေနှင့် ပြည့်နှက်နေခဲ့ပါသည်။

ချင်ယွင်၏ ခန္ဓာကိုယ်အား ကြီးမားသော ခရမ်းရောင်အရိပ်ကြီးတစ်ခုက ဖုံးအုပ်ထား သည်။ ချင်ယွင်သည် ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ထိုကြီးမားသော ခရမ်းရောင် သဏ္ဍာန်ကြီးသည် ပေသုံးရာမြင့်မားသည်။ ဖန်ကျန်းချီ၏ နောက်ကွယ်ရှိ ကြီးမားသော ပုံရိပ်ကြီးထက် များစွာကြီးမားပြီး တောင်ငယ်လေးတစ်ခုကဲ့သို့ မြင့်မားလှပါသည်။

"မဖြစ်နိုင်ဘူး... ဒါက လုံးဝ မဖြစ်နိုင်ဘူး" ဖန်ကျန်းချီသည် ကြီးမားလှသော ခရမ်းရောင် ပုံရိပ်ကြီးကို သူ၏မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အရိပ်အယောင်ဖြင့် ကြည့်နေ လေသည်။ သူ ကြောက်ရွံ့ထိတ်လန့်ပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွား သည်။

ချင်ယွင်သည် အံ့အားသင့်နေသော ဖန်ကျန်းချီကို ကြည့်ရင်း လှောင်ပြောင် ရယ်မော လိုက်သည်။ ထင်ရှားပေါ်လွင်သော သရော်ဟန်က သူ၏ပါးစပ်ထောင့်တွင် ပေါ်လာပြီး သူ၏လက်ထဲမှာ ရှေးဟောင်းဓားတစ်ချောင်းကို ဆွဲကိုင်ထားသည်။

မှန်ပါသည်။ ထိုဓားသည် ယခုလေးတင် ချင်ယွင်၏ လက်တစ်ဖက်က ထိမိသွားသည့် မာကြောသည့် အရာတစ်ခုဖြစ်ပါသည်။

ချင်ယွင်သည် ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်၏ဆန္ဒကို ပိုင်ဆိုင်ထားသည့် လက်နက်တစ်ခုကို မရည်ရွယ်ဘဲ ရရှိသွားလိမ့်မည်ဟု ဖန်းကျန်းချီသည် မျှော်လင့်မ ထားပေ။ ထို့အပြင်၊ သူ၏ဓား၌ပါရှိသော တိုက်ပွဲစိတ်ဝိညာဉ်သည် ထိုအချိန်တုန်းက စစ်ဗိုလ်ချုပ်တစ်ဦး ဖြစ်ပါသည်။

တစ်နည်းဆိုရသော်၊ ချင်ယွင် ပိုင်ဆိုင်လိုက်သော ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိဥာဉ် သည် ထိုအချိန်တုန်းက ရှေးဟောင်းခေတ် စစ်ဗိုလ်ချုပ်တစ်ဦး ချန်ထားရစ်ခဲ့သည့် အရာဖြစ်ပြီး ၎င်းတွင်ပါရှိသော စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းသည်။

ဘန်း….!

အကန့်အသတ်မရှိသော စွမ်းအားတစ်ခုသည် လေဆင်နှာမောင်းတစ်ခုကဲ့သို့ တဟုန်ထိုး လွင့်ထွက်လာခဲ့ပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြီးမားသော ခရမ်းရောင် စွမ်းအားများဖြင့် လွှမ်းခြုံရစ်ပတ်ထားပါသည်။

ချင်ယွင်၏အငွေ့အသက်သည် ဆက်လက် တိုးလာနေပါသည်။ ဤအခိုက်အတန့်တွင်၊ ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းသားရဲကြီးတစ်ကောင်သည် ချင်ယွင်၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းနေပြီး သူသည် အနှိုင်းမဲ့ ကြမ်းတမ်းသော စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ခွန်အားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အလယ်လတ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် နှိုင်းယှဉ်နိုင်ဖွယ်ရှိပြီး သူ၏ခန္ဓာကိုယ် အတွင်းမှ စွမ်းအားသည် ကြီးကျယ်ခမ်းနားလှသည်။

ချင်ယွင်၏ မျက်လုံးများသည် မနှိုင်းယှဉ်သာသော စိတ်လှုပ်ရှားမှုများနှင့်အတူ ဝင်းလက်တောက်ပလာသည်။ ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပါ၀င်နေသော ပြင်းထန်သော စွမ်းအားသည် ဟိုတချိန်တုန်းက သူ၏အထွတ်အထိပ် အခြေအနေသို့ ပြန်ရောက်သွားသလိုမျိုး ခံစားရစေသည်။

"အောင်း……!"

ချင်ယွင်၏ နောက်ကွယ်မှ ဧရာမပုံရိပ်ကြီးက ကျယ်လောင်သော အသံဖြင့် ဟိန်း ဟောက်လိုက်သည်။ ဟိန်းဟောက်သံသည် ကောင်းကင်ဘုံကိုးပါးရှိ မိုးခြိမ်းသံကဲ့သို့ ဖြစ်ပြီး ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားစေသည်။

အနီးပတ်ဝန်းကျင်မှ လူများသည် ထိုကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကို ကြားလိုက်ရသည့်အခိုက် တုန်လှုပ်ချောက်ချားသည့် အမူအရာ ပေါ်လာပါသည်။

ဖန်ကျန်းချီ၏ အမူအရာမှာ ဖော်မပြနိုင်အောင်ပင် ပြာနှမ်းသွားခဲ့ပြီး သူ၏ နှလုံးသားထဲ တွင် အဆုံးမဲ့ နာကြည်းမှုများနှင့် ပြည့်နှက်နေသည်။

ဤချင်ယွင်၏ကံကြမ္မာကို သူသည် အမှန်တကယ် နားမလည်နိုင်တော့ပါ။ သူသည် မြေပြင်ပေါ်သို့ ပစ်ကျသွားသည်အထိ ရိုက်နှက်ခံရသည့်တိုင် ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားသည့် လက်နက်တစ်ခုကို ကောက်ယူနိုင်ခဲ့သည်။ ထို့အပြင်၊ ၎င်းလက်နက်အတွင်း ၌ရှိနေသော တိုက်ပွဲစိတ်ဝိညာဉ်၏ ဆန္ဒသည် သူပိုင်ဆိုင်သည့်အရာထက်ပင် ပိုသန်မာနေသည်။

"ဘုန်း….!"

ချင်ယွင်သည် တွင်းနက်ကြီးထဲမှ ညင်သာစွာ ထွက်လာပြီး ခြေချလိုက်သည်နှင့် မြေပြင်တစ်ခုလုံး ချက်ချင်း ကွဲအက်သွားကာ မြေပြင်တစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွား သည် ။

ချင်ယွင်သည် သူ၏လက်ထဲတွင် ဓားကိုကိုင်ဆောင်ထားပြီး ဖန်ကျန်းချီကို စိုက်ကြည့် နေသည်။ သူ၏မျက်လုံးထဲတွင် တုနှိုင်းပြ၍မရနိုင်သည့် ပြင်းထန်သော တိုက်ခိုက်လို စိတ်နှင့်အတူ ဖော်မပြနိုင်သော မောက်မာမှု ရှိနေပါသည်။

ထိုအချိန်တွင်၊ သူသည် ပြိုင်ဘက်ကင်းပြီး မောက်မာဝင့်ကြွားမူရှိနေသော ရှေးဟောင်း ခေတ် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးကဲ့သို့ ဖြစ်နေကာ၊ သူ၏အငွေ့အသက်က တောင်ကြီး ကဲ့သို့ ကြီးမားကျယ်ပြောလှသည်။

"ဟမ့်၊ မင်းကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူး" ဖန်ကျန်းချီက ဒေါသတကြီး အော်ဟစ် ပြောလိုက်သည်။

သူသည် တကယ်ကို ဒေါသထွက်နေခဲ့သည်။ ချင်ယွင်သည် သူ့ကို အကြိမ်ကြိမ် အရှက်ခွဲ ခဲ့ဖူးသည်။ ဘာပဲဖြစ်ဖြစ် သူ၏လေသံကိုတော့ သူ မလျှော့နိုင်ပါဘူး။

ဖန်ကျန်းချီသည် သူ၏လက်ထဲရှိ လှံကို ဝှေ့ယမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများသည် ကန့်သတ်ချက်ရောက်သည်အထိ ချက်ချင်း တိုးမြင့်လာသည်။ သူ၏ စွမ်းအားအားလုံးကို သူ၏လက်ထဲရှိ လှံပေါ်သို့ ထည့်သွင်းလိုက်သည်။ လှံအတွင်း၌ ရှိနေသော ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများသည် လေဟာနယ်ကိုပင် တုန်ခါသွားစေခဲ့သည်။

"သေလိုက်တော့..!"

ဖန်ကျန်းချီ၏ မျက်လုံးများသည် ကျဉ်းမြောင်းလာပြီး သူ၏ပုံရိပ်သည် တခဏချင်း ပျံထွက်သွားသည်။ သူသည် လေထဲတွင် မရေမတွက်နိုင်သော ပုံရိပ်ယောင်များကို ရေးဆွဲသွားခဲ့ပြီး သူ၏ခန္ဓာကိုယ်က ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

သူ့ဆီသို့ အလျင်အမြန် ထိုးစိုက်လာနေသော လှံကို ကြည့်ရင်း ချင်ယွင်၏ မျက်လုံးများ သည် မထီမဲ့မြင်ပြုဟန်နှင့်အတူ ဝင်းလက်တောက်ပလာသည်။

သူသည် အရင်က ထိုတိုက်ခိုက်မှုကို ကြောက်ဖူးခဲ့သော်လည်း၊ ယခုအချိန်မှာတော့။

"ဟမ့်….!"

ချင်ယွင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏လက်ထဲမှ ဓားကို ချက်ချင်း ထုတ်လိုက်ကာ သူ့၏ရှေ့မှာ ပုံရိပ်ယောင်တစ်ခုကဲ့သို့ ပေါ်လာပါသည်။

ချွင်…!

ချွန်ထက်သောလှံထိပ်ဖျားသည် ချင်ယွင်၏ဓားနှင့် ထိမိသွားကာ သန့်စင်သော သံမဏိ အချင်းချင်း ပြင်းပြင်းထန်ထန် ထိခိုက်မိသည့်အသံ ထွက်ပေါ်လာပါသည်။ အသံသည် ကြီးမားသော ခေါင်းလောင်းသံကဲ့သို့ ထင်ရှားပြတ်သားပြီး ကျယ်လောင်စွာ ထွက်ပေါ် လာခဲ့ကာ ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ စွမ်းအင်လှိုင်းရိုက်ခတ်မူက ချက်ချင်းပင် ပျံ့နှံ့သွားခဲ့သည်။

ချင်ယွင်၏ခြေဖဝါးအောက်မှ မြေပြင်သည် ပြိုကျသွားခဲ့ပြီး အချင်းပေရာနှင့်ချီရှိသော တွင်းနက်ကြီးတစ်ခု ဖြစ်လာပါသည်။

ချင်ယွင်၏ရုပ်သွင်အပြင်သည် ထိုက်တောင်ကြီးကဲ့သို့ တည်ငြိမ်နေပြီး လေဟာနယ် ထဲတွင် ပြတ်ပြတ်သားသား ရပ်နေသည်။

ဖန်ကျန်းချီ၏ ကြောက်မက်ဖွယ်ကောင်းသော ထိုတိုက်ခိုက်မှုသည် အမှန်တကယ်ပင် သူ့ကို အနည်းငယ်မျှ မလှုပ်ခါစေနိုင်ပေ။

"မကောင်းတော့ဘူး…!"

ဖန်ချန်ကျီက သူ၏ တိုက်ခိုက်မှုသည် အနည်းငယ်မျှ အကျိုးသက်ရောက်မှု မရှိသည်ကို မြင်လိုက်ရသောအခါတွင် သူ၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ အလျင်အမြန် နောက်ပြန်ဆုတ်သွား ပါသည်။ ချင်ယွင်၏ ခွန်အားသည် သူ ဆန့်ကျင်နိုင်သည့် အရာမဟုတ်တော့ကြောင်း သူ သဘောပေါက်သွားပြီ ဖြစ်ပါသည်။

"အခုမှ ထွက်ပြေးမယ်ဆိုတော့ အရမ်းကို နောက်ကျသွားမှာ ငါ စိုးကြောက်မိတယ်။"

သို့သော်လည်း ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းသည် မထီမဲ့မြင်ပြုဟန် အပြုံးတစ်ခု အဖြစ် တွန့်ကွေးသွားသည်။

ချင်ယွင်သည် သူ၏ခြေချောင်းများဖြင့် လေဟာနယ်ကို အသာအယာ ထိလိုက်ပြီး၊ လှိုင်းလုံးများ ရုတ်ချည်းပေါ်လာကာ ချင်ယွင်၏ခန္ဓာကိုယ်တစ်ခုလုံးသည် တခဏချင်း ပျံထွက်သွားလေသည်။

ဝှီး……!

ချင်ယွင်၏ရုပ်အသွင်သည် လေပြင်းကဲ့သို့ လွင့်ထွက်သွားခဲ့ပြီး နောက်ပြန် ဆုတ်သွားသော ဖန်ကျန်းချီကို ချက်ခြင်း မှီသွားပါသည်။

ဖန်ကျန်းချီသည် သူ၏အနီးနားတွင် ရုတ်တရက်ပေါ်လာသော မျက်နှာကို ကြည့်လိုက် ရင်း နောက်ဆုံးတွင် သူ၏မျက်နှာသည် ထိတ်လန့်တကြား ဖြစ်သွားသည်။

"ဟမ့်၊ မင်းက ဒီအဘိုးရဲ့ လက်ငါးချောင်းတောင်တန်းကြီးကနေ မလွတ်မြောက် နိုင်ဘူး လို့ ပြောခဲ့ပါတယ်"

ချင်ယွင်က သူ၏လက်ထဲရှိ ဓားကို ဝှေ့ယမ်းလိုက်ပြီး ဖန်ကျန်းချီ၏ ဝမ်းဗိုက်ထဲကို တိုက်ခိုက်ရင်း ရယ်မောလိုက်ပါသည်။

ဖန်ကျန်းချီ၏ရင်ဘတ်မှ သွေးများပန်းထွက်လာပြီး ပုဇွန်တစ်ကောင်ကဲ့သို့ ဦးညွှတ် သွားကာ နောက်ပြန်လွင့်သွားသည်။

သူ၏နောက်က ဧရာမပုံရိပ်ကြီးလည်း သူ့အပေါ်ကို ရိုက်နှက်ခံလိုက်ရသည့်အလား ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

သို့သော် ဤအရာအားလုံးသည် အဆုံးသတ် မဟုတ်ခဲ့ပေ။ ချင်ယွင်သည် လေဟာနယ် ထဲသို့ တိုးဝင်သွားပြီး တစ္ဆေတစ်ကောင်လို ပျောက်ကွယ်သွားသည်။ ထို့နောက် သူသည် ဖန်ကျန်းချီ၏နောက်တွင် ပြန်ပေါ်လာသည်။

"ဘုန်း….!"

ချင်ယွင်၏ ဓားသည် ဖန်ကျန်းချီ၏နောက်ကျောကို တစ်ဖန် တိုးဝင်သွားခဲ့သည်။

"ဖျစ်……!"

ဝမ်းဗိုက်နောက်ကျောရိုး ကျိုးသွားသော အသံသည် ကောင်းကင်နှင့် မြေပြင်အနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"အား….!" ဖန်ကျန်းချီ၏ သနားစဖွယ် အော်သံများက ပတ်ဝန်းကျင်အနှံ့ ပဲ့တင်ထပ်ပြီး တုန်လှုပ်သွားစေခဲ့သည်။

"ဟမ့်၊ မင်းက ဒူးထောက်ပြီး အရိုအသေပြုခံရတာကို ကြိုက်တယ် မဟုတ်လား?။ ဒီတော့ ငါ မင်းကို ဒူးထောက်ခွင့်ပြုမယ်။" ချင်ယွင်သည် သူ၏လက်ထဲရှိ ဓားကို ဆက်လက် ဝှေ့ယမ်းလိုက်သည်နှင့် ဖန်ကျန်းချီ၏ ဒူးကို ပြင်းပြင်းထန်ထန် ထိမှန် သွားခဲ့ သည်။ ထို့အပြင် ချင်ယွင်၏ မျက်လုံးထဲတွင် ရန်လိုမှုအရိပ်အယောင် ပေါ်နေပါသည်။

"ဖျစ်….!"

နောက်ထပ် အရိုးကျိးသံက ထွက်ပေါ်လာသည်။ ဖန်ကျန်းချီသည် နှလုံးကိုဆွဲညှစ်ခံ လိုက်ရသည့်အလား အသံကုန်ခြစ်အော်လိုက်ပြီး သူသည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်ကျသွားသည်။

ချင်ယွင်သည် ထိုနေရာတွင် ရပ်တန့်ခြင်းမရှိဘဲ ဖန်ကျန်းချီ၏ အခြားခြေထောက်ကို ဓားဖြင့် ထိုးလိုက်ပြန်သည်။

အရိုးကွဲသံများ ထပ်မံထွက်ပေါ်လာပြီး အသံသည် အလွန်အမင်း ရှင်းလင်းပြတ်သား သည်။

ဖန်ကျန်းချီလည်း နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးတွေက ဒေါသအပြည့် ဖြစ်နေပါသည်။

"ဘာလဲ…? မယုံဘူးသေးလား..?" မြေပြင်ပေါ် ဒူးထောက်နေသော ဖန်ကျန်းချီကို ကြည့်ရင်း ချင်ယွင်က ရယ်မောလိုက်သည်။ သူ၏မျက်လုံးထဲတွင် လှောင်ပြောင်ဟန် က ပို၍ပင် ထင်ရှားလာသည်။

ဖန်ကျန်းချီသည် အလွန် နာကျင်နေပြီဖြစ်ပြီး ချင်ယွင်ကို ပြင်းထန်သော သတ်ဖြတ်လို စိတ်ဖြင့် စူးစူးစိုက်စိုက် ကြည့်နေသည်။

"ချင်ယွင်၊ မင်း အင်မော်တယ်ကမ္ဘာမှာ ငါ့ကို မတွေ့စေနဲ့။ မဟုတ်ရင် ငါ မင်းကို အပိုင်းပိုင်းပြတ်အောင် သေချာပေါက် ခုတ်ပိုင်းပစ်မယ်။" ဖန်ကျန်းချီက သွေးအန်ထွက် အထိ အော်ပြောရင်း ခြိမ်းခြောက်လိုက်သည်။ သူ၏မျက်လုံးတွေက ပြင်းထန်သော မလိုလားမူနှင့်အတူ အရှက်တရားများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူ၏စိတ်နှလုံးထဲမှ သတ်ဖြတ်လိုစိတ်က တဟုန်ထိုး ပေါက်ကွဲလာခဲ့သည်။

"ကောင်းပြီလေ၊ ဒါဆို မင်း သေနိုင်ပြီ!" ချင်ယွင်၏ အသံသည် အေးစက်နေပြီး သူ၏ဓားကို ဝှေ့ယမ်းကာ ဖန်ကျန်းချီကို လုံးလုံး သတ်ပစ်တော့မည်။

"ရပ်!"

သို့သော် ထိုအချိန်တွင် အဝေးမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ သည်။ ဟန်ဖုန်း၏ ရုပ်အသွင်သည် ချက်ချင်းပင် ပျံထွက်လာခဲ့ပြီး ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ ပါဝင်နေသော သူ၏လက်ဖဝါးက ချင်ယွင်ဆီသို့ ကျရောက်လာခဲ့သည်။

"ထွက်သွားစမ်း….!

ချင်ယွင်သည် ဟန်ဖန်းကို ဟိန်းဟောက်လိုက်သည်။ သူ၏နောက်မှ ကြီးမားလှသော ဧရာမခရမ်းရောင် အရိပ်ကြီးကလည်း ဟန်ဖန်းကို ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

ထိုကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်သည် ချက်ချင်းပင် ဟန်ဖန်းကို နောက်သို့ ပြန်တွန်းထုတ်လိုက်ပြီး ချင်ယွင်သည်ပင် ဟန်ဖန်းကို ဟန့်တားစရာ မလိုခဲ့ ပေ။ သူ၏လက်ထဲမှဓားက ကြယ်ရောင်အလင်းများ ပွင့်လန်းသွားခဲ့ပြီး ထွန်းလင်း တောက်ပသော နေတစ်စင်းကဲ့သို့ ပြောင်းလဲသွားခဲ့ပါပြီ။

"ဖတ်….!"

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ သွေးများ စီးကျလာပြီး ဖန်ကျန်းချီ၏ ဦးခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ယခုအချိန်မှာတော့ ဖန်ကျန်းချီ၏ ကိုယ်ပွားသည် လုံးဝကို အဆုံးသတ်သွားခဲ့ပါပြီ။

All Chapters