အခန်း ၆၅၃
Vol. 44 Ch. 653
အခန်း (၆၅၃) ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်။
လူတိုင်းသည် အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ စစ်မြေပြင်တစ်ခုလုံးရှိ အရိုးစုများသည် အမှန်တကယ်ပင် ဤနေရာသို့ ရောက်ရှိနေကြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ဒါပေမယ့် ဒီအရိုးစုတပ်သားတွေက ဘာလို့ ဒီမှာ စုဝေးနေတာလဲ?။
"ကြည့်စမ်း..၊ အဲဒါက ဘာလဲ?"
အားလုံးက ပဟေဠိဖြစ်နေကြစဉ်မှာ လင်းယွန်ယန်က အဝေးကို လက်ညှိုးထိုးပြပြီး ရုတ်တရက် ပြောလိုက်သည်။
ချင်ယွင် နှင့် အခြားသူများသည် လင်းယွန်ယန် ညွှန်ပြနေသည့် ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရာ ရေကန်၏ အလယ်ဗဟိုတွင် ကြီးမားသော စင်မြင့်တစ်ခုကို တွေ့လိုက်ရသည်။
စင်မြင့်ပေါ်တွင် ကုလားထိုင်တစ်လုံး ရှိနေပါသည်။
မမှားပါဘူး။ အဲဒါက ကုလားထိုင်တစ်လုံးပါပဲ။ သို့သော်လည်း ထိုကုလားထိုင်က အရမ်းကို ထူးဆန်းနေသည်။
ကုလားထိုင်တစ်ခုလုံးကို ရွှေနီရောင်သတ္တုဖြင့် ပြုလုပ်ထားသည်။ ကုလားထိုင်၏ လက်မောင်းတင်နှစ်ဖက်ပေါ်တွင် ကြောင်မျက်လုံးအရွယ် ခုနစ်ရောင်ခြယ် လက်ဝတ် ရတနာများ ရှိနေပါသည်။ လက်ဝတ်ရတနာ ခုနစ်ပါးတို့သည် တစ်ခုနှင့်တစ်ခု မတူကြဘဲ အရောင်အဆင်း ခုနစ်ရောင်ရှိနေသည်။ ၎င်းတို့သည် နေမင်းကြီးသည် ကောင်းကင်ယံ၌ ထွန်းလင်းတောက်ပနေသကဲ့သို ထွန်းလင်းတောက်ပနေ၏။
ကြည့်ရတာ ဒီကုလားထိုင်က ရှားပါးရတနာတစ်ခုပဲ။
သေချာပါသည်။ အကယ်၍ ဤကုလားထိုင်သာ သာမန်ကုလားထိုင်တစ်ခုဆိုလျှင်၊ ၎င်းသည် မည်မျှအဖိုးတန်နေပါစေ ချင်ယွင် နှင့် တခြားသူတွေအတွက် အဓိပ္ပါယ်မဲ့သွား ပါလိမ့်မည်။
"ဒီကုလားထိုင်က ရတနာတစ်ပါး မဖြစ်သင့်ဘူး မဟုတ်လား" ချင်ယွင်က အံ့သြစွာ မေးလိုက်ပါသည်။
"ဒါက ဒဏ္ဍာရီလာ ရတနာခုနစ်ပါး ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ပဲ။" နှင်းအမျိုးသမီး က ထပ်ပြောသည်။
"ရတနာခုနစ်ပါး ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်လား?" ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက တအံ့တဩ ရေရွတ်ရင်း လှုပ်ယမ်းသွားသည်။
ဤကုလားထိုင်သည် တကယ့်ကို ရတနာတစ်ခုဖြစ်နေပါသည်။ ဒါပေမယ့် ဒီလို မှော်ရတနာတစ်ခုကို ထိုင်ခုံတစ်ခုအနေနဲ့ ထိုင်ရလောက်အောင် ဘယ်သူက ပျင်းရိ လွန်းနေရပါလိမ့်?။
ဖြစ်နိုင်တာက ရန်သူနှင့် တိုက်ခိုက်နေစဉ်မှာ ကုလားထိုင်ကို ရွှေ့လျားပြီး ကုလားထိုင်၏ ခြေထောက်တွေကို အသုံးပြုကာ ရန်သူ၏ခေါင်းကို ရိုက်နှစ်ခြင်းများ ဖြစ်နိုင်ပါသလား?။
ထိုသို့မဟုတ်လျှင်၊ တစ်စုံတစ်ယောက်နှင့် တိုက်ခိုက်သည့်အခါ ကုလားထိုင်ကို ဖယ်ရှားပြီး ထိုနေရာမှာ ထိုင်ကာ ရန်သူတွေနှင့် တိုက်ခိုက်ဖို့များလား?။
သို့သော်လည်း နှင်းအမျိုးသမီး၏ နောက်ထပ်စကားလုံးများသည် ချင်ယွင်၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ရှုပ်ထွေးမှုများအားလုံးကို ပြေပျောက်စေပြီး ချင်ယွင်၏ စိတ်နှလုံးက ဤကုလားထိုင်အတွက် ပြင်းပြသောအလိုဆန္ဒဖြင့် ပူလောင်လာခဲ့သည်။
"ဒီရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ကို လျှော့မတွက်လိုက်နှင့်။ အဲဒီ ကုလားထိုင်ပေါ်က ရတနာခုနစ်ပါးကို မင်းတို့ မြင်လား?။ အဲဒီရတနာတွေက ဒဏ္ဍာရီထဲက ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ်ကျောက်တွေပဲ။" နှင်းအမျိုးသမီးက ပြောပါတယ်။
"ဘာ…၊ ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ်ကျောက်တွေလား..?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ်ကျောက်သည် အင်မော်တယ်ကမ္ဘာမှာပင် အဖိုးတန်ရတနာတစ်ခု ဖြစ်ပါသည်။ စပါးစေ့အရွယ် ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ် ကျောက်သည်ပင် အဖိုးမဖြတ်နိုင်ပေ။
ယခု ဤနေရာမှာ ကြောင်မျက်လုံးအရွယ်လောက်ရှိသည့် ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ် ကျောက်တုံး ခုနစ်လုံးတောင် ရှိနေပါသည်။ အကယ်၍ ဤသတင်းသာ ပြန့်သွားမည်ဆိုလျှင် အင်မော်တယ်ကမ္ဘာရှိ လူသားမျိုးနွယ်ကြီး တစ်ခုလုံး ရူးသွပ်သွား ကြလိမ့်မည်။
ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ် ကျောက်ကို မည်သည့်အရာအတွက် အသုံးပြုကြသနည်း?။
ဤကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ်ကျောက်သည် ကျင့်ကြံခြင်းအတွက် အကောင်းဆုံးသော လျှို့ဝှက်ရတနာ ဖြစ်ပါသည်။
ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင်ခြယ် ကျောက်ကို ဆုပ်ကိုင်ထားသည်နှင့် သင်သည် အံ့ဖွယ်အခြေနေတစ်ခုသို့ ရောက်ရှိသွားနိုင်ပါတယ်။ ၎င်းသည် သင်၏ နိယာမများကို နားလည်နိုင်မှုအပေါ် အားကောင်းသော အကျိုးသက်ရောက်မှု ရှိလာမည် ဖြစ်ပါသည်။
တော်ဝင်ချင်အင်ပါယာမှာပင် စပါးစေ့အရွယ် ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးတစ်ခုသာရှိပြီး၊ ၎င်းကျောက်တုံးကို အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်က သူ၏နားလည်ဆင်ခြင်နိုင်စွမ်း ဆင်ခြင်ရာမှာ အထောက်ကူဖြစ်စေရန် ရည်ရွယ်ပြီး သူတင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံရာ ဝတ်ပြုဖုံပေါ်မှာ ထားရှိပါသည်။
အကယ်၍ သူသာ ဤကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးများကို ရရှိခဲ့ပါက၊ သူ၏နားလည်ဆင်ခြင်ခြင်းနှင့် ကျင့်ကြံခြင်းကိစ္စတို့တွင် လွယ်ကူသွားမည် မဟုတ်ပါလား?။
ယင်းကြောင့် ချင်ယွင်၏ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း ချက်ခြင်း ပူလောင်လာပါသည်။
ချင်းဝူယန် နှင့် ဟန်ဖန်းတို့၏ မျက်လုံးများသည်လည်း လောဘမီးလျှံနှင့်အတူ အလားတူ ပူလောင်နေကြ၏။ ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက် တုံးများသည် မည်မျှ အဖိုးတန်လဲဆိုသည်ကို သူတို့သည် သဘာဝအတိုင်း သိကြပါသည်။
'"ဒီရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်က လူတစ်ယောက်ရဲ့ ကျင့်ကြံမူ ကို ထောက်ပံ့ ပေးနိုင်ရုံသာမက အစွမ်းထက်တဲ့ စိတ်ဝိညာဉ် စုပ်ယူနိုင်စွမ်းလည်းရှိ တယ်။ ဒီကုလားထိုင်ကို တည်ဆောက်ထားသူက အစွမ်းထက်တဲ့ စိတ်ဝိညာဉ် စုပ်ယူ ခြင်း အစီအရင်ဝင်္ကပါတစ်ခုကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်တယ်။ ဒီကုလားထိုင်က ပြင်းထန်တဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်း စွမ်းအားကို ပိုင်ဆိုင် ထားတယ်။ အဲဒီအရိုးစုတပ်သားတွေကို ကြည့်လိုက်ပါ။ သူတို့က ဒီရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ရဲ့ ထိန်းချုပ်မူကို ခံစားရတာ ဖြစ်သင့်တယ်”။ နှင်းအမျိုးသမီးက ထပ်ပြောသည်။
ချင်ယွင် နှင့် အခြားသူများ အံ့အားသင့်သွားကြသည်။ စိတ်ဝိညာဉ် စုပ်ယူခြင်း အစီအရင်ဝင်္ကပါတစ်ခုလား?။
ဤအနေထားကို ကြည့်ခြင်းအားဖြင့် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကို ရရှိရန်မှာ သူတို့အတွက် လွယ်ကူသောအလုပ် မဟုတ်တော့ပေ။ ပထမအချက်အနေဖြင့်၊ ဤအရိုးစုတပ်သားများသည် ဤစမ်းသပ်မှုကို အလွယ်တကူ ဖြတ်ကျော်ခွင့် ပြုမည်မဟုတ်ပေ။ ထို့အပြင် သူတို့သည် ရေကန်ထဲသို့ ခြေလှမ်း လိုက်သည်နှင့် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်၏ သက်ရောက်မူကို ခံရပေလိမ့်မည်။ ထိုအချိန်ရောက်လျှင်၊ ဤအရာက လုံးဝ ပြဿနာကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
"ငါတို့က ပျံသန်းပြီး ကျော်သွားလို့ မရနိုင်ဘူးလား?" လင်းယွန်ယန်က မေးသည်။
သို့သော်လည်း နှင်းအမျိုးသမီးက ခေါင်းခါလိုက်ပြီး ပြောသည် “မရနိုင်ဘူး၊ ဒါက ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ရဲ့ ထိန်းချုပ်ဧရိယာလည်း ဖြစ်နေ တယ်။ တကယ်လို့ မင်း ဝင်လိုက်တာနဲ့ စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ရဲ့ သက်ရောက်မူကို ခံရလိမ့်မယ်။ အဲဒီအချိန်ရောက်ရင် မင်းလဲ ပြုတ်ကျသွားလိမ့်မယ်။ “
ထိုစကားကိုကြားတော့ လင်းယွန်ယန်လည်း လေးလေးနက်နက် တွေးလိုက်မိသည် ။
ချင်ယွင်လည်း မျက်မှောင်ကြုတ်သွားသည်။ တစ်နည်းဆိုရသော် သူတို့သည် ဤအရိုးစုတပ်သားများကို ခုခံကာကွယ်ရုံသာမက၊ ရတနာခုနစ်ပါး စိတ်ဝိညာဉ် စုပ်ယူခြင်း ကုလားထိုင်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုကိုလည်း ခုခံကာကွယ်ရမည် ဖြစ်သည်။
"အို… ဟုတ်သားပဲ။ ငါ့မှာ အစိမ်းရောင်ကြာပန်းစည်းတံဆိပ် မရှိဘူးလား။ ငါက စိတ်ဝိညာဉ်တိုက်ခိုက်မူကို ဘာလို့ ကြောက်နေမှာလဲ?။ ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ် ယူခြင်းကုလားထိုင်က အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရဲ့ စိတ်ဝိညာဉ်အကာကွယ်ကို ဖြတ်ကျော်သွားနိင်မယ်လို့ ငါမယုံဘူး။" ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။
အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် မူလကတည်းက စိတ်ဝိညာဉ်အမျိုးအစား ဖရိုဖရဲ ရတနာတစ်ခု ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်ကို ပြုစုပျိုးထောင်ပေးနိုင်ရုံသာ မက ပြင်းထန်သော စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် အားကောင်းသော စိတ်ဝိညာဉ်အကာကွယ်ကိုလည်း ဖန်တီးပေးနိုင်သည်။
ချင်ယွင်သည် ယခင်က စိတ်ဝိညာဉ်တိုက်ခိုက်မှုများစွာကို ခုခံကာကွယ်ရန်အတွက် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ကို အားကိုးခဲ့ရပြီး သူ အသက်ရှင်လွတ်မြောက်သည် အထိ ကံကောင်းခဲ့ဖူးသည်။
ယခုအချိန်တွင် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စိတ်ဝိညာဉ်အကာကွယ်သည် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်၏ စိတ်ဝိညာဉ်စုပ်ယူခြင်း စွမ်းအား ကို တွန်းလှန်နိုင်မည်ဟု ချင်ယွင်သည် ကျိန်းသေယုံကြည်ထားသည်။
ယခုချိန်မှာ၊ ချင်ယွင်အတွက် အရေးကြီးဆုံးအချက်က ထူထပ်များပြားလှသော အရိုးစု စစ်တပ်ကို ဖြတ်ကျော်ရန် နည်းလမ်း ဖြစ်ပါသည်။
"နောက်ထပ် သတိပြုစရာတစ်ခု ရှိသေးတယ်။ ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်က ပစ္စည်းဝိဉာဉ်ရှိနေတဲ့ အကြီးမြတ်ဆုံးအဆင့် အင်မော်တယ်ပစ္စည်း တစ်ခုလည်း ဖြစ်နေပြန်တယ်။ ဒီပစ္စည်းဝိဉာဉ်က သတ်ဖြတ်လိုစိတ်တွေ ပြည့်နှက်နေ တဲ့ ရှေးဟောင်းခေတ် စစ်မြေပြင်မှာ ရှိနေခဲ့တာ ကြာခဲ့ပြီ။ ငါ စိုးရိမ်တာက ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ပစ္စည်းဝိဉာဉ်ရဲ့ သက်ရောက်မူပဲ။ အခုလို အခြေအနေမျိုးမှာ၊ ဒီနေရာမှာ အဲဒီအရာက ဒုက္ခအပေးနိုင်ဆုံး အရာပဲ” နှင်းအမျိုးသမီးက ပြောသည်။
ထိုစကားကို ကြားလိုက်ရလျှင် ချင်ယွင်သည် မျက်မှောင်ကြုတ်မိပြန်သည်။
ထိုသို့ဖြစ်လျှင် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ကို ရရှိရန်မှာ ပို၍ပင် ခက်ခဲပေလိမ့်မည်။
လူတိုင်းသည်လည်း အတွေးတွေ ပျောက်ဆုံးကုန်ပြီ။ နှင်းအမျိုးသမီး ပြောသည့်အတိုင်း အမှန်တကယ် ဖြစ်ခဲ့မည်ဆိုလျှင် ဤရေကန်သည် အလွန်အန္တရာယ်များလွန်းပါသည်။ မတော်တဆ အသက်ဆုံးရှုံးရဖွယ် ရှိနိုင်သည်။
"ဒါဆို ငါတို့ ဘာဆက်လုပ်ရမလဲ" ချင်းဝူယန်က မေးသည်။
"စောင့်ရမယ်!" နှင်းအမျိုးသမီးက ပြန်ဖြေသည်။
"ဘာကို စောင့်ရမှာလဲ။" လူတိုင်းက စိတ်ရှုပ်ထွေးပြီး ပြန်မေးကြသည်။
"မှောင်တဲ့အချိန်ထိ။ ဒီကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးတွေဟာ နေရဲ့တန်ခိုးအစွမ်းကို မှီးခိုအားထားရတဲ့ ရတနာတွေ ဖြစ်တယ်။ နေရဲ့စွမ်အားက အားကောင်းလေ၊ နေကိုမှီခိုအားထားရတဲ့ ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးတွေရဲ့စွမ်းအားကလည်း ပိုပြီး အစွမ်းထက်လေပဲ။ မှောင်လာတာနဲ့ အမျှ၊ ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးတွေလည်း အလွန် အားပျော့သွားလိမ့်မယ်။ ဒီနေရာက အမှီကင်းတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင်၊ ကောင်းကင်ယံမှာ နေတစ်စင်းရှိနေတာကို ငါ မြင်လိုက်ရတယ်။ သေချာတာက၊ ဒီအင်မော်တယ်နန်းတော်သခင်က ငါတို့ အောင်မြင်မူရရှိရန်အတွက် တမင်တကာ ချန်ထားခဲ့တာ ဖြစ်လိမ့်မယ်။ ဒါ့အပြင်၊ တတိယထပ်ရဲ့ ဝင်ပေါက်ကလည်း ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးနဲ့ ဆက်စပ်နေတယ်ဆိုတာ ငါ သေချာပေါက် ပြောနိုင်တယ်။" နှင်းအမျိုးသမီးက ထပ်၍ပြောပြပါသည်။
လူတိုင်းသည် ရုတ်တရက် သဘောပေါက်သွားကြသည်။ ကောင်းကင်ဘုံပြုပြင်ခြင်း ခုနှစ်ရောင် ခြယ်ကျောက်တုံးတွေက နေ၏စွမ်းအားကို စုပ်ယူနိုင်ကြောင်းကို သူတို့လည်း အမှန်တကယ်လည်း ကြားဖူးကြပါသည်။ ထို့ကြောင့် သူတို့သည် နှင်အမျိုးသမီး ပြောပြသည့်စကားကို သံသယမရှိကြပေ။
နေ၏စွမ်းအားကို စုပ်ယူနိုင်ကြောင်း နှင်းအမျိုးသမီးပြောသည့် စကားကို ချင်ယွင်လည်း သံသယမရှိဘဲ ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ သူမှာ သူ့ကိုယ်သူကာကွယ်ရန် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ရှိပါသော်လည်း၊ ညဘက်တွင် သွားလာခြင်းက ပို၍ လုံခြုံပါသည်။
သူတို့ခြောက်ယောက်သည် ရေကန်ဘေးမှာ ငြိမ်သက်စွာ ထိုင်ပြီး ကောင်းကင်ကြီး မှောင်လာမည့်အချိန်ကို စောင့်ဆိုင်းရင်း ရေကန်ထဲကိုဝင်ရန်အတွက် ကြိုတင် ပြင်ဆင်နေကြသည်။
နောက်ဆုံးမှာတော့၊ရတနာ ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကို မည်သူ ပိုင်ဆိုင်နိုင်မလဲဆိုသည်ကတော့ သူတို့၏ ကိုယ်ပိုင်အရည်အချင်းပေါ်မှာ မူတည်ပါသည်။
ချင်ယွင်လည်း အရမ်းကို သိချင်နေမိသည်။ နှင်းအမျိုးသမီးသည် အဘယ့်ကြောင့် ဤမျှတန်ဖိုးကြီးသော အချက်အလက်တွေကို လူတိုင်းအား ပြောပြရသနည်း?။ သူမကိုယ်တိုင် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ကို ယူနိုင်လို့များလား ? ထိုသို့မဟုတ်၊ အထဲမှာ တစ်ယောက်ယောက် သေသွားသည်ကို စောင့်ကြည့်ချင်လို့ များလား?။
ချင်ယွင်သည် နားမလည်နိုင်အောင် ဖြစ်သွားရသည်။ ထို့ကြောင့် သူသည် သိပ်အများကြီး မစဉ်းစားတော့ပေ။
နှင်းအမျိုးသမီး၏ အစစ်အမှန် ရည်မှန်းချက် ပန်းတိုင်အတွက်မူ၊ သူမသည်လည်း တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပါလိမ့်မည်။
အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးမှာတော့ ကောင်းကင်ကြီး လည်း မည်းမှောင်လာပါသည်။ ချင်ယွင် နှင့် အခြားလူများသည်လည်း အရိုးစုစစ်သား များ ပြည့်နှက်နေသော ဤရေကန်ထဲသို့ ဝင်ရန် စီစဉ်လိုက်ကြပါသည်။