← Chapters

အခန်း ၆၅၄

Vol. 44 Ch. 654

အခန်း ၆၅၄

Vol. 44 Ch. 654

အခန်း (၆၅၄) ထူးဆန်းသော အရိုးစုစစ်သား။

ညဉ့်အမှောင်ထုသည် ရေပြင်ကဲ့သို့ ငြိမ်သက်နေပြီး လခြမ်းကွေးက လေထဲတွင် လွင့်မျောနေသည်။

ချင်ယွင်နှင့် အခြားလူများသည် အလင်းတန်းခြောက်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့ရှေ့ရှိ ရေကန်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားကြသည်။

ဘန်း…!

ချင်ယွင်နှင့် အခြားသူများသည် ရေကန်ထဲသို့ ရောက်သွားသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ အရိုးစုစစ်သားများသည် ချင်ယွင်နှင့် အခြားလူများကို ကြည့်ရူရန် ခေါင်းလှည့်လာကြသည်။ သူတို့၏မျက်လုံးထဲရှိ အစိမ်းရောင် မီးတောက်မီးလျှံများက ချက်ချင်းပင် ထူထပ်လာခဲ့ပြီး ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပဲ။" ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် လေးနက် လာခဲ့သည်။ ဤအရိုးစုစစ်သားများသည် အမှန်တကယ်ပင် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ဝှီး…!

အရိုးစုစစ်သားတစ်ဦးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ချင်ယွင်ဆီသို့ ပြေးဝင်သွားခဲ့သည်။ သူ၏လက်ထဲတွင် အရိုးဖြင့်လုပ်ထားသည့် ဆေဘာတစ်ချောင်းကို ကိုင်ထားပြီး အေးစက်နေသော အလင်းတန်းတစ်ခုကဲ့သို့ ချင်ယွင်၏ ဦးခေါင်းဆီသို့ တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်သည်။

ချင်ယွင်၏ မျက်လုံးများသည် လျှပ်စီးလက်သလို လျင်မြန်ပြီး သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။

သူသည် ရှောင်တိမ်းမည့်အစား အရိုးစုစစ်သား၏ အရိုးဆေဘာကို တိုက်ရိုက် ထိုးချလိုက်သည်။

"ဖျစ်….!"

အရိုးဆေဘာသည်ကို ချက်ချင်း လွင့်ထွက်သွားပြီး ချင်ယွင်၏ လက်သီးချက်က အရိုးစုစစ်သား၏ ခန္ဓာကိုယ်ကို အတားအဆီးမရှိဘဲ ထိမှန်သွားသည်။

အရိုးစုစစ်သားများသည် ချက်ခြင်းပင် အရိုးစုပုံအဖြစ်သို့ ပြိုကွဲသွားခဲ့သည်။

"အယ်?"

ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ဤအရိုးစုစစ်သားများသည် သူထင်ထားသည်ထက်ပင် ပို၍ပင် အစွမ်းထက်သည်။ သူ၏လက်သီးချက်က တောင်ကြီးကိုတောင် ဖြိုခွဲပစ်နိုင်သည်။ သို့သော် ဤအရိုးစု စစ်သားများသည် သူ၏တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း ၎င်းတို့၏ အရိုးများသာ ပြိုကွဲကျသွားခဲ့ပြီး အရိုးများကတော့ အစိပ်စိပ်အမွှာမွှာ ကြေမွသွားခြင်း မရှိခဲ့ပေ။

ဤအရိုးများသည် သူထင်ထားတာထက် အများကြီး ပိုမာကြောသည်ကို တွေးကြည့် နိုင်ပါသည်။

"ဘုန်း….!"

ချင်ယွင်သည် ထောင်ပေါင်းများစွာသော အရိုးစုတပ်သားများကို တစ်ချက် ဝှေ့ယမ်း ကြည့်လိုက်ပြီး အရိုးစုစစ်သားတစ်တန်းလုံးကို တိုက်ရိုက် ကန်ထုတ်ပစ်လိုက်သည်။

ကျန်သည့်လူငါးယောက်လည်း အလားတူပင် ဖြစ်သည်။ အရိုးစုစစ်သားတွေက သူတို့ ငါးယောက်လုံးကို အထပ်ထပ် ဝိုင်းထားပါသည်။

"အယ်!"

ထိုအချိန်တွင် ထူးဆန်းသည့် မြင်ကွင်းတစ်ခု ပေါ်လာပါသည်။ ချင်ယွင်နှင့် အခြားလူများကြောင့် ပြိုလဲကာ ပြန့်ကျဲသွားသော အရိုးစုစစ်သားများသည် အမှန်တကယ်ပင် ပြန်လည် စုရုံးသွားကြသည်။ ၎င်းတို့သည် မြေပြင်မှထကာ ချင်ယွင်နှင့် အခြားသူများကို တိုက်ခိုက်ကြပြန်သည်။

"ဒီနည်းလမ်းအတိုင်း ဆက်သွားလို့ မရဘူး။ ငါတို့တွေ ဒီအရိုးစု စစ်သားတွေကို လုံးဝ သတ်နိုင်မှာ မဟုတ်ဘူး။ သူတို့က အဆုံးမဲ့ ဖြစ်ပေါ်နေတယ်။ ငါတို့ သူတို့နဲ့ အဆုံးထိ တိုက်ခိုက်ရင်တောင် ငါတို့အားလုံး ဒီမှာပဲ သေသွားနိုင်တယ်။" ချင်းဝူယန်က လက်ဖဝါး တစ်ဖက်ကို ရိုက်ထုတ်ပြီး အရိုးစုစစ်သား အများအပြားကို ဖြန့်ခွဲပြီးနောက် ပြောသည်။

"အဲဒီရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ကိုမှ ငါတို့ အနိုင်မယူနိုင်ဘူးဆို ရင် ဒီအရိုးစုစစ်သားတွေကို ဖယ်ရှားပစ်ဖို့က မဖြစ်နိုင်ဘူး။" နှင်းအမျိုးသမီး၏ အေးစက်စက်အသံက ထွက်ပေါ်လာသည်။ သူမ၏ လက်ဖဝါးရိုက်ချက်များသည် ရေခဲနှင့် နှင်းများကဲ့သို့ ဖြစ်နေပြီး များပြားလှသော အရိုးစုစစ်သားများကို ရေခဲပန်းပုရုပ်များ အဖြစ်သို့ ပြောင်းလဲပေးနေသည်။

ဤအရိုးစုစစ်သားများသည် သူတို့ခြောက်ဦးအတွက် ပြိုင်ဘက်မဖြစ်နိုင်သော်လည်း ဤအရိုးစုစစ်သား အရေအတွက်မှာ အလွန်များပြားလှသည်။ ချင်ယွင်နှင့် အခြားလူများ သည် ဤအတားအဆီးအလွှာများကို ဖြတ်ကျော်ရန် အလွန်အမင်း ခက်ခဲပါသည်။

"ဟမ့်၊ ငါ မင်းတို့ကို မချိုးဖျက်နိုင်ဘူးလို့ ငါ မယုံဘူး" ချင်ယွင်၏ မျက်လုံးများသည် ဒေါသများဖြင့် ဝင်းလက် တောက်ပလာသည်။

သူ၏ ခန္ဓာကိုယ်ရှိ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအင်များသည် ချက်ချင်း ပျံ့နှံ့လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်း တစ်ခုက သူ၏ လက်ဖဝါးကို ချက်ချင်း ဖုံးလွှမ်းသွားသည်။

"နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်…။"

ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးကို ချက်ချင်း ရိုက်လိုက်သည်။

ဧရာမ လက်ဖဝါးပုံရိပ်ကြီးသည် လေဟာနယ်မှ ပျံထွက်လာပြီး မြေကြီးပေါ်သို့ ချက်ခြင်း ထိုးကျလာကာ ပေရာနှင့်ချီသော စွမ်းအင်လှိုင်းလုံးနှင့်အတူ အရိုးစုစစ်သားအားလုံးကို ချက်ခြင်း ပြိုလဲသွားစေသည်။

သူ၏ လက်ဖဝါးရိုက်ချက်က အလုပ်ဖြစ်သွားသည်ကို မြင်လိုက်ရလျှင် ချင်ယွင်၏ မျက်နှာက ရွှင်လန်းသည့် အမူအရာ ချက်ချင်း ပေါ်လာပါသည်။

ဘန်း…..!

သို့သော်လည်း ချင်ယွင်သည် လုံးလုံး အပြည့်အ မပျော်ရွှင်နိုင်ခင်မှာ၊ ချင်ယွင် တိုက်ရိုက် ရိုက်ချိုးပစ်လိုက်သည့် အရိုးဖြူအပိုင်းအစများသည် အမှန်တကယ် ပျံတက်လာကြပြီး နောက်ဆုံးတွင် ကြီးမားသော အဖြူရောင်အရိုးဘီးလူကြီးတစ်ကောင် ဖြစ်လာပါသည်။

ဤအဖြူရောင် အရိုးဘီးလူးကြီးသည် ပေတစ်ရာမြင့်ပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင်များသည် လရောင်အောက်တွင် တလက်လက် ဝင်းလက်တောက်ပနေကာ ပြိုင်ဘက်ကင်း ခံစားချက်တစ်ရပ်ကို ထုတ်လွှတ်နေသည်။

အထူးသဖြင့် နက်မှောင်သော ခရမ်းရောင်မီးတောက်မီးလျှံနှစ်ခုသည် အဖြူရောင် အရိုးဘီလူးကြီး၏ မျက်လုံးအိမ်များထဲတွင် လောင်ကျွမ်းတောက်ပနေသည်။

"ဖျစ်….!"

အဖြူရောင် အရိုးဘီလူးကြီးသည် ၎င်း၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး အဆစ်များအချင်းချင်းကြားတွင် ပွတ်တိုက်နေသည့်အသံက မိုးခြိမ်းသံ ကဲ့သို့ အလွန်ပြတ်သားစွာ ထွက်ပေါ်လာသည်။

ချင်ယွင်သည် ချက်ချင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအရိုးများ ကွဲကြေ သွားပြီးနောက် ၎င်းတို့သည် ပျောက်ကွယ်သွားခြင်း မရှိရုံသာမကဘဲ အမှန်တကယ်ပင် ပို၍သန်မာလာသည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ ရှေ့တွင်ရှိနေသော ဤအဖြူရောင် အရိုးဘီလူးကြီးသည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအားထက်မကတော့သည့် ခံစားချက်မျိုး ချင်ယွင်ကို ပေးစွမ်းနေခဲ့သည်။

အဖြူရောင် အရိုးဘီလူးကြီး၏ ခန္ဓာကိုယ်ကြီးသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ကြီးမားလှသော အရိုးလက်သီးကြီးသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ် သွားခဲ့သည်။

ချင်ယွင်သည် လေဟာနယ်ကို ဖြတ်သန်းလာသော အဖြူရောင် အရိုးဘီလူးကြီး၏ လက်သီးချက်ကို ရှောင်ရှားရန်အတွက် သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် အသုံးပြု လိုက်သည်။

"ဘုန်း….!"

မြေပြင်သည် ကွဲအက်သွားကာ ပင့်ကူမျှင်များကဲ့သို့ ပျံ့နှံ့သွားသည်။

ကျန်သည့်လူငါးယောက်သည် ထိုအဖြစ်ပျက်ကြောင့် သတိထားမိသွားပြီး ချင်ယွင် ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့ရှေ့မှာရှိနေသည့် အဖြူရောင် အရိုးဘီလူးကြီး ကို တွေ့လိုက်ရလျှင် သူတို့မျက်နှာတွေက အံ့ဩသွားသည်။

ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိတော့ဘဲ၊ သူ၏ တိုက်ပွဲစိတ်ဝိညာဉ် လက်နက်ကို ပြတ်ပြတ်သားသား ထုတ်ယူလိုက်ရသည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များက ချက်ချင်း မြင့်တက်လာခဲ့သည်။ သူသည် သူ၏လက်ထဲရှိ ရိုးရှင်းသေားဓားကို ကိုင်ဆောင်ထားရင်း သူရုပ်အသွင်က ချက်ချင်းပင် ပျံထွက်သွားခဲ့သည်။ သူ၏ရုပ်အသွင်သည် လေထဲတွင် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲပြီး ချက်ချင်း ပျံသန်းသွားခဲ့သည်။

ဝှီး…..! ချင်ယွင်သည် သူ၏ဓားဖြင့် အဖြူရောင်အရိုးဘီးလူးကြီး၏ ဦးခေါင်းကို မြေပြင်သို့ ပြိုကျသွားသည့်တိုင် တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

အဖြူရောင်အရိုးဘီးလူးကြီးသည် ပြိုကျသွားသည်။

ချင်ယွင်၏ရုပ်အသွင်သည် မြေပြင်ပေါ်သို့ လဲကျသွားပြီး သူသည် သက်ပြင်းတစ်ချက် ချလိုက်ပါသည်။

သို့သော် ချင်ယွင်သည် လုံးလုံးလျားလျား စိတ်သက်သာရာ မရသေးခင်၊ အဖြူရောင် အရိုးဘီလူးကြီးသည် အမှန်တကယ် မတ်တတ်ပြန်ထလာပြီး ကြီးမားလှသည့် အဖြူရောင် အရိုးလက်ဖဝါးက ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

၎င်းရိုက်ချက်သည် ယခင်တိုက်ခိုက်မှုထက်ပင် ပိုမိုအားကောင်းနေခဲ့သည်။

"ဘန်း….!"

မြေပြင်သည် ပေါက်ကွဲပြီး လုံးဝ ပြိုကွဲသွားသည်။

ချင်ယွင်သည် အချိန်မီ ရှောင်ထွက်သွားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော နောက်ဆက်တွဲ ရိုက်ခတ်မူများကြောင့် ထိပ်တန်း အရှိန်အဟုန်ဖြင့် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

ထိုနောက် သူသည် သူ၏လက်ထဲမှ ဓားကို အသုံးပြုလိုက်မှသာ၊ နောက်ပြန် ဆုတ်သွားခြင်း အရှိန်ဟုန်ကို ရပ်တန့်နိုင်ခဲ့သည်။ ဓားထိပ်ဖျားကြောင့် မြေပြင်ပေါ်တွင် ရှည်လျားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ပြီး အဖြူရောင် အရိုးဘီလူးကြီးကို ကြည့်ရန် ဦးခေါင်းကို မော့လိုက်ရင်း သူ၏မျက်လုံးများတွင် အလွန် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်လေသည်။

ဤအရိုးတွေကို သူ လုံးဝ မသတ်နိုင်ခဲ့ပါဘူး။ ၎င်းတို့သည် လုံးလုံး ကြေကွဲသွားလျှင်ပင် ပြန်လည် စုစည်းနိုင်ရုံသာမကဘဲ ၎င်းတို့၏ ခွန်အားသည်လည်း ပိုမို အားကောင်းလာ မည် ဖြစ်သည်။

"ငါတို့ ဒီအရိုးတွေကို မတိုက်ခိုက်နိုင်တော့ဘူး။ ဒီအရိုးစုတွေက ငါတို့ရဲ့ တိုက်ခိုက်မှု စွမ်းအားကို စုပ်ယူနေတယ်။ ငါတို့ ပိုပြီး တိုက်ခိုက်လေလေ၊ သူတို့ရဲ့ ခွန်အားတွေက ပိုပြီး အားကောင်းလာလေ ဖြစ်လိမ့်မယ်။" နှင်းအမျိုးသမီး ရုတ်တရက် ပြောလိုက် သည်။

ထိုစကားကိုကြားတော့ ချင်ယွင်၏မျက်နှာပေါ်တွင် ချက်ချင်း အံ့သြသွားလေသည်။

ထို့ကြောင့် သူသည် လှည့်ပတ်ကြည့်ရူမိသည်။ သေချာပါသည်၊ သူတို့ တိုက်ခိုက်လိုက် သည့် အင်မော်တယ်အနှစ်သာရနှင့် စွမ်းအင်အားလုံးကို ပတ်ဝန်းကျင်မှာ ရှိနေသည့် အရိုးစုတွေက စုပ်ယူသွားကြပါသည်။ ဤအရိုးများသည် စွမ်းအင်များကို စုပ်ယူလိုက် သည်နှင့်အမျှ ထိုအရိုးများ၏ အရောင်အသွေးသည် ပိုမိုတောက်ပလာပြီး သလင်းကျောက်များကဲ့သို့ ဖြစ်ပေါ်လာကာ အရိုးများ၏ မာကျောမှုကလည်း ပိုမို အားကောင်းလာသည်။

ချင်ယွင်၏ မျက်ခုံးများသည် နက်နဲစွာ တွန့်သွားခဲ့သည်။ ဤအရိုးများသည် အဆုံးမရှိ ဖြစ်နေရုံသာမက၊ ၎င်းတို့သည်လည်း အဆက်မပြတ် သန်မာလာခဲ့သည်။ ဤအတိုင်း သာ ဆက်သွားနေမည်ဆိုရင် သူတို့သည် ဤနေရာမှာဘဲ အနှေးနှင့်အမြန်ဆိုသလို သေဆုံးသွားကြလိမ့်မည်။

"ဘုန်း…..!"

အဖြူရောင် အရိုးဘီလူးကြီးသည် ချင်ယွင်ကို ထပ်မံတိုက်ခိုက်ပြန်သည်။

ချင်ယွင်သည် ဤတိုက်ခိုက်မှုကို ရှောင်လွှဲရန် သူ၏လှုပ်ရှားမှု နည်းပညာရပ်ကို အမြန် အသုံးပြုလိုက်ရသည်။

အဖြူရောင် အရိုးဘီလူးကြီး၏ လက်သီးချက်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီး မြေပြင်သည် တစ်ဖန် ကြေမွအက်ကွဲသွားကာ ကျောက်တုံးများ လည်း ကွဲထွက်သွားသည်။

ချင်ယွင်၏ ရုပ်အသွင်သည် ဘေးတစ်ဖက်သို့ ပျံသန်းကာ ရှောင်တိမ်းလိုက်သည်။ သူသည် အဖြူရောင် အရိုးဘီလူးကြီး၏ စုပ်ယူနေသော စွမ်းအားနှင့် အင်မော်တယ် အနှစ်သာရကို ချိုးဖြတ်နိုင်ရန် နည်းလမ်းရှာမတွေ့မချင်း အလွယ်တကူ မတိုက်ခိုက် နိုင်တော့ပေ။

ဝှီး….!

သို့သော် ချင်ယွင်သည် အဝေးသို့ ဆင်းသက်လိုက်သည်နှင့် သူ၏အနောက်မှ လေတိုးသံ တစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်စရာကောင်းသည့် လှိုင်းလုံးကြီးက ချင်ယွင်၏ ဦးခေါင်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်လာခဲ့သည်။

ချင်ယွင်၏ အမူအရာက ချက်ချင်းပင် ပြောင်းသွားခဲ့သည်။ သူသည် ထိုလက်ဖဝါးထဲမှာ ပါရှိသော သေခြင်းတရား၏ ကြောက်စရာကောင်းသော အငွေ့အသက်ကို သူ ခံစားနိုင် ခဲ့သည်။

ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ သူ၏ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်ကို အလျင်အမြန် အသုံးပြုပြီး ကြောက်မက်ဖွယ် စွမ်းအင်အတက်အကျ လှိုင်းနှင့်အတူ သူ၏နောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

"ဘုန်း…..!"

ကျယ်လောင်သော ပေါက်ကွဲအသံနှင့်အတူ နှစ်ဖက်စွမ်းအားများ ပြင်းထန်စွာ တိုက်မိပြီး ပေါက်ကွဲသွားခဲ့သည်။

ဤကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်း ရိုက်ခတ်မူကြောင့် ချင်ယွင် ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် တွန်းကန်သွားခဲ့ပြီး သူသည် ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသူကို မျက်လုံးတစ်စုံဖြင့် စူးစိုက်ကြည့်လိုက်ပါသည်။

"ဟန်ဖန်း မင်းပါလား…!" ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အေးစက်မှုက ချက်ချင်း ထွက်ပေါ်လာသည်။

All Chapters