အခန်း ၆၅၅
Vol. 44 Ch. 655
အခန်း (၆၅၅) ရေခဲနှင့်နှင်းနယ်မြေ။
ချင်ယွင်သည် အဝေးမှ တိုက်ခိုက်လိုက်သော ဟန်ဖန်းကို ကြည့်ရင်း သူ၏မျက်လုံးထဲ တွင် ပြင်းထန်သော အေးစက်မူက ထွက်ပေါ်လာသည်။
ဟန်ဖန်းသည် ဤမျှ စက်ဆုပ်ဖွယ်ကောင်းပြီး သူ့ကို တိုက်ခိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"ဟန်ဖန်း၊ မင်းက သေခြင်းတရားကိုတောင်းခံနေတာလား?" ချင်ယွင်က ချက်ချင်း ဆိုသလို ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ချင်ယွင် အမုန်းဆုံးအရာမှာ စက်ဆုပ်ဖွယ်ကောင်းသော လူဆိုးများ ဖြစ်သည်။ ဟန်ဖန်း၏ လုပ်ရပ်များသည် ချင်ယွင်ကို သံသယမရှိ ဒေါသဖြစ်စေခဲ့သည်။
"အား…..!"
ဟန်ဖန်းက ဘာမှ ပြန်မပြောပေ။ ယင်းအစား သူသည် ကျယ်လောင်စွာ အော်ဟစ် လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာက အနှိုင်းမဲ့ ရက်စက်ကြမ်းကြုတ်နေပြီး သူ၏မျက်လုံးများသည် သွေးကဲ့သို့ နီရဲနေလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။
"အား…..!"
ဤအခိုက်အတန့်တွင် အဝေးမှ နောက်ထပ်ဟောက်သံတစ်ချက် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်လျှင်၊ ယောင်လင်းခေါင် ၊ ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည် ချင်ယွင်နှင့် နှင်းအမျိုးသမီးတို့ကို စိုက်ကြည့်နေကြပြီး၊ ဟန်ဖန်းနှင့် တစ်ထပ်တည်း တူညီနေကြောင်း တွေ့ရှိလိုက်ရသည်။
"သူတို့ ဘာဖြစ်နေတာလဲ?" ချင်ယွင် အံ့သြစွာ မေးလိုက်သည်။
ဤသုံးယောက်သည် အဘယ့်ကြောင့် ရုတ်တရက် ရူးသွပ်သွားရသနည်း?။
"မကောင်းတော့ဘူး။ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကြောင့် သူတို့ရဲ့စိတ်တွေအပေါ်မှာ အကျိုးသက်ရောက်မူတွေ ရှိလာနေပြီ။ သူတို့ကို ရတနာ ခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်က ထိန်းချုပ်သွားပြီ။" နှင်းအမျိုးသမီးက ချက်ချင်း ပြောလိုက်သည်။
"ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်က ထိန်းချုပ်ထားတာလား?" ချင်ယွင် မှင်သက်ပြီး အံ့အားသင့်သွားသည်။ ဒါဆို သူကရော အဘယ့်ကြောင့် စိတ်ဝိညာဉ်တိုက်ခိုက်မူကို နည်းနည်းလေးမှ မခံစားရသနည်း?။
သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ထူးခြားသော စွမ်းအင်အတက်အကျလှိုင်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ၎င်းသည် ချင်ယွင်၏ မျက်ခုံးမွှေးများကြား လေဟာနယ်ထဲသို့ ချက်ချင်း ထိုးဖောက်ဝင်သွားပြီး ချင်ယွင်၏ နီဝမ်နန်းတော်အတွင်းရှိ စိတ်ဝိညာဉ်ဆီသို့ ဦးတည်သွားလေသည်။
ထိုအရာသည် ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအင် အတက်အကျလှိုင်းများ ပါဝင်နေသည့် ထူးဆန်းသော မျက်နှာတစ်ခု ဖြစ်ပါသည်။
ချင်ယွင်၏ နီဝမ်နန်းတော်ထဲတွင် (ရွှံ့ဆေးနန်းတော်) ဤမျက်နှာကြီး ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်းသည် ပါးစပ်ကြီးကို ကျယ်ကျယ်ဖွင့်ကာ ချင်ယွင်၏ စိတ်ဝိညာဉ်ကို ဝါးမြိုသွားလေသည်။
ချင်ယွင်သည် ချက်ခြင်းပင် ထိတ်လန့်သွားသည်။ သူသည် အနည်းငယ်မျှ တုံ့ဆိုင်းမနေ ဘဲ သူ၏စိတ်ဝိညာဉ်ကို ဖုံးအုပ်ရန် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်လိုက်ပါသည်။
ကြီးမားသော မျက်နှာကြီးသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို ထိတွေသွားသည့် အခိုက်တွင် တောက်လောင်နေသော မီးလျှံဖြင့် လောင်ကျွမ်းသွား သလို ခံစားလိုက်ရသည်။ ၎င်းသည် သနားစရာစဖွယ် အော်ဟစ်သံဖြင့် အော်ဟစ်လိုက် ပြီး ချင်ယွင်၏ နီဝမ်နန်းတော်မှ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့ပြီး သူ၏မျက်နှာပေါ်မှာ ဝမ်းသာအားရ ဖြစ်သည့် အရိပ်အယောင် ပေါ်လာပါသည်။ ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်သည် သူ၏ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကိုအမှန်တကယ် ကြောက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"မင်းအဆင်ပြေရဲ့လား!" နှင်းအမျိုးသမီး၏အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ် လာသည်။
"အဆင်ပြေပါတယ်!" ချင်ယွင်က ပြန်ပြောလိုက်ပြီး အဝေးမှာရှိနေသော နှင်းအမျိုးသမီး ကို လှည့်ကြည့်လိုက်သည်။ နှင်းအမျိုးသမီးသည် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေခဲ့ပေ။
နှင်းအမျိုးသမီးက ခေါင်းညိတ်ပြပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။
ယခုအချိန်တွင် သူမနှင့် ချင်ယွင်မှ လွဲ၍ ကျန်သည့်လေးယောက်သည် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ပြီ။
ထိုအခိုက်အတန့်တွင် ၎င်းတို့လေးဦးသည် သူတို့ကို အချိန်မရွေး တိုက်ခိုက်နိုင်သကဲ့သို့ ချင်ယွင်နှင့် နှင်းအမျိုးသမီးတို့ကို အရူးအမူး စိုက်ကြည့်နေကြသည်။
ထို့အပြင်၊ ပတ်ဝန်းကျင်တွင် အရိုးစုစစ်သားအများအပြားနှင့် ကြီးမားလှသော အရိုးစု ဘီလူးကြီးကလည်း ရှိနေသေးသည်။ ယခုအချိန်တွင် ချင်ယွင်နှင့် နှင်းအမျိုးသမီးသည် လုံး၀ ဝိုင်းရံခံထားရသည်။ သူတို့သည် ဝိုင်းရံခံထားရသည်ဟု ဆိုနိုင်ပါသည်။
"ကျွန်တော်တို့ အခု ဘာလုပ်သင့်လဲ။" ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ အရိုးစု စစ်သားများ၊ သူအား အချိန်မရွေး ရိုက်နှက်နိုင်သည့် ဟန်ဖန်းနှင့် အခြားသူများကို ကြည့်ကာ သူ၏အမူအရာ က အလွန်လေးနက်နေသည်။
"အခုအချိန်မှာ၊ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်အနား ချဉ်းကပ်ပြီး အတွင်းမှာရှိတဲ့ ပစ္စည်းဝိညာဉ်ကို လုံးလုံးလျားလျား သုတ်သင်ပစ်နိုင်မှသာ ဒီအကျပ်အတည်းကို ငါတို့ ဖြေရှင်းနိုင်လိမ့်မယ်" နှင်းအမျိုးသမီးက ပြောသည်။
"ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး အနီးကပ် သွားနိုင်မှာလဲ?" ချင်ယွင် က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဒါက မင်းအပေါ်မှာ မူတည်တယ်။" နှင်းအမျိုးသမီးက ချင်ယွင်ဘက်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော့်ကို အားကိုးနေတာလား?" ချင်ယွင် က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ ပတ်ဝန်းကျင်မှာ ရန်သူတွေ အများကြီး မရှိဘူးဆိုရင်တောင်မှ ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်၏ ပစ္စည်းဝိဥာဉ်ကို ဖျက်ဆီးပစ်ဖို့က လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပေ။ သူ မည်သို့ လုပ်နိုင်လိမ့်မည်နည်း?။
'"မှန်တယ်။ မင်း ဒါကို ပြီးအောင်လုပ်ရမယ်။ မင်းမှာ လေဟာနယ် သလင်းကျောက် အပိုင်းအစတစ်ခု မရှိဘူးလား။ မင်းအနေနဲ့ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်နား အနီးကပ်ဖို့က သိပ်တော့ မခက်သင့်ဘူး မဟုတ်လား။ ဒီအရိုးစု စစ်သားတွေနဲ့ ဒီလူလေးယောက်အတွက်တော့ ငါ သူတို့ကို ခဏလောက် ကာကွယ် တားဆီးပေးထားမယ်။ အဲဒီအချိန်မှာ မင်းက ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ရဲ့ ပစ္စည်းဝိညာဉကို ရှင်းလင်းသုတ်သင်ပစ်ဖို့ အခွင့်အရေးယူရမယ်။” နှင်းအမျိုးသမီးက ပြောသည်။
ချင်ယွင်သည် သူ့နဖူးကို ရိုက်လိုက်မိသည်။ ဟုတ်ပေးသားဘဲ။ သူသည် လေဟာနယ် သလင်းကျောက် အပိုင်းအစကို အသုံးပြုဖို့အရေးကို အဘယ့်ကြောင့် မတွေးမိရသ နည်း?။ လေဟာနယ် သလင်းကျောက် အပိုင်းအစဖြင့်ဆို သူသည် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်၏ အနီးသို့သွားခြင်းက သိပ်ပြီး မခက်ခဲသင့်ပေ။
"ဒါပေမယ့် အဲဒီပစ္စည်းဝိညာဉ်ကို ကျွန်တော် ဘယ်လို သတ်ရမလဲ?" ချင်ယွင်က ထပ်မေးသည်။
“ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ရဲ့ ပစ္စည်းဝိညာဉ်က လူသား အသွင်သဏ္ဍာန်အဖြစ် ထင်ထင်ရှားရှား ဖြစ်တည်တဲ့အဆင့်မျိုး မရောက်သေးဘူး။ ဒါက သူ့ရဲ့ အစွမ်းက သိပ်ပြီး အစွမ်းထက်ခြင်း မရှိသေးဘူးလို့ ယူဆလို့ရတယ်။ ဒါ့အပြင်၊ အဲဒီအရာက မင်းခန္ဓာကိုယ်ထဲ စွမ်းအားကို အလွန်ကြောက်နေပုံရတာကို ငါ သတိပြုမိ တယ်။ တကယ်လို့ မင်းသာ အစောပိုင်းက ကိုင်တွယ်ဖြေရှင်းခဲ့တဲ့ စွမ်းအားကို အသုံးပြုလိုက်မယ်ဆို မင်းအနေနဲ့ သူ့ကို အပြီးအပိုင် ရှင်းလင်းပစ်နိုင်လိမ့်မယ်။" နှင်းအမျိုးသမီးက ဆက်ပြောသည် ။
ချင်ယွင်သည် တိတ်ဆိတ်သွားခဲ့သည်။ နှင်းအမျိုးသမီးသည် သူ အသုံးပြုခဲ့ဖူးသည့် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားအကြောင်း ပြောနေမှန်း သူသိသည်။ သို့သော် နှင်းအမျိုးသမီး၏ ထွင်းဖောက်မြင်နိုင်စွမ်းသည် အမှန်တကယ် ကြောက်မက် ဖွယ်ကောင်းနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူမသည် သူ၏ နီဝမ်နန်းတော်၌ ဖြစ်ပျက်ခဲ့သည်များကိုပင် ဖော်ထုတ်နိုင်ခဲ့သည်။ အကယ်၍ နှင်းအမျိုးသမီးသာ သူ့ကို ရင်ဆိုင်ချင်သည်ဆိုလျှင် အလွယ်လေး မဟုတ်လား?။
"ကောင်းပြီလေ၊ ဒီလိုပဲ လုပ်ရမှာပဲ။" ခဏလောက် စဉ်းစားပြီးနောက် ချင်ယွင်က ပြတ်ပြတ်သားသား ခေါင်းညိတ်လိုက်သည်။
နှင်းအမျိုးသမီးသည် အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အေးစက်မှုတစ်ခု ထွက်ပေါ်လာသည်။
"အား….!"
တစ်ချိန်တည်းမှာပဲ, ဟန်ဖန်းနှင့် အခြားလူများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်ကာ၊ ကျယ်လောင်စွာ အော်ဟစ်ပြီး ချင်ယွင်နှင့် နှင်းအမျိုးသမီးတို့ ဆီသို့ ပြေးလာကြသည်။
အရိုးစုဘီလူးကြီးလည်း ခုန်တက်လာပြီး ချင်ယွင်၏ဆီသို့ သူ၏လက်ကြီးကို ဝှေ့ယမ်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ အရိုးစုစစ်တပ်သည်လည်း ရှေ့သို့ အရှိန်ဟုန်ဖြင့် ပြေးတက်လာကာ ချင်ယွင် နှင့် နှင်းအမျိုးသမီးတို့ကို တိုက်ခိုက်လာကြသည်။
ချင်ယွင်၏ ဦးရေပြားပင် ထုံကျဉ်သွားရသည်။ အခု ဟန်ဖန်း နှင့် တခြားလူများကပင် ပြဿနာများဖို့ လုံလောက်နေပါပြီ။ ဤအခြေအနေမျိုးမှာ၊ အရိုးစုဘီလူးကြီးနှင့် အရိုးစုစစ်တပ်တို့သည် ဖော်ပြ၍မရနိုင်လောက်အောင်ပင် သူ့ကို ခေါင်းကိုက်စေသည်။ ဖြစ်နိုင်တာက နှင်းအမျိုးသမီးသည် သူတို့အားလုံးကို သူမတစ်ယောက်တည်း ပိတ်ဆို့ တားဆီးချင်နေတာများလား?။
ဤသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း?။
ဘုန်း…..!
သို့သော် ထိုအခိုက်အတန့်တွင် နှင်းအမျိုးသမီး၏ ခန္ဓာကိုယ်မှ အရိုးအေးစိမ့်သွား လောက်သည့် အအေးဓာတ်သည် ပတ်ဝန်းကျင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ပတ်ဝန်းကျင် မြေပြင်သည် ထူထပ်သော ရေခဲအလွှာများဖြင့် ဖုံးလွှမ်းသွားပါသည်။ သူတို့ဆီသို့ အပြေးအလွှား ပြေးတက်လာနေသော အရိုးစုတပ်သည် ဤကြောက်စရာ ကောင်းသော ရေခဲအလွှာကြောင့် ရေခဲပန်းပုရုပ်တုများအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားလေသည်။
အရိုးစုဘီလူးကြီး၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တောင့်တင်းသွားပြီး ဧရာမ ရေခဲရုပ်တုကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
ဟန်ဖန်း နှင့် တခြားလေးယောက်လည်း ခြွင်းချက်မရှိပါဘူး။ ဤကြောက်စရာ ကောင်းသော အအေးဒဏ်ကြောင့် သူတို့အားလုံးလည်း အေးခဲသွားကြသည်။
"ဒါက ရေခဲနဲ့နှင်းနယ်မြေများ ဖြစ်နိုင်နေမလား" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွား၏။
နှင်းအမျိုးသမီးသည် အစွမ်းထက်သော ရေခဲနှင့်နှင်းနယ်မြေကို အသုံးပြုနေသည်မှာ ထင်ရှားပါသည်။ ထို့အပြင်၊ ဤရေခဲနှင့်နှင်းနယ်မြေသည် ချင်ယွင်ကျွမ်းကျင်ထားသည့် ဓားနယ်မြေထက် များစွာပို၍ အားကောင်းပုံရသည်။
'"အခု မင်းလှုပ်ရှားရမယ့် အလှည့်ပဲ။ ငါ့ရဲ့ ရေခဲနဲ့နှင်းနယ်မြေက သူတို့ကို အမွှေးတိုင် တစ်ချောင်းထိန်းချိန်လောက်သာ ထောင်ချောက်ဆင်ပြီး ဖမ်းထားနိုင်တယ်။ အမွှေးတိုင် တစ်ချောင်းထွန်းချိန်စာ ကုန်ဆုံးသွားတာနဲ့ သူတို့က ရေခဲတွေကို ဖောက်ဖျက်ပြီး လွတ်မြောက်သွားလိမ့်မယ်။ မင်းက ဒီအမွေးတိုင်တစ်ချောင်းထွန်းချိန်စာ အချိန်တွင်း မှာ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ရဲ့ ပစ္စည်းဝိညာဉ်ကို ရှင်းလင်း သုတ်သင်ပစ်ရမယ် ။" နှင်းအမျိုးသမီးက ပြောလိုက်သည်။ သူမ၏ အသံက အနည်းငယ် အားနည်းနေပါသည်။ ရေခဲနှင့်နှင်းနယ်မြေ၏ ကြီးမားသော ဧရိယာကို အသုံးပြုရန် သူမအတွက် အလွန်ခက်ခဲသည်မှာ ထင်ရှားပါသည်။
"အင်း!"
ချင်ယွင်သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်ပြီး ဟိုယခင်ကတည်းက ကြိုတင် ပြင်ဆင်ထားသော လေဟာနယ် သလင်းကျောက် အပိုင်းအစကို ထုတ်ယူကာ လေဟာနယ်ကို ညင်သာစွာ လှီးဖြတ်လိုက်သည်။
ချင်ယွင်၏ရှေ့မှာ လေဟာနယ် အက်ကြောင်းတစ်ခု ပေါ်လာပါသည်။ ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းနေခြင်းမရှိဘဲ လေဟာနယ်အက်ကြောင်းထဲကို တိုက်ရိုက် ဝင်သွားပါသည်။
ချင်ယွင်သည် တစ်ဖန်ပြန်ပေါ်လာချိန်မှာ၊ သူသည် ရေကန်၏ နက်ရှိုင်းဆုံးအရပ်သို့ ရောက်ရှိနေခဲ့ပါပြီ။ ချင်ယွင်သည် ကီလိုမီတာရာပေါင်းများစွာ အကွာအဝေးကို ချက်ချင်း ဖြတ်ကျော်သွားခဲ့ပါသည်။
ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ပေါ်တွင် တက်ထိုင်လိုက်ရင်း ချင်ယွင်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာပါ သည်။
"အော် မင်းက ဒီကို ရောက်လာသေးတာပဲ။ ငါ မင်းကိုစောင့်နေတာ ကြာပြီ"
သို့သော် ထိုအချိန်တွင် ဆွဲဆောင်မှုရှိသော အသံတစ်ခုက ရုတ်တရက် ထွက်ပေါ် လာသည်။ အနှိုင်းမဲ့ ချောမောလှပသော ရုပ်အသွင်သည် ရတနာခုနစ်ပါး စိတ်ဝိညာဉ် စုပ်ယူခြင်းကုလားထိုင်ပေါ်တွင် ပေါ်လာပြီး ချင်ယွင်ကို ချစ်စဖွယ်ကောင်းသော အပြုံးဖြင့် ကြည့်လိုက်လေသည်။
ချင်ယွင်သည် ထိုအမျိုးသမီးကို မြင်သောအခါတွင် သူ၏အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားခဲ့သည်၊ အကြောင်းမှာ သူ၏ရှေ့ရှိ ဤအမျိုးသမီး၏ မျက်နှာသည် ရုပ်ပျက်ဆင်းပျက်မဖြစ်မီ သူ၏အစ်မ လျူရန်ယွင်၏မျက်နှာနှင့် တစ်ထပ်တည်း ဖြစ်နေသောကြောင့် ဖြစ်ပါသည်။