← Chapters

အခန်း ၆၅၇

Vol. 44 Ch. 657

အခန်း ၆၅၇

Vol. 44 Ch. 657

အခန်း (၆၅၇)ပစ္စည်းဝိညာဉ်ကို ဖယ်ရှားခြင်း။

ရွှေအရိုးစုသည် ချင်ယွင်ဆင့်ခေါ်ထားသော ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်ကို တွေ့လိုက်ရသည့်အခါ ချက်ချင်းဆိုသလို မှင်သက်သွားခဲ့သည်။ ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်၏ ပစ္စည်းဝိညာဉ်၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု လှိုင်းလုံးများ မြင့်တက်လာသည်။

ယခုအချိန်တွင် သူသည် ဤရွှေအရိုးစု၏ ကြံ့ခိုင်မှုကို အမှန်တကယ် ကျွမ်းကျွမ်း ကျင်ကျင် မထိန်းချုပ်နိုင်သေးချေ။ ထို့ကြောင့် သူ၏ ကြံ့ခိုင်မှုက သိပ်အားကောင်းခြင်း မရှိသေးပေ။ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်တွင် သာ ရှိသေးသည်။

အမှန်တကယ်တော့ ၎င်းပစ္စည်းဝိညာဉ်၏ အမှန်တကယ် အစွမ်းထက်သည့် အရာက သူ၏ စိတ်ဝိညာဉ် စုပ်ယူနိုင်ခြင်းစွမ်းအား ဖြစ်ပါသည်။ သို့သော် ၎င်း၏ စိတ်ဝိညာဉ် စုပ်ယူခြင်း စွမ်းအားသည် ချင်ယွင်အပေါ် လုံးဝ သက်ရောက်မှု မရှိပေ။ ရွှေအရိုးစုကြီးသည်လည်း နှင်းအမျိုးသမီးကြောင့် အေးခဲသွားရသည်။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် ရှေးဟောင်းခေတ် တိုက်ပွဲစိတ်ဝိညာဉ်ကို အမှန်တကယ် ဆင့်ခေါ်လိုက်သည်ကို သူမြင်လိုက်ရပြီး သူ၏ခွန်အားသည်လည်း သိသိသာသာ တိုးမြင့်လာခဲ့သည်။ ထို့ကြောင့် ပစ္စည်းဝိညာဉ်သည် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရပြီး သဘာဝအတိုင်း သူ၏စိတ်နှလုံးထဲတွင် စိတ်မသက်မသာဖြစ်မှု အရိပ်အယောင်က တိုးမြင့်လာခဲ့သည်။

"ဓားနယ်မြေ!"

အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ ချင်ယွင်သည် ဓားနယ်မြေကို တိုက်ရိုက် သုံးပြုလိုက် သည်။

ရုတ်တရက် ပတ်ဝန်းကျင်လေဟာနယ်သည် ချက်ချင်းပင် အစိုင်ခဲဖြစ်သွားပုံရပြီး ပတ်ဝန်းကျင်လေဟာနယ်သည် အဆုံးမရှိသော ဓားဆန္ဒဖြင့် ပြည့်နှက်နေသည်။

ရွှေအရိုးစုသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ချင်ယွင်၏ ဓားနယ်မြေထဲမှ ထွက်ခွာရန် အလျင်အမြန် ရုန်းကန်လိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့်၊ ချင်ယွင်၏ ဓားနယ်မြေထဲတွင် သူ၏အရှိန်သည် များစွာ နှေးကွေးသွားသည်။

ဝှီး…..!

ချင်ယွင်၏ ရုပ်အသွင်သည် သရဲတစ္ဆေကဲ့သို့ ရွှေအရိုးစုဘေးတွင် ပေါ်လာသည်။ သူသည် အနည်းငယ် တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏လက်ထဲမှ ဓားဖြင့် ရွှေအရိုးစုကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။

ချွင်…..!

သန့်စင်သော သံမဏိအချင်းချင်း အပြင်းအထန် ထိခိုက်မိသည့် အသံက ထွက်ပေါ်လာခဲ့ ပြီး၊ ရွှေအရိုးစုတစ်ခုလုံး ပဲ့တင်ထပ်သွားသော်လည်း ၎င်းအပေါ်တွင် အမာရွတ်တစ်ခုမျှ မကျန်ရစ်ခဲ့ပေ။

ချင်ယွင်သည် အံ့သြသွားသည့် အမူအရာ ထပ်မံ ထုတ်ဖော်လာသည်။ ဤရွှေအရိုးစု သည် အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်းတစ်ခုကဲ့သို့ မာကျောလှသည်။

"ဟား….၊ ဟား……၊ မင်း ငါ့ကို သတ်နိုင်မှာ မဟုတ်ဘူး" ရွှေအရိုးစုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟုတ်လား?" ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သူသည် ခုန်တက်လိုက်သည်နှင့် သူ၏ရုပ်အသွင်က ချက်ချင်း ပေါက်ကွဲသွားတယ်။ သူသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ပြီး ရွှေအရိုးစု၏ ညှပ်ရိုးကြား ကို ထိုးဖောက်လိုက်ပြီး ရွှေအရိုးစုကို မြေပြင်ပေါ်တွင် ခိုင်မြဲစွာ ရိုက်နှက်ထားလိုက် သည်။ ရွှေအရိုးစုသည် မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေပါစေ ခွဲမထွက်နိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ အခြားလက်တစ်ဖက်တွင် အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ စွမ်းအားသည် ပေါ်လာပြီး အစိမ်းရောင်ကြာပန်း ပုံစံကို တစ်ဖန် ပြန်လည်ဖန်တီးကာ ရွှေရောင်အရိုးစု၏ မျက်ခုံးမွှေးများကြားရှိ အနီရောင် ကြာပန်း အမှတ်အသားဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့မည်။

ရွှေအရိုးစုသည် အစိမ်းရောင်ကြာပန်းပုံစံကို မြင်သောအခါ တုနှိုင်းမမဲ့ ထိတ်လန့်သွား သည်။ "ငါ့ကို မသတ်ပါနဲ့။ မင်းကို ငါ့ရဲ့ အရှင်သခင်အဖြစ် အသိအမှတ်ပြုဖို့ ဆန္ဒရှိပါတယ်။ ငါက ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်မှာရှိတဲ့ ရတနာခုနစ်ပါးရဲ့ ဝိညာဉ်ပဲ။ တကယ်လို့ မင်း ငါ့ကိုရပြီဆိုရင် ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ရရှိတာနဲ့ အတူတူပါပဲ ။"

ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့ပြီး ရိုက်ချတော့မည့် လက်ဖဝါးသည်လည်း လေထဲတွင် ရပ်သွားခဲ့သည်။

ရွှေအရိုးစုသည် ချင်ယွင်က တိုက်ခိုက်ခြင်း ရပ်တန့်သွားသည်ကို မြင်လိုက်ရသည့်အခါ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချတော့မည်ပုံပေါ်ရသည်။

"ငရဲကိုသွားလိုက်တော့..!"

ထိုအချိန်မှာဘဲ၊ ရုတ်တရက် ရွှေအရိုးစု၏ မျက်လုံးထဲမှာ အနီရောင် မီးတောက်တွေ လင်းလက်လာသည်။ ထို့နောက် ရွှေအရိုးစု၏ မျက်လုံးထဲမှ အနီရောင် မီးတောက် နှစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင် နှင့် ရွှေအရိုးစုတို့သည် အလွန်နီးကပ်နေပြီး မီးတောက်များသည်လည်း အလွန် လျင်မြန်လွန်းသည်။

ထို့ကြောင့် ချင်ယွင် မရှောင်တိမ်းနိုင်ခင်၊ မီးတောက်သည် သူ၏ရင်ဘတ်ထဲသို့ ပြင်းထန်စွာ ထိုးကျသွားပါသည်။

ချင်ယွင်၏ ရင်ဘတ်မှ ပူလောင်သော ဝေဒနာတစ်ခု ထွက်ပေါ်လာသော်လည်း အလွန် လျှင်မြန်စွာပင် မီးတောက်နှစ်ခုကို ချင်ယွင်၏အရေပြားမှ စုပ်ယူသွားခဲ့ပါသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?။ ဒါက ငရဲမီးလျှံလေ။" ရွှေအရိုးစုသည် သူ၏ မီးတောက်များ အသုံးမဝင်ကြောင်းကို တွေ့လိုက်ရသဖြင့် ထိတ်လန့်သွားသည်။

"ဟမ့်၊ ငါက အနီရောင်ကြာပန်း ကံကြမ္မာမီးလျှံကိုတောင် မကြောက်ခဲ့ဘူး။ မင်းရဲ့ မြေအောက်ကမ္ဘာက ငရဲမီးလျှံလေးကို ငါ ကြောက်နေရမှားလာ?" ချင်ယွင်က အထင်သေးဟန်ဖြင့် ပြောလိုက်သည်။ ထို့နောက် သူ၏လက်ထဲမှ အစိမ်းရောင် ကြာပန်းက တုန့်ဆိုင်းမနေဘဲ ရွှေအရိုးစု၏နဖူးကို ထိမှန်သွားသည်။ အစိမ်းရောင် ကြာပန်း၏အစွမ်းသည် အနီရောင်ကြာပန်း အမှတ်အသားကို ချက်ခြင်းပင် တရစပ် တိုက်ခိုက်သည်။

“မဟုတ်ဘူး……”

ရွှေအရိုးစုသည် သနားစရာကောင်းသော အောဟစ်သံကို ထုတ်လွှတ်လိုက်ပြီး ၎င်းအသံက ရေကန်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

တခဏကြာ အရာအားလုံး ငြိမ်သက်သွားပါသည် ။

ရွှေအရိုးစု၏ မျက်လုံးထဲတွင်ရှိနေသော မီးတောက်များလည်း ငြိမ်းသွားခဲ့ကာ မျက်ခုံးမွှေးများကြားရှိ အနီရောင် ကြာပန်းအမှတ်အသားလည်း ပျောက်ကွယ်သွား သည်။

ပတ်ဝန်းကျင်ရှိ အရိုးစုစစ်သားများသည်လည်း လုံးဝ အမှုန့်ဖြစ်သွားကြသည်။ နှင်းအမျိုးသမီး၏ ရေခဲနှင့်နှင်းနယ်မြေ ထိတွေ့ခံနေရသည့် ဟန်ဖန်း နှင့် အကွာအဝေးရှိ အခြားလူများသည်လည်း သူတို့၏မျက်လုံးများ၏ အမြင်အာရုံများ ရှင်းလင်း ပြတ်သားမူကို ပြန်လည်ရရှိလာကြသည်။

ချင်ယွင်လည်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ၏ ခြေဖဝါးအောက်တွင် ပျောက်ကွယ်သွားခြင်းမရှိသော ရွှေအရိုးစုကို ကြည့်ရင်း သူသည် သူ၏လက်ကို ဝှေ့ယမ်းကာ ကနဦးစကြဝဠာထဲသို့ ထည့်လိုက်ပါသည်။

ရှေးဟောင်းတာအိုဆရာသခင်သည် ဤရွှေအရိုးစုကို သူ့ခန္ဓာကိုယ်၏ အရိုးစုအဖြစ် သတ်မှတ်ထားမှတော့ သူ့လို တပည့်တစ်ယောက်က မည်သို့ နားမထောင်ဘဲ နေလို့ရနိုင်လဲ?။

သို့သော်၊ သူသည် ဤရွှေအရိုးစုကို အသွေးအသားပိုင်ဆိုင်သည့် အစစ်အမှန် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲလိုပါက၊ နောက်ထပ် ပစ္စည်းအနည်းငယ် လိုအပ်မည် ဖြစ်ပါသည်။ ဟုတ်ပါသည်၊ ဤကိစ္စက လောနေစရာ မလိုပါဘူး။ ထို့အပြင် မြူနှင်းချောက်နက် ဓားပေါ်က စည်းတံဆိပ်ကိုလည်း လုံး၀ မဖျက်ဆီးရသေးပါဘူး။ ချင်ယွင်သည် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ဝင်ရောက်နိုင်မှသာ ဤအဆင့်ကို အမှန်တကယ် ပြီးမြောက်နိုင်မည် ဖြစ်ပါသည်။

"ကောင်လေး၊ ငါ ဆက်အိပ်တော့မယ်ဟေ့။ မင်း ငါ့အတွက် ဒီလောက်ကောင်းတဲ့ အရိုးစုကို ရှာဖွေပေးတဲ့အတွက် မင်းကို ကျေးဇူးတင်တယ်ကွာ။ ဒီ အင်မော်တယ် ဘုရင်ရဲ့စံအိမ်ကြီးက မရိုးရှင်းဘူးဆိုတာကိုတော့ မင်းကို သတိပေးပါရစေ။ မင်း ဝင်လာကတည်းက မျက်လုံးတစ်စုံက မင်းကို စိုက်ကြည့်နေခဲ့တယ်။ မင်းကိုယ်မင်း ဂရုစိုက်နိုင်မယ်လို့ ငါမျှော်လင့်တယ်။” ရှေးဟောင်းတာအိုဆရာသခင်က စိတ်ဝိညာဉ် မှတဆင့် အသံထုတ်လွှင့်ပြောလိုက်သည်။ သူပြောပြီးသည့်နောက် လုံးဝ တိတ်ဆိတ် သွားပါသည်။

ရှေးဟောင်းတာအိုဆရာသခင်၏ စကားကိုကြားလျှင် ချင်ယွင်၏စိတ်နှလုံးသည် ယခုလေးတင် စိတ်သက်သာရာရနေရာမှ ပြန်လည် စိုးရိမ်လာပြန်သည်။

သူ့ကို စိုက်ကြည့်နေသည့် မျက်လုံးတစ်စုံ ရှိနေတာလား?။ ဒါက ခြေလှမ်းတိုင်းမှာ သူတို့လုပ်သမျှအရာအားလုံးက အဲဒီလူရဲ့မျက်လုံးထဲမှာ ရှိနေတယ်လို့ ဆိုလိုရာ မရောက်ဘူးလား?။ ဒါပေမယ့် သူတို့ ဘာလို့ ဘာဆိုဘာမှ မခံစားရတာလဲ?။

ပြီးတော့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ။ အင်မော်တယ်နန်းတော်ရဲ့ အုပ်ထိန်းသူများ ဖြစ်နေမလား?။

အင်မော်တယ်နန်းတော်၏ အပြင်ဘက်တွင် သူခံစားခဲ့ရသည့် ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်လည်း ရှိနေခဲ့သည်။ အင်မော်တယ်နန်းတော်ထဲသို့ သူတို့ ရောက်သောအခါ အဘယ့်ကြောင့် မည်သည့်အရာကိုမှ မခံစားရတော့သနည်း?။

ချင်ယွင်၏နှလုံးသားထဲတွင် သံသယများ ထွက်ပေါ်လာသည်။

ဤအင်မော်တယ်နန်းတော်သည် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။ အင်မော်တယ်နန်းတော်ထဲကို ဝင်လာကတည်းက အင်မော်တယ်နန်းတော်၏ ပထမထဆုံး နှစ်ထပ်သည် ကမ္ဘာငယ်လေးတွေ ဖြစ်နေသည်။ အင်မော်တယ်ဘုရင် စံအိမ်ကြီး၏ အထပ်ကိုးထပ်မှ တစ်ထပ်စီသည် ကမ္ဘာငယ်လေးတစ်ခုစီများ ဖြစ်နေမ လား?။

"မေ့လိုက်ပါ။ ဒါကို စဉ်းစားနေလို့ အသုံးမဝင်ပါဘူး။ ငါတို့က တစ်ကြိမ်မှာ ခြေတစ်လှမ်းသာ လျှောက်လို့ရတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ယခု သူတို့သည် အင်မော်တယ်နန်းတော်ထဲသို့ ဝင်လာပြီးဖြစ်သဖြင့် ရှေ့သို့သာ ဆက်သွားနိုင်သည်။ နောက်ဆုတ်ဖို့က မဖြစ်နိုင်တော့ပါဘူး။ ရှေ့ဆက်ပြီး အန္တရာယ်တွေကို ဖြည်းဖြည်းချင်းသာ ရင်ဆိုင်ရလိမ့်မည်။

ဝှီး…!

ချင်ယွင်သည် ထိုမေးခွန်းတွေကို တွေးတောနေချိန်မှာ အဝေးမှ လေတိုးသံတစ်ချို့ ထွက်ပေါ်လာသည်။

ဟန်ဖန်း နှင့် အခြားသူတို့သည် သူတို့၏အသိအာရုံများ ပြန်လည်ရှင်းလင်းသွားကြပြီး၊ သူတို့သည် ချင်ယွင်ဆီသို့ ပျံသန်းလာကြခြင်း ဖြစ်လေသည်။

"အကူအညီအတွက် အစ်ကိုချင်ကို ကျေးဇူးတင်ပါတယ်။ စီနီယာ နှင်းအမျိုးသမီးက ငါတို့ကို ပြောပြပြီးသွားပြီ။ တကယ်လို့ မင်းသာ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ရဲ့ဝိညာဉ်ကို မသတ်ခဲ့ဘူးဆိုရင် ငါတို့ဟာ သူ့ထိန်းချုပ်အောက်မှာ ရှိနေမှာ ကို ငါကြောက်မိနေသေးတယ်" ချင်းဝူယန်သည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ချက်ချင်းပင် ချင်ယွင်အား ကျေးဇူးတင်စကား ပြောကြားလိုက်သည်။ သူ၏ဘေးမှာ ရပ်နေသော လင်းယွန်ယန်ကလည်း လက်နှစ်ဆုပ်ကာ ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုသည်။

"မဟုတ်ဘူး၊ အစ်ကိုချင်းအတွက်ကြောင့် မဟုတ်ရင်တောင် ငါတို့က ကိုယ့်အတွက် ကိုယ် လုပ်ကြရမှာပဲ။ နောက်ပြီး၊ စီနီယာ နှင်းအမျိုးသမီးက အဲဒီအရိုးစုတပ်ကို မတားဆီးထားဘူးဆိုရင်၊ ငါ အဲဒီ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ရဲ့ ပစ္စည်းဝိညာဉ်ကို မသတ်ဖြတ်နိုင်မှာကို စိုးရတယ်။။" ချင်ယွင်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။

ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည် ပြန်လှည့်ကြည့်ရင်း ကျေးဇူးတင်ကြောင်း ဖော်ပြကာ နှင်းအမျိုးသမီးဆီသို့ ဦးညွှတ်ကြသည်။

နှင်းအမျိုးသမီးက ခေါင်းညိတ်ကာ တုန့်ပြန်ပြသည်။

ထိုမြင်ကွင်းကိုမြင်တော့ ဟန်ဖန်းက နှာခေါင်းရှုံးပြီး တစ်ချက်ကြည့်ကာ ဘေးကို လှည့်ထွက်သွားသည်။

ချင်ယွင်က သူ့ကို ကယ်တင်ခဲ့သော်လည်း သူနှင့် ချင်ယွင်တို့က ရန်သူတွေ ဖြစ်နေသည်ဟု ယူဆလို့ရသည့်အတွက် သူ့အနေဖြင့် ချင်ယွင်ကို ကျေးဇူးတင်ဖို့က မဖြစ်နိုင်ပါဘူး။

ဟန်ဖန်း၏ အမူအရာကို မြင်တော့ ချင်ယွင်က အထင်သေးဖြင့် ရယ်မောလိုက်သည်။

ဟန်ဖန်းက သူ့ကို ကျေးဇူးတင်ဖို့ သူလည်း မမျှော်လင့်ထားပါဘူး။ ထို့အပြင်၊ အကယ်၍ သူ့မှာသာ အခွင့်အရေးရလျှင် ချင်ယွင်သည် ဟန်ဖန်းကို သတ်ပစ်ရမည်ဆိုလျှင်လည်း လုံးဝ စိတ်ထဲထားမည် မဟုတ်ပေ။

"အင်မော်တယ်နန်းတော်ရဲ့ တတိယထပ်ကို ဘယ်လို ဝင်နိုင်မလဲဆိုတာ ကြည့်ကြည့်ရ အောင်။" နှင်းအမျိုးသမီးက ပြောသည်။

ထိုစကားကို လူတိုင်းကြားသောအခါ အားလုံးလည်း ခေါင်းညိတ်ပြီး ရတနာခုနစ်ပါး စိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ဆီကို လှည့်ကြည့်လိုက်ကြသည်။ တတိယထပ်သို့ ဝင်ပေါက်သည် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်နှင့် ဆက်စပ်နေမည် ဟု သူတို့ ယုံကြည်ကြပါသည်။

All Chapters