← Chapters

အခန်း ၆၅၈

Vol. 44 Ch. 658

အခန်း ၆၅၈

Vol. 44 Ch. 658

အခန်း (၆၅၈) ရှင်ခြင်းသေခြင်းတံခါး။

"ဒုတိယထပ်ကို ကြက်သွေးရောင်တိမ်တိုက် ခေါင်းလောင်းကြီးဖြင့် ဖွင့်ရတယ်။ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်က တတိယထပ်ကို ဖွင့်ဖို့ သော့များ ဖြစ်နေမလား?။” ချင်းဝူယန်သည် စင်မြင့်ပေါ်ရှိ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကို ကြည့်ပြီး ပြောလိုက်ပါသည်။

"ဖြစ်နိုင်တယ်။" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ဤရေကန်သည် ဤရှေးဟောင်းခေတ် စစ်မြေပြင်၏ ဗဟိုချက် ဖြစ်လေသည်။ ဤရှေးဟောင်းခေတ် စစ်မြေပြင်တွင်၊ ဤအကြီးမြတ်ဆုံးအဆင့် အင်မောတယ်ပစ္စည်း တစ်ခုသာ ရှိလေသည်။ အင်မော်တယ်နန်းတော်သခင်သည် ဤအင်မော်တယ်ပစ္စည်း ကို အကြောင်းပြချက်မရှိဘဲ ဤနေရာ၌ ထားခဲ့မည် မဟုတ်ပေ။ ထို့ကြောင့် ဤနေရာ၌ အကြီးမြတ်ဆုံးအဆင့် အင်မော်တယ်ပစ္စည်းဖြစ်သည့် ဤရတနာခုနစ်ပါး စိတ်ဝိညာဉ် စုပ်ယူခြင်းကုလားထိုင်ရှိနေခြင်းသည် တတိယထပ်ဝင်ပေါက်နှင့် ဆက်စပ်နေသည်ဟု သာ ဆိုလိုနိုင်ပါသည်။

"ငါ စမ်းကြည့်ဦးမယ်!" နှင်းအမျိုးသမီးက ပြောသည်။

သူမသည် ပြောပြီးသည်နှင့် သူမ၏လက်ဖဝါးမှ ပြင်းထန်သော အင်မော်တယ် အနှစ်သာရက ထွက်ပေါ်လာသည်။ နှင်းအမျိုးသမီး၏လက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ပေါ်သို့ ကျရောက် သွားသည်။

ချက်ခြင်းပင်၊ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ပေါ်ရှိ သက်တံရောင် ခုနစ်စင်းသည် တောက်ပသော အလင်းရောင်တို့ဖြင့် ပွင့်လန်းလာခဲ့သည်။ သက်တံ့ အလင်းရောင်သည် ညဉ့်ကောင်းကင်တစ်ခုလုံးအနှံ့ ဝင်းလက်သွားသည်။

ခုနှစ်ရောင်ခြယ် သက်တန့်တံတားတစ်စင်းသည် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်မှ ထွက်ပေါ်လာပြီး ကောင်းကင်၌ရှိနေသည့် ခုနစ်ရောင်ခြယ် တိမ်တိုက် များဆီသို့ ဦးတည်သွားလေသည်။

"ဒါက အင်မော်တယ်နန်းတော်ရဲ့ တတိယထပ် ဝင်ပေါက်များ ဖြစ်နေမလား?။" ချင်ယွင် က အံ့သြစွာ ပြောသည်။

ရုတ်တရက် ထွက်ပေါ်လာသော သက်တံ့တံတားကို ကြည့်လိုက်ရင်း လူတိုင်း၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများ ချက်ချင်း ပေါ်လွင်လာသည်။ ထင်ရှားသည်မှာ၊ ဤသည်မှာ အင်မောတယ်နန်းတော်၏ တတိယထပ်သို့ လမ်းကြောင်း ဖြစ်သည်။

ဝှီး…!

ထိုအခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် ပြေးထွက်သွားပြီး ရတနာခုနစ်ပါး စိတ်ဝိညာဉ် စုပ်ယူခြင်းကုလားထိုင်ကို စင်မြင့်ပေါ်မှ လုယူသွားလေသည်။

ထိုလူက ဘေးနားမှာ အမြဲတမ်း ရပ်နေခဲ့သည့် ဟန်ဖန်းမှလွဲ၍ တခြားလူ မဟုတ်ပေ။

"ဟန်ဖန်း၊ မင်းက အရှက်မဲ့လှချည်လား?။ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်က သခင်လေးနဲ့ စီနီယာ နှင်းအမျိုးသမီးတို့ ပိုင်ဆိုင်သင့်တယ်လေ။ မင်းက ဘယ်လိုလုပ် ခိုးယူရဲတာလဲ?။" ယောင်လင်းခေါင်က ဟန်ဖန်းကို စိုက်ကြည့်ရင်း ဒေါသတကြီး ပြောလိုက်သည် ။

"ဟမ့်၊ ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်ကို သိမ်းယူနိုင်တဲ့သူက ရယူ ပိုင်ဆိုင်ရမယ်ဆိုတာကို ငါတို့ သဘောတူထားပြီးသားလေ။ အခု အတွင်းမှာရှိတဲ့ ပစ္စည်းဝိညာဉ်လည်း ချုပ်ငြိမ်းသွားပြီ။ အဲဒီတော့ ဒီပစ္စည်းက မူလကတည်းက ပိုင်ရှင်မဲ့ ပစ္စည်းတစ်ခုပဲ။ ထုံးစံအတိုင်း ငါသိမ်းပိုက်နိုင်ရင် ငါ ပိုင်ဆိုင်ရမှာပဲ" ဟန်ဖန်းက အေးစက်စွာ ပြောလိုက်သည်။

ချင်ယွင်လည်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ အရင်က ထိုကဲ့သို့ကတိမျိုး တစ်ယောက်ကိုတစ်ယောက် ပေးခဲ့ဖူးကြသည်။

ချင်ယွင်သည် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်းကုလားထိုင်၏ ပစ္စည်းဝိညာဉ်ကို ဖျက်ဆီးပြီး လူတိုင်းကို ကယ်တင်ခဲ့သော်လည်း၊ ယင်းက ရတနာခုနစ်ပါးစိတ်ဝိညာဉ် စုပ်ယူခြင်းကုလားထိုင်ကို သူပိုင်သည်ဟု မဆိုလိုပေ။

သို့သော် ဟန်ဖန်း၏ လုပ်ရပ်သည် လူတိုင်းကို မကျေမနပ် ဖြစ်နေဆဲပင်။

နှင်းအမျိုးသမီးက ဒီကိစ္စနှင့်ပတ်သက်ကြီး တွယ်ကပ်နေခြင်း မရှိပါဘူး။ ယခုအချိန်မှာ၊ သူမသည် သက်တန့်တံတားပေါ်သို့ တက်ပြီး သက်တန့်တံတား၏ အခြားတစ်ဖက်သို့ လျှောက်လှမ်းသွားခဲ့သည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ခံစားရသော်လည်း လျှင်မြန်စွာပင် သက်သာရာရသွားသည်။

ယခု ဟန်ဖန်းသည် ရတနာကို ရရှိသွားပြီ ဖြစ်ဖြစ်သော်လည်း ၎င်းကို အပြင်ဘက်ကမ္ဘာသို့ ယူဆောင်သွားဖို့လျှင် အသက်ရှင်နေမှ ရလိမ့်မည်။ ရှေ့ဆက်ရ မည့်လမ်းက အရမ်းရှည်ကြီး ကျန်နေပါသေးတယ်။ အကယ်၍ သူသာ ဟန်ဖန်းကို သတ်လိုက်မည်ဆိုလျှင် ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်သည် သူ၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာမည် ဖြစ်ပါသည်။

ချင်ယွင်သည် ထိုအကြောင်းကို သိပ်ပြီးမစဉ်းစားတော့ဘဲ သက်တန့်တံတား၏ နက်ရှိုင်းသော နေရာဆီသို့ နှင်းအမျိုးသမီး၏ ခြေလှမ်းအတိုင်း လိုက်ပါသွားခဲ့သည်။

ယောင်လင်းခေါင်သည် ဟန်ဖန်းကို စိုက်ကြည့်ပြီး နောက်မှ လိုက်ပါသွားသည်။

ချင်းဝူယန် နှင့် လင်းယွန်ယန်တို့သည် ချင်ယွင် နှင့် နှင်းအမျိုးသမီး တို့က ဤကိစ္စနှင့် ပတ်သက်ပြီး တွယ်ကပ်မနေသည်ကို မြင်လိုက်ရသောကြောင့် သူတို့သည် ပို၍ပင် ပြောရခက်နေသဖြင့် ချင်ယွင် နှင့် အခြားသူများနောက်သို့သာ လိုက်ပါသွားကြသည်။

ဟန်ဖန်းသည် လှောင်ရယ်ရယ်လိုက်ပြီး ရတနာခုနစ်ပါးစိတ်ဝိညာဉ်စုပ်ယူခြင်း ကုလားထိုင်ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ပါသည်။ ထို့နောက် သူက ပြုံးရွှင်စွာဖြင့် လူအုပ်ကြီးနောက်ကို လိုက်သွားပါသည်။

သူတို့ခြောက်ယောက်သည် တစ်ဖန် ခရီးဆက်ကြပြီး သက်တန့်တံတား၏ နက်ရှိုင်းရာ အရပ်ဆီသို့ ဦးတည်သွားကြသည်။

ဤသက်တန့်တံတားကို အထူးတလည် တည်ဆောက်ထားသည်မှာ ထင်ရှားပါသည်။ ဤသက်တန့်တံတား ဖြတ်လမ်းသာမရှိခဲ့လျှင်၊ သင်သည် ကောင်းကင်ယံ တိမ်တိုက်ထဲ သို့ ပျံသန်းသွားလျှင်ပင် တတိယထပ်ကို ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် ဤ သက်တန့်တံတားသည် တတိယထပ်သို့ ဝင်ရောက်ရန် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ပါသည်။

ဘန်း…!

အမွှေးတိုင်တစ်တိုင် ထွန်းချိန်စာလောက် လမ်းလျှောက်ပြီးနောက် ချင်ယွင်နှင့် အခြားလူများသည် နောက်ဆုံးတွင် သက်တန့်တံတား၏ အဆုံးသို့ ရောက်ရှိလာခဲ့ပါ သည်။ သူတို့သည် ကျက်သရေမင်္ဂလာရှိသော တိမ်တိုက်များကို ဖြတ်ကျော်သွားစဉ်မှာ ၎င်းတို့ဖန်တီးထားသော နည်းလမ်းများသည် ကမ္ဘာတစ်ခုမှ အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားသည်ဟုပင် ချက်ချင်း ခံစားလိုက်ရသည်။

သို့သော် သူတို့မြင်လိုက်ရသည့် မြင်ကွင်းက သူတို့၏ မျက်လုံးများကို ဖမ်းစားသွားခဲ့ပြီး သူတို့ကို အံ့အားသင့်စေခဲ့သည်။

ဤအခိုက်အတန့်တွင် သူတို့သည် အင်မော်တယ်နန်းတော်ထဲတွင် ရှိနေသကဲ့သို့ပင်၊ ခမ်းနားထည်ဝါသော ဘုံဗိမာန်များသည် တိမ်တိုက်များ အထက်တွင် လွင့်မျောနေ သည်။ ၎င်းတို့သည် ရွှေရောင်များနှင့် ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။

အဆောက်အအုံများတွင် ထွင်းထုထားသည့် မှော်သင်္ကေတပုံစံများ၊ သင်္ကေတပုံစံ အမျိုးမျိုးနှင့် စပ်လျဉ်း၍မူ၊ ၎င်းတို့အားလုံးသည် အသက်ဝင်နေသည်ဟုသာ ဖော်ပြနိုင် ပါသည်။ ဘုံဗိမာန်များသည် ၎င်းတို့၏ အင်မော်တယ် စွမ်းအင်များ ဆုံးရှုံးသွားခြင်း မရှိဘဲ ခမ်းနားကြီးကျယ်နားပြီး မြင့်မြတ်သော ခံစားချက်ကို ပေးစွမ်းနေကာ၊ လူတိုင်းအား အင်မော်တယ်နန်းတော်သို့ ဝင်ရောက်လာသည့် ခံစားချက်မျိုးကို ပေးစွမ်း နေပါသည်။

ချင်ယွင်သည် သူ၏ရှေ့မှမြင်ကွင်းကို ကြည့်လိုက်ရင်း သူ၏အမူအရာက မထိန်းနိုင်ဘဲ မည်းမှောင်သွားပါသည်။

ဤအင်မော်တယ်နန်းတော်၏ မြင်ကွင်းသည် သူနေထိုင်ခဲ့ဖူးသည့် တော်ဝင်ချင် မင်းဆက်၏ အင်မော်တယ်နန်းတော်နှင့် အလွန်ဆင်တူသည်။ သို့သော်၊ သူနေထိုင် သည့် အင်မော်တယ်နန်းတော်တွင်မူ အင်မော်တယ် လက်နက်များကို ကိုင်ဆောင်ကာ စောင့်ကြပ်နေသော ရွှေသံချပ်ကာဝတ် အစောင့်အကြပ်များစွာ ရှိနေပါ သည်။

"ဒါက အင်မော်တယ်နန်းတော်ရဲ့ တတိယထပ်ပဲ။ နောက်ဆုံးတော့ အန္တရာယ်ရှိတဲ့ ကမ္ဘာလေးတစ်ခု မဟုတ်တော့ဘူး" ချင်းဝူယန်က စိတ်သက်သာရာရဟန်ဖြင့် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ပါသည်။ သူသည် ပတ်ဝန်းကျင်ရှိ အင်မော်တယ် နန်းတော်ကို လှည့်ပတ်ကြည့်ရင်း သူ၏မျက်နှာပေါ်တွင် အပြုံးဖြင့် ပြောလိုက်ခြင်း ဖြစ်ပါသည်။

"ဒီနေရာက ပိုလို့တောင် အန္တရာယ်များမှာ ကြောက်ရတယ်" ဟန်ဖန်းက မျက်မှောင် ကြုတ်ကာ ပြောလိုက်သည်။

ချင်းဝူယန်သည် ထိုစကားကို ကြားသောအခါ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း အေးခဲသွားသည်။

ထို့နောက် လူတိုင်းသည် သက်တန့်တံတားမှ အင်မော်တယ်နန်းတော်၏ လှေကား ခြေရင်းပေါ်သို့ တက်ကြသည်။ သူတို့ရှေ့မှာ ပထမဆုံးပေါ်လာသည့်အရာက ကြီးမားသည့် အင်မော်တယ် တံခါးကြီးဖြစ်သည်။

အင်မော်တယ်တံခါးကြီးသည် ပြင်းထန်သော အင်မော်တယ် စွမ်းအားကို ထုတ်လွှတ်နေ သည်။ အင်မော်တယ်တံခါးကြီး တစ်ခုလုံးကို အင်မော်တယ်ကမ္ဘာရှိ သာမာန် အဆောက်အအုံများတွင် အသုံးပြုလေ့ရှိသည့် အဖြူရောင်ကျောက်စိမ်း အင်မော်တယ် အေးစိမ့်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည်။ ၎င်းကိုယ်ထည်တစ်ခုလုံး နှင်းတွေလို ဖြူဖွေးနေပြီး အရမ်းကို ချောမွတ်နေသည်။ ထိတွေ့လိုက်စဉ်မှာ အေးစိမ့်နေသလို ခံစားရသည်။

သို့သော် လူတိုင်း၏အာရုံကို စွဲဆောင်သွားသည့်အရာက အင်မော်တယ် တံခါးကြီး၏ ထိပ်ပိုင်းပေါ်တွင် ထွင်းထုထားသော ကြီးမားသော ရွှေရောင်အက္ခရာကြီး သုံးလုံး ဖြစ်ပါသည်။

"ရှင်ခြင်းသေခြင်းတံခါးလား?" ချင်ယွင်က ရေရွတ်လိုက်ပြီး သူ၏ရင်ထဲတွင် ဆိုးဝါးသည့် ခံစားချက်တွေက တဟုန်ထိုး ပျံ့နှံ့လာသည်။

"ရှင်ခြင်းသေခြင်းတံခါး" ဟူသော စကားလုံးများကို သူတို့ ပါးစပ်ထဲတွင် ရေရွတ်လိုက်သည်နှင့် သတ်ဖြတ်လိုသည့်ဆန္ဒ ရှိလာနေပုံရပြီး လူများကို သူတို့၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု ခံစားရစေသည်။

ကျန်သည့်လူငါးယောက်လည်း ထိုစကားလုံး သုံးလုံးကို ကြည့်လိုက်ကြသည်။ ဤစကားလုံးသုံးလုံးသည် ထူးထူးခြားခြားဖြစ်သည်ကို သူတို့လည်း သဘောပေါက် မည်မှာ သေချာပါသည်။

"ဒီစကားလုံးသုံးလုံးမှာ ပြင်းထန်တဲ့ သတ်ဖြတ်လိုစိတ်တွေ ပါ၀င်နေတယ်။ ဒီစကားလုံး သုံးလုံးကို ရေးတဲ့သူဟာ မရေမတွက်နိုင်တဲ့ သွေးတွေ စွန်းထင်းနေတဲ့သူ ဖြစ်ရမယ်။ မဟုတ်ရင် အခုလိုသတ်ဖြတ်လိုတဲ့ဆန္ဒပါတဲ့ စကားလုံးမျိုးကို ရေးသားဖို့ဆိုတာ မဖြစ်နိုင်ဘူး။" နှင်းအမျိုးသမီးက လေးနက်စွာ ပြောလိုက်ပါသည်။

ထိုစကားကို ကြားလိုက်ရလျှင် လူတိုင်းသည် မျက်မှောင်ကြုတ်သွားသည်။

"ဟား…၊ ဟား…..၊ မင်းက တကယ်ကို နှင်းအမျိုးသမီးလို့ ခေါ်ဖို့ထိုက်တန်ပါတယ်။ မင်းရဲ့မျက်လုံးတွေကနေ ဘယ်အရာမှ မလွတ်မြောက်နိုင်ဘူးပဲ။ မှန်ပါတယ်၊ ဒီစကားလုံးသုံးလုံးကို ရေးတဲ့သူဟာ မရေမတွက်နိုင်တဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ"

ထိုအချိန်တွင် လူတိုင်း၏နားထဲသို့ ကျယ်လောင်သော ရယ်မောသံတစ်ခုက ဝင်ရောက် လာပါသည်။

အင်မော်တယ်တံခါး၏ ရှေ့ဆီသို့ စူးစူးစိုက်စိုက် ကြည့်လိုက်ကြရင်း လူတိုင်း၏ မျက်နှာတွေပေါ်မှာ ချက်ခြင်းပင် သတိထားမှု အရိပ်အယောင် ပြသလာကြသည်။

သွေးနီရောင်၀တ်စုံကို ဝတ်ထားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လက်နှစ်ဖက် နောက်ပစ်ကာ လမ်းလျှောက်လာနေသည်။

သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပြင်းထန်သော သတ်ဖြတ်ခြင်း အငွေ့အသက်က ထွတ်ပေါ်နေပြီ ပြင်းထန်သော ဖိနှိပ်မူခံစားချက်ကို ပေးစွမ်းနေသည်။

"ဒီလူက သေချာပေါက် ကျွမ်းကျင်သူ တစ်ယောက်ပဲ။" ချင်ယွင်သည် အသက်လတ်ပိုင်း ရွယ် အမျိုးသား၏ ကျင့်ကြံမှုအဆင့်ကို မမြင်နိုင်သောကြောင့် သူ၏စိတ်ထဲတွင် ချက်ချင်းပင် ကောက်ချက်ချလိုက်ပါသည်။

ချင်းဝူယန်၊ ဟန်ဖန်း နှင့် လင်းယွန်ယန်တို့သည် အသက်လတ်ပိုင်းအရွယ် အမျိုးသားကို အလွန်သတိထားသည့် အမူအရာဖြင့် ကြည့်နေကြသည်။ သူတို့၏ မျက်ခုံးများသည် နက်နက်နဲနဲ တွန့်နေကြပြီး အလွန်ကြောက်လန့်နေကြသည်မှာ ထင်ရှားပါသည်။

မတုန်မလှုပ် တိတ်ဆိတ်ငြိမ်သက်နေသော နှင်းအမျိုးသမီးသည်ပင် သတိထားဟန်ဖြင့် သူမ၏ရိုးရိုးလက်ကို သူမ၏ရင်ဘတ်ရှေ့တွင် ကာထားဟန်ရှိနေသည်။

"ဟား…၊ ဟား….၊ မကြောက်ပါနဲ့၊ မကြောက်ပါနဲ့။ ငါက မင်းတို့ကို သတ်ဖို့ ဒီကို ရောက်နေတာ မဟုတ်ပါဘူး။ ပြီးတော့ မင်းတို့က ငါ့ပြိုင်ဘက်လည်း မဟုတ်ဘူးလေ။ ဆိုတော့ ငါက မင်းတို့ကို လမ်းညွှန်ပြရုံ သက်သက်ပါပဲ။ မင်းတို့တွေ ရင်ဆိုင်ရမယ့် အန္တရာယ်တွေက ရှင်ခြင်းသေခြင်းတံခါး နောက်ကွယ်မှာ ရှိနေတယ်။" သွေးနီရောင်ဝတ် အသက်လတ်ပိုင်းအရွယ် အမျိုးသားက လူအုပ်ကြီး၏အမူအရာတွေ ကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် ရယ်မောလိုက်သည်။

သူ၏အသံက အထိန်းအကွပ်မဲ့ပြီး လွှမ်းမိုးနိုင်စွမ်း ရှိလွန်းသည်။

All Chapters