အခန်း ၆၅၉
Vol. 44 Ch. 659
အခန်း (၆၅၉) ရှင်ခြင်းသေခြင်းစမ်းသပ်မှု။
"တကယ့်အန္တရာယ်က ဒီရှင်ခြင်းသေခြင်းတံခါး နောက်ကွယ်မှာ ရှိနေတာလား?။ ဘယ်လို အန္တရာယ်မျိုးတွေလဲ?" သွေးနီးရောင်ဝတ်အမျိုးသား၏ စကားကိုကြားပြီး နောက် လူတိုင်းသည် အံ့ဩသွားသည့် အမူအရာများ ပေါ်လာကြပါသည်။
သွေးနီးရောင်ဝတ်အမျိုးသားသည် လူတိုင်း၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော စိတ်ရှုပ်ထွေးနေသည့် အမူအရာများကို မြင်နိုင်ပါသည်။ သူက ပြုံးပြီး ဆက်ပြောသည် “မင်းတို့က ဒီအကွာဝေးထိတောင် ရောက်လာခဲ့ပြီ။ ဒီနေရာက ဘာလဲဆိုတာ မင်းတို့ သိပြီးသားလို့ ငါယုံကြည်တယ်။ ငါ့ရဲ့သခင်က ဒီနေရာမှာ အင်မော်တယ်နန်းတော်ကို ချန်ထားခဲ့ကတည်းက သူ့မှာလည်း သဘာဝအတိုင်း သူ့ကိုယ်ပိုင် ရည်မှန်းချက် ပန်းတိုင်တွေ ရှိနေခဲ့တယ်။ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုရင် ဒါက အရမ်းကို ရိုးရှင်းပါတယ်။ သင့်တော်တဲ့ အမွေဆက်ခံသူကို ရှာဖွေချင်လို့ပဲ။ ဒါကြောင့်လည်း အင်မော်တယ်နန်းတော်ကိုးထပ်စလုံးမှာ စမ်းသပ်မူကိုးခု ရှိနေတာဖြစ်တယ်။ ဒီရှင်ခြင်း သေခြင်းတံခါးကတော့ တတိယထပ်ရဲ့စမ်းသပ်မှုလည်း ဖြစ်တယ်။ ဒီစမ်းသပ်မူကို ရှင်ခြင်းသေခြင်းစမ်းသပ်မှုလို့လည်း သိကြတယ်"။
"ရှင်ခြင်းသေခြင်းစမ်းသပ်မှုလား?" လူတိုင်း မျက်မှောင်ကြုတ်သွားကြသည်။
အမွေဆက်ခံသူကို ရှာဖွေရန်အတွက် ဤစံအိမ်ကြီးကို တည်ဆောက်ထားသော အင်မော်တယ်ဘုရင်၏ ရည်ရွယ်ချက်ကို သူတို့သည် မှန်းဆထားပြီး ဖြစ်ပါသည်။ အင်မော်တယ်နန်းတော်ကိုးခုတွင် စမ်းသပ်မှု အမျိုးမျိုးရှိမည်ဟု သူတို့သည် မျှော်လင့် ထားပြီး ဖြစ်ခဲ့ကြသော်လည်း ဤရှင်ခြင်းသေခြင်းစမ်းသပ်မှုက သူတို့အား ပြင်းထန်သော ဖိအားများခံစားရစေသည်။
ဤရှင်ခြင်းသေခြင်းစမ်းသပ်မူမှာ ပါဝင်နေသည့် ရှင်ခြင်းသေခြင်းဟူသော စကားလုံး များ၏ ဆိုလိုရင်းအဓိပ္ပာယ်ကိုက သူတို့သည် ရှင်ခြင်းသေခြင်း အန္တရာယ်များနှင့် ရင်ဆိုင်ရချေ များပါသည်။
“တကယ်တော့ ရှင်ခြင်းသေခြင်းစမ်းသပ်မှုက အလွန် ရိုးရှင်းပါတယ်။ မင်းတို့ဟာ ရှင်ခြင်းသေခြင်းတံခါးကို ဖြတ်ကျော်ဝင်ရောက်သွားတာနဲ့ ဒီနန်းတော်အတွင်း မင်းတို့ နောက်မှာရှိတဲ့ အင်မော်တယ်နန်းတော်တစ်ခုဆီကို ပို့ဆောင်ပေးလိမ့်မယ်။ နန်းတော် တစ်ခုစီမှာ မတူညီတဲ့ စမ်းသပ်မှုများကို ရင်ဆိုင်ရလိမ့်မည်။ မင်းတို့ လုပ်ရမှာက အဲဒီနန်းတော်အတွင်းက စမ်းသပ်မူပွဲတွေကို အောင်မြင်အောင်လုပ်ဖို့ပဲ။ မင်းတို့ဟာ နန်းတော်အတွင်းက စမ်းသပ်မူတွေ အောင်မြင်ပြီးတာနဲ့ အဲဒီနန်းတော်ထဲက အမွေတွေ ကို မင်းတို့ ဆက်ခံနိုင်ကြလိမ့်မယ်" သွေးနီးရောင်ဝတ်အမျိုးသားက ပြောသည်။
"အမွေလား?" ချင်းဝူယန်၊ ဟန်ဖန်း နှင့် အခြားလူများသည် အမွေဆက်ခံဟူသည့် စကားကို ကြားလိုက်ရသည့်အခါ သူတို့၏ မျက်လုံးထဲတွင် ပြင်းထန်သော အလင်းရောင်က ချက်ချင်း ပေါက်ကွဲထွက်လာကြသည်။
“ဒါဆို အင်မော်တယ်နန်းတော်အများကြီးထဲမှာ အမွေဆက်ခံမှုတွေကလည်း အများ ကြီး ရှိနေတာလား?” ချင်းဝူယန်က မေးသည်။
"မှန်တယ်၊ ဒီမှာ အင်မော်တယ်နန်းတော်ပေါင်း ၃၆၀ ရှိတယ်။ နန်းတော်တစ်ခုချင်းစီမှာ အဲဒီလို အမွေတွေရှိကြတယ်။ အဲဒီအမွေတွေကလည်း အစွမ်းထက်တာရှိတာ ရှိသလို၊ အားနည်းတာလည်း ရှိတယ်။ ပြီးတော့ အဲဒီအမွေတွေကိုလည်း A, B, C, ဆိုပြီး အဆင့်သုံးမျိုး ခွဲထားတယ်။" ပထမအဆင့်က အသန်မာဆုံး၊ ဒုတိယအဆင့်က အလယ်လတ်ဖြစ်ပြီး တတိယအဆင့်ကတော့ အနိမ့်ဆုံးပဲ။ မင်းတို့ကို တတိယအဆင့် နန်းတော်ဆီ အရင်ဆုံး တယ်လီပို့စနစ်နဲ့ ပို့ဆောင်ပေးလိမ့်မယ်။ တတိယအဆင့် အင်မော်တယ်နန်းတော်ကို ဖြတ်ကျော်ပြီးမှသာ မင်းတို့ကို နောက်တစ်ဆင့်ဖြစ်တဲ့ နန်းတော်ဆီကို တယ်လီပို့ လုပ်ဆောင်ပေးလိမ့်မယ်။ သေချာတာက၊ မင်းတို့ဟာ လမ်းတစ်ဝက်မှာ လက်လျှော့ပြီး စတုတ္ထထပ်ကိုဝင်ဖို့လည်း ရွေးချယ်နိုင်တယ်” သွေးနီးရောင်ဝတ် အမျိုးသားက ဆိုသည်။
လူအားလုံးသည် ရုတ်တရက် ခေါင်းညိတ်လိုက်ကြသည်။ တစ်နည်းအားဖြင့်ဆိုရသော် သူတို့တစ်ဦးစီသည် မတူညီသော အဆင့်သုံးခန်းမ တစ်ခုပြီးတစ်ခု ဝင်ရောက်သွားရ မည်ဖြစ်သည်။ စမ်းသပ်မူအောင်မြင်သည်နှင့် သူတို့သည် ခန်းမအတွင်းရှိ အမွေကို ဆက်ခံနိုင်မည် ဖြစ်သည်။
“ဒါပေမယ့် စမ်းသပ်မူစတင်တာနဲ့ ရပ်တန့်လို့ မရနိုင်တော့ဘူးဆိုတာကို သတိပေးလို တယ်။ မင်းတို့ စမ်းသပ်မူကို ဖြတ်ကျော်တာနဲ့ မင်းတို့ဟာ သေခြင်းစမ်းသပ်မှုကို မပြီးဆုံးမချင်း အဆုံးသတ်မှာ မဟုတ်ဘူး။ ဒါ့အပြင်၊ အဆင့်တစ်ဆင့် ရှေ့တိုးလာတာနဲ့ စမ်းသပ်မူရဲ့ အခက်အခဲကလည်း နှစ်ဆတိုးလာလိမ့်မယ်။ မင်းတို့ သတိမထားရင် အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။ ဒါကြောင့် စမ်းသပ်မူကို လက်မခံခင် ရှင်းရှင်းလင်းလင်း စဉ်းစားထားတာ အကောင်းဆုံးပဲ” သွေးနီးရောင်ဝတ်အမျိုးသား ပြောသည်။
"စီနီယာ၊ အင်မော်တယ်နန်းတော်မှ လူဘယ်နှစ်ယောက်က A,အဆင့် စမ်းသပ်မူကို အောင်မြင်ခဲ့ဖူးလဲ?" ချင်ယွင်က မေးလိုက်ပါသည်။
ချင်ယွင်၏ စကားကို ကြားသောအခါ သွေးနီးရောင်ဝတ်အမျိုးသားက ပါးစပ်ထောင့်စွန်း တွင် အပြုံးနှင့်အတူ ပြောပြလိုက်သည်။ "အင်မော်တယ်နန်းတော်ကြီး ချန်ထားပြီး ကတည်းက ဒီနှစ်ငါးထောင်အတွင်းမှာ၊ အင်မော်တယ်နန်းတော်ရဲ့ တတိယထပ်အထိ ရောက်ရှိလာတဲ့ လူအုပ်စုသုံးစုရှိခဲ့ဖူးပြီး စုစုပေါင်း လူအယောက်နှစ်ဆယ်ရှိကာ အယောက်နှစ်ဆယ်လုံးလည်း စမ်းသပ်မှုတွေမှဦ ပါဝင်ခဲ့ကြတယ်။ C, အဆင့်ကို အောင်မြင်သူက ရှစ်ယောက်ရှိခဲ့ပြီး၊ အဲဒီအထဲက နှစ်ယောက်ကတော့ B, အဆင့်ကို အောင်မြင်ခဲ့တယ်။ A ,အဆင့်ကတော့ အောင်မြင်သူ မရှိခဲ့ဖူးဘူး။ နောက်ဆုံးမှာတော့ လူတစ်ယောက်သာ ရှင်သန်လွတ်မြောက်ပြီး စတုတ္ထထပ်ကို သွားနိုင်ခဲ့တယ်။ အဲဒီလူက လည်း A,အဆင့် စမ်းသပ်မူကို ဆက်လက်ဖြေဆိုဖို့ လက်လျော့ခဲ့တဲ့အတွက် ရှင်သန်နိုင် ခဲ့တာ ဖြစ်တယ် "။
"ဘာ….?" သွေးနီးရောင်ဝတ်အမျိုးသား ပြောလိုက်သည့်စကားကို သူတို့အုပ်စု ကြားလိုက်ရသည့်အခါ သူတို့၏ မျက်နှာများသည် ဖော်ပြ၍မရအောင်ပင် ထိတ်လန့် တုန်လှုပ်သွားသည့် အမူအရာများ ချက်ချင်း ပေါ်လာပါသည်။
ဤစမ်းသပ်မှုတွင် လူနှစ်ဆယ်ပါဝင်ခဲ့ပြီး စတုတ္ထထပ်သို့ ဝင်ရောက်ရန် လူတစ်ဦးသာ အသက်ရှင် ကျန်ရစ်ခဲ့သည်။ ဤသည်က အလွန်ကြောက်စရာ ကောင်းလွန်းပါသည်။
သူတို့သည် အင်မော်တယ်နန်းတော်သို့ဝင်ရောက်ပြီး တတိယအဆင့်သို့ ရောက်နိုင်လျှင် သူတို့၏စွမ်းအားသည် မြေကမ္ဘာအင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေရမည်ဟု သူတို့ သိထားပါသည်။ ဤလူများသည် သေမျိုးကမ္ဘာတွင် ထိပ်တန်းအဆင့် တည်ရှိနေသူများ ဖြစ်နေမည်မှာ သံသယရှိစရာပင် မလိုပါချေ။
သို့သော် C,အဆင့်ကို အောင်မြင်ပြီးသူ ရှစ်ဦးသာရှိသေးပြီး C, အဆင့်သည်ပင် အလွန့်လွန် အန္တရာယ်များသည်ဟု ဆိုနိုင်ပါသည်။
B,အဆင့်ကို ဖြတ်ကျော်နိုင်သူ နှစ်ဦးသာရှိဖူးပြီး A,အဆင့်ဆိုလျှင် ဖြတ်ကျော်နိုင်သူ တစ်ဦးမှ မရှိခဲ့ပေ။ A,အဆင့် စမ်းသပ်မူကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့သော ထိုလူသည် သူ၏ ဉာဏ်ပညာရှိမူကြောင့်သာ၊ ထိုသို့မဟုတ်ပါက လူအယောက်နှစ်ဆယ်တွင် တစ်ဦးတစ်ယောက်မျှ အသက်ရှင်လွတ်မြောက်မည် မဟုတ်ပေ။
၎င်းကို ရှင်ခြင်းသေခြင်းစမ်းသပ်မှုဟု ခေါ်ဆိုသည်မှာ မထူးဆန်းတော့ပေ။ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမူနှုန်းသည် လက်တွေ့အားဖြင့် အနီးကပ်ဆုံး အချက်ပေးသံ ဖြစ်ပါသည်။
ချင်းဝူယန် နှင့် ဟန်ဖန်းတို့ နှစ်ယောက်စလုံးသည် မျက်မှောင်ကြုတ်သွားကြပါသည်။ သွေးနီးရောင်ဝတ်အမျိုးသားပြောခဲ့သည့် အချက်အလက်တွေကြောင့် သူတို့သည် ထိတ်လန့်သွားကြသည်မှာ ထင်ရှားပါသည်။
ချင်ယွင်လည်း မျက်မှောင်ကြုတ်ကာ သူ၏စိတ်နှလုံးထဲမှာ အဆုံးမဲ့ ဟစ်ကြွေးနေမိပါ သည်။
ဤအင်မော်တယ်ဘုရင်သည် မည်ကဲ့သို့ ဆက်ခံသူမျိုးကို ရွေးချယ်ချင်နေသနည်း?။ တတိယထပ်မှာပင် လုံးဝနီးပါး ရှင်းလင်းသုတ်သင်ပစ်ခြင်း ခံသွားရနိုင်သည်။ နောက်ခြောက်ထပ်ဆိုလျှင် ပို၍ပင် ခက်ခဲမနေဘူးလား?။
'"ကောင်းပြီလေ၊ မင်းတို့ကို ငါပြောစရာရှိတာ ပြောပြီးပြီ။ မင်းတို့ စမ်းသပ်မူတွေကို အောင်မြင်ပြီး စတုတ္ထထပ်ကို ဝင်နိုင်မလားဆိုတာကတော့ မင်းတို့ရဲ့ကံကြမ္မာနဲ့ ရွေးချယ်မှုတွေပေါ်မှာပဲ မူတည်တော့တယ်။ ဒါပေမယ့် တစ်ခါတလေမှာ မင်းတို့မှာ ခွန်အားမရှိဘူးဆိုရင် သိပ်ပြီးအတင့်မရဲဖို့ ငါ သတိပေးချင်တယ်။ ဒီလိုမှမဟုတ်ရင်၊ မင်းတို့လိုချင်တာကို မရနိုင်တဲ့အပြင်၊ မင်းတို့အသက်တွေပါ ဆုံးရှုံးသွားနိုင်တယ်။” သွေးနီးရောင်ဝတ်အမျိုးသားက တဟားဟားရယ်မောရင်း ပြောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် သူသည် ခေါင်းပင်လှည့်မကြည့်ဘဲ ရှင်ခြင်းသေခြင်းတံခါး နောက်သို့ ပြန်သွားပါတော့သည်။ သူ၏ရုပ်အသွင်သည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
လူတိုင်းသည် သွေးနီးရောင်ဝတ်အမျိုးသား ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး သူတို့၏မျက်နှာတွေသည် လုံးဝကို တည်ကြည်သွားကြသည်။ သူတို့အားလုံးသည် ရှင်ခြင်းသေခြင်းတံခါးကို ကြည့်ရန်အတွက် ခေါင်းမော့လိုက်ကြသည်။
သူတို့သည် ထိုတံခါးပေါက်ထဲသို့ ဝင်လိုက်သည်နှင့် သူတို့ကို ၃၆၀ သော အင်မော်တယ်နန်းတော်တွေဆီသို့ တယ်လီပို့စနစ်ဖြင့် ပို့ပေးပါလိမ့်မည်။
ဝှီး…..!
အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ၊ နှင်းအမျိုးသမီး၏ ရုပ်အသွင်သည် ရှင်ခြင်းသေခြင်း တံခါးဆီသို့ ပျံသန်းသွားပါသည်။
ဘန်း…..!
လေဟာနယ် လှိုင်းလုံးများ ထွက်ပေါ်လာပြီးနောက် နှင်းအမျိုးသမီး၏ ရုပ်သွင်သည် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။ ထင်ရှားသည်မှာ သူမသည် အဝေးသို့ ပို့ဆောင်ခြင်း ခံလိုက်ရပါပြီ။
"ဟမ့်၊ ဒီရှင်ခြင်းသေခြင်းစမ်းသပ်မှုတွေက ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ ကြည့်ချင်မိတယ်" ဟန်ဖန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ရုပ်အသွင်လည်း ပြေးထွက်သွားကာ ရှင်ခြင်းသေခြင်းတံခါးထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
"သွားရအောင်၊ ငါတို့လည်း သွားရအောင်!" ချင်းဝူယန်က လင်းယွန်ယန်ကို ပြောသည်။
လင်းယွန်ယန်က ခေါင်းညိတ်ပြပြီးနောက် သူမနှင့် ချင်းဝူယန်တို့သည် ရှင်ခြင်းသေခြင်း တံခါးဆီသို့ ပြေးသွားကြသည်။
တခဏအတွင်းမှာပင်၊ စင်မြင့်ပေါ်မှာ ချင်ယွင်နှင့် ယောင်လင်ကွန်းတို့သာ ကျန်ရှိတော့ သည်။
"သခင်လေး၊ အတူတူသွားရအောင်" ယောင်လင်းခေါင်က ပြောသည်။
"လင်းခေါင်၊ တကယ်လို့ မင်းအနေနဲ့ စမ်းသပ်မူတွေကို မဖြတ်ကျော်နိုင်ဘူးဆိုရင်၊ မင်းကိုယ်မင်း အတင်းအကြပ် မလုပ်မိဖို့ မှတ်ထားပါ။ အဲဒီ C- အဆင့် စမ်းသပ်မူတွေက တောင် မင်းအတွက် အရမ်းပြင်းထန်နေတယ်ဆိုရင် B- အဆင့် စမ်းသပ်မူတွေကို တိုက်ရိုက် စွန့်လွှတ်လိုက်ပါ။" ချင်ယွင်က ကြင်နာစွာ သတိပေးလိုက်သည်။
"အမ်၊ သခင်လေး၊ စိတ်မပူပါနဲ့။ လင်းခေါင်က ဘယ်အချိန် ရှေ့တိုးပြီး၊ ဘယ်အချိန် နောက်ဆုတ်ရမယ်ဆိုတာ သိပါတယ်။" ယောင်လင်းခေါင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
လမ်းတစ်လျှောက်တွင် ဤအင်မော်တယ်နန်းတော်သည် မည်မျှအန္တရာယ်ကြီးသည်ကို သူ တွေ့မြင်ခဲ့ပြီး ဖြစ်ပါသည်။ အကယ်၍ ချင်ယွင်ရှိနေခြင်းကြောင့်၊ ထိုသို့မဟုတ်လျှင်၊ သူသည် ဒုတိယထပ်မှာပင် သေဆုံးသွားလိမ့်မည်။ ထို့ကြောင့် ချင်ယွင်သည် ထိုစကားကို သူ့အကျိုးအတွက် ပြောနေခြင်းဖြစ်ကြောင်း သူ သဘာဝကျကျ သိပါသည်။
ယောင်လင်းခေါင်က သူ၏စကားကို အမှန်တကယ် နားထောင်နေသည်ကို မြင်လိုက်ရလျှင်၊ ချင်ယွင်သည် တခြားမည်သည့်စကားမှ မပြောတော့ဘဲ ယောင်လင်းခေါင်ကို ဦးဆောင်ကာ ရှင်ခြင်းသေခြင်းတံခါးဆီကို တိုက်ရိုက် ခေါ်သွားပါ သည်။
သူသည် ရှင်ခြင်းသေခြင်းတံခါးသို့ ချဉ်းကပ်လာသည်နှင့် တပြိုင်နက်၊ ချင်ယွင်သည် ရေမျက်နှာပြင်ထဲသို့ ဝင်သွားသလို ခံစားလိုက်ရသည်။
သူ၏ရှေ့ရှိ မြင်ကွင်းက လုံးဝ ပြောင်းလဲသွားပါသည်။ ချင်ယွင်၏ရှေ့မှာ မနိုင်းယှဉ်နိုင် အောင် ကျယ်ဝန်းသော ခန်းမတစ်ခု ပေါ်လာပါသည်။ သူ၏နောက်မှ လိုက်ပါလာသော ယောင်လင်းခေါင် တစ်ယောက်ကတော့ ပျောက်သွားပါပြီ။ သူသည်လည်း မတူညီသော ခန်းမများသို့ ပို့ဆောင်ခြင်းခံရသည်မှာ ထင်ရှားပါသည်။
ခန်းမအလယ်တွင် ချင်ယွင်ကို ပြုံးပြုံးကြီး ကြည့်နေသော လူတစ်ယောက် ရပ်နေပါသည်။
ချင်ယွင်သည် ထိုလူ၏မျက်နှာကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားသည့် အမူအရာကို ချက်ချင်းပင် ထုတ်ဖော်လိုက်မိသည်၊ အကြောင်းမှာ ဤလူသည် ယခုလေးတင်မှ သူတို့တွေ့ဆုံခဲ့သည့် သွေးနီးရောင်ဝတ်အမျိုးသားမှ လွဲ၍ အခြားလူ မဟုတ်သောကြောင့် ဖြစ်ပါသည်။