← Chapters

အခန်း ၆၆၀

Vol. 44 Ch. 660

အခန်း ၆၆၀

Vol. 44 Ch. 660

အခန်း (၆၆၀) သွေးနီရောင်ဝတ် အမျိုးသားကို တိုက်ခိုက်ခြင်း။

"ဘာလဲ အံ့သြသွားပြီလား?" သွေးနီရောင်ဝတ် အမျိုးသားသည် ချင်ယွင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့် အမူအရာကို မြင်လိုက်ရလျှင် သူသည် ကျီစားလိုဟန် အပြုံးကို ထုတ်ဖော်လိုက်သည်။

ချင်ယွင်က ရိုးသားစွာဖြင့် ခေါင်းညိတ်ပြီး ပြောလိုက်သည် "စီနီယာကို ဒီနေရာမှာ ထွက်ပေါ်လာမယ်လို့ ကျွန်တော် တကယ်ကို မျှော်လင့်မထားဘူး။ ဖြစ်နိုင်တာက၊ စီနီယာ စမ်းသပ်မူရဲ့ ပထမအကျော့မှာ ကျွန်တော့်ပြိုင်ဘက်များ ဖြစ်နေမလား?"

"မှန်တာပေါ့။ ငါက မင်းရဲ့ ပြိုင်ဘက်ပဲ" သွေးနီရောင်ဝတ် အမျိုးသားက ပြုံးပြုံးလေး ပြောလိုက်သည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်းပင် တုနှိုင်းမရအောင် လေးနက်လာသည်။ ချင်ယွင်သည် ဤသွေးနီရောင်ဝတ် အမျိုးသားသည် မည်မျှ အစွမ်းထက်သည်ကိုပင် မမြင်နိုင်ခဲံပေ။ သို့သော်လည်း ဤလူ၏စွမ်းအားသည် အနည်းဆုံး နက်နဲသိမ်မွေ့ အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ချင်ယွင် သေချာသည်။ ထိုသို့သော ကျွမ်းကျင်သူသည် သူ၏ပြိုင်ဘက်အဖြစ် ကျော်ဖြတ်ရန်မှာ သူ့အနေဖြင့် လုံးဝ မဖြစ်နိုင်ပေ။

"စိတ်မပူပါနဲ့။ မင်းရှေ့မှာ ရပ်နေတဲ့လူက ငါ့ခန္ဓာကိုယ် အစစ်အမှန် မဟုတ်ဘူး" သွေးနီရောင်ဝတ် အမျိုးသားက အပြုံးနှင့်အတူ ပြောလိုက်သည်။

"အယ်!" ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသည်။ သူသည် သွေးနီရောင်ဝတ် အမျိုးသားကို ကြည့်လိုက်ရာ ဤသွေးနီရောင်ဝတ် အမျိုးသားသည် ယခုလေးတင် သူတွေ့ခဲ့ရသည့်လူထက် များစွာ အားနည်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏စွမ်းအားသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသင့်သည်။

ယင်းကြောင့် ချင်ယွင်သည် စိတ်သက်သာရာရပြီး သက်ပြင်းချနိုင်ခဲ့သည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ဆိုလျှင် သူသည် တိုက်ခိုက်ရန် ဖြစ်နိုင်ပါ သေးသည်။ ဟုတ်ပါသည်၊ ဤသွေးနီရောင်ဝတ် အမျိုးသားသည် သာမန် လူတစ်ယောက် မဟုတ်သည်မှာ သေချာပါသည်။ သူသည် အစစ်အမှန် အင်မော်တယ် နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း၊ သူ၏စွမ်းအားသည် သူ ထင်ထားသလို ရိုးရှင်းမည်မဟုတ်ပေ။

"အစကတော့ ဒီစမ်းသပ်မှုမှာ မင်းရဲ့ပြိုင်ဘက်က အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်မှာရှိနေတဲ့ ရုပ်သေးရုပ်တစ်ရုပ်ပဲကွ။ ဒါပေမဲ့ အပေါင်းအဖော်ဟောင်း တစ်ယောက်က မင်းအကြောင်းပြောပြီး မင်းကို အရမ်းချီးကျူးခဲ့တယ်။ ဒါကြောင့် မင်းက သူ့ရဲ့ချီးကျူးမူကို ခံယူထိုက်ခြင်းရှိမရှိ ငါက ကိုယ်တိုင်ကိုယ်ကျ မြင်ချင်မိခဲ့တယ် ။" သွေးနီရောင်ဝတ်အမျိုးသားက ဆက်ပြောသည်။

ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်သည် ချက်ချင်းပင် ခါးသီးစွာ ပြုံးလိုက်မိပါ သည်။

သွေးနီရောင်ဝတ်အမျိုးသား၏ ပါးစပ်မှ ပြောဆိုလိုက်သော ထိုအဘိုးအိုသည် ပထမထပ်တွင် တွေ့ခဲ့ဖူးသည့် ကြက်သွေးရောင် တိမ်တိုက်ခေါင်းလောင်း၏ ပစ္စည်း ဝိညာဉ်အဘိုးကြီးဖြစ်ကြောင်း သူ သိပါသည်။ ထိုအချိန်တွင် ချင်ယွင်သည် သူ၏စိတ်ထဲမှာ ထိုအဖိုးကြီးကို ကျိန်ဆဲနေပြီဖြစ်သည်။ ထိုအဘိုးအိုသည် စကားများလွန်းသောကြောင့် ယခု ချင်ယွင်သည် ပထမအချီမှာပင် သွေးနီရောင်ဝတ် အမျိုးသားလို အစွမ်းထက်သော ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ရှိ ရုပ်သေးများသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်ရှိ သွေးနီရောင်ဝတ် အမျိုးသားထက် ကိုင်တွယ်ရ ပိုမိုလွယ်ကူကြောင်းကို သိရှိထားရမည် ဖြစ်သည်။

"စီနီယာ၊ ဒါက မတရားဘူး မဟုတ်လား?။ စီနီယာရဲ့ ခွန်အားက အဲဒီရုပ်သေးရုပ်ထက် သိသိသာသာ အားကောင်းနေတယ်လေ။" ချင်ယွင်က မယုံကြည်နိုင်စွာ ပြောလိုက် သည်။

"ကောင်လေး၊ စိတ်မပူပါနဲ့။ ငါက မင်းကို ကြီးကြီးမားမား ဆုံးရှုံးနစ်နာအောင် မလုပ်ပါဘူး။ မင်း ငါ့ကို အနိုင်ယူနိုင်သရွေ့ မင်းကို အပိုဆုတစ်ခု ငါ ပေးမယ်။ အဲဒီဆုက ဒီခန်းမထဲက အမွေတွေထက် ပိုဆိုးမှာ မဟုတ်ပါဘူး။" သွေးနီရောင်ဝတ်အမျိုးသားက ပြောသည်။

"အဲဒါကမှ ပိုသဘောကျစရာကောင်းသေးတယ်။" ထိုစကားကို ကြားလိုက်ရလျှင် ချင်ယွင်၏ နှလုံးသားက ငြိမ်သက်သွားခဲ့ပါသည်။

သွေးနီရောင်ဝတ်အမျိုးသားသည် ခါသီးစွာ ပြုံးလိုက်ပြီး ခေါင်းယမ်းလိုက်သည်။ ဒီကောင်စုတ်လေးသည် မည်သည့်အရှုံးမျိုးကိုမှ လုံးလုံး မခံလိုသူ ဖြစ်နေသည်။

သို့သော်လည်း သွေးနီရောင်အမျိုးသား၏ အမူအရာသည် လျင်မြန်စွာ အေးစက်သွားခဲ့ သည်။ ချင်ယွင်ကို ကြည့်ရင်း သူ၏မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

"အဘိုးကြီးက မင်းကို အထင်ကြီးနေပေမယ့် ဒါက စမ်းသပ်မှုတစ်ခုဆိုတာ မင်း သိထားရမယ်။ ဒါ့ပြင် ငါလှုပ်ရှားတဲ့အခါ ငါက ဘယ်တော့မှ သနားညှာတာမူကို မပြတတ်ဘူး။ မင်းအနေနဲ့ မင်းရဲ့အစွမ်းကို အကုန်ထုတ်ရင် ပိုကောင်းလိမ့်မယ်။ ဒီလိုမှမဟုတ်ဘဲ၊ မင်းမှာ အရည်ချင်းမရှိတဲ့အတွက် ငါ့လက်ထဲမှာ သေသွားရင်တော့ မင်း ငါ့ကို အပြစ်မတင်နဲ့။" သွေးနီရောင်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်ပြီး သူ၏အသံက ပြင်းထန်သော သတ်ဖြတ်ချင်စိတ်များ ပါဝင်နေသည်။

"စီနီယာ၊ စီနီယာ လှုပ်ရှားလိုက်ပါ" ချင်ယွင်၏ မျက်လုံးများသည်လည်း ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ဖြင့် ဝင်းလက်တောက်ပလာသည်။ ဤအရာသည် ရှင်ခြင်းသေခြင်း တိုက်ပွဲဖြစ်သည်ည်ကို သူ သိသည်။ သူ၏အမြင်မှာလည်း အကယ်၍ သူသည် ဤသွေးနီရောင်ဝတ် အမျိုးသားကို မသတ်နိုင်ခဲ့လျှင် သေရမည့်သူက သူပဲ ဖြစ်လိမ့် မည်။

"ကောင်းပြီလေ!" သွေးနီရောင်ဝတ် အမျိုးသားက ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏ရုပ်အသွင်က ချက်ချင်းပင် ပျံထွက်သွားလေသည်။

ဝှီး….!

အနီရောင် ပုံရိပ်တစ်ခုက ချင်ယွင်၏ မျက်လုံးများကြားတွင် လျင်မြန်စွာ ထွက်ပေါ်လာ ပြီး ချင်ယွင်၏ မျက်ခုံးမွှေးများကြား နေရာကို တည့်တည့် ချိန်ရွယ်ထားကာ ချင်ယွင်၏ ရှေ့တွင် ပေါ်လာပါသည်။ ၎င်းသည်း ဓားအဖြစ် အသုံးပြုထားသည့် အနီရောင်ဝတ် အမျိုုးသား၏ လက်ချောင်းများ ဖြစ်ပါသည်။

သူ၏လက်ချောင်းထိပ်တွင် ပါရှိနေသော ပြင်းထန်သော ဓားဆန္ဒကြောင့် သတ်ဖြတ်လို စိတ်က ပို၍ပင် ပြင်းထန်နေခဲ့သည်။

"ဘယ်လောက် မြန်ဆန်လိုက်လဲ?။ ဘယ်လောက်တောင် သန်မာလိုက်တဲ့ ဓားဆန္ဒလဲ?"

ချင်ယွင်သည် လှုပ်ရှားမှုနည်းပညာရပ်ကို အလျင်အမြန် အသုံးပြုလိုက်ရပြီး၊ သူ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပါသည်။

ဓားလက်ချောင်းသည် ထက်ရှလွန်းပြီး ချင်ယွင်၏ ဆံပင်ချောင်းတွေကို ဖြတ်တောက် သွားသည်။ ချင်ယွင်၏ လျင်မြန်သော တုံ့ပြန်နိုင်မှုကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ ဤဓားဖြင့် တိုက်ခိုက်မှုသည် သူ့ကို သေဆုံးသွားစေမည် ဖြစ်သည်။

"ဟမ့်၊ နှေးလွန်းနေတယ်!"

သွေးနီရောင်ဝတ် အမျိုးသားသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ရုတ်တရက် သူ၏ လက်ချောင်းများကို လက်ဖဝါးအဖြစ်သို့ ပြောင်းလဲလိုက်သည်။ သူ၏လက်နှစ်ဖက် စလုံးသည် ပြီးပြည့်စုံသော ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွား ၎င်းလက်ဖဝါး သည် ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ တိုက်ရိုက် ကျဆင်းလာလေသည်။

ချင်ယွင်သည် သွေးနီရောင်ဝတ် အမျိုးသားက မည်သို့ တိုက်ခိုက်လိုက်သည်ကိုပင် မမြင်လိုက်ရပေ။ သွေးနီရောင်ဝတ် အမျိုးသား၏ လက်ဖဝါးက သူ၏ရင်ဘတ်ကို တိုက်ရိုက်ထိမှန်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် အထိန်းအကွပ်မရှိ နောက်ပြန် ဆုတ်သွားရသည်။

ဒေါင်!

ချင်ယွင်၏ ရုပ်အသွင်သည် ခပ်လှမ်းလှမ်းမှ ခန်းမနံရံသို့ တိုက်ရိုက် ရိုက်ခတ်သွားပြီး အသံကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ဤခန်းမအတွင်းရှိ အဆောက်အဦများအားလုံးကို အထူးပစ္စည်းများဖြင့် သန့်စင်ထားပြီး ၎င်းတို့၏ မာကျောမှုသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ထို့ကြောင့် ချင်ယွင်၏ အပြင်းအထန် ရိုက်ခတ်မူသည် ခန်းမ၏ အစစ်အမှန် နံရံပေါ်မှာ အက်ကွဲကြောင်းသာ ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင်၊ ဤခန်းမကြီးထဲတွင် အလိုအလျောက် ပြုပြင်နိုင်သည့် လုပ်ဆောင်ချက် လည်း ပါရှိသည်။ ချင်ယွင် ပြန်ထလာသည်နှင့် အက်ကွဲသွားသော နံရံသည် ယခင်အတိုင်း အလိုအလျောက် ပြန်ကောင်းသွားသည် ။

ချင်ယွင်သည် သူ၏ရင်ဘတ်ကို ဖုံးအုပ်ရင်း အဝေးမှာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသော သွေးနီရောင်ဝတ် အမျိုးသားကို ကြည့်လိုက်ရင်း သူ၏မျက်လုံးတွေက မနှိုင်းယှဉ်သာ အောင် လေးနက်သော အမူအရာ ပေါ်လွင်နေသည် ။

သွေးနီရောင်ဝတ် အမျိုးသားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ပြီး အစွမ်းထက်လှသည်။ သူနှင့်ရင်ဆိုင်ရချိန်မှာ သူသည် သူ၏ကိုယ်ပိုင်အင်အားဖြင့် ပြန်ခုခံရန် မပြောနှင့်၊ ရှင်းရှင်းလင်းလင်းတောင် မမြင်လိုက်ရပါဘူး။

"ဟမ့်၊ မင်းမှာရှိတာ ဒါအကုန်ပဲလား။ ဒီလိုဆိုရင်တော့ မင်း သေနိုင်ပြီ။ သွေးနီရောင်ဝတ် အမျိုးသားသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ၏မျက်လုံးထဲတွင် တစ်ဖန် ထွက်ပေါ်လာသည်။

သူသည် ဆယ်မီတာအကွာအဝေးကို ချက်ခြင်းပင် ဖြတ်ကျော်ပြီး သူ၏ ကြက်သွေးရောင် နေမင်းနှင့်တူသော သူ၏ရုပ်အသွင်က ချင်ယွင်၏ ရှေ့သို့ မျက်စိ တစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။

"ငရဲကို သွားလိုက်တော့!" သွေးနီရောင်ဝတ်ထားသူ အမျိုးသားသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ဖဝါးပေါ်တွင် အနီရောင် စွမ်းအင်အတက်အကျ လှိုင်းများက တဖန်ထပ်၍ မြင့်တက်လာပြန်သည်။ ထိုကြောက်မက်ဖွယ်ရာ စွမ်းအင် အတက်အကျလှိုင်းကြောင့် မြင်ရသူတို့၏ နှလုံးကို ရင်တုန်စေပြီး ချင်ယွင်၏ နှလုံးဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။

အကယ်၍ ထိုလက်ဖဝါးသာ ဆက်လက် ရိုက်နှက်လာမည်ဆိုလျှင်၊ ချင်ယွင်၏ နှလုံးသည် ချက်ချင်းပင် ကြေမွသွားနိုင်ပါသည်။

ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော အေးစက်မှုဖြင့် ဝင်းလက် တောက်ပ လာသည်။ သူ၏ခန္ဓာကိုယ်အတွင်းမှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်တွေ တဟုန်ထိုး ထွက်ပေါ်လာခဲ့ပြီး သူ၏လက်ဖဝါးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

"နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်!"

ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်ကို အစွမ်းကုန် အသုံးချလိုက်သည်။

"ဘုန်း….!"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျ လှိုင်းများသည် ခန်းမတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

​သွေးနီရောင်ဝတ် အမျိုးသားသည် နောက်ပြန် ​တွန်းထုတ်​ခံလိုက်ရသည်​။ သူသည် မရပ်တန့်နိုင်ခင် မီတာတစ်ရာနီးပါး ဆုတ်သွားရသည်။ သူ၏ နီမြန်းသော မျက်လုံးတစ်စုံက ချင်ယွင်ကို အပြုံးနှင့်အတူ ကြည့်နေလေသည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဒါက အဘိုးကြီးပြောပြောနေတဲ့ ဖင်းဂေါ့ဂ်သိုင်းပညာရပ် ပဲ မဟုတ်လား?။ ဒီလက်ဖဝါးရိုက်ချက်ကို တားဆီးဖို့အတွက် ငါ့ရဲ့ အထွတ်အထိပ် ဖြစ်တဲ့ မြေကမ္ဘာအင်မော်တယ်နယ်ပယ် ခွန်အားကို အားကိုးလိုက်ရတယ်။ ဒါက တကယ့်ကို ထူးထူးခြားခြားပါပဲ။" သွေးနီရောင်ဝတ် အမျိုးသားက ရယ်မောလိုက်သည်။

ချင်ယွင်သည် သွေးနီရောင်ဝတ် အမျိုးသားကို စူးစိုက်စိုက်စိုက် ကြည့်နေရင်း သူ၏အမူအရာက အလွန်လေးနက်နေသည်။

သူ၏လက်ရှိခွန်အားက အရမ်းကို အားနည်းနေပါသေးသည်။ သူသည် သူ၏ တိုက်ပွဲ စိတ်ဝိညာဉ်လက်နက်ကို အသုံးမပြုဘူးဆိုလျှင်၊ သူ၏စွမ်းအားအပြည့် တိုက်ခိုက်မူဖြင့် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကို ခုခံနိုင်စွမ်း မရှိသေးပေ။

"ကောင်စုတ်လေး..၊ မင်းရဲ့ ခွန်အားအစစ်မှန်ကို ထုတ်သုံးလိုက်တော့။ မင်းမှာ တိုက်ပွဲ စိတ်ဝိညာဉ်လက်နက် မရှိဘူးလား။ ထုတ်လိုက်ပါ။ မဟုတ်ရင် မင်း ငါ့လက်ထဲမှာ ရှင်သန်နိုင်မှာ မဟုတ်ဘူး။" သွေးနီရောင်ဝတ် အမျိုးသားက စကားစမြည်ပြောရင်း တဟားဟား ရယ်မောလိုက်သည်။ သူ၏လက်ထဲတွင်လည်း ဓားရှည်တစ်ချောင်း ပေါ်လာသည်။

ဓားကို ဆွဲထုတ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့်ဆန္ဒက ပို၍ပင် ကြောက်စရာကောင်းလာခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ခန်းမတစ်ခု လုံးကို လွှမ်းခြုံသွားခဲံပြီး သူ၏နောက်တွင် နီမြန်းသော ဧရာမသားရဲကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။

"ဝေါင်း…..!"

ဧရာမသားရဲကြီးသည် ဟိန်းဟောက်လိုက်ပြီး ခန်းမတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ချင်ယွင်၏ မျက်လုံးများတွင် အံ့အားသင့်ဟန်က ထင်ရှားပေါ်လွင်နေသည်။ သွေးနီရောင်ဝတ် အမျိုးသားသည် ဓားရှည်ကို ထုတ်ယူလိုက်သည့် အချိန်၌ သူသည် အလောင်းကောင်တောင်တန်းနှင့် အရိုးပင်လယ်ကြီးကို မြင်လိုက်ပုံရသည်။ ဤသည် မှာ သတ်ဖြတ်လိုသည့်ဆန္ဒကြောင့် ဖြစ်ပေါ်လာသော ထင်ယောင်ထင်မှား ပုံရိပ်ယောင် တစ်ခု ဖြစ်ပါသည်။ ဤအရာကို ပြီးမြောက်အောင်လုပ်ဆောင်ဖို့အတွက် လူပေါင်း မည်မျှ သတ်ဖြတ်ခဲ့လဲဆိုသည်ကို ချင်ယွင်သည် တွေးကြည့်လို့ပင် မရတော့ပါဘူး။

"ကောင်းပြီလေ၊ ဒါဆိုလည်း ကျွန်တော် စီနီယာကို အဆုံးထိ လိုက်ပို့ပေးမယ်" ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏လက်ထဲတွင် ရှေးဟောင်း ဓားတစ်ချောင်း ပေါ်လာသည်။ ကြီးမားသော ခရမ်းရောင် တိုက်ပွဲစိတ်ဝိညာဉ်ကြီးက ချင်ယွင်၏ နောက်ကျောမှာ မီးတောက်မီးလျှံကဲ့သို့ ပျံ့နှံ့ထွက်ပေါ်လာသည်။ ချင်ယွင်၏ အငွေ့အသက်သည်လည်း ချက်ချင်းပင် တိုးမြင့်လာပါသည်။

စာစဉ် (၄၄) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters