← Chapters

အခန်း ၆၆၁

Vol. 45 Ch. 661

အခန်း ၆၆၁

Vol. 45 Ch. 661

အဓိပတိအင်မော်တယ်သခင် စာစဉ် (၄၅)

ဘာသာပြန်သူ နေဇင်။

အခန်း (၆၆၁) နည်းလမ်းပေါင်းစုံအသုံးပြု၍။

ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော တိုက်ပွဲဆန္ဒ ထွက်ပေါ်လာပြီး သွေးနီရောင်ဝတ် အမျိုးသား၏ သတ်ဖြတ်လိုသည့်ဆန္ဒနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

"ဘုန်း….!"

ခမ်းနားထည်ဝါသော အငွေ့အသက်နှစ်ခုသည် အပြင်းအထန် ထိပ်တိုက်ဆုံမိသွားသည် နှင့် ကြီးမားသော မုန်တိုင်းကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားကာ ခန်းမဆောင်အတွင်း ပြင်းထန်သော မုန်တိုင်းကြီးတစ်ခု ဖြစ်ပေါ်လာပါသည်။

ချွင်…..!

ချင်ယွင်နှင့် သွေးနီရောင်ဝတ် အမျိုးသားတို့သည် ချက်ချင်းပင် တိုက်ခိုက်လိုက်ကြ ပြန်ပြီး၊ သူတို့၏လက်ထဲတွင်ရှိသော ဓားရှည်များသည် အချင်းချင်း ပြင်းထန်စွာ တိုက်မိ သွားကြသည်။

ပြင်းထန်သောဓားဆန္ဒသည် ပတ်ဝန်းကျင်တွင် ပြင်းထန်စွာ ပျံ့နှံ့နေခဲ့ပြီး ပတ်ဝန်းကျင် မှာ ပြင်းထန်သော ဓားချီမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

“ဟား…၊ ဟား….၊ နောက်ဆုံးတော့ စိတ်ဝင်စားဖို့ ကောင်းလာပြီ။" သွေးနီရောင်ဝတ် အမျိုးသားက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏လက်ထဲရှိဓားက ရုတ်တရက် တုန်ခါသွားပြီး ချင်ယွင်ကို အဝေးသို့ အမြန် ခုန်ထွက်သွားရစေသည်။

ဝှီး….!

သွေးနီရောင်ဝတ် အမျိုးသားသည် သူ၏ဓားကို ချင်ယွင်ဆီသို့ တစ်ဖန် ဝှေ့ယမ်း လိုက်သည်။ သူသည် သူ၏ဓားကို အလွန်မြန်သော အရှိန်ဟုန်ဖြင့် ဆွဲယူသွားခဲ့ပြီး၊ ဓားပေါ် ပျံ့နှံ့နေသည့် ဓားဆန္ဒကလည်း ကြောက်စရာကောင်းလွန်းလှသည်။

သဘာဝအတိုင်း၊ ချင်ယွင်သည် အနည်းငယ်မျှ ပေါ့ဆမနေဝံ့ဘဲ ပိတ်ဆို့တားဆီရန် အတွက် သူ၏ဓားကို မကြာခဏ အသုံးပြုကာကွယ်နေရသည်။

ဓားအလင်းတန်းနှစ်ခုသည် လေထဲတွင် အဆက်မပြတ် ရောယှက်နေခဲ့ပြီး ဓားချီသည် အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ အနီးနားရှိ နံရံများနှင့် ကြမ်းပြင်များသည်ပင် ပြိုကျပြီး ဓားဒဏ်ရာများ တစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ချွင်….!

ချင်ယွင်၏ဓားသည် သူ၏ရင်ဘတ်ရှေ့တွင် အလျားလိုက် ကာထားရင်း သူသည် သွေးနီရောင်ဝတ် အမျိုးသား၏ ရက်စက်ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ဓားချက်ကို ပိတ်ဆို့လိုက်သည်။

သွေးနီရောင်ဝတ် အမျိုးသား၏ ဓားရှည်သည် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ တိုက်ခိုက်မှုတိုင်းသည် ချင်ယွင်၏ အရေးကြီးသော သေကွင်းသေကွက်များဆီသို့ ဦးတည်ထားခဲ့သည်။ အကယ်၍ ထိုဓားချက်များည် သူ့ကို ထိမိသည်နှင့် သူသည် တိုက်ရိုက် သေသွားလိမ့်မည်။ ရှင်သန်ရန် အခွင့်အလမ်း လုံးဝ မရှိပေ။

ချင်ယွင်သည် သူ၏ဓားကို ပုံရိပ်ယောင်တစ်ခုကဲ့သို့ အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး သွေးနီရောင်ဝတ် အမျိုးသား၏တိုက်ခိုက်မူကို အလျင်အမြန် ဖယ်ထုတ်လိုက်သည်။ ဓားချီအမျှင်တန်းနှစ်ချောင်း အပြင်းအထန် တိုက်မိပြီး သူတို့နှစ်ယောက်စလုံးကို နောက်သို့ တွန်းထုတ်သွားကြသည်။

"ကြည့်ရတာ အဘိုးကြီးရန်က မင်းကို သက်သက်မဲ့ အထင်ကြီးနေပုံရတယ်။ တိုက်ပွဲ စိတ်ဝိညာဉ်လက်နက်ရဲ့ ပံ့ပိုးမှုနဲ့ မင်းက ငါ့ကိုယ်ပွားတွေထဲက တစ်ခုကိုတောင် အနိုင်မယူနိုင်လောက်အောင် သန်မာလွန်းတယ်လား?။" သွေးနီရောင်ဝတ် အမျိုးသား က သရော်လိုက်သည်။

ချင်ယွင်၏ အမူအရာသည် မည်းမှောင်သွားသည်။ သွေးနီရောင်ဝတ် အမျိုးသားသည် သူ ထင်ထားသည်ထက်ပင် ပိုသန်မာနေသည်။ အထူးသဖြင့် သူ၏ဓားသိုင်းသည် အလွန် လွှမ်းမိုးနိုင်စွမ်းရှိပြီး ရက်စက်ကြမ်းကြုတ်လွန်းလှသည်။

"ပြီးသွားပါပြီ။ တော်ရုံတန်ရုံ လူတွေက ငါ့သခင်ရဲ့ အမွေကိုဆက်ခံဖို့ မထိုက်တန်ဘူး။ သေလိုက်တော့။"

ပြင်းထန်သော သတ်ဖြတ်လိုသည့် အရိပ်အယောင်က သွေးနီရောင်ဝတ် အမျိုးသား၏ မျက်လုံးများထဲမှ ထွက်ပေါ်လာသည်။ သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်ယောင် အဆင့်ဆင့်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏အနားတွင် ချက်ချင်း ပေါ်လာသည်။ သူ၏လက်ထဲမှ ဓားသည် ချင်ယွင်၏ လည်ပင်းဆီသို့ တိုက်ရိုက် ရှင်းလင်းခုတ်ပိုင်းလာသည်။

ဓားအလင်းသည် နေရောင်အောက်တွင် နှင်းမှုန်များကဲ့သို့ တောက်ပနေပြီး အလွန်တရာမှ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။

"မကောင်းတော့ဘူး....!"

ချင်ယွင်သည် ထိုဓားချက်ကို ဟန့်တားရန် သူ၏ဓားကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး သူ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

ချွင်…!

ကြောက်စရာကောင်းသော စွမ်းအားတစ်ခုသည် ဓားမှ ချက်ချင်း ထွက်ပေါ်လာပြီး ချင်ယွင်အား သူ၏ဓားနှင့်အတူ လွင့်ပျံသွားစေခဲ့သည်။

ချင်ယွင်၏ရုပ်အသွင်သည် အလျင်အမြန် နောက်ပြန်ဆုတ်သွားရင်း သူ၏မျက်နှာက အံ့သြမှု အပြည့်ရှိနေပါသည်။ သွေးနီရောင်ဝတ် အမျိုးသား၏ အရှိန်သည် အရင်ကထက် ပိုမြန်လာခဲ့ပြီး သူ့ဓား၏ အစွမ်းက ပိုလို့တောင် ကြောက်စရာ ကောင်းလာခဲ့ပါသည်။

ဝှီး.....!

ချင်ယွင်သည် သွေးနီရောင်ဝတ် အမျိုးသား၏ ခွန်အားများ ရုတ်တရက် တိုးလာမှုကြောင့် တုန်လှုပ်နေစဉ်မှာ၊ ဓားအလင်းတန်းတစ်ခုသည် ဥက္ကာပျံကဲ့သို့ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ကျရောက်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းနောက်တွင် သွေးနီရောင်ဝတ် အမျိုးသားက နောက်မှ အနီးကပ် လိုက်ပါလာသည်။

"ဓားတာအိုရဲ့ဓားနယ်မြေ...!"

ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် ကျဉ်းမြောင်းသွားပြီး သူသည် နောက်ထပ် တောင့်မခံနိုင်တော့ဘဲ ဓားတာအို၏ ဓားနယ်မြေကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

"အယ်!"

သွေးနီရောင်ဝတ် အမျိုးသားသည် ပင့်သက် တိုးတိုးလေး ချလိုက်ပါသည်။ သိသိသာသာ ပင်၊ စွမ်းအင်လှိုင်းလုံးကြီးသည် ခန်းမတစ်ခုလုံးကို ချက်ချင်း ပျံ့နှံ့သွားခဲ့ပြီး သူ၏အမြန်နှုန်းလည်း ချက်ချင်း ကျဆင်းသွားသည်ကို သူ တွေ့ရှိလိုက်ရသည်။

"သေလိုက်တော့ ! အကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း...!"

ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ ဓားသည် ချက်ချင်း ခုတ်ပိုင်းသွားသည်။

မုန်တိုင်းတစ်ခုကဲ့သို့သော ဓားချီသည် ပစ်လွှတ်သွားခဲ့ပြီး ချင်ယွ၏ခန္ဓာကိုယ်ကို ထိမှန်တော့မည့် ဓားအလင်းတန်းကို ခွဲထုတ်ကာ သွေးနီရောင်ဝတ် အမျိုးသားဆီသို့ ပစ်ဝင်သွားခဲ့သည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ လေစွမ်းရည်သဘောတရားသည် သိမ်မွေ့နက်နဲနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် အံ့ဖွယ်ကမ္ဘာနယ်ပယ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့သည်။ ဤအကြွင်းမဲ့လေဓားသတ်ဖြတ်ခြင်း ဓားသိုင်းကွက်သည် ပို၍ပင် ကြောက်စရာကောင်းလာသည်။ ဓားနယ်မြေ၏ ပံ့ပိုးမှုနှင့် အတူ ဤတိုက်ကွက်၏ စွမ်းအားသည် သာမာန် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူများကို ခြိမ်းခြောက်ရန် လုံလောက်ပါသည်။

"ဟမ့်၊ ယာမဘုရင်ခုတ်ပိုင်းချက်…!" သွေးနီရောင်ဝတ် အမျိုးသားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏လက်ထဲရှိ ဓားသည် ချက်ခြင်းပင် ခုတ်ပိုင်းလာခဲ့ပြီး သူ၏ဓားမှ သွေးနီရောင် အလင်းတန်းတွေ ထွက်ပေါ်လာကာ ချင်ယွင် ဖန်တီးထားသော အကြွင်းမဲ့ လေဓား သတ်ဖြတ်ခြင်းနှင့် အပြင်းအထန် တိုက်မိသွားသည်။

"ဘုန်း.....!"

ဓားချီမျှင်တန်းနှစ်ခုသည် တစ်ခုနှင့်တစ်ခု အပြင်းအထန် တိုက်မိကာ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

အကြွင်းမဲ့ လေဓားသတ်ဖြတ်ခြင်းတိုက်ကွက်ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းသည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သွေးနီရောင်ဝတ် အမျိုးသားသည် သူ၏ဓားနယ်မြေထဲမှာပင် မြန်မြန်ဆန်ဆန် တိုက်ခိုက်နိုင်ခဲ့သည်။ ဤသည်မှာ တကယ့်ကို ထူးခြားချက်ဖြစ်သည်။

"ဟမ့်၊ မင်းက ဓားတာအိုရဲ့ဓားနယ်မြေကိုတောင် သုံးနိုင်တယ်ဆိုတော့ ငါ မင်းကို လျှော့တွက်မိပုံရတယ်။ ဒီလိုဆိုမှတော့ တစ်ချက်တည်းနဲ့ ရလာဒ်ကို ဆုံးဖြတ်ပြီး မင်းရဲ့ အစွမ်းထက်ဆုံး သိုင်းကွက်ကို သုံးကြည့်လိုက်တော့" သွေးနီရောင်ဝတ် အမျိုးသားက ပြောသည်။

သူပြောပြီးသည်နှင့် သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်များက အရူးအမူး ထိုးတက်လာ သည်။ အင်မော်တယ်အနှစ်သာရက သူ၏ခန္ဓာကိုယ်မှ ရှည်လျားသော သွေးနီရောင် မြွေများကဲ့သို့ တဟုန်ထိုး မြင့်တက်လာခဲ့ကာ မြင်ရသူများကို နှလုံးခုန်ရင်တုန်စေသည့် စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ခန်းမတစ်ခုလုံး သွေးအငွေ့အသက်တွေနှင့် ပြည့်နှက်နေပြီး လူအများ၏ စိတ်နှလုံးထဲမှာ ကြောက်ရွံ့မှုတွေ ခံစားလာရစေည်။

"သွေးစက်ဓား၊ ကောင်းကင်ယံမှာစွန်းထင်းသောသွေး...!" သွေးနီရောင်ဝတ် အမျိုးသား က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲက ဓားကို ချက်ချင်း ခုတ်ပိုင်း လိုက်သည်။

သွေးနီရောင် ဓားအလင်းတန်းသည် သွေးနီရောင်ဝတ် အမျိုးသား၏လက်ထဲရှိ ဓားမှ ထွက်ပေါ်လာခဲ့ပြီး ချင်ယွင်ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေသည်။

ချင်ယွင်သည် တခဏအတွင်းမှာ သူ့ဆီသို့ ပျံသန်းလာနေသော ကြီးမားလှသော သွေးအိုင်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။ ကမ္ဘာတစ်ခုလုံးသည် သွေးများဖြင့် ဖုံးလွှမ်းနေပြီး လေဟာနယ်တစ်ခုလုံးသည်ပင် သွေးအငွေ့အသက်များဖြင့် ပြည့်နှက်နေ သည်။

ချင်ယွင်၏ မျက်လုံးများထဲတွင် ဓားဆန္ဒက ဖျတ်ခနဲ ဝင်းလက်တောက်ပသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒက ဒီရေလှိုင်းကဲ့သို့ လွင့်ထွက်သွားသည်။

"ငါချင်ယွင်က အရှုံးကို ဘယ်တော့မှ ၀န်ခံမှာ မဟုတ်ဘူးကွ။ ကောင်းကင်နဲ့ မြေကြီး ဖျက်ဆီးခြင်းဓားကွက်” ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲမှ ဓားက ပြင်းထန်သော ဓားချက်နှင့်အတူ ချက်ချင်း ပေါက်ကွဲထွက်လာသည်။ ဤဓားတိုက်ကွက်သည် ချင်ယွင်၏ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းခေတ် ဖရိုဖရဲအနှစ်သာရ အားလုံးကို လုံးလုံးကုန်ဆုံးသွားစေခဲ့သည်။

ဓားအလင်းသည် ကောင်းကင်ဘုံကိုးခု၏ ကြယ်ရောင်မြစ်ကြီးကဲ့သို့ ဇောက်ထိုး မိုးမျှော် ပျံသန်းသွားပြီး ကြီးမားလှသော သွေးပင်လယ်ကြီးနှင့် ပြင်းထန်စွာ တိုက်မိသွားသည်။

"ဘုန်း....!"

ကြီးမားလှသော သွေးပင်လယ်ကြီးသည် တစ်ဝက်တစ်ပျက် ကွဲထွက်သွားကာ တောက်ပနေသော ကြယ်ရောင်မြစ်ကြီးသည် သွေးနီရောင်ဝတ် အမျိုးသား၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ တိုက်ခိုက်သွားပြီး အပိုင်းပိုင်း ပြတ်တောက်သွားလေသည်။

ချင်ယွင်လည်း မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ ဤဓားချက်သည် သူ၏ ခန္ဓာကိုယ်တွင်းရှိ ရှေးဟောင်းခေတ် ဖရိုဖရဲ အနှစ်သာရအားလုံးကို လုံးဝနီးပါး ခန်းခြောက်သွားစေခဲ့သည် ။

သို့သော်လည်း သူသည် သွေးနီရောင်ဝတ် အမျိုးသားကို သတ်နိုင်ခဲ့သည့်အတွက် ယင်းက ထိုက်တန်ပါသည်။

ဓားချီတွေ လွင့်ပျယ်သွားပြီးနောက် ခန်းမကြီးသည် ပြန်လည်ငြိမ်သက်သွားခဲ့သည်။

ချင်ယွင်သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး ပြင်းပြင်းထန်ထန် ဟောဟဲစိုက်နေ သည်။ ယခုအချိန်တွင် သူသည် အလွန့်အလွန် ပင်ပန်းနွမ်းနယ်နေပြီး ခုခံနိုင်စွမ်း မရှိတော့ပေ။

"ဟား...၊ ဟား....၊ မဆိုးပါဘူး။ မင်းရဲ့ နောက်ဆုံးဓားချက်ရဲ့ စွမ်းအားက တကယ့်ကို ထူးထူးခြားခြားပဲ။"

ထိုအခိုက်တွင် ခန်းမထဲတွင် သွေးနီရောင်ဝတ် အမျိုးသား၏ ရုပ်အသွင်က ပေါ်လာပြန်သည်။

ချင်ယွင်သည် သွေးနီရောင်ဝတ် အမျိုးသား၏ မျက်နှာပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင် တစွန်းတစမျှ ရှိမနေသည်ကို တွေ့လိုက်ရ၏။ သူက အတင်းကြပ် ပြုံးပြီး ပြောလိုက်သည် “စီနီယာက သက်ညှာပေးတာကို ကျေးဇူးတင်ရပါမယ်။ မဟုတ်ရင် အခု လဲလျောင်းနေတဲ့ လူက ကျွန်တော်ပဲ ဖြစ်လိမ့်မယ်"

သွေးနီရောင်ဝတ် အမျိုးသားက ပြုံးရုံပြုံးနေပြီး ပြန်လည်မချေပချေ။ သူသည် အမှန်တကယ်လည်း အလျော့ပေးခဲ့သည်။ သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း၊ သူ၏နည်းလမ်းအားလုံးဖြင့်ဆို ချင်ယွင်ကို သတ်ပစ်ရန်မှာ သူ့အတွက် ခက်ခဲမည် မဟုတ်ပေ။

သေချာသည်မှာ၊ C, အဆင့် စမ်းသပ်ပွဲအတွက်၊ သူ အခုလေးတင် ထုတ်ဖော်လိုက်သည့် ခွန်အားက စံနှုန်းကို ကျော်လွန်သွားပြီဟု သူ ယူဆထားပြီဟု ယူဆလို့ ရသည်။ ထို့ကြောင့် သူ၏လုပ်ဆောင်ချက်တွေက သူ၏ပါးစပ်ထဲသို့ ထည့်ပြီးသားရေကို ပြန်ထွေးထုတ်ရမည်ကို မကြိုက်သည့်သဘော ဖြစ်သည်။

"ကောင်းပြီလေ၊ မင်းက ငါ့ကို သတ်ပြီးပြီဆိုတော့ ဒီခန်းမထဲမှာ မင်းကို အရင်ကတည်း က ပေးထားတဲ့ အမွေနဲ့ ဆုကြေးကိုလည်း မင်းကို ပေးသင့်တယ်" သွေးနီရောင်ဝတ် အမျိုးသား ပြုံးပြုံးလေး ပြောလိုက်သည်။

"အမွေလား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားသည့် အမူအရာ ပေါ်လာသည်။

အင်မော်တယ်စံအိမ်ကြီး၏ ဤပိုင်ရှင်သည် အင်မော်တယ်ကမ္ဘာမှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါသည်။ ချင်ယွင်ကို မပြောနှင့်၊ အင်မော်တယ် ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်အချို့ပင် သူ၏အမွေကို လိုချင်ကြပါသည်။

"မင်းရဲ့ကံက အရမ်းကို ကောင်းလွန်းတယ်။ ဒီနန်းတော်ရဲ့ အမွေက အဲဒီအချိန်တုန်းက သခင်လေ့ကျင့်ခဲ့တဲ့ လက်သီးသိုင်းပညာရပ်တစ်ခုပဲ။ ဒီလက်သီးသိုင်းပညာရပ်ဟာ ပထမဆုံး နှစ်ထပ်မှာသာ ရှိပေမယ့် သူ့ရဲ့စွမ်းအားက အရမ်းကို ကောင်းတယ်။ မင်းအတွက် အရမ်း သင့်တော်ပါတယ်။" သွေးနီရောင်ဝတ် အမျိုးသားက အပြုံးနှင့် အတူ ပြောလိုက်သည်။

"လက်သီးသိုင်းပညာရပ်လား...? ဘာလက်သီးသိုင်းပညာရပ်လဲ?" ချင်ယွင်၏ မျက်လုံးများက ဝင်းလက်တောက်ပနေသည်။ ဤသည်မှာ သူလိုအပ်နေသည့်အရာ အတိအကျပင် ဖြစ်လေသည်။

"နဂါးလက်သီး...!" သွေးနီရောင်ဝတ် အမျိုးသား ကြီးစိုးသောလေသံဖြင့် ပြန်ဖြေသည်။

All Chapters