← Chapters

အခန်း ၆၆၂

Vol. 45 Ch. 662

အခန်း ၆၆၂

Vol. 45 Ch. 662

အခန်း (၆၆၂) နဂါးနတ်ဘုရားလက်သီး။

"နဂါးလက်သီးလား?" ချင်ယွင်၏ မျက်နှာသည် မျှော်လင့်တောင့်တသည့် အမူအရာ ပေါ်လာသည်။

ဤလက်သီးသိုင်းပညာရပ်၏ နာမည်တစ်ခုတည်းကပင် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိ ပြီး ၎င်း၏စွမ်းအားသည် အခြားလက်သီးသိုင်းပညာရပ်များထက် နိမ့်ကျမည် မဟုတ်ပေ။

'"ဒီနဂါးလက်သီးသိုင်းပညာရပ်ကို ငါ့သခင်ကိုယ်တိုင် ဖန်တီးထားတာပဲ။ လက်သီး သိုင်းပညာရပ်ရဲ့ အစွမ်းက အရမ်းကောင်းပြီး ရုပ်ခန္ဓာကိုယ် လေ့ကျင့်တဲ့လူတွေ အသင့် တော်ဆုံးပဲ။ ရှင်ခြင်းသေခြင်းတံခါးရဲ့ လွှဲပြောင်းပို့ဆောင်မူတွေက ကြုံရာကျပန်း ဖြစ်ပုံရပေမယ့် အချို့စည်းမျဉ်းတွေကိုလည်း လိုက်နာရတယ်။ အမွေဆက်ခံခြင်းရဲ့ ပင်မခန်းမတွေကို ပေးပို့ခြင်းက ယေဘုယျအားဖြင့် ပိုမိုမြင့်မားတဲ့ စမ်းသပ်မူတွေ လုပ်ဆောင်ရန် အသင့်တော်ဆုံးလူများအတွက်ဖြစ်ပြီး စမ်းသပ်မူတွေ အောင်မြင်တာနဲ့ ပင်မခန်းမရဲ့အမွေကိုလည်း ဆက်ခံနိုင်လိမ့်မယ်။" သွေးနီရောင်ဝတ် အမျိုးသားက ပြောသည်။

ချင်ယွင် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ ဤစမ်းသပ်မှုသည် ရက်စက်သော်လည်း၊ သူအောင်မြင်ပြီးသည်နှင့် ရိတ်သိမ်းချိန်သည် ကြီးမားလိမ့်မည်။

"နဂါးလက်သီးသိုင်းမှာ စုစုပေါင်း သိုင်းကွက် ခြောက်ခု ရှိတယ်။ သိုင်းကွက် တစ်ခုစီက တခြားတစ်ခုထက် ပိုမိုအားကောင်းလာတယ်။ ငါ့သခင်ဟာ ဒီနဂါးလက်သီးသိုင်းကို အသုံးပြုပြီး တစ်ချိန်တုန်းက အင်မော်တယ်ဘုရင်တွေနဲ့ အင်မော်တယ် ဧကရာဇ် တော်တော်များများကို အနိုင်ယူခဲ့တယ်။ အခု မင်းကို နဂါးလက်သီးသိုင်းရဲ့ ပထမဆုံး သိုင်းကွက်နှစ်ခုကို ငါ သင်ပေးမယ်။ ." သွေးနီရောင်ဝတ် အမျိုးသားက မောက်မာစွာ ပြောသည်။ သူပြောပြီးသည်နှင့် သူ၏လက်ထဲမှ ရွှေရောင်အလင်းတန်း နှစ်ခု ထွက်ပေါ်လာပါသည်။

ရွှေရောင်အလင်းတန်းသည် ပျံထွက်သွားပြီး ရွှေနဂါးနှစ်ကောင်အဖြစ်သို့ ပြောင်းလဲ သွားသည်။

ပျံသန်းနေသော နဂါးကြီးသည် ဟိန်းဟောက်လိုက်သည်နှင့် နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။ နဂါးကြီးသည် လေထဲတွင် အချိန်အတော်ကြာ ပျံသန်းပြီးနောက်၊ ချင်ယွင်၏ ကောင်းကင်စိတ်ဝိညာဉ်အလွှာထဲသို့ ပြင်းထန်စွာ တိုးဝင်သွားသည်။

ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် မတ်မတ်ထိုင်လိုက်ရင်း သူသည် ဉာဏ်အလင်းနှင့် ပြည့်နေပုံရသည်။ ကြီးမားသော သတင်းအချက်လှိုင်းလုံးကြီးသည် သူ၏စိတ်ထဲသို့ ဒီရေကဲ့သို့ တိုးဝင်လာပါသည်။

ချင်ယွင်၏စိတ်ထဲတွင်၊ လက်သီးသိုင်းပညာရပ်နှင့်အတူ နားလည်သဘောပေါက်မှု နှစ်ခု ရှိလာခဲ့သည်။ လက်သီးသိုင်းပညာရပ်တွင် ပါရှိသော အစွမ်းထက်သော စွမ်းအား ကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

"နဂါးဟိန်းဟောက်ခြင်း…!"

ချင်ယွင်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း အပေါ်ကို ခုန်တက်လာသည်။ သူ၏ခန္ဓာကိုယ်ထဲမှ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် စွမ်းအင်တွေ တဟုန်ထိုး ပျံ့နှံ့သွားပြီး ရုတ်တရက် လက်သီးတစ်ချက် ထိုးလိုက်သည်။

ရုတ်တရက်, ချင်ယွင်၏ နောက်ကွယ်မှာ ရွှေနဂါးပုံသဏ္ဍာန် ပေါ်လာသည်။ နဂါးကြီးသည် သူ၏သွေးနီရောင် ပါးစပ်ကြီးကိုဖွင့်ကာ ဟိန်းဟောက်လိုက်ပြီး ဟိန်းဟောက်သံက ခန်းမတစ်ခုလုံး ပျံ့နှံ့သွားသည်။

"ဘုန်း…..!"

ချင်ယွင်၏ လက်သီးသည် အဝေးမှ ကျောက်တိုင်ကြီးတစ်ခုကို တိုက်ရိုက် ထိမှန်သွား သည်။ ကျောက်တိုင်ကြီးသည် ပြိုကွဲသွားခြင်းမရှိသော်လည်း ကျောက်တိုင်ကြီး တစ်ခု လုံး အက်ကွဲကြောင်းထနေပြီး အက်ကွဲကြောင်းများက ကျောက်တိုင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

ချင်ယွင်သည် အံ့အားသင့်သည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။ ဤခန်းမကြီး၏ ဖွဲ့စည်းပုံမှာ အလွန်မာကြောလှသည်။ သူသည် နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်ကို အသုံးပြုခဲ့သော်ငြားလည်း ဤအဆင့်သို့ မရောက်ရှိသေးပေ။

ယခုလေးတင် ထုတ်ဖော်လိုက်သော နဂါးဟိန်းဟောက်သံသည် နဂါးနတ်ဘုရား လက်သီးသိုင်းပညာရပ်၏ ပထမဆုံး သိုင်းကွက်တစ်ခုသာ ဖြစ်ပြီး အမှန်တကယ်တွင် ၎င်းသည် သူ၏ နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်၏တန်ခိုးအစွမ်းထက် အားမနည်း လှပေ။

ဤနဂါးလက်သီးသိုင်းပညာရပ်သည် မည်မျှ အစွမ်းထက်သည်ကို တွေးကြည့်နိုင်သည်။

ချင်ယွင်၏ မျက်လုံးများသည် နှိုင်းစား၍မရသည့် စိတ်လှုပ်ရှားမှုများဖြင့် ဝင်းလက် တောက်ပနေသည်။ သွေးနီရောင်ဝတ် အမျိုးသားသည် အစောပိုင်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးလိုက်သည့် ရွှေနဂါးကြီးသည် လက်သီးသိုင်းပညာရပ် ဖြစ်ရုံသာမကဘဲ ထိုလက်သီးသိုင်းပညာရပ်အပေါ် နားလည်နိုင်စွမ်းနှင့် နည်းစနစ်များ အပါအဝင် သိုင်းပညာရပ်တစ်ခုလုံး၏ အမွေဆက်ခံမှုလည်း ဖြစ်ပါသည်။

တစ်နည်းဆိုရသော် ချင်ယွင်သည် ဤနဂါးလက်သီးသိုင်းပညာရပ်ကို ကိုယ်တိုင် လေ့ကျင့်နေရန် မလိုအပ်တော့ဘဲ နဂါးလက်သီးသိုင်းကို အလွန်ကျွမ်းကျင်စွာ အသုံးပြု နိုင်သည်။

"ပထမ သိုင်းကွက် နှစ်ခုပဲ ရှိနေတာက နှမြောစရာပဲ။ တကယ်လို ငါသာ နောက်ဆုံး သိုင်းကွက်လေးခုရဲ့ အမွေကို ရရှိနိုင်မယ်ဆိုရင်၊ တိုက်ပွဲစိတ်ဝိညာဉ်လက်နက်ကို သုံးစရာမလိုဘဲ အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တွေကို တိုက်ခိုက်နိုင်မှာကိုတောင် ငါကြောက်မိတယ်။ နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတွေကိုတောင်မှ ငါ တိုက်ခိုက်ဝံ့လိမ့်မယ်" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဝမ်းနည်းစွာ ပြောလိုက်မိသည်။

ဟုတ်ပါသည်၊ ဤသည်မှာ နှိုင်းယှဉ်ပြသည့် အခြေအနေတစ်ခုသာ ဖြစ်ပါသည်။ ချင်ယွင်၏ လက်ရှိ ခွန်အားနှင့်ဆို ရှေးဟောင်းခေတ် ဖရိုဖရဲအနှစ်သာရဖြင့် ဆိုလျှင်ပင်၊ သူသည် နောက်ဆုံး သိုင်းကွက်လေးခု၏ အမွေကို ရရှိခဲ့လျှင်ပင် နောက်ဆုံး သိုင်းသုံးကွက်၏ စွမ်းအားကို အသုံးပြုရန်မဆိုထားနှင့်၊ တတိယမြောက် သိုင်းကွက်ကို ပင် အသုံးပြုနိုင်ဦးမည် မဟုတ်ပေ၊

ယခုအချိန်တွင် သူသည် သူ၏ဒုတိယသိုင်းကွက်ကို ကောင်းမွန်စွာ အသုံးမချနိုင်သေး ပေ။ ၎င်းကို အသုံးပြုပြီးနောက်တွင် သူသည် ဆက်လက်တိုက်ခိုက်ရန် စွမ်းအား မရှိနိုင် တော့ပေ။

'"ဒီခန်းမထဲက အမွေကို မင်းလက်ထဲ အပ်ပြီးပြီဆိုတော့၊ ငါကတိပေးထားတဲ့ နောက်ထပ်ဆုကတော့ ငါ့ကိုယ်ပိုင် ဆုလာဘ်ပဲ။ ငါ့ရဲ့ဆုလာဘ်က ငါ့သခင်ရဲ့ အမွေလောက် အဖိုးမတန်ပေမယ့် ဒါကလည်း ထူးထူးခြားခြား အရာတစ်ခုပါပဲ" သွေးနီရောင်ဝတ် အမျိုးသားက မောက်မာစွာ ပြောသည်။

ချင်ယွင်သည် သွေးနီရောင်ဝတ် အမျိုးသား၏ စကားကို ကြားသောအခါတွင် သူ၏ မျက်လုံးများတွင် မျှော်လင့်စောင့်စားသည့် အကြည့်များ ပေါ်လွင်လာသည်။

နဂါးလက်သီးသိုင်းကို သူသည် အရမ်းကို ကျေနပ်ခဲ့သည်။ ၎င်းသည် သိုင်းကွက် နှစ်ခုသာ ရှိသော်လည်း ဤသိုင်းကွက်နှစ်ခုသည် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။ ယခု၊ ဤသွေးနီရောင်ဝတ် အမျိုးသားက သူ့အား မည်သည့်ဆုမျိုး ပေးမည် ကို သူ အလွန်သိချင်နေ၏။

ဝှီး…..!

သွေးနီရောင်ဝတ် အမျိုးသား၏ ရုပ်အသွင်သည် လုံးဝ ပြောင်းလဲသွားပြီး ချင်ယွင်၏ ရှေ့တွင် ချက်ချင်း ပေါ်လာသည်။ ချင်ယွင်သည် မတုံ့ပြန်နိုင်ခင်မှာ သူသည် ချင်ယွင်၏ မျက်ခုံးမွှေးကြားက နေရာကို လက်ညှိုး ညွှန်လိုက်သည်။ ချက်ချင်းပင် ကြီးမားသော သတင်းအချက်အလက် လှိုင်းလုံးကြီးသည် ချင်ယွင်၏ စိတ်ထဲသို့ ဒီရေလှိုင်းကဲ့သို့ တိုးဝင်လာသည်။

ချင်ယွင်၏ အမူအရာသည် အလွန်စိတ်လှုပ်ရှားလာပြီး သူ၏အမူအရာမှာ ပို၍ပို၍ပင် စိတ်လှုပ်ရှားလာသည်။

​သွေးနီရောင်ဝတ် အမျိုးသားသည် သူ့အား ဓားသိုင်းပညာရပ်တစ်​ခုကို ​သင်ပေးခဲ့သည်​။ အဓိကတော့ ထိုဓားသိုင်းပညာသည် သာမန်ဓားသိုင်းပညာရပ်မျိုး မဟုတ်ပါဘူး။

ဓားသိုင်းပညာရပ်၏ အဆင့်သည် မမြင့်မားပေ။ ၎င်းပညာရပ်သည် သာမန် အင်မော်တယ်အဆင့်ရှိ ဓားနည်းပညာတစ်ခုမျှသာ ဖြစ်ပါသည်၊ သို့သော် အဓိကချက် မှာ ဤဓားသိုင်းပညာသည် လုပ်ကြံသတ်ဖြတ်ခြင်း နည်းပညာရပ်တစ်ခု ဖြစ်နေပါ သည်။

မှန်ပါသည်၊ ဤပညာရပ်သည် လုပ်ကြံသတ်ဖြတ်ရာမှာ အထူးအသုံးပြုသည့် ဓားသိုင်းပညာရပ်သော သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်းဓား ဖြစ်ပါသည်။

ပေတစ်ရာအတွင်း လူသတ်သည်ကို မမြင်နိုင်ပေ။ အဆင့်တူဆိုလျှင် ပြိုင်ဘက်သည် လက်တုံ့ပြန်ရန် သေချာပေါက် မဖြစ်နိုင်တော့ပေ။ ပထမအချက်အနေဖြင့်၊ အကယ်၍ ပြိုင်ဘက်သာ သတိမထားမိပါက ၎င်းတို့သည် ကြီးမားသော ဆုံးရှုံးမှုကြီးကို ခံစားရမည် ဖြစ်သည်။

ဤဓားသိုင်းပညာသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခု ဖြစ်သည်မှာ သေချာပါ သည်။ နောက်ဆုံးတွင်၊ လုပ်ကြံသတ်ဖြတ်ရာမှာ အသုံးပြုနိုင်သည့် ဤကဲ့သို့သော ဓားသိုင်းပညာရပ်များသည် အလွန်ကို နည်းပါးလွန်းသည်။

ဟိုင်းယခင်တုန်းက ချင်ယွင်သည် ဤလုပ်ကြံသတ်ဖြတ်ခြင်း ဓားသိုင်းပညာရပ်မျိုးကို အထင်သေးသဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းနှင့် ပတ်သက်သည့် ဓားသိုင်းပညာရပ်မျိုး သူ၏စိတ်ထဲတွင် မရှိခဲ့ပေ။

သို့သော် ယခုမူ ကွဲပြားသွားပါသည်။ ရန်သူများကို သတ်ဖြတ်နိုင်သော ဓားသိုင်းပညာ သည်သာ အမြင့်ဆုံးသော ဓားသိုင်းပညာဖြစ်ကြောင်း ချင်ယွင်သည် နက်ရှိုင်းစွာ နားလည်သွားခဲ့ပါပြီ။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် ရန်သူများနှင့် ရင်ဆိုင်ရသောအခါ အသက်ရှင်ခြင်းသည်ပင် အကြီးမားဆုံးသော အောင်ပွဲဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ချင်ယွင်လည်း အနည်းငယ် ကြောက်သွားမိသည်။ အကယ်၍ သွေးနီရောင်ဝတ် အမျိုးသားသည် အစောပိုင်းက ဤ " သွေးအရိပ်လုပ်ကြံသတ်ဖြတ် ခြင်းဓား"ကို အသုံးပြုခဲ့မည်ဆိုလျှင်၊ ချင်ယွင်သည် ဤမျှရက်ရောသော ဆုလာဘ်ကို ရရှိလိမ့်မည် မဟုတ်ပေ။ ယခုအချိန်တွင် သူသည် မြေပြင်ပေါ် အရိုးစုဖြစ်နေလောက်ပြီ။

ထိုအကြောင်းကို တွေးကြည့်ရင်း၊ ချင်ယွင်သည် ထိုသွေးနီရောင် အမျိုးသားကို ပိုလို့တောင် ကျေးဇူးတင်မိသွားသည်။

"စီနီယာရဲ့ ကြင်နာမူနဲ့ သနားညှာတာပေးမူအတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ " ချင်ယွင်က သူ့ကို ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

"ကောင်လေး၊ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုဘူး။ ဒါတွေအားလုံးက မင်းနဲ့ ထိုက်တန်ပါတယ်။ ငါ သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်းဓားကို သုံးခဲ့မယ်ဆိုရင် မင်း နည်းနည်းလေးမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်စမ်းသပ်မူတွေက လည်း မင်းတွေးထင်သလို ရိုးရှင်းနေမှာ မဟုတ်ဘူး။ တကယ်လို့ မင်းသာ တည်တည် ငြိမ်ငြိမ် ရှိမနေဘူးဆိုရင် မင်းရဲ့အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။ ဒီတော့ မင်း စမ်းသပ်မူ ကို လက်လျော့မလား?။ ဆက်လုပ်မလား?။ ငါသိချင်မိတယ်။” သွေးနီရောင်ဝတ် အမျိုးသားက ချင်ယွင်ကို ကြည့်ကာ မေးလိုက်သည်။

"သေချာပေါက် ကျွန်တော် ရှေ့ဆက်မယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ပြောသည်။

​သွေးနီရောင်ဝတ် အမျိုးသားက ​ကျေနပ်​စွာ ​ခေါင်းညိတ်​လိုက်​သည်​။ သိသာထင်ရှား သည်မှာ၊ သူသည် ချင်ယွင်၏ ရဲစွမ်းသတ္တိကို အလွန်သဘောကျနေသည်။ သူကိုယ်တိုင် လည်း ချင်ယွင်က ရှေ့ဆက်တိုးဖို့ မျှော်လင့်နေပုံရသည်။

"ကောင်လေး၊ မင်းရှေ့က အဲဒီကျောက်စိမ်းတုံးကို မင်း မြင်တယ်မဟုတ်လား? တကယ်လို့ မင်း ရှေ့ဆက်သွားချင်ရင် အဲဒီကျောက်စိမ်းတုံးကြီးရဲ့ ရှေ့ကိုသွားပြီး မင်းလက်ကို တင်လိုက်ပါ။ အဲဒီကျောက်စိမ်းတုံးက မင်းကို နောက်ခန်းမတစ်ခုကို လွှဲပြောင်းပို့ပေးလိမ့်မယ်။ တကယ်လို့ မင်းလက်လျှော့ဖို့ ရွေးချယ်ချင်ရင်တော့၊ မင်း အင်မော်တယ်နန်းတော်ရဲ့ စတုတ္ထထပ်ကို သွားဖို့အတွက် အဲဒီကျောက်စိမ်းတုံးကို ရိုက်ခွဲပစ်ဖို့ပဲ လိုတယ်။ သွေးနီရောင်ဝတ် အမျိုးသားက ခန်းမရှေ့မှ ကျောက်စိမ်းတုံး တစ်တုံးကို ညွှန်ပြပြီး ပြောလိုက်သည်။

ချင်ယွင်သည်လည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်လေး၊ မင်း ကြိုးစားပါ။ တကယ်လို့ မင်းသာ A-အဆင့် စမ်းသပ်မူကို အောင်နိုင်မယ်ဆိုရင် နောက်ထပ် အပိုဆုတစ်ခုကို ထပ်ရလိမ့်မယ်။ အဲဒါကမှ တတိယထပ်ရဲ့ ရတနာအစစ်အမှန်ပဲ။ မင်းရမရဆိုတာကတော့ မင်းရဲ့ ကံကြမ္မာပေါ် မှာပဲ မူတည်တယ်။" သွေးနီရောင်ဝတ် အမျိုးသားက အပြုံးနှင့်အတူ ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏ရုပ်အသွင်က ပုံရိပ်ယောင်တစ်ခု ဖြစ်လာပြီး ခန်းမထဲမှ ပျောက်သွားပါသည်။

"ရတနာအစစ်လား?" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

ယခု သူသည် ပထမဆုံး စမ်းသပ်မှုကို အောင်မြင်ခဲ့ပြီး နဂါးလက်သီးသိုင်းကဲ့သို့ အဖိုးမဖြတ်နိုင်သော အမွေကို ရရှိခဲ့သည်။ ထို အစစ်အမှန် ရတနာကား အဘယ်နည်း?။

“မေ့လိုက်ပါ၊ ဒီအချိန်က စဉ်းစားရမယ့် အချိန်မဟုတ်ဘူး။ ငါ့ရဲ့ ခွန်အားကို အရင်ဆုံး မြှင့်တင်သင့်တယ်။" ချင်ယွင်သည် သူ၏စိတ်က အတွေးအာရုံတွေကို ဖယ်ရှားပြီး ခန်းမထဲမှာ တင်ပျဉ်ခွေ ထိုင်လိုက်ပါတော့သည်။

နောက်ခန်းမကို သွားဖို့ သူ အလျင်စလို မလုပ်ပါဘူး။ သူသည် ကောင်းကင်ဖမ်း ကံကြမ္မာဆေးလုံးကို ဦးစွာသောက်သုံးပြီး အင်မော်တယ် အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ဖြတ်ကျော်ရန် စီစဉ်ထားပါသည်။

All Chapters