အခန်း ၆၆၃
Vol. 45 Ch. 663
အခန်း (၆၆၃) အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏နှောင်းပိုင်းအဆင့်။
ဘန်း……။
ချင်ယွင်သည် အဆင့်သုံး အင်မော်တယ်ဆေးလုံးဖြစ်သည့် ကောင်းကင်ဖမ်းကံကြမ္မာ ဆေးလုံးကို ထုတ်ယူလိုက်သည်။ ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးပေါ်လာသည်နှင့် တပြိုင်နက် ဆေးလုံး၏ မွှေးရနံ့သည် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးသည် စူးရှတောက်ပသော သုံးရောင်ခြယ် သိမ်မွေ့နက်နဲသော အလင်းတန်းကို ထုတ်လွှတ်နေပြီး ခန်းမတစ်ခုလုံး ထူးဆန်းသော စွမ်းအင်အတက်အကျလှိုင်းများဖြင့် ပြည့်နေသည်။
ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ အဖိုးမဖြတ်နိုင်သော အဆင့်သုံး အင်မော်တယ်ဆေးလုံးကို သူ၏ပါးစပ်ထဲသို့ တိုက်ရိုက်မျိုချလိုက်သည်။
အင်မော်တယ်ဆေးလုံး ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် ၎င်းဆေးလုံးထဲတွင် သိမ်မွေ့နက်နဲ ရေခဲအပိုင်းစတစ်ခု ပါဝင်နေသည့်အလား သူသည် အလွန်မင်း အေးစက်သွားသလို ခံစားလိုက်ရသည်။
ဆေးလုံးကို မျိုချပြီးနောက်တွင် ဆေးစွမ်းအင်သည် ချင်ယွင်၏ ခြေလက်အင်္ဂါ၊ အရိုးများနှင့် သွေးများဆီသို့ စီးဆင်းသွားခဲ့ပြီး၊ ထူးဆန်းပြီး ပူနွေးသော ရေစီးကြောင်းကို ထုတ်လွှတ်ပေးနေသည်။ ယင်းက ချင်ယွင်ကို အလွန်သက်တောင့်သက်သာ ရှိစေပါ သည်။
ချင်ယွင်သည် အနည်းငယ် အံ့သြသွားပါသည်။ ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံးသည် ဤမျှလောက် နူးညံ့သိမ်မွေ့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အထူးသဖြင့် သေးငယ်သော စမ်းချောင်းငယ်များကဲ့သို့ ချင်ယွင်၏ ဒန်တန်အတွင်းသို့ စီးဝင်သွားပြီး သူ၏ ဒန်တန်မှ စုပ်ယူနေစဉ်မှာ ဖြစ်သည်။ ၎င်းစွမ်းအားတို့သည် ရှေးဟောင်းခေတ် ဖရိုဖရဲ အနှစ်သာရ စွမ်းအင်အဖြစ် ချောမွေ့စွာ ပြောင်းလဲနေသည်။ ချင်ယွင်၏ ကျင့်ကြံမှုအဆင့်သည် တဖြည်းဖြည်း တိုးမြင့်လာနေပြီး၊ ယင်းက ချင်ယွင်၏ စိတ်နှလုံးကို အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။
"ဘုန်း…..!"
သို့သော်လည်း ချင်ယွင်သည် လုံးဝ စိတ်ချလက်ချမဖြစ်ခင်မှာ၊ ပေါက်ကွဲနေသော မီးတောင်တစ်ခုကဲ့သို့ ပြင်းထန်သော စွမ်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်အတွင်း နေရာအသီးသီးသို့ တိုးဝင်လာလေသည်။
ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းသွားသည်။ သူသည် သူ၏စိတ်ထဲမှ ပြင်းထန်စွာ ကျိန်ဆဲလိုက်ပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အရူးအမူး ဖြန့်လိုက်ရသည်။
အပြင်းအထန် ပေါက်ကွဲထွက်လာသော စွမ်းအားသည် ချင်ယွင်၏ ချီစွမ်းအင် လမ်းကြောင်း ပတ်ပတ်လည်မှာ လှည့်ပတ်ပြေးလွှားနေပြီး ယင်းက သူ၏ ချီစွမ်းအင် လမ်းကြောင်းများကို အပြင်းအထန် နာကျင်စေပြီး ပွင့်ထွက်လုနီးပါးပင် ဖြစ်ခဲ့ရသည်။
ကံကောင်းထောက်မစွာပင်၊ မိုးပြာဧကရာဇ် ပြုပြင်ထားသော ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်အသစ်သည် အလွန် အစွမ်းထက်သည်။ အကယ်၍ ချင်ယွင်သည် သူ၏ လက်ရှိစွမ်းအားဖြင့် ဤကဲ့သို့ အစွမ်းထက်သော ဆေးပြားကို သောက်သုံးပါက၊ ဆေးလုံးတွင်ပါရှိသော စွမ်းအားကြောင့် သူ တိုက်ရိုက် ပေါက်ကွဲသွား ပေလိမ့်မည်။
ဘုန်း!
ချင်ယွင်၏ ခန္ဓာကိုယ်သည် မြစ်တစ်စင်းကဲ့သို့ လှိုင်းထန်လာခဲ့သည်။ ချင်ယွင်သည် စွမ်းအင်အမြောက်အမြားကို သူ၏ဒန်တန်ထဲသို့ အဆက်မပြတ် စုပ်ယူနေခဲ့ပြီး ရှေဟောင်း ဖရိုဖရဲ အနှစ်သာရအဖြစ်သို့ ပြောင်းလဲနေခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရသည် ပွင့်ထွက်သွားသကဲ့သို့ ချင်ယွင်၏ ဒန်တန်တွင် မြူခိုးအငွေ့များ ထွက်ပေါ်လာသည်။ ၎င်းသည် ကနဦး စကြဝဠာကို ဖွင့်လှစ်ရန်အတွက် ရှေ့ပြေးနိမိတ် ဖြစ်ပါသည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်၏ အရေးကြီးဆုံး အစိတ်အပိုင်းက အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်မှ အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ပြီးချိန် ဖြစ်ပါသည်။ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရအဖြစ် ပြောင်းလဲမူကို အခွင့်အရေးအဖြစ် အသုံးချပြီး၊ ကနဦးစကြာဝဠာတစ်ခုကို ဖန်တီးခြင်း ဖြစ်ပါသည်။
ထိုအချိန်တုန်းက မိုးပြာဧကရာဇ်သည် ဤကျင့်ကြံခြင်းပညာရပ်ကို ကျင့်ကြံဖို့အတွက် တဖန်ပြန်လည်ဖန်တီးသောအခါ၊ ဤအခြေလှမ်းအတိုင်း အတိအကျ လျှောက်လှမ်း ခဲ့ပါသည်။
စင်စစ်၊ ကနဦးစကြဝဠာတစ်ခုကို ဖွင့်လှစ်ခြင်းသည် အလွန် အန္တရာယ်များလှသည်။ အကယ်၍ သူသတိမထားမိသည်နှင့် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များကို မထိန်းချုပ်နိုင်တော့ဘဲ ဤစွမ်းအင်များ၏ ဝါးမြိုခြင်းကို ခံသွားရနိုင်သည်။
သို့သော် ချင်ယွင်မှာ မိုးပြာဧကရာဇ် ချန်ထားရစ်ခဲ့သော ကနဦးစကြာဝဠာ ရှိနေပြီ ဖြစ်သောကြောင့် သူကိုယ်တိုင်ဖွင့်လှစ်ရန် မလိုအပ်တော့ပါ။
သူသည် သူ၏ဒန်တန်ကို ကနဦးစကြာဝဠာနှင့် လုံးလုံးလျားလျား ချိတ်ဆက်ရန်သာ လိုအပ်ပါသည်။ ဤနည်းဖြင့် သူသည် ထိုကနဦးစကြဝဠာကို သူ၏ကိုယ်ပိုင်အဖြစ် လုံးလုံးလျားလျား ပြောင်းလဲနိုင်ပါသည်။ ထိုအချိန်ရောက်လျှင်၊ ချင်ယွင်သည် မိုးပြာဧကရာဇ် ကျန်ထားရစ်ခဲ့သော ကနဦးစကြာဝဠာကို ပြောင်းလဲတိုးတက်လာဖို့ လုပ်ဆောင်ပေးရန်သာ လိုအပ်ပါသည်။
ဤနည်းဖြင့် ချင်ယွင်သည် ကနဦးစကြဝဠာတစ်ခုကို ဖွင့်လှစ်ရာတွင် ကြုံတွေ့ရမည့် အန္တရာယ်များကို ရှောင်ရှားနိုင်ပါသည်။
သို့သော်လည်း ချင်ယွင်သည် ထိုကဲ့သို့ မလုပ်ဆောင်ချင်ပေ။ သူသည် သေခြင်းတရားကို ကြောက်ရွံ့သူ မဟုတ်ပေ။
မိုးပြာဧကရာဇ် ချန်ထားရစ်ခဲ့သော ကနဦးစကြာဝဠာသည် မိုးပြာဧကရာဇ်၏ ကနဦး စကြာဝဠာ ဖြစ်ပါသည်။ ချင်ယွင်သည် သူ၏ကိုယ်ပိုင် စကြာဝဠာတစ်ခုကို ဖွင့်လှစ် ချင်သည်။ ယင်းက သူသေဆုံးသွားနိုင်ချေ အလားအလာ အရမ်းများသော်လည်း ချင်ယွင်ကတော့ သေမှာကို မကြောက်ပါဘူး။
ဘန်း….!
နှစ်နာရီကြာ အပြင်းအထန် စုပ်ယူပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် ကောင်းကင်ဖမ်းကံကြမ္မာဆေးလုံး၏ ဆေးစွမ်းအားကို အပြည့်အဝ ချေဖျက်နိုင်ခဲ့ပြီး သူ၏ ကျင့်ကြံမူအဆင့်ကိုလည်း အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ အပြည့်အဝ မြှင့်တင်နိုင်ခဲ့ပါသည်။ သူသည် အင်မော်တယ် အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်း သာ ဝေးပါတော့သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရသည် သာမာန် အစောပိုင်း အဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများထက် အားနည်းခြင်း မရှိတော့ပေ။ သူ့ဖရိုဖရဲအနှစ်သာရ၏ အရည်အသွေးသည် အင်မော်တယ် အနှစ်သာရ ၏ စွမ်းအားထက် အားနည်းခြင်း မရှိပေ။
တစ်နည်းဆိုရသော် ချင်ယွင်၏ လက်ရှိ စွမ်းအားသည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်များနှင့် ယှဉ်နေနိုင်ပြီ ဖြစ်ပါသည်။ နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်၊ နဂါးနတ်ဘုရားလက်သီး၊ သွေးအရိပ်လုပ်ကြံသတ်ဖြတ်ခြင်းပညာရပ်နှင့် တိုက်ပွဲ စိတ်ဝိညာဉ်လက်နက်တို့ကိုပါ ပေါင်းထည့်လိုက်ပါက၊ သူသည် အလယ်လတ်အဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူကိုပင်လျှင် အနိုင်ယူနိုင်စွမ်း ရှိပါသည်။ အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် ကျွမ်းကျင်သူတစ်ဦးအတွက်မူ၊ ၎င်းသည် ချက်ချင်းပင် အသတ်ခံရနိုင်သည်။
"ဘုန်း…!"
ချင်ယွင်သည် လက်သီးတစ်ချက်ကို လေထဲသို့ တိတ်တဆိတ် ပစ်လွှတ်လိုက်သည်။ ပေါက်ကွဲသံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး အဝေးမှနံရံသည် သူ၏ လက်သီးမှ တဟုန်ထိုး ထွက်ပေါ်လာသည့် လေပြင်းကြောင့် ပြိုကျသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်နှာသည် ချက်ချင်းပင် ပျော်ရွှင်သည့် အသွင်ကို ပေါ်လွင်စေသည်။
နှောင်းပိုင်းအဆင့် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ် ကျွမ်းကျင်သူ တစ်ဦး သည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်တစ်ပါး၏ စွမ်အားကို ပိုင်ဆိုင်ထား သည်။ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်မှလွဲ၍ အခြားမည်သည့် ကျင့်ကြံခြင်း နည်းပညာရပ်ကမှ သူ့ကို ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သည့် အဆင့်ထိ ပို့ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ပေ။
ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် သို့ ဖြတ်ကျော်သွားသည့်အခါတွင်၊ သူ၏ စွမ်းအားသည် အစစ်အမှန် အင်မော်တယ် နယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူထက် အားနည်းတော့မည် မဟုတ်ပေ။ ယင်းသည် ကောင်းကင်ဘုံတာအို၏ စည်းမျဉ်းများကို လုံးဝ ချိုးဖောက်နေခဲ့ပါသည်။
ချင်ယွင်သည် အင်မော်တယ်အသွင်ကူးပြောင်းခြင်းနယ်ပယ်၏ အထွတ်အထိပ်အဆင့် သို့ ဖြတ်ကျော်ပြီးသည်နှင့် သူ၏ကိုယ်ပိုင် အင်မော်တယ်အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခကို ချက်ခြင်း ခံစားရမည်ဟု ယုံကြည်ထားသည်။
သို့သော် ချင်ယွင်သည် ဤကဲ့သို့ အလျင်အမြန် အဆင့်ချိုးဖျက်မူ ပြုလုပ်ရန် ကြိုတင် မပြင်ဆင်ရသေးပေ။ သူ၏ အင်မော်တယ် အသွင်ကူးပြောင်းခြင်းဒုက္ခသည် ယခင် ကပ်ဘေးဒုက္ခများထက် လုံးဝ ကြောက်စရာကောင်းမည်ကို သူသိသည်။ အစစ်အမှန် အင်မော်တယ်နယ်ပယ် အလယ်တန်းအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအားသည် ထိုကပ်ဘေးဒုက္ခကို မကျော်လွှားနိုင်ဟုပင် သူ ခံစားမိနေသည်။ ထို့ကြောင့်၊ သူသည် ကြိုတင်ကာကွယ်သည့်အနေဖြင့် သူ၏ကပ်ဘေးဒုက္ခကို မကျော်ဖြတ်ခင်၊ လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်၏ စတုတ္ထအဆင့် ဖြစ်သော မသေမျိုး နယ်ပယ်အထိ ဖြတ်ကျော်နိုင်ရန် စောင့်ချင်သေးသည်။
သို့သော်၊ သူသည် ကြီးမားသည့် ကံကြမ္မာကောင်းမရှိပဲ၊ စတုတ္ထအဆင့်ဖြစ်သော မသေမျိုးနယ်ပယ်သို့ ဖြတ်ကျော်လိုပါက၊ ထိုသို့ပြုလုပ်ရန်မှာ သူ့အတွက် အလွန် ခက်ခဲပေလိမ့်မည်။
ယခုအချိန်တွင်၊ ဤအင်မော်တယ်ဘုရင်၏ စံအိမ်ကြီးသည် ချင်ယွင်၏ ကံကြမ္မာ ကောင်းအတွက် အခွင့်လမ်း ဖြစ်ပါသည်၊ ထို့ကြောင့် ချင်ယွင်သည် မည်သည့် အခွင့်အရေးကိုမျှ လက်လွှတ်မခံသင့်ပေ။
"ဒီ C- အဆင့် စမ်းသပ်မူကို ဖြတ်ကျော်ဖို့ အချိန်တန်ပြီ။" ချင်ယွင်က မတ်တပ်ထရပ်ပြီး သူ၏မျက်လုံးတွေမှာ ဆုံးဖြတ်ချက် ပြတ်သားမူ အပြည့်ဖြင့် ပြောလိုက်ပါသည်။
ထို့နောက် ချင်ယွင်သည် သွေးနီရောင်ဝတ် အမျိုးသား ပြောပြခဲ့သည့် ကျောက်စိမ်းတုံး ဆီသို့ လျှောက်သွားလိုက်သည်။ အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင်သည် ကျောက်စိမ်းတုံး ရှေ့သို့ ရောက်လာခဲ့သည်။
ဤသည်မှာ တယ်လီပို့စနစ်ပါရှိသည့် ကျောက်စိမ်းတုံး ဖြစ်ပါသည်။ ၎င်းကို တယ်လီပို့ အစီအရင်ဝင်္ကပါ၏ အခြေခံအုတ်မြစ်အဖြစ် အထူးအသုံးပြုထားသည်။ ၎င်းသည် လက်ဖဝါး အရွယ်လောက်ရှိသာ ရှိပါသည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာမှာပင် အလွန်အသုံးများသောကြောင့် ၎င်းနှင့်ပတ်သက်ပြီး မည်သည့်ထူးခြားချက်မှ မရှိပါချေ။
ချင်ယွင်သည် ကျောက်စိမ်းတုံပေါ်သို့ သူ၏လက်ကို တင်လိုက်ပြီး အလွန်လျင်မြန်စွာ ကျောက်စိမ်းတုံးပေါ်တွင် တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
အလင်းရောင်သည် ချင်ယွင်ကို ဖုံးလွှမ်းသွားပြီးနောက် ချင်ယွင်သည်လည်း ပျောက်ကွယ်သွားသည်။
ချင်ယွင် တစ်ဖန်ပြန်ပေါ်လာချိန်မှာ သူသည် အခြားခန်းမတစ်ခုတွင် ရှိနေပြီ ဖြစ်ပါသည်။
သို့သော် ချင်ယွင်မမျှော်လင့်ထားသည့်အရာမှာ ဤခန်းမထဲတွင် အခြားလူတစ်ယောက် ရှိနေပြီ ဖြစ်သည်။ ဤလူသည် ချင်ယွင် အမြဲတမ်း သတ်ပစ်ချင်နေခဲ့သည့် သူ၏ ပြိုင်ဘက် ဟန်ဖန်မှလွဲ၍ အခြားသူမဟုတ်ပါ၊
မူလက ပင်မခန်းမထဲမှာ တင်ပျဉ်ခွေထိုင်နေသော ဟန်ဖန်းသည် ချင်ယွင်၏ ထွက်ပေါ်လာမူကို ခံစားလိုက်ရပြီး သူ၏မျက်လုံးတွေကို ရုတ်တရက် ဖွင့်လိုက်သည်။ သူ၏မျက်လုံးတွေထဲ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တွေ ထုတ်လွှတ်နေသည်။
"ပထမစမ်းသပ်မူလေးကို ရှင်းလင်းဖို့အတွက် ဒီလောက်အချိန်ကြာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားပါဘူး။ ငါ မင်းကို ဒီနေရာမှာ နှစ်နာရီလောက် စောင့်နေရတယ်" ဟန်ဖန်းက ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည်။ သူ၏မျက်လုံးတွေက စူးရှပြီး သတ်ဖြတ်ချင်စိတ်တွေ ပြည့်နှက်နေ၏။
"ငါ့ကို စောင့်နေတာလား ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
"ဟမ့်၊ ငါ မင်းကို စောင့်နေချင်တယ်လို့များ ထင်နေလား? လူနှစ်ယောက် လိုအပ်တယ်လို့ ပြောထားတဲ့ ဒီစမ်းသပ်မူရဲ့ စည်းမျဉ်းကြောင့်သာ။ မဟုတ်ရင် ငါက မင်းကို စောင့်နေမယ်လို့ ထင်လား" ဟန်ဖန်းက အထင်သေးစွာ အော်ပြောလိုက်သည်။
"လူနှစ်ယောက်လား?" ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"မင်းတို့နှစ်ယောက် ဒီခန်းမထဲကို ရောက်နေပြီဆိုတော့ ဒီစမ်းသပ်မှုမှာ ပါဝင်ဖို့ မင်းတို့ ရွေးချယ်ခဲ့တယ်လို့ ဆိုလိုတာပဲ။ ဒီစမ်းသပ်မှုရဲ့ စည်းမျဉ်းကတော့ မင်းနှစ်ယောက်ထဲက တစ်ယောက်မသေမချင်း အချင်းချင်း တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ ဒီခန်းမရဲ့ အမွေနှစ်ကို လက်ခံရယူဖို့အတွက် အခုပဲ စမ်းသပ်မှုကို တရားဝင် စတင်လိုက်ပြီ။” ခန်းမထဲတွင် ပြတ်သားသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
"အချင်းချင်း တိုက်ခိုက်ပြီး တစ်ယောက်ကို သတ်ပစ်ရမှာလား?။" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
ဤဒုတိယစမ်းသပ်မှုသည် စမ်းသပ်ခံမည့်အချင်းချင်း သတ်ဖြတ်ရန် အမှန်တကယ် ခွင့်ပြုထားသည်လား?။ ကြည့်ရတာ တကယ့်ကို ရက်စက်မည့်ပုံပင်။
ချင်ယွင်သည် ဟန်ဖန်းကို ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။ သေချာသည်မှာ ဟန်ဖန်၏ မျက်လုံးတစ်စုံသည် ချင်ယွင်ကို ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် စိုက်ကြည့်နေပြီ ဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရပါသည်။