အခန်း ၆၆၄
Vol. 45 Ch. 664
အခန်း (၆၆၄) ဟန်ဖန်းနှင့် တိုက်ခိုက်ခြင်း။
"ဟမ့်၊ ငါ မင်းကို သတ်ချင်နေတာ ကြာပြီ။ ဒါပေမယ့် အခွင့်အရေး မရခဲလို့ ငါ့မှာ အမြဲလိုလို စိတ်ညစ်နေခဲ့ရတယ်။ အခု ဒီစမ်းသပ်မှုက ငါ့ရည်ရွယ်ချက်နဲ့ အံကိုက်ဖြစ် နေတယ်။ မင်းကိုသတ်ပြီး ငါ့နှလုံးသားထဲက နာကြည်းမှုတွေကို ဖယ်ရှားပစ်နိုင်ရုံတင် မကဘူး၊ ငါ့အတွက် အမွေနှစ်ကိုလည်း ဆက်ခံခွင့်ပြုပေးဦးမယ်။ ဒါက ကမ္ဘာနှစ်ခုလုံး မှာတောင် တကယ်ကို အကောင်းဆုံးအရာတစ်ခုပဲ” ဟန်ဖန်းက အထင်သေးဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကိုသတ်နိုင်ဖို့ သိပ်ကို ယုံကြည်မှုရှိနေတယ်ပေါ့" ချင်ယွင်က အေးစက်စက် အပြုံးဖြင့် ပြန်ပြောသည် ။
ဟန်ဖန်းသည် ဖန်ကျန်းချီကဲ့သို့ မာနကြီးပုံမပေါ်သော်လည်း သူ၏အရိုးထဲတွင်မူ သူသည် ဖန်ကျန်းချီထက် အဆပေါင်းများစွာ ပို၍ မောက်မာနေပါသည်။ ထိုစကားတွေမှတဆင့် ဟန်ဖန်းသည် သူ့ကို မျက်လုံးထဲ ထည့်မထားဟု ပြောနိုင်ပါ သည်။
"မင်းကို သတ်ဖြတ်ဖို့က အလွယ်ကူးအလုပ်ကို လုပ်ရသလိုပဲ" အခု ငါက အပြင်ပ ကိုယ်ပွားတစ်ခုသာ ဖြစ်နေပြီး ငါ့ရဲ့စွမ်းအားက ငါ့မူလခန္ဓာကိုယ်ရဲ့ တစ်ဆယ်ရာခိုင်နှုန်း ထက်ပင် အားနည်းပေမယ့် ငါရဲ့ မူလခန္ဓာကိုယ်က အစစ်အမှန် အင်မော်တယ် နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုတာ မမေ့ပါနဲ့။ တကယ်လို့ ငါသာ အပြင်မှာရှိနေမယ်ဆိုရင် ငါ့ရဲ့အစစ်မှန်စွမ်းအားကို အပြင်ပကိုယ်ပွားအဖြစ်နဲ့ ထုတ်ဖော် မပြဝံ့ပေမယ့် ဒါက အင်မော်တယ်နန်းတော်ထဲမှာ ဖြစ်နေတယ်။ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို တားဆီးပိတ်ဆို့ထားနိုင်တယ်။ အခု ငါက ငါ့အပြင်ပကိုယ်ပွားရဲ့ စွမ်းအား အားလုံးကို အပြည့်အဝ အသုံးချနိုင်တယ်။" ဟန်ဖန်းက လှောင်ပြောင် ပြောလိုက်ပါသည်။
ထိုစကားပြောပြီးနောက်၊ ဟန်ဖန်း၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားနှင့် ရောစပ်ထားသော အဆုံးမရှိ အငွေ့အသက်တစ်ခုက ထွက်ပေါ်လာပါသည်။ ထိုအခိုက် တန့်တွင် သူ၏နယ်ပယ်သည် အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် တစ်ပါးအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။
အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သည် ဟန်ဖန်း၏ အပြင်ပ ကိုယ်ပွား၏ အစစ်အမှန် စွမ်းအားဖြစ်ပါသည်။ ယခင်တုန်းက သူသည် ထိုစွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းမှာ ဖိနှိပ်ထားရပါသည်။ ယခုအခါ ချင်ယွင်ကို ကိုင်တွယ်ရန် အတွက် သူသည် နောက်ဆုံးတွင် သူ့ကိုယ်ပွား၏ အစစ်အမှန် စွမ်းအားကို ထုတ်ဖော် လိုက်သည်။
“ငရဲသို့ သွားလိုက်တော့ !"
ဟန်ဖန်းသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အင်မော်တယ် အငွေ့အသက်ဖြင့် ချင်ယွင်ကို ပြင်းထန်စွာ ဖိနှိပ်ထားရင်း၊ ကြောက်မက်ဖွယ် အငွေ့အသက်ကို သယ်ဆောင်ကာ သူ၏ရုပ်အသွင်က ချင်ယွင်ဆီသို့ ချက်ချင်းဆိုသလို ပျံထွက်သွားပါသည်။
လက်ဖဝါးမှထွက်ပေါ်လာသော လေပြင်းသည် မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ချင်ယွင်၏ မျက်ဝန်းတွေထဲ အေးစက်စက် အပြုံးရိပ်တချက် ထွက်ပေါ်လာပါသည်။ အကယ်၍ သူသည် အဆင့်မချိုးဖြတ်နိုင်ခဲ့ဘူးဆိုလျှင်၊ ဟန်ဖန်းကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့နေနိုင်ပါသေးသည်။ သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်၏ ခွန်အားသည် ဟန်ဖန်းထက် နည်းနည်းလေးမှ အားမနည်းတော့ချေ။ ထို့အပြင်၊ သူသည် နည်းလမ်းအများပြားကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူသည် ဟန်ဖန်းကို ကြောက်ရွံ့နေစရာ လိုသေးလို့လား?။
ချင်ယွင်၏ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရက တဟုန်ထိုး ပျံ့နှံ့လာခဲ့ပြီး သူသည် ချက်ချင်းပင် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
"ဘုန်း….!"
လက်သီးနဲ့ လက်ဖဝါး အပြင်းအထန် ထိပ်တိုက်တွေ့မိပြီး နှစ်ယောက်စလုံးသည် နောက်ပြန် ဆုတ်သွားကြပါသည်။
ထိုတိုက်ခိုက်မှုသည် လက်ရည်တူနီးပါး ဖြစ်နေသည်။
"အယ်?"
ဟန်ဖန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။ ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို အလွယ်တကူ တားဆီးနိုင်မည်ဟု သူ မမျှော်လင့်ထားမိသည်မှာ ထင်ရှားပါသည်။
"မင်းကို ငါ လျှော့တွက်ထားပုံရတယ်။ မင်းရဲ့ခွန်အားက အစောပိုင်းအဆင့် အစစ်အမှန် အင်မော်တယ်နယ်ပယ်ကို ရောက်နေပြီပဲ။ သေမျိုးကမ္ဘာမှာကတည်းက ဒီအဆင့်ကို ရောက်နေခဲ့တာဆိုတော့ မင်းက အတိတ်တုန်းက အင်မော်တယ် ဧကရာဇ်မင်းမြတ်ရဲ့ သားတော်တစ်ပါးအဖြစ် တကယ်ကို ထိုက်တန်ပါပေတယ်။ ဒါပေမယ့်လည်း ဒီနေ့ မင်း သေရမယ်။” ဟန်ဖန်းက စူးရှသောအကြည့်ဖြင့် ကြည့်လိုက်ရင်း မောက်မာသော လေသံဖြင့် ပြောလိုက်လေသည်။
ဝှီး…!
ဟန်ဖန်က ထပ်မံ တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်မှာတော့ သူသည် စွမ်းအား အကုန်ထုတ်ကာ တိုက်ခိုက်လိုက်သည်။ သူ၏အရှိန်ဟုန်သည် ယခင်ကထက် နှစ်ဆ ပိုပြီး မြန်ဆန်လာကာ သူ၏ လှုပ်ရှားမှုများတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။
မိုးကြိုးအရိပ် ခြေလှမ်း။
ကောင်းကင်ဘုံဂိုဏ်းတွင် အလွန်ကျော်ကြားသော မိုးကြိုးလှုပ်ရှားမှု နည်းပညာရပ် တစ်ခု ရှိသည်။ ဤပညာရပ်သည် ဟန်ဖန်း အစစ်အမှန် အင်မော်တယ် နယ်ပယ် အထွတ်အထိပ်အဆင်သို့ ဖြတ်ကျော်သွားသည့် နောက်ဆုံးအကြိမ်က ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ဆရာက သူ့အပေါ် ဂုဏ်ပြုသည့်အနေဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းပညာရပ်က သူ၏အရှိန်ဟုန်ကို တခဏအတွင်း သုံးဆတိုးစေနိုင်သည်။
"ဟစ်…..!"
မိုးခြိမ်းသံတွေက ထွက်ပေါ်လာသည်။ ဟန်ဖန်း၏ ရုပ်အသွင်သည် နောက်ကွယ်မှာ အစီအရီ ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်များကဲ့သို့ပင်။ သူ လှုပ်ရှားလိုက်သည်နှင့် နောက် ကွယ်မှာ ခရမ်းရောင် လျှပ်စီးအလင်းတွေက ကျန်ရစ်ခဲ့သည်။ ၎င်းမြင်ကွင်းသည် အလွန်လှပပြီး ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
"လျှပ်စီးဝါးမျိုခြင်းလက်ဖဝါး…!"
ဟန်ဖန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ဖဝါးမှ ပြင်းထန်သော ခရမ်းရောင် လျှပ်စီးစွမ်းအင် အလွှာတစ်ခု ထွက်ပေါ်လာသည်။ ထိုခရမ်းရောင်လျှပ်စီး တွင်ပါရှိသော စွမ်းအားသည် အလွန်ကြောက်စရာကောင်းပြီး တောင်ထိပ်တစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်။
"နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်….!"
ချင်ယွင်သည် နည်းနည်းလေးမှ တုန့်ဆိုင်းခြင်းမရှိဘဲ၊ သူ၏ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအင်က သူ၏ခန္ဓာကိုယ်ထဲမှ တဟုန်ထိုး ထွက်ပေါ်လာကာ ဟန်ဖန်း၏ လက်ဖဝါးနှင့် အပြင်းအထန် တိုက်ရိုက် ထိမှန်သွားပါသည်။
"ဘုန်း….!"
လက်ဖဝါးနှစ်ဖက်က ပြင်းထန်စွာ ထိပ်တိုက်ဆုံးမိပြီး ပြင်းထန်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်လာသည် ။
ချင်ယွင် နှင့် ဟန်ဖန်းတို့ နှစ်ယောက်စလုံးသည် တုန်လှုပ်ချောက်ချားပြီး နောက်ပြန် လွင့်ထွက်သွားကာ သူတို့နောက်မှ ခန်းမနံရံတွေနှင့် တိုက်မိသွားကြသည်။ သူတို့ နောက်မှ နံရံတွေက ကွဲအက်သွားပြီး သူတို့ ပါးစပ်ထောင့်စွန်းမှလည်း သွေးတွေ စီးကျလာကြသည်။
ဟန်ဖန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများကို သုတ်လိုက်သည်။ သူ၏မျက်လုံးများတွင် အနှိုင်းမဲ့ ဒေါသထွက်သည့် အမူအရာ ပေါ်လာ ပါသည်။ သူသည် သူ၏လက်သီးတွေကို တင်းကြပ်စွာ ဆုပ်လိုက်ရင်း 'တဖျစ်ဖျစ်' မြည်သံများပင် ထွက်လာသည်။
ခရမ်းရောင် လျှပ်စီးများက သူ၏လက်သီးပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး ခရမ်းရောင် လျှပ်စီးမြွေများကဲ့သို့ သူ၏လက်သီး ပတ်ပတ်လည်မှာ ဝိုင်းရံကူးခတ်နေလေသည်။
ချင်ယွင်သည် အဝေးမှာရှိနေသော ဟန်ဖန်းကို ကြည့်ရင်း အနည်းငယ် အံ့သြသွားသည်။
ဤဟန်ဖန်းသည် ကောင်းကင်ဘုံဂိုဏ်း၏ ထူးချွန်သော လက်ရွေးစင် တပည့်တစ်ဦး ဖြစ်ထိုက်ပါသည်။ သူ၏ ခွန်အားက တကယ့်ကို သာမန်ထက် ထူးခြားပါသည်။ သူသည် သူ၏ နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်ကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။
"မင်းက ငါ့ကို အတင်းကြပ် တွန်းအားပေးခဲ့တယ်။" ဟန်ဖန်းသည် နောက်ဆုံးတွင် မထိန်းနိုင်ဘဲ အော်ဟစ်ပြောလိုက်သည်။
ခရမ်းရောင် လျှပ်စီးများသည် သူ၏ပတ်ပတ်လည်တွင် အဆက်မပြတ် တောက်လောင် နေသကဲ့သို့ ရူးသွပ်စွာ ထွက်ပေါ်လာနေသည်။ နောက်ဆုံးတွင် ၎င်းလျှပ်စီးများသည် အမှန်တကယ် ခန်းမတစ်ခုလုံးကို မနှိုင်းယှဉ်နိုင်လောက်အောင် လှပသော အလင်းတန်း တစ်ခုအဖြစ် လင်းလက်သွားစေသည့် လျှပ်စီးအလုံးတစ်လုံးအသွင် ဖြစ်ပေါ်လာပါ သည်။
သူ၏ခြေဖဝါးအောက်ရှိ ကြမ်းပြင်သည် ကွဲအက်သွားကာ၊ သူ၏ ခြေဖဝါးအလယ် တည့်တည့်ကို ဗဟိုပြု၍ ပင့်ကူမျှင်နှစ်ချောင်းကဲ့သို့ အရပ်မျက်နှာ အသီးသီးဆီသို့ ပျံနှံ့သွားပါသည်။
ဟန်ဖန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည်လည်း တဟုန်ထိုး မြင့်တက်လာ ခဲ့သည်။ ယခုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက်သည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အလယ်လတ်အဆင့် ကျွမ်းကျင်သူနှင့် အကန့်အသတ်မရှိ နီးကပ်သွားခဲ့ပြီး၊ လုံးဝ အားနည်းခြင်းမရှိပေ။
"ငရဲကိုသွားလိုက်တော့…!"
ဟန်ဖန်း၏ရုပ်အသွင်သည် တစ်ဖန် ပြန်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကျားသစ်အရူးတစ်ကောင်လိုဖြစ်နေပြီး ချင်ယွင်၏ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
"ဘယ်လောက်မြန်လိုက်လဲ?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။
ဟန်ဖန်း၏ အရှိန်ဟုန်က ရုတ်တရက် အလွန် မြင့်တက်သွားခဲ့ပြီး၊ အရင်ကထက် သုံးဆ ပိုမြန်လာသည်။
"ဘုန်း….!"
ဟန်ဖန်းသည် ချင်ယွင်၏ ခေါင်းကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။
ချင်ယွင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ခေါင်းကို အနည်းငယ် စောင်းကာ လျှပ်စီး လက်သီးကို ရှောင်တိမ်းလိုက်သည်။
လက်သီးက ချင်ယွင်၏နောက်မှ နံရံပေါ်သို့ ကျရောက်သွားသည်။ နံရံသည် ချက်ခြင်း ကွဲအက်သွားပြီး ဟန်ဖန်း၏ လက်သီးရာတစ်ခုလုံး အပေါက်အဖြစ် ကျန်ရစ်ခဲ့သည်။
"မင်း ပုန်းနေလို့ရမယ် ထင်နေလား?"
ထိုအချိန်တွင် ဟန်ဖန်၏ အခြားလက်သီးချက်သည် ချင်ယွင်၏ ဝမ်းဗိုက်ထဲသို့ ပြင်းထန်စွာ ထိုးထွင်းဝင်ရောက်သွားသည်။
ချင်ယွင်၏ ဝမ်းဗိုက်သည် ချက်ချင်း နာကျင်လာသည်။ ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်မှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ သူ၏ဝမ်းဗိုက်က ပြင်းထန်သော နာကျင်မှုကို တောင့်ခံရင်း လက်သီးတစ်ချက်ကို ရက်စက်ကြမ်းကြုတ်စွာ ပြန်ထိုး နှက်လိုက်သည်။
လက်သီးချက်သည် ဟန်ဖန်း၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားပြီး ချက်ချင်းပင် သူ့ကို နောက်ပြန် ကန်သွားစေသည်။
ချင်ယွင်သည် သူ၏ဝမ်းဗိုက်ကို လက်ဖြင့်အုပ်ရင်း သူ၏ မျက်လုံးတွေက ရေခဲအလား အေးစက်မူ အပြည့်ရှိနေသည်။
သူ၏ ကြံ့ခိုင်သန်မာသည့် ရုပ်ခန္ဓာကိုယ်နှင့် ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်း ကြောင့်သာ၊ ထိုသို့မဟုတ်ပါက ဟန်ဖန်း၏ လျှပ်စီးလက်ချက်ကြောင့် သူသည် မြေပြင်ပေါ်မှ မထနိုင်လောက်အောင်ပင် ဖြစ်သွားပါလိမ့်မည်။
သို့သော် ဟန်ဖန်းသည်လည်း သူ၏ သံမဏိလက်သီးကို စားပြီးနောက်တွင် သူ့ထက် ပိုကောင်းနေခြင်း မရှိမှာပင် သူ စိုးရိမ်မိသည်။
ဟန်ဖန်း၏ရုပ်အသွင်သည် အဝေးသို့ လွင့်ပျံသွားခဲ့ပြီး သူ၏ဝမ်းဗိုက်ကို လက်ဖြင့် အုပ်ထားသည်။ သူသည် ချင်ယွင်ကို စိုက်ကြည့်နေရင်း သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူသည် သူ၏ဝမ်းဗိုက်မှ ပြင်းထန်သော နာကျင်မှုက သူ့ကို အဆုံးမရှိ ခံစားရစေသည်။
"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါ မင်းကို ငါ့ရဲ့ စစ်မှန်တဲ့ လက်ဖဝါးပညာရပ်ဖြစ်တဲ့ အနန္တလျှပ်စီး နတ်ဘုရားသတ်ဖြတ်ခြင်းလက်ဖဝါးကို ခံစားခွင့်ပြုလိုက်မယ်!" ဟန်ဖန်း သည် အလွန်ဒေါသထွက်နေပြီး သူ၏ဟိန်းဟောက်သံက ကျယ်လောင်စွာ ကြွေးကြော်လုနီးပါးပင်။
သူသည် သူ၏ညာလက်ကို အပေါ်ကို မြင့်တင်လိုက်ပြီး အဆုံးမရှိသော လျှပ်စီးကြောင်းများက ပါးလွှာသောလေထုထဲမှ ထွက်ပေါ်လာသည်။
ခရမ်းရောင်လျှပ်စီးကြောင်းများသည် ပင့်ကူမျှင်ကဲ့သို့ ထူထပ်သိပ်သည်းနေသည်။ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးမြွေများသည် သူ၏ခန္ဓာကိုယ်အနှံ့ ရစ်ပတ်နေ ပြီး ခန်းမတစ်ခုလုံးသည် ခရမ်းရောင် အလင်းများဖြင့် အနှိုင်းမဲ့ ပြိုးပြိုးပြက်ပြက် လင်းလက်နေသည်။
"ဒါက အခုလေးတင် ငါ အမွေဆက်ခံထားတဲ့ လက်ဖဝါးပညာပဲ။ ဒီလက်ဖဝါး ပညာရပ်ကို ပထမဆုံးအသုံးပြုတဲ့ အချိန်မှာ မင်းရဲ့သွေးကို အထိမ်းအမှတ်အဖြစ် ငါ အသုံးပြုမယ်။" ဟန်ဖန်းသည် ချင်ယွင်ကို ပြင်းထန်သော သတ်လိုသည့် ဆန္ဒဖြင့် ကြည့်လိုက်သည်။
သူ့လက်ကို ဝှေ့ယမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးကြောင်းက ခရမ်းရောင်ဝတ်ရုံဖြင့် သူ့ကို ဖုံးလွှမ်းသွားပုံရသည်။ သူ၏ ညာလက်တွင် ပါရှိသော လျှပ်စီးကြောင်းများ က သူ့နှလုံးကို တုန်လှုပ်စေခဲ့သည်။
အနန္တလျှပ်စီး နတ်ဘုရားသတ်ဖြတ်ခြင်း လက်ဖဝါးသည် မရေတွက်နိုင်သော လျှပ်စီးကြောင်းများ နှင့် အင်မော်တယ်သတ်ဖြတ်ခြင်း နတ်ဘုရားကို ဆင့်ခေါ်နိုင်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အနည်းငယ်မျှမရှိဘဲ ပြင်းထန်သောတိုက်ခိုက်လိုသည့်ဆန္ဒက သူ၏မျက်လုံးများထဲသို့ တိုးဝင်လာခဲ့သည်။
"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ မင်းရဲ့ အနန္တလျှပ်စီးနတ်ဘုရားသတ်ဖြတ်ခြင်း လက်ဖဝါးကပဲ အစွမ်းထက်သလား? ဒါမှမဟုတ် ငါ့နဂါးလက်သီးကပဲ အစွမ်းထက် သလား? ငါ ကြည့်ပါရစေ။"
သူ၏ ရှေးဟောင်း ဖရိုဖရဲ အနှစ်သာရက တဟုန်ထိုး ထိုးထွက်လာနေရင်း ချင်ယွင်က အော်လိုက်သည်။
ဧရာမနဂါးကြီးသည် သူ၏နောက်မှ ခုန်ထွက်လာခဲ့ပြီး သူ၏ခေါင်းထက်တွင် ဟိန်းဟောက်လိုက်သည်။ ၎င်း၏အရှိန်ဟုန်သည် ဟန်ဖန်း၏ အရှိန်အဟုန်ထက် အားမနည်းပေ။